09/10/2026
📢 အထူးမေတ္တာရပ်ခံ အသိပေးကြေညာခြင်း
လေးစားရပါသော မိတ်ဟောင်း၊ မိတ်သစ် Customer များခင်ဗျာ 🙏
ငွေဈေးအတက်အကျများကြောင့် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့မှစတင်၍ ပစ္စည်းအားလုံး၏ ဈေးနှုန်းများကို ၅% တိုးမြှင့်သတ်မှတ်သွားမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးအကြောင်းကြားအပ်ပါသည်။
📌 အထူးမေတ္တာရပ်ခံချက်များ
🔹 ပစ္စည်းများ မှာယူခြင်းမပြုမီ လက်ရှိဈေးနှုန်းများကို သက်ဆိုင်ရာ အရောင်းတာဝန်ခံများထံ ဆက်သွယ်မေးမြန်းစုံစမ်းပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
🔹 ရရှိပြီးသော ဘောင်ချာများအတွက် ငွေလွှဲပေးရန် ကျန်ရှိပါက အမြန်ဆုံး ငွေလွှဲပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
🔹 ငွေလွှဲပေးချေမှု မရှိသေးသော ပစ္စည်းများအား ကြိုတင်ဖယ်ထားပေးခြင်း လုံးဝ (လုံးဝ) ပြုလုပ်ပေးမည်မဟုတ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။
💙 ယခုလို အခြေအနေများအတွင်း နားလည်ပေးကြသော၊ အစဉ်အမြဲ ယုံကြည်စိတ်ချစွာ မှာယူအားပေးကြသော မိတ်ဟောင်း၊ မိတ်သစ် Customer များအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်ခင်ဗျာ။
လူကြီးမင်းတို့၏ ယုံကြည်မှုနှင့် အားပေးမှုများကို အမြဲတန်ဖိုးထားလျက်ရှိပါသည်။ 🙏❤️