Yangon Book Plaza

Yangon Book Plaza Biggest Book Plaza in SE Asia with Coffee Bar + Restaurant + Kid Playground + Rare Book Corner
(3230)

📗အသစ်ရောက်စာအုပ်များနဲ့🟡Yangon Book Plaza***--***---***🟥စံပြယောကျ်ား - 25000 ks✍️သုခကျော်🟥ချစ်ကြေးမုံ - 12000 ks✍️နုယဥ်🟥...
11/09/2026

📗အသစ်ရောက်စာအုပ်များနဲ့
🟡Yangon Book Plaza

***--***---***

🟥စံပြယောကျ်ား - 25000 ks
✍️သုခကျော်

🟥ချစ်ကြေးမုံ - 12000 ks
✍️နုယဥ်

🟥အင်တာနက်မရှိခင်က ငါတို့ဘယ်လိုနေခဲ့ကြလဲ - 24000 ks
✍️ထက်ထက်တင်ဇာ(ဘာသာပြန်သည်)

🟥စိတ်ဖြတ်နည်း ၁၀၀ - 17000 ks
✍️Thar Htwe

🟥အခက်အခဲကြားကရှေ့ဆက်လိုက်ပါ - 16000 ks
✍️ပိုင်သုတ

🟥မဝင်းမေညများ - 12000 ks
✍️နေမျိုး

🟥နေ့စဥ်ဘဝထဲကပဋ္ဌာန်း - 25000 ks
✍️ဉာဏ

🟥လာဘသိဒ္ဓိအစီအရင်များ - 15000 ks
✍️ရဲဦး

***---*****-*****-***

https://www.facebook.com/share/p/1C29pVqCrv/?mibextid=wwXIfr
09/09/2026

https://www.facebook.com/share/p/1C29pVqCrv/?mibextid=wwXIfr

R U Ready ❗️❤️❗️
၉ ရက် ၉ လ ၉ နာရီအတွက်
ထို၉ အုပ်

၉ အုပ်စလုံးက
လူကြိုက်များပြီးသားစာအုပ်တွေ
ဖြစ်တာမို့
အထူးမိတ်ဆက်ဖို့ လိုမယ် မထင်ပါ။

တစ်ခုပါပဲ…
အထူး Sale မှာ
ရောင်းမယ့်စာအုပ်တွေက
Error စာအုပ်တွေပါ…

Error ဆိုတာ
စာမျက်နှာကျော်နေတာ
ဖတ်မရလောက်အောင် ပျက်စီးနေတာမျိုး
လုံးဝ (လုံးဝ ) မဟုတ်ပါ။
စာရွက်တွန့်နေတာမျိုး
အဖုံးတွန့်နေတာမျိုးနဲ့
စာရွက်မှာ
အစက်အပျောက်ရှိနေတာမျိုးပါပဲ။

စာအုပ်အသစ်များမဟုတ်ဘဲ
တိုက်လက်ကျန်စာအုပ် Error များ
ဖြစ်တာကြောင့် အမြတ်တနိုး
သိမ်းဆည်းလိုသူများအတွက်
မသင့်တော်ပါ။

စျေးတန်တန်နဲ့ စာအုပ်ဖတ်ချင်သူများအတွက်
ရည်ရွယ်ပါတယ်။

အုပ်ရေအကန့်အသတ်ရှိတာကြောင့်
ဦးရာလူ
စနစ်ပါပဲ

ည ၉ နာရီမှာဆုံကြစို့

ပုံပြင်ဖတ်ရတာ နှစ်သက်သူများအတွက်အပျင်းပြေရုံသက်သက် မဟုတ်ဘဲဗဟုသုတ တိုးပွားစေသလိုအတွေးအမြင်တွေကိုလည်းတစ်မျိုးတစ်ဖုံ ဆန်းသစ...
04/09/2026

ပုံပြင်ဖတ်ရတာ နှစ်သက်သူများအတွက်
အပျင်းပြေရုံသက်သက် မဟုတ်ဘဲ
ဗဟုသုတ တိုးပွားစေသလို
အတွေးအမြင်တွေကိုလည်း
တစ်မျိုးတစ်ဖုံ ဆန်းသစ်စေတဲ့
ကမ္ဘာကျော်ပုံပြင်တွေကို
စုစည်းထားတဲ့ စာအုပ်များကို
ရွေးချယ်ပေးထားပါတယ်​။

ကလေး လူငယ်များသာမက လူကြီးများပါ
နှစ်ခြိုက်စေမယ့် စိတ်ဝင်စားဖွယ်ပုံပြင်များ
ဖြစ်ပါတယ်။

🌠ကမ္ဘာကျော်ဂရင်းညီနောင်ပုံပြင် (၁၀၀)
အတွဲ - ၁ (၁၉၅၀၀) ကျပ်
အတွဲ - ၂ (၁၉၀၀၀) ကျပ်
✍️မင်းယုဝေ၊ ငွေတာရီ

🌠ကမ္ဘာကျော်အိပ်ရာဝင်ပုံပြင်များ
အတွဲ - ၁ (၉၇၀၀) ကျပ်
အတွဲ - ၂ (၉၆၀၀) ကျပ်
အတွဲ - ၃ (၉၅၀၀) ကျပ်
✍️သစ္စာနီ

*-****************

03/09/2026
လစာထုတ်ရက်မှာတန်တာလေးပြပေးမယ်https://www.facebook.com/share/p/19NgVc8Jpe/?mibextid=wwXIfr
31/08/2026

လစာထုတ်ရက်မှာ
တန်တာလေး
ပြပေးမယ်

https://www.facebook.com/share/p/19NgVc8Jpe/?mibextid=wwXIfr

✅တန်တယ် ဒါပေမဲ့
လျှော့စျေးက
ဒီနေ့ - မနက်ဖြန် - သန်ဘက်ခါ
သုံးရက်တည်းပါ
(Only 31 - 1 - 2)

✅လျှော့မယ့်စာအုပ်က
အသစ်ပြန်မထွက်သေးဘူးလားလို့
မျှော်နေကြတဲ့ စာအုပ်ကြီးဖြစ်တဲ့
“နွံထဲကကြာ”
(သိန်းဖေမြင့်၊ မြသန်းတင့်)

✅နွံထဲကကြာစာအုပ်ကြီးက
ဘာသာပြန်လည်း မဟုတ်သလို
ပင်ကိုယ်ရေးလည်း မဟုတ်ပါ။

နောက်ပြီး တစ်ဦးတစ်ယောက်တည်း
ဖန်တီးတာမျိုးလည်း မဟုတ်ပါဘူး။

မြန်မာစာပေလောကရဲ့
တကယ့် Legend ကြီးနှစ်ပါးဖြစ်တဲ့
ဆရာကြီး သိန်းဖေမြင့်က ဇာတ်ညွှန်းရေးခဲ့ပြီး
ဆရာကြီး မြသန်းတင့်က စာအုပ်အသွင်
ပြန်လည် ရေးဖွဲ့ပါတယ်။
မူရင်း လီယိုတော်စတွိုင်းရဲ့ Resurrection
ဝတ္ထုကြီးကို မှီးပြီး မြန်မာမှု ပြုခဲ့တာပါ။
(မူရင်း ပကြိမ်စာအုပ်ကြီးပုံ မန့်မှာရှိပါတယ်)

ဆရာမြရဲ့ လက်ရာဖြစ်တာကြောင့်
အရေးအသားက သွက်ပါတယ်။

ဖတ်ရတာ တလှပ်လှပ်နဲ့ ရုပ်ရှင်ကားကြီး
တစ်ကားကြည့်နေရတဲ့ အလား ဖတ်ရှု
ရမယ့် စာအုပ်ကြီးပါ။

မြန်မာမူကတော့
အခုအကြိမ်နဲ့ဆိုရင် ၆ ကြိမ်မြောက်မူ ဖြစ်ပါတယ်။

၆ ကြိမ်မြောက်မူ
ထွက်ရှိခြင်း အမှတ်တရအဖြစ်
၂၀% လျှော့စျေးနဲ့
မှာယူနိုင်ပါပြီ။

မူရင်းစျေး ၂၀၀၀၀ ကျပ်ဖြစ်ပြီး
၂၀% လျှော့စျေး ၁၆၀၀၀ ကျပ်တည်းနဲ့ မှာယူ
လိုက်ပါ။

၂၀% လျှော့စျေးက
(၃၁ - ၁ - ၂) သုံးရက်တည်းသာ ဖြစ်တာကြောင့်
အခုပဲ အမည်၊ ဖုန်း၊ လိပ်စာများကို
မက်ဆေ့ပေးပို့ မှာယူလိုက်ပါ။

👍 ဖုန်းနဲ့ ဆက်သွယ်မှာယူလိုပါက
☎️ 09250091913
☎️ 09254192489
☎️ 09972293371 တို့ကို နေ့စဉ်
မနက်ကိုးနာရီမှ ညနေငါးနာရီအတွင်း
(တနင်္ဂနွေမပါ) မှာယူနိုင်ပါတယ်။

👍 မက်ဆင်ဂျာကနေ မှာယူလိုပါက
အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်များ ပေးပို့မှာယူနိုင်ပါတယ်။

👍 Viber ဆိုပါက
09250091913 ၊ 09960969991 တို့ကို
ဆက်သွယ်မှာယူနိုင်ပါတယ်။




မာဂရက်မစ်ချယ် (သို့မဟုတ်)မြိုင်သာယာသို့အပြန်--------------------ကမ္ဘာ့အကျော်ကြားဆုံး၊ လူကြိုက်အများဆုံးဝတ္ထုအဖြစ် ယနေ့အထ...
31/08/2026

မာဂရက်မစ်ချယ် (သို့မဟုတ်)မြိုင်သာယာသို့အပြန်

--------------------

ကမ္ဘာ့အကျော်ကြားဆုံး၊ လူကြိုက်အများဆုံး
ဝတ္ထုအဖြစ် ယနေ့အထိ စံချိန်တင်ထားနိုင်ဆဲ ဖြစ်ပြီး ရုပ်ရှင်အဖြစ် ဖန်တီးရာတွင်လည်း ကမ္ဘာကျော်သည့် လေရူးသုန်သုန်ဝတ္ထုကို ရေးသားဖန်တီးသူ
မာဂရက်မစ်ချယ်၏ အတ္ထုပ္ပတ္တိ။

အလွန့်အလွန် သိရခက်ပြီး စိန်ခေါ်မှုများစွာနှင့် ပြဿနာမိန်းကလေး။ ဆန့်ကျင်ဘက်များ ပေါင်းစပ်ထားသူ။ ဘဝအနိမ့်အမြင့်၊ ကြမ်းတမ်းသော လောကဓံများကို ရင်ဆိုင်ကျော်လွှားပြီး ကမ္ဘာကျော်ဖြစ်လာခဲ့သူ။ မျှော်လင့်ထားသည်ထက် ပိုမိုကြီးမားသော အောင်မြင်မှု ရရှိလာသောအခါ ကြုံတွေ့ရသည့် ကောင်းမွေဆိုးမွေ လောကဓံများကို ကြံ့ကြံ့ခံ ရင်ဆိုင်ရပုံအကြောင်း ကလေးဘဝမှစ၍ အရွယ်မတိုင်မီ ကွယ်လွန်သည်အထိ
ရေးဖွဲ့ထားသည့် အတ္ထုပ္ပတ္တိ ဖြစ်သည်။

စာအုပ်အတွင်း ရှားပါးဓာတ်ပုံများ ပါဝင်ပြီး
စဖတ်လိုက်ကတည်းက လက်က မချချင်အောင်
အဆုံးအထိ ဆက်ဖတ်ချင်မည့် စာအုပ်တစ်အုပ်
ဖြစ်သည်။

🌠ကမ္ဘာကျော် လေရူးသုန်သုန်ဝတ္ထုဖန်တီးသူ
မာဂရက်မစ်ချယ်(သို့မဟုတ်)မြိုင်သာယာသို့အပြန်
✍️တင်မောင်မြင့်(မြန်မာပြန်)
✅၃၅၀၀၀ ကျပ်
📕စာမျက်နှာ ၄၃၈ မျက်နှာ(ခန့်ချုပ်)

******************

29/08/2026

ပိတ်ရက်မှာ စာအုပ်တွေ
စိတ်ကြိုက် ရွေးချယ်ဝယ်ယူရင်း
ဓာတ်ပုံလှလှလေးတွေရိုက်ကြမယ်နော်🥰🥰

🌠ပါဝါ(အကျယ်ပေါင်းချုပ်ကျမ်း)✍️ကိုနေ(မန်း) - မြန်မာပြန်📕The 48 Laws Of Power by Robert Greeneလူ့သဘာဝကို အမှန်အတိုင်း သုံး...
27/08/2026

🌠ပါဝါ(အကျယ်ပေါင်းချုပ်ကျမ်း)
✍️ကိုနေ(မန်း) - မြန်မာပြန်
📕The 48 Laws Of Power by Robert Greene

လူ့သဘာဝကို အမှန်အတိုင်း သုံးသပ်ခြင်းနဲ့
လူတွေရဲ့ မနာလိုမှု၊ အတ္တ၊ လောဘနဲ့ ကြောက်ရွံ့မှုတွေကို ပွင့်ပွင့်လင်းလင်း ဖော်ပြထားပါတယ်။

စာအုပ်က အလွန် ရက်စက်/ကောက်ကျစ်နိုင်တယ်။ စာအုပ်ထဲက အချက်အလက် တော်တော်များများဟာ ကိုယ်ကျိုးရှာမှု၊ လှည့်ဖြားမှုနဲ့ မာယာတွေကို အခြေခံထားတာကြောင့် စာဖတ်သူရဲ့ စိတ်ဓာတ်နဲ့ အကျင့်စာရိတ္တပေါ် မူတည်ပြီး "အဆိပ်" ဖြစ်သွားနိုင်ပါတယ်။

ရေရေလည်လည်အကျယ်မဖတ်ရင်"အဆိပ်" သင့်နိုင်ပေမဲ့ ဖတ်ထားရင်တော့ မျက်စိပွင့်၊ နားပွင့် ဖြစ်သွားမယ့် စာအုပ်တစ်အုပ်ပါ။

ဒီစာအုပ်ဟာ ဟိုးအရင်ကတည်းက ပုံစံအမျိုးမျိုးထွက်ခဲ့ပေမဲ့ ခုထိ ရေပန်းစားတုန်း၊ မျက်စိအောက်က မပျောက်နိုင်သေးတဲ့ စာအုပ်စာရင်းထဲမှာ ပါပါတယ်။ ဘာလို့လဲဆိုတော့ လူ့သဘာဝရဲ့ အမှောင်ဘက်ခြမ်းနဲ့ ပါဝါလိုချင်ရင် ဘယ်လိုကစားရမလဲဆိုတာကို ကွင်းကွင်းကွက်ကွက် ဖော်ပြထားလို့ပါပဲ။

သမိုင်းထဲက ခေါင်းဆောင်တွေ၊ စစ်သူကြီးတွေ၊ နိုင်ငံရေးသမားတွေနဲ့ လှည့်ကွက်ပေါင်းစုံ သုံးခဲ့တဲ့သူတွေရဲ့ အတွေ့အကြုံကို အခြေခံပြီး ပါဝါရရှိရေးနဲ့ ထိန်းသိမ်းရေးအတွက် နည်းဗျူဟာ ၄၈ ချက်ကို ခွဲခြားရေးသားထားပါတယ်။ သမိုင်းကြောင်းဆိုင်ရာ သာဓကများ: ဥပဒေသ တစ်ခုစီအတွက် ရှေးခေတ် တရုတ်၊ ရောမ၊ ဥရောပ သမိုင်းဝင် ပုဂ္ဂိုလ်တွေရဲ့ အဖြစ်အပျက် အမှန်တွေကို အခိုင်အမာ ထည့်သွင်းထားတဲ့အတွက် စိတ်ဝင်စားဖွယ် ဖတ်ရှုရမယ့်စာအုပ်တစ်အုပ် ဖြစ်ပါတယ်။

✅တန်ဖိုး - 35000 ks
📚စာမျက်နှာ - ၆၉၁ မျက်နှာ

***************

❤️စာအုပ်တွေကို အေးအေးဆေးဆေး မြည်းစမ်းဖတ်ရှုရင်း ဝယ်ယူ ချင်တယ်ဆိုရင်တော့
Yangon Book Plaza လမ်းမတော်၊ သံဈေး၊ ငါးလွှာ
(၁၇လမ်း ဝင်ပေါက်မှာ ဓာတ်လှေကားရှိ) ကို
ကြွရောက်အားပေးနိုင်သလို

🚒အိမ်တိုင်ရာရောက် မှာယူချင်တယ်ဆိုရင်တော့
page မက်စင်ဂျာ သို့မဟုတ် 09250091913 သို့
ရုံးချိန်အတွင်း ဆက်သွယ်မှာယူနိုင်ပါတယ် ။

Address

Lamadaw Street
Yangon
095

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Telephone

09767019926

Website

Alerts

Be the first to know and let us send you an email when Yangon Book Plaza posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yangon Book Plaza:

Shortcuts

Share

Category