08/09/2026
သင်ဟာ အိမ်နီးနားချင်းတွေကို ကောင်းကောင်းသိတဲ့သူလား ❓ ဒါဆိုရင်တော့ ဒီပိုစ့်လေးကို ဆုံးအောင်ဖတ်သွားနော် 👀
🏘 ကိုယ့်ရပ်ကွက်၊ ကိုယ့်ပတ်ဝန်းကျင်ကသူတွေကို သေချာသိထားရုံနဲ့တင်... T Retail နဲ့အတူ အနာဂတ် Career ကို "WiFi အရောင်းဝန်ထမ်း" အနေနဲ့ အလုပ်ဝင်ပြီး စတင်အကောင်အထည်ဖော်နိုင်မယ့် အခွင့်အရေးလေး ရှိနေပါပြီ။🤗
အလုပ်လျှောက်ဖို့ ဘာတွေလိုအပ်လဲ ❓
🧑🎓 ပညာအရည်အချင်း (ဘွဲ့ရရန်) မလိုသလို၊ အလုပ်အတွေ့အကြုံလည်း မလိုပါဘူး... အသက် (၁၈) နှစ်ပြည့်ပြီး မည်သူမဆို လျှောက်ထားနိုင်ပါတယ်နော်
အလုပ်နေရာလေးကတော့ ကိုယ်နေထိုင်ရာနေရာနဲ့ အနီးဆုံးမှာပဲ တာဝန်ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်... 📍
T Retail မှာဆိုရင်တော့ လစာနဲ့ အကျိုးခံစားခွင့်အနေနဲ့ -
💰 လစဉ် Basic Salary အပြင် ကိုယ့်ရဲ့ ကြိုးစားမှုအပေါ်မူတည်ပြီး Sale Incentive တွေနဲ့ Bonus တွေ ထပ်မံရရှိပါမယ်
📚 အလုပ်စဝင်တာနဲ့ ရုံးချုပ်မှာ အရောင်းပိုင်းနဲ့ပတ်သက်ပြီး (၅) ရက်တာ Training ကို အခြေခံကနေ သေချာသင်ကြားပေးမှာဖြစ်ပြီး... (Training ကာလအတွင်း စားစရိတ်နဲ့ ခရီးစရိတ်ကို Company မှ စီစဉ်ပေးမယ့်အပြင်၊ လုပ်ငန်းခွင်ထဲရောက်ရင်လည်း Upskill Training တွေ အခမဲ့ ဆက်လက် လေ့လာခွင့်ရဦးမှာပါ)
📈 လုပ်သက် (၃) လပြည့်တာနဲ့ လစာတိုး ခံစားခွင့်ရရှိမှာဖြစ်ပြီး၊ (၆) လနဲ့အထက်ဆိုရင် Performance ပေါ်မူတည်ပြီး ရာထူးရော၊ လစာပါ ထပ်မံတိုးမြှင့်ခွင့်တွေ ရရှိနိုင်ဦးမှာနော်...
🎁 ထပ်ဆောင်းခံစားခွင့်များအနေနဲ့ -
✨ Fresher ဝန်ထမ်းသစ်လေးများအတွက် Uniform, Phone Bill နဲ့ အခြားအထောက်အပံ့များ
✨ T Retail မှာ လက်ရှိလုပ်ကိုင်နေတဲ့အထဲ (၁၂) တန်း ဖြေဆိုထားသူများ စာမေးပွဲအောင်မြင်ပါက ပညာရေးထောက်ပံ့စရိတ် ရရှိမည့်အပြင်၊ ဂုဏ်ထူးပါရှိပါက "Double Bonus" ထပ်ဆောင်း ချီးမြှင့်ပေးသွားပါမယ် 🏆
ကဲ..."အရောင်းဝန်ထမ်း" အဖြစ် စတင်ပြီး Sales & Customer Service ကျွမ်းကျင်တဲ့ Professional တစ်ယောက်အဖြစ် Leadership Position တွေဆီပါ တက်လှမ်းနိုင်ဖို့ လမ်းစဖွင့်ပေးထားလို့... ကိုယ့်ရဲ့ ကြိုးစားမှုကို တန်ဖိုးရှိတဲ့ Career တစ်ခုအဖြစ် ပြောင်းလဲချင်တယ်ဆိုရင်တော့ အခုပဲ T Retail ရဲ့ 𝐕𝐢𝐛𝐞𝐫 𝐧𝐮𝐦𝐛𝐞𝐫 - 𝟎𝟗-𝟗𝟖𝟏𝟕𝟖𝟓𝟎𝟔𝟏 ကို ဆက်သွယ်ပြီး အလုပ်လျှောက်ထားလိုက်ပါ။🚀