Pann Satt Lann Books

Pann Satt Lann Books စာဖတ်ပါ... အနာဂတ်ကို ယုံကြည်ပါ Get Pann Satt Lann App in Goolge Play Store.
(2246)

❝ ဈာန်ဝင်စားပြီးလုပ်နေတဲ့ ဘ၀ဟာဘယ်ရှုထောင့်ကပဲကြည့်ကြည့်ကောင်းကောင်းမွန်မွန် ဖြတ်သန်းနေတဲ့ဘ၀တစ်ခုပါပဲ။ ❞ 🤍 Quote for Your...
15/08/2026

❝ ဈာန်ဝင်စားပြီးလုပ်နေတဲ့ ဘ၀ဟာ
ဘယ်ရှုထောင့်ကပဲကြည့်ကြည့်
ကောင်းကောင်းမွန်မွန် ဖြတ်သန်းနေတဲ့
ဘ၀တစ်ခုပါပဲ။ ❞

🤍 Quote for Your Soul

#စိတ်နှစ်လုပ်
#မောင်သန်း

#စာဖတ်ပါ_အနာဂတ်ကိုယုံကြည်ပါ
#ပန်းဆက်လမ်း

💗 လူတစ်ယောက်ကို ချစ်ခြင်းဟာ ဘယ်လောက်အထိ နူးညံ့ပြီး ဘယ်လောက်အထိ နာကျင်နိုင်သလဲ… - ဝတ္ထုရှည် ရသကောင်းကောင်းကို ခံစားချင်သူ...
15/08/2026

💗 လူတစ်ယောက်ကို ချစ်ခြင်းဟာ ဘယ်လောက်အထိ နူးညံ့ပြီး ဘယ်လောက်အထိ နာကျင်နိုင်သလဲ…

- ဝတ္ထုရှည် ရသကောင်းကောင်းကို ခံစားချင်သူများ၊
နယ်မြို့လေးရဲ့ အငွေ့အသက်ကို မြတ်နိုးသူများ အတွက်
စာဖတ်သူတို့ရဲ့ စိတ်နှလုံးကို နွေးထွေးဆွတ်ပျံ့စေမယ့်
ရသသစ်တစ်မျိုးကို ပေးစွမ်းမှာ အမှန်ပါပဲ။

#ဆဋ္ဌမနံရိုးပေါ်မှာပွင့်တဲ့စံပယ်
🖌 ခမ်ဆာ
💸 𝟏𝟓,𝟎𝟎𝟎 𝐤𝐬 (𝟏𝟖𝟒 𝐩𝐚𝐠𝐞𝐬)
🌐 www.pannsattlann.com/product/sapal/
➖➖➖➖

𝐁𝐨𝐨𝐤 𝐒𝐮𝐦𝐦𝐚𝐫𝐲

▸နယ်မြို့လေးတမြို့က ဆေးရုံတခုမှာ အလွဲချော်များတဲ့ တခြူဆိုတဲ့ သူနာပြုကောင်လေးကို ကာကွယ်ပေးသော မဟုတ်မခံ ထက်မြက်တဲ့ ဆရာဝန်မလေး ညိုနွဲ့၊ တခြူဘာလုပ်လုပ် အကောင်းမြင် ဂရုစိုက်ပေး ချစ်ပေးတတ်တဲ့ တခြူရဲ့ ချစ်သူ ပုန်းညက်ဥဆိုတဲ့ ပအိုဝ့်တိုင်းရင်းသူလေး၊ သုံးပွင့်ဆိုင် ကြည်နူးဆွတ်ပျံ့ ကြေကွဲစရာ ဇာတ်လမ်းပေမယ့် သမရိုးကျဇာတ်လမ်းမဟုတ်ပါ။ နယ်မြို့လေးရဲ့ ချစ်စရာကောင်းသော ရိုးရာဓလေ့၊ ရိုးသားနှစ်လိုဖွယ်သော လူနေမှုစရိုက်၊ ဘားအံမြို့ရဲ့ လှပတဲ့ရှုခင်း၊ ခက်ခဲကြိုးပမ်းရသောဘဝတွေကို စာအုပ်ထဲမှာ ဖတ်ရှုခံစားရမှာဖြစ်ပါတယ်။

▸ ပထမဆုံးစာအုပ်ဖြစ်သော “ပြစ်မှုမြောက် မြက်ခင်းစိမ်းများ တိမ်များ”စာအုပ်ဖြင့် ပညာရှင်များ၊စာဖတ်ပရိသတ်များရဲ့ အားပေးလက်ခံမှုကိုရရှိထားတဲ့ ဆရာခမ်ဆာရဲ့ ဒုတိယမြောက်စာအုပ်… ဝတ္ထုရှည် ရသစာ​ပေအသစ်ကို ခံစားလိုသူတွေအတွက် ကောင်းမွန်သောရသအသစ်ကိုပေးစွမ်းနိုင်မယ့်စာအုပ်ဖြစ်ပါတယ်။

➖➖➖➖

💛 ပန်းဆက်လမ်းမှ စာအုပ်များကို...
✅ Online Order
Website, Messenger သို့မဟုတ်
📞 09 889003011 / 09 889003022 မှ အိမ်အရောက်မှာယူနိုင်ပါတယ်။
✅ Offline Order
အမှတ် (၄၅၄)၊ မြင်တော်သာလမ်း၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့ရှိ ပန်းဆက်လမ်း စာအုပ်တိုက် တွင်လည်း ဝယ်ယူနိုင်ပါတယ်။
✅ Overseas Order
ပြည်ပနိုင်ငံပေါင်း (၁၀၀) ကျော်သို့ ပြည်တွင်းထုတ်စာအုပ်စျေးနှုန်းအတိုင်း ပို့ဆောင်ပေးပါတယ်။
✅ Distributor Order
ကိုယ်စားလှယ်များနှင့် စာကြည့်တိုက်များအတွက်လည်း Commission နှုန်းထားဖြင့် မှာယူနိုင်ပါတယ်။

ရွှင်သာချမ်းမြေ့ကြပါစေ💗
#ဆဋ္ဌမနံရိုးပေါ်မှာပွင့်တဲ့စံပယ်
#ခမ်ဆာ
#ပန်းဆက်လမ်း

📚 ဒီတစ်ပတ် ဘာစာအုပ်အသစ်တွေ ထွက်လာလဲ?💓 𝑨𝒖𝒈𝒖𝒔𝒕 (𝟐𝒏𝒅 𝑾𝒆𝒆𝒌) 𝑵𝒆𝒘 𝑹𝒆𝒍𝒆𝒂𝒔𝒆 𝑩𝒐𝒐𝒌𝒔တစ်ပတ်တာအတွင်း အသစ်ထွက်စာအုပ်တွေထဲက...🌟 ပန်းဆက်...
15/08/2026

📚 ဒီတစ်ပတ် ဘာစာအုပ်အသစ်တွေ ထွက်လာလဲ?
💓 𝑨𝒖𝒈𝒖𝒔𝒕 (𝟐𝒏𝒅 𝑾𝒆𝒆𝒌) 𝑵𝒆𝒘 𝑹𝒆𝒍𝒆𝒂𝒔𝒆 𝑩𝒐𝒐𝒌𝒔
တစ်ပတ်တာအတွင်း အသစ်ထွက်စာအုပ်တွေထဲက...
🌟 ပန်းဆက်လမ်းက ဖတ်သင့်တယ်လို့ Recommend ပေးချင်တဲ့ စာအုပ် (၃) အုပ်
━━━━━━━━━━━━━━

① #အတ္တကို ကျော်လွန်၍ (Beyond the Ego)
🖌 ZIN (INNER LIGHT)
ကိုယ့်အကြောင်း ကိုယ် အမှန်လို့ ဆုပ်ကိုင်ထားတဲ့ အယူအဆအမှားတွေ (Ego) က ကိုယ့်ဘဝကို အမှန်အတိုင်း မမြင်နိုင်အောင် ဖုံးကွယ်ထားတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကန့်သတ်ထားမိတဲ့ အတွေးတွေ၊ ကိုယ်တိုင် သတိမထားမိဘဲ ဆုပ်ကိုင်ထားတဲ့ အဲဒီယုံကြည်ချက်တွေကို ပြေလျော့သွားစေပြီး စစ်မှန်တဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်တွေ့ဆုံချင်သူများ မဖြစ်မနေ ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။

━━━━━━━━━━━━━━

② #မရဲတရဲဘာဝယ်မလဲရှင့်
🖌 နုနုရည်အင်းဝ
ဆရာမနုနုရည်အင်းဝ လွန်ခဲ့သော နှစ် ၄၀ က ပထမဆုံး ရေးဖွဲ့ခဲ့သည့် အညာမြို့ကလေးဆီမှ အနီးဝန်းကျင် ကျေးလက်တောရွာဈေးလေးများသို့ ဈေးရောင်းထွက်သွားသည့် တောဈေးသည်များ၏ ဘဝနောက်ခံ လုံးချင်းဝတ္ထု ဖြစ်ပါသည်။ ၁၉၈၀ ဝန်းကျင် ရာသီမရွေး ပင်ပန်းဆင်းရဲစွာ ဈေးရောင်းထွက်ရသည့် တောဈေးသည်မလေး အေးစို၏ ဘဝအမောများနှင့် ခေတ်ပြိုင် စီးပွားရေး ကျပ်တည်းမှုကို သနားစာနာဖွယ် ဖတ်ရမှာပါ။

━━━━━━━━━━━━━━

③ #အင်တာနက်မရှိခင်က ငါတို့ ဘယ်လိုနေခဲ့ကြလဲ
🖌 ထက်ထက်တင်ဇာ
အင်တာနက်ကြောင့် အရာရာ လွယ်ကူလာတာ မှန်ပေမဲ့… ကိုယ်တို့ ဘာတွေများ ဆုံးရှုံးသွားခဲ့ရပြီလဲ…?”
Screen ပေါ်က ဆူညံသံတွေ၊ နည်းပညာစွဲလမ်းမှုတွေကို လျှော့ချပြီး ပစ္စုပ္ပန်မှာ ငြိမ်းချမ်းစွာ နေထိုင်နည်းနဲ့ အတိတ်ရဲ့ သုခတွေကို ပြန်လည် ခံစားလိုသူများ မဖြစ်မနေ ဆောင်ထားသင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။

━━━━━━━━━━━━━━

📖 ဒီအပတ် အသစ်ထွက်/ပြန်ထွက် စာအုပ်တွေထဲမှာ
ဘယ်စာအုပ်ကို အရင်ဖတ်ချင်ဆုံးလဲ?
Comment မှာ ပြောခဲ့ပေးပါဦး။

🌐 အသစ်ထွက်စာအုပ်အားလုံးကို ပန်းဆက်လမ်း Website မှာ တစ်နေရာတည်း စုစည်းထားပါတယ်။ စာအုပ်တစ်အုပ်ချင်းစီရဲ့ မျက်နှာဖုံး၊ စာညွှန်းနဲ့ အသေးစိတ်အချက်အလက်တွေကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ www.pannsattlann.com/product-category/new-release/

ရွှင်သာချမ်းမြေ့ကြပါစေ❤️

" ယုံကြည်ချက်က ဘာနဲ့တူလဲဆိုတော့ သဲကန္တာရထဲက ရေသန့် တစ်ဘူးနဲ့ တူတယ်ဘယ်လောက်ပဲ သေမလို ရှင်မလို ဖြစ်နေပါစေရေတစ်ဘူး ရှိနေသေး...
14/08/2026

" ယုံကြည်ချက်က ဘာနဲ့တူလဲဆိုတော့
သဲကန္တာရထဲက ရေသန့် တစ်ဘူးနဲ့ တူတယ်
ဘယ်လောက်ပဲ သေမလို ရှင်မလို ဖြစ်နေပါစေ
ရေတစ်ဘူး ရှိနေသေးတယ်ဆိုတဲ့စိတ်နဲ့
အသက်ဆက် ခွန်အား ရှိနေသလိုပါပဲ.... "

💙 Quote for Your Soul

#ငါ့အတွက်ငါရှိတယ်
#လင်းရောင်စင်

#စာဖတ်ပါ_အနာဂတ်ကိုယုံကြည်ပါ
#ပန်းဆက်လမ်း

📱 “အင်တာနက်ကြောင့် အရာရာ လွယ်ကူလာတာ မှန်ပေမဲ့… ယ်တို့ ဘာတွေများ ဆုံးရှုံးသွားခဲ့ရပြီလဲ…?” ◽ Screen ပေါ်က ဆူညံသံတွေ၊ နည်း...
14/08/2026

📱 “အင်တာနက်ကြောင့် အရာရာ လွယ်ကူလာတာ မှန်ပေမဲ့…
ယ်တို့ ဘာတွေများ ဆုံးရှုံးသွားခဲ့ရပြီလဲ…?”

◽ Screen ပေါ်က ဆူညံသံတွေ၊ နည်းပညာစွဲလမ်းမှုတွေကို
လျှော့ချပြီး ပစ္စုပ္ပန်မှာ ငြိမ်းချမ်းစွာ နေထိုင်နည်းနဲ့
အတိတ်ရဲ့ သုခတွေကို ပြန်လည် ခံစားလိုသူများ
မဖြစ်မနေ ဆောင်ထားသင့်တဲ့ စာအုပ်ကောင်းတစ်အုပ်...

#အင်တာနက်မရှိခင်က_ငါတို့ဘယ်လိုနေခဲ့ကြလဲ
🖌 ထက်ထက်တင်ဇာ
💸 𝟐𝟒,𝟎𝟎𝟎 𝐤𝐬 (𝟑𝟓𝟏 𝐩𝐚𝐠𝐞𝐬)
🌐 www.pannsattlann.com/product/internet/
➖➖➖➖

𝐁𝐨𝐨𝐤 𝐒𝐮𝐦𝐦𝐚𝐫𝐲

▸အင်တာနက်ကြောင့် အရာရာ လွယ်ကူလာတာ ဟုတ်ပေမဲ့ ဘာတွေ ဆုံးရှုံးသွားလဲဆိုတာ တွေးဖူးလား…

▸ အခုခေတ်မှာ “ပျင်းတယ်” ဆိုတဲ့ ခံစားချက်ကိုတောင် မေ့သွားကြပြီ။ ပျင်းတာနဲ့ ဖုန်းကောက်ကြည့်လိုက်ကြတာပဲ မဟုတ်လား။ ဒါပေမဲ့ “ပျင်းရိခြင်း” နဲ့ “တစ်ယောက်တည်း အေးအေးဆေးဆေး တွေးတောခြင်း” ကနေ ထွက်လာတတ်တဲ့ တီထွင်ဖန်တီးနိုင်စွမ်းတွေကိုပါ အင်တာနက်က ဝါးမြိုသွားခဲ့ပြီဆိုတာ သတိထားမိကြရဲ့လား…

▸ ဒီစာအုပ်က နည်းပညာကို မျက်စိမှိတ် အပြစ်ပြောနေတဲ့ စာအုပ်မဟုတ်ပါဘူး။ အင်တာနက်နောက်ကွယ်မှာ သတိမထားမိဘဲ ပျောက်ကွယ်သွားတဲ့ နေ့စဉ်လူမှုဘဝ အလေ့အထလေးတွေကို ဟာသနှောပြီး ရှုထောင့်စုံကနေ သုံးသပ်ပြထားတဲ့ ရသစုံ အက်ဆေး (၁၀၀) စုစည်းမှုဖြစ်ပါတယ်။
ဒီစာအုပ်မှာ ဘာတွေအကြောင်း တွေ့ရမလဲ?

▸ စမတ်ဖုန်းတွေ မပေါ်ခင်တုန်းက ကိုယ်တို့ ဖြတ်သန်းခဲ့ရတဲ့ ရိုးရှင်းတဲ့ ကမ္ဘာငယ်လေးအကြောင်း…
အွန်လိုင်း Chat Box တွေ မဟုတ်တဲ့ လက်ရေးစာတွေ – စာလုံးတစ်လုံးချင်းစီမှာ အဓိပ္ပာယ်တွေ လေးနက်ခဲ့တဲ့ မွေးနေ့ဆုတောင်းကတ်ပြားလေးများနှင့် လက်ရေးစာတိုတွေ။

▸ Gallery ထဲက ဖိုင်တွေမဟုတ်တဲ့ ဓာတ်ပုံအယ်လ်ဘမ်တွေ – တစ်ပုံချင်းစီကို မြတ်မြတ်နိုးနိုး သိမ်းဆည်းခဲ့ရတဲ့ ဓာတ်ပြား၊ ကတ်ဆက်ခွေနဲ့ အမှတ်တရ ဓာတ်ပုံတွေ။

▸ Social Media မဟုတ်တဲ့ မျက်လုံးချင်းဆုံ စကားပြောခြင်း – စမတ်ဖုန်းမပါဘဲ လက်ဖက်ရည်ဆိုင်မှာ၊ မိသားစု ထမင်းဝိုင်းမှာ စိတ်နှစ်ပြီး စကားပြောခဲ့ကြတဲ့ စစ်မှန်သော လူမှုဆက်ဆံရေးတွေ။
Notification သံတွေ မရှိတဲ့ တိတ်ဆိတ်အေးချမ်းမှု – ပျင်းရိခြင်းကို ခံစားရင်း တီထွင်ဖန်တီးနိုင်စွမ်းတွေ ထွက်ပေါ်လာခဲ့တဲ့အချိန်များနှင့် ပြတင်းပေါက်အပြင်ဘက်ကို အေးဆေး ငေးကြည့်နိုင်ခဲ့သည့် စိတ်လွတ်လပ်မှုတွေ။

▸ ဘာကြောင့် ဖတ်သင့်လဲ?
နည်းပညာရဲ့ ကောင်းကျိုး/ဆိုးကျိုးကို ဝေဖန်ပိုင်းခြားနိုင်မယ် – အင်တာနက်ကြောင့် အရာရာ လွယ်ကူလာပေမဲ့ ငါးမိနစ်မျှတောင် မပျင်းနိုင်တော့ဘဲ အာရုံစိုက်နိုင်စွမ်းတွေ ဘယ်လို လျှော့နည်းသွားရလဲဆိုတာကို သတိပြုမိလာမယ်။

▸ ဖုန်း screen ရှေ့က ခွာပြီး နှလုံးသားချင်း နီးစပ်မှုကို ပြန်ရှာတွေ့မယ် – မိသားစု ထမင်းဝိုင်း၊ လက်ရေးစာများ၊ မျက်လုံးချင်းဆုံကြည့်ခြင်း စတဲ့ နွေးထွေးတဲ့ စစ်မှန်သော လူသားချင်း ဆက်ဆံရေးတွေကို ပြန်လည် မြတ်နိုးလာမယ်။

▸ အတိတ်ရဲ့ ရိုးရှင်းလှပတဲ့ အငွေ့အသက်ကို ပြန်ခံစားရမယ် – ကတ်ဆက်ခွေ၊ ဓာတ်ပုံအယ်လ်ဘမ်၊ သတင်းစာရနံ့နဲ့ ကြိုးဖုန်းခေါ်ဆိုမှုတွေလို အတိတ်က အမှတ်တရလေးတွေကို ရသစုံစုံနဲ့ ပြန်လည်လွမ်းမောရမယ်။

▸ အခန်းတိုလေးတွေမို့ ဖတ်ရတာ ပေါ့ပေါ့ပါးပါးနဲ့ စိတ်အပန်းပြေစေမယ် – အက်ဆေးအပုဒ်ရေ ၁၀၀ တောင် ပါတာမို့ ညအိပ်ခါနီးဖြစ်ဖြစ်၊ ကော်ဖီသောက်ရင်းဖြစ်ဖြစ် စိတ်ကြိုက် အေးဆေး ကောက်ဖတ်လို့ အရမ်းအဆင်ပြေမယ်။

▸ ဘဝအတွက် အသိအမြင်သစ်နဲ့ အေးချမ်းမှုကို ရရှိမယ်: Screen ပေါ်က ဆူညံသံတွေကြားထဲကနေ ရုန်းထွက်ပြီး “ပစ္စုပ္ပန်တည့်တည့်မှာ ရှိနေခြင်း” နဲ့ “တစ်ကိုယ်တည်း အေးချမ်းစွာ နေထိုင်ခြင်း” ရဲ့ တန်ဖိုးကို နားလည်လာမယ်။

▸ ၈၀၊ ၉၀ ခေတ်ကို လွမ်းတဲ့သူတွေ၊ အတိတ်ခေတ်အကြောင်း စူးစမ်းချင်တဲ့ လူငယ်တွေနဲ့ နည်းပညာစွဲလမ်းမှုကို လျှော့ချချင်တဲ့သူတိုင်း ဖတ်ကြည့်သင့်တဲ့ စာအုပ်ကောင်းဖြစ်ပါတယ်။

📚 ထက်ထက်တင်ဇာ စာအုပ်များ
🌐 www.pannsattlann.com/author-tag/htet-htet-tinzar/
➖➖➖➖

💛 ပန်းဆက်လမ်းမှ စာအုပ်များကို...
✅ Online Order
Website, Messenger သို့မဟုတ်
📞 09 889003011 / 09 889003022 မှ အိမ်အရောက်မှာယူနိုင်ပါတယ်။
✅ Offline Order
အမှတ် (၄၅၄)၊ မြင်တော်သာလမ်း၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့ရှိ ပန်းဆက်လမ်း စာအုပ်တိုက် တွင်လည်း ဝယ်ယူနိုင်ပါတယ်။
✅ Overseas Order
ပြည်ပနိုင်ငံပေါင်း (၁၀၀) ကျော်သို့ ပြည်တွင်းထုတ်စာအုပ်စျေးနှုန်းအတိုင်း ပို့ဆောင်ပေးပါတယ်။
✅ Distributor Order
ကိုယ်စားလှယ်များနှင့် စာကြည့်တိုက်များအတွက်လည်း Commission နှုန်းထားဖြင့် မှာယူနိုင်ပါတယ်။

ရွှင်သာချမ်းမြေ့ကြပါစေ💗
#အင်တာနက်မရှိခင်က_ငါတို့ဘယ်လိုနေခဲ့ကြလဲ
#ထက်ထက်တင်ဇာ
#ပန်းဆက်လမ်း

🖤 “အိမ်ဆိုတာ လုံခြုံရာတစ်ခု ဖြစ်သင့်ပေမဲ့… သိမ်မွေ့ခင် အတွက်တော့ နေ့တိုင်း ကြောက်ရွံ့နာကျင်နေရတဲ့ နေရာတစ်ခု ဖြစ်ခဲ့တယ်…”...
14/08/2026

🖤 “အိမ်ဆိုတာ လုံခြုံရာတစ်ခု ဖြစ်သင့်ပေမဲ့… သိမ်မွေ့ခင် အတွက်တော့ နေ့တိုင်း ကြောက်ရွံ့နာကျင်နေရတဲ့ နေရာတစ်ခု ဖြစ်ခဲ့တယ်…”

◽ တစ်ယောက်က လက်မလွှတ်နိုင်၊
တစ်ယောက်က မဝင်လာဝံ့၊
တစ်ယောက်ကတော့ အမြဲ လွတ်မြောက်ချင်ခဲ့တဲ့
ဒီသံသရာထဲမှာ…
သူတို့ သုံးယောက်လုံး အပျက်ပျက်နဲ့ နစ်မြုပ်သွားကြမလား?

📕 တိတ်ဆိတ်အရိပ်

❤️ ကြိုတင်မှာယူနိုင်ပါပြီ 𝐏𝐫𝐞 𝐎𝐫𝐝𝐞𝐫 𝐍𝐨𝐰!!!
🖌 မယ်စု
• စာအုပ်ထွက်မည့်ရက် - 𝟐𝟔.𝟖.𝟐𝟎𝟐𝟔
💸 𝟏𝟐,𝟎𝟎𝟎 𝐤𝐬 (𝟐𝟐𝟐 𝐩𝐚𝐠𝐞𝐬)
🌐 www.pannsattlann.com/product/ah-yake/
➖➖➖➖

𝐁𝐨𝐨𝐤 𝐒𝐮𝐦𝐦𝐚𝐫𝐲

✤ “မိန်းမတစ်ယောက်ကို တစ်သက်လုံးလက်မတွဲနိုင်ဘဲနဲ့ လက်ထပ်ရအောင် ကိုယ်က ရူးနေတဲ့ကောင်မှမဟုတ်ဘဲ”
#နေထွဋ်

✤ “သူတို့နှစ်ယောက်ကြားက အကွာအဝေးဟာ ခြေတစ်လှမ်းစာလေးပဲ ရှိတယ်။ ဒါပေမယ့် အဲဒီခြေလှမ်းတစ်လှမ်းရဲ့ နောက်မှာ စည်းမျဉ်းတစ်ခုနဲ့ လူ့အဖွဲ့အစည်းရဲ့ မျက်လုံးတွေက ရပ်ကြည့်နေခဲ့တယ်။ ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းထက်၊ မပြောဘဲ ထိန်းသိမ်းထားတဲ့ တိတ်ဆိတ်မှုက ပိုလေးနက်နေခဲ့တယ်”
#မင်းမြတ်ထင်

✤ “ကြုံလာသမျှ အားလုံးကို ရင်ဆိုင်ကြည့်ဖို့ ကြောက်စရာမလိုဘူးလို့ ကိုယ့်ကိုယ်ကိုယ် အားပေးနှစ်သိမ့်နေမိပေမဲ့ စေ့စေ့တွေးကြည့်လိုက်တော့… ခြောက်ကမ်းပါးဖျားမှာ”
#သိမ်မွေ့ခင်

▸ မိသားစုနဲ့ပတ်သတ်ပြီး ငယ်ဘဝ စိတ်ဒဏ်ရာတွေနဲ့ ကြီးပြင်းလာခဲ့တဲ့ နေထွဋ်…
တစ်ချိန်က သူကိုယ်တိုင် ခံစားခဲ့ရတဲ့ နာကျင်မှုတွေဟာ အရွယ်ရောက်လာတဲ့အခါ သူချစ်တဲ့အိမ်ထောင်ဖက်ဆီကို ပြန်လည်စီးဆင်းသွားခဲ့တယ်။

▸ အိမ်ဆိုတာ လုံခြုံရာတစ်ခု ဖြစ်သင့်ပေမဲ့…သိမ်မွေ့ခင်အတွက်တော့ နေ့တိုင်းကြောက်ရွံ့နာကျင်နေရတဲ့ နေရာတစ်ခု ဖြစ်နေခဲ့တယ်။

▸ သူ့ရဲ့ နာကျင်မှုတွေကို တိတ်တဆိတ်မြင်နေခဲ့သူကတော့ မင်းမြတ်ထင်…သူတို့နှစ်ယောက်ကြားမှာလူ့အဖွဲ့အစည်းရဲ့ စည်းမျဉ်းတွေ ရှိနေခဲ့တယ်။

• တစ်ယောက်က မလွှတ်နိုင်ဘူး။
• တစ်ယောက်က မဝင်လာဝံ့ဘူး။
• တစ်ယောက်ကတော့ အမြဲ လွတ်မြောက်ချင်ခဲ့တယ်။

အဆုံးမှာ—
• မင်းမြတ်ထင်က သိမ်မွေ့ခင်ကို ကယ်တင်သွားနိုင်မလား။
• ဒါမှမဟုတ် သူတို့သုံးယောက်လုံးဟာ အပျက်ပျက်နဲ့
• တဖြည်းဖြည်း နစ်မြုပ်သွားကြမလား။
▸ တိတ်ဆိတ်နေတဲ့ အိမ်တစ်လုံး၊ ကျိုးပဲ့နေတဲ့စိတ်နှလုံးသားတွေနဲ့ မပြောဖြစ်တဲ့ အချစ်တစ်ခုရဲ့ စိတ်ကမ္ဘာကို ဖွင့်လှစ်ပေးမယ့် Psycho Romance ဝတ္ထုတစ်ပုဒ်…

➖➖➖➖

💛 ပန်းဆက်လမ်းမှ စာအုပ်များကို...
✅ Online Order
Website, Messenger သို့မဟုတ်
📞 09 889003011 / 09 889003022 မှ အိမ်အရောက်မှာယူနိုင်ပါတယ်။
✅ Offline Order
အမှတ် (၄၅၂)၊ မြင်တော်သာလမ်း၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့ရှိ ပန်းဆက်လမ်း စာအုပ်တိုက် တွင်လည်း ဝယ်ယူနိုင်ပါတယ်။
✅ Overseas Order
ပြည်ပနိုင်ငံပေါင်း (၁၀၀) ကျော်သို့ ပြည်တွင်းထုတ်စာအုပ်စျေးနှုန်းအတိုင်း ပို့ဆောင်ပေးပါတယ်။
✅ Distributor Order
ကိုယ်စားလှယ်များနှင့် စာကြည့်တိုက်များအတွက်လည်း Commission နှုန်းထားဖြင့် မှာယူနိုင်ပါတယ်။

ရွှင်သာချမ်းမြေ့ကြပါစေ💗
#တိတ်ဆိတ်အရိပ်
#မယ်စု
#မြန်မာ​ဝတ္ထု
#ပန်းဆက်လမ်း

အချစ်ဆိုတာအရိပ်ကောင်းတယ် ။သူစိမ်းမဆန်ဘူးအနွေးထွေးဆုံးခံစားမှုကို ရစေတယ် ။အမြင့်မှာပဲ သီးသီးအနိမ့်မှာပဲ သီးသီးဘယ်ကိုင်းမှ...
13/08/2026

အချစ်ဆိုတာ
အရိပ်ကောင်းတယ် ။

သူစိမ်းမဆန်ဘူး
အနွေးထွေးဆုံးခံစားမှုကို ရစေတယ် ။

အမြင့်မှာပဲ သီးသီး
အနိမ့်မှာပဲ သီးသီး
ဘယ်ကိုင်းမှာပဲ သီးသီး
ဒီအပင်က အသီးမှန်သမျှ
အားလုံးချိုတယ် ။

#မိုသျှန်း
#နေ့စဉ်ကဗျာခဏတာ
#အချစ်ကဗျာ

❤️ အသက် ၁၆ နှစ်ကနေ ၂၈ နှစ်ကြား... ဘဝရဲ့ အရေးကြီးဆုံး အရွယ်မှာ သင့်ကို လမ်းပြပေးမယ့် စာအုပ် (၃၀)   📚 𝐄𝐝𝐢𝐭𝐨𝐫 𝐂𝐡𝐨𝐢𝐜𝐞 𝐁𝐨𝐨𝐤𝐬 ...
13/08/2026

❤️ အသက် ၁၆ နှစ်ကနေ ၂၈ နှစ်ကြား... ဘဝရဲ့ အရေးကြီးဆုံး အရွယ်မှာ သင့်ကို လမ်းပြပေးမယ့် စာအုပ် (၃၀)
📚 𝐄𝐝𝐢𝐭𝐨𝐫 𝐂𝐡𝐨𝐢𝐜𝐞 𝐁𝐨𝐨𝐤𝐬 𝐟𝐨𝐫 𝐘𝐎𝐔𝐓𝐇 (𝐀𝐮𝐠𝐮𝐬𝐭)

လူငယ်ဘဝဆိုတာ အိပ်မက်တွေ ပုံဖော်ရတဲ့ အရွယ်၊
စိန်ခေါ်မှုတွေ ကြုံရတဲ့ အရွယ်နဲ့ ဘဝအတွက်
အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချရတဲ့ အချိန်ပါ။

ဒီလိုအချိန်မှာ စာအုပ်ကောင်းတစ်အုပ်ကို ဖတ်လိုက်ရတာဟာ
ဘဝလမ်းကြောင်းတစ်ခုလုံးကို ပိုမိုရှင်းလင်းသွားစေနိုင်ပါတယ်။
ဒါကြောင့် အသက် ၁၆ မှ ၂၈ နှစ်ကြား လူငယ်တွေရဲ့ စိတ်ဓာတ်၊
အတွေးအခေါ်၊ အလုပ်အကိုင်နဲ့ ဘဝအမြင်တွေကို တိုးတက်စေမယ့်
စာအုပ်ကောင်း (၃၀) ကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

❤️ စာအုပ်တစ်အုပ်ချင်းစီအကြောင်းကို
ပုံတစ်ပုံချင်းစီမှာ ဖတ်ရှုနိုင်ပါတယ်



.com
#ပန်းဆက်လမ်း
#စာဖတ်ပါ_အနာဂတ်ကိုယုံကြည်ပါ

🌐 www.pannsattlann.com/product-category/young-reader/

🎯 မိဘတိုင်းဟာ သားသမီးတွေအတွက် ပစ္စည်းဥစ္စာတွေ အမွေချန်ထားပေးလိုကြပေမဲ့၊ စစ်မှန်တဲ့ ဘဝအမွေလက်ဆောင်ကတော့ “ငွေကြေးဆိုင်ရာ အ...
13/08/2026

🎯 မိဘတိုင်းဟာ သားသမီးတွေအတွက်
ပစ္စည်းဥစ္စာတွေ အမွေချန်ထားပေးလိုကြပေမဲ့၊
စစ်မှန်တဲ့ ဘဝအမွေလက်ဆောင်ကတော့
“ငွေကြေးဆိုင်ရာ အသိပညာ” ပဲ ဖြစ်ပါတယ်။

◽ ကလေးရဲ့ အနာဂတ်အတွက် စိတ်ဓာတ်နဲ့ အသိပညာပိုင်းဆိုင်ရာ
ခိုင်မာတဲ့ အုတ်မြစ်တစ်ခု တည်ဆောက်ပေးချင်တဲ့ မိဘတိုင်း
မဖြစ်မနေ ဖတ်ထားသင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ပါ....။

#ကလေးများအတွက်ရင်းနှီးမြှုပ်နှံခြင်း(အသက် ၆နှစ်မှ ၁၂နှစ်အထိ)
🖌 နိုရာ
💸 𝟏𝟐,𝟎𝟎𝟎 𝐤𝐬 (𝟏𝟕𝟔 𝐩𝐚𝐠𝐞𝐬)
🌐 www.pannsattlann.com/product/yin-nie/
➖➖➖➖

𝐁𝐨𝐨𝐤 𝐒𝐮𝐦𝐦𝐚𝐫𝐲

▸ သင့်ကလေးကို အမွေပေးဖို့ ငွေတွေချန်ထားနိုင်ပါတယ်။ ဒါပေမဲ့ ငွေကို ဖန်တီးနိုင်တဲ့ အသိပညာကို သင်ပေးခဲ့မယ်ဆိုရင် ….

ဒီစာအုပ်ထဲမှာ
– အသက် ၆ နှစ်ကနေ ၁၂ နှစ်အရွယ် ကလေးတွေ ငွေအကြောင်း ဘယ်လို နားလည်သလဲနဲ့ သူတို့အဆင့်နဲ့ ကိုက်ညီအောင် ဘယ်လို ပြောပြမလဲ။
– နေ့စဉ် ဘဝအခြေအနေတွေကို သဘာဝကျကျ ငွေကြေးသင်ခန်းစာတွေအဖြစ် ဘယ်လို ပြောင်းလဲမလဲ။
– သင့်ကလေးနဲ့အတူ ကြီးထွားလာမဲ့ မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံမှု အကောင့်တွေကို ဘယ်လို ရွေးချယ်မလဲ။
– စတော့ဈေးကွက် အလုပ်လုပ်ပုံကို ခေါင်းမရှုပ်စေဘဲ ဘယ်လို နားလည်အောင် လုပ်မလဲ။
– ပထမဆုံး ရင်းနှီးမြှုပ်နှံမှုတွေကို ဘယ်လို ရွေးမလဲနဲ့ သင့်ကလေးကို ဘာကြောင့်လဲဆိုတာ ဘယ်လို ရှင်းပြမလဲ။
– နေ့စဉ် စိတ်ဖိစီးမှု မရှိဘဲ ကြွယ်ဝမှု တည်ဆောက်နိုင်ဖို့ ရင်းနှီးမြှုပ်နှံမှုတွေကို အလိုအလျောက် စနစ်နဲ့ ဘယ်လို လုပ်မလဲ။
– အသိတရားရှိတဲ့၊ သိချင်စိတ်ရှိတဲ့၊ တန်ဖိုးထားမှုတွေကို အခြေခံတဲ့ ကလေးတွေအဖြစ် ဘယ်လို ပျိုးထောင်မလဲ။
– အကြွေးဝယ်ကတ်၊ အကြွေးအကြောင်းနဲ့ အဲဒါကို ရိုးရိုးရှင်းရှင်း ဘယ်လို ရှင်းပြမလဲ
စတာတွေကို ငွေကြေးကျွမ်းကျင်ပညာရှင် Selina Li က ရှင်းရှင်းလင်းလင်း ဖော်ပြပေးထားပါတယ်။

ငွေကြေးကျွမ်းကျင်ပညာရှင် Selina Li ရေးသားထားတဲ့ ဒီစာအုပ်မှာတော့ အသက် ၆ နှစ်မှ ၁၂ နှစ်အရွယ် ကလေးများအတွက် ငွေကြေးစီမံခန့်ခွဲမှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စတော့ဈေးကွက် အလုပ်လုပ်ပုံများကို ရိုးရှင်းစွာ သင်ကြားပေးကာ အသိတရားရှိသော ကလေးများအဖြစ် ပျိုးထောင်နိုင်ရန် မိဘများအတွက် လက်တွေ့ကျကျ လမ်းညွှန်ပေးထားသည့် စာအုပ်ဖြစ်သည်။

📚 နိုရာ စာအုပ်များ
🌐 www.pannsattlann.com/author-tag/nora/
➖➖➖➖

💛 ပန်းဆက်လမ်းမှ စာအုပ်များကို...
✅ Online Order
Website, Messenger သို့မဟုတ်
📞 09 889003011 / 09 889003022 မှ အိမ်အရောက်မှာယူနိုင်ပါတယ်။
✅ Offline Order
အမှတ် (၄၅၄)၊ မြင်တော်သာလမ်း၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့ရှိ ပန်းဆက်လမ်း စာအုပ်တိုက် တွင်လည်း ဝယ်ယူနိုင်ပါတယ်။
✅ Overseas Order
ပြည်ပနိုင်ငံပေါင်း (၁၀၀) ကျော်သို့ ပြည်တွင်းထုတ်စာအုပ်စျေးနှုန်းအတိုင်း ပို့ဆောင်ပေးပါတယ်။
✅ Distributor Order
ကိုယ်စားလှယ်များနှင့် စာကြည့်တိုက်များအတွက်လည်း Commission နှုန်းထားဖြင့် မှာယူနိုင်ပါတယ်။

ရွှင်သာချမ်းမြေ့ကြပါစေ💗
#ကလေးများအတွက်ရင်းနှီးမြှုပ်နှံခြင်း
#မိဘဆရာလက်စွဲ
#စာအုပ်စာပေ
#ပန်းဆက်လမ်း

လူမှုရေးရာ ကြွယ်၀ချမ်းသာမှု===ဘ၀ဟာ မှန်တစ်ချပ်လိုပဲ ကွဲအက်လွယ်ပါတယ်။ဒါပေမဲ့ ဘယ်လောက်ပဲ ကွဲအက်လွယ်ပါစေနေ့ရက်တိုင်း ဘယ်လို...
12/08/2026

လူမှုရေးရာ ကြွယ်၀ချမ်းသာမှု
===
ဘ၀ဟာ မှန်တစ်ချပ်လိုပဲ ကွဲအက်လွယ်ပါတယ်။
ဒါပေမဲ့ ဘယ်လောက်ပဲ ကွဲအက်လွယ်ပါစေ
နေ့ရက်တိုင်း ဘယ်လိုရှင်သန်မလဲဆိုတဲ့
ရွေးချယ်ပိုင်ခွင့် ကျွန်တော်တို့
တစ်ယောက်ချင်းစီတိုင်းမှာ ရှိတယ်။

ဘ၀ရဲ့လမ်းမှာ
သင့်အတွက် ရွေးချယ်စရာတွေ
အများကြီး ရှိပါတယ်။

ဒါပေမဲ့ ကျွန်တော်တို့ လုပ်ရမယ့်
အရေးကြီးဆုံးရွေးချယ်မှုကတော့
ကြမ်းတမ်းခက်ခဲတဲ့ သင့်ဘ၀လမ်းမှာ
သင်နဲ့အတူ လျှောက်ဖို့ ဘယ်သူ့ကို
သင်ရွေးချယ်မလဲ။

သင့်ရဲ့စွမ်းအား၊ သင့်ရဲ့ ချစ်ခြင်းမေတ္တာနဲ့
သင့်ရဲ့ လေးစားမှုကို ပေးအပ်ဖို့
ဘယ်သူ့ကို သင်ရွေးချယ်မလဲ။
သင့်ရဲ့ ထိတ်လန့်ကြောက်ရွံ့စရာကောင်းတဲ့
ဘ၀အချိန်တွေကို ဘယ်သူနဲ့အတူ
ဖြတ်သန်းဖို့ သင်ရွေးချယ်မလဲ။

သင့်ရဲ့ကျန်းမာရေး၊ ပျော်ရွှင်ရေးနဲ့
စိတ်ကျေနပ် ဝမ်းမြောက်ရေးအတွက်
သင်ရှင်သန်လှုပ်ရှားဖို့ အချိတ်အဆက်တွေ
လိုအပ်တယ်။

လူမှုရေးရာကြွယ်၀ချမ်းသာတဲ့ ဘ၀တစ်ခုကို
သင်တည်ဆောက်ထားဖို့ လိုအပ်ပါတယ်။

🤍 Quote for Your Soul

#ချမ်းသာငါးဖြာ
#စောဒေးဗစ်

#စာဖတ်ပါ_အနာဂတ်ကိုယုံကြည်ပါ
#ပန်းဆက်လမ်း

Address

No. 454, Myin Taw Thar Road, Tharketa Tsp
Yangon
11231

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30
Sunday 09:00 - 17:30

Telephone

+959889003011

Alerts

Be the first to know and let us send you an email when Pann Satt Lann Books posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pann Satt Lann Books:

Shortcuts

Share

Category