31/07/2026
#မြန်မာနယ်စပ်အနီးက_အိန္ဒိယနိုင်ငံရဲ့
#ထူးခြားတဲ့_၁၀ရက်ဈေး #နန်ပေါင်
ေးသို့_အလည်တစ်ခေါက်……
မင်္ဂလာပါ မမ မလိ မိသားစုဝင်တို့ရေ
ဒီနေ့ကတော့ မမ မလိ မြန်မာနယ်စပ်အနီးက
အိန္ဒိယနိုင်ငံရဲ့ ထူးခြားတဲ့ ၁၀ ရက်စျေး
နန်ပေါင်စျေးသို့ သွားရောက်လည်ပတ်ခဲ့တာကို
မျှဝေပေးချင်ပါတယ်ရှင်။
နန်ပေါင်( Namponc) ဆယ်ရက်စျေးကို
မမ မလိက နာဂတောင်တန်း ပန်ဆောင်ကနေ
တစ်ဆင့် အိန္ဒယနိုင်ငံဘက်ကို ဖြတ်ကျော်ပြီး
သွားရောက်လည်ပတ်ခဲ့ပါတယ်ရှင့်။
နန်ပေါင် (Namponc ) ဆယ်ရက်စျေးမှာ
မြင်တွေ့ခဲ့ရတာတွေကတော့….
ဒေသထွက် ပစ္စည်းလေးတွေ
လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်နဲ့
သစ်သီးဝနှံတွေ ၊ဟင်းခတ်အမွှေးအကြိုင်တွေ
အဝတ်အစားနဲ့ အိမ်သုံးပစ္စည်းမျိုးစုံနဲ့
လက်သမားအသုံးအဆောင်ပစ္စည်းမျိုးစုံကိုလည်း
မြင်တွေ့ခဲ့ရပါတယ်ရှင်။
မမ မလိသဘောအကျဆုံးကတော့
ဟင်းချက်၊ထမင်းချက်တဲ့အိုးမျိုးစုံနဲ့
အိန္ဒိယဓာတ်မီးနဲ့ဆိုလာပစ္စည်းတွေကို
အလွန်သဘောတွေ့မိပါရဲ့ရှင်။
ဘယ်ရမှာလဲ မမ မလိပဲ သယ်နိုင်သလောက်တော့
အားရပါးရဝယ်ခဲ့တာပေါ့ရှင်။🤭🤭
စျေးဝယ်ရတာကို တအားကြိုက်တဲ့
မမ မလိအဖို့ So Good ပေါ့ကွယ်။
နန်ပေါင် ( Namponc ) ဆယ်ရက်စျေးမှာ
မြင်တွေ့ခဲ့ရတဲ့ စျေးအရောင်းအဝယ်ဟန်တွေ
ဒေသခံတွေရဲ့ရိုးရှင်းတဲ့ နေ့စဉ်ဘဝနဲ့
နယ်စပ်ဒေသရဲ့လူနေမှု့ဘဝအငွေ့အသက်ကို
ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့အတွက်
အလွန့်အလွန်ပင် တန်ဖိုးမဖြတ်နိုင်သော
ခရီးစဉ်တစ်ခုပင်ဖြစ်နေပါတော့သည်။
တစ်နေ့မောင်နှင့်အတူ သွားပါဦးမည်။
ချစ်ခြင်းများစွာဖြင့် With Love:Mali Ingra
#ဆယ်ရက်စျေး
#နန်ပေါင်စျေး
#မြန်မာနယ်စပ်အနီး
#အိန္ဒိယနိုင်ငံ