Z&Z Travels and Tours

Z&Z Travels and Tours Rope Access Service

17/08/2022

ဆွဲထားတဲ့လက်တွေမြဲဖို့
မာနတွေလဲချခဲ့သလို

သိက္ခာတွေလဲ ကျခဲ့ပါတယ်

ဒါပေမယ့်

မနီးချင်တဲ့လူအတွက်တော့
ဒါတွေဟာ
အပိုပဲ ဖြစ်နေတတ်တာ
မဟုတ်လား ..

ပြီးတော့ ...
အဆုံးသတ်တွေကတော့
နာနာကျင်ကျင်နဲ့
အဆုံးသတ်ရတာပဲ မဟုတ်လား

ချစ်ပါ ...
ဒါပေမယ့်
မနေချင်တဲ့ လူတစ်ယောက်ကို
ဆွဲထားပြီးမှတော့
မချစ်နဲ့

အပိုပါပဲ ... Zz

#ကျေးကို

15/08/2022

စွန့်ပစ်ဖို့ စဉ်းစားထားတဲ့သူတစ်ယောက်က မင်းဘယ်လောက်ပဲကောင်းအောင်နေနေ အချိန်တန်ရင် မင်းကိုစွန့်ပစ်သွားတာပဲ .............Zz

13/08/2022

ကိုယ်အတွက်မဖြစ်နိုင်တော့ဘူးဆိုတဲ့ အရာတစ်ခုကို မျော်လင့်နေမိတာ အရမ်းနာကျဥ်းရပါတယ် ......
နာကျဥ်းရလို့လဲ လက်လွှတ်လိုက်ဖို့ အကြိမ်းကြိမ်းကြိုးစားဖူးတယ်.....
လက်လွှတ်လိုက်ဖို့က ပိုပြီးနာကျဥ်းရတော့ နောက်ဆုံးအသက်ငွေ့ငွေ့လေးကျန်ရင်တောင် နာကျဥ်းရတဲ့ မျော်လင့်ချက်ကို ပဲ တစ်သက်လုံးဆုပ်ကိုင်ပြီး ကျန်ရစ်အဖြစ်နေခဲ့ပေးပါမယ်😭😭 Zz

09/08/2022

Zz
Sorry ... မင်းကို ချစ်ခဲ့မိတာ အနှောင့်အယှက်ဖြစ်ခဲ့မှန်း တကယ်မသိခဲ့ဘူး ။

သတိရလို့ဆိုပြီး ဆက်မိတဲ့ ဖုန်းက ကိုယ်ဘယ်လောက်ပဲ လွမ်းနေ လွမ်းနေလေ တစ်ဖက်လူက ပြောချင်စိတ်တွေ ရှိမနေတဲ့အခါ အာရုံနောက်ရတာပါပဲ ။ ကိုယ်က အရေးမှ မကြီးပဲလေဆိုတဲ့ စကား​တွေပြောရင် စကားနာထိုးတယ် ဖြစ်ဦးမယ် ကိုယ့်ထက် အရေးပါတာတွေ အများကြီး ရှိနေတဲ့ လူတစ်ယောက်အတွက် ကိုယ်ဟာ တကယ်ပဲ အနှောင့်အယှက် သက်သက်ပါပဲ ။ ချစ်ခြင်းမေတ္တာဆိုတာ မလိုချင်တဲ့လူအတွက်တော့ အပိုပဲ ဖြစ်သွားတတ်တာမဟုတ်လား။

တောင်းပန်ပါတယ်နော် ဆိုတဲ့ စကားကို သုံးရုံကလွဲပြီး တခြား ဘာမှ မရှိတော့ဘူးလေ ... ပို့နေမိတဲ့ စာတွေအတွက် ပြီးတော့ ဆက်နေမိတဲ့ ဖုန်းတွေအတွက် ချစ်နေမိတဲ့ အချစ်တွေ အတွက် အရေးမပါတဲ့ စကားတွေ အများကြီးပြောခဲ့မိတဲ့ အတွက်ပေါ့ ။ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ပဲ နာတတ်အောင် ကြိုးစားကြိုးစား မနာတတ်သေးတာ ခက်တယ် ။ တစ်ခုခုဆို မျက်ရည်လေး ၀ဲလို့ တစ်ခုခုဆို ဘာဖြစ်လို့လဲဆိုတဲ့ မေးခွန်းလေး မေးလို့ တစ်ခါတစ်လေကျ ထွက်မသွားပါနဲ့နော်ဆိုပြီး အောက်ကျနောက်ကျ ခံတတ်သေးတာ ။ အဲ့ဒီအရာတွေ အတွက် တကယ်ပဲ တောင်းပန်ပါတယ် ။

အနည်းဆုံးတော့ ... နှစ်ယောက်အတူတူစခဲ့တဲ့ ဇာတ်လမ်းလေးက တစ်ဖက်က ရပ်တန့်သွားချင်ရုံနဲ့ မဖြစ်နိုင်လောက်ပါဘူးဆိုတဲ့ ကလေးအတွေးနဲ့ တစ်နေ့ကျရင်တော့ နွေးထွေးလာမှာပါဆိုပြီး စိတ်ကူးတွေ ယဥ်နေခဲ့မိတာပါ ။ မနက် မျက်လုံးနှစ်လုံးပွင့်ပါပြီဆိုကတည်း ပထမဆုံး မင်းကို လွမ်းမိတဲ့ ကိုယ်ဟာ အပြစ်ရှိပါတယ် ။ မင်းအသံလေးကြားချင်နေတဲ့ကိုယ်ဟာ အပြစ်တွေ လုပ်မိနေတယ်ဆိုပါတော့ ... တောင်းပန်ပါတယ် တစ်ခါတစ်လေကျတော့ အရမ်းလွမ်းမိတဲ့အခါ ထိန်းထားတဲ့ ကြားက စာတွေ ဆက်တိုက်ပို့နေမိတဲ့အခါတွေရှိသလို တောင့်တနေမိတဲ့အခါ ဟယ်လိုဆိုတဲ့ အသံလေးကြားရကြားရ ဆက်နေမိတဲ့ ဖုန်းတွေလဲ ရှိတယ် ။

ဒါပေမယ့် ကိုယ် ချစ်နေခြင်းတွေက မင်းအတွက် အနှောင့်အယှက်ဆိုတာမှန်း တကယ် မသိခဲ့ပါဘူး ။ စိတ်ဆိုးနေတယ် ပြီးတော့ စိတ်ကောက်နေတယ်ပဲ ထင်နေတာ ။ ကိုယ်က မင်းကို စိတ်တွေ ပူနေတာ ။ ဒါပေမယ့် မင်းက စိတ်ချလက်ချ ပစ်ထားလိုက်တာများ ... နာမယ်ဆိုရင် ခေါက်ခနဲ လဲသေသွားလို့ရတဲ့အထိ ပစ်ထားခဲ့ပြီးပါပြီ ။ နောက်ဆို ဆင်ခြင်မယ်နော် နောက်ဆို ကိုယ့်ကိုယ်ကိုယ်ထိန်းမယ်လေနော် ... လွမ်းရင် ငိုမယ် ပြီးတော့ ငိုလို့မှ အဆင်မပြေတဲ့အခါ တစ်နေ့ကျရင် မင်းဖတ်ဖို့ဆိုပြီး စာအုပ်လေးထဲ စာလေးတွေပဲ ရေးတော့မယ် ။ နောက်ထပ် ကိုယ့်ချစ်ခြင်းတွေက မင်းအတွက် အနှောင့်အယှက် မဖြစ်စေချင်တော့ဘူး ။

#ကျေးကို

03/08/2022

လူတစ်ယောက်အနားမှာ
အမြင်ကပ်စရာကောင်းလောက်အောင်
ကပ်တွယ်နေခဲ့ဖူးတယ်

မချစ်တော့ဘူးဆိုတဲ့ စကားကို
သေချာကြားရဲ့နဲ့
ကျွန်တော်ချစ်တယ်လေဆိုပြီး
မျက်နှာပြောင်တိုက်ခဲ့ဖူးတယ်

မကိုင်ချင်မှန်းသိသိရဲ့
ဖုန်းတွေကော
ဆက်တိုက် ခေါ်နေမိဖူးတယ်

ဖတ်မယ် မဖတ်ဘူးဆိုတဲ့
မသေချာတဲ့
စာတွေကိုကော
ဆက်တိုက် ပို့နေခဲ့ဖူးတယ်

တကယ်ကို
ရင်နာရပါတယ်

ချစ်တယ်ဆိုတဲ့ အဖြေကလွဲပြီး
တခြားဘာကိုမှ
ဂရုမစိုက်နိုင်ခဲ့တဲ့
အဖြစ်အပျက်ကြီးက
တကယ်ကို ရင်နာစရာကြီးပါဗျာ

01/08/2022

ရင်တွေလဲ အရမ်းနာနေပြီး
ဘာတွေများ မှားခဲ့လို စွန့်ပစ်ခံခဲ့ရတာလဲ
အရင်အချိန်တိုင်းလေးပြန်လိုချင်တယ်
ပြန်လာခဲ့ပေးပါ
Zz

31/07/2022

လွမ်းလိုက်တာ နေမြန်မြန်ကောင်းပါစေ

25/07/2022

နာကျင်နေတုန်းက ခဏ
ပြောလိုက်တဲ့စကားတွေက
ဝေးသွားစရာ အကြောင်းပြချက်ပေါ့

မြိုသိပ်ထားတဲ့လူက
မြိုသိပ်ထားမှပဲ
တချို့ဆက်ဆံရေးတွေက
အဆင်ပြေတော့တာ

အလျှော့ပေးတဲ့လူက
အလျှော့ပေးနေမှပဲ
တချို့ဆက်ဆံရေးတွေက
မြဲတော့တာ

ခွင့်လွှတ်ပေးတဲ့လူက
ခွင့်လွတ်နေမှပဲ
တချို့လက်တွေက
ကြာရှည်ခံတာ

ဘာ​ကို ပြောချင်လဲဆိုရင်
နှစ်တွေအကြာကြီးချစ်ခဲ့ပြီးမှ
ဘာကြောင့်ဝေးသွားသလဲဆိုတဲ့
အကြောင်းပြချက်တွေပေါ့

တချက်လေး မျက်နှာလွဲလိုက်မိတာနဲ့
တချို့လူတွေက
အဝေးဆုံး
ပြေးထွက်သွားကြတာ ။
Z/z
#ကျေးကို

Address

Yangon
11201

Website

Alerts

Be the first to know and let us send you an email when Z&Z Travels and Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Z&Z Travels and Tours:

Shortcuts

Share