Scent Story Selects

Scent Story Selects Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Scent Story Selects, Discount Store, South Okkalapa Township, Yangon.

Scent Story ရဲ့ Sale Page အခွဲလေးပါ။ နှစ်ပေါင်းများစွာ ရေမွှေးစု လာတဲ့ Collector တွေ စုပြီးလုပ်တဲ့ Small Business လေးမို့ ယုံကြည်စိတ်ချစွာ အားပေးနိုင်ပါတယ်။ Authenticity 💯% အာမခံပါတယ်။ 🌹✨🌸🌷🌿

Fragrance Review: 𝗧𝗢𝗠 𝗙𝗢𝗥𝗗 𝗢𝗺𝗯𝗿𝗲́ 𝗟𝗲𝗮𝘁𝗵𝗲𝗿𝑁𝑜𝑠𝑒 - 𝑆𝑜𝑛𝑖𝑎 𝐶𝑜𝑛𝑠𝑡𝑎𝑛𝑡𝐔𝐧𝐛𝐫𝐢𝐝𝐥𝐞𝐝 𝐒𝐞𝐧𝐬𝐮𝐚𝐥𝐢𝐭𝐲🟫 𑁍 🤵🏻‍♂️🖤TOM FORD ရဲ့ Ombré Leather ဆ...
31/08/2026

Fragrance Review: 𝗧𝗢𝗠 𝗙𝗢𝗥𝗗 𝗢𝗺𝗯𝗿𝗲́ 𝗟𝗲𝗮𝘁𝗵𝗲𝗿
𝑁𝑜𝑠𝑒 - 𝑆𝑜𝑛𝑖𝑎 𝐶𝑜𝑛𝑠𝑡𝑎𝑛𝑡

𝐔𝐧𝐛𝐫𝐢𝐝𝐥𝐞𝐝 𝐒𝐞𝐧𝐬𝐮𝐚𝐥𝐢𝐭𝐲

🟫 𑁍 🤵🏻‍♂️🖤

TOM FORD ရဲ့ Ombré Leather ဆိုတာ အနံ့ကို ရလိုက်တာနဲ့ အရမ်း Manly ဖြစ်တဲ့ ဆွဲဆောင်မှု ပြင်းပြင်းကို ခံစားရစေတဲ့ ရေမွှေး၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိတဲ့ သူတွေအတွက် Statement Maker ရေမွှေး၊ လူအများကြားမှာ ထင်ရှားပေါ်လွင်စေပြီး ကိုယ့်ရဲ့ Character ကို အနံ့နဲ့တင် ဖော်ပြပေးနိုင်တဲ့ ရေမွှေးတစ်ခု ဖြစ်တယ်။
---

Scent Profile

ဒီရေမွှေးရဲ့ အဓိကရနံ့ကတော့ Luxurious Leather ရနံ့ပါပဲ။ Leather ဆိုလို့ ပြင်းထန်တဲ့ သားရေနံ့မျိုးကြီး မဟုတ်ပဲ အကောင်းစား Luxury Car အသစ်ရဲ့ အတွင်းခန်း အနံ့မျိုး Leather နံ့ပါ။ အဲ့ဒါကိုမှ အရမ်းကို Smooth ဖြစ်အောင်လုပ်ထားတဲ့ ။ သူ့မှာ အရမ်းထူးခြားတာက Leather ကို မိုးဦးကျ စံပယ်ပန်းနံ့ သင်းသင်းလေးနဲ့ ပေါင်းစပ်ထားလို့ Mysterious & Dark ဖြစ်တဲ့ Leather နဲ့ Fresh & Dewey Jasmine တို့ရဲ့ Contrast ဖြစ်နေပုံက အရမ်းကို စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဖာလာစေ့ (Cardamom) ရဲ့ ခပ်မွှေးမွှေး အနွေးဓာတ်လေး ကလည်းပါတော့ ရေမွှေးကို Cozy လည်း ဖြစ်နေစေပြန်တယ်။ Bold & Alluring ဖြစ်တဲ့ တကယ့် Unique Master Piece Scent Profile ပဲ။
---

Vibe

Ombré Leather ကို ဆွတ်လိုက်တိုင်း တော်တော်လေး စိတ်ကျေနပ်မှုကို ရစေတယ်။ Confidence ကို Boost ဖြစ်စေတဲ့ Effect ရှိတယ်လို့ ခံစားရတယ်။ Black Leather Jacket နဲ့ 501 Classic Jeans ဝတ်ထားပြီး မုတ်ဆိတ်မွှေး ပါးသိုင်းမွှေးနဲ့ တကယ့်ကို Manly ဖြစ်တဲ့ Vibe မျိုးနဲ့ အရမ်းလိုက်ပါတယ်။ Nightout ရင် ကိုယ့်အနား ရောက်လာသူတိုင်းရဲ့ အာရုံကို ချက်ချင်း ဖမ်းစားထားနိုင်တယ်။ အသက်အလတ်ပိုင်း Manly ဖြစ်တဲ့ ဘဲကြီးတွေ ဆွတ်ရင် အရမ်းကို အထာကျနေမဲ့ အနံ့မျိုးပေါ့။
---

Occasion & Performance

ညနေခင်း ပိုင်း နဲ့ Nightout တွေမှာ အရမ်းလိုက်တယ်။ ဒါပေမဲ့ Clubbing ထက် Bar Vibe မျိုးနဲ့ ပိုပြီး လိုက်တယ်။ မိုးရာသီ နဲ့ ဆောင်းရာသီ မှာ တော့ သူ့ အနံ့က အကောင်းဆုံးပါ။ ဒါမှမဟုတ်လည်း Aircon အေးတဲ့ Environment တွေမျိုးမှာ ဆိုရင်တော့ Okay ပါတယ်။ ဒီလို Bold & Mysteriious အနံ့မျိုးက Formal Office Setting အတွက်တော့ သိပ်မလိုက်ဘူး။

Performance ကတော့ တော်တော်လေး ကောင်းမွန်ပါတယ်။ Longevity က 8+ hours ကောင်းကောင်ရတယ်။ ပျံ့လွင့်မှု (Projection) က ပြင်းထန်လွန်းမနေဘဲ ကိုယ့်ပတ်ဝန်းကျင်မှာ တော်တော်လေး ထင်ရှားတဲ့ Presence ကို ပေးပါတယ်။ ကိုယ်ဖြတ်သွားရင် ကျန်ခဲ့တဲ့ Scent Trail (Sillage) က Leather ရနံ့နဲ့ နွေးထွေးတဲ့ အနံ့တွေကြောင့် ဆွဲဆောင်မှုရှိပြီး Compliment တွေ မကြာခဏ ရရှိစေမဲ့ Fragrance ပါ။

🟫 𑁍 🤵🏻‍♂️🖤



𝘋𝘪𝘴𝘤𝘭𝘢𝘪𝘮𝘦𝘳: 𝘈𝘭𝘭 𝘛𝘳𝘢𝘥𝘦𝘮𝘢𝘳𝘬𝘴 𝘢𝘯𝘥 𝘉𝘳𝘢𝘯𝘥 𝘕𝘢𝘮𝘦𝘴 𝘢𝘳𝘦 𝘵𝘩𝘦 𝘱𝘳𝘰𝘱𝘦𝘳𝘵𝘺 𝘰𝘧 𝘵𝘩𝘦𝘪𝘳 𝘳𝘦𝘴𝘱𝘦𝘤𝘵𝘪𝘷𝘦 𝘰𝘸𝘯𝘦𝘳𝘴. 𝘋𝘪𝘢𝘳𝘺 𝘰𝘧 𝘢 𝘍𝘳𝘢𝘨𝘳𝘢𝘯𝘤𝘦 𝘊𝘰𝘭𝘭𝘦𝘤𝘵𝘰𝘳 𝘪𝘴 𝘢𝘯 𝘪𝘯𝘥𝘦𝘱𝘦𝘯𝘥𝘦𝘯𝘵 𝘦𝘯𝘵𝘪𝘵𝘺; 𝘰𝘶𝘳 𝘶𝘴𝘦 𝘰𝘧 𝘵𝘩𝘦𝘴𝘦 𝘯𝘢𝘮𝘦𝘴 𝘪𝘴 𝘧𝘰𝘳 𝘳𝘦𝘷𝘪𝘦𝘸 𝘱𝘶𝘳𝘱𝘰𝘴𝘦𝘴 𝘰𝘯𝘭𝘺 𝘢𝘯𝘥 𝘥𝘰𝘦𝘴 𝘯𝘰𝘵 𝘪𝘮𝘱𝘭𝘺 𝘢𝘯𝘺 𝘧𝘰𝘳𝘮𝘢𝘭 𝘢𝘧𝘧𝘪𝘭𝘪𝘢𝘵𝘪𝘰𝘯 𝘰𝘳 𝘦𝘯𝘥𝘰𝘳𝘴𝘦𝘮𝘦𝘯𝘵. 𝘕𝘰 𝘤𝘰𝘱𝘺𝘳𝘪𝘨𝘩𝘵 𝘪𝘯𝘧𝘳𝘪𝘯𝘨𝘦𝘮𝘦𝘯𝘵 𝘪𝘯𝘵𝘦𝘯𝘥𝘦𝘥.

𝗥𝗲𝘃𝗶𝗲𝘄: 𝗫𝗲𝗿𝗷𝗼𝗳𝗳 𝗟𝗼𝘂𝗶𝘀 𝗫𝗩 𝟭𝟳𝟮𝟮 𝗥𝗼𝘀𝗲́𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐑𝐞𝐯𝐢𝐞𝐰 𝐛𝐲 𝐌𝐚𝐲🌹 🩷 🍾 🍓ဟယ်လို ဟယ်လို! W**e ချစ်သူတွေရှိလားရှင့်။ 🍾Red W**e, Whit...
31/08/2026

𝗥𝗲𝘃𝗶𝗲𝘄: 𝗫𝗲𝗿𝗷𝗼𝗳𝗳 𝗟𝗼𝘂𝗶𝘀 𝗫𝗩 𝟭𝟳𝟮𝟮 𝗥𝗼𝘀𝗲́

𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐑𝐞𝐯𝐢𝐞𝐰 𝐛𝐲 𝐌𝐚𝐲
🌹 🩷 🍾 🍓

ဟယ်လို ဟယ်လို! W**e ချစ်သူတွေရှိလားရှင့်။ 🍾

Red W**e, White W**e တွေထက် Rosé (ရိုဆေး) လို့ခေါ်တဲ့ Pink W**e လေးကို မှ ကြိုက်ကြတဲ့ မမ တွေ ရှိကြလားရှင့်။ မေ ကတော့ Holiday ရက်တွေတို့၊ကမ်းခြေသွားတဲ့ အချိန်တို့၊ ပူတဲ့ နေ့ခင်းဘက် အချိန်တွေမှာဆို ဒီ Rosé လေးကို မှ အေးစက်နေအောင် Chill ထားပြီး သောက်ရတဲ့ အရသာလေးကို ဘာနဲ့မှ မလဲနိုင်တာပါနော်။
---

သူ့ အရသာလေးက Red W**e လို (Tannin) ဖန်တဲ့ ဘက်ကိုလည်း အရမ်းမရောက်သလို White W**e လို (Sour) ချဉ်တဲ့ ဘက်ကိုလည်း အရမ်း မရောက်ဘဲ ချိုချဉ်မွှေးလေး။Strawberry, Raspberry, Black Current လို Berry သီးလေးတွေ နဲ့ Citrus & Melon အရသာလေးတွေနဲ့ အရမ်းကို Fresh ဖြစ်တာလေးပါ။ Pink Rose အနံ့လေးပါနေတာကလည်း အဓိကအသက်ပေါ့။

Rosé ကို မှ Sparkling ဖြစ်တဲ့ Ch*****ne Version လေး က မေအကြိုက်ဆုံး W**e အမျိုးအစားလေးပါဘဲ။ ပူတဲ့ နွေရာသီလိုမျိုးမှာ Crisp & Vibrant ဖြစ်တဲ့ Rosé လေးက ရင်မပူစေပဲ သောက်လို့ အရမ်းကောင်းသောလေးပါ။
---

ပြင်သစ်က Prestigious Ch*****ne House 𝐌𝐚𝐢𝐬𝐨𝐧 𝐝𝐞 𝐕𝐞𝐧𝐨𝐠𝐞 နဲ့ 𝐗𝐞𝐫𝐣𝐨𝐟𝐟 တို့ Collaboration လုပ်ပြီး ထုတ်ထားတဲ့ ဒီ 𝐋𝐨𝐮𝐢𝐬 𝐗𝐕 𝟏𝟕𝟐𝟐 𝐑𝐨𝐬𝐞́ လေးက အပေါ်မှာ ပြောသွားတဲ့ Rosé Ch*****ne လေးရဲ့ Character ကို အကယ့်ကို ထိထိမိမိ Reflect လုပ်ပေးထားနိုင်တဲ့ ရေမွှေးလေး။ 2025 ကမှ ထွက်ထားပြီး မေ အရမ်းကြိုက်တဲ့ အသစ်ထွက် ရေမွှေးလေးပါ။ သူလေးက ဝယ်ရတော့ တော်တော်ခက်တာလေး တစ်ခု ရှိပါတယ်။

သူ့ကို ဖြန်းလိုက်ရင် Sparkling Rosé လေးသောက်လိုက်ရသလို ချိုအေးမွှေးပြီး စိတ်ထဲထိပါအေးချမ်းပြီး မွေးပျံ့နေတာမျိုးလေးပါ။ စမ်းကြည့်ဖို့ 100% Recommend ပေးပါတယ် ရှင်။

Review လေး ဖတ်ပေးတာ ကျေးဇူးတင်ပါတယ်။ 🌸
---

🌹 🩷 🍾 🍓

ဒီလိုမျိုး ရေမွှေး Review Content လေးတွေကြိုက်လို့ မေတို့ကို Support ပေးချင်တယ် ဆိုရင် Scent Story Selects မှာ Decant 5 ml 10 ml လေးတွေဝယ်ပြီး Support ပေးလို့ရပါတယ်ရှင့် 😘

**e

𝘋𝘪𝘴𝘤𝘭𝘢𝘪𝘮𝘦𝘳: 𝘈𝘭𝘭 𝘛𝘳𝘢𝘥𝘦𝘮𝘢𝘳𝘬𝘴 𝘢𝘯𝘥 𝘉𝘳𝘢𝘯𝘥 𝘕𝘢𝘮𝘦𝘴 𝘢𝘳𝘦 𝘵𝘩𝘦 𝘱𝘳𝘰𝘱𝘦𝘳𝘵𝘺 𝘰𝘧 𝘵𝘩𝘦𝘪𝘳 𝘳𝘦𝘴𝘱𝘦𝘤𝘵𝘪𝘷𝘦 𝘰𝘸𝘯𝘦𝘳𝘴. 𝘋𝘪𝘢𝘳𝘺 𝘰𝘧 𝘢 𝘍𝘳𝘢𝘨𝘳𝘢𝘯𝘤𝘦 𝘊𝘰𝘭𝘭𝘦𝘤𝘵𝘰𝘳 𝘪𝘴 𝘢𝘯 𝘪𝘯𝘥𝘦𝘱𝘦𝘯𝘥𝘦𝘯𝘵 𝘦𝘯𝘵𝘪𝘵𝘺; 𝘰𝘶𝘳 𝘶𝘴𝘦 𝘰𝘧 𝘵𝘩𝘦𝘴𝘦 𝘯𝘢𝘮𝘦𝘴 𝘪𝘴 𝘧𝘰𝘳 𝘳𝘦𝘷𝘪𝘦𝘸 𝘱𝘶𝘳𝘱𝘰𝘴𝘦𝘴 𝘰𝘯𝘭𝘺 𝘢𝘯𝘥 𝘥𝘰𝘦𝘴 𝘯𝘰𝘵 𝘪𝘮𝘱𝘭𝘺 𝘢𝘯𝘺 𝘧𝘰𝘳𝘮𝘢𝘭 𝘢𝘧𝘧𝘪𝘭𝘪𝘢𝘵𝘪𝘰𝘯 𝘰𝘳 𝘦𝘯𝘥𝘰𝘳𝘴𝘦𝘮𝘦𝘯𝘵. 𝘕𝘰 𝘤𝘰𝘱𝘺𝘳𝘪𝘨𝘩𝘵 𝘪𝘯𝘧𝘳𝘪𝘯𝘨𝘦𝘮𝘦𝘯𝘵 𝘪𝘯𝘵𝘦𝘯𝘥𝘦𝘥.

Ormonde Jayne – Levant EDP“Levant” ဆိုတာ နေထွက်ရာအရပ်၊ အရုဏ်တက်ချိန်ရဲ့ အလှကို ဆိုလိုပါတယ်။ ပထမဆုံး နေရောင်ခြည်လို လန်းဆ...
14/07/2026

Ormonde Jayne – Levant EDP

“Levant” ဆိုတာ နေထွက်ရာအရပ်၊ အရုဏ်တက်ချိန်ရဲ့ အလှကို ဆိုလိုပါတယ်။ ပထမဆုံး နေရောင်ခြည်လို လန်းဆန်းမှု၊ နူးညံ့တဲ့ ပန်းရနံ့တွေနဲ့ တစ်နေ့တာကို ယုံကြည်မှုအပြည့်နဲ့ စတင်စေတဲ့ ရနံ့တစ်ခုပါ။

✨ Ormonde Jayne ✨ ဆိုတာ Linda Pilkington ဆိုတဲ့ Lady Entrepreneur တည်ထောင်ထားတဲ့ Independent Niche Fragrance House ပါ။

🌟 ဒီရေမွှေးလေးကို ပုလင်းလေးမြင်လိုက်ထဲက အရမ်းကြိုက်နေတာ။ 🍊 Mandarin Orange ရယ် 🍋 Bergamot Notes တွေကို 🌹 Peony ရဲ့ နူးညံ့သိမ်မွေ့မှုလေးနဲ့ စတင်ခံစားလိုက်ရပြီး နောက်ကနေ Lilly-of-the-valley ရယ် Jasmine Notes လေးတွေက လှလှပပ ဖြေးဖြေးချင်းထွက်လာကြတယ်။ နောက်ဆုံးမှာတော့ Woody Musk Notes လေးနဲ့ နွေးနွေးလေး အဆုံးသတ်လို့ သန့်ရှင်းပြီး Classy ဖြစ်တဲ့ Impression ကို ရစေပါတယ်။

🌼 Daily၊ Office၊ Date day တွေအတွက် အရမ်းလိုက်ဖက်ပါတယ်။
☀️ ပူတဲ့ရာသီမှာလည်း သုံးရင်လဲ အနံ့ပြင်းပြီး ခေါင်းမကိုက်စေဘဲ၊ ⛈️ မိုးအေးတဲ့ နေတွေ အတွက်တော့ အရမ်းကောင်းတဲ့ Scent လေးဖြစ်နေမှာပါ။

🍊🌹🍋 Projection က Moderate ဖြစ်ပြီး အနားကပ်လာတဲ့အချိန်မှာ သဘာဝကျကျ မွှေးနေတဲ့ Scent လေး။ Longevity ကလည်း ၆–၈ နာရီလောက် ခံနိုင်တာကြောင့် နေ့စဉ်သုံးဖို့ အဆင်ပြေတဲ့ Luxury Fragrance တစ်လုံးပါ။ 🌟 Fruit-Floral Scent လေးကိုမှ ရနေကျ အနံ့လေးတွေနဲ့ ကွဲချင်ရင် ဒါလေး စမ်းသုံးကြည့်နော်။ 💕💕

(ဒီ ရေမွေးလေးကို Scent Story Selects မှာ Decant လေးဝယ်ယူအားပေးနိုင်ပြီဖြစ်သလို Full Bottle preorder ကို လည်း Page Messenger မှာ မေးမြန်းနိုင်ပါတယ်ရှင်)

ရေမွှေး Collector တွေစုပြီး လုပ်တဲ့ Small Business လေးမို့ 100% Authentic အာမခံ ပါတယ်။ ✅

Delivery ရောက်တဲ့ မြို့နယ်တွေဆို COD ရပါတယ်။ 🚚 New Customer တွေကိုတော့ ပထမဆုံး Order ကို 10% Prepaid လေး ယူပါတယ်။



𝘋𝘪𝘴𝘤𝘭𝘢𝘪𝘮𝘦𝘳: 𝘈𝘭𝘭 𝘛𝘳𝘢𝘥𝘦𝘮𝘢𝘳𝘬𝘴 𝘢𝘯𝘥 𝘉𝘳𝘢𝘯𝘥 𝘕𝘢𝘮𝘦𝘴 𝘢𝘳𝘦 𝘵𝘩𝘦 𝘱𝘳𝘰𝘱𝘦𝘳𝘵𝘺 𝘰𝘧 𝘵𝘩𝘦𝘪𝘳 𝘳𝘦𝘴𝘱𝘦𝘤𝘵𝘪𝘷𝘦 𝘰𝘸𝘯𝘦𝘳𝘴. 𝘚𝘤𝘦𝘯𝘵 𝘚𝘵𝘰𝘳𝘺 𝘚𝘦𝘭𝘦𝘤𝘵𝘴 𝘪𝘴 𝘢𝘯 𝘪𝘯𝘥𝘦𝘱𝘦𝘯𝘥𝘦𝘯𝘵 𝘦𝘯𝘵𝘪𝘵𝘺; 𝘰𝘶𝘳 𝘶𝘴𝘦 𝘰𝘧 𝘵𝘩𝘦𝘴𝘦 𝘯𝘢𝘮𝘦𝘴 𝘪𝘴 𝘧𝘰𝘳 𝘳𝘦𝘴𝘢𝘭𝘦 𝘱𝘶𝘳𝘱𝘰𝘴𝘦𝘴 𝘰𝘯𝘭𝘺 𝘢𝘯𝘥 𝘥𝘰𝘦𝘴 𝘯𝘰𝘵 𝘪𝘮𝘱𝘭𝘺 𝘢𝘯𝘺 𝘧𝘰𝘳𝘮𝘢𝘭 𝘢𝘧𝘧𝘪𝘭𝘪𝘢𝘵𝘪𝘰𝘯 𝘰𝘳 𝘦𝘯𝘥𝘰𝘳𝘴𝘦𝘮𝘦𝘯𝘵.

✨ အရမ်းကောင်းတဲ့ ရေမွေးလေး တစ်လုံး ရောက်လာပြီ….နောက်နေ့ review လေး လာပါမယ်….🌟Decant လေးလဲ ရမယ်နော်….💕
12/07/2026

✨ အရမ်းကောင်းတဲ့ ရေမွေးလေး တစ်လုံး ရောက်လာပြီ….နောက်နေ့ review လေး လာပါမယ်….🌟Decant လေးလဲ ရမယ်နော်….💕

🌟 ✨ နူးညံ့သန့်ရှင်းပြီး ရိုးရှင်းပေမယ့် ဘယ်တော့မှ မရိုးသွားမယ့် အချိန်မရွေးသုံးလို့လှနေမယ့် ရေမွေးလေးတွေ။ ✨ 🌟       ☂️ 𝐅...
11/07/2026

🌟 ✨ နူးညံ့သန့်ရှင်းပြီး ရိုးရှင်းပေမယ့် ဘယ်တော့မှ မရိုးသွားမယ့် အချိန်မရွေးသုံးလို့လှနေမယ့် ရေမွေးလေးတွေ။ ✨ 🌟


☂️ 𝐅𝐥𝐨𝐫𝐚𝐢̈𝐤𝐮 – 𝐎𝐧𝐞 𝐔𝐦𝐛𝐫𝐞𝐥𝐥𝐚 𝐅𝐨𝐫 𝐓𝐰𝐨 ☂️

🌧️ ☔️ မိုးဖွဲဖွဲကျနေတဲ့ နေ့လည်ခင်းတစ်ခုမှာ ရေနွေးကြမ်းပူပူလေးတစ်ခွက်ကို သောက်ရင်း Toast မွှေးမွှေးလေး စားနေရသလို နွေးထွေးပြီး အေးချမ်းတဲ့ Fragrance လေး။ 🌧️

🌾 🫖 Blackcurrant, Tea နဲ့ Rice Notesတို့ရဲ့ ပေါင်းစပ်မှုက ချိုမြိန်လှပပြီး တည်ငြိမ်နွေးထွေးတဲ့ Cozy & Sophisticated Vibe လေးပေးပါတယ်။ 🌧️

☔️ နူးညံ့ကျော့ရှင်းတဲ့ Unisex Scent လေးဖြစ်တာကြောင့် မိုးသည်းတဲ့နေ့တွေ၊ အေးမြတဲ့ရာသီနဲ့ Evening Wear အတွက် အရမ်းလိုက်ဖက်ပါတယ်။ ✨

🤍 𝐉𝐮𝐥𝐢𝐞𝐭𝐭𝐞 𝐇𝐚𝐬 𝐀 𝐆𝐮𝐧 – 𝐍𝐨𝐭 𝐀 𝐏𝐞𝐫𝐟𝐮𝐦𝐞 🤍

🤍Cetalox တစ်မျိုးတည်းနဲ့ ဖန်တီးထားတဲ့ Minimalist Skin Scent လေး။ 🌟

🫧 သန့်ရှင်းပြီး ရေချိုးပြီးခါစလို လန်းဆန်း အေးချမ်းသွားစေတဲ့ Soft, Clean & Effortless Vibe လေးပေးတာကြောင့် Daily Wear အတွက် အရမ်းလိုက်ဖက်ပါတယ်။ Bedtime Perfume အနေနဲ့ သုံးရင်လဲ အိပ်မက်လှလှမက်စေတဲ့ Scent လေး။ 🌟

📖 𝐃*𝐩𝐭𝐲𝐪𝐮𝐞 𝐋’𝐄𝐚𝐮 𝐏𝐚𝐩𝐢𝐞𝐫 📖

🤍 စာရွက်ဖြူတစ်ရွက်ပေါ်မှာ စိတ်ကူးတွေကို ရေးခြစ်နေသလို အေးချမ်းပြီး Artistic ဖြစ်တဲ့ Healing Scent လေး။ 🫧

🤍 Rice Accord, Mimosa နဲ့ White Musk တို့ရဲ့ ပေါင်းစပ်မှုက Clean, Comforting & Minimalist vibe လေးကို ပေးပါတယ်။ 🤍✨

🌾 ✦ 𝗟𝗢𝗡𝗚𝗧𝗜𝗘𝗡 – Á𝗼 𝗗à𝗶 ✦ 🌾

🍃 Áo Ďài ဆိုတာ Vietnam ရဲ့ Traditional National Dress ပါ။ သန့်ရှင်းနူးညံ့ပြီး အမျိုးသမီးဆန်တဲ့ ကျော့ရှင်းမှုကို ပုံဖော်ထားတဲ့ Fragrance လေး။ ( 1st spray မှာထဲက ဟ! L’ Papier ပဲ ဆိုပြီး ဖြစ်သွားတာလေး…)

🌾 🍃 Rice, Mimosa နဲ့ Musk Notes တို့ရဲ့ ပေါင်းစပ်မှုက အေးချမ်းပြီး Elegant Vibe လေးကို ပေးနိုင်တာကြောင့် နေ့စဉ်သုံးဖို့ အရမ်းသင့်တော်တဲ့ scent လေး။ 🌸🤍

(ဒီရေမွေးလေးတွေကို Scent Story Selects မှာ Decant လေးဝယ်ယူအားပေးနိုင်ပါတယ်ရှင်။)

ရေမွှေး Collector တွေစုပြီး လုပ်တဲ့ Small Business လေးမို့ 100% Authentic အာမခံ ပါတယ်။ ✅

Delivery ရောက်တဲ့ မြို့နယ်တွေဆို COD ရပါတယ်။ 🚚 New Customer တွေကိုတော့ ပထမဆုံး Order ကို 10% Prepaid လေး ယူပါတယ်။



𝘋𝘪𝘴𝘤𝘭𝘢𝘪𝘮𝘦𝘳: 𝘈𝘭𝘭 𝘛𝘳𝘢𝘥𝘦𝘮𝘢𝘳𝘬𝘴 𝘢𝘯𝘥 𝘉𝘳𝘢𝘯𝘥 𝘕𝘢𝘮𝘦𝘴 𝘢𝘳𝘦 𝘵𝘩𝘦 𝘱𝘳𝘰𝘱𝘦𝘳𝘵𝘺 𝘰𝘧 𝘵𝘩𝘦𝘪𝘳 𝘳𝘦𝘴𝘱𝘦𝘤𝘵𝘪𝘷𝘦 𝘰𝘸𝘯𝘦𝘳𝘴. 𝘚𝘤𝘦𝘯𝘵 𝘚𝘵𝘰𝘳𝘺 𝘚𝘦𝘭𝘦𝘤𝘵𝘴 𝘪𝘴 𝘢𝘯 𝘪𝘯𝘥𝘦𝘱𝘦𝘯𝘥𝘦𝘯𝘵 𝘦𝘯𝘵𝘪𝘵𝘺; 𝘰𝘶𝘳 𝘶𝘴𝘦 𝘰𝘧 𝘵𝘩𝘦𝘴𝘦 𝘯𝘢𝘮𝘦𝘴 𝘪𝘴 𝘧𝘰𝘳 𝘳𝘦𝘴𝘢𝘭𝘦 𝘱𝘶𝘳𝘱𝘰𝘴𝘦𝘴 𝘰𝘯𝘭𝘺 𝘢𝘯𝘥 𝘥𝘰𝘦𝘴 𝘯𝘰𝘵 𝘪𝘮𝘱𝘭𝘺 𝘢𝘯𝘺 𝘧𝘰𝘳𝘮𝘢𝘭 𝘢𝘧𝘧𝘪𝘭𝘪𝘢𝘵𝘪𝘰𝘯 𝘰𝘳 𝘦𝘯𝘥𝘰𝘳𝘴𝘦𝘮𝘦𝘯𝘵.

✨ 𝗦𝗰𝗲𝗻𝘁 𝗦𝘁𝗼𝗿𝘆 𝗦𝗲𝗹𝗲𝗰𝘁𝘀: 𝗗𝗲𝗰𝗮𝗻𝘁 𝗖𝗼𝗹𝗹𝗲𝗰𝘁𝗶𝗼𝗻 ✨Signature Scent အသစ်လေးတွေ ရှာနေတာလား? ဒါမှမဟုတ် Niche နဲ့ Designer Masterpiec...
02/07/2026

✨ 𝗦𝗰𝗲𝗻𝘁 𝗦𝘁𝗼𝗿𝘆 𝗦𝗲𝗹𝗲𝗰𝘁𝘀: 𝗗𝗲𝗰𝗮𝗻𝘁 𝗖𝗼𝗹𝗹𝗲𝗰𝘁𝗶𝗼𝗻 ✨

Signature Scent အသစ်လေးတွေ ရှာနေတာလား? ဒါမှမဟုတ် Niche နဲ့ Designer Masterpiece လေးတွေကို Full Bottle တန်းမဝယ်ခင် အရင်အနံ့လေးတွေစမ်းချင်တာလား? သင့်အတွက် အကောင်းဆုံး ရွေးချယ်မှုတွေကို Scent Story Selects ကနေ စုစည်းပေးထားပါတယ် ခင်ဗျ။ 🤎

မိမိစိတ်ဝင်စားတဲ့ ရေမွှေးအမျိုးအစားအလိုက် အောက်က Link လေးတွေမှာ Review လေးတွေဖတ်ပြီး ဝယ်ယူအားပေးနိုင်ပါတယ်

* Ł-V တွေအများကြီးထဲက အကောင်းဆုံး ရေမွှေး ၂ မျိုး
🔗 https://tinyurl.com/ScentStorySelects-LV

K-pop Star လေးတွေ အသဲစွဲ Ð*ptyques ထဲက ကိုယ်အကြိုက်ဆုံး ၃ မျိုး
🔗 https://tinyurl.com/ScentStorySelects-Diptyque

PDM ရဲ့ ရေမွှေးလေးတွေထဲက မမတို့ ညီမလေးတို့အတွက် အမိုက်ဆုံးရေမွှေးလေး ၃ မျိုး
🔗 https://tinyurl.com/ScentStorySelects-PDM-Lady

ဒါက PDM စုံစုံလေး… အရမ်းမိုက်တဲ့ Layton, Greenly, Sedley, Althair, Percival, Perseus အစုံ
🔗 https://tinyurl.com/ScentStorySelects-PDM-All

Pink W**e သောက်ရတာကြိုက်တဲ့ ကောင်မလေးတွေအတွက် X€rjoff Louis XV Rosé
🔗 https://tinyurl.com/ScentStorySelects-LouisXVRose

ရေမွှေးမဟုတ်ဘူး ဒါပေမဲ့ ဘယ်လိုလေးမွှေးလို့မွှေးမှန်း မသိတဲ့ Not A Perfume
🔗 https://tinyurl.com/ScentStorySelects-NotAPerfume

အချေတလိုင်း မမတွေ ရဲ့ Vibe အပြည့်ပေးတဲ့ Burberry - for Her
🔗 https://tinyurl.com/ScentStorySelects-BurberryHer

မိန်းကလေးဆန်ဆန် အကောင်းစား ရေမွှေးလေးတွေရှာနေရင် Narciso Rodriguez ထဲကရွေး
🔗 https://tinyurl.com/ScentStorySelects-NR

နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့လေး ကိုမှ ဈေးလေးကလည်း တန်လွန်းတဲ့ Mont Blanc Signature
🔗 https://tinyurl.com/ScentStorySelects-MB-Signature

မိန်းကလေးတိုင်းစမ်းဖူးသင့်တယ်ဆိုတဲ့ Libre… Black Pink မမ Rosé က Brand Ambassador
🔗 https://tinyurl.com/ScentStorySelects-YSL-Libre

Libre Lineup ထဲက နောက်ဆုံးထွက်၊ Trending ဖြစ်နေတဲ့ Seductive Fruity လေး Berry Crush
🔗 https://tinyurl.com/ScentStorySelects-Libre-Berry

Modern Gentlemen တွေအတွက် တစ်လုံးတော့ ရှိထားသင့်တဲ့ YSL-MYSLF Lineup
🔗 https://tinyurl.com/ScentStorySelects-MYSLF-Lineup

အနံ့လေးတွေတခုချင်းစီက Memory လေးတွေကို ပုံဖေါ်ထားတဲ့ Replica List
🔗 https://tinyurl.com/ScentStorySelects-Replica

ပူစပ်အိုက်လောင်နေရင် D&G ရဲ့ Freshie လေးတွေကကွက်တိ၊ တန်တန်လေးတွေ
🔗 https://tinyurl.com/ScentStorySelects-DandG3

Luxury Brand Ð*or ရဲ့ အမြင့်ဆုံး ရေမွှေးလိုင်း၊ ဒီထဲက စမ်းပြီးရင် ကျန်တာတွေမတိုးတော့ဘူး 🥰
🔗 https://tinyurl.com/ScentStorySelects-Dior-Private

Luxury Designer Brand Ħ€RM€S ရဲ့ H24 Herbes Vives၊ စိမ်းစိုနေတဲ့ Flat ကောင်လေး
🔗 https://tinyurl.com/ScentStorySelects-H24Herbes

Chic Vibe လေးတွေကြိုက်တဲ့ ကောင်မလေးတွေအတွက် V€R$€ ထဲက ၄ မျိုး
🔗 https://tinyurl.com/ScentStorySelects-Versace-Lady

Niche Perfume ထဲက ​အရမ်းကြိုက်နေကြတဲ့ Fruity-Rose ရေမွှေးလေး ฿ÐK ရဲ့ Impadia
🔗 https://tinyurl.com/ScentStorySelects-Impadia

ပူစပ်စပ် ဖြစ်နေတဲ့ နေ့ရက်တွေအတွက် အကောင်းဆုံး Niche လောကရဲ့ နာမည်ကြီး 𝐗€𝐑𝐉𝐎𝐅𝐅 ရေမွှေး (၂) မျိုး (Mefisto Gentiluomo & Torino 21)
🔗 https://tinyurl.com/ScentStorySelects-MFGen-TRN21

Y$Ł ရဲ့ High-End Private Line ရေမွှေးတွေထဲမှာ အမိုက်ဆုံး For Her & For Him ရေမွှေးတစ်စုံ (Blouse Impertinent Rose နဲ့ Babycat Raw Bourbon)
🔗 https://tinyurl.com/ScentStorySelects-YSL-Blouse
🔗 https://tinyurl.com/ScentStorySelects-YSL-Babycat

စစ်မြေပြင် သူနာပြု ဆရာမလေးတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ ထုတ်ထားတဲ့ BYR€DO Rose of No Man’s Land Absolu de Parfum
🔗 https://tinyurl.com/ScentStorySelects-RONML-Absolu
---

ရေမွှေး Collector တွေ ကိုယ်တိုင် သေချာရွေးချယ်ပေးထားတဲ့ Decant လေးတွေမို့ 100% Authentic ဖြစ်ကြောင်း ရဲရဲကြီး အာမခံပါတယ် ခင်ဗျ။

မှာယူချင်တဲ့ ရေမွှေးလေးတွေရှိရင်ဖြစ်ဖြစ်၊ အသေးစိတ် သိချင်တာလေးတွေရှိရင်ဖြစ်ဖြစ် Page Messenger ကနေ အားမနာတမ်း လာရောက်မေးမြန်းနိုင်ပါတယ်။

☀️ 🌦️ 𝐓𝐡𝐞 𝐔𝐥𝐭𝐢𝐦𝐚𝐭𝐞 𝐗€𝐑𝐉𝐎𝐅𝐅 𝐅𝐫𝐞𝐬𝐡𝐢𝐞𝐬မြန်မာနိုင်ငံရဲ့ Hot & Humid ရာသီဥတုမှာ ရေမွှေးဆွတ်ရင် အီသွားတာ၊ ချွေးနံ့နဲ့ပေါင်းပြီ...
02/07/2026

☀️ 🌦️ 𝐓𝐡𝐞 𝐔𝐥𝐭𝐢𝐦𝐚𝐭𝐞 𝐗€𝐑𝐉𝐎𝐅𝐅 𝐅𝐫𝐞𝐬𝐡𝐢𝐞𝐬

မြန်မာနိုင်ငံရဲ့ Hot & Humid ရာသီဥတုမှာ ရေမွှေးဆွတ်ရင် အီသွားတာ၊ ချွေးနံ့နဲ့ပေါင်းပြီး အနံ့ပျက်သွားတာမျိုး ကြုံဖူးလား?

ဒီလိုရာသီဥတုမျိုးကို အကောင်းဆုံး အံတုနိုင်ပြီး၊ ချွေးထွက်များတဲ့ အချိန်မှာတောင် ခေါင်းကိုက်စရာအနံ့ မဖြစ်သွားဘဲ တစ်နေကုန် Fresh & Clean ဖြစ်နေစေမယ့် Niche လောကရဲ့ နာမည်ကြီး 𝐗€𝐑𝐉𝐎𝐅𝐅 ရေမွှေး (၂) မျိုးကို ယှဉ်ပြီး Review လုပ်ပေးလိုက်ပါတယ်။

🎾 𝐓𝐨𝐫𝐢𝐧𝐨 𝟐𝟏 (The Icy Refresher)
သူကတော့ ပူလွန်းလို့ မွန်းကျပ်နေတဲ့အချိန် ရေခဲစိမ်ထားတဲ့ Lemonade တစ်ခွက် သောက်လိုက်ရသလိုမျိုး အေးမြလန်းဆန်းသွားစေမယ့် ရေမွှေးလေးပါ။ Mint၊ Lemon နဲ့ Basil တို့ရဲ့ လတ်ဆတ်တဲ့ အနံ့လေးတွေကြောင့် ချွေးထွက်များတဲ့ နေ့တွေ၊ အပြင်သွားတာ ဒါမှမဟုတ် Gym ဆော့တဲ့ အချိန်တွေမှာတောင် အနံ့က ချဉ်မသွားဘဲ သန့်ရှင်းလန်းဆန်းနေစေမှာပါ။ High Heat အတွက် စိတ်အချရဆုံးနဲ့ Performance အကောင်းဆုံး ရေမွှေးတစ်ခုပါ။

👔 𝐂𝐚𝐬𝐚𝐦𝐨𝐫𝐚𝐭𝐢 - 𝐌𝐞𝐟𝐢𝐬𝐭𝐨 𝐆𝐞𝐧𝐭𝐢𝐥𝐮𝐨𝐦𝐨 (The Clean Elegance)
Classic ဆန်တဲ့ Italian စတိုင် ရေမွှေးကို အမြင့်ဆုံး Luxury အဆင့်ထိ ဖန်တီးထားတဲ့ Masterpiece ပါ။ Bergamot နဲ့ Lavender ရဲ့ သန့်ရှင်းတဲ့အဖွင့်ကိုမှ Iris ပန်းရဲ့ ခပ်အေးအေး အငွေ့အသက်လေးနဲ့ ပေါင်းစပ်ထားပါတယ်။ ရာသီဥတု ဘယ်လောက်အိုက်အိုက် ကိုယ်ကတော့ ရေချိုးပြီးစ သန့်ရှင်းမွှေးပျံ့နေတဲ့ White Shirt ဝတ်ထားတဲ့ "Refined Gentleman" တစ်ယောက်လို အေးချမ်းတည်ငြိမ်တဲ့ ခံစားချက်ကို ပေးစွမ်းတဲ့ ရေမွှေးပါ။ Daily၊ Office နဲ့ Daytime အချိန် တွေအတွက် Perfect ပါ။ Signature Scent Worthy ပါ။

အိုက်စပ်တဲ့ ရာသီဥတုမှာ ကိုယ့်အနားမှာ အေးချမ်း ပြီး လန်းဆန်းတဲ့ Scent Cloud လေးကိုပေးမဲ့ ဒီ Xerjoff ၂ မျိုးလုံးဟာ Daily Use ဖို့ အကောင်းဆုံး ရွေးချယ်မှုတွေ ဖြစ်ပါတယ်။

✨ ဒီရေမွှေးလေးတွေကို Scent Story Selects မှာ Decant 3ml, 5ml, 10ml လေးတွေ ဝယ်ယူအားပေးနိုင်ပါတယ်။

ရေမွှေး Collector တွေစုပြီး လုပ်တဲ့ Small Business လေးမို့ 100% Authentic အာမခံ ပါတယ်။ ✅

Delivery ရောက်တဲ့ မြို့နယ်တွေဆို COD ရပါတယ်။ 🚚 New Customer တွေကိုတော့ ပထမဆုံး Order ကို 10% Prepaid လေး ယူပါတယ် ခင်ဗျ။



𝘋𝘪𝘴𝘤𝘭𝘢𝘪𝘮𝘦𝘳: 𝘈𝘭𝘭 𝘛𝘳𝘢𝘥𝘦𝘮𝘢𝘳𝘬𝘴 𝘢𝘯𝘥 𝘉𝘳𝘢𝘯𝘥 𝘕𝘢𝘮𝘦𝘴 𝘢𝘳𝘦 𝘵𝘩𝘦 𝘱𝘳𝘰𝘱𝘦𝘳𝘵𝘺 𝘰𝘧 𝘵𝘩𝘦𝘪𝘳 𝘳𝘦𝘴𝘱𝘦𝘤𝘵𝘪𝘷𝘦 𝘰𝘸𝘯𝘦𝘳𝘴. 𝘚𝘤𝘦𝘯𝘵 𝘚𝘵𝘰𝘳𝘺 𝘚𝘦𝘭𝘦𝘤𝘵𝘴 𝘪𝘴 𝘢𝘯 𝘪𝘯𝘥𝘦𝘱𝘦𝘯𝘥𝘦𝘯𝘵 𝘦𝘯𝘵𝘪𝘵𝘺; 𝘰𝘶𝘳 𝘶𝘴𝘦 𝘰𝘧 𝘵𝘩𝘦𝘴𝘦 𝘯𝘢𝘮𝘦𝘴 𝘪𝘴 𝘧𝘰𝘳 𝘳𝘦𝘷𝘪𝘦𝘸 𝘢𝘯𝘥 𝘳𝘦𝘴𝘢𝘭𝘦 𝘱𝘶𝘳𝘱𝘰𝘴𝘦𝘴 𝘰𝘯𝘭𝘺 𝘢𝘯𝘥 𝘥𝘰𝘦𝘴 𝘯𝘰𝘵 𝘪𝘮𝘱𝘭𝘺 𝘢𝘯𝘺 𝘧𝘰𝘳𝘮𝘢𝘭 𝘢𝘧𝘧𝘪𝘭𝘪𝘢𝘵𝘪𝘰𝘯 𝘰𝘳 𝘦𝘯𝘥𝘰𝘳𝘴𝘦𝘮𝘦𝘯𝘵.

“The Scent of Raw Attraction”🟤 ÝȘŁ - 𝐋𝐞 𝐕𝐞𝐬𝐭𝐢𝐚𝐢𝐫𝐞 𝐝𝐞𝐬 𝐏𝐚𝐫𝐟𝐮𝐦𝐬𝐁𝐚𝐛𝐲𝐜𝐚𝐭 - 𝐑𝐚𝐰 𝐁𝐨𝐮𝐫𝐛𝐨𝐧 🟤 🪾🟤 YSL ရဲ့ Luxury Line ထဲက Babycat ...
30/06/2026

“The Scent of Raw Attraction”

🟤 ÝȘŁ - 𝐋𝐞 𝐕𝐞𝐬𝐭𝐢𝐚𝐢𝐫𝐞 𝐝𝐞𝐬 𝐏𝐚𝐫𝐟𝐮𝐦𝐬
𝐁𝐚𝐛𝐲𝐜𝐚𝐭 - 𝐑𝐚𝐰 𝐁𝐨𝐮𝐫𝐛𝐨𝐧 🟤 🪾

🟤 YSL ရဲ့ Luxury Line ထဲက Babycat က နာမည်က ချစ်စရာလေးလို့ ထင်ရပေမဲ့ သူ့ရဲ့ ရနံ့ကတော့ ခပ်ပြင်းပြင်း ဆွဲဆောင်မှုတွေနဲ့ ပြည့်နှက်နေတဲ့ Modern Vanilla အမျိုးအစားပါ။

🟤 ချိုအီလွန်းတဲ့ Vanilla မျိုးကို မကြိုက်တဲ့သူတွေအတွက် ဒါဟာ "Perfect Vanilla Scent" တစ်ခု။

🟤 (Fan fact: လူတွေက သူ့နာမည်ကို ကြောင်လေးလို့ ထင်ကြပေမဲ့ တကယ်ကတော့ ÝȘŁ က ထုတ်ခဲ့ဖူးတဲ့ နာမည်ကြီး Babycat Sneaker ရဲ့ အရမ်းမိုက်ပြီး ကွဲထွက်နေတဲ့ စတိုင်ကို ရေမွှေးအဖြစ် ပြန်လည်ဖန်တီးထားတာပါ။)

🟤 Smoky & Boozy Note တွေပါဝင်ပြီး Deep & Rich ဖြစ်တဲ့ Vanilla Pod ရဲ့ အနံ့နဲ့ Masterfully Blend လုပ်ထားလို့ ဆွတ်လိုက်တာနဲ့ အရမ်းကို Edgy ဖြစ်ပြီး ဆွဲဆောင်မှုပြင်းထန်တဲ့ Vibe မျိုးကို ရရှိစေမှာပါ။

🟤 အင်္ကျီအမဲ နဲ့ Rider Jeans ဝတ်ထားပြီး Well-groomed ဖြစ်ဖြစ် Style မျိုးနဲ့ အရမ်းလိုက်ဖက်တဲ့ Scent Profile ပါ။ ဒီလိုပြောလို့ အရမ်း Masculine ဆန်နေတဲ့ အနံ့ပြင်းပြင်းလို့တော့ မထင်စေချင်ဘူး။ Velvety ဖြစ်အောင် Smooth ဖြစ်လှတဲ့ Babycat ရဲ့ Vanilla နံ့က Self-Confidence အပြည့်၊ Attraction ပြင်းပြင်းနဲ့ မမများနဲ့လည်း လိုက်ဖက်သောလေးပါ 💋။ Unisex ဆွတ်လို့ရတဲ့ ရေမွှေးလေး။

🟤 ဒီရေမွှေး လေးကို Scent Story Selects မှာ Decant 3ml 5 ml 10 ml လေးဝယ်ယူအားပေးနိုင်ပါတယ်။

ရေမွှေး Collector တွေစုပြီး လုပ်တဲ့ Small Business လေးမို့ 100% Authentic အာမခံ ပါတယ်။ ✅

Delivery ရောက်တဲ့ မြို့နယ်တွေဆို COD ရပါတယ်။ 🚚 New Customer တွေကိုတော့ ပထမဆုံး Order ကို 10% Prepaid လေး ယူပါတယ်။



𝘋𝘪𝘴𝘤𝘭𝘢𝘪𝘮𝘦𝘳: 𝘈𝘭𝘭 𝘛𝘳𝘢𝘥𝘦𝘮𝘢𝘳𝘬𝘴 𝘢𝘯𝘥 𝘉𝘳𝘢𝘯𝘥 𝘕𝘢𝘮𝘦𝘴 𝘢𝘳𝘦 𝘵𝘩𝘦 𝘱𝘳𝘰𝘱𝘦𝘳𝘵𝘺 𝘰𝘧 𝘵𝘩𝘦𝘪𝘳 𝘳𝘦𝘴𝘱𝘦𝘤𝘵𝘪𝘷𝘦 𝘰𝘸𝘯𝘦𝘳𝘴. 𝘚𝘤𝘦𝘯𝘵 𝘚𝘵𝘰𝘳𝘺 𝘪𝘴 𝘢𝘯 𝘪𝘯𝘥𝘦𝘱𝘦𝘯𝘥𝘦𝘯𝘵 𝘦𝘯𝘵𝘪𝘵𝘺; 𝘰𝘶𝘳 𝘶𝘴𝘦 𝘰𝘧 𝘵𝘩𝘦𝘴𝘦 𝘯𝘢𝘮𝘦𝘴 𝘪𝘴 𝘧𝘰𝘳 𝘳𝘦𝘷𝘪𝘦𝘸 𝘢𝘯𝘥 𝘳𝘦𝘴𝘢𝘭𝘦 𝘱𝘶𝘳𝘱𝘰𝘴𝘦𝘴 𝘰𝘯𝘭𝘺 𝘢𝘯𝘥 𝘥𝘰𝘦𝘴 𝘯𝘰𝘵 𝘪𝘮𝘱𝘭𝘺 𝘢𝘯𝘺 𝘧𝘰𝘳𝘮𝘢𝘭 𝘢𝘧𝘧𝘪𝘭𝘪𝘢𝘵𝘪𝘰𝘯 𝘰𝘳 𝘦𝘯𝘥𝘰𝘳𝘴𝘦𝘮𝘦𝘯𝘵

✨ 𝐓𝐡𝐞 𝐌𝐨𝐝𝐞𝐫𝐧 𝐌𝐚𝐬𝐜𝐮𝐥𝐢𝐧𝐢𝐭𝐲: 𝐘́𝐒̦Ł 𝐌𝐘𝐒𝐋𝐅 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧 ✨ရေမွှေးတွေမှာ ယောကျ်ားလေးသုံးဆိုရင် Woody တွေ၊ Citrus တွေချည်းပဲ ဖြစ်ရ...
30/06/2026

✨ 𝐓𝐡𝐞 𝐌𝐨𝐝𝐞𝐫𝐧 𝐌𝐚𝐬𝐜𝐮𝐥𝐢𝐧𝐢𝐭𝐲: 𝐘́𝐒̦Ł 𝐌𝐘𝐒𝐋𝐅 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧 ✨

ရေမွှေးတွေမှာ ယောကျ်ားလေးသုံးဆိုရင် Woody တွေ၊ Citrus တွေချည်းပဲ ဖြစ်ရမယ်ဆိုတဲ့ ပုံသေကားချပ်ကို ချိုးဖျက်ပြီး၊ Orange Blossom (လိမ္မော်ပန်း) ရနံ့ကို ယောကျ်ားပီသတဲ့ သစ်သားနံ့တွေနဲ့ အချိုးကျကျ ပေါင်းစပ်ပေးလိုက်တဲ့ Masterpiece ကတော့ ÝȘŁ ရဲ့ MYSLF Line ပါပဲ။ သင့်ရဲ့ Lifestyle အစုံ၊ ခံစားချက်အမျိုးမျိုးနဲ့ ကိုက်ညီအောင် ရွေးချယ်နိုင်မယ့် MYSLF (၄) မျိုး ကို Short Review လုပ်ပေးလိုက်ပါတယ်။

🖤 𝗠𝗬𝗦𝗟𝗙 𝗘𝗗𝗣 (𝗧𝗵𝗲 𝗠𝗼𝗱𝗲𝗿𝗻 𝗦𝗶𝗴𝗻𝗮𝘁𝘂𝗿𝗲)
သူကတော့ ဒီ Lineup ရဲ့ ဇာတ်လိုက်ကျော်ပါ။ အဖွင့်မှာ Bergamot (အီတလီ ရှောက်လိမ္မော်သီး) ရဲ့ Fresh ဖြစ်မှုနဲ့အတူ Orange Blossom ရဲ့ သန့်ရှင်းတဲ့ White Floral ပန်းရနံ့လေးက ဆွဲဆောင်မှုရှိရှိ ထွက်လာပါတယ်။ Drydown မှာတော့ Ambrofix နဲ့ Patchouli တို့ပါဝင်လို့ အရမ်းကို Clean & Smooth ဖြစ်တဲ့ Vibe ကို ပေးပါတယ်။ နေ့စဉ်ရုံးတက်တာ၊ ပေါ့ပေါ့ပါးပါး အပြင်သွားတာတွေအတွက် "Effortless Charm" ကို ပေးစွမ်းနိုင်တဲ့ အကောင်းဆုံး နေ့စဉ်သုံး Signature Scent ပါ။

🖤 𝗠𝗬𝗦𝗟𝗙 𝗘𝗗𝗧 𝗜𝗻𝘁𝗲𝗻𝘀𝗲 (𝗧𝗵𝗲 𝗙𝗿𝗲𝘀𝗵𝗲𝗿 𝗘𝘅𝗽𝗲𝗿𝗶𝗲𝗻𝗰𝗲)
EDP ထက် ပိုပြီး Fresh ဖြစ်တဲ့ တဲ့ Version လေးပါ။ မူလ DNA ကိုမှ Citrus Notes တွေ ပိုကဲထားပြီး ပိုမို ပေါ့ပါးလန်းဆန်းတဲ့၊ ရှင်းသန့်နေတဲ့ ခံစားချက်အငွေ့အသက်ကို ပေးစွမ်းနိုင်ပါတယ်။ ပူအိုက်တဲ့ ရာသီဥတုမှာ သုံးဖို့ဖြစ်ဖြစ်၊ Active ဖြစ်တဲ့ နေ့ရက်တွေမှာ ယောကျ်ားပီသပြီး Fresh ဖြစ်တဲ့ Vibe မျိုး လိုချင်ရင် သူ့ကို ရွေးပါလို့ဆိုချင်ပါတယ်။ Performance ကလည်း EDT ပေမဲ့ Intense မို့ EDP အောက်မလျှော့ပါဘူး။

🖤 𝗠𝗬𝗦𝗟𝗙 𝗟𝗲 𝗣𝗮𝗿𝗳𝘂𝗺 (𝗧𝗵𝗲 𝗦𝗲𝗱𝘂𝗰𝘁𝗶𝘃𝗲 𝗡𝗶𝗴𝗵𝘁)
EDP ရဲ့ DNA ကိုမှ ပိုပြီး Deep ဖြစ်အောင်နဲ့ ဆွဲဆောင်မှု Sexy ဖြစ်အောင် ဖန်တီးထားတဲ့ Version ပါ။ Black Pepper ရဲ့ Spicy အငွေ့အသက်နဲ့အတူ Woody Notes တွေက ပိုပြီး Rich ဖြစ်လာပါတယ်။ အချိုဓာတ်လည်း နည်းနည်းပိုကဲလာလို့ Date တဲ့အချိန်နဲ့၊ ညဘက် Night Out ထွက်တဲ့ အချိန်တွေမှာ ဘေးနားကလူကို ရင်ခုန်သွားစေမယ့် Seductive Perfume စစ်စစ်ပါ။

🖤 𝗠𝗬𝗦𝗟𝗙 𝗟'𝗔𝗯𝘀𝗼𝗹𝘂 (𝗧𝗵𝗲 𝗨𝗹𝘁𝗶𝗺𝗮𝘁𝗲 𝗦𝘁𝗮𝘁𝗲𝗺𝗲𝗻𝘁)
MYSLF Line တွေထဲမှာ အနက်ရှိုင်းဆုံး၊ အခန့်ညားဆုံးနဲ့ အထည်ဝါဆုံး Masterpiece ပါ။ Absolu ဆိုတဲ့ နာမည် အတိုင်း ရနံ့ရဲ့ Smooth ဖြစ်တာနဲ့ Balance ဖြစ်တာက အထွတ်အထိပ်ကို ရောက်နေပါတယ်။ Creamy ဖြစ်နေတဲ့ Woody Note တွေ၊ အနည်းငယ် Dark ဖြစ်ပြီး ရင့်ကျက်တဲ့အငွေ့အသက်တွေနဲ့ ပေါင်းစပ်ထားလို့ Formal ပွဲတက်တွေ၊ ကိုယ့်ရဲ့ Presence ကို Bold အဖြစ်ဆုံး ပြသချင်တဲ့ အခိုက်အတန့်တွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ "Boss" Vibe ရေမွှေးပါ။

---

(ဒီ ၄ မျိုးလုံးကို Scent Story Selects မှာ Full Bottle ရော Decant ပါ ရရှိနိုင်ပါပြီ ခင်ဗျ။)

ရေမွှေး Collector တွေစုပြီး လုပ်တဲ့ Small Business လေးမို့ 100% Authentic အာမခံ ပါတယ်။

Delivery ရောက်တဲ့ မြို့နယ်တွေဆို COD ရပါတယ်။ New Customer တွေကိုတော့ ပထမဆုံး Order ကို 10% Prepaid လေး ယူပါတယ် ခင်ဗျ။



𝘋𝘪𝘴𝘤𝘭𝘢𝘪𝘮𝘦𝘳: 𝘈𝘭𝘭 𝘛𝘳𝘢𝘥𝘦𝘮𝘢𝘳𝘬𝘴 𝘢𝘯𝘥 𝘉𝘳𝘢𝘯𝘥 𝘕𝘢𝘮𝘦𝘴 𝘢𝘳𝘦 𝘵𝘩𝘦 𝘱𝘳𝘰𝘱𝘦𝘳𝘵𝘺 𝘰𝘧 𝘵𝘩𝘦𝘪𝘳 𝘳𝘦𝘴𝘱𝘦𝘤𝘵𝘪𝘷𝘦 𝘰𝘸𝘯𝘦𝘳𝘴. 𝘚𝘤𝘦𝘯𝘵 𝘚𝘵𝘰𝘳𝘺 𝘚𝘦𝘭𝘦𝘤𝘵𝘴 𝘪𝘴 𝘢𝘯 𝘪𝘯𝘥𝘦𝘱𝘦𝘯𝘥𝘦𝘯𝘵 𝘦𝘯𝘵𝘪𝘵𝘺; 𝘰𝘶𝘳 𝘶𝘴𝘦 𝘰𝘧 𝘵𝘩𝘦𝘴𝘦 𝘯𝘢𝘮𝘦𝘴 𝘪𝘴 𝘧𝘰𝘳 𝘳𝘦𝘴𝘢𝘭𝘦 𝘱𝘶𝘳𝘱𝘰𝘴𝘦𝘴 𝘰𝘯𝘭𝘺 𝘢𝘯𝘥 𝘥𝘰𝘦𝘴 𝘯𝘰𝘵 𝘪𝘮𝘱𝘭𝘺 𝘢𝘯𝘺 𝘧𝘰𝘳𝘮𝘢𝘭 𝘢𝘧𝘧𝘪𝘭𝘪𝘢𝘵𝘪𝘰𝘯 𝘰𝘳 𝘦𝘯𝘥𝘰𝘳𝘴𝘦𝘮𝘦𝘯𝘵.

🌦️ မိုးအုံ့ပြီး အိုက်စပ်နေတဲ့ ရာသီဥတုအတွက် 🌦️မိုးအုံ့ပြီး အိုက်စပ်နေတဲ့ ရာသီဥတုကို အကောင်းဆုံး အံတုဖို့အတွက် Ð&Ġ ရဲ့ နာမ...
30/06/2026

🌦️ မိုးအုံ့ပြီး အိုက်စပ်နေတဲ့ ရာသီဥတုအတွက် 🌦️

မိုးအုံ့ပြီး အိုက်စပ်နေတဲ့ ရာသီဥတုကို အကောင်းဆုံး အံတုဖို့အတွက် Ð&Ġ ရဲ့ နာမည်အကြီးဆုံး Best-Sellers ရေမွှေးလေးတွေကို Scent Story Selects မှာ ရရှိနိုင်ပါပြီ ခင်ဗျ။

🌊 Ð&Ġ Light Blue (For Men - 2025 Version) 🌊
ပင်လယ်ကမ်းခြေက လေနုအေးလေးလို အေးမြလန်းဆန်းတဲ့ ခံစားချက်ကို ပေးပါတယ်။ Lemon၊ Rosemary နဲ့ Patchouli တို့ အဓိကပါဝင်ပြီး ၆ နာရီဝန်းကျင်ခံကာ၊ နေ့စဉ်အပြင်သွားတာ၊ Gym ဆော့တာနဲ့ နေ့ခင်းပိုင်း မိုးအုံ့ပြီး ပူနေတဲ့အချိန် တွေအတွက် အထူးသင့်တော်ပါတယ်။

🍏 Ð&Ġ Light Blue (For Women - 2025 Version) 🍏
ဂန္ထဝင် အမျိုးသမီးသုံး Fresh ရေမွှေးလေးပါ။ Lemon နဲ့ Apple (ပန်းသီးစိမ်း) ရဲ့ ကြွပ်ရွတဲ့ခံစားမှုကိုမှ Cedar, Bamboo, Jasmine နဲ့ Musk အငွေ့အသက်လေးတွေ ပေါင်းစပ်ထားလို့ မိုးအုံ့ပြီး ပူအိုက်နေတဲ့ နေ့ခင်းဘက်တွေအတွက် အလိုက်ဖက်ဆုံး ရွေးချယ်မှုပါ။

🍉 Ð&Ġ L'Impératrice 🍉
ဖရဲသီး (Watermelon) နဲ့ ကီဝီသီး (Kiwi) တို့ရဲ့ အရည်ရွှမ်းပြီး လန်းဆန်းတဲ့အနံ့ကိုမှ Rhubarb, Cyclamen နဲ့ Lemon Tree တို့နဲ့ အချိုးကျကျ Blend လုပ်ထားတဲ့ အရမ်းကို Fresh & Fruity ဖြစ်တဲ့ ရနံ့လေးပါ။ Strong ဖြစ်တဲ့ ပျံ့လွင့်မှ ရှိပြီး မိုးအုံ့ပြီး ပူအိုက်နေတဲ့အခါမျိုးတွေမှာ ဆွတ်ဖို့ အကောင်းဆုံးပါ။

ဒီ ၃ မျိုးလုံးကို Scent Story Selects မှာ Decant (ခွဲဘူး) လေးတွေနဲ့ရော Full Bottle အနေနဲ့ပါ ရရှိနိုင်ပါပြီ ခင်ဗျ။ ဈေးနှုန်းနဲ့ အသေးစိတ်ကို Page Messenger မှာ အားမနာတမ်း လာရောက်မေးမြန်းနိုင်ပါတယ်။



𝘋𝘪𝘴𝘤𝘭𝘢𝘪𝘮𝘦𝘳: 𝘈𝘭𝘭 𝘛𝘳𝘢𝘥𝘦𝘮𝘢𝘳𝘬𝘴 𝘢𝘯𝘥 𝘉𝘳𝘢𝘯𝘥 𝘕𝘢𝘮𝘦𝘴 𝘢𝘳𝘦 𝘵𝘩𝘦 𝘱𝘳𝘰𝘱𝘦𝘳𝘵𝘺 𝘰𝘧 𝘵𝘩𝘦𝘪𝘳 𝘳𝘦𝘴𝘱𝘦𝘤𝘵𝘪𝘷𝘦 𝘰𝘸𝘯𝘦𝘳𝘴. 𝘚𝘤𝘦𝘯𝘵 𝘚𝘵𝘰𝘳𝘺 𝘚𝘦𝘭𝘦𝘤𝘵𝘴 𝘪𝘴 𝘢𝘯 𝘪𝘯𝘥𝘦𝘱𝘦𝘯𝘥𝘦𝘯𝘵 𝘦𝘯𝘵𝘪𝘵𝘺; 𝘰𝘶𝘳 𝘶𝘴𝘦 𝘰𝘧 𝘵𝘩𝘦𝘴𝘦 𝘯𝘢𝘮𝘦𝘴 𝘪𝘴 𝘧𝘰𝘳 𝘳𝘦𝘴𝘢𝘭𝘦 𝘱𝘶𝘳𝘱𝘰𝘴𝘦𝘴 𝘰𝘯𝘭𝘺 𝘢𝘯𝘥 𝘥𝘰𝘦𝘴 𝘯𝘰𝘵 𝘪𝘮𝘱𝘭𝘺 𝘢𝘯𝘺 𝘧𝘰𝘳𝘮𝘢𝘭 𝘢𝘧𝘧𝘪𝘭𝘪𝘢𝘵𝘪𝘰𝘯 𝘰𝘳 𝘦𝘯𝘥𝘰𝘳𝘴𝘦𝘮𝘦𝘯𝘵.

Address

South Okkalapa Township
Yangon

Website

Alerts

Be the first to know and let us send you an email when Scent Story Selects posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category