Divot Club

Directions

Divot Club Myanmar's first private golf boutique. Curated from Singapore, Bangkok & beyond. RLX · Lacoste · Nike · Puma · Under Armour

Appointment-only. No crowds.

No pressure. DM or call 09 750 007210 to book your visit. Dress Like a Golfer. 🏌️
🎩 DIVOT CLUB

Premium Golf Boutique for Myanmar's Distinguished Golfers

🌟 Curated Global Prestige Brands
🌟 Limited Exclusive Collections
🌟 Personalized Style Consultation
🌟 By Appointment Only Experience

Where Performance Meets Prestige ⛳

We don't sell products, we curate exceptional golf experiences.

📍 Yangon, Myanmar
📞 +959 75 000 7210
💬 DM for Private Appointments

02/08/2026

ဒါက ပရို (Pro) တွေ လျှို့ဝှက်လေ့ကျင့်လေ့ရှိတဲ့ "Leading Edge Putting Drill" ပါ။ Putter အစား (56° သို့မဟုတ် 60°) Special Wedge ကိုသုံးပြီး Putting Stroke အတိုင်း ရိုက်ရတာပါ။ Putting Mat ပေါ်မှာ Putter အစား Wedge နဲ့ လေ့ကျင့်တဲ့အခါ ဒီအချက်တွေ ချက်ချင်း တိုးတက်လာပါလိမ့်မယ်။

၁။ Zero Wrist Movement: Wedge နဲ့ ရိုက်ရင် လက်ကောက်ဝတ် သုံးလို့မရတဲ့အတွက်၊ လက်ငြိမ်ပြီး ပခုံးနဲ့ပဲ ရိုက်တဲ့ အကျင့် (Pendulum Stroke) အလိုလို ရသွားမယ်။

၂။ Extreme Precision: တုတ်အသွား (Leading Edge) နဲ့ ဘောလုံးခါးလယ်ကို ချိန်ရိုက်ရတဲ့အတွက် မျက်လုံးရဲ့ အာရုံစိုက်မှု (Focus) အမြင့်ဆုံးကို ရောက်သွားမယ်။

၃။ Perfect Contact: Wedge ရဲ့ အသွားသေးသေးလေးနဲ့တောင် အလယ်တည့်တည့် ထိအောင် ရိုက်နိုင်ပြီဆိုရင်၊ Putter ပြန်ကိုင်တဲ့အခါ Center ထိဖို့ဆိုတာ အလွယ်လေး ဖြစ်သွားပါပြီ!

အိမ်မှာ အခုပဲ စမ်းကြည့်လိုက်ပါ။ ခင်ဗျားရဲ့ Putter Feel သိသိသာသာ ပြောင်းလဲသွားပါလိမ့်မယ်! လေ့ကျင့်မှုတိုင်းအတွက် သက်တောင့်သက်သာ အရှိဆုံးဖြစ်စေမယ့် Premium Outfit တွေကို Divot Club (DC Golf Myanmar) မှာ ရယူနိုင်ပါတယ်။

02/08/2026

"ဆရာရေ... ဘယ်နေရာ ပြင်ရမလဲ မသိတော့ဘူး" ဆိုရင် ခင်ဗျားရဲ့ Score Card ကို အရင်ထုတ်ပြပါ! Score မမှတ်ဘဲနဲ့ ဂေါက်ရိုက်တာ တိုးတက်ဖို့ အရမ်းခက်ပါတယ်။ ၈ ချက်ရိုက်လည်း ၈ ချက်၊ ၁၀ ချက်ရိုက်လည်း ၁၀ ချက်ပေါ့... ကိုယ်ရိုက်တဲ့ Score ကို မရှက်ပါနဲ့၊ ဂုဏ်ယူပါ။

Score Card မှာ ဂဏန်းထက် ပိုအရေးကြီးတာတွေ ရှိတယ်:
Fairway ထဲ ရောက်၊ မရောက် (✓) (✗) လုပ်ပါ။
Putter ဘယ်နှချက် ရိုက်ရလဲ မှတ်ပါ။ (1 putt လား? 3 putts လား?)
Bunker ထဲကနေ ဘယ်နှချက်နဲ့ ထွက်လဲ မှတ်ပါ။

ဒါလေးတွေကို ကျင်းတိုင်း တစ်ကျင်းရိုက် တစ်ကျင်း မှတ်ထားလိုက်ပါ။ ပြီးရင် အဲဒီ Score Card ကို ဆရာ့ဆီ ယူသွားပြလိုက်တာနဲ့ ဆရာက ခင်ဗျားရဲ့ Putter ပျက်နေတာလား၊ Chipping ညံ့နေတာလား ဆိုတာ ချက်ချင်းသိပြီး အလွယ်လေး ပြင်ပေးနိုင်သွားပါပြီ!

ကွင်းထဲမှာ ကိုယ့်ရဲ့ Game နဲ့ Score ကိုပဲ အပြည့်အဝ အာရုံစိုက်နိုင်ဖို့ သက်တောင့်သက်သာ အရှိဆုံး Premium Golf Wear တွေကို အမြဲပံ့ပိုးပေးနေတဲ့ Divot Club (DC Golf Myanmar) ကို အထူး ကျေးဇူးတင်ပါတယ်။

02/08/2026

ကိုက် ၁၀၀ အောက်မှာ ခန့်မှန်းပြီး ရိုက်နေသရွေ့... ဘယ်တော့မှ Consistency (တည်ငြိမ်မှု) ရလာမှာ မဟုတ်ပါဘူး။

ကိုယ့်ရဲ့ ခန္ဓာကိုယ်နဲ့ လက်မောင်းကို နာရီလက်တံတစ်ခုလို သဘောထားပါ။ ၈-၄၊ ၉-၃၊ ၁၀-၂ ဆိုပြီး Swing အကျဉ်းအကျယ်ကို စနစ်တကျ ခွဲခြားထားပါ။ ပြီးရင် ကိုယ့်ရဲ့ Stance အတိုင်း လက်ကို မလှည့်ဘဲ (No wrist action) လက်မောင်းနဲ့ပဲ ငြိမ်ငြိမ်လေး လွှဲထုတ်ပါ။

သတိပြုရန်: လူတစ်ယောက်နဲ့ တစ်ယောက်၊ ကိုင်တဲ့ Club တစ်ချောင်းနဲ့ တစ်ချောင်း Distance ထွက်တာချင်း တူမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီ Clock Action ကို အခြေခံထားပြီး ကိုယ်ပိုင် Distance ကို သေချာ ချိန်ညှိ (Adjust) လိုက်ရင် ကိုက် ၁၀၀ အောက်မှာ Mis-hit ဖြစ်တာတွေ လုံးဝ ပျောက်သွားပါလိမ့်မယ်!

ကိုယ့်ရဲ့ Swing လှုပ်ရှားမှုတိုင်းကို ပေါ့ပါးလွတ်လပ်စေပြီး ယုံကြည်မှုအပြည့် ပေးစွမ်းနိုင်တဲ့ Premium Golf Wear တွေကို အမြဲပံ့ပိုးပေးနေတဲ့ Divot Club (DC Golf Myanmar) ကို အထူး ကျေးဇူးတင်ပါတယ်။

12/07/2026

မရိုက်ခင် လေကြောင်းကို မကြည့်ဘဲ ရိုက်လိုက်ရင် လေထဲရောက်မှ ဘောလုံးလွင့်ပါသွားတတ်တယ်! Par 3 လို Short Hole တွေရောက်ရင် Player အများစုက သတိလက်လွတ်နဲ့ လေကြောင်း (Wind Direction) မကြည့်ဘဲ တန်းရိုက်မိတတ်ကြတယ်။ အဲဒီအခါ ဘောလုံးက အပေါ်လည်းရောက်ရော လေနဲ့ပါသွားပြီး Green လွဲသွားတာမျိုး ခဏခဏ ဖြစ်တတ်ပါတယ်။ ဒါကြောင့် မရိုက်ခင်မှာ လေက ကိုယ့်အနောက်က လာတာလား၊ ရှေ့တည့်တည့်ကလား၊ ညာဘက်လား၊ ဘယ်ဘက်လား ဆိုတာကို ကြိုတင်တွက်ချက်ထားဖို့ အရေးကြီးပါတယ်။

လေတိုက်တိုက်၊ မိုးရွာရွာ ရာသီဥတုအခြေအနေတိုင်းမှာ ခန္ဓာကိုယ်ကို နွေးထွေးသက်တောင့်သက်သာနဲ့ ယုံကြည်မှုအပြည့် ရှိနေစေဖို့ Premium Golf Wear တွေကို အမြဲပံ့ပိုးပေးနေတဲ့ Divot Club (DC Golf Myanmar) ကို အထူး ကျေးဇူးတင်ပါတယ်။

09/07/2026

Player တော်တော်များများက Rough ထဲရောက်တာနဲ့ အဝေးကြီးရောက်ဖို့ပဲ တွေးပြီး တုတ်ထုတ်တတ်ကြတယ်။ အရေးအကြီးဆုံးက "ဘောလုံး ဘယ်လို ထိုင်နေလဲ?" ဆိုတာကို အရင်စစ်ဆေးဖို့ပါ။ မြက်ရှည်၊ မရှည် သိချင်ရင် ဘောလုံးဘေးကို ခြေထောက်နဲ့ဖြစ်ဖြစ်၊ တုတ်နဲ့ဖြစ်ဖြစ် နည်းနည်း စမ်းကြည့်လို့ရပါတယ်။ (သတိပြုရန် - ဘောလုံးနောက်တည့်တည့်ကို သွားမစမ်းပါနဲ့၊ Penalty ထိတတ်ပါတယ်)။
ကွင်းထဲမှာ ဘယ်လိုအခြေအနေမျိုးပဲ ကြုံကြုံ သက်တောင့်သက်သာနဲ့ ယုံကြည်မှုအပြည့် ရှိနေစေဖို့ Weather-ready Premium Golf Wear တွေကို အမြဲပံ့ပိုးပေးတဲ့ Divot Club (DC Golf Myanmar) ကို အထူး ကျေးဇူးတင်ပါတယ်။

06/07/2026

Player အများစု မှားတတ်တဲ့ အချက်က "ရိုက်တာ" နဲ့ "ကလော်တာ" မကွဲပြားတာပါပဲ။ ဘောလုံးကို လေထဲ မြှောက်ချင်တဲ့စိတ်နဲ့ အောက်ကနေ ပင့်ပြီး ကလော်တင်တတ်ကြတယ်။ တကယ်တော့ ဂေါက်သီးရဲ့ Simple Logic က "မြှောက်ချင်ရင် အောက်ကို ရိုက်ချရတာပါ"။

ကလော်ရိုက်တဲ့အခါ ဘောလုံးကို ဖြတ်ထိပြီး ပိုနိမ့်သွားတတ်ပါတယ်။ အဆိုးဆုံးကတော့ ဘောလုံးထိပ် (Half Top) ကို သွားထုမိတာပါပဲ။ ဖြတ်တီးမိရင် လက်ကျင်ရုံလောက်ပဲ ဖြစ်ပေမယ့်၊ ထိပ်တည့်တည့် ထုမိရင် လက်အရမ်းနာပြီး တံတောင်ဆစ် (Elbow) ဒဏ်ရာအထိ ရသွားနိုင်ပါတယ်။

ကွင်းထဲမှာ ခန္ဓာကိုယ်ကို လွတ်လွတ်လပ်လပ်နဲ့ အကောင်းဆုံး Swing လွှဲနိုင်ဖို့ သက်တောင့်သက်သာ အရှိဆုံး Golf Wear တွေကို အမြဲပံ့ပိုးပေးနေတဲ့ Divot Club (DC Golf Myanmar) ကို အထူး ကျေးဇူးတင်ပါတယ်။

06/07/2026

ရေစိုနေတဲ့ သဲကျင်း (Wet Bunker) တွေထဲရောက်ရင် ဘောလုံးက ဘာလို့ အဝေးကြီး ပြေးထွက်သွားတာလဲ?

မိုးတွင်းမှာ Bunker တွေက ရေစိုပြီး သဲတွေ ပိုမာ (ပိုတင်း) နေတတ်ပါတယ်။ အဲဒီလို အခြေအနေမှာ ခြောက်သွေ့တဲ့ သဲကျင်း (Dry Sand) တွေလိုမျိုး အားရပါးရ အတင်းဝင်တူးလိုက်ရင် သဲက မာနေတဲ့အတွက် ဘောလုံးက အဝေးကြီးကို ပြေးထွက်သွားပါလိမ့်မယ်။ အဓိက သတိထားရမှာက "သဲကို အရမ်းမတူးမိဖို့နဲ့ Spin အတင်းမထုတ်ဖို့" ပါပဲ။ ရှုပ်ထွေးတဲ့ Technique တွေ မသုံးဘဲ အလွယ်ဆုံးနည်းကို ရွေးတာက အဆင်အပြေဆုံးပါပဲ!

မိုးရာသီ ကွင်းဆင်းတဲ့အခါ သက်တောင့်သက်သာ အရှိဆုံးနဲ့ လွတ်လွတ်လပ်လပ် Swing လွှဲနိုင်ဖို့ Weather-ready Premium Golf Wear တွေကို အမြဲပံ့ပိုးပေးတဲ့ Divot Club (DC Golf Myanmar) ကို အထူး ကျေးဇူးတင်ပါတယ်။

28/06/2026

Swing ဘယ်လောက်ကောင်းကောင်း မိုးတွင်း Tee Box မှာ Stance မှားတာနဲ့ အကုန်ပြီးပြီ!

မိုးရာသီမှာ အရိုက်များတဲ့ Tee Box တွေဆိုရင် ခြေချတဲ့နေရာက ချိုင့်နေပြီး၊ ဘောလုံးတင်တဲ့နေရာက မို့နေတတ်တယ်။ ဒီလို နေရာမညီတဲ့ အချိန်မျိုးမှာ "Swing အပြည့်၊ တုတ်အပြည့်" နဲ့ အားကုန်ကျုံးရိုက်လိုက်ရင် ခြေချော်ပြီး Green လွဲဖို့ (သို့) Top Shot ထိဖို့ ရာခိုင်နှုန်း အရမ်းများပါတယ်။ မိုးတွင်းမှာ Miss Green ဖြစ်တာနဲ့ ပြဿနာစပြီဆိုတာ ညီအစ်ကိုတို့ အသိဆုံးပါ။

မိုးရွာထဲ ကွင်းဆင်းတဲ့အခါ စိုစွတ်ပြီး ကပ်စေးစေးဖြစ်တာမျိုး မရှိဘဲ ပေါ့ပေါ့ပါးပါးနဲ့ ယုံကြည်မှုရှိရှိ Swing လွှဲချင်ရင်တော့ Divot Club (DC Golf Myanmar) က outfit လေးတွေက အတော်လေး အဆင်ပြေပါတယ်။ ညီအစ်ကိုတို့ လိုအပ်ရင် သွားရောက် ရွေးချယ်နိုင်ပါတယ်။

25/06/2026

Skill ဘယ်လောက်ကောင်းကောင်း၊ စိတ် (Emotion) ကို မထိန်းနိုင်ရင် ဂေါက်ကွင်းထဲမှာ အမြဲရှုံးနိမ့်နေမှာပါ။ ဂေါက်သီးရိုက်တဲ့အခါ Feeling ကောင်းတဲ့နေ့ဆို အကုန်လုံး အလုပ်ဖြစ်ပြီး Happy ဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ သတိထားရမှာက... "အရမ်းပျော်လွန်းရင်လည်း မရပါဘူး"။ ဒေါသထွက်တာက Swing ကို တိုက်ရိုက်ဖျက်ဆီးသလို၊ အလွန်အကျွံ ပျော်ရွှင်စိတ်လှုပ်ရှားနေတာကလည်း ခန္ဓာကိုယ်ရဲ့ Tempo နဲ့ Rhythm ကို ပျက်စေပါတယ်။

ရိုက်ချက် တစ်ချက်ချင်းစီအပေါ်မှာ Feeling တွေ အရမ်းမထားပါနဲ့။ ကောင်းရင်လည်း ခေါင်းညိတ်လက်ခံလိုက်ပါ၊ ပျက်သွားရင်လည်း ဒေါသမထွက်ပါနဲ့။ ကိုယ့်စိတ်ကို အမြဲတမ်း "တစ်သမတ်တည်း (Neutral)" ဖြစ်နေအောင် ထိန်းထားပါ။ ကိုယ့်စိတ်ကို ကိုယ်ထိန်းနိုင်တာက ဂေါက်သီးမှာ အကြီးမားဆုံး Improvement ပါပဲ။

Mental Game ကို အပြည့်အဝ အာရုံစိုက်နိုင်ဖို့အတွက် အကောင်းဆုံး Premium Outfit တွေကို ပံ့ပိုးပေးတဲ့ Divot Club (DC Golf Myanmar) ကို အထူး ကျေးဇူးတင်ပါတယ်။

15/06/2026

Iron 9 နဲ့ Iron 5 ကို ဘောလုံး တစ်နေရာတည်းထားပြီး ရိုက်နေတုန်းပဲလား? ဂေါက်သီးရိုက်တတ်ပြီးသား Player အများစုတောင် မကြာခဏ မှားနေတတ်တဲ့ အချက်ကတော့ တုတ် (Club) အတို၊ အရှည် ပြောင်းသွားပေမယ့် Ball Position (ဘောလုံးထားတဲ့နေရာ) ကို မပြောင်းဘဲ တစ်နေရာတည်းမှာပဲ ထားရိုက်နေတာပါပဲ။ တုတ်အရှည်အပေါ် မူတည်ပြီး Swing Arc (စက်ဝိုင်း)၊ Attack Angle နဲ့ Swing Plane တွေက အကုန်ပြောင်းသွားပါတယ်။ ဒါကြောင့် Club တိုင်းမှာ ကိုယ်ပိုင် Ball Position ဆိုတာ ရှိပါတယ်။

Long Iron ကို Short Iron လို Center မှာထားပြီး အပေါ်ကနေ ဖိရိုက်ရင် မြေကြီးကို အရင်ထိပြီး Chunk (နောက်ပိတ်) ဖြစ်သွားမှာဖြစ်သလို၊ အခန့်မသင့်ရင် ဒဏ်ရာ (Injury) တောင် ရသွားနိုင်ပါတယ်။ Long Iron တွေဟာ မြက်ကို ပါးပါးလေး ဖြတ်သွားတဲ့ "Sweeping Action" ဆန်ဆန် ရိုက်ရတာပါ။ Club တစ်ချောင်းချင်းစီရဲ့ ကိုယ်ပိုင် "Swing Center" ကို ရှာတွေ့သွားပြီ ဆိုရင်တော့ ဂေါက်သီးကို ပိုပြီး ကျကျနန ရိုက်တတ်လာပါလိမ့်မယ်!

ကွင်းထဲမှာ ယုံကြည်မှုအပြည့်နဲ့ ကိုယ့်ရဲ့ Game ကိုပဲ အာရုံစိုက်နိုင်ဖို့ တကယ့်တန်ဖိုးရှိတဲ့ Quality Golf Wear တွေကို အမြဲပံ့ပိုးပေးတဲ့ Divot Club (DC Golf Myanmar) ကို အထူး ကျေးဇူးတင်ပါတယ်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Divot Club posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Nearby shops