Han Myat Zaw-Reseller

Han Myat Zaw-Reseller ခက်ထန်၊အရိုင်းဆန်သော သတ္တဝါမျိုးဖြစ်၍ စိတ်၊နှလုံးအား ယဉ်ကျေးအောင် စာဖတ်ခြင်းဖြင့် အဟာရဖြည့်နိုင်သည်။

'ငါတို့ဘက်က မရိုင်းခဲ့ပါဘူး ဟယ်၊နင့်  အဝင်အထွက် အကုန်လုံးမှာ ဘာမှအနှောက်ယှက် မပေးခဲ့ဘူး၊လူငယ် သဘာဝပဲ အချိန်တန် ယူကြမှာ ပ...
09/05/2024

'ငါတို့ဘက်က မရိုင်းခဲ့ပါဘူး ဟယ်၊နင့် အဝင်အထွက် အကုန်လုံးမှာ ဘာမှအနှောက်ယှက် မပေးခဲ့ဘူး၊လူငယ် သဘာဝပဲ အချိန်တန် ယူကြမှာ ပြန်ဖော်ပြီး ကျီစယ်လိုက်မယ်ပဲ ကြံထားကြတာ၊ ပြောပါ၊ နင်ပြောပါ၊ တို့လမ်းက နင့်အပေါ် ပန်းကလေးနဲ့များ တခါလောက် ပေါက်ဖူးရင် ငါ့ကို ပြောစမ်းပါ'။

'သူ...မင်စမ်းပြီး လျှောက်ခြစ်ခဲ့တဲ့ စာအိတ်လေးခုထိရှိသေးတယ်' သားကြီးလာရင် ပြမလို့၊ဘောလ်ပင် မင်စမ်းသလို တွေ့ကရာ စက္ကူ စမ်းခြစ်သလို မလုပ်ရဘူးလို့ စာအိတ်လေး တန်ဖိုးလျော့သွားတာ ပြပြီး ဆုံးမမလို့'။

ဒါတွေက ပါးကွက်ကျားလေးနဲ့ ကလေးဆန်တဲ့ ညီညီနိုင် တို့ရဲ့ ၁၉၈၀ ခုနှစ်များဆီက ဝထ္ထု ရဲ့ တစိတ်တပိုင်းတွေပါ။

ယခုခေတ် ငယ်သူအချို့အမြင်မှာ ဤဝထ္ထု လေးနက်မှုက ပေါ့ပေါ့ပါးပါး ဟားတိုက်မှာပါ၊ဟိုခေတ်ကတော့ ဒါကို လေးနက်ခဲ့ကြတယ်လို့ စာရေးသူက အကြိုစကားပြောထားပါတယ်။

ဥဩသံလေးပဲ ဝင့်ပြပီး
မရပ်မနား ဖြတ်မောင်းခဲ့သမျှ
တောဘူတာကလေး
ဘယ်လိုခံစား ကျန်ရစ်ရှာမှာ
မစာနာမိခဲ့ဘူး။

၂၅၀၀ကျပ်
စာအုပ်အသစ်တိုင်း(၉၉%)

မင်းကိုနိုင်
#တောဘူတာရုံကလေး အတွက် ဥဩသံ

ကဗျာဆိုတာ လေးလံထိုင်းမှိုင်းနေတဲ့လူကို ခုန်ဆွခုန်ဆွလုပ်ခိုင်းလိုက်သလိုပါပဲ စကားလုံးတွေ  ဝေါဟာရကြွယ်ဝမှု တွေက ဆင်ခြင်တုံတ...
07/05/2024

ကဗျာဆိုတာ လေးလံထိုင်းမှိုင်းနေတဲ့လူကို ခုန်ဆွခုန်ဆွလုပ်ခိုင်းလိုက်သလိုပါပဲ စကားလုံးတွေ ဝေါဟာရကြွယ်ဝမှု တွေက ဆင်ခြင်တုံတရားကိုဆင်ခြင်ဖို့ ပျင်းရိ ငြီးငွေ့ ရင်တောင် မမြင်ရတဲ့မျက်ကွယ်ကနေ ဘွားကနဲ ပွင့်ထွက်လာတယ်။ စာအမြည်းကျွေးဖို့က စကားလုံးတွေက လူတချို့အတွက် ဓားတွေပါပဲ၊ဖတ်ကြည့်စေချင်ပါတယ်။

၂၆၀၀ကျပ်
စာအုပ်သန့်(၉၉%)

#ခိုင်မြဲကျော်စွာ
#ကူရိုဆာဝါရောင်းရန်

(အောင်ခင်မြင့်ရဲ့ ကဗျာတွေကို ဖတ်ရတာဟာ) အိမ်မက်တခုကို အိမ်မက်တခုက အိမ်မက် မက်နေသလိုပါပဲ။ဒီအိမ်မက်သားထဲ သံချောင်းတွေရိုက်သ...
07/05/2024

(အောင်ခင်မြင့်ရဲ့ ကဗျာတွေကို ဖတ်ရတာဟာ)
အိမ်မက်တခုကို အိမ်မက်တခုက အိမ်မက် မက်နေသလိုပါပဲ။ဒီအိမ်မက်သားထဲ သံချောင်းတွေရိုက်သွင်းပြီး အိမ်မက်သားကို ပြောင်းပြန်လှန်လိုက်တော့ ထိုးထိုးထောင်ထောင်သံချောင်းတွေ။ ဖတ်လေ နင်းလေ၊နင်းလေ စိုက်လေ၊စိုက်လေ ဆက်ဖတ်လေပဲ။သမိုင်း-ယဉ်ကျေးမှု သံချောင်းတွေ။မသိစိတ်ထဲ ရိုက်သွင်း(ခံ)ထားရတဲ့ စကားလုံး၊သက်ေတတွေ။ခေတ်ပြိုင် မြန်မာရဲ့ အရေပြားပေါ်က သံချောင်းတွေ။
အမှာစာ-ဇေယျာလင်း

၂၀၀၀ကျပ် #ရောင်းပြီး
စာအုပ်သန့်(၉၅%)

#အောင်ခင်မြင့်
#ထရိုဂျန်မြင်းရဲ့အသား
#စကားပြေကဗျာများ

"ကလေးဘဝနဲ့ လူကြီးဘဝဆိုတာအဝေးကြီးလား ဖေဖေ"အဲသလို ငါမေးပြီးတော့လေလိုပဲ လွင့်ပါးလေလိုပဲ ဟိုသည်ပြေးလွှားစိမ်းညို့တဲ့ ‌တောတန်...
06/05/2024

"ကလေးဘဝနဲ့ လူကြီးဘဝဆိုတာ
အဝေးကြီးလား ဖေဖေ"
အဲသလို ငါမေးပြီးတော့
လေလိုပဲ လွင့်ပါး
လေလိုပဲ ဟိုသည်ပြေးလွှား
စိမ်းညို့တဲ့ ‌တောတန်းတွေပေါ် ရှပ်တိုက်
ကျယ်ပြန့်တဲ့ လယ်ကွင်းပြင်တွေပေါ် ပျံဝဲ
သစ်ပင်တွေရဲ့ ထိပ်ဖျားမှ
မြင့်မားတဲ့ မိုးကောင်းကင်ဆီ။

၄၅၀၀ကျပ်
စာအုပ်သန့်(၉၉%)

#ပိုင်စိူးဝေ
#ဣတ္ထိယတောင်တန်း

"ငါ့အမေက ပြောတယ်၊ငါ့သူငယ်ချင်းရဲ့ အမေတွေကလည်းဒီလိုပဲ ပြောတယ်။ဆယ်တန်းအောင်အောင် လုပ်။ပြီးရင် အလုပ်လုပ်။ငါ တသက်လုံး ကြားလာ...
06/05/2024

"ငါ့အမေက ပြောတယ်၊ငါ့သူငယ်ချင်းရဲ့ အမေတွေကလည်းဒီလိုပဲ ပြောတယ်။ဆယ်တန်းအောင်အောင် လုပ်။ပြီးရင် အလုပ်လုပ်။ငါ တသက်လုံး ကြားလာတဲ့ စကားကြီးနှခွန်း၊ ဒီမြို့က ချာတိတ်တွေအတွက် ဘဝလမ်းညွှန် က ဒါပဲ။"
"ကျွန်းမြို့မှတ်စု" စင်ရော်တွေပျံဝဲ ပုလဲလုံးလေးတွေတွဲ ရာဘာပင်တွေ ကျွန်းအလှတွေ မပါတဲ့ မှတ်စုလေးပါ။ စစ်အာဏာရှင်စနစ် ဘုန်းမီးနေလ အတောက်ပဆုံးအချိန်တွေက ကျောင်းသားဖြစ်ရတဲ့ဘဝ မြို့တမြို့ရဲ့ သီးခြားဆန်တဲ့ ယဉ်ကျေးမှုနဲ့ဘဝတွေ ပွဲလမ်းသဘင်အကြောင်းတွေ စသည့်စသည့်ဖြင့်။။

၃၅၀၀ ကျပ်၊
စာအုပ်သန့်(၉၅%)။

#မောင်ယုပိုင်
#ကျွန်းမြို့မှတ်စု

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Han Myat Zaw-Reseller posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category