Fujinami ၀၉၆၉၉၇၉၈၂၉၅

Call Directions Contact the business

Fujinami ၀၉၆၉၉၇၉၈၂၉၅ USA supplement အစုံအလင် ဝယ်ယူနိုင်ပါတယ်

အရောင် နဲ့ လိုက်ပြီ ပါဝင် ပစ္စည်း ကွဲပြားပါတယ် တမျိုးကို ဟင်းသီးဟင်းရွက် ၉၆မျိုး မှ ၇၅ မျိုးပါဝင်ပါတယ် အဲဒါ ကိုသောက်ယင် ဝမ်းမှန်စေပြီ ကင်ဆာရောဂါအထိ ကာကွယ်ပါတယ်

Now Glycine powder 1LB and Now NAC 600mg 250capsules ပစ္စည်းရောက်ပါပြီနော်09755434612 Viber or Page messenger မှာ မေးမြန...
18/09/2026

Now Glycine powder 1LB and Now NAC 600mg 250capsules ပစ္စည်းရောက်ပါပြီနော်
09755434612 Viber or Page messenger မှာ မေးမြန်းပြီ ဝယ်ယူနိုင်ပါပြီ

ဝမ်းပျက်ဝမ်းလျော မဖြစ်အောင် ကြိုတင်ကာကွယ်ရန်နှင့် ဖြစ်နေစဉ် အကျိုးပြုပိုးလေးများ အူလမ်းကြောင်းမှာ ရှိနေစေရန် သောက်သုံးသင...
18/08/2026

ဝမ်းပျက်ဝမ်းလျော မဖြစ်အောင် ကြိုတင်ကာကွယ်ရန်နှင့် ဖြစ်နေစဉ် အကျိုးပြုပိုးလေးများ အူလမ်းကြောင်းမှာ ရှိနေစေရန် သောက်သုံးသင့်ပါတယ်။ 09755434612 Viber or page messenger တို့မှာမေးမြန်းပြီ ဝယ်ယူနိုင်ပါတယ်

🔸Lipoic acid(ALA) ၏ ကျန်းမာရေးအကျိုးကျေးဇူးများ-✨Lipoic acid(လိုက်ပိုရစ် အက်ဆစ်)ဆိုတာ အစွမ်းထက်တဲ့ antioxidant (အန်တီအော...
24/07/2026

🔸Lipoic acid(ALA) ၏ ကျန်းမာရေးအကျိုးကျေးဇူးများ-

✨Lipoic acid(လိုက်ပိုရစ် အက်ဆစ်)ဆိုတာ အစွမ်းထက်တဲ့ antioxidant (အန်တီအောက်ဆီဒန့်,ဓာတ်တိုးဆန့်ကျင်ပစ္စည်း)တစ်မျိုးဖြစ်ပါတယ်။နာတာရှည်ရောဂါအချို့မှာ အသုံးတည့်တဲ့ အာဟာရဓာတ်တစ်မျိုး ဖြစ်ပါတယ်။

✨အန်တီအောက်ဆီဒန့်တွေဟာ တစ်ခုနဲ့ တစ်ခုချိတ်ဆက်ပြီး အလုပ်လုပ်ရပါတယ်။Antioxidant network လို့ခေါ်ပါတယ်။ခြေလေးချောင်းထောက် စားပွဲတစ်ခုမှာ ခြေတစ်ချောင်းကျိုးသွားရင် အဲ့စားပွဲအသုံးမဝင်တော့သလို ကွန်ရက်မှာ ပါဝင်တဲ့ အန်တီအောက်ဆီဒန့်တွေဟာ တစ်ခုခုချို့တဲ့နေရင် လိုချင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးကို အပြည့်အဝမရနိုင်တော့ပါ။

✨ကွန်ရက်အနေနဲ့ အလုပ်လုပ်ဖို့ အန်တီအောက်ဆီဒန့် ၅ မျိုးလိုပါတယ်။Glutathione,CoQ10,Lipoic acid,ဗီတာမင် စီ နဲ့ ဗီတာမင် အီးတို့ပါ။ကွန်ရက်အနေနဲ့ ၅ မျိုးထဲ မပါပေမယ့် ဘေးကနေ ကူညီဝန်းရံ လုပ်ဆောင်တဲ့ အန်တီအောက်ဆီဒန့်တွေလည်း ရှိပါတယ်။ဥပမာ-ဆီလီနီယမ်၊ခရိုမီယမ်။

✨Lipoic acid ရဲ့ ထူးခြားချက်ကတော့ ရေမှာရော အဆီမှာပါပျော်ဝင်နိုင်တဲ့ ဂုဏ်သတ္တိပါ။ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တိုင်းဟာ နေ့စဥ်လှုပ်ရှားသွားလာမှုအတွက် စွမ်းအင်ထုတ်တဲ့နေရာမှာ Lipoic acid ကို အသုံးပြုရပါတယ်။အန်တီအောက်ဆီဒန့်တွေဟာ သူတို့ရဲ့ အလုပ်ဖြစ်တဲ့ လူကို ဒုက္ခပေးတဲ့ free radical တွေကို သုတ်သင်ရှင်းလင်းရပါတယ်။အဲ့လို သုတ်သင်ရှင်းလင်းပြီးရင် အခြားသော အန်တီအောက်ဆီဒန့်များ အနေနဲ့ နောက်တစ်ခါ အသစ်ပြန်ဖြစ်ပြီး အလုပ်ပြန်လုပ်နိုင်ဖို့ Lipoic acid ရဲ့ အကူညီယူရပါတယ်။Lipoic acid က ဗီတာမင် စီ နဲ့ ဗီတာမင် အီးတို့ကို အသစ်ပြန်ဖြစ်စေနိုင်ပါတယ်။

✨Lipoic acid ဟာ
-ဆီးချိုရောဂါမှာ အသုံးတည့်ပါတယ်၊စားလိုက်တဲ့ အစာထဲမှာပါတဲ့ အာဟာရတွေကို စွမ်းအင်အဖြစ် သုံးစွဲနိုင်အောင် ကူညီပေးလို့ပါ။
-အာရုံကြော ရောဂါများ၊ခြေလက်ထုံကျင်ခြင်းများ၊အသက်ကြီးလို့ ဖြစ်တဲ့ သတိမေ့ရောဂါတွေမှာ အသုံးတည့်တယ်လို့ ဆိုပါတယ်။
-အသည်းရဲ့ လုပ်ငန်းဆောင်တာများကို ကူညီပေးလို့ ကိုယ်အလေးချိန်ထိန်းညှိခြင်း၊ဝိတ်ချခြင်းနဲ့ အဆိပ်အတောက်များ ဖယ်ရှားသန့်စင်တဲ့ အာနိသင်လည်း ရှိပါတယ်။
-HIV/AIDS ရောဂါမှာလည်း အသုံးတည့်တယ်လို့ သုတေသနအချို့က ဆိုပါတယ်။

✨ပုံမှန်အားဖြင့် လိုအပ်တဲ့ Lipoic acid ကို ခန္ဓာကိုယ်က ထုတ်ပေးပေမယ့် ဆီးချိုရောဂါ၊အာရုံကြောရောဂါစတဲ့ နာတာရှည်လူနာတွေမှာ ဖြည့်စွက်သောက်သုံးပေးသင့်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

✨အစားအစာကနေလည်း ရရှိနိုင်ပါတယ်၊ဟင်းနုနွယ်၊ကွမ်းသီးဂေါ်ဖီထုပ်၊ပန်းဂေါ်ဖီစိမ်း၊အသား၊ကလီစာ စတာတွေမှာ ပါဝင်ပါတယ်။

✨အားဆေးအနေနဲ့ ဖြည့်စွက်သောက်သုံးမယ်ဆိုရင်တော့ တစ်နေ့ကို 300-600mg(၃၀၀ မှ ၆၀၀ မီလီဂရမ်) ထိ သောက်သုံးလို့ရပါတယ်။

✨အစားအစာထဲက သကြားဓာတ်ကို ဖြိုခွဲပြီး စွမ်းအင်ထုတ်တာမို့ ဆီးချိုလူနာတွေမှာ ဆီးချိုဆေးများနဲ့ တွဲဖက်သောက်သုံးရင် သကြားဓာတ်ကို ပိုမိုကျစေနိုင်လို့ ဆရာဝန်နဲ့ တိုင်ပင်သောက်သုံးသင့်ပါတယ်။

(ALA ရဲ့ ဓာတူဗေဒတည်ဆောက်ပုံအရ alpha lipoic acid လို့ ခေါ်သလို၊သဘာဝကရတဲ့ ပုံစံအတိုင်းထုတ်ယူထားတဲ့ ဆေးတွေကိုတော့ R-lipoic acid လို့ခေါ်ပါတယ်။)
*လေးစားစွာဖြင့်-
-ဒေါက်တာရဲပြည့်ဟိန်း

19/07/2026

ZINC အကြောင်း ပြည့်ပြည့်စုံစုံလေး

ခုံးကောင်၊ ရှပ်ကောင်၊ ခရု၊ ဂဏန်း၊ ကမာ၊ ကျောက်ပုဇွန်၊ အနီရောင်အသား (ဆိတ်၊ သိုး၊ ဝက်) မှာ ပါတယ်

Zinc က ဆဲလ် ကြီးထွားစေတယ်။ ဆဲလ် ပျက်စီးတာကို ပြုပြင်တယ်။ အစာချေစနစ် အထောက်အကူပြုတယ်၊ ခုခံစွမ်းအား မြင့်စေတယ်။ ဟိုမုန်းတွေ ထုတ်ဖို့ကူညီတယ်။ Anti inflammatory agent (ရောင်ရမ်းတာကို ဆန့်ကျင်သော ပစ္စည်း) လည်းဖြစ်တာကြောင့် နာတာရှည်ရောဂါတွေ၊ ကင်ဆာတွေ ကာကွယ်တယ်၊ နှလုံးကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။ Zinc က hormone ထိန်းညှိတာကြောင့် zinc မရှိရင် ဟိုမုန်းတွေ ကမောက်ကမ ဖြစ်ကုန်တတ်လို့ မျိုးမအောင်ခြင်းနဲ့ ဆီးချိုရောဂါတွေဖြစ်ဖို့ အခွင့်အလမ်းများပါတယ်။

လူကြီးတွေ Zinc မှန်မှန် သောက်ထားရင် အဆုတ်အအေးမိရောဂါ ဖြစ်နိုင်ခြေ အလွန် နည်းသွားပါတယ်

ZINC ချို့တဲ့ရင် ဆံပင်ကျွတ်မယ်၊ အရေပြားတွန့်မယ်၊ ခုခံအား ကျမယ်၊ အမြင်အာရုံ၊ အကြားအာရုံ၊ အရသာ ရသအာရုံ၊ လိင်စွမ်းဆောင်နိုင်မှု ကျဆင်းလာမယ်၊ အမြဲ ပင်ပန်း နွမ်းနယ်ပြီး ထိုင်းမှိုင်းနေတတ်ပါတယ်

ကလေးဘဝမှာ Zinc ချို့တဲ့ခဲ့ရင် အမျိုးသားများ လိင်အင်္ဂါ သေးငယ်ခြင်း၊ အမျိုးသမီးများ လိင်အင်္ဂါ၊ ရင်သား သေးငယ်ခြင်း ဖြစ်တတ်ပါတယ်၊ ကလေးတွေကို Zinc ပါတဲ့ အစာတွေ များများ ကျွေးသင့်ပါတယ်

Zinc က ခုခံအား တက်တယ်၊ အနံ့ပျောက်တာကို သက်သာစေတယ်ဆိုပြီး ဝယ်မရအောင် ပစ္စည်း ပြတ်သွားဖူးပါတယ်၊ အခုတော့ ပြန်ဝင်လာပါပြီ၊

လူကြီးတွေ တနေ့ကို 30mg မှ 50mg ထိ သောက်လေ့ရှိကြပါတယ်၊

ကလေးတွေက 5mg မှ 10mg အထိ သောက်လေ့ ရှိကြပါတယ်၊

Crd #ဖြည့်စွက်စာ တမျိုးချင်းအကြောင်း စာအုပ်

09755434612 (viber) or page messenger
တို့မှာ မေးမြန်းပြီ ဝယ်ယူနိုင်ပါတယ်။

04/07/2026
😍 magnesium အစုံပါတယ်နော်😍-Magnesium citrate -Magnesium succinate    complex -Magnesium taurate -Magnesium glycinate - M...
23/06/2026

😍 magnesium အစုံပါတယ်နော်😍
-Magnesium citrate
-Magnesium succinate complex
-Magnesium taurate
-Magnesium glycinate
- Magnesium malate
- B6
Seving size 2 tablets မှာ 420 mg ပါပါတယ်။
မနက် ၁ ၊ည၁ စားပြီသောက်ပေးပါ။

ဝမ်းချုပ်သူ ၊ ကြွက်တက်နေသူ၊လေ့ကျင့်ခန်းဆင်းနေသူ၊ အိပ်မပျော်သူ၊ အာရုံစူးစိုက်မရသူများ
အတွက်အဆင်ပြေတယ် ။
B6 လဲ သီးသန့်ထပ်မသောက် စရာမလိုပါ။

09755434612 Viber

21/06/2026

☘️☘️လည်ပင်းထဲမှာ တစ်စို့စို့ ဖြစ်တယ် ဝမ်းလဲချုပ်တယ် အစာစားပြီးရင် လဲ မအီမလည် ဖြစ်တယ် ဇက်ကြောတက်တယ် ဘာဖြစ်မှန်းမသိဘူး ခေါင်းတွေလဲ မကြည်ဘူး အဲလိုဖြစ်နေရင် digestive enzyme သောက်ကြည့်ပါ

💥💥စားချင့်ပြန်တတ်တဲ့ မိတ်ဆွေများ ( Probiotic / Digestive / magnesium glycinate) ထည့်သောက်ပေးပါ သက်သာ လာပါမယ် (လက်တွေ့ပါ )

☘️☘️စိတ်ရှုပ်ထွေး စိတ်တို ဒေါသထွက်ရင်လဲ အစာမကြေဖြစ်တတ် ပါတယ် အအေးမိရင်လဲ အစာမကြေဖြစ်တတ်ပါတယ် ဗိုက်ကို ပရုပ်ဆီလိမ်းပြီးရေနွေးအိတ်ကပ်ပေးပါ

☘️☘️လည်ပင်း တစ်စို့စို့ ဖြစ်တာဟာ သွိုက်ရွိုက်ကြောင့် ဖြစ်နိုင်သလို အစာမကြေလို့လဲ ဖြစ်တတ်ပါတယ်

☘️☘️Now တံဆိပ်ကလဲ အဆင်ပြေကြပါတယ် ဝမ်းလဲပျော့တယ် လေလဲ လည်တယ်
☘️☘️အစာမကြေတာ ရောဂါတွေရဲ့အစပါ သွိုင်းရွိုက်သမားတွေ ပိုသောက်သင့်ပါတယ်ရှင့် ☘️Probiotic ပါ ဖြည့်စွက်ပြီးသောက်ပေးရင် ပိုကောင်းပါတယ်ရှင့်
ကိုယ်နဲ့ အဆင်ပြေတဲ့ တံဆိပ် သောက်လို့ရပါတယ်
ထွေး က ဘာတံဆိပ်သောက်လဲ မေးရင် ၂ မျိုးစလုံး သောက်ပါတယ်ရှင့်

❤️❤️Digestive Enzymes❤️❤️

လူအတော်များများမှာ ရင်ပူ၊ လေတက်၊ အစာမကျေ ဖြစ်နေကြပါတယ်။

အဲ့လို ဖြစ်လာကြတဲ့အခါ များသောအားဖြင့် အစာအိမ်ထဲမှ အက်စစ် မထွက်အောင် ဆိုပြီး
Acid blockers မျိုးစုံကို ပေးလေ့ ရှိပါတယ်။

ခေတ္တ ခဏ သက်သာသွားသလို ရှိပေမဲ့ ပြန်ဖြစ်တာကြောင့် ဆေးကို ရပ်လို့ မရတတ်ကြပါ။

ပြန်ဖြစ်ရင်လဲ rebound effect က ပိုဆိုးတာကြောင့် ဆေးဖြတ်လို့ မရပဲ ရောဂါ သံသရာမှာ ချာချာ လည်နေကြပါတယ်။

အက်စစ် ချဆေးတွေဟာ FDA ထောက်ခံချက်အရ
လေးပတ်ကနေ ရှစ်ပတ် အထိပဲ သောက်သင့်ပါတယ်။

အက်စစ် မရှိရင် သိပ်နည်းနေရင် အစာချေဖို့ ဒုက္ခတွေ့နိုင်ပါတယ်။

အစာမကျေရင် ရောဂါ မျိုးစုံ ဖြစ်ပါပြီ၊ Leaky gut (အူယိုစိမ့်ခြင်း)၊ IBS (irritable bowl syndrome ) အစာအိမ်ရောဂါ ဖြစ်တာကလဲ အစာ မကျေလို့ပါ။

အထူးသဖြင့် နာတာရှည် ရောဂါမျိုးစုံထဲမှာ ပါနေတဲ့
autoimmune diseases တွေ ဖြစ်ပါတယ်။

thyroid gland ဖျက်ဆီး ခံကြရတယ် (Hashimoto Thyroiditis)၊ အသည်း ဖျက်ဆီး ခံရတတ်ပါတယ် (Autoimmune liver disease)၊ ကျီးပေါင်းရောဂါ၊ သမင်ဖြူ၊ ရာသီမမှန်၊ အချိန်မတိုင်မီ သွေးဆုံး၊ ကလေး မရနိုင်၊ သုတ် ပိုးကောင်ရေ နည်း၊ လုံးဝ မရှိ၊ ထိပ်ပြောင်၊ ချွေးထွက်တဲ့ ဂလင်း၊ တံတွေး ထွက်တဲ့ ဂလင်း၊ မျက်ရည် ထွက်တဲ့ ဂလင်းတွေ စိုစွတ်မှု မရှိ၊ ချောက်သွေ့ပြီး ရောဂါတွေ ဖြစ် (Sjogren’s syndrome)၊ ကျောက်ကပ်ရောဂါ (Autoimmune nephritis)

အဓိက ဖြစ်ကြောင်းက တစ်ခုတည်းပေမဲ့ ရောဂါ မျိုးစုံဟာ ဖြစ်တဲ့ နေရာပေါ် မူတည်ပြီး နာမည် အမျိုးမျိုးနဲ့ အထူးကု အမျိုးမျိုးဆီမှာ အကု ခံကြရပါတယ်။

All diseases begin in the gut. (ရောဂါတွေ အားလုံးဟာ အစာလမ်းကြောင်းက စတင်ဖြစ်တာပါတဲ့)။
ဝမ်းတလုံးကောင်း ခေါင်း မခဲ တဲ့၊

Digestive Enzymes (အစာချေ အင်ဇိုင်း) ကို ပုံမှန် သောက်ပေးရင် အဲဒီရောဂါတွေ ဖြစ်နိုင်ခြေ နည်းသွားမှာ ဖြစ်သလို ဖြစ်နေတဲ့ ရောဂါတွေလဲ သက်သာလာနိုင်ပါတယ်

Credit-To a better health

18/06/2026

ဖြည့်စွက်စာ အနှစ်ချုပ်

ဖြည့်စွက်စာများကို အင်္ဂလိပ်အက္ခရာစဉ်အတိုင်း A to Z အနှစ်ချုပ် ရေးပေးထားပါတယ်။

✅ A ( ဗိုက်တာမင် A ) ဆိုတာ ခန္ဓာကိုယ်အတွက်အရေးကြီးသော ဗိုက်တာမင်ဖြစ်ပြီး ကလေးတွေမှာ ဗိုက်တာမင် A ချို့တဲ့လျှင် ကြက်မျက်သင့်ခြင်း၊ ခဏခဏဖျားနာခြင်း နှင့် ကူးစက်ရောဂါတွေအဖြစ်များပါတယ်။ ညဘက်မမြင်ရတဲ့ရောဂါကို ကာကွယ်နိုင်တဲ့အပြင် အသက်ကြီးခြင်းကြောင့်ဖြစ်တဲ့ အမြင်အာရုံချို့တဲ့ခြင်းဖြစ်စဉ်နှေးသွားတတ်ပါတယ်။ ဝက်သက်ကြောင့် အသေအပျောက်နည်းတယ်ဆိုတဲ့ သုသေတနရှိပါတယ်။ ကိုယ်ဝန်ဆောင် မိခင်တွေ နှင့် ကလေးတွေမှာ ဗိုက်တာမင် A လုံလောက်ဖို့ အရေးပါပါတယ်။ ဒါပေမယ့် ဗိုက်တာမင် A ပါတဲ့ ဖြည့်စွက်စာ ကိုယ်ဝန်ဆောင်ချိန်မှာ မသောက်တာပိုကောင်းပါတယ်။ ဗိုက်တာမင် A အဆိပ်သင့်မှုတွေမှုတွေမှာ အသည်းထိခိုက်မှုတွေ၊ မွေးရာပါချို့ယွင်းချက်တွေ၊ အရိုးပါးတာတွေ ဖြစ်နိုင်ပါတယ်။ ဗိုက်တာမင် A လိုအပ်ချက်က အမျိုးသားအတွက် 900 mcg၊ အမျိုးသမီးအတွက် 700mcg နှင့် ဆယ်ကျော်သက်များအတွက် 300-600 mcg ဖြစ်ပါတယ်။ အစာစားပြီးသောက်ပါ။

✅ Apple c***r vinegar or ACV (ပန်းသီးရှာလကာရည်) မှာ ပိုးသတ်နိုင်စွမ်းရည် နှင့် ဓာတ်တိုးဆန့်ကျင်စွမ်းရည်ရှိပါတယ်။ ပန်းသီးရှာလကာရည်ရဲ့ အဓိက ပါဝင်ပစ္စည်းက acetic acid ဖြစ်ပါတယ်။ အော်ဂဲနစ်ဖြစ်ပြီး မစစ်ယူရသေးတဲ့ ပန်းသီးရှာလကာရည်မှာ mother ပါဝင်ပါတယ်။ ပန်းသီးရှာလကာရည်ရဲ့ mother မှာ ပရိုတိန်း၊အင်ဇိုင်း၊ နှင့် အကျိုးပြု ဘက်တီရီးယားအချို့ပါဝင်ပြီး နောက်ကျိတဲ့ အရည်ဖြစ်လာစေပါတယ်။ ရှာလကာရည်ကို လက်သည်းပိုးဝင်ခြင်း ကုသဖို့ အသုံးပြုပါတယ်။ အစားအစာကို ဖျက်စီးတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပြီး အစားအစာတွေကို အထားခံအောင် ပန်းသီးရှာလကာရည် အသုံးပြုနိုင်ပါတယ်။ အစာအိမ်အက်ဆစ်ကို များလာစေပြီး အစာလမ်းကြောင်းတစ်လျှောက်အစာချေခြင်း နှင့် အစာလှုပ်ရှားမှုကို ကူညီပါတယ်။ ခန္ဓာကိုယ်က သတ္တုဓာတ်စုပ်ယူမှုကို ကူညီပေးတယ်။ ပန်းသီးရှာလကာရည်သောက်ပေးခြင်းက ဗိုက်အဆီတွေကျစေတယ်ဆိုတဲ့ လေ့လာမှုရှိတယ်။ အစာမစားခင် ရေရောပြီး ပိုက်နဲ့ သောက်နိုင်ပါတယ်။

✅ Adrenal extract (အက်ဒရီနယ်ဂရင်း ဖြည့်စွက်စာ ) ကို တိရစ္ဆာန်တွေရဲ့ အက်ဒရီနယ် ဂရင်းက ထုတ်ယူပြီး ashwagandha ၊ ကိုရီးယား ဂျင်စင်း ၊ plant-based sterols ၊ ရှီးပဒီးတွေ နှင့် တွဲပြီး a-Drenal လို အက်ဒရီနယ်ဂရင်း အားဖြည့်ဖြည့်စွက်စာတွေအနေနှင့် ရောင်းပါတယ်။ Ashwagandha, က သိုင်းရွိုက်ဟိုမုန်းကို သဘာဝအတိုင်းထွက်လာစေပါတယ်။ ကိုရီးယား ဂျင်စင်းက reverse T3 (rT3) ပြောင်းလဲခြင်းကို တားဆီးပေးပြီး သိုင်းရွိုက်ဟိုမုန်း T3, T4 ကို မျှတစေပါတယ်။ Phytosterols က ခုခံစွမ်းအားကို ထိန်းညှိပေးတဲ့ အစွမ်းရှိပါတယ်။ ရှီးပဒီးက နာတာရှည် ချောင်းဆိုးရောဂါ၊ ရင်ကျပ်ရောဂါ၊ နှင့် အခြားသောလေပြွန်နှင့် ဆိုင်တဲ့ ရောဂါတွေမှာ သုံးပါတယ်။ မောပန်းနွမ်းနယ်မှု ရောဂါပိုးဒဏ်မခံနိုင်မှု၊ ဓာတ်မတည့်ခြင်းများ၊ ရင်ကြပ်ရောဂါ၊ နှင်းခူ၊ psoriasis ၊ အဆစ်ရောင်ရောဂါတွေဖြစ်သုံးတယ်ဆိုပါတယ်။ အော်တိုအင်မြူးရောဂါ၊ စိတ်ကျရောဂါ၊ သွေးပေါင်ကျခြင်း နှင့် သကြားဓာတ်လျော့နည်းခြင်းမှာလည်း သုံးနိုင်တယ်ဆိုပါတယ်။ ဆေးဖြတ်သူ နှင့်အရက်ဖြတ်သူတွေလည်း သုံးနိုင်တယ်ပြောပါတယ်။ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင် နှင့် ခုခံအားကျဆင်းသူများမသောက်သင့်ပါ။ ဆေးအညွှန်းတိုင်းသောက်ဖို့၊ တတ်ကျွမ်းသူညွှန်ကြားချက်အတိုင်းသောက်ဖို့ လိုပါမည်။

✅ Antioxidant Network - ကို CanPrev က ထုတ်လုပ်ပြီး ခုခံအားမြှင့်တင်ပေးသော ဆေးဖြစ်ပါတယ်။ နာမည်ကြီး NAC ( 100 mg ) လောက်ပါဝင်ပြီး R lipolic acid , CoQ10 , selenium စသည့် antioxidant စုံလင်အောင်ပါဝင်ပါတယ်။ အစားမစားခင် သို့မဟုတ် စားပြီး မိနစ် ၉၀ လောက်မှ သောက်ပေးတာ ပိုကောင်းပါတယ်။ တစ်နေ့ ၂ ကြိမ် သောက်ရပါမည်။

✅ Astaxanthin ဆိုတာ ပင်လယ်ရေမှော် နှင့် ပင်လယ် creatures တွေကရရှိတဲ့ carotenoid ရောင်ခြယ်တစ်မျိုးဖြစ်ပါတယ်။ မျက်လုံးကျန်းမာရေးကောင်းစေတယ်။ သွေးတွင်းအဆီချပေးတယ်ပြောတယ်။ အရေပြားကျန်းမာရေးကောင်းမွန်လာစေပြီး အရေးအကြောင်းများကို လျော့ချပေးတယ်။ အစက်အပြောက်တွေကို သေးသွားစေတယ်။ အရေပြားအစိုဓာတ်ကို ထိန်းသိမ်းပေးတယ်။ ခန္ဓာကိုယ်ရဲ့ကလပ်စည်းပျက်စီးခြင်းတွေကိုကာကွယ်နိုင်တယ်။ ကလပ်စည်း ပျက်စီးမှုဆိုးဝါးစွာဖြစ်စေတဲ့ ခုခံအားအလွန်အကျွံတုန့်ပြန်မှုကို လျော့ချထိန်းညှိပေးတယ်။

✅ B1 - ကို mega benfotiamine or benfotiamine နာမည်နဲ့ ရောင်းပါတယ်။ Benfotiamine ဆိုတာ အဆီမှာ အနည်းငယ်ပျော်ဝင်တဲ့ ဗိုက်တာမင် B1 ရဲ့ညီအစ်ကိုလို့ ဆိုပါတယ်။ Benfotiamine က ဆီးချိုနောက်ဆက်တွဲ ရောဂါတွေကိုကာကွယ်နိုင်တယ်ပြောပါတယ်။ ဒါကြောင့် ဆီးချိုရောဂါသည်တွေရဲ့ အာရုံကြော၊ ကျောက်ကပ်၊ မျက်လုံး၊ သွေးကြော၊ နှလုံးကို ကာကွယ်ဖို့ benfotiamine သောက်နိုင်တယ်ပြောပါတယ်။ Benfotiamine ( 100 - 300 mg ) ကို အစာ နှင့်သောက်သောက်၊ အစာနှင့် ဝေးဝေးသောက်သောက် အဆင်ပြေပါတယ်။

✅ B 3 - Niacin( 20 mg ) သောက်လျှင် ပယ်လဂရာ ( pellagra ) ပျောက်ပါတယ်။ Niacin ( 100 mg ) သောက်လျှင် သွေးကြောတွေ ကျယ်လာစေပါတယ်။ Niacin ( 2000 mg) သောက်လျှင် ကိုလက်စထရောကျစေသော အစွမ်းရှိပါတယ်။ Niacin ပမာဏများများသောက်တဲ့အခါ အရေပြားပူလောင်နီရဲလာပြီး မူးဝေတတ်ပါတယ်။ ဒါကို flushing ဖြစ်တယ်ပြောပါတယ်။ အထူးထုတ်ထားတဲ့ No flush niacin ကတော့ ဒီလိုမျိုးမဖြစ်ဘူးပြောပါတယ်။ Zinc နှင့် niacin တွဲသောက်လျှင် flush ဖြစ်ခြင်း နှင့် ယားယံခြင်းပိုဖြစ်နိုင်ပါတယ်။

✅ B6 (Pyridoxal 5 Phosphate or P5P) ကို IBS ၊ ကင်ဆာ၊ အဆစ်ရောင်ရောဂါတွေမှာ အသုံးပြုနိုင်တယ်ရေးပါတယ်။ ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားကို မြင့်တက်စေတယ်ရေးပါတယ်။ P5P က magnesium စုပ်ယူမှုကို အားကောင်းစေပြီး magnesium နှင့် ဗိုက်တာမင် B6 နှစ်ခုပေါင်းတိုက်ကျွေးခြင်းအားဖြင့် စိတ်ကျရောဂါ၊ သွေးတိုးရောဂါ နှင့် စိုးရိမ်ကြောင့်ကြခြင်းတွေ သက်သာတယ်ဆိုပါတယ်။ Levodopa , penicillamin နှင့် ဗိုက်တာမင် B6 တွဲမသောက်တာကောင်းပါတယ်။ ဖြည့်စွက်စာအနေနှင့် လူကြီးတစ်ယောက် အများဆုံးသောက်နိုင်တဲ့ ဗိုက်တာမင် B6 ပမာဏ က 100 mg ဖြစ်ပါတယ်။ အစာစားသောက်ပါ။ ညအချိန်သောက်ပါ။

✅ B 7 - Biotin က ဆံပင်ကောင်းခြင်း၊ အရေပြားကောင်းခြင်း နှင့် ခြေသည်းလက်သည်းကောင်းခြင်းကိုလည်း ပြုလုပ်ပေးပါတယ်။ Biotin ကို chromium နဲ့ ပေါင်းသောက်ပြီး ဆီးချိုအမှတ် -2 ခံစားနေရတဲ့ လူနာတွေသောက်သင့်ပါတယ်။ Biotin သောက်ခြင်းက safe ဖြစ်ပါတယ်။ Biotin သောက်တာ များသွားတဲ့အခါ ဆီးထဲပါသွားလိမ့်မည်ပြောတယ်။ Biotin ပမာဏများများသောက်နေတဲ့သူတွေ သိုင်းရွိုက်စစ်ဆေးတဲ့အခါ ထူးဆန်းတဲ့ ရလဒ်တွေထွက်တတ်တယ်ပြောတယ်။

✅ B9 က ရေမှာပျော်ဝင်နိုင်တဲ့ ဗိုက်တာမင်ဖြစ်ပြီး supplement အနေနှင့် natural form ဖြစ်တဲ့ folate ( ဖောလိပ် ) နှင့် folic acid ( ဖောလစ်အက်ဆစ် ) ( synthetic form) ဆိုပြီး နှစ်မျိုးရောင်းပါတယ်။ ဦးနှောက် နှင့် အာရုံကြောစနစ်ရဲ့ ကြီးထွားဖွံ့ဖြိုးမှု နှင့် လုပ်ငန်းတာဝန်မှာ အကူအညီပးပြီး ဇီဝလုပ်ငန်းတွေကို အားပေးကူညီပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်ပေါ်လာတဲ့ မှတ်ဉာဏ်ချို့ယွင်းမှုအတွက်လည်းကောင်းတယ်ရေးပါတယ်။ ဖောလိပ် ( 15,000 mcg ) အထက်သောက်မိလျှင် ဗိုက်အောင့်ခြင်း၊ အိပ်မပျော်ခြင်း၊ နှင့် အကြောဆွဲတက်ခြင်းတွေဖြစ်နိုင်ပါတယ်။

✅ B12 သောက်ပေးခြင်းဖြင့် စွမ်းအင်ပမာဏ၊ မှတ်ဉာဏ်အပါအဝင် ကျန်းမာရေးတိုးတက်ကောင်းမွန်လာတယ်ရေးပါတယ်။ ဗိုက်တာမင် B12 က သတိမေ့ခြင်းမဖြစ်အောင် အကျိုးပြုပါတယ်။ အေဇိုင်းမားရောဂါ နှင့် သတိမေ့ရောဂါဖြစ်ပွားနှုန်း လျော့ကျစေတယ်ဆိုပါတယ်။ အာရုံစိုက်မှုလည်းကောင်းလာစေတယ်ရေးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုက်တာမင် B12 ကို folate နှင့်တိုက်လျှင် neural tube defects အပါအဝင်မွေးရာပါချို့ယွင်းချက်ဖြစ်ပေါ်ခြင်းကို လျော့နည်းစေတယ်။ အသက်ကြီးသူများ၊ သတ်သတ်လွတ်လွတ်စားသူများ ၊ ဆေးလိပ်သောက်သူများ၊ အရက်သောက်သူများ နှင့် သွေးအားနည်းသူအချို့ ဗိုက်တာမင် B12 သောက်သင့်တယ်ရေးပါတယ်။ Cyanocobalamin (B12) ထက် methylcobalamin (B12) က ခန္ဓာကိုယ်အတွက်ပိုကောင်းပါတယ်။

✅ B complex ဆိုတာ B1 , B2 , B3 , B6 , B9 , B12 , B5 စတာတွေကိုရောထားတာပါ။ B1 , B2 , B3 , B6 , B9 , B12 တွေရဲ့ ကောင်းကျိုးတွေကို အပေါ်များရေးပြီးဖြစ်ပါတယ်။ အစာစားပြီးသောက်ပါ။ B complex မှာပါဝင်တဲ့ B 3 ကြောင့် အရေပြားပူလောင်နီရဲလာပြီး မူးဝေတတ်ပါတယ်။ ဒါကြောင့် ဘားပလက်မတည့်လျှင် မသောက်ရလို့ ကျွန်တော်သတိပေးတတ်ပါတယ်။

✅ Betaine HCl - သောက်ပေးခြင်းဖြင့် အစာခြေစနစ်ကို ပိုမိုကောင်းမွန်စေပြီး ဗိုက်တာမင် B12 ၊ ကယ်ဆီယမ်၊ သံဓာတ် နှင့် အသားဓာတ် စုပ်ယူမှု ပိုမိုကောင်းမွန်စေပါတယ်။ အစာနှင့် အတူပါလာတဲ့ မှိုနှင့် ဘက်တီးရီးယားတွေကို သတ်ပစ်ပေးနိုင်တယ်။ သုသေတနတွေရဲ့ အဆိုအရ betaine က အသည်းအတွင်းရှိ အဆီပိုတွေကို လျော့ချပေးနိုင်ပြီး အသည်းပြန်လည်ကျန်းမာလာစေတယ်ဆိုပါတယ်။ Betaine HCl စသောက်ခါစမှာ 500 mg ကနေ စသောက်ရပါမည်။ အစာအိမ် အနာရှိသူ၊ အစာအိမ်ရောင်နေသူ၊ နို့တိုက်မိခင် နှင့် ကိုယ်ဝန်ဆောင်တွေ Betaine HCl မသောက်သင့်ပါ။ ဆေးဝါးကျွမ်းကျင် ပညာရှင် Izabella wentz က betaine HCl ကို အစာစားပြီးမှ သောက်ခိုင်းပါတယ်။ အစာခြေအင်ဇိုင်း၊ probiotics နှင့် တွဲသောက်လို့ရပါတယ်။

✅ Beta- alanine အမိုင်နိုအက်ဆစ်က histidine ဆိုတဲ့ အမိုင်နိုအက်ဆစ်ကိုပေါင်းပြီး carnosine ဖြစ်သွားပါတယ်။ သုသေတနမှာတွေ့ရတာက ကြွက်သားထဲမှာ carnosine ပမာဏများလာလျှင် စွမ်းအင်တက်လာသလို ပိုအပင်ပန်းခံနိုင်တယ်ဆိုပါတယ်။ Carnosine က ကြွက်သားမျှင်တွေရဲ့ စွမ်းအားကို တက်စေလို့ ကြွက်သားပိုကြီးထွားတယ်ဆိုပါတယ်။ Creatine နဲ့ပေါင်းသောက်လျှင် အဆီပိုမရှိတဲ့ ကြွက်သားကိုရလာမှာပါ။ လေ့ကျင့်ခန်း မစခင် နှင့် လေ့ကျင့်ခန်း အပြီးမှာ beta-alanine or carnosine 1-2 grams လောက်ချက်ချင်းသောက်ပေးပါ။ Creatine နဲ့လည်းပေါင်းသောက်လို့ရပါတယ်။

✅ Boron က ဗိုက်တာမင် D နှင့် " မ " ဟိုမုန်း ဇီဝဖြစ်စဉ်တွေမှာပါဝင်ပြီး အားကစားစွမ်းအင်တိုးတက်စေရန် နှင့် ဉာဏစွမ်းအင်မြှင့်တင်ဖို့ သုံးကြပါတယ်။ အမျိုးသမီးများမှာဖြစ်တတ်တဲ့ မှိုစွဲခြင်း ပြသနာကိုလည်း ဖြေရှင်းပေးနိုင်ပါတယ်။ Boron ကို ဆီးချိုရောဂါ၊ ကိုယ်လက်စထရောများခြင်း၊ သွေးဆုံးချိန်ဖြစ်တတ်သောရောဂါများ၊ အရိုးအဆစ်နာကျင်ခြင်း ၊ အရိုးပွခြင်း၊ သွေးလေးဖက်နာ နှင့် ဆိုရီရေးစစ်ရောဂါများကို ကာကွယ်ရန် နှင့် ကာကွယ်၊ကုသရန် သုံးနိုင်တယ်ရေးပါတယ်။ Boron အများကြီး ( ကလေးများ 5-6 grams နှင့် လူကြီးများ 15-20 grams ) သောက်တဲ့အခါ တက်ခြင်း၊ မေ့မြောခြင်း နှင့် သေဆုံးခြင်းထိဖြစ်နိုင်ပါတယ်။ Boron သောက်မည်ဆိုလျှင် အနည်ဆုံးပမာဏ 3 mg လောက်သာ သောက်စေချင်ပါတယ်။ အစာစားပြီးသောက်ပါ။

✅ Branched- chained Amino Acid ( BCAA ) ဆိုတာ leucine, isoleucine, valine, ဆိုတဲ့ အမိုင်နိုအက်ဆစ်တွေပါ။ ပျက်စီးသွားတဲ့ ကြွက်သားတွေ ပြင်ဆင်ဖို့နဲ့ အသစ်တည်ဆောက်ဖို့ အထူးလိုအပ်တဲ့ အမိုင်နိုအက်ဆစ်ပါ။ Leucine တစ်မျိုးတည်းနဲ့ ကြွက်သားတည်ဆောက်တာ လုပ်နိုင်တယ်လို့ စာတမ်းတွေရှိပါတယ်။ဒါကြောင့် သုံးခုမှာ သူကပိုအရေးကြီးပါတယ်။ ဒါပေမယ့် အခုချိန်ထိ တော်တော်များများက သုံးခုပေါင်းပဲသောက်လေ့ရှိပါတယ်။ ကိုယ်တွေ့တွေအရတော့ ကြွက်သားပိုကြီးလာတယ်။ပိုကစားနိုင်တယ်။နာကျင်တာ သက်သာတယ်ဆိုပါတယ်။ Leucine နဲ့ isoleucine, valine နှစ်ခုပေါင်းကို အချိုးချလျှင် 2:1 ဖြစ်တဲ့ supplement ကိုရွေးဝယ်ပါ။ BCAAs 5-gram မှာ leucine 2.5 grams, isoleucine 1.25 grams နဲ့ valine 1.25 grams ပါသင့်ပါတယ်။ BCAAs 5-10 grams လောက်ကို မနက်စာနဲ့သောက်ပေးပါ။ လေ့ကျင့်ခန်း မစခင် နှင့် လေ့ကျင့်ခန်း အပြီးမှာလည်း ဒီလောက်သောက်သင့်ပါတယ်။

✅ Bromelain ကို နာကျင်ခြင်း၊ ဖောရောင်ခြင်းနှင့် အရိုးအဆစ်တောင့်တင်းခြင်းရောဂါများမှာ အသုံးပြုနိုင်ပါတယ်။ သွေးတိုးခြင်း၊ နှလုံးသွေးကြောရောဂါများမှာ သုံးနိုင်ပါတယ်။ နာတာရှည် ထိပ်ခပ်နာရောဂါ ( chronic sinusitis ) နှင့် Inflammatory bowel disease (IBD) တွေမှာ bromelain သုံးလို့ရပါတယ်။ အိပ်ဆေးတွေ နှင့် အတူတူတွဲပြီး မသောက်ရပါ။ Warfarin (Coumadin) , Aspirin , Clopidogrel (Plavix) , Heparin ကဲ့သို့သော သွေးကျဲဆေးသောက်သူတွေ နှင့် ခွဲစိတ်ဖို့ စီစဉ်ထားသူတွေ မသောက်သင့်ပါ။

✅ C ( ဗိုက်တာမင် C ) က ဓာတ်တိုးဆန့်ကျင်ပစ္စည်း ( antioxidant) ဖြစ်ပြီး ရောင်ကိုင်းခြင်းကို သက်သာစေတယ်။ သံဓာတ်စုပ်ယူမှုကို အားပေးပြီး သံဓာတ်ချို့တဲ့မှုကြောင့်ဖြစ်တဲ့ သွေးအားနည်ရောဂါကိုကာကွယ်ပေးပါတယ်။ အနာကျက်မြန်စေပြီး တုတ်ကွေးရောဂါအတွက်ကောင်းပါတယ်လို့ဆိုပါတယ်။ ဗိုက်တာမင် C 500 mg နှင့် 1000 mg ကြားသောက်နိုင်ပါတယ်။ အစာစားပြီးမှသောက်ပါ။ Ascorbic acid ထက် calcium ascorbate သို့မဟုတ် magnesium ascorbate က အစာအိမ်ထိခိုက်မှုပိုနည်းပါတယ်။ G6PD လူနာတွေမှာ သွေးနီဥတွေ ပေါက်ကွဲနိုင်လို့ ဗိုက်တာမင် C ပမာဏအများကြီး မသောက်သင့်ပါ။

✅ Chlorophyll ( ကလိုရိုဖီးလ် ) ကို သွေးဗိသုကာတွေလို့ပြောလို့ရတယ်။ ကလိုရိုဖီးလ်က သွေးနီဥရဲ့ အရည်အသွေးကို မြှင့်တင်ပေးပြီး သွေးလုပ်ငန်းကိုခိုင်မာစေတယ်။ တစ်ချိုု့သွေးရောဂါလူနာတွေအတွက် ကလိုရိုဖီးလ်က အကျိုးရှိတယ်ပြောပါတယ်။ ကလိုရိုဖီးလ်ဖြည့်စွက်စာအများစုက sodium copper chlorophyllin (SCC) ဖြစ်ပြီး ကလိုရိုဖီးလ် ( SCC ) ကို ( therapeutic doses ) ပမာဏသုံးတဲ့အခါသွေးဖြူဥလျော့နည်းခြင်း ( leukopenia ) ကို ကုသနိုင်ပါတယ်။ ကလိုရိုဖီးလ် ( SCC ) က pro-inflammatory cytokine IL-6 ကို တားဆီးပေးပြီး ရောင်ရမ်းခြင်းကို လျော့ချပေးကာ အဆုတ်ဆဲလ် ပျက်စီးခြင်းကို တားနိုင်တယ်ပြောပါတယ်။ ကိုယ်ဝန်ဆောင် နှင့် နို့တိုက်မိခင်တွေ မသောက်သင့်ပါ။

✅ Chlorella ( ကလိုရီလာ ) မှာ စိမ်းရောင်ခြယ် chlorophyll ( ကလိုရိုဖီးလ်) ပါဝင်ပြီး ခန္ဓာကိုယ်အနှံ့ အောက်ဆီဂျင်ပြန့်နှံ့မှုကို အထောက်အကူပေးပါတယ်။ ကလိုရီလာမှာ ပါဝင်တဲ့ sporopollenin က စက်ရုံအလုပ်ရုံထွက် အဆိပ်များ၊ ပိုးသတ်ဆေးများ၊ ပေါင်းသတ်ဆေးများ၊ ခဲဆိပ်များ၊ ပြဒါးဆိပ်များ၊ ဆိုးဆေးအကြွင်းအကျန်များကို ခန္ဓာကိုယ်ကနေ ဖယ်ရှားပေးနိုင်ပါတယ်။ မနက်စောစော အစားမစားခင်သောက်နိုင်ပါတယ်။ ကလိုရီလာ သောက်လျှင် နိုးကြားတက်ကြွလာတာကြောင့် ညအချိန်မသောက်သင့်ပါ။ တစ်နေ့အတွက် ကလိုရီလာ ပမာဏက လူကြီး ( 3-4 ) ဂရမ် နှင့် ကလေး (1-2) ဂရမ်သောက်နိုင်ပါတယ်။ ပူလွန်းတဲ့အစာတွေ နှင့်တွဲမသောက်ဖို့လိုပါတယ်။ သောက်ခါစ ဝမ်းသွားတာ၊ လေပွတာ၊ ခေါင်းကိုက်တာတွေ ဖြစ်တတ်ပါတယ်။ နှစ်ပတ်လောက်မှာ သက်သာသွားတတ်ပါတယ်။ မသက်သာလျှင် ဆရာဝန်နှင့် ပြပါ။

✅ Collagen ( ကော်လဂျင်) ဖြည့်စွက်စာတွေ ကို အရွယ်တင်နုပျိုဖို့အတွက်၊ အရိုးကျန်းမာရေးအတွက် ၊ အနာကျက်စေရန် နှင့် ကိုယ်အလေးချိန်လျော့ချဖို့ အသုံးပြုနိုင်ပါတယ်။ ကော်လဂျင်က အရေပြားကျန်းမာရေး နှင့် ဆံပင်ကျန်းမာရေး ကောင်းမွန်စေပါတယ်။ အစာလမ်းကြောင်းကျန်းမာရေးကို အကျိုးပြုပါတယ်။ ကော်လဂျင် ချို့တဲ့ခြင်းကြောင့် ဖြစ်လာတဲ့ အဆစ်အမြစ် နာကျင်ခြင်းတွေကို သက်သာနိုင်ပါတယ်။ အစာလမ်းကြောင်းပြသနာအတွက် ကော်လာဂျင်သောက်မည်ဆိုလျှင် မနက်စောစော အစာအိမ်အတွင်း အစာမရှိချိန်မှာ သောက်သင့်ပါတယ်။ အရိုးအဆစ် နှင့် အရွတ် နာကျင်မှုအတွက် ကော်လာဂျင်သောက်မည်ဆိုလျှင် လေ့ကျင့်ခန်းမလုပ်ခင် တစ်နာရီကြိုပြီး ကော်လဂျင် peptides ကို ဗိုက်တာမင် C ( 50 mg ) ထည့်ပြီးသောက်ရပါမည်။ အိပ်ပျော်အောင်သောက်တဲ့ ကော်လာဂျင် one serving မှာ glycine ( 3g ) ပါဝင်ဖို့တော့ လိုပါတယ်။

✅ CoQ10 ရဲ့ ပင်မတာဝန်က ဆဲလ်တွင်း စွမ်းအင်ထုတ်ပေးဖို့ဖြစ်ပါတယ်။ နာတာရှည်ရောဂါအများစုက CoQ10 ချို့တဲ့ခြင်း နှင့် သက်ဆိုင်နေတယ်လို့ရေးပါတယ်။ CoQ10 က နှလုံးရောဂါကို ကာကွယ်ခြင်း နှင့် ကုသခြင်းမှာ များစွာအကျိုးပြုတယ်ဆိုပါတယ်။ CoQ10 မှာ အရွယ်တင်နုပျိုခြင်းကို ပြုလုပ်ပေးနိုင်စွမ်းရှိတယ်လို့ ရေးပါတယ်။ Ubiquinol နှင့် ubiquinone ဆိုပြီး CoQ10 အမျိုးအစား နှစ်မျိုးရှိပါတယ်။ Ubiquinol ကို ခန္ဓာကိုယ်က ပိုမိုစုပ်ယူနိုင်ပြီး ခန္ဓာကိုယ်အတွက် ပိုသင့်တော်ပါတယ်။ CoQ10 ဖြည့်စွက်စာကို 90 mg ကနေ 200 mg လောက်ထိ သောက်နိုင်ပါတယ်။

✅ Cordyceps ( ရှီးပဒီး ​ ) မှာ ဘက်တီးရီယား၊ ဗိုင်းရပ်စ် နှင့် candida မှိုရောဂါမှ ကာကွယ်ပေးပါတယ်။ ခုခံအားစနစ်ကို ထိရောက်စွာတိုးတက်စေတယ်။ နာတာရှည် ချောင်းဆိုးရောဂါ၊ ရင်ကျပ်ရောဂါ၊ နှင့် အခြားသောလေပြွန်နှင့် ဆိုင်တဲ့ ရောဂါတွေမှာ သုံးပါတယ်။ ရှီးပဒီးမှာပါဝင်တဲ့ cordycepin က ခန္ဓာကိုယ်အတွင်း ဗိုင်းရပ်ဝင်ရောက်ခြင်း နှင့် ဗိုင်းရပ်ပွားခြင်းကို တားဆီးနိုင်ချေရှိပါတယ်။ ရှီးပဒီးရဲ့ အကျိုးသက်ရောက်မှုက အသည်း၊ ကျောက်ကပ် ၊ နှလုံး နှင့် သွေးကြော၊ အဆုတ်၊ အာရုံကြော နှင့် ခုခံအားစနစ်တွေအတွက် အကာအကွယ်ဖြစ်စေတာကြောင့် ရောဂါကူးစက်မှုရဲ့ နောက်ဆက်တွဲ ကိုယ်တွင်းအင်္ဂါ ကမောက်ကမဖြစ်မှုကိုထိန်းနိုင်ပြီး ကောင်းမွန်တဲ့ အကျိုးရလဒ်ကို ဖြစ်စေပါတယ်။

✅ Creatine ကို အမိုင်နိုအက်ဆစ် သုံးခုဖြစ်တဲ့ arginine, glycine, methionine ကနေထုတ်ပါတယ်။Creatine က ရေကို ဆဲလ်ထဲဆွဲသွင်းပြီး စွမ်းအင် ထုတ်နိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်နိုင်တဲ့ စွမ်းအင်တော့ မြင့်တက်လာပါတယ်။ လေ့ကျင့်ခန်းပြီးလျှင်လည်း နာကျင်တာ သက်သာစေပါတယ်။ Creatine က ရေကို ဆဲလ်ထဲဆွဲသွင်းလိုက်တာကြောင့် ရေပိုသောက်သင့်ပါတယ်။ Creatine က ကြွက်သားအတွင်း insulin like growth factor-1 (IGF-1) များလာစေပြီး ကြွက်သားကြီးထွားစေပါတယ်။

✅ Curcumin က အူလမ်းကြောင်းအနာကိုကျက်စေတယ်။ ကျန်းမာရေး အကျိုးပြု probiotics ကို ရှင်သန်ကြီးထွားစေတယ်။ ဒါကြောင့် အူလမ်းကြောင်းရောဂါကုတဲ့နေရာမှာသုံးပါတယ်။ 1980 မှာ လုပ်တဲ့ သုသေတနတစ်ခုမှာ curcumin က သွေးခဲခြင်း(vascular thrombosis)ကို သက်သာစေတယ်ဆိုပါတယ်။ ဘေးထွက်ဆိုးကျိုးတွေက ပျို့အန်ခြင်း၊ဝမ်းသွားခြင်း၊သွေးမတိတ်ခြင်း၊သွေးပေါင်ကျခြင်း၊သည်းခြေအောင့်ခြင်း၊ရာသီသွေးများခြင်းတို့ဖြစ်ပါတယ်။ Curcumin က အစာလမ်းကြောင်းအတွင်းမှာ အလွန်ပျက်စီးလွယ်ပါတယ်။ ငရုတ်ကောင်းမှာပါဝင်တဲ့ piperine က နနွင်းမှာပါတဲ့ curcumin ကာကွယ်ပေးပြီး စုပ်ယူမှုအားကောင်းစေပါတယ်။ ဒါကြောင့် တစ်ချို့ curcumin ဖြည့်စွက်စာမှာ piperine ပါဝင်ပါတယ်။

✅ Carnitine or L- Carnitine ကို အသက်အရွယ်ကြောင့် မှတ်ဉာဏ်ချို့ယွင်းသူများ၊ အရက်ကြောင့် မှတ်ဉာဏ်ချို့ယွင်းသူများ၊ အာရုံကြောနာကျင်နေသူများ၊ အေဇိုင်းမားရောဂါများ၊ အမျိုးသားစွမ်းအင်ကျဆင်းနေသူများမှာ သုံးနိုင်တယ်လို့ ရေးပါတယ်။ Carnitine ဖြည့်စွက်စာသည် စိတ်ပင်ပန်းမှု နှင့် ကိုယ်ပင်ပန်းမှုကို သက်သာစေတယ်လို့ အမေရိကန်နိုင်ငံထုတ် the American Journal of Clinical Nutrition မှာ ရေးပါတယ်။ Hyperthyroidism ကြောင့်ဖြစ်သော ရင်တုန်ခြင်း နှင့် သွေးခုန်နှုန်းမြန်ခြင်းတွေကို carnitine က သက်သာစေနိုင်ပါတယ်။ Carnitine သောက်တဲ့တစ်ချို့လူတွေ ဆီးသွားတဲ့အခါ သို့မဟုတ် ချွေးထွက်တဲ့အခါ ငါးညှီနံပျော့ပျော့ရတတ်ပါတယ်။ ကလေးငယ်လေးတွေ၊ ကိုယ်ဝန်ဆောင်တွေ နှင့် နို့တိုက်မိခင်တွေ မသောက်သင့်ဘူးလို့ရေးပါတယ်။

✅ D- ribose က ATP ရဲ့ တည်ဆောက်ခြင်းမှာပါဝင်တာကြောင့် စွမ်းအင်ထုတ်လုပ်ခြင်းကို များစွာအကျိုးပြုပါတယ်။ သုသေတနတွေအရ D-ribose က နှလုံးဆဲလ်တွေရဲ့စွမ်းအင်ကို တိုးတက်စေတယ်လို့ဆိုပါတယ်။ ကင်ဆာဆေးတွေကြောင့်ဖြစ်တတ်တဲ့ ကျောက်ကပ်ထိခိုက်မှုကို D-ribose က လျော့နည်းစေတယ်ဆိုပါတယ်။ အင်ဆူလင်ထိုးနေသူများ၊ ဆီးချိုဆေးသောက်နေသူများ D-ribose ကို စားပြီးသောက်ပါ။ ခွဲစိတ်ခန်းဝင်မည့်သူများ မခွဲစိတ်ခင် D-ribose နှစ်ပတ်ခန့် ကြိုဖြတ်ဖို့လိုပါမည်။

✅ D ( ဗိုက်တာမင် D ) - ခန္ဓာကိုယ်ရဲ့ ဆဲလ်အားလုံးနီးပါးမှာ ဗိုက်တာမင် D ကို လက်ခံနိုင်တဲ့ ဖွဲ့စည်းပုံရှိပါတယ်။ ဗိုက်တာမင် D က အရိုးကျန်းမာရေး၊ ကိုယ်ခံအား၊ ကြီးထွားဖွံ့ဖြိုးမှု နှင့် နှလုံးကျန်းမာရေးအတွက် အရေးကြီးတဲ့နေရာက ပါဝင်ဆောင်ရွက်ပါတယ်။ ဗိုင်းရပ်ပိုးခွံရှိတဲ့ enveloped ဗိုင်းရပ်ကူးစက်မှု ကာကွယ်ကုသမှုအပေါ် ဗိုက်တာမင် D က အကျိုးသက်ရောက်မှု ရှိတယ်ရေးပါတယ်။ Hashimoto's thyroid disease တွေမှာ ဗိုက်တာမင် D ကြောင့် ရောဂါသက်သာစေပါတယ်။ ဗိုက်တာမင် D က DNA ပျက်စီးမှုကို ပြုပြင်ပေးပြီး ကင်ဆာကို ကာကွယ်ပေးတယ်ဆိုတဲ့ Purdue တက္ကသိုလ်က James Fleet ရဲ့ စာတမ်းရှိပါတယ်။ ဗိုက်တာမင် D2 ( Ergocalcifero )ကို အပင်ကရပြီး ဗိုက်တာမင် D3 ( cholecalciferol ) ကို တိရစ္ဆာန်ကရပါတယ်။ ကျောက်ကပ်ပျက်စီးနေသူတွေမှာ သွေးတွင်း ကယ်လ်စီယမ်ပမာဏ ထိန်းဖို့ activated Vitamin D သောက်နိုင်ပါတယ်။ ဗိုက်တာမင် D သောက်ဆေးတွေရဲ့ ရည်ရွယ်ချက်က သွေးတွင်း ဗိုက်တာမင် D ပမာဏကို 40 -100 ng/ml အတွင်း ရှိနေဖို့ပါ။ ဗိုက်တာမင် D 200 ng/ml ကျော်လာလျှင် ပျို့အန်ခြင်း၊ ဆီးခဏခဏသွားခြင်း၊အရိုးတွေနာခြင်းတွေဖြစ်လာပြီး ဗိုက်တာမင် D အဆိပ်သင့် လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

✅ DHEA (dehydroepiandrosterone) ကို သိပ္ပံပညာရှင်တွေက အရွယ်တင်စေသောဟိုမုန်း လို့ ခေါ်ပါတယ်။ DHEA လျော့နည်းသွားလျှင် ကျား ဟိုမုန်း နည်းပါးသွားပြီး အရိုး နှင့် ကြွက်သား ကျန်းမာရေးထိခိုက်ပါတယ်။ သားသမီးရနိုင်ချေ နည်းသွားပြီး စိတ်ကျရောဂါလည်း ဖြစ်နိုင်တယ်ဆိုပါတယ်။ DHEA ကို neurosteroid လို့ ခေါ်ပါတယ် ဦးနှောက်ကို တိုက်ရိုက်အကျိုးပြုပါတယ်။ ဦးနှောက်ဆဲလ်တွေကို အဆိပ်တွေရန်က ကာကွယ်တယ်။ လေဖြတ်ခြင်းကြောင့် ဖြစ်တဲ့ နောက်ဆက်တွဲ ဦးနှောက်ထိခိုက်မှု အတွက်ကောင်းပါတယ်။ DHEA ဖြည့်စွက်စာ အလွန်အကျွံသုံးစွဲတဲ့အခါ ဝမ်းသွားခြင်း၊ ခေါင်းမူးခြင်း၊ ဦးရေပြားပေါ်တွင် အကောင်တစ်ကောင်တွားသွားနေသလို ခံစားရခြင်း၊ ရင်ဘတ်အောင့်ခြင်း နှင့် နှလုံးခုန်မူမမှန်ခြင်း၊ ဆီးထဲတွင် သွေးပါခြင်း၊ ပူပန်စိတ်များခြင်း၊ စိတ်အလိုမကျခြင်း၊ ဂနာမငြိမ်ခြင်း၊ ရန်လိုခြင်း၊ အမြင်အာရုံပြသနာများ၊ ခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်း၊ ညဘက်ချွေးထွက်ခြင်း၊ အစက်အပြောက်ထွက်ခြင်း၊ ကိုယ်အလေးချိန်တိုးလာခြင်း၊ သွေးပေါင်ကျခြင်း နှင့် ဝက်ခြံထွက်ခြင်းတွေဖြစ်နိုင်ပါတယ်။ DHEA သောက်တော့မည်ဆိုလျှင် ကျွမ်းကျင်သူ နှင့် အရင်ဆွေးနွေးပါ။

✅ Digestive enzymes က အစာကို ချေဖျက်စုပ်ယူဖို့ ကူညီပေးပါတယ်။ အစာခြေအင်ဇိုင်း amylase အင်ဇိုင်းက ကာဗွန်ဟိုက်ဒရိတ်ချေဖျက်ရာမှာ ကူညီပါတယ်။ အစာမှာပါတဲ့ အမျှင်တွေကို cellulase အင်ဇိုင်းက ချေဖျက်ပေးပါတယ်။ Sucrase အင်ဇိုင်းက သကြားကို ချေဖျက်ပေးတာပါ။အစာခြေအင်ဇိုင်း maltase က ဆန်၊ဂျုံတို့ကရတဲ့ complex sugars ကို glucose ပြောင်းပေးပါတယ်။ အစာခြေအင်ဇိုင်း lactase က နို့မှာပါတဲ့ သကြား (lactose) ကို ချေဖျက်ပေးပါတယ်။အစာခြေအင်ဇိုင်း protease က ပရိုတိန်းကို ချေဖျက်ပါတယ်။ Phytase ဆိုတဲ့ အစာခြေအင်ဇိုင်းက အစာချေခြင်းဖြစ်စဉ် အားလုံးနီးပါးမှာပါဝင်ပြီး ဗိုက်တာမင် B တွေ ကို လည်း ထုတ်ပေးပါတယ်။ အစာချေအင်ဇိုင်း lipase က အဆီကို ချေဖျက်ပေးပါတယ်။ အိုင်ဘီအက်စ်ရောဂါ၊ celiac disease နှင့် သည်းခြေမကောင်းသူ၊ အဝလွန်သူတွေအတွက် lipase အင်ဇိုင်း များများသောက်ပေးလျှင် အကျိုးရှိပါတယ်။ အသက်ကြီးလျှင် အစာခြေအင်ဇိုင်းတွေ နည်းသွားတာကြောင့် လူကြီးများမှာ အစာမကြေတဲ့ရောဂါတွေဖြစ်ကြပါတယ်။ အစာခြေအင်ဇိုင်းတွေကို အစာ မစားခင်သောက်ပါ။

✅ E ( ဗိုက်တာမင် E ) ကို အမြင်အာရုံ၊ မျိုးပွားခြင်း၊ သွေးကျန်းမာရေး၊ ဦးနှောက်ကျန်းမာရေး နှင့် အရေပြားကျန်းမာရေးအတွက် သုံးနိုင်ပါတယ်။ ဗိုက်တာမင် E က ဆေးလိပ်ငွေ့ရှုမိခြင်း နှင့် ဓာတ်ရောင်ခြည်သင့်ခြင်းကြောင့်ဖြစ်သော ဆိုးကျိုးများကို ကာကွယ်ပေးပါတယ်။ နေရောင်ကြောင့်ဖြစ်တဲ့ အရေပြားကင်ဆာကိုလည်း ကာကွယ်ပေးတယ်ရေးပါတယ်။ ကိုလက်စထရောများသူများ ဗိုက်တာမင် E ကို niacin ပေါင်းသောက်လို့ရပါတယ်။

✅ Estrogen (အီစထရိုဂျင်ဟိုမုန်း) က အမျိုးသမီးများရဲ့ အရိုးကျန်းမာရေး နှင့် နှလုံးရောဂါကာကွယ်ရေးတွေ ပြုလုပ်ပေးပါတယ်။ အပင်ထွက်ပစ္စည်းကို အခြေခံထုတ်ထားတဲ့ အီစထရိုဂျင်ဖြည့်စွက်စာများက သွေးဆုံးချိန်ဖြစ်တတ်သောရောဂါလက္ခဏာများကို လျော့ကျစေရန် နှင့် ကျန်းမာသော အီစထရိုဂျင်ဇီဝလုပ်ငန်းကို အထောက်အကူပြုစေရန်ဖြစ်ပါတယ်။ အီစထရိုဂျင်ဖြည့်စွက်စာအများစုမှာ soy isoflavones, calcium , hops extract (ဗျစ်ပန်းအဆီအနှစ်)၊ broccoli (ပန်းစိမ်း), licorice , chasteberry extracts, d**g quai (ဒေါင်းကွေး) စတာတွေပါဝင်ပါတယ်။

✅ Gamma aminobutyric acid (GABA) က အာရုံကြောလှုပ်ရှားမှုကို ငြိမ်သက်စေနိုင်သောအစွမ်း ( calming effect ) ရှိပါတယ်။ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှု၊ ကြောက်ရွံ့ခြင်း နှင့် ပတ်သတ်သော ဝေဒနာတွေကို သက်သာစေပါတယ်။ လူအချို့က GABA ပါဝင်တဲ့ ဖြည့်စွက်စာတွေကို အတက်ရောများ၊ ပါကင်ဆန်ရောဂါ၊ ADHD ၊ စိုးရိမ်ပူပန်မှု၊ စိတ်ဓာတ်ကျခြင်း ရောဂါဝေဒနာသက်သာဖို့ သုံးစွဲတတ်ပါတယ်။ သို့ပေမယ့် GABA ပါဝင်တဲ့ ဖြည့်စွက်စာတွေအကြောင်း သေချာပြောနိုင်ခြင်းမရှိသေးပါ။ GABA ပါဝင်တဲ့ ဖြည့်စွက်စာသောက်တွေ နှင့် ဆေးတွေက သွေးတိုးခြင်းကို ကုသနိုင်တယ်လို့ ဆိုပါတယ်။ ဗိုက်အောင့်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အိပ်ငိုက်ခြင်း၊ ကြွက်သားအားနည်းခြင်းတို့ကို GABA သောက်လျှင် ဖြစ်မည့် ဆိုးကျိုးတွေအနေနှင့် ရေးကြတယ်။ ဒါပြင် GABA ပါဝင်တဲ့ ဖြည့်စွက်စာ သောက်မည်ဆိုလျှင် တတ်ကျွမ်းသူနဲ့ တိုင်ပင်ရပါမည်။

✅ Ginkgo Biloba မှာ flavonoids နှင့် terpenoids ပါဝင်ပြီး ဦးနှောက်စွမ်းရည်၊ ကြီးထွားမှု၊ ခန္ဓာကိုယ်သန့်စင်ပေးခြင်း နှင့် ခုခံအားစနစ်တို့အတွက် အလွန်အရေးပါပါတယ်။ Ginkgo က မှတ်ဉာဏ်လျော့ကျမှုကိုကာကွယ်ပေးပြီး ဦးနှောက်လုပ်ဆောင်ချက်ကို ကောင်းမွန်စေပါတယ်။ လေဖြတ်ပြီးသူများမှာ Ginkgo ကို aspirin နှင့်ပေါင်းကုတဲ့အခါ သတိပြန်ကောင်းလာခြင်းက ပိုသိသာတယ်ပြောပါတယ်။ သုသေတနတစ်ခုမှာ Ginkgo, ဗိုက်တာမင် B2 နှင့် CoQ10 ကိုလေးလလောက်တိုက်ကျွေးပေးတဲ့အခါ ခေါင်းတစ်ခြမ်းကိုက်ခြင်း ပျောက်ကင်းသွားတယ်ဆိုပါတယ်။ Gingko (240mg) ကို နေ့စဉ်တိုက်ကျွေးတဲ့အခါ မအိပ်နိုင်သူအများစု ကောင်းမွန်စွာ အိပ်ပျော်သွားပါတယ်။ ကလေးများကို gingkgo မတိုက်ရပါ။

✅ Glucosamine က ခန္ဓာကိုယ်ထဲမှာ သဘာဝအတိုင်းတွေ့ရပြီး အရွတ်၊ အရိုးနုကြည် နှင့် ဒူးဆစ်ခြင်ဆီအပါအဝင် အဆစ်တွေရဲ့ အစိတ်အပိုင်းကို တည်ဆောက်ခြင်းပြုလုပ်ပေးပါတယ်။ Glucosamine က အဆစ်အတွက် ချောဆီအနေနှင့် လုပ်ဆောင်သလို natural shock absorber တစ်ခုအနေနှင့် အဆစ်လုပ်ဆောင်နိုင်စွမ်းကိုမြှင့်တင်ပါလိမ့်မည်။ Glucosamine ဖြည့်စွက်စာကို အရိုးနုပျက်စီးခြင်း နှေးစေရန် နှင့် ပျက်စီးနေသော အရိုးနုများကို ပြန်ပြင်ရန်သုံးနိုင်ပါတယ်။ အရိုးအဆစ်ရောင်ရောဂါမှာသုံးန်ိင်တယ်ဆိုတဲ့ ယူဆချက် မှန်ကန်ကြောင်းပြဖို့ သုသေတနတွေလိုပါအုန်းမည်။ ကော်လဂျင် နှင့် glucosamine က လိုက်ဖက်ညီစွာ အရိုးကျန်းမာရေးကို အကျိုးပြုပါတယ်။ Chondroitin နှင့် glucosamine ကို ပေါင်းစည်းလိုက်တဲ့အခါ အရိုးအဆစ်အတွင်း ရေဓာတ်ကို ထိန်းနိုင်ကို ထိန်းပေးနိုင်ရုံသာမက ဖိအားပမာဏကိုလည်း ခံနိုင်ရည်ရှိတယ်လို့ ဆိုပါတယ်။

✅ Glutathione ( ဂလူတာသိုင်အုမ်း ) က ခုံခံစွမ်းအား မြင့်တက်စေတယ်။ သတ္ထုအဆိပ်များ၊ကို ဖယ်ရှားပေးနိုင်တယ်။ မယ်လနင်(melanin)ကိုဖြစ်ပေါ်စေသော tryosinase အမည်ရတဲ့ ဓာတ်ကူပစ္စည်းကို ဟန့်ထားစေခြင်းအားဖြင့် ကောင်းမွန်ဖြူဝင်းသော အသားအရေ ကို ဖြစ်စေတယ်။ HIV ရောဂါပိုး အရေအတွက်များလာခြင်းကို လျော့ချပေးနိုင်ပါတယ်။ ဂလူတာသိုင်အုမ်း ဖြည့်စွက်စာတွေမှာ စုပ်ယူမှုပြသနာ အနည်းငယ်ရှိပါတယ်။ ဂလူတာသိုင်အုမ်း ဖြည့်စွက်စာကို ရေရှည်သောက်လျှင် ကိုယ်ခန္ဓာအတွင်း zinc ပမာဏ နည်းသွားနိုင်ပါတယ်။ ဂလူတာသိုင်အုမ်း ရှုဆေးတွေက ရင်ကျပ်ရောဂါအတွက် မသင့်တော်ဘူးဆိုပါတယ်။

✅ Glutamine ( L-glutamine )ကို အဆီလောင်ကျွမ်းဖို့၊ ကြွက်သားတည်ဆောက်ဖို့ လေ့ကျင့်ခန်းပြုလုပ်သူတွေသုံးကြပါတယ်။ အစာလမ်းကြောင်းကျန်းမာရေး၊ ဦးနှောက်ကျန်းမာရေး နှင့် အားကစားစွမ်းအင်မြှင့်တင်ခြင်းအတွက်လည်း သုံးနိုင်ပါတယ်။ L- glutamine က glutamine-glutamate cycle ပျက်စီးမှုကို ကာကွယ်ပြီး စိတ်ဓာတ်ကျခြင်း၊ သောကများခြင်း၊ အရက်စွဲခြင်း၊ စိတ်ကစဉ့်ကလျားရောဂါ၊ bipolar ရောဂါကဲ့သို့သော ဦးနှောက်နှင့် ဆိုင်တဲ့ရောဂါတွေကိုကာကွယ်ပေးပါတယ်။ အင်ဆူလင်ပမာဏကိုလည်းလျော့ကျစေပြီး သွေးတွင်းသကြားဓာတ်ပမာဏကိုလည်းမျှတစေတာကြောင့် L-glutamine က ဆီးချိုရောဂါသည်တွေအတွက် အတော်အကျိုးရှိပါတယ်။

✅ Idoral ( အိုင်အိုဒင်း ) က ဦးနှောက်ဖွံ့ဖြိုးမှု နှင့် မှတ်ဉာဏ်လုပ်ငန်းမှာ ပါဝင်ပါတယ်။ မိခင်ကိုယ်ဝန်ဆောင်ချိန် နှင့် ကလေးဘဝမှာ အိုင်အိုဒင်းချို့တဲ့လျှင် ကြီးထွားမှု နှင့် ဦးနှောက်ဖွံ့ဖြိုးမှုကို အနှောက်အယှက်ဖြစ်ပါတယ်။ သိုင်းရိုက်ဟိုမုန်းထုတ်ဖို့ သိုင်းရွိုက်ဂလင်းအတွက် အိုင်အိုဒင်းလိုအပ်ပါတယ်။ အိုင်အိုဒင်းက ခုခံအားမြင့်တက်စေပြီး ကင်ဆာဆဲလ်များကို ဖယ်ရှားပေးနိုင်လို့ဆိုပါတယ်။ ခန္ဓာကိုယ်ထဲမှာ အိုင်အိုဒင်းများသွားတဲ့အခါ ဝက်ခြံထွက်လာမည်။ ဝမ်းသွားမည်။ အဆုတ်မှာ အရည်တွေစုမိမည်။ ဖျားမည်။ ခေါင်းကိုက်မည်။ အင်ပြင်ထမည်။ အဆစ်တွေနာမည်။ လျှာအရသာပြောင်းမည်။ သိုင်းရွိုက်လုပ်ငန်းထိခိုက်မည်။

✅ K2 ( ဗိုက်တာမင် K ) ကို ဗိုက်တာမင် K1 နှင့် ဗိုက်တာမင် K 2 ဆိုပြီး နှစ်မျိုးခွဲပါတယ်။ ဗိုက်တာမင် K1 က သွေးတိတ်အောင်ကူညီပေးပါတယ်။ ဗိုက်တာမင် K2 ကို သဘာဝအားဖြင့် ခန္ဓာကိုယ်တွင်းက ထုတ်လုပ်နိုင်ပြီး သွား နှင့် အရိုးကို ခိုင်မာစေပါတယ်။ နှလုံး၊ ကျောက်ကပ်၊ နှင့် ဦးနှောက်မှာရှိနေတဲ့ ကယ်ဆီယမ်စုပုံနေမှုကို ရှင်းထုတ်ပေးပါတယ်။ ဗိုက်တာမင် K2 က ကျောက်ကပ်ကျောက် မဖြစ်အောင်ကူညီပေးပါတယ်။ နာတာရှည် ကျောက်ကပ်လူနာများ နှင့် ကျောက်ကပ်ဆေးနေရသူတွေမှာ ဗိုက်တာမင် K2 ချို့တဲ့မှု အများဆုံးဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဗိုက်တာမင် K2 က သွေးကြောတွင်း ကယ်ဆီယမ်စုပုံခြင်းကို တားဆီးပေးတာကြောင့် သွေးကြောထုံးခြင်းကို သက်သာစေပါတယ်။ ဗိုက်တာမင် K2 က လေမဖြတ်အောင်ကာကွယ်နိုင်တယ်ဆိုပါတယ်။ သွေးကျဲဆေးသောက်နေသူအတွက် ဗိုက်တာမင် K2 သောက်မည်ဆိုလျှင် 50 mcg မကျော်သင့်ဘူးလို့ ဆိုပါတယ်။

✅ Karnit Q မှာ L-carnitine ( 500 mg ) , CoQ10 ( 30 mg ) နှင့် resveratrol ( 5 mg ) ပါဝင်ပါတယ်။ L-carnitine က သွေးထဲက အဆီတွေကို စွမ်းအင်ထုတ်ပေးပါတယ်။ L-carnitine က သွေးတွင်း lactic acid ပမာဏကို လျော့ကျစေပြီး စိတ်ပင်ပန်းမှု နှင့်ကိုယ်ပင်ပန်းမှုကို သက်သာစေပါတယ်။ L-carnitine က glutathione ပမာဏကို များလာစေပြီး ခုခံအားမြင့်တက်စေတဲ့အပြင် ကိုယ်ခန္ဓာ detox ပြုလုပ်ခြင်းမှာလည်းအကူအညီပေးပါတယ်။ CoQ10 ရဲ့ ပင်မတာဝန်က ဆဲလ်တွင်း စွမ်းအင်ထုတ်ပေးဖို့ဖြစ်ပါတယ်။ CoQ10 က နှလုံးရောဂါကို ကာကွယ်ခြင်း နှင့် ကုသခြင်းမှာ များစွာအကျိုးပြုတယ်ဆိုပါတယ်။ Resveratrol က နိုက်ထရစ်အောက်ဆိုက် ( nitric oxide ) ကို ထုတ်ပေးပြီး သွေးတိုးကျစေတယ်။ ကိုယ်လက်စထရောပြုလုပ်ပေးတဲ့ အင်ဇိုင်းရဲ့ လုပ်ငန်းကို လျော့ချလိုက်ပြီး သွေးတွင်းအဆီကျစေပါတယ်။ သွေးကြောပိတ်ခြင်းကို ကာကွယ်နိုင်တယ်။ Karnit Q ရဲ့ ကောင်းကျိုးက ဆဲလ်တွေရဲ့စွမ်းအင်ကို မြှင့်တင်ပေးပြီး နှလုံးရောဂါကို ကာကွယ်နိုင်တဲ့အပြင် စွမ်းအင်လျော့နည်းတဲ့ အခြေအနေမှာ အသုံးပြုနိုင်ပါတယ်။

✅ Lutein က age-related macular degeneration ( အသက်ကြီးတဲ့သူတွေမှာ ဖြစ်တတ်တဲ့ မျက်လုံးကောင်းကောင်းမမြင်ရခြင်း) ကိုသက်သာပျောက်ကင်းစေပါတယ်။ 2025 မှာ age-related macular degeneration ( AMD ) ဖြစ်နှုန်းက သုံးဆလောက်မြင့်တက်နိုင်တယ်လို့ the American Optometric Association က သတိပေးနေပါတယ်။ Lutein က AMD ဖြစ်နိုင်ချေကို ၄၃% လောက်လျော့ချပေးတယ်ပြောပါတယ်။ Zeaxanthin တို့ ဗိုက်တာမင် E တို့နဲ့ပေါင်းသုံးလျှင် မျက်လုံးတိမ်အတွက်လည်းကောင်းပါတယ်။ Lutein က အသားအရေကိုကောင်းမွန်စေပြီး အရေပြားကင်ဆာကို ကာကွယ်ပေးပါတယ်။ Lutein က ရောင်ရမ်းခြင်းကို လျော့ချပေးတဲ့ ဓ

Address

Yangon
11062

Telephone

+959699798295

Website

Alerts

Be the first to know and let us send you an email when Fujinami ၀၉၆၉၉၇၉၈၂၉၅ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Fujinami ၀၉၆၉၉၇၉၈၂၉၅:

Shortcuts

Share