သီလဝစာပေThi Lawa Books Shop

သီလဝစာပေThi Lawa Books Shop Book Shop

27/01/2024

စာအုပ်အဟောင်းရောင်းဝယ် Viber ဂရု ရှိပါတယ်ဗျ၊
၀၉၇၉၅၂၇၁၅၇၁ ဒီဖုန်းနံပါတ်မှာ ဂရုဝင်ပြီး စာအုပ်အဟောင်းရောင်းဝယ်လို့ရပါတယ်ဗျ။

“ လေရူးသုန်သုန် ” ဆိုတာ အချိန်တွေပြောင်းသွားပေမယ့် ဘယ်တော့မှ ရိုးမသွားတဲ့ စာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ် ။ အမေရိကန်စာရေးဆရာမ ...
06/01/2024

“ လေရူးသုန်သုန် ” ဆိုတာ အချိန်တွေပြောင်းသွားပေမယ့် ဘယ်တော့မှ ရိုးမသွားတဲ့ စာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ် ။ အမေရိကန်စာရေးဆရာမ မာဂရက်မစ်ချယ်ရဲ့ တစ်အုပ်တည်းသောစာအုပ် ၊ ဆရာမြသန်းတင့်ရဲ့ အမျိုးသားစာပေဆု ရရှိထားတဲ့ စာအုပ်တစ်အုပ်ဆိုလည်း မမှားပါဘူး ။

စာအုပ်ထဲက အကြောင်းအရာကတော့ စကားလက်အိုဟာရာ အိမ်ထောင်သုံးဆက်ကျခဲ့တဲ့ အမျိုးသမီး ငယ်စဉ်တုန်းက အလှအပနဲ့ ရည်းစားထားဖို့လောက်သာ အာရုံရှိတဲ့ မိန်းကလေး အမေရိကန်ပြည်တွင်းစစ်ကြီးနောက်ပိုင်း ရင့်ကျက်ပြောင်းလဲလာခဲ့ပုံတွေ ၊ လောကဓံကို ကြံကြံခံနိုင်တဲ့အမျိုးသမီးတစ်ဦးအဖြစ် ပြောင်းလဲသွားပုံတွေ ၊
စကားလက်အိုဟာရာဟာ စာဖတ်သူ အမျိုးသမီးတွေ အတွက်သာမက အမျိုးသားတွေအတွက်ပါ ခွန်အားဖြစ်စေတဲ့ ဇာတ်ကောင်ဆိုလည်း မမှားပါဘူးနော် ။

ရက်ဘတ်တလာ လူဆိုးလူမိုက်၊ စကားလက်အမြင်အရ အောက်တန်းစားယန်ကီးကောင် ၊ ဒီယန်ကီးကောင်ကပဲ
စကားလတ်ကို မြတ်မြတ်နိုးနိုး ချစ်ခဲ့သလို ဘယ်
လောက်ပင် ပြည်ပျက်သည်ကို အခွင့်ကောင်းယူပြီး
စီးပွားရှာနေပါစေ အရေးကြုံရင် နိုင်ငံချစ်စိတ်ရှိသူ
လူဆိုးလူမိုက်ဆိုပေမဲ့ ကလေးလည်း ချစ်တတ်သူ ၊ မြေရှင်ပဒေသရာဇ်စနစ်ကို ထိန်းသိမ်းလိုသူ
စကားလက်နဲ့ ပဒေသရာဇ်စနစ်ကြီး ပျက်ဆီးနေ
သည်ကို ဝမ်းသာနေတဲ့ ဘတ်တလာတို့ရဲ့ အားပြိုင်
မှုတွေဟာသည်ပင် ဒီစာအုပ်ကြီးရဲ့ အသက်ဖြစ်
ပါတယ် ။

အမေရိကန်တောင်ပိုင်း နဲ့ မြောက်ပိုင်းစစ် နိုင်ငံရေးအယူအဆတွေပါ ပါဝင်တဲ့ ဒီဝတ္ထုကြီးဟာ ကမ္ဘာ့စာပေလောကမှာသာမက မြန်မာ့စာပေလောကမှာပါ နေရာတစ်ခုရထားတဲ့စာအုပ်လည်း ဖြစ်နေပါတယ် ။ စာအုပ်တင်မက ရုပ်ရှင်အဖြစ် ပြန်လည်ဖန်တီးတဲ့အခါမှာလည်း အလွန်အောင်မြင်ခဲ့ပါတယ်။

ဒါကြောင့် စာ‌ပေချစ်သူတိုင်း ဘာသာပြန်နှစ်သက်သူတိုင်း လေရူးသုန်သုန်စာအုပ်‌ကို တစ်ခါလောက်တော့ ဖတ်ဖူးသင့်တယ်လို့ ညွှန်းပေးချင်ပါတယ်ရှင့် ။
crd
တန်ဖိုး - ပတွဲ-16000
ဒုတွဲ-16000



#လေရူးသုန်သုန်
#မြသန်းတင့်
ဖုန်း-၀၉၇၉၅၂၇၁၅၇၁

ချစ်သူလား စကားတစ်ပွင့် ပွင့်ခဲ့တယ် - ဂျူးအိပ်မက်ကို နှစ်သက်တဲ့လူဟာလက်တွေ့ရဲ့ အမှန်တရားကို တုန်လှုပ်ရတတ်တယ် - မင်းညိုစင် ...
06/01/2024

ချစ်သူလား စကားတစ်ပွင့် ပွင့်ခဲ့တယ် - ဂျူး

အိပ်မက်ကို နှစ်သက်တဲ့လူဟာ
လက်တွေ့ရဲ့ အမှန်တရားကို
တုန်လှုပ်ရတတ်တယ်

- မင်းညိုစင် -

ဆရာမဂျူး ရဲ့ စာအုပ်တွေထဲမှာ ဖတ်ပြီး
တော်တော်နဲ့ မေ့ဖျောက်မရတဲ့ ဇာတ်လမ်းတွေထဲမှာ ဒီစာအုပ်က ထိပ်ဆုံးမှာပါတယ် ။
လှပစိမ်းနက်နေတဲ့ စံကားဥယျာဉ်ကြီးထဲမှာ
မြ နဲ့ ဉယျာဉ်မှူး ပုံပြင် ကို ပြောပြတဲ့ ခွန်သာ ဆိုတဲ့
လူတစ်ယောက် ကြောင့်ပေါ့ ။

နိုင်ငံကျော်စာရေးဆရာမကြီး မြဦးမေ ရဲ့
အတ္ထုပ္ပတ္တိ ကို ပြုစုဖို့ မေဇော်နု ဆိုတဲ့ မိန်းကလေး
တောကြီးရွာက စံကားဉယျာဉ်ကြီးဆီ
ရောက်လာခဲ့တယ် ။

လျှို့ဝှက်မှုတွေ ၊ ချစ်ခြင်းမေတ္တာတွေ ၊
ဝမ်းနည်းရခြင်း တွေနဲ့ ပြည့်နှက်နေတဲ့ ပုံပြင်
တစ်ပုဒ် (တစ်နည်း) မြ ဆိုတဲ့ မြဦးမေ ရဲ့အကြောင်းကို စံကားပင်တွေကြားကနေ ပေါ်ပေါ်လာတတ်တဲ့ ခွန်သာ ဆိုတဲ့ ကောင်ကလေး က ပြောပြပေးခဲ့တယ်

များပြားလှတဲ့ စံကားမျိုးစိတ်အကြောင်းကို
ခွန်သာ ပြောပြတော့မှ သိခဲ့ရတယ် ။ အစက တရုတ်စံကားပွင့် တစ်မျိုးလောက်ပဲ သိခဲ့တာ။

စံကားပင်တွေကြားမှာ ၊ စံကားပွင့်တွေ ကြွေကျ
နေတဲ့ မြေပြင်ပေါ် မှာ ထိုင်ရင်း မြ နဲ့ ဉယျာဉ်မှူး အကြောင်း ကို နားထောင်ရတာ တကယ့်ကို စိတ်ဝင်စားဖို့ကောင်းလွန်းလှတယ် ။

မြ အတွက် ကမ္ဘာပေါ်က ရှိသမျှ စံကားမျိုးစိတ်အကုန် ရှာပြီး စိုက်ပျိုးပေးခဲ့တဲ့ ဉယျာဉ်မှူး ။
ခြံကြီးထဲမှာ စံကားပင်ပေါင်း သုံးရာတစ်ဆယ့်ခုနစ်ပင် တောင် ရှိသတဲ့လေ ။

စံကားဉယျာဉ်ကြီးထဲမှာ စံကားမျိုးစိတ်တွေအကြောင်း ပြောပြရင်း မေ လို့ တစ်လုံးတည်း
နူးနူးညံ့ညံ့ခေါ်တတ်တဲ့ ခွန်သာ ။

" ကိုယ်က မေ့အတွက်ဆိုရင် ဘာမဆိုပေးဖို့
အဆင်သင့်ပါပဲ "

ခွန်သာ ဟာ လူလား ဝိညာဉ်လား ဆိုတာ
သိချင်စိတ် နဲ့ လှလှပပနူးနူးညံ့ညံ့လေးဖတ်ရမှာပါ။ ခွန်သာ ကို သနားတဲ့စိတ် ၊ လူပဲဖြစ်ပါစေလို့
ဆုတောင်းပြီး ရင်တထိတ်ထိတ်နဲ့ ဖတ်ရတာ ။

မေဇော်နု အတွက် အမြဲတမ်းဖြည့်ဆည်းပေးခဲ့တဲ့သူငယ်ချင်း မင်းညိုစင် နဲ့ စံကားပွင့်
ပုံပြင်တွေကိုပြောပြတတ်တဲ့ နူးညံ့တဲ့ ခွန်သာ
သူတို့နှစ်ယောက် မှာ မေဇော် ဟာ ဘယ်သူ့ကို
ပိုမေတ္တာသက်ဝင်ခဲ့သလဲ ။

မြ နဲ့ ဉယျာဉ်မှူး တို့ ပုံပြင်လေး ဇာတ်သိမ်းလှလေ
မလား ။

စံကားပင်ပေါင်း ၃၁၇ ပင်ရှိတဲ့ ခြံကြီးထဲက သစ်လုံးအိမ်လေးထဲမှာ နေတဲ့ ခွန်သာ က လှပနူးညံ့စွာ ပြောပြပေးပါလိမ့််မယ် ။



'sBooksDiary

Aug 25 , 2022

#ဂျူး
#ချစ်သူလားစကားတစ်ပွင့်ပွင့်ခဲ့တယ်
တန်ဖိုး ၆၅၀၀ကျပ်
ဖုန်း-၀၉၇၉၅၂၇၁၅၇၁

ခင်ခင်ထူး Collection_________________________________မအိမျကံ   20000တောမင်းသမီး  15000ပင်လယ်ဘေးကရွာကလေး  6000ခမည်းကြိုး ...
19/12/2023

ခင်ခင်ထူး Collection
_________________________________

မအိမျကံ 20000

တောမင်းသမီး 15000

ပင်လယ်ဘေးကရွာကလေး 6000

ခမည်းကြိုး 10000

ဆူးပန်းခွေသွယ်ဘယက် 9000

ပါးကွက်ကြား 4000

ပန်းကြာဝတ်မှုန် 9000

ဝတ်လဲတော်ရွှေပုဆိုး 3000

ဖက်စိမ်းကွမ်းထောင် 4000

သျှောင်ပေစူး 4000

ရက်ကန်းလွန်း 3000

ဆံရစ်ဝိုင်း 4000

စည်းကုံးကြိုး 5000

ပန်းစည်းကြိုး 3000

ကြာဆစ်ကြိုး 3000

အညာသူအညာသားကျွန်မဆွေမျိူးများ 8000

ပဲသင်းကောက် 2500

လှည်းယဉ်ကြော့ 4000

ကျေးတရာ 3500

ဈေးခြင်းတောင်း 3500
_____________________________________

*စာအုပ်တန်ဖိုးအတက်အကျရှိနိုင်ပါတယ်*

အိမ်အရောက်ငွေချေစနစ်ပါဗျ။
ဖုန်း-၀၉၇၉၅၂၇၁၅၇၁

အကြည်တော် - ရွှေမိုးသည်း - 9000အကြည်တော်-နတ်နေကိုင်း - 8000_အကြည်တော်-ကဝေပျို၏နိဒါန်း 7500အကြည်တော်-ချစ်လိုစတာနာတယ် 7500...
19/12/2023

အကြည်တော် - ရွှေမိုးသည်း - 9000

အကြည်တော်-နတ်နေကိုင်း - 8000_

အကြည်တော်-ကဝေပျို၏နိဒါန်း 7500

အကြည်တော်-ချစ်လိုစတာနာတယ် 7500_

အကြည်တော်-အန္တိမအမ္မာ - 6000

အကြည်တော်-ပြုံးရွှင်ရေပျော်ရဲ့လား - 6000

အကြည်တော်- ဘီးလူး - 7500

အကြည်တော်-လူပျိုမှိုတက် 5500_

အကြည်တော်-အို…ဘာတဲ့ - 7000

အိမ်အရောက်ငွေချေစနစ်ပါဗျ။
ဖုန်း-၀၉၇၉၅၂၇၁၅၇၁

သူများလျှောက်တဲ့လမ်းကို လိုက်လျှောက်လို့ သူရောက်သွားတဲ့ ပန်းတိုင် ကိုယ်ရောက်ချင်မှ ရောက်မှာပါ။ ကိုယ့်လမ်းကိုယ်ဖောက်ပြီး ...
14/10/2023

သူများလျှောက်တဲ့လမ်းကို လိုက်လျှောက်လို့ သူရောက်သွားတဲ့ ပန်းတိုင် ကိုယ်ရောက်ချင်မှ ရောက်မှာပါ။ ကိုယ့်လမ်းကိုယ်ဖောက်ပြီး ကိုယ့်ဘဝနဲ့ကိုယ် လျှောက်လှမ်းပါ။ ထင်ထားတဲ့ အတိုင်း ဖြစ်လာမယ်လို့ တစ်သမတ်တည်း မယူဆပါနဲ့။ ဘဝဆိုတာ အစဥ်အတိုင်း ဖြစ်လာမှာ မဟုတ်ပါ။

မူရင်းစာအုပ်မှာ - Think Straight (change your thoughts, change your life) by Darius Foroux စာအုပ်ဖြစ်ပြီး ကမ္ဘာအနှံ့ ဘာသာပေါင်းများစွာပြန်ဆိုထုတ်ဝေခဲ့ရတဲ့ International Bestseller စာရင်းဝင်စာအုပ်ဖြစ်ပါတယ်။

ဒီစာအုပ်လေးက ဘ၀အပေါ် ထိန်းချုပ်ချယ်လှယ်နေတတ်တဲ့ 'စိတ်' ကို တန်ပြန်ကိုင်တွယ်ပြီး ဘ၀နဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ဆက်ဆံရေး စတဲ့ နယ်ပယ်စုံမှာ အောင်မြင်မှု၊ တည်ငြိမ်မှု၊ ခိုင်ခံမှုတွေရှိလာအောင် လုပ်နိုင်မယ့် နည်းလမ်းကောင်းတွေကို လမ်းညွှန်ပေးထားပါတယ်....

အတွေးရှုပ်ပြီး ဘယ်အရာကိုမှ ရှင်းရှင်းလင်းလင်း မဆုံးဖြတ်နိုင်တဲ့အခါ၊ ရှုပ်ထွေးမှုတွေကနေ ရုန်းမထနိုင်တဲ့အခါ၊ ဘ၀ကို စမ်းတဝါးဝါး ဖြစ်လာတဲ့အခါ ဒီစာအုပ်လေးကိုဖတ်ဖို့အကြံပြုလိုက်ပါတယ်ရှင့် 🪴
crd

#တည့်တည့်တွေး
#မောရိသျှး

“အကြည်ဓာတ်” ပျောက်ဆုံးနေသော နေ့ရက်များကို ကျော်ဖြတ်ရာတွင် ဤစာအုပ်ကလေးက တစ်စိတ်တစ်နေရာက ပါဝင်နိုင်စေရန် ရည်သန်၍ . . .“အကြ...
14/10/2023

“အကြည်ဓာတ်” ပျောက်ဆုံးနေသော
နေ့ရက်များကို ကျော်ဖြတ်ရာတွင်
ဤစာအုပ်ကလေးက
တစ်စိတ်တစ်နေရာက ပါဝင်နိုင်စေရန် ရည်သန်၍ . . .

“အကြည်ဓာတ်” ဟူသည့် စကားလုံးကို နေ့စဉ်ဘဝတွင် ကြားဖူးနေပေလိမ့်မည်။ လူတိုင်း လူတိုင်းသည် ထိုအကြည်ဓာတ်လေးကို တောင့်တတတ်လေ့ ရှိကြသည်။

စိတ်ဖိစီးစရာ၊ စိုးရိမ်ပူပန်စရာများနှင့် နေ့စဉ်ကြုံတွေ့နေကြရပြီး မရေရာ မသေချာသော အနာဂတ်ဘဝများကို ဖြတ်သန်းနေရသူများ အဖို့ကား ယင်းအကြည်ဓာတ်ဆိုသည့်အရာကို ပို၍ပင် တောင့်တနေပေလိမ့်မည်။

အကြည်ဓာတ်သည်ကောင်းကျိုးချမ်းသာ အဖြာဖြာတို့၏ ရှေ့ပြေးဖြစ်သည်။ အာရုဏ်တက်သောအခါ မြင်ရသည့် ရောင်နီသည် နေမင်းကြီး၏ ရှေ့ပြေးနိမိတ်ဖြစ်သလိုပင် အကြည်ဓာတ်သည် ကောင်းကျိုးချမ်းသာတို့၏ ရှေ့ပြေးနိမိတ်ဖြစ်သည်။ အကြည်ဓာတ်အားဖြင့် အောင်မြင်ကျော်ကြားမှု၊ စည်းစိမ်ဥစ္စာရရှိမှု - တိုးပွားမှု - တည်မြဲမှုတို့ကို ဖြစ်စေပေလိမ့်မည်။ အကြည်ဓာတ်သည် လူသားတို့အတွက် အင်မတန်ကျေးဇူးများသော အကြောင်းတရားဖြစ်ပါပေသည်။

အကြည်ဓာတ်သည် လူ့ဘဝတွင် အခရာကျသည်။ ထို့ကြောင့် အကြည်ဓာတ် ဖြစ်ဖို့ရန် အဘယ်သို့သော အကြောင်းတရားများ ဖန်တီးရမည်နည်း . . . ။

အကြည်ဓာတ် ရဖို့ရန် မည်သို့သော အကြောင်းအရာများက တားဆီးပိတ်ဆို့ထားသနည်း . . .

‘အကြည်ဓာတ်” ဟူသည့်စာအုပ်ကို မိမိကိုယ်တိုင် ခံစားနားလည်ခဲ့ရသော အသိပညာများ၊ အကျင့် အကြံများကို ယခုကာလတွင် အကြည်ဓာတ်ပျောက်နေသော စာဖတ်ပရိ သတ်များထံသို့ မျှဝေပေးလိုစိတ်ကြောင့် ဤစာအုပ်ကို မဖြစ်မနေ ရေးလိုက် ခြင်းဖြစ်ပါသည်။ ဤ‘အကြည်ဓာတ်” ဟူသည့် စာအုပ်တွင် မြတ်ဗုဒ္ဓ၏ အဆုံးအမများ၊ ပညာရှင်များစွာတို့၏ အယူအဆများ ပါဝင်မည့် အပြင် စာရေးသူ၏ ကိုယ်တွေ့ခံစားချက်၊ အတွေ့အကြုံများကိုလည်း ဥပမာ ပြု၍ ဆွေးနွေးသွားပါမည်။

စာဖတ်သူပရိသတ်များ “အကြည်ဓာတ်” ပျောက်ဆုံးနေသော နေ့ ရက်များကို ကျော်ဖြတ်ရာတွင် ဤစာအုပ်ကလေးက တစ်စိတ်တစ်နေရာက ပါဝင်နိုင်စေရန် ရည်သန်၍ ရေးသားခြင်းဖြစ်ပါသည်။

နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ….
#နန္ဒာစာရ
crd
📖 အကြည်ဓာတ် 📖
🖊 စာရေးသူ - နန္ဒစာရ
🗒 စာမျက်နှာ - 135 မျက်နှာ

စာအုပ်အဟောင်းအသန့်များဝယ်ပါတယ်ဗျ၊ရောင်းချင်ရင် ဒီဖုန်းဆက်ပေးပါဗျ။ဖုန်း-09795271571
25/07/2023

စာအုပ်အဟောင်းအသန့်များဝယ်ပါတယ်ဗျ၊ရောင်းချင်ရင် ဒီဖုန်းဆက်ပေးပါဗျ။
ဖုန်း-09795271571

သီလဝဘာသာရေးမဂ္ဂဇင်း ဝယ်ယူအားပေးသော ကမာရွတ်​မြို့နယ်မှ စာဖတ်ပရိသတ် ကျေးဇူးတင်ပါတယ်ဗျ။
03/07/2023

သီလဝဘာသာရေးမဂ္ဂဇင်း ဝယ်ယူအားပေးသော ကမာရွတ်​မြို့နယ်မှ စာဖတ်ပရိသတ် ကျေးဇူးတင်ပါတယ်ဗျ။

ပန်းချီရွှေစိုးဟန် လက်ရာပါမန့်ပေးကြပါအုံးဗျ
08/06/2023

ပန်းချီရွှေစိုးဟန် လက်ရာပါ
မန့်ပေးကြပါအုံးဗျ

Address

No. 161, 6th Floor, 38th Street, Kyauktada Towship
Yangon
161

Telephone

+959795271571

Website

Alerts

Be the first to know and let us send you an email when သီလဝစာပေThi Lawa Books Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category