09/04/2026
Sai Sai Fans Group ၏ နောက်ဆုံးနှုတ်ဆက် Activity
##################x
မင်္ဂလာပါ ဘော်ဒါအပေါင်းတို့ခင်ဗျား.. ၂၀၂၁. တုန်းက ပြုလုပ်မဲ့ April 10 Project (Times City Building LED) ဟာ အကြောင်းကြောင်းကြောင့် ရွှေ့ဆိုင်းထားခဲ့တာ အခုနှစ်မှာ ပြန်လည်ပြုလုပ်ဖြစ်ပါတယ်..
Times City အဆောက်အဦမှာ April 10.. ည ၇ နာရီ မှ ၈ နာရီအထိ "Happy Birthday Sai Sai Kham Leng" ဆိုတဲ့ စာသား မြင်ရပါလိမ့်မယ်..
Project ဖြစ်မြောက်ရေးအတွက် ပူးပေါင်းပါဝင်ပေးခဲ့ကြတဲ့ ဘော်ဒါများကို ကျေးဇူးတင်ရှိသလို.. အကြာကြီးစောင့်ဆိုင်းစေရတဲ့အတွက်လည်း တောင်းပန်အပ်ပါတယ်
Project ဖြစ်မြောက်အောင် လုပ်ထုံးလုပ်နည်းများကို အစွမ်းကုန်ဖြေလျော့င်္ပြး ဝိုင်းဝန်းကူညီပေးခဲ့ကြတဲ့ Times City က တာဝန်ရှိသူများကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်
ဒါဟာ Sai Sai Fans Group page ရဲ့ နောက်ဆုံးတင်တဲ့ post ဖြစ်သလို အခု April 10 Birthday project ဟာ SSFG ရဲ့ နောက်ဆုံး Activity ဖြစ်ပါတယ်. ကျွန်တော်တို့မှာ အခြားတစ်ဘက်က လုပ်ငန်းတာဝန်တွေများလာတဲ့အတွက် ဒီဘက်ကို အချိန်ပေးဖို့နည်းလာတာမို့ အနားယူခွင့်ပြုပါခင်ဗျာ.
နှုတ်ဆက်စကားဆိုရရင် အမှတ်တရများစွာတွေမှာအတူတကွပါဝင်ကူညီအားဖြည့်ပေးခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်ဘော်ဒါတို့ရေ.. အမြဲတမ်း သတိတရနဲ့ အမှတ်ရနေမှာပါ
Good Bye
Sai Sai Fans