The Moments with Charm

The Moments with Charm ကျွန်တော့်ဘဝမှာ ဖြတ်သန်းကြုံတွေ့ခဲ့ရတဲ့ အမှတ်တရ ဖြစိရပ်များနဲ့ သွားလာလည်ပတ်ခဲ့ဖူးတဲ့ ခရီးစဉ်လေးတွေအကြောင်း အမှတ်တရ တင်ဖို့ပါ 😊😊😊

13/08/2026

ဒွတ္တဘောင်ရဲ့အချစ် .. ပန်ထွာရဲ့ အမုန်းမြေ .. သရေခေတ္တရာရဲ့ မြို့တံခါးပေါက်နဲ့ နန်းတော်ရာကုန်းသို့

ဒီတစ်ခေါက်မှာတော့ လွန်ခဲ့တဲ့ နှစ် ၂၀၀၀ ကျော်က စည်ကားခဲ့မယ့် သရေခေတ္တရာပြည် ပျူနိုင်ငံကြီးရဲ့ ဝင်ပေါက် ၉ ခုထဲက ရဟန္တာဂိတ် မြို့ဝင်ပေါက်တံခါး နဲ့ ပျူမင်းအဆက်ဆက် စိုးစံခဲ့တဲ့ နန်းတော်ရာ အုတ်ပန္နက်ခုံကြီးဆီ သွားရောက်လေ့လာခဲ့ပါတယ်။

သရေခေတ္တရာမြို့ကို ဝန်းရံထားတဲ့ ဘောဘောကြီးစေတီအနီးမှာ ဒွတ္တဘောင်မင်းကြီးရဲ့ ကောင်းမှု ရဟန္တာကန်ကြီး အခုထိရှိနေပါသေးတယ်။
အဲဒီနား မြို့အဝင်ဂိတ်နားမှာ ရဟန္တာဂူဘုရားကို တည်ထားပြီး သရေခေတ္တရာကို ဝင်တဲ့အဝင်ဂိတ်တစ်ခုနားမှာ ဘုရားနဲ့ ရေကန်နဲ့ တင့်တယ်အောင် အမောပြေအောင် တည်လှူထားခဲ့ပါတယ်။ တည်ထားတဲ့ ရဟန္တာဂူဘုရားနဲ့ ရဟန္တာကန်ကို အစွဲပြုပြီး ရဟန္တာဂိတ်တံခါးလို့ ခေါ်ကြဟန်တူပါတယ်။

ဒီနေရာမှာ လွန်ခဲ့တဲ့နှစ် ၂၀၀၀ ကျော်က ပျူလူမျိူးတွေ ဖြတ်သန်းသွားလာခဲ့ကြမယ်၊ အမှုထမ်း အရာထမ်းတွေနဲ့ စည်ကားခဲ့မယ်၊ မြို့အဝင်တံတိုင်းကြီးတွေ မြို့တံခါးကြီးတွေနဲ့ အင်မတန်ခမ်းနားခဲ့မယ်လို့ စိတ်ထဲမြင်ယောင်မိပါတယ်။ အဲဒီဂိတ်တံခါးမှာ လျောက်နေရင်း ဒီနေရာမှာပဲ ပျူလူမျိူးတွေနဲ့ အတူ လျောက်နေမိတယ်၊ သူတို့နဲ့ ခြေရာတွေတထပ်ထဲကျနေမလား စိတ်ကူးယဉ်မိပါတယ်။

အဲဒီနောက်မှာတော့ ဒွတ္တဘောင်မင်းရဲ့အချစ်တွေ
အသိမ်းပိုက်ခံလာရဲ့ ပန်ထွာဘုရင်မရဲ့ အမုန်းတွေနဲ့ ပြည့်နေမယ့် ပျူမင်းအဆက်ဆက်တို့လဲ စိုးစံခဲ့ဖူးမယ့် ပျူမင်းတို့ရဲ့ နန်းတော်ရာ အုတ်ကုန်းကြီးကို သွားရောက်ခဲ့ပါတယ်။ သရေခေတ္တရာပြည်ကြီးကို ရဟန္တာတံခါးကနေ ဝင်လာခဲ့တာ လာရင်းလာရင်း နန်းတော်အထိပါ ရောက်ပြီပေါ့၊ အရင်ကဆို ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်မရ အခွင့်ရှိသူတွေသာ ဝင်ထွက်လို့ရမယ့် ပျူမင်းတို့ရဲ့နန်းတော်ဆီက်ို အခုတော့ အိုးဝေလေးစီးပြီး အခြေတင်ရောက်ခဲ့ပြီ။ တားမယ့်သူမရှိ စစ်မယ့်သူမရှိ ပျက်ဆီးသွားခဲ့ပြီဖြစ်တဲ့ ပျူဘုရင်တို့ရဲ့ ပင်မနန်းဆောင်နေရာကြီး ၊ ရာဇဝင်အရဆိုရင် ဖိုးဦးတောင်က ပွေးဖိုပွေးမ ဘဝကစလို့ ချစ်ခြင်းမုန်းခြင်းတွေနဲ့ သံသရာရှည်လာခဲ့တဲ့ သရေခေတ္တရာရဲ့ဘပျူမင်း ဒွတ္တဘောင်ဘုရင်နဲ့ ဗိဿနိုးဘုရင်မ ပန်ထွာတို့ရဲ့ နေထိုင်ခဲ့ဖူးမယ့်နေရာ ၊ သံသရာအဆက်ဆက်မကုန်နိုင်တဲ့ ချစ်ခြင်းတွေနဲ့အတူ ရောယှက်နေတဲ့ မာနကြောင့် စစ်ချီရင်း ဥပါယ်တံမျဉ်သုံး ဗိဿနိုးပြည်ကို အနိုင်ပိုင်း တက်သိမ်းလာခဲ့တဲ့အခါ ယခင်ဘဝတွေက အမုန်းတွေအပြင် အခုဘဝက အမုန်းနဲ့ပါ ဆပေါင်းတိုးမုန်းလိုက်တဲ့ ပန်ထွာဘုရင်မကို သိမ်းပိုက်ပြီး ခေါ်ဆောင်လာတဲ့ နေရာ ၊ ဒီနေရာ ဒီနန်း ဒီမြေ ဒီနားမှာပါလားဆိုပြီး လွမ်းမောစွာစိတ်ကူးယဉ်မိခဲ့ပါတယ်။

#ပြည် #ရဟန္တာဂိတ် #နန်းတော်ရာ #ပျူ #ရထား #သရေခေတ္တရာ #ပျူမြို့ဟောင်း #လေ့လာရေး

12/08/2026

ယခုတစ်ခေါက်မှာတော့ မြန်မာ့နတ်ရိုးရာ ယုံကြည်ကိုးကွယ်မှုတွေထဲက နတ်ကန္ဒားပေးတိုင်း မပါမဖြစ် ပြည်ကန်တော် နတ်ဘီလူးမောင်နှမဖြစ်တဲ့ မောင်ပန်းမွှေး နဲ့ ညီမငယ် မိမိလေးတို့ အပိုင်စားရတယ်ဆိုတဲ့ ပြည်က ကန်တော်ကို မြင်ဖူးတယ်ရှိအောင် သွားကြည့်တာပဲဖြစ်ပါတယ်။ သမိုင်း ရာဇဝင်ရှိတဲ့ ကန်တော်ကို မြင်ဖူးအောင်သာ သွားကြည့်တာမို့ နတ်နန်းတော့ ဝင်မလေ့လာခဲ့ပါဘူးခင်ဗျာ၊ ဒါပေမယ့် ရာဇဝင်လေးတော့ ပြောပြပေးထားတာမို့ ဆုံးအောင် ကြည့်သွားကြပါဦးနော်

Video intro လေးဖန်တီးဖို့အတွက် သက်ဆိုင်ရာ မူလ video ပိုင်ရှင်များကို ကျေးဇူးတင်စွာဖြင့် credit ပေးပါတယ်ခင်ဗျာ

#ပြည်ကန်တော် #ကန်တော်ရှင်မောင်နှမ #နတ် #နတ်နန်း #ပြည် #ရထား #သရေခေတ္တရာ #ပျူ

11/08/2026

ဒီနေ့မှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်က သရေခေတ္တရာ ပျူမြို့ပြနိုင်ငံတော်ကြီးရဲ့ ပျူလူမျိူးတွေသေဆုံးရင် မြုပ်နှံလေ့ရှိတဲ့ အလေ့အထနဲ့ ပျူခေတ် သင်္ချိုင်းတစ်ခုဆီ သွားရောက်လေ့လာကြည့်ကြမှာဖြစ်ပါတယ်။

#ပျူ #သင်္ချိုင်း #မြန်မာ #ပျူခေတ် #သရေခေတ္တရာ #ထူးဆန်း #လေ့လာ #ဖြစ်ရပ်ဆန်း

Credit to ORTP📢 သင့်ခရီးစဉ်အတွက် ဘယ်ရထားအမျိုးအစားက အသင့်တော်ဆုံးလဲ?ORTP ကနေ ရထားလက်မှတ် ဝယ်ယူတဲ့အခါ မိမိခရီးသွားမယ့် ပု...
11/08/2026

Credit to ORTP

📢 သင့်ခရီးစဉ်အတွက် ဘယ်ရထားအမျိုးအစားက အသင့်တော်ဆုံးလဲ?

ORTP ကနေ ရထားလက်မှတ် ဝယ်ယူတဲ့အခါ မိမိခရီးသွားမယ့် ပုံစံနဲ့ အကိုက်ညီဆုံးဖြစ်အောင် ရထားအမျိုးအစား (၃) မျိုးရဲ့ ကွာခြားချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်

၁။ DEMU အမြန်ရထား (အမြန်ဆန်ဆုံးနှင့် အခေတ်မီဆုံး)
အချိန်တိုအတွင်း သက်တောင့်သက်သာ သွားချင်သူတွေအတွက် အကောင်းဆုံးပါ။ အင်ဂျင်နဲ့ မော်တာကို တွဲဆိုင်းတိုင်းမှာ ခေတ်မီစွာ ပေါင်းစပ်ထားတဲ့အတွက် အရှိန်ယူတာ အရမ်းမြန်သလို၊ ဘူတာခဏခဏရပ်တဲ့ ခရီးစဉ်တွေအတွက် အထူးသင့်လျော်ပါတယ်။ လေအေးပေးစက် (Air-con) အပြည့်အဝ ပါဝင်ပြီး အသံလုံတဲ့အတွက် အေးအေးဆေးဆေးနဲ့ မြန်မြန်ဆန်ဆန် ခရီးသွားလိုသူတွေ ရွေးချယ်သင့်ပါတယ်။

၂။ AAR ရထားတွဲဆိုင်း (အကြံ့ခိုင်ဆုံး)
ရိုးရိုးတန်း ခရီးစဉ်တွေအတွက် အများဆုံး အသုံးပြုတဲ့ ရထားအမျိုးအစား ဖြစ်ပါတယ်။ သံမဏိစပရိန် (Steel Springs) တွေကို အသုံးပြုထားတဲ့အတွက် ရထားလမ်းမကောင်းတဲ့ နေရာတွေမှာတောင် ခိုင်ခံ့မှု အပြည့်အဝ ရှိပါတယ်။ ရထားစီးရင်း သဘာဝလေညင်းကို ခံစားချင်သူတွေ၊ ပုံမှန်ခရီးစဉ် သွားလာမယ့်သူတွေအတွက် သင့်လျော်ပါတယ်။

၃။ လေအိတ်ရထား / Airbag Trains (အငြိမ့်ညောင်းဆုံး)
ခရီးဝေးသွားမယ့်သူတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ခါးနာတတ်သူတွေအတွက် အထူးရွေးချယ်သင့်တဲ့ ရထားပါ။ သံစပရိန်တွေအစား အဆင့်မြင့် လေအိတ် (Air Suspension) စနစ်ကို တပ်ဆင်ထားတဲ့အတွက် ရထားလမ်းမညီညာလို့ ဖြစ်ပေါ်လာတဲ့ ဆောင့်ချက်တွေ၊ တုန်ခါမှုတွေကို အကောင်းဆုံး စုပ်ယူပေးနိုင်ပါတယ်။ ကားစီးရသလို ငြိမ့်ညောင်းတဲ့ အတွေ့အကြုံကို အပြည့်အဝ ခံစားရမှာပါ။

👉 မိမိစိတ်ကြိုက် ရထားအမျိုးအစားကို ရွေးချယ်ပြီး လွယ်ကူချောမွေ့စွာ ခရီးသွားနိုင်ဖို့ ယခုပဲ ORTP Website (ortp.railways.gov.mm) မှာ လက်မှတ် ကြိုတင်ဝယ်ယူလိုက်ပါ။

10/08/2026

ဒီတစ်ခေါက်မှာတော့ ပြည်ကမ်းနားလမ်းညဈေးကို ကျွန်တော်တို့နဲဲ့အတူတူ ပတ်ကြည့်ကြရအောင်ပါ

#ညဈေး #ကမ်းနားလမ်း #ပြည်မြို့ #ပြည် #သရေခေတ္တရာ #မြန်မာ

08/08/2026

အခုတစ်ခေါက်မှာတော့ ပြည်မြို့ရဲ့ မင်းကြီးတောင်ပေါ်က လွမ်းမောစရာရှုခင်းတွေနဲ့ စိတ်ဝင်စားဖွယ်ရာ တပြည်သူ မရွှေထားရဲ့ စံအိမ်အဟောင်းကြီးဆီသွားရောက်လည်ပတ်ခဲ့ပါတယ်။

လေဒဏ်မိုးဒဏ်တွေနှစ်ပေါက်အောင် ခံထားရပေမယ့်၊ ထိန်းသိမ်းပြုပြင်မှုမရှိခဲ့ပေမယ့် နှစ်ပေါင်းများစွာ ကြံ့ခိုင်နေခဲ့တဲ့ စံအိမ်ကြီးဖြစ်ပါတယ်၊ ဒါပေမယ့် ဘယ်လောက်ပဲ ကြံ့ခိုင်ခိုင် ခုလိုဆက်ထားရင်တော့ မကြာခင်ပြိုပျက်သွားတော့မယ့် အရမ်းကို နှမျောစရာ စံအိမ်ကြီးပဲဖြစ်ပါတယ်

ပြုပြင်ထိန်းသိမ်းပေးကြမယ့်သူတွေရှိရင် သိပ်ကောင်းမှာပဲဗျာ၊ တပြည်သူမရွှေထား ဇာတ်ကားထဲမှာတော့ တကယ်ကို ဝံ့ဝံ့ကြွားကြွား ရှုခင်းလှလှနဲ့ အိမ်ကြီးဖြစ်ခဲ့ပေမယ့် ခုချိန်မှာတော့ သစ်ပင်တွေ ပတ်လည်ဝိုင်းလာပြီး ရှုခင်းတွေလဲ ပျောက်၊ အလှပျက်လာတဲ့ ထားသခင်ရဲ့ စံအိမ်ကြီးအဖြစ်မြင်ရတာလဲ အင်မတန်နှမျောမိပါတယ်

#တပြည်သူမရွှေထား #စံအိမ် #အိမ်ဟောင်းကြီး #မင်းကြီးတောင် #မြန်မာ #မှတ်တမ်း

06/08/2026

မင်္ဂလာပါ

ဒီတစ်ခေါက်မှာတော့ ပြည်မြို့မှာ စည်ကားနေတဲ့ ဟံသာဂီရိဘုရားကြီးနဲ့ ဒွတ္တဘောင်မင်းကြီးရဲ့ အမေ မဗေဒါလို့ လူသိများတဲ့ ဗေဒါရီရဲ့ သူနေထိုင်ခဲ့တဲ့ ကျောင်းနဲ့ သူမ ရေခပ်ဆင်းခဲ့တဲ့ ဧရာဝတီမြစ်အထိ ပေါက်တဲ့ ကျောက်ဥမင်ရှိတဲ့ ကျောင်းကို သွားရောက်လည်ပတ်ခဲ့တာပဲ ဖြစ်ပါတယ်

ဗေဒါရီနဲ့ ဗေဒါရီဂူသမိုင်းလေးကို Video ထဲ ပြောပြပေးထားပါတယ်

#မြန်မာ #ပြည် #ဟံသာဂီရိ #မဗေဒါ #ဗေဒါရီ #ဒွတ္တဘောင် #ရာဇဝင် #သမိုင်း #ပျူ #သရေခေတ္တရာ #မှတ်တမ်း #ရေခပ်ဆင်း #ကျောက်ဂူ

Youtube မှာ Channel လေးစထားတာမို့ Subscribe လေး အပန်းမကြီးရင် လုပ်ပေးသွားကြပါဦး

Youtube မှာလဲ မျက်စိနောက်ကြတာပေါ့ 😝

https://youtube.com/?si=mu8zJ8fHz2GbWTfg

ရထားလက်မှတ် အွန်လိုင်းကနေ ဝယ်ယူရတာ အရမ်းလွယ်ပါတယ်၊ မသိသေးရင် မိမိအနီးအနားမှ လူငယ်များကို ပြသဖို့ ပြောကြည့်ပါ၊ မဖြတ်တတ်ရင...
05/08/2026

ရထားလက်မှတ် အွန်လိုင်းကနေ ဝယ်ယူရတာ အရမ်းလွယ်ပါတယ်၊ မသိသေးရင် မိမိအနီးအနားမှ လူငယ်များကို ပြသဖို့ ပြောကြည့်ပါ၊ မဖြတ်တတ်ရင် ဘူတာမှာ တစောင်ကို ၅၀၀၀ လောက် အပိုပေးဖြတ်နေကြရပါတယ်

3.8.2026နေ့တွင် ရန်ကုန်-နေပြည်တော်(၁၇ အဆန်) ခရီးစဉ်ကို DEMU (ဂျပန်) နှင့် 4.8.2026 နေ့တွင် နေပြည်တော်-ရန်ကုန် (၁၈ အစုန်)...
05/08/2026

3.8.2026နေ့တွင် ရန်ကုန်-နေပြည်တော်(၁၇ အဆန်) ခရီးစဉ်ကို DEMU (ဂျပန်) နှင့် 4.8.2026 နေ့တွင် နေပြည်တော်-ရန်ကုန် (၁၈ အစုန်) ခရီးစဉ်ကို DEMU (စပိန်) တွဲဖြင့် လည်းကောင်း ပြေးဆွဲသွားမည်ဖြစ်သဖြင့် ORTP မှတဆင့် လက်မှတ်များကို ဝယ်ယူနိုင်ကြောင်းအသိပေးကြေညာအပ်ပါသည်။

05/08/2026

ပြည်မြို့ရောက်ရင် မဖြစ်မနေဖူး
ရမယ့်စေတီတွေထဲ ရွှေဘုံသာမုနိစေတီလဲ အပါအဝင်ဖြစ်ပါတယ်၊ မြန်မာနိုင်ငံရဲ့ မုနိ၄ဆူမှာ တစ်ဆူအပါအဝင်ဖြစ်ပြီး ရခိုင်ဘုရင် စန္ဒာသူရိယမင်းက ဘုရားရှင်လက်ထက်တော်ထဲက သွန်းလုပ်ခဲ့တဲ့ မုနိ၄ဆူထဲမှ တစ်ဆူဖြစ်ပါတယ်။

ထိုဘုရားလေးဆူကို စန္ဒာသူရိယမင်းမှ စ၍ ရခိုင်မင်း အဆက်ဆက် ကိုးကွယ်ခဲ့ကြပြီး သက္ကရာဇ် ၁၁၄၆ ခုနှစ်မှာ ဓညဝတီသည် ဘိုးတော်ဘုရား၏သားတော် အိမ်ရှေ့ဥပရာဇာမှ သိမ်းယူခြင်းကို ခံခဲ့ရသည်။ သားတော်အိမ်ရှေ့မင်းသည် စစ်နိုင်ပစ္စည်းအဖြစ် မဟာမြတ်မုနိ၊ မာရ်အောင်မြင်မုနိ နှင့် ရွှေဘုံသာမုနိ ဘုရားတို့ကို သိမ်းယူကာ တောင်ကုတ်လမ်းမှ ပင့်ဆောင်ခဲ့သည်။ ဒေသခံရခိုင်များအတွက် ရှင်ကျော်မုနိဘုရားကို ထားရစ်ခဲ့သည်ဟု သမိုင်းကြောင်းအရ ဆိုသည်။ ဘုရားသုံးဆူကို ပန်းတောင်းဆိပ်ကမ်းမှ ရတနာရွှေဖောင်တော်ကြီးနှင့်ပင်ဆောင်လာရာ ပြည်မြို့သို့ရောက်ရှိခဲ့သည်။ ရွှေဘုံသာမုနိကို ပြည်မြို့တစ်ဖက်ကမ်း၌ ထားပေးခဲ့သည်။ အိမ်ရှေ့မင်းသားသည် ကျန်ရုပ်ပွားတော် နှစ်ဆူကို ဧရာဝတီ မြစ်အတိုင်း ဆန်တက်ပင့်ဆောင်ခဲ့ပြီး အမရပူရသို့ ဆိုက်ရောက်လျှင် မြို့တော်၏ မြောက်ပြင် ( ယခုမဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီးတည်ရှိရာ ) နေရာတွင် မဟာမြတ်မုနိဘုရား ကိန်းဝပ်စံပျော်ရန် တန်ဆောင်းကြီး ဆောက်လုပ်လျှက် ကိုးကွယ်ခဲ့သည်။ မာရ်အောင်မြင်ဗုဒ္ဓရုပ်ပွားတစ်ဆူကိုကား နန်းတော်အတွင်းသို့ ပင့် ဆောင်ကာ နန်းတော်ဦး၌ ထားလျှက် ရွှေပြာသာဒ်တော်ကြီး ဖြင့်တည် ထားကိုးကွယ်ခဲ့သည်။ ဘိုးတော်မင်း၊ အိမ်ရှေ့မင်း၊ ဘကြီးတော်၊ ပုဂံမင်း၊ မင်းတုန်းမင်း၊ ကနောင်မင်းတို့တိုင်အောင် အမြဲမပြတ် ကိုးကွယ်ဆည်းကပ်ခဲ့ကြသည်။ မာရ်အောင်မြင် ဗုဒ္ဓရုပ်ပွားတော်မှာ ရခိုင်မှပင့်ဆောင်စဉ်က ဘွဲ့ပေး အမည်ဖြစ်ခဲ့သော်လည်း ဘုရင်အဆက်ဆက် နန်းတော်ဦးတွင်တည်ထား ကိုးကွယ်ခဲ့သဖြင့် မာရ်အောင်မြင်အမည်ပျောက်ကာ' နန်းဦးဘုရား ဟု အမည်တွင်ခဲ့သည်။ ကနောင်မင်းသားကြီးက ဤရုပ်ပွား တော်အား အမြဲမပြတ်ကိုးကွယ်ခဲ့သဖြင့် မင်းတပ်ဘုရား´ ဟုလည်း အမည်တွင်ခဲ့ပါသေးသည်။ ( မင်းတပ်မှာ ကနောင်မင်းသား၏ ငယ်နာမည်ဖြစ်ပြီး အကြီးမင်းတုန်း၊ အငယ်မင်းတပ်ဟု သိမှတ်ကြသည်။ ) ပုဂံမင်းလက်ထက်တွင် ပုဂံမင်းမိဖုရား မဟာရတနာဒေဝီ၏မောင် ဇလွန်မြို့သူကြီး ဦးရွှေပွင့်ကို အကြောင်းပြု၍ မာန်အောင်မြို့သို့ ရောက်ရှိခဲ့ပြီး နောင်တွင် ဇလွန်ပြည်တော်ပြန်ဘုရားဟု အမည်တွင်ခဲ့သည်။

ယခုအခါ မုနိလေးဆူဝင် ရုပ်ပွားတော်မြတ်များဖြစ်ကြသော မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)သည် မန္တလေးမြို့၌လည်းကောင်း၊ ရှင်ကျော် မုနိ သည်ကျောက်တော်မြို့၌လည်းကောင်း၊ ရွှေဘုံသာမုနိ သည် ဆင်တဲဘက်ကမ်း၊ ဧရာဝတီမြစ်ကမ်းနဖူးရှိ ပြည်ခရိုင်၊ ပန်းတောင်မြို့နယ်ရှိ ရွှေဘုံသာစေတီတော်မြတ်ကြီး၏ ဌာပနာတိုက်အတွင်း၌လည်းကောင်း၊ မာန်အောင်မြင်မုနိ သည် ဇလွန်ပြည်တော်ပြန်ဘုရား ´အဖြစ် ဇလွန်မြို့၌လည်းကောင်း၊ အသီးသီး ကိန်းဝပ်စံပယ်တော်မူလျက်ရှိသည်။

ပြည်မြို့ရောက်လျှင် တစ်ဖက်ကမ်း ပန်းတောင်းမြို့ဆီသို့ နဝဒေးတံတားမှ ဖြတ်သန်းကာ သွားရောက်ဖူးမျှော်နိုင်ပါတယ်။

ဦးကျော်သူ ပရဟိတဘုရားကတော့ ရွှေဘုံသာမုနိ စေတီတော်ကြီးကို ထပ်ကျော်သွားရပါသေးတယ်၊ စေတီများကတော့ ထီးမတင်ရသေးပေ
သို့ပေမယ့် ခရီးသွားများနဲ့ လာရောက်လည်ပတ်လေ့လာ ဖူးမျှော်သူများ လာလေ့ရှိကြတဲ့ စေတီဝင်းပဲဖြစ်ပါတယ်

ကဲ ဒီနေရာတွေအပြင် နောက် ဘယ်နေရာတွေ လည်ပတ်ခဲ့လဲဆိုတာ နောက်ထပ် Vlog တွေမှာ ကြည့်ကြည့်ကြရအောင်ခင်ဗျာ

#မြန်မာ #ပြည် #ပန်းတောင်း #ရွှေဘုံသာမုနိ #ဦးကျော်သူဘုရား

Address

Yangon

Alerts

Be the first to know and let us send you an email when The Moments with Charm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Moments with Charm:

Shortcuts

Share