22/06/2026
တစ်နေ့လုံး အသားလေးစိုပြည်ပြီး ရနံ့လေး သင်းနေချင်ရင် Soap & Glory Body Lotion လေးသာ လိမ်းပါ
Soap & Glory The Righteous Butter Body Lotion
(500 ml) instock
54,000 ks
▪️𝟭𝟬𝟬%𝗔𝘂𝘁𝗵𝗲𝗻𝘁𝗶𝗰
▪️𝗗𝗶𝗿𝗲𝗰𝘁 𝗳𝗼𝗿𝗺 𝗕𝗞𝗞 𝗼𝗳𝗳𝗶𝗰𝗶𝗮𝗹 𝗰𝗼𝘂𝗻𝘁𝗲𝗿
Perfume Lotion လို့ Highlightsမလုပ်ထားပေမယ့် Perfume Lotion ဆိုပြီး လက်ခံပေးလို့ရလောက်တဲ့ထိ ထိထိမိမိနဲ့ မွှေးတာဆိုလို့ Drugstore Brand တွေထဲမှာ Soap & Glory Lotion ကိုမှီသေးတာ တစ်ခုမှမမြင်ဖူးသေးဘူး။ဒီ Soap & Glory က UK Drugstore Brand ဖြစ်ပြီးတော့ များသောအားဖြင့် Bootsတို့/Watsons တို့မှာရနိုင်သလို Myanmar က OSတချို့မှာလည်းရနိုင်တယ်။ Price range ကလည်း mid–affordable sideမှာရှိတော့ပေးရတဲ့စျေးနဲ့ သုံးရတာတန်တယ်ပေါ့။
"ခေတ်" အခု သုံးနေတာက The Righteous Butter Body Lotion လေး။သူ့မှာ ဘာတွေပါလဲဆိုတော့Vitamin E ကြွယ်ဝတဲ့ Cocoa Seed Butter, Shea Butter , Aloevera , Almond Oil , Rosehip oilနဲ့ Antioxidant ဓာတ်များစွာပါဝင်တာမို့ အသားရေကို Nourish အပြည့်ပေးနိုင်တဲ့နေရာမှာတော့ပြောစရာကိုမလိုတာ။လိမ်းပြီးတာနဲ့ အသားရေက လုံးဝကိုပြောင်တက်ပြီး နူးညံ့နေတယ်။တံတောင်ဆစ်နဲ့ ဒူးခေါင်းလို အသားခြောက်တတ်တဲနေရာတွေကို Focusထားပြီးလိမ်းမယ်ဆိုရင်တော့ အသားရေက နဂိုထက်ကြမ်းခြောက်မနေဘဲနူးညံ့လာတာတွေ့ရတယ်။အဓိက ကတော့ဒီLotionက Dry Skinတွေအတွက် ရေဓာတ်ဖြည့်ပေးတဲ့ Lotionတစ်ခုဆိုလည်းမမှားဘူး။ Scrub တိုက်ပြီးလိမ်းမယ်ဆိုရင်တောင် ပိုပြီးလိမ်းလို့ကောင်းတဲ့အနေထားမှာရှိတယ်။
သူ့ရဲ့ Textureကိုတော့ ဘူးစဖွင့်တုန်းကထင်လိုက်တာ စေးကပ်ကပ်ဖြစ်မယ်လို့လေ။ဘယ်ဟုတ်မလဲ
Texture ကထင်ထားတာထက် lightweight ဖြစ်နေရော။Blendရတာ လွယ်တယ်။Serum type lotion တွေလိမ်းနေရသလိုဘဲ မထူးမခြားနားQuickly Absorbလုပ်ပေးနိုင်တာလည်းတွေ့ရတယ်။အနံ့ကတော့Top Notesမှာ (Citrus/Fruity)ဆန်တဲ့ Crisp bergamotနဲ့ Crushed Green Leavesကိုထည့်ထားပြီးနဲ့Middle Notes မှာတော့(Floral)ဆန်တဲ့ Roseနဲ့ Jasmine ထည့်ထားသလို Base Notesမှာတော့ (Warm/Earthy) ဖြစ်တဲ့ Soft musk, Oakmoss နဲ့ Amberဆိုပြီးအဆုံးသတ်ထားတယ်။Overallချုံပြောရရင်တော့ နွေးထွေးပြီး ချိုမြိန်တဲ့ ဂန္တဝင်ဆန်ဆန် fruity-floral scentမျိုးကွာ။
အစက အနံ့ကို နည်းနည်းအီချင်သလိုဖြစ်တာမို့ သိပ်သဘောမကျပေမဲ့ လိမ်းရင်းနဲ့ နှာခေါင်းနဲ့အနံ့ကယဥ်သွားတော့ နောက်ပိုင်းတော့ အဆင်ပြေသွားတယ်။( SPF❌ )မပါတာမို့ Night onlyဘဲရမယ်။နေ့ဘက်မရပါဘူး။Scrubတိုက်ပြီးလိမ်းချင်ရင်တော့ရတယ်။Dry Skinသမားတွေဆိုရင်တော့ ဒီဆောင်းမှာ ဒီLotion က တော်တော်လေး အဆင်ပြေမယ်လို့လည်းထင်မိတယ်။Smell Longevity ကိုပြောရရင်တော့
Body lotion ဖြစ်လို့ Perfumeတွေဆွတ်ထားသလိုတော့ အကြာကြီးမခံပါဘူး။Dry skin တွေမှာလိမ်းကြည့်ရင်အလွန်ဆုံး (၃ - ၄နာရီ)အထိခံသလို Normal / Oily skin မှာလိမ်းကြည့်ရင်(၄ –၅ နာရီ) အထိလောက်တော့ အနံ့ခံတယ်။အမြဲစွဲသုံးရင် အနံ့ကအကျီမှာစွဲနေပြီး ကြာလာရင်လူမြင်တာနဲ့ ဒီအနံ့က ကိုယ့်ဆီကလာတဲ့ Own Signature အနံ့လိုမျိုး သူတို့မှတ်မိလောက်တဲ့ထိမွှေးသော။ဆိုတော့ ဒီဆောင်းမှာ အသားလည်းခြောက်တယ်၊လိမ်းပြီးစိုစိုလေးနဲ့ မွှေးနေတာလေးမှဆိုရင်တော့ ဒီ Soap & Gloryက Must Haveပါလို့။
ကဲ ဒီနေ့တော့ဒီလောက်ပါဘဲ။နောက်ထပ်လည်း Skincare Review တွေအပြင် Skincare knowledge နဲ့ GIVEAWAY တွေလည်းမကြာမကြာရှိနေမှာမို့ Page လေးကို Like & Follow လုပ်ခဲ့ကြပါဦးနော်။
❌Copying of images and text is strictly prohibited.❌