11/09/2026
ကျေးဇူးတင်လွန်းလို့ရယ်
ညနေက ဆေးလိုက်ရှာတဲ့ အကြောင်းပြောပြချင်လို့ပါ
အဲ့ဆေးက ပစ္စည်းပြတ်နေတာမို့ ရှာဖို့ တော်တော်မလွယ်တာပါ။ နေရာအနှံ့နီးပါး တော်တော်များများ ရှာပြီးပါပြီ။ ဘယ်ေဆးရုံ ဘယ်ဆေးဆိုင်မှကို မရတော့တာပါ။
ငါ ဒါလေးတောင် ကူမရှာပေးနိုင်ဘူးဆိုပြီး တော်တော်ဝမ်းနည်းနေခဲ့တာ။
အပြင်မှာ ရှာကြည့်လို့ မရတဲ့အဆုံးမို့ online တင်ပြီးရှာတာပါ။
အစ်မတစ်ယောက်က cb က စာလာပို့ပါတယ်။
"ညီမလေးရေ အစ်မ ကူရှာပေးနေတယ်နော်။ အစ်မက မန္တလေးကမို့ ရန်ကုန်ဘက်က အသိတွေနဲ့ချိတ်ပေးနေတယ်။ ရနိုင်တယ်သိလား" တဲ့ တအား အားတက်သွားတယ်။ ပေးတဲ့ နံပါတ်တွေ အကုန်ပတ်ဆက်တော့ မရဘူး။ အကုန် ပစ္စည်းပြတ်နေတယ်။ အလားတူတွေပဲရတယ်။ တက်ခဲ့တဲ့ ဆေးရုံကလည်း အလားတူမရဘူး ဒီဆေးမှ ရမယ်ဖြစ်တော့ ရမှ ဖြစ်မဲ့ အနေအထားဖြစ်နေတာပါ။
အဲ့ဒါနဲ့ အဲ့အစ်မကပဲ
"ညီမလေး အဲ့ဆေးရုံတွေမရရင် ဆေးကုမ္ပဏီနဲ့ တိုက်ရိုက်ချိတ်ပေးမယ်" ဆိုပြီး။ ပြောတော့ ပြန်အားတက်သွားတယ်။ ဖုန်းနံပါတ်တစ်ခုပေးတာနဲ့ တန်းဆက်လိုက်တာ။ ဆေးကုမ္ပဏီက တာဝန်ရှိသူနဲ့ထပ်ချိတ်ပေးတယ်။ မနက်ဖြန်က ရုံးပိတ်ရက် ဖြစ်တဲ့အပြင် အခြေနေသိရတဲ့အချိန်က ရုံးဆင်းချိန်ဖြစ်နေပေမယ့် တောက်လျှောက်ချိတ်ဆက်ပြီး။ ရုံးဆင်းသွားပြီး မိုးချုပ်နေတာတောင် သေချာလေး ကူညီပေးကြတယ်။
ရုံးဆင်းချိန်ဖြစ်ပြီး မိုးချုပ်ကာနီးဖြစ်နေတာမို့ အဝတ်စားတောင် မလဲနိုင်ဘဲ ကားငှားပြီး သွားခဲ့တော့ ဆေးချက်ချင်းရလာခဲ့တယ်။
ဆေးထုတ်ပေးတဲ့ တာဝန်ရှိသူက "ညီမလေး အစ်မတို့မှာ ရောင်းစရာမရှိေတာ့ဘူး။ နမူနာအတွက် ၃ဗူးဖယ်ထားတာပဲရှိတော့တာ ငွေလုံးဝ ပေးစရာမလိုဘူး။ အဲ့ ၃ဗူးလုံးယူသွားလိုက်။ အစ်မရုံးဆင်းသွားလို့ အဲ့မှာစောင့်ပေးနေတဲ့သူကို ဖုန်းဆက်ပြီးသွားယူလိုက် အစ်မ မှာခဲ့တယ်" ဆိုပြီး။ ယူရမဲ့သူရဲ့ ဖုန်းနံပါတ် ထပ်ပေးတယ်။ ကိုယ့်ဘာသာ ဘယ်လိုရှာဝယ်ဝယ် ဘယ်လိုမှ ရှာဝယ်မရတဲ့ ဆေး၃ဗူးကို အဆင့်ဆင့်ချိတ်ဆက်ပေးပြီး ငွေတစ်ကျပ်မှ ပေးစရာမလိုဘဲ စေတနာနဲ့ ကူညီပေးခဲ့ကြတဲ့အတွက် ပါဝင်ပတ်သက် ကူညီပေးသူအားလုံးကို တကယ်ရင်ထဲက လှိုက်လှိုက်လှဲလှဲကျေးဇူးတင်မိပါတယ်ရှင်။
Online ကနေ လက်လှမ်းမှီသမျှ ကူညီစုံစမ်းပေးကြသူ အားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင်။
မိသားစုတွေကျန်းမာပျော်ရွှင်ကြပါစေ
အရာရာအဆင်ပြေကြပါစေရှင်
🍀🙏🍀