Sapphire Ocean Fishing Reel Servicing & Tackle

Sapphire Ocean Fishing Reel Servicing & Tackle Sapphire Ocean is Yangon(Myanmar) base fishing tackle and service shop. We sell, we repair and we ma

24/07/2026

Ceramic Ball Bearing အကြောင်းရယ် Shimano ကထုတ်တဲ့ S-Arb Ball Bearing အကြောင်းရယ်
Daiwa ကထုတ်တဲ့ CRBB Ball Bearing အကြောင်းရယ်ကိုကိုယ်တိုင်လေ့လာခဲ့တဲ့အတွေ့အကြုံတချို့ကိုရှင်းပြပေးထားပါတယ်

20/07/2026

Shimano 15’ TwinPower SW 8000PG Use

Reel အဟောင်းတွေကိုဖြစ်နိုင်ရင်မဝယ်စေချင်ပါဘူးအခုလိုမျိုးဖြစ်မှာစိုးလို့ပါ အပြင်ကိုပဲမြင်ရပြီးဝယ်ရတာမို့လို့ဖြစ်လာရင်လူမှုရေးပြသနာတွေပါဖြစ်တတ်ပါတယ်

ဆားကုန်သည် အပိုင်း(1)😩😩😩Photo ပဲအရင်တင်လိုက်ပါဦးမယ် 2015 TP-SW 8000PGReels တစ်လုံးကမျှားတဲ့သူရဲ့ရိုသေမှုဟာ 30%ရှိပြီး Se...
02/07/2026

ဆားကုန်သည် အပိုင်း(1)😩😩😩

Photo ပဲအရင်တင်လိုက်ပါဦးမယ် 2015 TP-SW 8000PG
Reels တစ်လုံးကမျှားတဲ့သူရဲ့ရိုသေမှုဟာ 30%ရှိပြီး Service လုပ်တဲ့သူက70%ရှိတယ်

အခုမြင်နေရတာတော်တော်ခြေနေဆိုးတယ်
တလုံးလုံးတခုမှမကျန်အောင်ဆားဂျိုးဆားပွင့်တွေချည်းပဲ
ဘာကြောင့်အဲ့လိုမျိုးတွေဖြစ်ရတယ်ဆိုတာနောက်ရက် video တင်ပေးမယ်

09/06/2026

Daiwa Steez All

သူငယ်ချင်းတစ်ယောက်ရဲ့အလုံးပါ Ball Bearing နဲနဲလဲလိုက်ရတာတခုပဲရှိပါတယ်ကျန်တာအားလုံးကောင်းပါတယ် Gear Pitch လည်းပုံမှန်ပါပဲ

Sapphire Ocean ရဲ့ Style အတိုင်းပဲသေချာ Tunings ပြန်လုပ်ပေးထားပါတယ်

Service အပ်ချင်တဲ့ Angler တွေစိတ်ရှည်ပေးကြပါ မလောကြပါနဲ့ ရှေ့မှာအပ်ထားတဲ့ Reels တွေရှိတဲ့အတွက်ဆေးကြောTuning လုပ်ရုံဆို အနဲဆုံး1ပါတ် အများဆုံး 2ပါတ်ခန့်စောင့်ရပါမယ် Parts လဲရမယ်ဆိုရင်တော့ပိုကြာတတ်ပါတယ်

သိချင်တာရှိရင် 09695558991 Viber သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်

ကျေးဇူးတင်ပါတယ်

06/06/2026

Shimano spheros SW 20000

Grease ဆိုတာအများကြီးထည့်တိုင်းကောင်းတာမဟုတ်ဘူးပြောရတာလဲမောနေပြီ
ရေငန်ဝင်သွားတာနဲ့ ကုန်ပြီသာမှတ်တော့😂😂🫪🫪
Original Grease တွေတခုမှဖယ်မထုတ်ပဲ
Greaseဆိုတာနဲ့အတင်းဇွတ်ကြီးထည့်တော့တာပဲတနေရာမှမကျန်အကုန်ထည့်တာကြီးကစားတယ်🫪🫪🫪
အဆိုးဆုံးကတော့ Drag Washer တွေထဲကိုထည့်တာပဲ😂😂😂 လုံးဝထည့်လို့မရပါဘူး
Drag ထဲကို Drag Grease တစ်မျိုးပဲထည့်လို့ရမှာပါ တခြားဆီတွေ Greaseတွေလျှောက်ထည့်ရင်ငါးမိရင်သေချာပေါက်ပြသနာတက်မှာပါ

02/06/2026

Shimano Ocea Jigger 2000

Jigging Trip 3ခေါက်သုံးထားတယ်ပြောပါတယ်။
အထဲမှာဆားတွေများနေပါပြီ ဒီလိုမျိုး jigging reel တော်တော်များများကရေငန်ဝင်ပါတယ်။မျှားနေတဲ့အချိန်ကြိုးကနေရေပါလာပြီးအဓိကဝင်တာပါ ဒါပေမဲ့ဂရုစိုက်ပေးရင်ရပါတယ်ပြီးတော့

Saltwater Tripမမျှားခင် Service လုပ်ထားရင်တော့အပျက်အစီးနည်းပါလိမ့်မယ်

ရှောင်ကြဉ်သင့်သောတချို့အချက်လေးတွေ

•••မမျှားခင်Reel နဲ့ rod ကိုတပ်ပြီး လှေဦးဖက်ခြမ်းမှာကိုင်းတံကိုစွပ်ထားရင်လှိုင်းရိုက်တဲ့အခါရေငန်
အမှုန်လေးတွေစင်ပြီးလေတိုက်နေတဲ့အတွက်ရေငန်တွေကအထဲကိုတဖြေးဖြေးဝင်သွားပါတယ် ပြီးရင်နေပူလိုက်လေတိုက်လိုက်ဖြစ်တောဆားပွင့်တွေဖြစ်ကုန်ပါတယ်

•••ရေချိုဆေးရမှာကိုသတိရပါ ငါးရနေရင်​ပျော်ပြီး
Service လုပ်တော့မှမငိုပါနဲ😃😃

01/06/2026

Daiwa Steez All

အသစ်ဝယ်ပြီး2နှစ်ခွဲ3နှစ်လောက်ကြာပြီပြောပါတယ် အသုံးတော်တော်ကြမ်းပါတယ် Handle K**b Cover နှစ်ခုလုံးမရှိတော့ပါဘူး Rubber တွေလည်းအပူအအေးမမျှတော့ဆွေးကုန်ပါတယ်
release ခလုတ်ဒေါင့်တွေလဲပဲ့နေပါတယ် ရစ်ကြည်လိုက်တော့ ဂီယာတွေလဲစားသွားတဲ့အတွက်ချောင်နေပါတယ်

3နှစ်နီးပါးလောက်လုံးဝ Service မလုပ်ပဲသုံးလိုက်တာမှာမျှားတဲ့အကြိမ်ရေနည်းပြီးသေချာသန့်သန့်ရှင်းရှင်းသုံးရင်မဖြစ်ပါဘူး အခုကသေချာဂရုမစိုက်တာကြောင့်အခုလိုမျိုးဖြစ်သွားတာပါ
ဆေးကြောပြီးရင်လည်း ဂီယာကအသံထွက်သွားပါပြီ အဲ့ဒါကဘာမှလုပ်လို့မရပါဘူး
ရေညစ်ပတ်လဲဂရုတစိုက်သုံးမယ်ဆိုရင် မဖြစ်ပါဘူး

Address

Yangon

Telephone

+9595503072

Website

Alerts

Be the first to know and let us send you an email when Sapphire Ocean Fishing Reel Servicing & Tackle posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category