29/10/2026
🇺🇸 USA TODAY သတင်းဌာနမှ October 28, 2026 တွင် CoQ10 အကြောင်း ဖော်ပြခဲ့ပါတယ်။
USA TODAY ဆောင်းပါးမှာ နှလုံးအထူးကုဆရာဝန် Dr. Albert Raizner က Statin ဆေးသောက်ပြီး ကြွက်သားနာကျင်ခြင်း၊ ကြွက်တက်ခြင်းနဲ့ အားနည်းခြင်းတွေ ခံစားရသူအချို့အတွက် CoQ10 ကို စဉ်းစားနိုင်ကြောင်း ရှင်းပြထားပါတယ်။နှလုံး၊ ကျောက်ကပ်၊ အသည်းနဲ့ ကြွက်သားတွေလို စွမ်းအင်လိုအပ်ချက်များတဲ့ အင်္ဂါအစိတ်အပိုင်းတွေမှာ CoQ10 ကို တွေ့ရှိရပါတယ်။
Statin ဆေးသောက်သုံးနေသူတွေ ဘာကြောင့် CoQ10 လိုအပ်နိုင်တာလဲ?
သွေးတွင်း Cholesterol (ကိုလက်စထရော) လျှော့ချဖို့ အသုံးပြုတဲ့ Statin အုပ်စုဝင်ဆေးတွေဖြစ်တဲ့ Atorvastatin, Rosuvastatin နဲ့ Simvastatin တို့ကို သောက်သုံးနေသူအချို့မှာ Coenzyme Q10 (CoQ10) ဖြည့်စွက်သောက်သုံးဖို့ စဉ်းစားကြပါတယ်။
ဘာကြောင့်လဲဆိုတော့ Statin ဆေးတွေဟာ သွေးတွင်း Cholesterol ကို လျှော့ချပေးသလို ခန္ဓာကိုယ်က သဘာဝအတိုင်း ထုတ်လုပ်နေတဲ့ CoQ10 ပမာဏကိုလည်း လျော့နည်းစေနိုင်လို့ ဖြစ်ပါတယ်။
၁။ Statin ဆေးတွေက CoQ10 ပမာဏကို ဘာကြောင့် လျော့နည်းစေတာလဲ?
Statin ဆေးတွေဟာ အသည်းမှာရှိတဲ့ HMG-CoA Reductase လို့ခေါ်တဲ့ Enzyme တစ်မျိုးရဲ့ လုပ်ဆောင်မှုကို တားဆီးပေးခြင်းအားဖြင့် Cholesterol ထုတ်လုပ်မှုကို လျှော့ချပေးပါတယ်။
ဒီ Enzyme ဟာ Cholesterol ထုတ်လုပ်ရာမှာသာမက CoQ10 ထုတ်လုပ်ဖို့ လိုအပ်တဲ့ ဇီဝဓာတုပစ္စည်းတွေ ဖြစ်ပေါ်လာစေတဲ့ Mevalonate Pathway မှာလည်း အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။
Statin ဆေးများသည် Mevalonate Pathway ကို တားဆီးခြင်းကြောင့် Cholesterol ထုတ်လုပ်မှု လျော့နည်းပြီး CoQ10 ထုတ်လုပ်မှုကိုလည်း လျော့နည်းစေနိုင်ပါတယ်။
CoQ10 ဟာ ခန္ဓာကိုယ်ဆဲလ်တွေအတွင်းမှာရှိတဲ့ Mitochondria လို့ခေါ်တဲ့ စွမ်းအင်ထုတ်လုပ်ပေးတဲ့ အစိတ်အပိုင်းတွေရဲ့ လုပ်ငန်းဆောင်တာအတွက် အရေးပါပါတယ်။
Mitochondria တွေဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင် (ATP) ကို ထုတ်လုပ်ပေးပါတယ်။
အထူးသဖြင့် ကြွက်သားဆဲလ်တွေဟာ စွမ်းအင်အများအပြား လိုအပ်တာကြောင့် CoQ10 ပမာဏ လျော့နည်းခြင်းနဲ့ Statin ဆေးကြောင့် ဖြစ်ပေါ်နိုင်တဲ့ ကြွက်သားဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေကြား ဆက်စပ်မှုရှိမရှိကို သုတေသနပညာရှင်တွေက လေ့လာခဲ့ကြပါတယ်။
၂။ CoQ10 က Statin ဆေးကြောင့်ဖြစ်တဲ့ ကြွက်သားနာကျင်မှုကို ကာကွယ်ပေးနိုင်သလား?
Statin ဆေးသောက်သုံးသူအချို့မှာ အောက်ပါလက္ခဏာတွေ ဖြစ်ပေါ်နိုင်ပါတယ်။
* ကြွက်သားနာကျင်ခြင်း (Muscle Pain)
* ကြွက်သားတက်ခြင်း (Muscle Cramps)
* ကြွက်သားအားနည်းခြင်း (Muscle Weakness)
* ကြွက်သားများ ကိုက်ခဲခြင်း (Muscle Soreness)
CoQ10 ဟာ ဆဲလ်တွေအတွင်း စွမ်းအင်ထုတ်လုပ်မှုမှာ ပါဝင်တာကြောင့် CoQ10 ဖြည့်စွက်သောက်သုံးခြင်းက အဆိုပါလက္ခဏာတွေကို သက်သာစေနိုင်မလားဆိုတာ သုတေသနပြုခဲ့ကြပါတယ်။
၃။ Powerful Health CoQ10 100 mg နဲ့ ဘယ်လို ဆက်စပ်သလဲ?
Powerful Health CoQ10 100 mg ဟာ ခန္ဓာကိုယ်ဆဲလ်တွေရဲ့ ပုံမှန်စွမ်းအင်ထုတ်လုပ်မှုနဲ့ Antioxidant လုပ်ငန်းဆောင်တာတွေကို အထောက်အကူပြုနိုင်တဲ့ Coenzyme Q10 ဖြည့်စွက်အာဟာရတစ်မျိုး ဖြစ်ပါတယ်။
သွေးတွင်း Cholesterol လျှော့ချတဲ့ Statin ဆေးတွေဟာ ခန္ဓာကိုယ်အတွင်း CoQ10 ပမာဏကို လျော့နည်းစေနိုင်သဖြင့်
Statin ဆေးသောက်သုံးနေသူတွေအတွက် CoQ10 Supplement သောက်သုံးခြင်းက Statin ဆေးကြောင့်ဖြစ်တဲ့ ကြွက်သားနာကျင်မှုကို သက်သာရန်အတွက်၊ အထောက်ကူပြုနိုင်ပါတယ်။
ပြင်းထန်သော ကြွက်သားနာကျင်ခြင်း၊ ကြွက်သားအားနည်းခြင်းတွေ ဖြစ်ပေါ်လာပါက ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးအမျိုးအစား၊ ဆေးပမာဏနဲ့ အခြားဖြစ်နိုင်တဲ့ အကြောင်းရင်းတွေကို စစ်ဆေးသင့်ပါတယ်။
ထို့အပြင် CoQ10 ဟာ Warfarin လို သွေးခဲခြင်းကို တားဆီးတဲ့ ဆေးဝါးတွေနဲ့ ဓာတ်ပြုနိုင်တာကြောင့် တွဲဖက်သောက်သုံးမယ်ဆိုရင် ကျန်းမာရေးပညာရှင်နဲ့ တိုင်ပင်သင့်ပါတယ်။
နေ့စဉ် ဆဲလ်စွမ်းအင်ထုတ်လုပ်မှုနဲ့ Antioxidant Support အတွက် CoQ10 ဖြည့်စွက်လိုသူများအတွက် Powerful Health CoQ10 100 mg ကို ရွေးချယ်နိုင်ပါတယ်။
💊 Powerful Health CoQ10 100 mg
🇺🇸 Made in USA
📰 Source: USA TODAY, October 28, 2026 — “What is CoQ10 recommended for?”