07/09/2026
ကောင်းကျိုးမပေးမှန်း သိသိကြီးနဲ့ ဘာလို့ လူတွေ မူးယစ်ဆေးကို မက်မောနေကြတာလဲ။
ပိုက်ဆံလည်းကုန်၊ ကျန်းမာရေးလည်း ထိခိုက်မှန်း သိရက်နဲ့ ဘာကြောင့် ရုန်းထွက်မရအောင် စွဲလမ်းသွားကြတာလဲ။
ဒီလို မေးခွန်းတွေအတွက် အဖြေကို ကိုယ်ကျင့်တရားပိုင်းကနေချည်း မဆုံးဖြတ်ဘဲ သိပ္ပံနည်းကျကျ ရှင်းပြထားတဲ့ စာအုပ်ကတော့ ဒေါက်တာမြင့်သန်း (ညောင်လေးပင်) ရဲ့ "မူးယစ်ဆေးစွဲခြင်းဆိုင်ရာ သိပ္ပံပညာ" ပဲ ဖြစ်ပါတယ်။
မူးယစ်ဆေးဝါးတွေဟာ လူ့ဦးနှောက်နဲ့ စိတ်ပိုင်းဆိုင်ရာကို ဘယ်လို ဝင်ရောက်လွှမ်းမိုးသွားလဲ ဆိုတာကို စာရေးသူက အခန်းပေါင်း (၁၇) ခန်းနဲ့ သေသေချာချာ သုတေသနပြု ရေးသားထားတာပါ။
အထူးသဖြင့် ဦးနှောက်ဖွံ့ဖြိုးဆဲ ဆယ်ကျော်သက်အရွယ် လူငယ်တွေဟာ ဘာကြောင့် မူးယစ်ဆေးရဲ့ ထောင်ချောက်ထဲကို ပိုပြီး အလွယ်တကူ ကျရောက်နိုင်သလဲဆိုတာကို သိပ္ပံအထောက်အထားတွေနဲ့ ရှင်းပြထားလို့ မိဘတွေ၊ ဆရာသမားတွေ သတိပြုစရာ အချက်တွေ အများကြီး ပါဝင်ပါတယ်။
"မူးယစ်ဆေးက ဆိုးတယ်၊ မသုံးနဲ့" လို့ ပါးစပ်ကနေ အလွယ်တကူ တားမြစ်ရုံထက်စာရင်၊ မူးယစ်ဆေးက ခန္ဓာကိုယ်နဲ့ ဦးနှောက်ထဲမှာ ဘယ်လို အလုပ်လုပ်သွားသလဲဆိုတာကို သိပ္ပံအမြင်နဲ့ နားလည်အောင် ရှင်းပြနိုင်ဖို့က ပိုအရေးကြီးပါတယ်။
ကိုယ့်ပတ်ဝန်းကျင်က လူငယ်တွေ၊ ရင်သွေးငယ်တွေကို မူးယစ်ဆေး အန္တရာယ်ကနေ ကာကွယ်ပေးချင်တယ် ဆိုရင်တော့ ဒီစာအုပ်ကို လက်စွဲထားပြီး သေချာ လေ့လာဖတ်ရှုသင့်ပါတယ်။
• စာအုပ်အမည် - မူးယစ်ဆေးစွဲခြင်းဆိုင်ရာ သိပ္ပံပညာ
• စာရေးသူ - ဒေါက်တာမြင့်သန်း (ညောင်လေးပင်)
• စာမျက်နှာ - ၂၀၀
• တန်ဖိုး - ၁၅,၀၀၀ ကျပ်
__________________________________________
• စာအုပ်များ ဝယ်ယူလိုပါက အောက်ပါနည်းလမ်းများဖြင့် ဆက်သွယ်နိုင်ပါသည်။
• ဖုန်း - ၀၉ ၂၅၉ ၂၈၉ ၁၅၉
• Page ရဲ့ Chat Box တွင် အမည်၊ လိပ်စာ၊ ဖုန်းနံပါတ် ပေးပို့ပြီး မှာယူနိုင်ပါသည်။
#တက်လူကျော်စာပေ #မူးယစ်ဆေးအန္တရာယ် #လူငယ်ပညာပေး #စာအုပ်အညွှန်း #သုတစာပေ