19/02/2020
ရွှေဝယ်ရင် ဘယ်ဆိုင်ကို ရွေးရမလဲ
ခုခေတ်ကြီးမှာ ရွှေဆိုင်တွေက များ၊ ကြော်ညာတွေက အပြိုင်အဆိုင်
ကံစမ်းမဲ ပေးတဲ့ ဆိုင်
လက်ဆောင်တွေ အများကြီး ပေးတဲ့ ဆိုင်
ရောင်းဈေး ဝယ်ဈေး မခွာတဲ့ ဆိုင်
အလျော့တွက် မယူဘဲ ဒုံး ရောင်းပေးတဲ့ ဆိုင်
ရွှေဆွဲပြား လက်ဆောင်ပေးတဲ့ ဆိုင်
အလျော့တွက် သက်သာတဲ့ ဆိုင်
ဘယ်ဆိုင်မှာ ဝယ်ရမလဲ မသိတော့ပါဘူး ဆိုသူများအတွက်
ကံစမ်းမဲ ပေးတဲ့ဆိုင်၊ မပေးတဲ့ဆိုင်ထက် အလျော့တွက် များမယ်
လက်ဆောင် အများကြီး ပေးတဲ့ဆိုင်၊ မပေးတဲ့ဆိုင်ထက် အလျော့တွက် များမယ်
ရောင်းဈေး ဝယ်ဈေး မခွာတဲ့ဆိုင်၊ ခွာတဲ့ဆိုင်ထက် အလျော့တွက် များမယ်
အလျော့တွက် မယူဘဲ ဒုံး ရောင်းပေးတဲ့ဆိုင်၊ ရွှေရည် ညံ့မယ်
ရွှေဆွဲပြား (တရွေးသား) လက်ဆောင်ပေးတဲ့ ဆိုင်၊ မပေးတဲ့ဆိုင်ထက် အလျော့တွက် များမယ်၊
အလျော့တွက် သက်သာတဲ့ဆိုင် ကံစမ်းမဲ မရပါ၊ လက်ဆောင်တွေ အများကြီး မရပါ၊ ပြန်သွင်းရင် ဈေးကွာပါမယ်၊
အခုပေါက်ဈေးနဲ့ ၁၅ ပဲရည် တရွေးကို ၉၀၀၀ ကျပ် တန်ပါတယ်၊ အလျော့တွက် ပိုပေးရတာ မတန်ပါ၊ အလျော့တွက် သက်သာတဲ့ ဆိုင်မှာပဲ ဝယ်သင့်ပါတယ်
Crd......... တိတ်စိန်ရွှေဆိုင်