Sweetie Family Store

Sweetie Family Store Your Beauty & Lifestyle Store ✨

30/08/2026

📌 Yoon Skin ရဲ့ Sunscreen ၂ခု ဘာသုံးရမလဲဆိုပြီး အရမ်း မေးလာတယ်။ [ ထပ်တိုး SPF certified ဖြစ်လားရောပေါ့ ]

အပြာက လုံးဝမပြာတဲ့ Chemical Sunscreen,
အစိမ်းက Skin Tone မကိုက်ရင် ပြာတတ်တဲ့ Hybird Sunscreen လို့ အလွယ်မြင်လိုက်ရင် ရပါပြီ။

💙 အပြာက Dehydrated, Dry , Normal , Combination Skin type တွေ သင့်တော်တယ်။ လိမ်းထားမှန်း မသိအောင် ပေါ့ပါးပြီး တစ်စက်မှမပြာ,မပူဖူး။ Completely Weightless လို့ ပြောလို့ရတယ်။ Hydrating ဘက်ကိုပါ သွားထားတဲ့တွက် လိမ်းပြီးတာနဲ့ တင်းခြောက်တာ မရှိပဲ skin base ပေါ် မူတည်ပြီး Glowy and Dewy ဘက်သွားတယ်။ ကြည်ကြည်ဝင်းဝင်းလေးပေါ့။

⚗️ Skincare effect အနေနဲ့ဆို Brightening အတွက် Niacinamide , Adenosine တို့ပါသလို ပင်စိမ်းနဲ့ Ash tree extract တို့လို Soothing ingredients တွေ , Deep Hydration ပေးတဲ့ Glycerin , Butylene တို့ပါတယ်။

💦 Hydration-heavy ဖြစ်တဲ့အတွက် အသားအရေက Natural oil ထွက်တာများရင် ဒါမှမဟုတ် Daytime routine မှာ Step တွေ များလွန်းရင် Oxidation ဖြစ်ပြီး မျက်နှာ မဲတာ/ Dull ဖြစ်တတ်ပါတယ်။ BOJ နဲ့ Skin 1004 တို့လို Formula မျိုးတွေမှာ တွေ့ရလေ့ရှိတဲ့ သဘောသဘာဝလိုပေါ့။

💚 အစိမ်းက Combinationကနေ Oily ဘက်ဆန်တဲ့သူတွေတွက် ပိုသင့်တော်တယ်။ Physical filters ပါလို့ရော် အဆီထိန်းပေးတဲ့ Efficacy ကြောင့် အဆီထွက်တဲ့ skin type တွေလိမ်းရင် သိပ်သိပ်ဝင်းဝင်းလေး ဖြစ်တယ်။ Skincare preparation မကောင်းတဲ့သူဆို blending လုပ်တာကနေ ကွက်တာ,ဖြူတာတွေ ရှိတတ်တယ်။ ❗️Hybird sunscreen လည်းဖြစ်တော့ ကိုယ့် skin က dark tone ဘက်သွားရင် ❗️ပြာတတ်တယ်။ အရောင်ပါတဲ့ cosmetic , make up တွေနဲ့တွဲသုံးမှ ( သို့ ) နဂို အောက်ခံ skin က ဖြူမှ reflection ကောင်း , ကြွေလို တင်းရင်းလင်းပြီး Final Finish လှလိမ့်မယ်။

⚗️ Skincare effects အနေနဲ့ဆို အပြာထက် Intensive Soothing ဖြစ်တဲ့ Cica Complex သုံးခုပါတယ်။
Barrier Health ကို ပါ check လုပ်ပေးတဲ့ Saccharomyces Ferment , အဆီပြန်တာကို physically ထိန်းပေးတဲ့ physical UV filters နဲ့ Silica , Polymer တို့ပါသလို တစ်ယောက်နဲ့ တစ်ယောက် အဆီပြန်နှုန်း မတူတာကနေ အဆီအလွန်ကျွံထိန်းတာကို counter ပေးတဲ့ Sodium Hyaluronate ဆိုတဲ့ အစိုဓာတ်ထိန်းပေးတဲ့ ingredients လဲပါတယ်။

ဆိုတာ့ အစိမ်းက ဝက်ခြံထွက်လွယ်တာ , Oily to combination, Sensitive skin ဖြစ်တဲ့ နီမြန်းရောင်ရမ်းလွယ်သူတွေတွက် ကောင်းတယ်။

▫️၂ခုလုံး သုံးကြည့်ပြီးနောက် မင်တေဇကတော့ အပြာကို Personally ပိုကြိုက်သလို အစိမ်းကိုလည်း ကိုယ့် Professional အရ လက်ခံနိုင်တယ်။ ဘာနေနေ ကောင်းတယ်ပြောချင်တာ မဟုတ်သလို ကိုယ်နဲ့ အဆင်မပြေတိုင်းလည်း ဒါကမကောင်းဖူးဆိုပြီး ပုဂ္ဂိုလ်ရေးဆန်ဆန် မပြောချင်ဖူး။ မင်တေဇက Science Based , Formulation focused ထားတဲ့ သူမို့ ကိုယ့်အတွက် အဆင်မပြေတောင် အဆင်ပြေမယ့် လူတစ်စုတွက် ရည်ရွယ်တယ်။

🚨 အရေးကြီးဆုံးအချက်က ☀️ SPF & PA Certified ဖြစ်၊ မဖြစ်ဆိုတာပါပဲ။ ဒါက Consumer တွေ သိသင့်သလို မင်တေဇတို့လို Blogger တွေအနေနဲ့ KOL Collaboration မှာ Documentation & Transparency ရှိရှိနဲ့ Facts Check တဲ့ Process တစ်ခု ဖြစ်တယ်။

Yoon ရဲ့ Sunscreen ၂ခုလုံးက Kolmar ဆိုတဲ့ Boj , round lab , Isntree စတဲ့ sunscreen တွေကို ထုတ်တဲ့
Global ODM Giant စက်ရုံကနေလာတဲ့ Products တွေပါ။

Kolmar ရဲ့ အားသာချက်က သူ့တို့ဆီမှာ စမ်းသပ်ပြီးသား Standard Formula ( in Vivo Report ) တွေ ရှိပြီးသားဆိုတော့ Yoon က ဒီ Sunscreen ၂ခုက SPF Certified ဖြစ်တယ်လို့ပြောလို့ရပါတယ်။

ဆိုတော့ Yoon ရဲ့ Sunscreen 2ခုက ကိုယ်နဲ့ ကိုက်မကိုက် , SPF certified ဖြစ်မဖြစ် ဆိုတာ ဒီ review ကနေ သိနိုင်မယ်လို့ မျှော်လင့်ပါတယ်။

[ Review Content Featuring with Yoon Skin Fit Me Aqua Sun Essence and Yoon Skin All Day Skin Fit Sun Defense ]

30/08/2026

🫶🏻ပစ္စည်း တစ်ခုကို ခဏခဏ ညွှန်ပြီဆို ဒိ ပစ္စည်းက မင်တေဇ တွက် အရမ်းကို ကြိုက်လို့ အကိုတို့ အမတို့ကို သုံးစေချင်လို့ပဲ။

Celimax က ဒီ ၂ ခုဆို must try & ဝယ်ကို ဝယ်သင့်တဲ့ထဲ မှာပါတယ်။ တကယ်အသားရေကို ပြောင်းလဲပေးတယ်။

▫️Celimax dark spot cream ဆို မျက်နှာလေးကို ဖွေးလင်းပြီး အသားရေလေး စိုချောလာတာ ။ ဒါ ၂ဗူး မြောက်ပဲ။ Moisturizer တစ်ခုရဲ့ အာနိသင်လဲ ရသလို Treatment ပုံစံ အသားရေညစ် ကြင်လင်မှု မရှိတာ ကို လိမ်းပါများလေ သူမှ သူဖြစ်ရလောက်အောင် Result ကြိုက်တယ်။

ချွေးပေါက်ပြသာနာက ကိုယ်က exosome treatment တွေ , toner တွေ , retinol နဲ့ ပါ ထိန်းတော့ No comment !

ဒီကောင့်ကိုလေ တင်းထိပ်သမားတွေက အစ ပိုဆိုးမလာအောင် ထိန်းသိမ်းတဲ့ Moisturizer အနေနဲ့သုံးသင့်ပြီး ဝက်ခြံ ထွက်ပြီး ကျန်ခဲ့တဲ့ ပါးပေါ်က အမာရွတ်တွေ မှိန်ကျသွားတဲ့ထိ စွမ်းဆောင်ပေးတာ တွေ့ရတယ်။

မင်တေဇ ကိုယ်တိုင်သုံးရင်းနဲ့ကနေ မျက်နာအသားရေ ဖွေးပြောင်တက်ပြီး အသားရေ ချော ကောင်းလာတာတွေ့ရတယ်။

▫️Celimax retinal ကတော့ အသားရေရဲ့ ချွေးပေါက်
ပြသနာ , အသားရေ ပြည့်ဖူး collagen တွေ ထွက်နေပြီး နုနု ကြည်ကြည်လေးဖြစ်အောင် အရွယ်တင်အောင် သုံးတယ်။ အသက်ရွယ်တူ ယှဉ်လိုက်တိုင်း သိသိသာသာ နုထွတ်နေအောင် သုံးတာ နှစ်ကာလ တစ်ခုရှိပြီ။

Celimax ရဲ့ Retinal shot နဲ့ Retinol serum မှာ
မင်တေဇ က Shot ကို ကြိုက်တယ်။ တစ်ချို့က ချွေးပေါက်ပြသာနာကြောင့် serum ကို ကြိုက်တယ်။

Dark spot cream နဲ့ Retinal shot ၂ခု တွဲလိမ်းရလို့ရတယ်။

ကျနော် Remind လုပ်တဲ့ Review က အကိုတို့အမတို့ နဲ့ ကိုက်ရင် ဝယ်သာ ဝယ်ပါ။ official distributor >>> Celimax Myanmar မှာ ဝယ်လို့ရပါတယ်။

အသေးစိတ် review ရေးထားတဲ့ link လေးတွေနဲ့ပါ Attach လုပ်ပေးလိုက်ပါတယ်။

https://www.facebook.com/share/1GmVwkaj2m/?mibextid=wwXIfr

https://www.facebook.com/share/1D3ye4EVGz/?mibextid=wwXIfr

https://www.facebook.com/share/1DaYY4iAdg/?mibextid=wwXIfr

https://www.facebook.com/share/1H8a41CUP5/?mibextid=wwXIfr

https://www.facebook.com/share/1BMi8VhhjV/?mibextid=wwXIfr

🫶🏻တစ်ခုခုသိချင်တာရှိရင် Cmt မှာ စာချန်ခဲ့နော်။
ကောင်းသောညပါဗျာ။

Vaseline ကနေ အသစ်ထွက်ထားတဲ့ PDRN serum lotion Instockရပါပြီရှင့် 🤍
28/08/2026

Vaseline ကနေ အသစ်ထွက်ထားတဲ့ PDRN serum lotion Instockရပါပြီရှင့် 🤍

📌🫶🏻 Lotion ကုန်လို့ ပြောင်းသုံးမယ်ဆို ဝယ်ကို ဝယ်နော်။

➡️ တကယ့် New Upgraded formula ပါ။

▫️ Niacinamide ဦးဆောင်တဲ့ formula ကိုမှ skin regeneration ကို 2 ဆ တိုးစေတဲ့ PDRN ( Hydrolyzed DNA ) , 4D HA နဲ့ အရေပြား 14 layers ထိ ရေဓာတ်ပေးတဲ့ Formula , vitamin c ထက် အဆ 70 antioxidant power ရှိတဲ့ GlutaGlow Technology နဲ့ တစ်ချိန်က မင်အကြိုက်ဆုံး ဖြစ်ခဲ့တဲ့ Dewy Radiance ထက် ပို hydrate ဖြစ်ပြီး Pro Age Restore အနီလို လိမ်းရတဲ့ Feeling ရပြီး သူ့ထက် ပို light ဖြစ်တယ်။

ဒါမယ့် သူ့ ingredients list ကနေ formulation ကိုကြည့်ပြီး result ကို ခန့်မှန်းပြောရရင် လိမ်းပြီးတာနဲ့ အသားရေက စိုပြီး ဖူးဖူးအိအိလေးဖြစ်မယ်။ ဖြစ်ကာစ အမာရွတ် ပါးပါးလေးတွေ တစ်ခြား lotion လိမ်းတဋထက် မှိန်တာ မြန်မယ်။ overall skin tone ညက်ပြီး healthy skin ဖြစ်လာမယ်။

‼️ ဒါမယ့် သူ့မှာ UV protection features မပါတော့ နေ့ဘက် ဆို SPF lotion တစ်ခုခုနဲ့ တွဲလိမ်းပါ။

➡️ မကြာမကြာ လိမ်းပေးတာ , ပါလေကာ ထက် ပမာဏ ခပ်များများလေး လိမ်းစေချင်တယ်။
➡️ ရေချိုးပြီးခါစမှာ လိမ်းတာ အကောင်းဆုံးပါ။

မင်တေဇ လိမ်းကြည့်တဲ့အနေထားတော့ body အသားခြောက်တဲ့သူအတွက်တော့ မတိုးဖူး။ ပုံမှန် အသားရေ, lotion တစ်ခုခု လိမ်းရင် အဆင်ပြေပြီဆိုတဲ့သူတွေ ဒီကောင့်ကို အရမ်း ကြိုက်သွားလိမ့်မယ်။

Highlight လုပ်ထားတဲ့ Gold standard ingredients တွေကိုလဲ trace amount သာသာပါတာမဟုတ်ပဲ concentration level တစ်ခုမှာ ပါပါတယ်။

🫶🏻ဆိုတော့ Vaseline အစစ်က Vaseline ပါပဲ။
Brightening, Plumping , Hydration နဲ့ Glow efficacy ကို ဦးစားပေးတဲ့ , ပေါ့ပါးပြီး မပူလောင် , မစေးကပ်တဲ့ serum lotion ရှာနေရင် try ကြည့်ပါ။

သိချင်တာရှိ Cmt မှာ စာချန်ခဲ့နာ်။ ကောင်းသောညပါ။

[ This Review Content is featured with Vaseline Gluta-Hya PDRN Serum Brust Lotion. ]

✨ Kojic Acid White Dose Lotion ✨အသားအရေကို ဖြူဝင်းပြီး ကြည်လင်တဲ့ Skin Tone လေးရချင်သူတွေအတွက် 💕Kojic Acid + 4X Actives ...
21/08/2026

✨ Kojic Acid White Dose Lotion ✨

အသားအရေကို ဖြူဝင်းပြီး ကြည်လင်တဲ့ Skin Tone လေးရချင်သူတွေအတွက် 💕
Kojic Acid + 4X Actives ပါဝင်တဲ့ Body Lotion လေးရောက်ပါပြီရှင့်။

🌸 ပါဝင်ပစ္စည်းများ
• Kojic Acid
• Tranexamic Acid
• Glutathione
• Niacinamide
• Arbutin
• Collagen

🤍 အသားအရေမညီညာတာ
🤍 အမဲစက်တွေ လျော့ပါးစေဖို့
🤍 အသားအရေကို ပိုမိုကြည်လင်ဝင်းပပြီး
🤍 နူးညံ့စိုပြေတဲ့ အသားအရေလေးရရှိဖို့ Daily Body Care 🧴 500mlတစ်ဘူးကြီးဆိုတော့ တစ်နေ့တစ်နေ့ ပုံမှန်လိမ်းပြီး အသုံးပြုလို့ အဆင်ပြေပါတယ်ရှင့် 🥰

✨ Body Lotion ရှာနေသူတွေ ဒီတစ်ဘူးကို မမေ့နဲ့နော် ✨
Kojic acid lotion 500ml-43000ks
📩 Order တင်ရန် Sweetie Family Store Messenger မှာ လာမေးနိုင်ပါတယ်ရှင့် 🤍

Kojic acid whitening booster lotion instock ရနော် 🤍
21/08/2026

Kojic acid whitening booster lotion instock ရနော် 🤍

သုံးရတာအနံ့ကမမွှေးပေမဲ့ အသားကြည်ပြီး ဖြူလာတာတော်တော်သိသာတဲ့ အတွဲပဲ....🧼🧴

ဒီ Product ကလေ အသားကြည်တယ် ဖြူတယ်ဆိုပြီး နံမည်ကြီးနေလို့ လက်ထဲရောက်လာတဲ့အချိန်လည်း သေချာလေးသုံးကြည့်မယ်ဆုံးဖြတ်ထားတာ...တစ်လ လောက်သေချာသုံးကြည့်ခဲ့တာ... တော်တော်လေးသိသာလို့လာပြန်ပြောပြတာ... သိတဲ့အတိုင်း kojic ရဲ့သဘောတရားက dark spots တွေ အမာရွတ်တွေ အသားမညီတာတွေအတွက် တော်တော်အသုံးဝင်တယ်... သဘောကျတာကတော့ kojic soap ဆိုပြီး ထွက်လာတာရယ်...သူတို့နှစ်မျိုးကိုတွဲပေးထားတာရယ်...soap ကတော့ မမွှေးဘူး အနံ့သိပ်မရဘူး...lotionကတော့ နဲနဲဆေးနံ့လေးရတယ်...ဒါပေမဲ့ခုနောင်ပိုင်းက ဆေးနံ့ရလေကြိုက်လေပဲ...soap ကတော့ ရေနဲ့ပျော့မသွားဘူး...ဒါပေမဲ့ 1လလောက်ပဲခံတယ်...lotion ကတော့ 500ml ဆိုတော့ ၁လတောင် တစ်ဝက်ပဲကျိုးသေးတယ်🥰

သိသာတာကတော့ မီးပိုးကောင်ပေါင်မှာကိုက်ခံရတယ်ဆိုတာလေ... အမာရွတ်ကျန်နေတာ ပေါင်တိုတောင်မဝတ်ရဲဘူး...၁လတိတိမှာလုံးဝအရှင်းပျောက်သွားပြီ... ပြောပြအုံးမယ်...bodyကိုလေ ကိုယ်လည်း အရမ်းတော့ careမလုပ်နိုင်ပါဘူး...ဒါပေမဲ့ ဒီလို lotion တွေသုံးပြီးရင် body suncream ကမေ့လို့မရတဲ့အပြင် ၂နာရီခြားလည်းလိမ်းနိုင်မှာမဟုတ် စိတ်လွတ်ကိုယ်လွတ် နေပူထဲမပျော်ပါနဲ့... လက်ရှည် အဝတ်ရှည်ဝတ်ပါ...တစ်ခုခု ဆောင်းပါ

သောင်းကတော့ body lotion က နေတိုင်း ညတိုင်းလူးတယ်...sun bun ကိုဂရုစိုက်တယ်ဆိုတော့သိသာလာတယ်... ဒီ soap နဲ့မှမဟုတ်ဘူး...တစ်ခြား scrub တွေသုံးပြီးတဲ့အခါလည်းတွဲသုံးတယ်ဆိုတော့.... အသားကြည်ပြီး ညီလာစေချင်ရင် Highly Recommended နော်💓💭

ဝယ်ချင်ရင်တော့ ပုံလေးပြပြီး Beauty Seeker မှာမေးကြည့်နော် 🛒

Skincareအကြောင်းအသေးစိတ်ဆွေးနွေးချင်ရင်တော့ cb မှာမေးထားပေးနော်💌

တို့ဆီမှာရနော်
19/08/2026

တို့ဆီမှာရနော်

🤍 မျက်နှာဖြူချင်တဲ့သူနဲ့ တင်းတိပ်သမားတွေ သုံးသင့်တဲ့ Celimax Moisturizer ပါ။ ( ပုံလှလှလေး မရိုက်တတ်တာ ခွင့်လွှတ်ပါ)

မင်တေဇတို့ skincare ကောင်းကောင်းတစ်ခု စသုံးမယ်ဆို
📌ဘာကြောင့် သုံးမှာလဲ?
📌ဘယ် ingredients ရွေးမာလဲ?
📌ဘယ် brand ရွေးမာလဲ? ဆိုတဲ့ ၃ ချက် စဉ်းစားတတ်ရင်ရပါပြီ။

ဒီကောင့်ကို မင်တေဇ ဘာလို့သုံးဖို့စိတ်ကူးလဲဆို မျက်နှာမဲနေလို့ရယ် ingredients အကြောင်းကိုကောင်းကောင်းသိချင်လို့ ပါပဲ။

◻️ Review ကတော့ အသားကို ဖွေးတတ်ပြီး မျက်နှာနေလောင်တာတွေ အကွက်လိုက်မဲသွားတာတွေ တဖြေးဖြေးချင်း ပြန်ကို ဖွေးလာတယ်။ အသား color တော်တော် လေး ပြန်လတ်လာတဲ့ထိပဲ။

❗️တင်းတိပ်သမားတွေ ဘာကြောင့်ရွေးသင့်လဲဆို Vit C , Alpha Arbutin ထက် ပိုကို ထိရောက်တဲ့ Tranexamic acid ကို 5% ထိပါလို့ပါ။

✅ ဝက်ခြံဆို Azelacic acid , ✅ တင်းတိပ်မှာဆို Tranexamic acid လို့ အသေ မှတ်ရမယ့်ထိ သုံးသင့်တဲ့ ingredient ပါ။

တင်းတိပ် , အသားမဲတာ, ညိုသွားတာ, ကွက်တာ ဆိုတာ Melanin ကြောင့် အဓိက ဖြစ်တာပါ။ ဒီကောင့်ထဲ မှာ Melanin , တင်းတိပ် ,အသားမဲတာ ကို အဓိက နိုင်စေတဲ့ Niacinamide 5%, Tranexamic acid 5% , အပင်တွေကတွေ ထုတ်ထားတဲ့ အသားဖြူစေတဲ့ Melazero V2 1% တွေ ထိထိမိမိထည့်ပေါင်းထားတာတွေ့ရတယ်။

ဆိုတော့ သူတို့ 3 ခု trio တစ်တွဲရယ် creamide နဲ့ Nia 5% duo အတွဲကြောင့် အသားရေကို ပြန်ကောင်း ဖြူလာစေတဲ့အပြင် barrier ပါ ကောင်းလာပါလိမ့်မယ်။

❗️တင်းတိပ်သမားတွေတွက် အရောင်မှိန်ပြီး ဖြစ်တာမကြာသေးလေ ဒီကောင်လိမ်းရင် သက်သာဖို့မြန်သလို ထင်းနေအောင် မဲ ,အကွက်လိုက် ထတဲ့သူဆို အချိန်ယူပြီး ဆွဲပြီးလိမ်းသင့်ပါတယ်။ ဘယ်လောက်ထိ စွဲလိမ်းရမလဲဆို လိုချင်တဲ့ results ရတဲ့ထိပါ။ ပြီးတော့ Sunscreen ကောင်းတာ လိမ်းရပါမယ်။ သူ့ထဲက sunscreen ပါတွဲသုံးမယိဆို အာနိသင်ပိုထိရောက်ပါမယ်။

Product name က Celimax Pore + Dark Spot Brightning cream ပါ။ ဝယ်တာကတော့ >>> Celimax Myanmar ဒီကပါ။
လိုရင်းကတော့ မျက်နှာဖြူချင် တင်းတိပ်သမားတွေ သုံးသင့်ပါတယ်။ ✅ All skin types ရတယ်။ ❌Active Acne ရှိနေရင် ရှောင်ပါ။

🤍တစ်ခုခုသိချင်တာရှိ Cmt မှာ မေးမြန်းနိုင်ပါတယ်။ ကောင်းသောညချမ်းပါဗျာ။

🤍🤍🤍
19/08/2026

🤍🤍🤍

အဆီပြန်ပြီးအသားခြောက်တယ်ဆိုတဲ့ oily dehydrated တွေအတွက်အကောင်းဆုံး cellular hydration moisturizer ပါ။

ဒီကောင်လေးကသာမာန် hydration moisturizer မျိုးမဟုတ်ပဲမျက်နှာမှာရှိတဲ့ရေဓာတ်ဝင်တဲ့လမ်းကြောင်း protein (aquaporin-3) လေးတွေကိုလှုံ့ဆော်ပေးတဲ့ moisturizer မျိုးပါ။ ဒါကြောင့်သူ့ကို cellular hydration moisturizer လို့ dan" ခေါ်တာပါ။

သူ့မှာက aquaporin ဆိုတဲ့သဘာဝအတိုင်းအသားအရေမှာရှိတဲ့ water channel လေးတွေကိုပြန်လည်ကောင်းမွန်ပြုပြင်ဖို့နဲ့တိုးပွားဖို့လှုံ့ဆော်မှုကိုဖြစ်စေတဲ့ gluceryl glucoside 10% က key ingredient အနေနဲ့ပါဝင်ပါတယ်။ ဒါကြောင့်သူကအပေါ်မှာအဆီပြန်နေပြီးအသားအတွင်းမှာတင်းကျပ်ကျပ်နဲ့ခြောက်တင်းတင်းဖြစ်နေတဲ့သူတွေအတွက်အသင့်တော်ဆုံး cellular hydration moisturizer ပါ။

ဘယ်လို hydrator တွေသုံးသုံး၊ ဘယ်လို moisturizer ထူထူတွေလိမ်းလိမ်းခြောက်တင်းတင်းနဲ့ tightness feeling ကမပျောက်သွားဘူးဆိုရင်မျက်နှာက aquaporin လေးတွေ damaged ဖြစ်ထားလို့အစိုဓာတ်ရသင့်သလောက်မရတာမျိုးဖြစ်တတ်လို့အခုလို stimulate ဖြစ်စေတာလေးကိုသုံးတာကအသားအရေဟိုးအတွင်းထဲထိလိုအပ်တဲ့ hydration ကိုသိသိသာသာပြန်ရစေပါတယ်။

dan" ကဒီကောင်ကိုပုံစံနှစ်မျိုးနဲ့သုံးပါတယ်။ moisturizer ကျဲကျဲလေးအနေနဲ့လဲလူးသလို၊ strong active ingredient တွေသုံးတဲ့ညတွေမှာ treatment step (hydrator) လိုအနေနဲ့လည်းပိုထူတဲ့ moistruizer အရှေ့ကနေလူးပါတယ်။ texture က gel cream လေးဖြစ်လို့လူးရတာအရမ်းပေါ့ပါးပြီး GG 10% အပြင် birch sap water 74.9%, squalane 1%, နဲ့ LMW hyaluronic acid 0.1% လဲပါသေးလို့ hydration အပြင် light barrier care အတွက်ပါကောင်းပါတယ်။

ချုံပြောရရင်တော့အဆီပြန်ပြီးအသားခြောက်တင်းတင်းဖြစ်နေတဲ့ oily dehydrated skin တွေ၊ hydration မလုံလောက်လို့အဆီပိုတွေတအားထွက်လာပြီးချွေးပေါက်ကျယ်အဆီဖုအဆီခဲဆားဝက်ခြံနဲ့ဝက်ခြံတွေဖြစ်လာတဲ့သူတွေပိုပြီးကြိုက်မယ့် cell အဆင့်ထိရေဓာတ်ဖြည့်ပေးနိုင်တဲ့ hydration moisturizer ပါ။ ပါတဲ့ ingredient တွေကလဲအရမ်းကောင်းပြီးရှားသလိုပါတဲ့ ml ကလဲများပြီးဈေးကလဲအရမ်းသက်သာလို့အတော်ကိုသုံးပျော်ပြီးထိရောက်တဲ့ moisturizer လေးပါပဲ။

{𝐃𝐚𝐧'𝐬 𝐩𝐫𝐨𝐝𝐮𝐜𝐭 𝐬𝐮𝐦𝐦𝐚𝐫𝐲}
••••••••••••••••••••••••••
▫️𝐏𝐞𝐫𝐢𝐨𝐝 𝐀𝐟𝐭𝐞𝐫 𝐎𝐩𝐞𝐧𝐢𝐧𝐠 : 12M
▫️𝐍𝐞𝐭 𝐂𝐨𝐧𝐭𝐞𝐧𝐭 | 𝐏𝐫𝐢𝐜𝐞 : 70ml | 32k
▫️𝐅𝐮𝐧𝐠𝐚𝐥 𝐀𝐜𝐧𝐞 𝐒𝐚𝐟𝐞 | 𝐏𝐫𝐞𝐠𝐧𝐚𝐧𝐜𝐲 𝐒𝐚𝐟𝐞 : no | yes
▫️𝐒𝐜𝐞𝐧𝐭 | 𝐓𝐞𝐱𝐭𝐮𝐫𝐞 | 𝐌𝐚𝐝𝐞 𝐈𝐧 : none | gel cream | korea
▫️𝐀𝐩𝐩𝐫𝐨𝐱𝐢𝐦𝐚𝐭𝐞 𝐓𝐢𝐦𝐞 𝐅𝐨𝐫 𝐕𝐢𝐬𝐢𝐛𝐥𝐞 𝐑𝐞𝐬𝐮𝐥𝐭𝐬 : 2-4weeks
▫️𝐅𝐫𝐞𝐞 𝐅𝐫𝐨𝐦 𝐀𝐥𝐜𝐨𝐡𝐨𝐥𝐬, 𝐄𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐎𝐢𝐥𝐬, 𝐒𝐢𝐥𝐢𝐜𝐨𝐧𝐞𝐬, 𝐀𝐫𝐭𝐢𝐟𝐢𝐜𝐢𝐚𝐥 𝐅𝐫𝐚𝐠𝐫𝐚𝐧𝐜𝐞𝐬 & 𝐂𝐨𝐥𝐨𝐮𝐫𝐚𝐧𝐭𝐬 ? : no, yes, no, yes, yes
▫️𝐑𝐞𝐜𝐨𝐦𝐦𝐞𝐧𝐝 𝐒𝐤𝐢𝐧 𝐂𝐨𝐧𝐝𝐢𝐭𝐢𝐨𝐧𝐬 : normal to sensitive & reactive > combination to oily > oily to super oily > combination to slightly dry + dehydrated > cell hydration > pore care > pH balancing > light barrier care

📆 𝐒𝐭𝐚𝐫𝐭 𝐃𝐚𝐭𝐞 𝐎𝐟 𝐔𝐬𝐞 : 5 | 1 | 2026
🚨 𝐈𝐧𝐠𝐫𝐞𝐝𝐢𝐞𝐧𝐭𝐬 𝐀𝐥𝐞𝐫𝐭 : birch sap water 74.9%, glyceryl glucoside 10%, squalane 1%, hydrolyzed hyaluronic acid, behenyl alcohol, betain

သတိပေးအကြံပြုချက် ။ ။ မည်သည့်ပစ္စည်းမဆိုမတည့်သောသူရှိတတ်သောကြောင့် detailed review နှင့် ပါဝင်ပစ္စည်းများအားသေချာဖတ်ရှုလေ့လာပြီးကိုက်ညီကြောင်းကိုယ်တိုင်အတည်ပြုပြီးမှသာဝယ်ယူသုံးစွဲပါရန်နှင့်ပစ္စည်းအသစ်စမ်းတိုင်း “patch test" လုပ်ရန်မမေ့ပါနှင့်။ ယခုပစ္စည်းနှင့်ပက်သက်၍သိလိုသောအကြောင်းအရာများရှိပါကမေးမြန်းခဲ့နိုင်ပါသည်။

✨ နေ့တိုင်း Skin Care သုံးတယ်ဆိုရင် Moisturizer က မပါမဖြစ်နော် 🤍Cleanser, Toner, Serum တွေသုံးပြီး Moisturizer ကို မေ့ထာ...
19/08/2026

✨ နေ့တိုင်း Skin Care သုံးတယ်ဆိုရင် Moisturizer က မပါမဖြစ်နော် 🤍

Cleanser, Toner, Serum တွေသုံးပြီး Moisturizer ကို မေ့ထားလို့မရပါဘူးနော်။

Moisturizer က အသားအရေကို အစိုဓာတ်ထိန်းပေးပြီး Skin Barrier ကို ကောင်းမွန်စွာ ထိန်းသိမ်းပေးဖို့ အရေးကြီးတဲ့ Step တစ်ခုပါရှင့်။ 🫧

အသားအရေခြောက်သွေ့တာ၊ တင်းတင်းကျပ်ကျပ်ဖြစ်တာ၊ Skin Care လုပ်ပြီးလည်း အသားအရေမကြည်တာတွေ မဖြစ်အောင် ကိုယ့် Skin Type နဲ့ ကိုက်ညီတဲ့ Moisturizer ကို နေ့တိုင်းပုံမှန်သုံးပေးပါနော်
🤍
🛍️ Sweetie Family Store မှာ Instock ရပါပြီရှင့်

ကိုယ်တိုင်သုံးဖို့ပဲဖြစ်ဖြစ်၊ ချစ်ရသူတွေအတွက် လက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ် အခုပဲ မှာယူနိုင်ပါတယ်ရှင့် 💕
🚫စာသားများမကူးယူပါနဲ့ရှင့်🚫

📩 မှာယူရန် — Sweetie Family Store Messenger

Cosmetics • Beauty Care • Lifestyl

Address

Yangon

Alerts

Be the first to know and let us send you an email when Sweetie Family Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share