13/10/2026
Sports Breath Trainer
➡️ အသုံးပြုနည်း
✅ အဆင့် ၁ - အဆင်သင့်ပြင်ဆင်ခြင်း
ပါးစပ်ဖြင့် ကိုက်ရမည့် ဆီလီကွန်းအပိုင်းကို သွားဖြင့်ညင်သာစွာကိုက်ပြီး နှုတ်ခမ်းဖြင့် လုံအောင်ငုံထားပါ.
✅ အဆင့် ၂ - လေကို အားပြင်းပြင်းရှုသွင်းခြင်း
ပါးစပ်မှတစ်ဆင့် ဖြည်းဖြည်းနှင့် အားပြင်းပြင်း လေကိုရှူသွင်းပါ။ ပြီးနောက် လေကို ပြန်လည်ထုတ်လိုက်ပါ.
✅ အဆင့် ၃ - ခုခံအားကို ညှိယူခြင်း
အောက်ခြေက အမည်းရောင်လှည့်အဆို့ (Rotary Valve) ကိုလှည့်ပြီး လေအဝင်အထွက်အပေါက်ကို ကျဉ်းစေ ၊ ကျယ််စေ ညှိပေးပြီး အသက်ရှူမှု ခုခံအားအဆင့်ကို မိမိနှင့်ကိုက်ညီအောင် စတင်ညှိယူပါ.
✅ အဆင့် ၄ - ပုံမှန်လေ့ကျင့်ပေးခြင်း
တစ်ခါလုပ်လျှင် ၁၀ ကြိမ်မှ ၁၅ ကြိမ်အထိ တစ်နေ့ကို ၂ ကြိမ်မှ ၃ ကြိမ် ပုံမှန်လေ့ကျင့်ပေးးနိုင်ပါသည်။
———
➡️ ကောင်းကျိုးနှင့် အားသာချက်များ (Advantages)
✅ အဆုတ်ပမာဏနှင့် အားကို တိုးတက်စေခြင်း
အသက်ရှုရသည့် ကြွက်သားများကို သန်မာစေသဖြင့် အဆုတ်ရဲ့ လေဝင်ဆံ့မှုပမာဏ (Lung Capacity) ကို ပိုမိုကျယ်ပြန့်လာစေပါတယ်.
✅ မောပန်းလွယ်ခြင်းကို လျှော့ချပေးခြင်း
အားကစားသမားများ ၊ အပြေးသမားများနှင့် စက်ဘီးစီးသူများအတွက် အမောခံနိုင်ရည် (Endurance) ကိုတိုးတက်စေပြီး လေ့ကျင့်ခန်းလုပ်ချိန်တွင် အမောမြန်ခြင်းကို သက်သာစေပါတယ်.
✅ သွေးတွင်း အောက်ဆီဂျင် ပိုမိုရရှိခြင်း
အဆုတ်ထဲသို့ လေဝင်ရောက်မှု ပိုမိုထိရောက်လာသည့်အတွက် ခန္ဓာကိုယ်တစ်ခုလုံးရှိ ဆဲလ်များဆီသို့ အောက်ဆီဂျင်ပို့ဆောင်မှုကို ကောင်းမွန်စေပါတယ်.
————
➡️ အားနည်းချက်နှင့်ဆိုးကျိုးများ (Disadvantages / Side Effects)
❎ မူးဝေခြင်းနှင့် ခေါင်းကိုက်ခြင်း (Dizziness and Headache)
ခုခံအား (Resistance) အဆင့်ကို မိမိနဲ့မမျှပဲ အလွန်အမင်း မြှင့်ပြီး အသက်ပြင်းပြင်း ရှူသွင်း ၊ ရှူထုတ် လုပ်လွန်းပါက အောက်ဆီဂျင် ရှူသွင်းမှုမမှန်တော့ပဲ လေအလွန်အမင်း ရှုသွင်းမိခြင်း (Hyperventilation) ဖြစ်ကာ ခေါင်းမူးခြင်း ၊ မျက်စိပြာခြင်း ၊ ခေါင်းကိုက်ခြင်းများ ဖြစ်ပွါးနိုင်ပါတယ်.
❎ ကြွက်သား နာကျင်ကိုက်ခဲခြင်း (Muscle Soreness)
Dumbbell အလွန်အမင်း ကစားပါက လက်မောင်းကြွက်သားများ နာကျင်သကဲ့သို့ပင် ဒီကိရိယာကို အလွန်အကျွံသုံးစွဲပါက ရင်ဘတ် ၊ နံရိုးကြားနှင့် ဝမ်းဗိုက်ရှိ အသက်ရှုကြွက်သားများ နာကျင်ကိုက်ခဲခြင်း ဖြစ်တတ်ပါတယ်.
❎ နားတွင်း ဖိအားများခြင်း (Ear Pressure or Discomfort)
ပါးစပ်ဖြင့် လေကိုအားစိုက်ပြီး ရှူသွင်း/ရှူထုတ် လုပ်ရတဲ့အတွက် အာခေါင်နှင့်နားကို ဆက်သွယ်ထားသောပြွန် (Eustachian Tube) တွင် ဖိအားများလာပြီး နားအူခြင်း ဖြစ်နိုင်ပါတယ်.
————-
➡️ အဆုတ် / နားစည်နဲ့ ပတ်သက်ပြီး ရောဂါအခံရှိသူများကတော့ ဆရာဝန်နှင့် မတိုင်ပင်ပဲ အသုံးမပြုသင့်ကြောင်းပါ.