14/07/2026
ချစ်ရတဲ့ Origin ရဲ့ Customers များရှင်...
Origin စတင်တည်ထောင်ချိန်ကစလို့ ဒီနေ့အထိ (၁၀) စုနှစ်ကျော် သက်တမ်းတစ်လျှောက်လုံး မှာ Origin Purchasing Service ကို ယုံကြည်စိတ်ချစွာ အစဉ်တစိုက် အားပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါတယ်ရှင်။
လုပ်ငန်းစတင်ကတည်းက Customer များအားလုံး အဆင်ပြေစေဖို့အတွက် အကောင်းဆုံးနဲ့ အမြန်ဆုံး Service မျိုးကို ပေးနိုင်ဖို့ အမြဲတမ်း အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။
ဒါပေမယ့် အခုအခါမှာတော့ အကြောင်းအမျိုးမျိုးကြောင့် ဒီလကုန်ရင် Origin အပြီးပိုင် ပိတ်သိမ်းပြီး လုပ်ငန်းရပ်နားတော့မှာဖြစ်ကြောင်း ဝမ်းနည်းစွာနဲ့ အသိပေး နှုတ်ဆက်အပ်ပါတယ်ရှင်
ဒီလကုန်မှာ ရွှေလီ မူဆယ်ဂိုဒေါင်များလည်း အပြီး ပိတ်သိမ်းသွားမှာဖြစ်ပါတယ်..
နောင်တစ်ချိန် အခြေအနေကောင်းတဲ့အခါ၊ ပိုမိုကောင်းမွန်တဲ့ ပုံစံအသစ်တွေနဲ့ ပြန်ဆုံတွေ့နိုင်ဖို့ မျှော်လင့်ချက်လေး ထားရှိရင်း... Origin ရဲ့ ချစ်ရတဲ့ Customer များအားလုံး စီးပွားရေးတွေ ပိုမိုအောင်မြင်ပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်ရှင်။ ✨"
နှုတ်ဆက်ခဲ့ပါတယ်... တစ်ချိန်ကျရင် ပြန်ဆုံကြမယ်နော် 👋💖
#ရောင်းသူဝယ်သူကြားကပေါင်းကူးတံတား
#1688 See less