Pann Taw Win Online Shop

Pann Taw Win Online Shop Onlineshopping Business

14/08/2025

ဘာမှ မသိသေးတဲ့ ကလေးလေးအရွယ်မှာ...
အရာတော်တော်များများကို ကြောက်စိတ်နဲ့ ရင်ဆိုင်ခဲ့ရတယ်...

အသက်အရွယ်ရလာပြီး နားလည်လာတော့လည်း...
ဘဝကို ကြောက်စိတ်နဲ့ ဖြတ်သန်းရတယ်....

ကြုံတွေ့နေရတဲ့ လောကဓံရဲ့ ရိုက်ချက်ကပြင်း...
ပြင်းထန်တဲ့ ဘဝမုန်တိုင်းကြားမှာ...

မြုပ်လိုက် ပေါ်လိုက်နဲ့...
သံသရာအထိ ခရီးဆက်နေရအုံးမှာပါပဲ...

#ပန်းတော်ဝင်
#ဘဝရဲ့ဒိုင်ယာရီလေး

13/08/2025

Hi everyone! 🌟 You can support me by sending Stars - they help me earn money to keep making content you love.

Whenever you see the Stars icon, you can send me Stars!

စိတ်ဓာတ် မကျပါနဲ့....ဘဝဟာ ထင်သလောက် မလွယ်ကူနေလည်း....အဆိုးဆုံးအခြေအနေတွေမှာတောင်...ရှင်သန်ဖို့ ကြိုးစားကြတာပဲ....ဒီနေ့ပြ...
13/08/2025

စိတ်ဓာတ် မကျပါနဲ့....
ဘဝဟာ ထင်သလောက် မလွယ်ကူနေလည်း....

အဆိုးဆုံးအခြေအနေတွေမှာတောင်...
ရှင်သန်ဖို့ ကြိုးစားကြတာပဲ....

ဒီနေ့ပြီးသွားရင်လည်း...
နောက်တစ်နေ့ရှိလာမှာပဲမို့...

အားတင်းထားပါ သူငယ်ချင်း....

ထာဝရတည်မြဲနေမယ့်ထာဝရတည်မြဲမယ့် ချစ်ခြင်းလို့ တင်စားရင် လွန်သွားမလားCecilion နဲ့ Carmilla တို့ရဲ့ တစ်ခါက အချစ်ဇာတ်လမ်းလေး...
12/08/2025

ထာဝရတည်မြဲနေမယ့်ထာဝရတည်မြဲမယ့် ချစ်ခြင်းလို့ တင်စားရင် လွန်သွားမလား

Cecilion နဲ့ Carmilla တို့ရဲ့ တစ်ခါက အချစ်ဇာတ်လမ်းလေး

သတင်းစာဆရာကြီးကြေးမုံဦးသောင်းရေးတဲ့ ဆောင်းအိုရှင်နဲ့ ဘုရင့်သမီးတော်လေးတို့ဂူပိတ်သတ်ခံရတဲ့ တဝဂူဇာတ်လမ်းလေးထဲကလို ဘုရင့်ရဲ့ အတ္တဟာ သမီးတော်ကိုချစ်ခြင်းထက် အဆင့်အတန်းခွဲခြားခြင်းဘက်ကို အလေးသာခဲ့တယ် ဆောင်းအိုရှင်နဲ့ ဘုရင့်သမီးတော်လေးတို့ရဲ့ချစ်ခြင်းတွေက အပြစ်ကင်းပါတယ် 😥

Cecilion နဲ့ Carmilla တို့ရဲ့ အချစ်ဇာတ်လမ်းလေးဟာလည်း Carmilla ရဲ့ ဖခင် Earl Anssac ကြောင့် ကွေကွင်းရမလိုဖြစ်ခဲ့ပါတယ်။

အခုပြောပြမယ့် ဇာတ်လမ်းလေးက Mobile Legends Player တွေအကုန် ဖတ်မိချင်ဖတ်မိလိမ့်မယ် မဖတ်မိတဲ့သူတွေလည်း ရှိလိမ့်မယ်

Cecilion ဟာ သွေးမိစ္ဆာ တစ်ယောက်ဖြစ်ပါတယ်။ သူရဲ့ဘဝအမှန် (ပင်ကိုယ်စရိုက်နဲ့ အရည်အချင်း)ကို ဖုံးကွယ်ပြီးတော့ Castle Aberleen ပြည်နယ် မှာ လူတွေနဲ့လိုက်လျောညီထွေနေထိုင်နေခဲ့တယ်။ သူဟာ အော်ပရာသီချင်းကို သီဆိုဖျော်ဖြေတဲ့ မင်းသားတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ခန့်ညားတဲ့အသွင်နဲ့ ချောမောလှပတဲ့ ဟန်ပန်အမူအရာတွေကြောင့် သူဖျော်ဖြေခဲ့တဲ့ ပွဲတိုင်းပွဲတိုင်းဟာ ရုံပြည့်ရုံလျှံအားပေးမှုကို ရရှိခဲ့တယ်။ အဲ့လို ထင်ပေါ်‎ကြော်ကြားနေပေမယ့် Cecilion ဟာပျော်ရွှင်မှု လုံးဝမရှိခဲ့ပါဘူး။ သူဖြတ်သန်းရတဲ့ ညတိုင်းဟာ အထီးကျန်ခြောက်ကပ်လွန်းလှပါတယ်။

မိစ္ဆာတို့ရဲ့ အရှင်သခင် Lord Lava ရဲ့ သွေးမိစ္ဆာတွေအပေါ်အနိုင်ကျင့် ဗိုလ်ကျမှုကြောင့် သူတို့ မျိုးနွယ်စုဝင်တွေ သေကြေပျက်စီးခဲ့ရုံသာမက မျှော်မှန်းချက်နဲ့ အနာဂတ်တွေပျောက်ဆုံးစေခဲ့ရတယ်။ Lord Lava ရဲ့ လက်ကနေ ထွက်ပြေးခဲ့တဲ့ သွေးမိစ္ဆာတို့က Lord Of Light ရဲ့ ခွင့်လွှတ်မှုကို လိုချင်ခဲ့ကြလို့ လူတွေနဲ့ သင့်တင့်အောင် ပေါင်းစည်းနေထိုင်ခဲ့ကြပါတယ်။ သို့သော်လည်း လူတွေရဲ့ ရန်လိုမှုတွေသာမက Lord Lava ရဲ့ အသူရာချောက်နက်ရဲ့ လိုက်လံ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ Cecilion မှတ်မိသလောက်ဆိုရင် သူ လူပျိုဖြစ်တဲ့ အချိန်မှာပဲ သူဟာ သူ့မျိုးနွယ်ရဲ့ နောက်ဆုံးကျန်ရစ်သူဖြစ်လာပါတော့တယ်။

Cecilion ရဲ့ ပျော်ရွှင်မှုမရှိ အထီးကျန်ဆန်နေတဲ့ဘဝထဲကို ပျော်ရွှင်ခြင်းတွေသယ်ဆောင်လာပေးသူကတော့ Carmilla ပဲဖြစ်ပါတယ်။

တစ်နေ့ Cecilion ဖျော်ဖြေဖို့ အော်ပရာဇာတ်ကရာ စင်မြင့်ထက်ကို တက်လာပြီး သူ့ရဲ့ ပရိသတ်ကို ဂါဝရပြုလိုက်တဲ့အချိန် ကောင်မလေး တစ်ယောက်နဲ့ အကြည့်ခြင်းဆုံခဲ့ပါတယ်။ ထိုအကြည့်ခြင်းဆုံမှုကြောင့် သူ့ရဲ့ အေးစက်နေတဲ့ နှလုံးသား အသစ်တစ်ဖန် ပြန်လည် နိုးထလာပါတော့တယ်။ ဝမ်းနည်းမှုတွေနဲ့ပြည့်နေတဲ့ စိတ်ဝိညဉ်နှစ်ခုဟာ ချက်ချင်းဆိုသလို ချစ်ခင်စုံမက်သွားပါတယ်။ နှစ်ယောက်လုံးရဲ့ နှလုံးသားက ပျော်ရွှင်ခြင်းမရှိ အထီးကျန်နေခဲ့တာဆိုတော့ တစ်ယောက်နဲ့တစ်ယောက်နားလည်မှုရှိသွားတယ်လို့ပဲ ပြောရမလား အကြည့်တစ်ချက်ကြောင့် ချစ်မိသွားတယ်လို့ပဲပြောရမလား တစ်ယောက်ကို တစ်ယောက် နှစ်နှစ်ကာကာ ချစ်ကျွမ်းဝင်မိကြတော့တယ်။ ထိုကောင်မလေးက အားလုံးသိပြီးတဲ့အတိုင်း Carmilla ပါ။

Cecilion ဟာ လူသားတွေနဲ့ ကင်းကင်းနေထိုင်ဖို့ ဆုံးဖြတ်ချက်ချထားသော်လည်း ဦးနှောက်ကို နှလုံးသားက အနိုင်ယူသွားတဲ့အခါ Cecilion ဟာ နှလုံးသားအလိုအရ Carmilla ကို အရမ်းချစ်မိသွားပါတော့တယ်။ သူဖျော်ဖြေခဲ့တဲ့ညတိုင်းကို Carmilla အတွက် သီချင်းတစ်ပုဒ်ဖျော်ဖြေပေးခဲ့ပြီး မျက်လုံးချင်းစကားပြောနေခဲ့ကြတယ်။ သူနဲ့ Carmilla တို့ စတင်မိတ်ဆက်တဲ့အချိန်မှာ Cecilion ဟာ သူ့ရဲ့ ဘဝအမှန်ကို ဖုံးကွယ်လိမ်ညာခဲ့ပါတယ်။

Caramilla ဟာ Earl မျိုးနွယ်ဖြစ်ပြီး House Anssac ရဲ့ တစ်ဦးတည်းသောသမီးဖြစ်သောကြောင့် တစ်မျိုးလုံးရဲ့ အလိုလိုက်၊ ချစ်ခင်ခြင်းကိုခံခဲ့ရတယ်။ သူတို့မျိုးနွယ်နေထိုင်ရာ Caslte Aberleen ပြည်နယ်မှာသာမက အင်ပါယာတစ်ခုလုံးကိုတောင်မှ ပျံ့နှံ့ကာ အလှဆုံးနဲ့ အမြင့်မြတ်ဆုံး တော်ဝင်မိန်းမပျိုတွေထဲက တစ်ဦးဖြစ်လာပါတော့တယ်။

ထိုကဲ့သို့ ဖြစ်လာခြင်းက သူမှအတွက် ကံဆိုးစေတယ်ဆိုတာကို သိခဲ့ရင် ဖြစ်ချင်ခဲ့မှာမဟုတ်ပါဘူး။ သူ့ရဲ့ ဖခင်က သူ့တို့ မျိုးရိုးအာဏာကြီးလာစေဖို့ အသုံးချလို့ရတဲ့ လက်နက်တစ်ခုလိုဖြစ်လာခဲ့တယ်။

Carmilla ကို ချစ်ခွင့်ပန်သူ ပိုးပန်းသူတွေများခဲ့ပေမယ့် သူမရဲ့အတွင်းစိတ်က ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့ပါတယ်။ သူမှလိုချင်သည့် ချစ်ခြင်းက သူမနှင့်စိတ်တူကိုယ်တူ စိတ်ချင်းဆက်သွယ်နိုင်မည့်ချစ်သူမျိုးပါ။

အသူရာချောက်နက်ရဲ့ အင်အားကကြီးမားလာပြီးစစစ်ဘက်နှင့်သက်ဆိုင်နေသည့် တော်ဝင်မျိုးနွယ်တွေရဲ့ အရေးပါအရာရောက်မှုက တဖြည်းဖြည်း ကြီးထွားလာတာနဲ့အမျှ Carmilla ရဲ့ဖခင်ဟာ သူတို့မျိုးရိုးရဲ့ ဂုဏ်သိက္ခာနဲ့ အာဏာကို မြှင့်တင်ဖို့အတွက် ပြည်နယ်မှာ တပ်စခန်းလာချတဲ့ စစ်တပ်ရဲ့ ဗိုလ်မှူးနဲ့ လက်ထပ်ပေးဖို့ ကြိုးစားပါတော့တယ်။

Carmilla ဟာ Cecilion အော်ပရာကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တစ်ယောက်ပါ။ Cecilion ရဲ့ ပွဲတိုင်းကို ကြည့်ခဲ့သူဖြစ်တယ်။ Cecilion ရဲ့ အမူအရာတွေဟာ လူသားတစ်ယောက်နဲ့တူအောင် ဟန်ဆောင်ထားတာကို တွေခဲ့ရတယ်။ Cecilionရဲ့ မျက်နှာဟာ ပျော်ရွှင်ခြင်းမရှိဘဲ သူ့ရဲ့မျက်လုံးတွေက ဝမ်းနည်းမှုနဲ့ အထီးကျန်မှုတွေ ပြည့်နေတာ မြင်ခဲ့ရတယ်။

လိုက်ကာတွေ လှုပ်သွားပြီး Cecilion က ပရိသတ်ဘက်ကို အကြည့် Carmilla နဲ့ မျက်လုံးချင်းဆုံတဲ့ ညဟာ မိုးကြိုးလျှပ်စီးပေါင်း သိန်းသောင်းလက်သွားခဲ့သလို သူတို့နှစ်ဦးချစ်ကျွမ်းဝင်သွားခဲ့တယ်။ သူရှာဖွေနေခဲ့တဲ့ စိတ်တူကိုယ်တူချစ်သူဆိုတာ Cecilion ဆိုတာကို သိခဲ့ရတယ်။

Carmilla ရဲ့ ရှေ့လာမယ့် နေ့ရက်တွေကအချစ်တွေထုံမွှမ်းထားတဲ့နေ့ရက်တွေဖြစ်နေခဲ့တယ်။ Cecilion ဟာ ညနေဆိုရင် အဝတ်အစားပြင်ဆင်ပြီး Carmilla ကို လာခေါ်ကာ အော်ပရာဇာတ်ရုံကို သွားပါတယ်။ ပြီးတော့ Carmilla အတွက်ရည်ရွယ်ရေးသားထားတဲ့ သီချင်းကိုသီဆိုပါတယ်။ အော်ပရာပွဲပြီးရင် သူတို့နှစ်ဦးချိန်းတွေ့ကာ လရောင်အောက်မှာ ပျော်ရွှင်စွာကခုန်ကြပါတယ်။ မနက်ခင်းရောက်ပြီဆို Cecilion က Carmilla ရဲ့ပြတင်းတံခါးပေါက်မှာ နှင်းဆီပန်းတစ်ပွင့်ချန်ခဲ့ပြီး တိတ်ဆိတ်စွာထွက်ခွာသွားပါတယ်။

အချိန်တွေကြာလာတာနဲ့ Carmilla ဟာ Cecilion ရဲ့ ထူးခြားတဲ့ အပြုအမူတွေကိုသတိထားမိလာတယ်။ သူဟာ တစ်ယောက်တည်း သီးသန့်နေတယ်။ လူတွေကိုရှောင်နေတယ်။ ဘယ်သူနဲ့မှလည်း စကားမပြောဘူး။ အသားအရေက ဖြူဖပ်ဖြူရော်နဲ့ သူ့ရဲ့မျက်လုံးတွေထဲမှာ ပုံမှန်ဘဝမှာနေထိုင်လိုတဲ့ အရိပ်အယောင်တွေတွေ့နေရတယ်။ Cecilion ဟာ ဒဏ္ဍာရီလာ နတ်ဆိုးမျိုးနွယ်တွေနဲ့ ဆက်စပ်မှုရှိတယ်ဆိုတာ ရိပ်မိပေမယ့် Cecilion ရဲ့ အချစ်တွေဟာ သူ့အေပါ်လေးနက်မှုရှိတာကို ယုံကြည်တဲ့အတွက် Carmilla ဟာ Cecilion က သူ့ကို ပိုင်တယ်လို့ သတ်မှတ်ထားပါတယ်။ Carmilla ရဲ့ ကျန်ရှိနေတဲ့ဘဝကို Cecilion နဲ့အတူတူ ဖြတ်သန်း ကုန်ဆုံးမယ်လို့ ဆုံးဖြတ်ထားပါတယ်။

သူတို့ရဲ့အချစ်တွေက အပြစ်မရှိခဲ့ပါဘူး......

Carmilla ရဲ့ဖခင် က Cecilion ကို အော်ပရာ အဆိုတော်တစ်ယောက်အဖြစ်သိထားပြီး သူ့သမီးနဲ့သဘောမတူပါဘူး။ ဒါကြောင့် Castle Aberleen နားမှာ တပ်လာချတဲ့ တော်ဝင်စစ်တပ်ရဲ့ဗိုလ်မှူး
Baron Tawil နဲ့ လက်ထပ်ပေးဖို့ အတင်းအကြပ်စီစဉ်ပါတော့တယ်။ Carmilla ကို အိမ်ထဲက အိမ်ပြင်မထွက်ခိုင်းဘဲ အကျယ်ချုပ်ချတယ်။ Cecilion ရဲ့ အော်ပရာဇာတ်ရုံကို ပိတ်ပစ်ခိုင်းပြီးတော့ Cecilion ကို နယ်နှင်ခဲ့တယ်။ Cecilion ဟာ Carmilla ကို အစောင့်တွေဖယ်ရှားပြီး ခိုးယူထွက်ပြေးချင်ခဲ့ပေမယ့် လူသားနဲ့ နစ်ဆိုးတစ်ယောက် ပေါင်းစည်းလို့ မရနိုင်ဘူးလို့ ဆုံးဖြတ်ခဲ့တဲ့အတွက် သူ့ဘဝဇာတ်ကြောင်း၊ နောက်ခံနဲ့ သူ့မျိုးရိုးအကြောင်းကို ရှင်းပြထားတဲ့ စာတစ်စောင်နဲ့ နှင်းဆီပန်းတစ်ပွင့်ကို သူထွက်မသွားခင် ပြတင်းပေါက်ဘောင်ပေါ်မှာတင်ပေးခဲ့ပါတယ်။

Carmilla ဟာ Cecilion ရဲ့ ခွဲခွာခြင်းစာကို ဖတ်ပြီး နှလုံးသားတွေကွဲကြေခဲ့ရတယ်။ Cecilion သည် နတ်ဆိုး ဖြစ်နေသော်လည်း သူမချစ်သည်။ Cecilion ဘာပဲဖြစ်နေပါစေ သူမလက်ခံနိုင်သည်။ အခုတော့ သူမကြေကွဲနေရပြီ။ Carmilla ဟာ စိတ်ဓာတ်ပြတ်သားစွာနဲ့ ဆုံးဖြတ်ချက်တစ်ခုချခဲ့တယ်။

နောက်တစ်နေ့နံနက် မိုးသောက်ချိန်မှာ မင်္ဂလာဆောင်ဖို့ အဆင်သင့်ဖြစ်နေတဲ့အချိန် Carmilla ဟာ သူမရဲ့ လက်ကောက်ဝတ်ကို ထက်လှစွာသော ဓားဖြင့်လှီးဖြတ်လိုက်ပါတော့တယ်။ အမှောင်ထုက တဖြည်းဖြည်း ကြီးစိုးလာပြီး သူမသေဆုံးသွားပါတော့တယ်။ Cecilion ကို သူမ မည်မျှလောက်ချစ်သည်ကို သက်သေပြသွားခဲ့တယ်။ သူမရဲ့အချစ်တွေကို စတေးပစ်ခဲ့ပါတယ်။

Cecilion ဟာ Carmilla ရှိရာအရပ်က ထွက်ခွာပြီး နှစ်ရက်တိတိ ဝမ်းနည်းပူဆွေးနေခဲ့ပြီး မနေနိုင်တဲ့အဆုံး Carmilla ရဲ့မျက်နှာလေးကိုမြင်တွေ့ရဖို့ သူမရှိရာအရပ်ကို ပြန်လာခဲ့တယ်။ ချစ်ရသူရဲ့ အသက်မဲ့နေတဲ့ခန္ဓာတစ်ခု စျာပနအခမ်းအနားမှာ ငြိမ်သက်စွာ လှဲလျောင်းနေတာကို တွေလိုက်ရချိန်မှာ Cecilion နာကျင်မှုနဲ့အတူ နောင်တရကာ ကြေကွဲဝမ်းနည်းမှုကို ခံစားလိုက်ရပါတယ်။ Carmilla မရှိဘဲ သူမေနနိုင်ပါဘူး။ Cecilion ဟာ ချစ်ရသူ Carmilla ကို ဖြေးညှင်းစွာမပြီး သူ့အတောင်တွေကို ဖြန့်ကျက်ကာ ပျံသန်းသွားချိန်မှာတော့ လမင်းကြီးသာလို့ ညအချိန်ဟာ သာယာနေပါတယ်။$!

Cecilion ဟာ သူ့သွေးနဲ့ Carmilla ကို အသက်ပြန်သွင်းခဲ့ပါတယ်။ Carmilla ပြန်နိုးလာချိန်မှာ Cecilion ရင်ခွင်ထဲမှာ လှဲလျောင်းနေတဲ့အတွက် အံ့ဩဝမ်းသာမှုနဲ့အတူ ပျော်ရွှင်ခြင်းကို ခံစားတယ်။ သူမရဲ့ အသ၂က်ရှူသံမကြားရသလို သူမအသားအရေဟာလည်း Cecilion နဲ့ထပ်တူကျနေပါတယ်။ မည်သို့ပင်ဖြစ်စေကာမူ သူတို့ချစ်သူနှစ်ဦးပေါင်းဖက်နိုင်သည်ကား ဤကမ္ဘာပေါ်တွင် သူမ အလိုချင်ဆုံးအရာပင် မဟုတ်ပါလား။ အထီးကျန်နေခဲ့သော စိတ်ဝိညဉ်နှစ်ခုဟာ ပေါင်းစည်းခဲ့ပါပြီ......

#ပန်းတော်ဝင်

&Carmilla

Online Shopping လုပ်နေပြီး ကြားခံဒိုင်တွေ/ Supplier တွေများလို့ Supplier fees တွေကြောင့် စိတ်ညစ်နေရတဲ့သူတွေအတွက်ကြားခံဒိ...
18/12/2020

Online Shopping လုပ်နေပြီး ကြားခံဒိုင်တွေ/ Supplier တွေများလို့ Supplier fees တွေကြောင့် စိတ်ညစ်နေရတဲ့သူတွေအတွက်

ကြားခံဒိုင်မလို
Supplier မလို

မိမိကိုယ်တိုင် မိမိစိတ်ကြိုက် ရွေးခြယ်ဝယ်ယူ ငွေပေးချေရမယ့်အပြင်

Cargo နဲ့ပါ ချိတ်ဆက်ပေးအုံးမှာဆိုတော့

ခဲတစ်လုံးတည်းနဲ့ ငှက် (၃) ကောင်လောက်ထိစေမယ့် online သင်တန်းလေးနဲ့ မိတ်ဆက်ပေးပါရစေ

Lazada, Shopee, Shein, AIIZ, Adidas Thailand, Watsons, Konvy တို့အပြင် ထိုင်းနိုင်ငံက နာမည်ကြီး Online Shopping Website တွေက အလှကုန် , လူသုံးကုန် ပစ္စည်းမျိုးစုံ, Brand မျိုးစုံကို မိမိ ကိုယ်တိုင် ဝယ်ယူတတ်သည်အထိသင်ကြားပေးမယ့်အပြင်

အခြားဘာတွေပါအုံးမလဲဆိုတော့

သက်ဆိုင်ရာ Website App Down နည်း
Language ပြောင်းနည်း
Currency ပြောင်းနည်း
အကောင့်ဖွင့်နည်း

မိမိရှာချင်သော ပစ္စည်းကို စာရိုက်ရှာနည်း
အမျိုးအစားအလိုက်ရှာနည်း

Promotion / Discount ရ/မရ ကြည့်နည်း

Free Shipping ရ/မရ ကြည့်နည်း

Review ကြည့်နည်း

ဆိုင် rating ကောင်း/မကောင်း ကြည့်နည်း

ဆိုင်ရှင်နှင့်တိုက်ရိုက်စကားပြောနည်း

Refund လုပ်နည်း

ပစ္စည်းမှားဝယ်မိပါက cancle လုပ်နည်း

Debit/Credit Card များကို အသုံးပြု၍ ငွေပေးချေနည်းများအပြင်

မိမိဝယ်ချင်သော ပစ္စည်းကို တံဆိပ်သိရုံနှင့် စက်ရုံတိုက်ရိုက်ရှာနည်းအပြင်
Line မှ ဆက်သွယ်နည်း

Quality Recommend ပေးသည့် Website များမှ ပစ္စည်းများကို ရွေးခြယ်ဝယ်ယူနည်းတို့အပြင်

သင်တန်းတက်ရောက်သူတိုင်းကို သက်ဆိုင်ရာ Website App များ၏ အကောင့်များ Free ဖွင့်ပေးမည့်အပြင်

Cargo နှင့်ပါ တိုက်ရိုက်ချိတ်ဆက်ပေးမည်ဖြစ်ပါသည်

သင်တန်းကြေး >>> ၃၀၀၀၀ ကျပ်

သင်တန်းစတင်မည့်ရက် - ၁၅-၁-၂၀၂၀
Video များဖြင့် စနစ်တကျ သင်ကြားပေးမည်ဖြစ်သည့်အပြင် မရှင်းလင်းသည်များကို Viber မှဖြစ်နေ ဖုန်းခေါ်ဆို၍ဖြစ်စေ မေးမြန်းနိုင်မည်ဖြစ်သည်။

အသေးစိတ်ထပ်မံသိရှိလိုပါက page Cb မှ ဖြစ်စေ 09421716385 သို့ ဖုန်းခေါ်ဆို၍ဖြစ်စေ မေးမြန်းနိုင်ပါသည်။

500ml တစ်ဘူး - 3500 ကျပ်3ဘူး - 10000ကျပ်+Delivery Free(ရန်ကုန်မြို့တွင်း)လှူဒါန်းလိုသူများနှင့် လက်ကားဝယ်လိုသူများ Page ...
03/09/2020

500ml တစ်ဘူး - 3500 ကျပ်
3ဘူး - 10000ကျပ်+Delivery Free(ရန်ကုန်မြို့တွင်း)
လှူဒါန်းလိုသူများနှင့် လက်ကားဝယ်လိုသူများ Page Chatbox တွင်လာရောက်မှာယူနိုင်သည်။
Ph : 09965353564 ကိုလည်းဆက်သွယ်မှာယူနိုင်ပါသည်။

Car ပစ္စည်း 5မျိုးပေါင်း- 20000ကျပ်Mobile Phone Holder + Click -13500ကျပ်စီးခရက်လိုက်တာ - 13500ကျပ်ရေမတင်မှန်ကပ် - 9000က...
05/08/2020

Car ပစ္စည်း 5မျိုးပေါင်း- 20000ကျပ်

Mobile Phone Holder + Click -13500ကျပ်
စီးခရက်လိုက်တာ - 13500ကျပ်
ရေမတင်မှန်ကပ် - 9000ကျပ်
ကားအစင်းပျောက်ဆေး - 11000ကျပ်
မူရင်းစျေး စုစုပေါင်း - 47000 ကျပ်။(70%အထူးလျော့စျေး - 20000 ကျပ်)

Comment or message box ကနေ
နာမည် လိပ်စာအတိအကျ ဖုန်းနံပါတ်လေးထားခဲ့ရုံပါပဲ
ပြန်လည် ဆက်သွယ်ပေးသွားပါမယ်ခဗျ

09760680780 ကို မနက် ၉ နာရီမှ ညဘက် ၁၁ နာရီအထိဆက်သွယ်မှာယူနိုင်ပါသည်

မြို့ပေါင်းတစ်ရာကျော်ကို အိမ်အရောက်ငွေချေစနစ်ဖြင့်လည်း ပို့ဆောင်ပေးပါသည်
ပိုက်ဆံကြိုပေးစရာမလိုပါဘူးနော်

ပို့ခကိုတော့ ဝယ်ယူသူဘက်က ပေးချေရပါမည်

ဆိုင်မှာလာရောက်ဝယ်ယူလိုပါက အမှတ် (55), မာလာမြိုင် (6)လမ်း, ၁၆ ရပ်ကွက် လှိုင်မြို့နယ်မှာ
လာရောက်ဝယ်ယူနိုင်ပါသည်

ကားအစင်းပျောက်ဆေးဝယ်ယူပြီး ရေမတင်မှန်ကပ် လက်ဆောင်ရယူပါ😱😱😱ပထမဆုံးဝယ်ယူသူ (၃၀)ဦးသာရေမတင်မှန်ကပ်ရဲ့ အသုံးဝင်ပုံကို Video နဲ...
29/06/2020

ကားအစင်းပျောက်ဆေးဝယ်ယူပြီး ရေမတင်မှန်ကပ် လက်ဆောင်ရယူပါ😱😱😱
ပထမဆုံးဝယ်ယူသူ (၃၀)ဦးသာ

ရေမတင်မှန်ကပ်ရဲ့ အသုံးဝင်ပုံကို Video နဲ့ ပြပေးထားပါတယ်နော် 😊😊😊

လူကြီးမင်းတို့ရဲ့တန်ဖိုးကြီး မော်တော်ကားတွေမှာ ခြစ်ရာ အစင်းရာတွေကြောင့် ကားရဲ့အလှကို ပျက်နေပါသလား ???

သိန်းရာကျော်အကုန်ခံပြီးဝယ်ထားတဲ့ ကိုယ့်ပစ္စည်းလေး
အသစ်အတိုင်းလေးဖြစ်နေစေဖို့
💵 ၁၂၀၀၀ 💵ကျပ်သုံးဖို့ပဲလိုပါတယ်

ဝက်ရှော့ကိုတကူးတကသွားပြီးလုပ်စရာလည်း
မလိုတော့ပါဘူး
အချိန်ကုန် ငွေကုန် သက်သာစေမယ့်
ကားအစင်းဖျောက်ဆေးလေးပါ
တစ်မိနှစ်အတွင်း အစင်းပျောက်ပါတယ် 😱😱😱

အသုံးပြုပုံကတော့ အစင်းထင်နေတဲ့နေရာကို ဆေးပါးပါးလေး လိမ်းပြီး စက္ကန့် သုံးဆယ် ခန့်အကြာတွင်
အဝတ်ခြောက်အပျော့တစ်ခုဖြင့် ပွတ်ပေးယုံပါပဲ





🏠🏠 ဆိုင်မှာလာရောက်ဝယ်ယူလိုပါက အမှတ် (34), မာလာမြိုင် (8)လမ်း, ၁၆ ရပ်ကွက် လှိုင်မြို့နယ်မှာ

ကားအစင်းပျောက်ဆေးဝယ်ယူပြီး ရေမတင်မှန်ကပ် လက်ဆောင်ရယူပါ😱😱😱ပထမဆုံးဝယ်ယူသူ (၃၀)ဦးသာရေမတင်မှန်ကပ်ရဲ့ အသုံးဝင်ပုံကို Video နဲ...
15/06/2020

ကားအစင်းပျောက်ဆေးဝယ်ယူပြီး ရေမတင်မှန်ကပ် လက်ဆောင်ရယူပါ😱😱😱
ပထမဆုံးဝယ်ယူသူ (၃၀)ဦးသာ

ရေမတင်မှန်ကပ်ရဲ့ အသုံးဝင်ပုံကို Video နဲ့ ပြပေးထားပါတယ်နော် 😊😊😊

လူကြီးမင်းတို့ရဲ့တန်ဖိုးကြီး မော်တော်ကားတွေမှာ ခြစ်ရာ အစင်းရာတွေကြောင့် ကားရဲ့အလှကို ပျက်နေပါသလား ???

သိန်းရာကျော်အကုန်ခံပြီးဝယ်ထားတဲ့ ကိုယ့်ပစ္စည်းလေး
အသစ်အတိုင်းလေးဖြစ်နေစေဖို့
💵 ၁၂၀၀၀ 💵ကျပ်သုံးဖို့ပဲလိုပါတယ်

ဝက်ရှော့ကိုတကူးတကသွားပြီးလုပ်စရာလည်း
မလိုတော့ပါဘူး
အချိန်ကုန် ငွေကုန် သက်သာစေမယ့်
ကားအစင်းဖျောက်ဆေးလေးပါ
တစ်မိနှစ်အတွင်း အစင်းပျောက်ပါတယ် 😱😱😱

အသုံးပြုပုံကတော့ အစင်းထင်နေတဲ့နေရာကို ဆေးပါးပါးလေး လိမ်းပြီး စက္ကန့် သုံးဆယ် ခန့်အကြာတွင်
အဝတ်ခြောက်အပျော့တစ်ခုဖြင့် ပွတ်ပေးယုံပါပဲ


📞📞📞 09978469419📞📞📞ကို မနက် ၉ နာရီမှ ညဘက် ၁၁ နာရီအထိဆက်သွယ်မှာယူနိုင်ပါသည်



🏠🏠 ဆိုင်မှာလာရောက်ဝယ်ယူလိုပါက အမှတ် (34), မာလာမြိုင် (8)လမ်း, ၁၆ ရပ်ကွက် လှိုင်မြို့နယ်မှာ

11/06/2020

မိုးရာသီအထူးPromtionအရမ်းတန်တဲ့ အစီအစဉ်ပါနော်

😱😱တစ်စုံ တန်၉၀၀၀ တန်ကို ၄၅၀၀ ကျပ်တည်းနဲ့ ရမယ့် အခွင့်အရေးလေးပါနော်😱😱😱

(Promtion ကာလလေး အတွင်းမှာပဲ ပေးထားတာဖြစ်လို့ အမြန်ဆုံးဝယ်ယူကြပါနော်)

💵💵ဈေးနှုန်း 4500 ကျပ် ( ယခင်- 9000 ကျပ်) 💵💵�

ကားမောင်းနေရင်းနဲ့ လာလာစင်နေတဲ့ ရေပေါက်တွေကို သုတ်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး ❌❌❌

ကားဘေးမှန်ကို ချထားပြီး အဝတ်နဲ့ မကြာမကြာလှမ်းသုတ်နေရတာ မလွယ်ကူလှသလို အန္တရာယ် အရမ်းများပါတယ် 🚫🚫🚫

အဲဒီအခက်အခဲတွေကိုလွယ်လွယ်ကူကူဖြေရှင်းနိုင်ဖို့ အတွက် လူကြီးမင်းတို့ ကားဘက်မှန်မှာ Anti Fog Mirrorလေး ကပ်ထားလိုက်ယုံပါပဲ ✅✅✅

သူ့ ရဲ့ အားသာချက်လေးတွေက 👍👍👍

- ရေပေါက် ရေငွေ့ မြူ အစရှိသည်တို့ တင်ကျန်ခြင်းမရှိခြင်း
- ကပ်ထားမှန်းမသိသာအောင် ရှင်းလင်းပြတ်သားခြင်း💯💯💯

-နေ့ ဘက် ညဘက်အလင်းအရမ်းစူးလွန်းသော အရာများကို လျှော့ချပေးခြင်း🔆💡

- ဈေးနှုန်းသင့်တင်ြ့ခင်း💸💸💸

- အရည်အသွေးကောင်းမွန်ခြင်းတို့ ကြောင့် ယုံကြည်စိတ်ချစွာ ဝယ်ယူအသုံးပြုနိုင်ပါတယ်ခင်ဗျာ

မှာယူအားပေးလိုပါက ဖုန်း 09-978469419ကို
ဆက်သွယ်မှာယူနိုင်ပါတယ်ခင်ဗျာ

နာမည် လိပ်စာအတိအကျ ဖုန်းနံပါတ် တို့ကို
Page comment or message box ကနေ တစ်ဆင့်
ပေးပြီးလည်း မှာယူနိုင်ပါသည်

လာရောက်ဝယ်ယူလိုပါက -- အမှတ် 34,မာလာမြိုင်(၈)လမ်း, 16 ရပ်ကွက်, လှိုင်မြို့နယ် တွင် လာရောက်ဝယ်ယူနိုင်ပါသည်

အမြို့မြို့အနယ်နယ်ကို အိမ်အရောက် ငွေချေစနစ်နဲ့ ပို့ပေးပါတယ်နော်
ပို့ဆောင်ခကို ဝယ်သူဘက်မှ ပေးချေရပါမည်

Address

Yangon

Telephone

+959421716385

Website

Alerts

Be the first to know and let us send you an email when Pann Taw Win Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pann Taw Win Online Shop:

Shortcuts

Share