နှင်း

နှင်း To live with peace

11/01/2021

မိုးထဲရထေဲ
ခက်ခဲပင်ပန်းရတဲ့နေ့ရက်တွေ....။
နာကျင်ရပေမယ့်လည်း
အမှန်တရားကို လက်ခံရုံကလွဲပီး မတတ်နိုင်ခဲ့။

10/01/2021

ဆုပ်လည်းမထားတော့ဘူး
စားလည်းမစားတော့ဘူး....
လွှတ်ချလိုက်တော့မယ်။

ချစ်ရသူတွေရှိတဲ့...ချစ်ရတဲ့ မြို့ကလေးဆီဆောင်းအမီ မပြန်နိုင်တော့ဘူးကွယ်။ချစ်ရသူတွေကို လွမ်းတယ်...မြို့ကလေးကို လွမ်းတယ်......
07/12/2020

ချစ်ရသူတွေရှိတဲ့...
ချစ်ရတဲ့ မြို့ကလေးဆီ
ဆောင်းအမီ မပြန်နိုင်တော့ဘူးကွယ်။
ချစ်ရသူတွေကို လွမ်းတယ်...
မြို့ကလေးကို လွမ်းတယ်...
မတ်ပဲဘယာကြော်ကွင်းလေးတွေကို လွမ်းတယ်...
အရှေ့ကနေအနောက်ကိုစီးနေတဲ့
ရာဇဝင်များရဲ့သတို့သမီးကို လွမ်းတယ်။
မခမ်းနားခဲ့ပေမဲ့လည်း
မေ့မရနိုင်တဲ့ ငယ်ဘဝပုံရိပ်တွေဟာ
မြို့ကလေးရဲ့ရင်ခွင်မှာ ထင်ကျန်နေတုန်းပါပဲ။
ကမ္ဘာကြီး နေပြန်ကောင်းတဲ့အခါ
(ကိုယ်လည်းရှိနေသေးရင်ပေါ့လေ)
ချစ်ရတဲ့ မြို့ကလေးရဲ့ ရင်ခွင်ဆီ
အပြေးပြန်လာဦးမည်။

ကဗျာတွေ ဖတ်မယ်...နေဝင်ချိန်ကို ငေးမယ်...တချို့သော စောင့်စားရခြင်းတွေအတွက်...မနက်ဖြန်ဆိုတာ ရှိနေဦးမှာပေါ့ကွယ်။
28/06/2020

ကဗျာတွေ ဖတ်မယ်...
နေဝင်ချိန်ကို ငေးမယ်...
တချို့သော စောင့်စားရခြင်းတွေအတွက်...
မနက်ဖြန်ဆိုတာ ရှိနေဦးမှာပေါ့ကွယ်။

09/07/2019

အရင်​အတိုင်းပါပဲ.....။
တ​ယောက်​ကို တ​ယောက်​က နှုတ်​ဆက်​သွားတယ်​။
တဘ၀စာ အမှတ်​တရ​တွေနဲ့​ပေါ့။
လွမ်းကျန်​ရစ်​မယ့်​သူဟာ.....
တချိန်​မှာ ကိုယ်​လည်းဖြစ်​နိုင်​တယ်​။

03/06/2019

တချို့ခွဲခွာခြင်း​တွေက
နှုတ်​ဆက်​ချိန်​​တောင်​ မရလိုက်​ကြ။

30/09/2018

ဘ၀ကို ​အေး​အေးချမ်းချမ်း ​ပျော်​​ပျော်
ရွှင်​ရွှင်​ပဲ ဖြတ်​သန်းသွားချင်​တယ်​။
အဲလိုဖြစ်​ဖို့အတွက်​လည်း ကိုယ်​စွမ်းဉာဏ်​စွမ်း
ရှိသ​လောက်​ ကြိုးစား​နေထိုင်​ပါတယ်​။
ရှင်း​နေတာကို ရှုပ်​​အောင်​လုပ်​ပီး ပူ​နေတဲ့သူ​တွေနဲ့
ဖြစ်​နိုင်​ရင်​ ( ဖြစ်​နိုင်​မယ်​ဆိုရင်​​ပေါ့​လေ)
မပတ်​သက်​ချင်​ဘူး။

15/09/2018

ဘဝမှာရွေးချယ်ခွင့်တွေ များသလောက်....
ရွေးချယ်ခွင့်မရှိဘဲ လက်ခံထားရတာတွေလည်း
အများသား....။

22/08/2018

ဘ၀ထဲမွာ
မတူညီတဲ့ ချစ်​ခြင်းအသစ်​ကို
ထိ​တွေ့ခွင့်​ ရခဲ့ပီ။
ပီတိ တဟုန်​ဟုန်​နဲ့
ချစ်​ခြင်း​မေတ္တာ​တွေ အရှိန်​လွန်​မလို ဖြစ်​တိုင်း...
သူဟာ ကိုယ်​နဲ့ ဆိုင်​​ပေမဲ့
ကိုယ်​မပိုင်​တဲ့ သီးခြားဖြစ်​တည်​မှုက​လေးပါလားလို့
ကိုယ့်​ကိုယ်​ကို သတိ​ပေးရတယ်​။
ဒီ ဖြစ်​တည်​မှုက​လေးအတွက်
ဘာမှ ပြန်​မ​မျှော်​ကိုးဘဲ
ကိုယ့်​ဆီက အရာရာကို ​ပေးဖို့
အဆင်​သင့်​ ဖြစ်​​နေတာ...
အံ့သြစရာ​တော့ မဟုတ်​ဘူးကွယ်​။

Address

Nnn
Yangon

Website

Alerts

Be the first to know and let us send you an email when နှင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category