Shwe Tharaphu Online One Stop Mart

Shwe Tharaphu Online One Stop Mart ကလေးအသုံးအဆောင်, အိမ်သုံးနှင့် kitchen အ?

ရာသီဥတုကလည်း ပူပြင်းလွန်း မီးကလည်း ခဏခဏပျက်မို့ ဒီလို Solar Fanလေးတွေ အိမ်တိုင်းမှာတလုံးလောက်တော့ဆောင်ထားဖို့လိုပြီနော် ...
30/03/2023

ရာသီဥတုကလည်း ပူပြင်းလွန်း မီးကလည်း ခဏခဏပျက်မို့ ဒီလို Solar Fanလေးတွေ အိမ်တိုင်းမှာတလုံးလောက်တော့ဆောင်ထားဖို့လိုပြီနော် ချစ်ကာကာတို့ရေ😍🥰

23/08/2022

💁💁💁 မေမေဖေဖေတို့ရေ... မင်မင်ရဲ့ page အသစ်လေးပါ....
ဘေဘီလေးတွေအတွက် အဝတ်အထည်၊ သင်ထောက်ကူနှင့် စာအုပ်များကို ဒီ Smart Kid Myanmar မှာ ဝယ်ယူရရှိနိုင်ပါပြီနော် 🫰🫰🫰

Like and Follow လုပ်ဖို့မမေ့ကြနှင့်နော် 😍🤩🥰😘♥️

www.facebook.com/smartkidmyanmar

Smart Kid Myanmar မှာ မိခင်နှင့်ကလေးအသုံးအဆောင

💁💁💁သားသားမီးမီးတို့အတွက် ဗဟုသုတရစေမယ့် ဆရာသက်ဦးလွင်ရေးသားတဲ့ Baby Animals အကြောင်းစာအုပ်လေး Shwe Thara Phu Online One St...
23/08/2022

💁💁💁သားသားမီးမီးတို့အတွက် ဗဟုသုတရစေမယ့် ဆရာသက်ဦးလွင်ရေးသားတဲ့ Baby Animals အကြောင်းစာအုပ်လေး Shwe Thara Phu Online One Stop Mart မှာဝယ်ယူရရှိနိုင်ပါပြီနော်

Price - 1800 mmk
အကြံပြုအသက်အရွယ် - 3 years+

📣📣📣ချစ်ရတဲ့ ကာကာတို့ရေ... ဒီတခေါက်တော့ မင်မင် Portable Multifunctional Spotlight နှင့်မိတ်ဆက်ပေးပါရစေနော်📌 Solar System ...
14/06/2022

📣📣📣ချစ်ရတဲ့ ကာကာတို့ရေ... ဒီတခေါက်တော့ မင်မင် Portable Multifunctional Spotlight နှင့်မိတ်ဆက်ပေးပါရစေနော်

📌 Solar System နှင့်မလို့ မီးပျက်လည်း အားမသွင်းလို့ရမှာမစိုးရိမ်ရဘူးနော်
📌 Battery capacity 9000ma/h ဆိုတော့ dim light နှင့်ဆိုရင် 10-12 hr ထိအထွန်းခံတယ်နော်
📌 ဒီဇိုင်းကလည်းသာ်ရလွယ်အောင်လုပ်ပေးထားလို့ အိမ်ရှေ့သယ်သယ်နောက်ဖေးသယ်သယ် ခြံထဲသယ်သယ် အေးဆေးဘဲ
📌 မီးဖြူတင်မဟုတ်ဘဲ red and blue warning light လဲပါပါတယ်နော်
📌 USB Output 1A current နှင့် smart phone လည်းcharging သွင်းလို့ရတယ်နော်
📌 ပေးရတဲ့ဈေးနှင့်တန်ကိုတန်နေရမယ်ကွာ... ဒါတော့စိတ်ချ

❗❗အကြိုက်ဆုံးကတော့ကွာ..warranty ကို ၃ လတောင်ပေးတာဆိုတော့ ကွာလတီကတော့ စိတ်ချသွားပြီ❗❗

Price - 25,000 mmk

✅ ရန်ကုန်ပစ္စည်းရောက်ငွေချေ.. နယ်ဆို ငွေကြိုလွှဲပေးရပါတယ်နော်

Shwe Tharaphu Online One Stop Mart
☎️ 09-96 5406859
🏠 No. 43(B), G/F, Thiri Street, San Chaung Tsp, Yangon

ချစ်ရတဲ့ ကိုကိုမမတို့ရေ ... သတင်းကောင်းလေး​ပြောချင်လွန်းလို့မအိပ်မိလက်တို့ပြီးတော့ပြောလိုက်အုံးမယ်  🥰😘  😮‍💨 မိုးရွာပေမယ့...
17/05/2022

ချစ်ရတဲ့ ကိုကိုမမတို့ရေ ... သတင်းကောင်းလေး​ပြောချင်လွန်းလို့မအိပ်မိလက်တို့ပြီးတော့ပြောလိုက်အုံးမယ် 🥰😘

😮‍💨 မိုးရွာပေမယ့်ခုလိုအိုက်စပ်စပ် ရာသီဥတုမှာ မီးတွေပျက်နေလို့ စိတ်ညစ်နေတယ်ဟုတ် မီးပျက်လဲ
ပူအိုက်တဲ့ဒဏ်တွေသက်သာသွားအောင်
မင်မင်တို့ Shwe Tharaphu Online One Stop Mart
ပစ္စည်းကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါစေနော် 🥰

သဘာဝနေရောင်ခြည်စွမ်းအင်ကိုအသုံးပြုပြီးအားဖြည့်လို့ရတဲ့ function solar ပန်ကာလေး လာပါပြီရှင် 🤩Solarပန်ကာဘာထူးဆန်းလို့လဲမမေးနဲ့နော် 🤫အောက်မှာ သူ့အားသာချက်တွေရေးပေးထားတယ် 👇🏻👇🏻👇🏻

✨Power 25 W , Solar panel: 20W🔋Battery စွမ်းရည်18000mah,🛡solar size-400*350 mm , Fan size: 16", အင20cm,အကျယ်45cm ။🔌Charging time: 4-6hr, ⚡️Charger: 1.5A adapter charger

✨“Fan speed button” ၃ခုပါလို့လေအားပြင်းပြင်းလေးလား၊အပြင်းဆုံးထိလား ကိုယ့်စိတ်ကြိုက်ဖွင့်လို့ရတယ်။
✨speed 1 - 12hr ,speed 3-10hr,USB ပါလို့Ph📱 အားသွင်းလို့လဲရတဲ့အပြင်ညဘက် မင်မင်လို အမှောင်ကြောက်တဲ့သူတွေအတွက် 👻small night (ညအိပ်မီးသေး)လဲပါသေး💡

16” ပန်ကာအရှည် - 148000
16” remote ပန်ကာအရှည် - 155000
16” remote ပန်ကာရှည် - 160000

😎 ဖောက်သည်စျေးလေးတွေလဲသပ်သပ်ရှိပါတရ်နော် 🥰

ပစ္စည်းကလဲ instock ရှိပြီးသားဆိုတော့ 😎
ကဲ!!! မီးပျက်လို့ပူမှာကို စိတ်ညစ်နေစရာမလိုတော့ပါဖူးနော် 🥰 ပစ္စည်းကောင်းလေးဝယ်ယူမည်ဆိုပါက နေရပ်လိပ်စာ ဖုန်းနံပတ်တာပေးလိုက် Delivery နဲ့အမြန်ဆုံးပို့ပေးလိုက်မယ် 😘

မှာယူလိုပါက 📱 — 09965406859
viber 📱— 09965406859

🏦 Bank — CB , kbz , AYA bank ဘဏ်တွေဏဲ့ လဲငွေပေးချေနိုင်ပါပီနော် 🧡

⚡️အသေးစိတ်အချက်အလက်ကို chatboxမှာမေးမြန်းနိုင်ပါသည် 🤗

29/04/2022

အပူလျှပ်တယ် ဆိုရင် မြန်မာနိုင်ငံမှာ
လူအများစုက
နေပူထဲက ပြန်လာပြီး
ရုတ်တရက် ရေချိုးလိုက်တာတို့ ၊
‎ မျက်နှာသစ်လိုက်တာတို့ကြောင့် လို့
ထင်နေကြတယ်။

ရုတ်တရက် သတိလစ်
အသက်ရှူရပ်သွားတယ်ပေါ့။

တကယ်တမ်းတော့ အဲ့ဒါဟာ
အပူလျှပ်တယ် ဆိုတဲ့အထဲက အလွန်ရှားပါးသော ဖြစ်ရပ်သာဖြစ်တယ်။

ပူရာကနေ ရုတ်တရက် အေးသွားတာကြောင့်
အရေပြားရှိသွေးကြောတွေရဲ့ တုန့်ပြန်မှု ကမောက်ကမဖြစ်သွားလို့ နှလုံးခုန်ရပ်သွားတာသာ ဖြစ်တယ်။ မကြာဘူး စက္ကန့် ပိုင်းအတွင်း သေနိုင်ပါတယ်။
သိနားလည်သူရှိလို့ အသက်ကယ်မယ်ဆိုရင်
ချက်ချင်း မြန်မြန် နှလုံးခုန်အောင် ပြန်လုပ်နိုင်ရင် အသက်ရှင်မှာပါပဲ။
အင်္ဂလိပ်လို Vagal Inhibition လို့ ခေါ်ပါတယ်။

တကယ့် Heat stroke အပူလျှပ်ခြင်း အစစ်ကတော့
ဒီလို မသက်သာပါဘူး။
ဆေးရုံမှာ အကြာကြီးခံရပြီးမှ သေဆုံးရတတ်တာမျိုးဖြစ်ပါတယ်။
အပူလျှပ်ခြင်း အစစ်ကတော့
ရေဓာတ်နဲ့ ဓာတ်ဆားဓာတ် ( အဖန်ဓာတ် ၊ အငံဓာတ်) တွေ ဆုံးရှုံးပြီး မမျှတလို့ ဖြစ်ရတာပါ။

နွေရာသီလို ပူတဲ့အခါ
ပူတဲ့ လုပ်ငန်းလုပ်ရတဲ့အခါ

🔹ချွေးတွေအရမ်းထွက်ပါတယ်
🔹ဆားတွေပါ ပါသွားပါတယ်။
🔹ဆားတွေများများပါသွားလေလေ
🔹ရေက မငတ်တော့လေလေ ပါပဲ။
🔹ရေက မသောက်မိဘူး။
ပိုပို ဆိုးလာတော့တာပေါ့။

အစပိုင်းမှာ ခန္ဓာကိုယ်က ပြန်ထိန်းပေးပါတယ်။

ဘယ်လိုထိန်းသလဲဆိုတော့
🔴ဆီးသိပ်မသွားဘူး
ဆီးအနေနဲ့ထွက်ရမယ့် ရေဓာတ်ကို ပြန်သိမ်းတယ်။
🔴ဒီတော့ ဆီးအရောင် ရင့်လာပါတယ်။

ဒါ့ကြောင့် ပူတဲ့အခါ ရေဆာဆာ မဆာဆာ
ဆီးအရောင်ရင့်နေရင် ရေများများသောက်ရမယ်လို့ ပညာရှင်တွေက လမ်းညွှန်ပါတယ်။

ဒီလိုနဲ့ ရေက မသောက်မိတော့
ချွေးတွေ အလွန်ထွက်ပြီး
‎ရေနဲ့ဆားတွေ ဆုံးရှုံးရတော့
‎လူဟာ အရမ်းနွမ်းနယ်လာပါတော့တယ်။
‎အခုထိ ချွေးကတော့ ထွက်မြဲပါပဲ။
‎ဒါကို Heat Exhaustion လို့ ခေါ်ပါတယ်။
‎အပူလွန်၍ပင်ပန်းခြင်း ပေါ့။

ဒီအချိန်မှာမှ ရေနဲ့ဆား ပြန်ဖြည့်တဲ့
ဓာတ်ဆားရည်သောက်တာမျိုး၊ ဓာတ်ဆားဓာတ်ပြည့်စေတဲ့ အချိုရည်တွေ သောက်တာမျိုး မလုပ်ဘူးဆိုရင်တော့
ခန္ဓာကိုယ်က ချွေးတောင် မထွက်နိုင်တော့ပါဘူး။

သူ့ ကြည့်လိုက်ရင်
ခြောက်ခြောက်ကပ်ကပ် ပင်ပင်ပန်းပန်းနဲ့
အသားကို ကိုင်ကြည့်ရင် မီးခဲလို ပူတယ်
ချွေးက နည်းနည်း မှ မရှိဘူး။
ဒါဆိုရင်တော့ Heat stroke အပူလျှပ်သွားပါပြီး
ဆေးရုံ မြန်မြန်ပြေးပါ။
( တချို့ကတော့ Heat exhaustion အဆင့်မှာကတည်းက ဆေးရုံ သွားပြခိုင်းတယ်)

🔴ဆေးရုံနဲ့ဝေးရင် ၊ ဒါမှမဟုတ် ဆေးရုံမရောက်ခင်
ဘာလုပ်ရမှာလဲ ဆိုတော့

🟢အပူကျအောင် လုပ်ရပါမယ်။
အဓိကမှတ်ထားရမှာပါက အဖျားကျတဲ့ Paracetamol လို ဆေးမျိုး ပေးဖို့မသင့်ပါဘူး။
Organ Failure အတွင်းအင်္ဂါပျက်စီးမှု ပိုဆိုးစေလို့လို့ ဆိုပါတယ်။

🟢ရေနဲ့ဆား အရင်ဖြည့်ဖို့ ဓာတ်ဆားရည် အများကြီးတိုက်ရပါမယ်
သီးစုံဓာတ်ဆား မတိုက်သင့်ပါ။
Shark၊ကျွဲရိုင်း၊ ကော်ဖီ၊အရက်၊ burn၊ speed ၊ M150၊ Lippo အစရှိတဲ့ လူကို လန်းဆန်းစေတဲ့ Stimulating Fluid တွေ လုံးဝ မသောက်သင့်ပါဘူး
အပူလျှပ်ခြင်းကို ပိုမိုလွယ်ကူစေလို့ပါ။

🟢လူနာက သတိမကောင်းတော့ဘူးဆိုရင်တော့
ရေခဲသေတ္တာထဲ အအေးခံထားတဲ့
အငံ ပုလင်း NS ကို သွေးကြောကနေ မြန်မြန်ချိတ်သွင်းရပါမယ်။ Rapid Cool NS infusion ။

🟢အရင်ဆုံး အဝတ်တွေ အကုန်ချွတ်သင့်ပါတယ်။
Air con ခန်းထဲခေါ်ရပါမယ်
Air con ကို Dehumifying mode or Dry mode မှာ ထားပြီး ဖွင့်ရင် ပိုကောင်းပါတယ်။

🟢ရေအေးအေးနဲ့ လောင်းချ ပေးရပါမယ်။
ရေနွေးနွေးလေး ကို ရေအေးငါးခါလောင်းပြီးတိုင်း
တစ်ခါလောင်းပေးရပါမယ်။
သွေးကြောတွေ ပွင့်ကျယ်လာအောင်ဖြစ်ပါတယ်။

တစ်ခု ထူးခြားတာက
အပူလျှပ်ခြင်း ဖြစ်သွားရင်တော့
ဆေးရုံမှာ ကုသပေမယ့်လည်း
၁၀၀မှာ ၂၀ယောက်လောက်က သေတာပါပဲတဲ့။

ဒီတော့ ကြိုတင်ကာကွယ်ခြင်းဟာ မရှိမဖြစ်လိုအပ်တယ်။
ကာကွယ်တာလည်း မခက်ဘူး
ဓာတ်ဆားရည် ကို ကိုယ့်အလုပ်ပေါ်မူတည်ပြီး သောက်ပေးနေရုံပါပဲ။
သွေးတိုးသမားတွေကတော့ ရေပဲ အဓိကသောက်ရုံ။
အဝတ်ကို ချောင်ချောင်ပါးပါးဝတ်ရမှာဖြစ်ပါတယ်။
အရမ်းလည်း အပင်ပန်းမခံဖို့လိုပါသေးတယ်။

ဒီလိုဆိုရင် အပူလျှပ်ဖို့ မကြောက်ရတော့ပါဘူး။

Heat stroke
အပူလျှပ်ခြင်း အကြောင်း သိကောင်းစရာ

ကျောင်းသားဘဝတုန်းက Short Noteအတွက်
ပြင်ဆင် ထားတဲ့ စာတွေ ကို ပြန်လည်ကောက်နုတ်ဖော်ပြတာပါ

🟥အရေးကြီးသည့်အချက်
ယခုလို နွေကာလ အပူကြီးချိန်တွင်
ဖျားတဲ့သူတွေကို စောင်မခြုံဖို့ အနွေးထည်အထူမဝတ်ဖို့ နဲ့ ရေဖတ်ခဏခဏတိုက်ပေးဖို့ (နဖူးအပြင် ပိုအရေးပါသည့် ဂုတ်၊ပေါင်ခြံ၊ဒူးခေါက်ကွေး၊ချိုင်းကြားတို့၌ တိုက်ရန်၊ လေသလပ်ဖို့ ယက်ခပ်ရန်) အထူးလိုအပ်ပါတယ်🟥


#အပူလျှပ်ခြင်း

Credit
Ref. Red Cross

Watson ပေါင်းဆေး - 6000 mmkShwe Tharaphu Online One Stop Mart43B, Griund floor, Thiri Street, San Chaung tsp, Yangon☎️ 0...
18/02/2022

Watson ပေါင်းဆေး - 6000 mmk

Shwe Tharaphu Online One Stop Mart
43B, Griund floor, Thiri Street, San Chaung tsp, Yangon
☎️ 09965406859

Watsons Shower Cream (1,000 ml)Price - 6,000 mmk💥ယိုးဒယား မှာ လူသုံးများနေတဲ့ ရေချိုးဆပ်ပြာရေလေးပါ💥ရေချိုးပြီးရင် အသားလေ...
18/02/2022

Watsons Shower Cream (1,000 ml)

Price - 6,000 mmk

💥ယိုးဒယား မှာ လူသုံးများနေတဲ့ ရေချိုးဆပ်ပြာရေလေးပါ💥

ရေချိုးပြီးရင် အသားလေးစိုစိုအိအိလေးနဲ့ အနံ့လေး မွှေးသင်းနေရောပဲ 💦

အသားလဲ ဖြူတယ်ရေချိုးပြီးရင် ရနံလေးက စွဲနေရော တကယ်ကောင်းတာ ဗူးကလဲ ကြီးလိုက်တာမှ1000 ml တောင်ပါတာနော်😉

💙Brand Quality ကောင်းတာလေးစျေးသင့်တာလေးသုံးကြည့်ချင်ရင် ဒါလေးသုံးကြည့်ပါနော် 💙

ဗူးကြီးတာမို့ မိသားစုရော သုံးလို့ရတယ်နော်တစ်ယောက်တည်းဆိုရင် အနည်းဆုံးသုံးလ လောက်အသုံးခံပါတယ် ✅✅✅

အနံ့လေးတွေက ရွေးချယ်စရာအများကြီးရှိပါတယ်နော်

Instock လက်ကျန်လေးပါရှင့်

Shwe Tharaphu Online One Stop Mart
☎️ 09 965406859
☎️ 09 752251733

Cutie ကလစ် - 1,200 mmkShwe Tharaphu Online One Stop Mart43B, Ground floor, Thiri street, San Chaung tsp, Yangon☎️☎️ - 09...
18/02/2022

Cutie ကလစ် - 1,200 mmk

Shwe Tharaphu Online One Stop Mart
43B, Ground floor, Thiri street, San Chaung tsp, Yangon
☎️☎️ - 09965406859

၅မျိုးပါဇွန်းကဒ် - 3,200 mmkShwe Tharaphu Online One Stop Mart43B, Ground floor, Thiri Street, San Chaung tsp, Yangon☎️☎...
18/02/2022

၅မျိုးပါဇွန်းကဒ် - 3,200 mmk

Shwe Tharaphu Online One Stop Mart
43B, Ground floor, Thiri Street, San Chaung tsp, Yangon
☎️☎️ - 09965406859

Miniso toner ဂွမ်း - 2900 mmkShwe Tharaphu Online One Stop Mart43B, Ground floor, Thiri Street, San Chaung tsp, YangonPh...
18/02/2022

Miniso toner ဂွမ်း - 2900 mmk

Shwe Tharaphu Online One Stop Mart
43B, Ground floor, Thiri Street, San Chaung tsp, Yangon
Phone - 09965406859

ကလေးများကို ပိုမိုကူးစက်လာသော 😱 Omicron Wave 😱🗯🗯🗯🗯🗯🗯🗯🗯🗯🗯🗯🗯🗯🗯🗯💭💭💭💭💭💭ကမ္ဘာ့နိုင်ငံအများအပြားတွင် ဖြစ်ပေါ်နေသော Omicron wav...
17/02/2022

ကလေးများကို ပိုမိုကူးစက်လာသော 😱 Omicron Wave 😱

🗯🗯🗯🗯🗯🗯🗯🗯🗯🗯🗯🗯🗯🗯🗯💭💭💭💭💭💭

ကမ္ဘာ့နိုင်ငံအများအပြားတွင် ဖြစ်ပေါ်နေသော Omicron waveသည် အရင် wave များထက် ကလေးများအား ပိုမိုကူးစက်လာသည်ကို တွေ့ရပါသည်။
ထို့ပြင် Omicron သည် Covid၏ အခြားမျိုးစိပ်များထက် ကူးစက်မှုနှုန်း ပိုမိုမြန်လာသည်ကိုလည်း တွေ့ရပါသည်။

🤔 ကလေးများ ဘာကြောင့် ပိုမိုကူးစက်လာသနည်း?

👉🏻 ကလေးများတွင် covid ကာကွယ်ဆေးထိုးမှု လျော့ နည်းနေသေးခြင်း၊ Covid 19 ၏ ရှေ့မှထွက်ပေါ်ခဲ့သော မျိုးစိပ်များအပေါ် ကလေးများ၏ ခုခံစွမ်းအားများက Omicron ကို မကာကွယ်နိုင်ခြင်းကြောင့် ဖြစ်နိုင်ပါသည်။

🙄 ပြင်းထန်သော လက္ခဏာများ ပိုမိုခံစားရနိုင်သလား?

👉🏻 ကလေးများတွင် ပိုမိုကူးစက်လာသော်လည်း ကလေးအများစုတွင် မပြင်းထန်သော လက္ခဏာများကိုသာ ခံစားရပါသည်။ ကူးစက်ခံရသော ကလေးများ၏ ၃ပုံ ၁ပုံတွင် လက္ခဏာမပြတတ်ပါ။

အောက်ပါအခြေအနေများသည် ပြင်းထန်သော ရောဂါလက္ခဏာများ ပိုမိုခံစားရနိုင်ပါသည်။
🔸 အဝလွန်သော ကလေးများ၊ အာဟာရ ချို့တဲ့လွန်းသော ကလေးများ
🔸နာတာရှည် အဆုတ်၊ နှလုံး၊ ကျောက်ကပ်၊ အသည်း ရောဂါရှိသော ကလေးများ
🔸 ခုခံအားကျဆင်းသည့် ရောဂါရှိသော ကလေးများ
🔸 Steroid ကဲ့သို့ ခုခံအားကျဆင်းစေသည့် ဆေးကြာရှည်သောက်သုံးနေရသည့် ကလေးများ

❓ ရောဂါပိုးကူးစက်ခံရပြီး ဘယ်လောက်အကြာတွင် လက္ခဏာပြတတ်သနည်း။

💥 ရောဂါလက္ခဏာများ ပေါ်လာရန် ရောဂါပိုး ကူးစက်ပြီး ၂ - ၅ ရက်အတွင်း ကြာတတ်ပါသည်။

❓ မည်သည့်အချိန်တွင် ရောဂါပိုး ကူးစက်နိုင်သနည်း။

💥 ရောဂါလက္ခဏာများ စတင်မပေါ်မီ ၂ရက်နှင့် စတင်ဖြစ်ပေါ်ပြီး ၃ရက်အတွင်းတွင် ကူးစက်နိုင်ပါသည်။

🔆 ကလေးများတွင် အဖြစ်များသော ရောဂါလက္ခဏာများ

🤒 ကိုယ်ပူခြင်း
🤧 နှာစေးခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း
😵 ခေါင်းကိုက်ခြင်း
😒 နှုံးခြင်း
😥 လည်ချောင်းနာခြင်း
🤮 ပျို့အန်ခြင်း၊ ဝမ်းပျက်၊ဝမ်းလျှောဖြစ်ခြင်း
😨 တကိုယ်လုံး ကိုက်ခဲခြင်း
😑 အနံ့၊ အရသာပျောက်ခြင်း
😣 အသက်ရှူကြပ်ခြင်း

အရင် Covid မျိုးစိပ်များနှင့် မတူသည်မှာ Omicron ကူးစက်ပါက Barking cough ဟုခေါ်သော ရင်ခေါင်းသံ အသံသြသြကြီးဖြင့် ချောင်းဆိုးခြင်း၊ အသက်ရှူချိန်တွင် ပုံမှန်မဟုတ်သော အသံထွက်ခြင်း၊ ပန်းနာရင်ကြပ်ကဲ့သို့သော လက္ခဏာများဖြစ်ခြင်းများ ( ညပိုင်းနှင့် မနက်စောစောပိုင်းများတွင် ချောင်းဆိုးခြင်း၊ အသက်ရှူလျှင် တရွှီရွှီမြည်ခြင်း) ခံစားရတတ်ပါသည်။ 🗣🗣🗣

🍀 ကလေး (သို့မဟုတ်) အတူနေမိသားစုဝင်များတွင် ရောဂါလက္ခဏာများရှိပါက မည်သို့ကုသနိုင်သနည်း?

⏹ ဖြစ်ပေါ်သော ရောဂါလက္ခဏာပေါ် မူတည်၍ လက္ခဏာများသက်သာစေရန် ဆေးများသောက်သုံးနိုင်ပါသည်။ 💊
⏺ ကောင်းမွန်စွာ အနားယူခြင်း၊ အာဟာရပြည့်ဝစွာ စားသုံးခြင်း၊ အရည်များများသောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်၏ ခုခံ၊ ကာကွယ်နိုင်စွမ်းအား မြှင့်တင်ပေးရန် လိုအပ်ပါသည်။ 💪🏻✊🏻
⏺ အိမ်တွင် အနည်းဆုံး ၅ ရက် (သို့မဟုတ်) ရောဂါလက္ခဏာ ပျောက်ကင်းပြီး ၁ ရက်ကြာ နေရန် လိုအပ်ပါသည်။ ရောဂါလက္ခဏာရှိသူအား လေဝင်လေထွက် ကောင်းသော အခန်းတွင် သီးသန့်ထားရန် အရေးကြီးပါသည်။ 🏠💨🌥
⏺ ကလေးမေမေများ ရောဂါလက္ခဏာရှိလျှင် ဖြစ်နိုင်ပါက ၅ရက် (သို့မဟုတ်) ရောဂါလက္ခဏာပျောက်ကင်းပြီး ၁ရက် ကြာသည်အထိ ကလေးနှင့် အိမ်ရှိတခြားသူများနှင့် ခွဲနေရန်လိုအပ်ပါသည်။ ကလေးနှင့် ခွဲနေရန် အဆင်မပြေသည့် အခြေအနေများတွင် mask တပ်၍ တတ်နိုင်သမျှ ခပ်ခွာခွာ (အနည်းဆုံး ၆ပေခြား၍) နေနိုင်လျှင် အကောင်းဆုံးဖြစ်ပါသည်။ 👩🏻‍👧🏻‍👦🏻😷
🤱🏻 နို့တိုက်မိခင်များတွင် ရောဂါဖြစ်ပွားပါက ကလေးငယ်ကို မိခင်နို့ ဆက်လက် တိုက်ကျွေးနိုင်ပါသည်။ mask တပ်ခြင်း၊ လက်ကိုစနစ်တကျ ဆေးကြောခြင်းဖြင့် ကလေးငယ်အား ကူးစက်မှုကို လျော့ချနိုင်ပါသည်။

🚨 မည်သည့်အခြေအနေတွင် ဆေးရုံ၊ ဆေးပေးခန်းသို့ အမြန်ဆုံးသွားရောက်ကုသရန် လိုအပ်သနည်း။

🔼 အသက်ရှူမြန်ခြင်း၊ ရင်ဘတ်ချိုင့်အောင် အသက်ရှူခြင်း
🔼 အသက်ရှူရခက်ခြင်း
🔼 မှိန်းလွန်းခြင်း၊ နှိုး၍မရခြင်း
🔼 အဆက်မပြတ် ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူကြပ်ခြင်း
🔼 နှုတ်ခမ်း၊ လက်သည်းထိပ်၊ ခြေသည်းထိပ်များ ဖြူဖျော့ခြင်း ( သို့မဟုတ်) ပြာခြင်း
🔼 အရည်လုံးဝမသောက်နိုင်တော့ခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်း၏ လက္ခဏာများရှိခြင်း (အာခေါင်ခြောက်ခြင်း၊ မျက်ရည်ခမ်းခြောက်ခြင်း၊ မျက်တွင်းချိုင့်ဝင်ခြင်း၊ ဆီးနည်းသွားခြင်း၊ ကလေးငယ်လေးများတွင် ငယ်ထိပ်ချိုင့်ဝင်ခြင်း)

🛡 ရောဂါပိုးကူးစက်မှုကိုကာကွယ်ရန်မှာ -

💉 ကာကွယ်ဆေးထိုးနှံခြင်း
နေရာဒေသ နှင့် ကာကွယ်ဆေးအမျိုးအစားပေါ် မူတည်၍ ကလေးများအား Covid ကာကွယ်ဆေး ထိုးနှံပေးရန် လိုအပ်ပါသည်၊ ထို့ပြင် တုပ်ကွေးကာကွယ်ဆေး ( Flu vaccine) ကို အသက်၆လနှင့် အထက်ကလေးများအား နှစ်စဉ်ထိုးပေးနိုင်ပါက အကောင်းဆုံးဖြစ်ပါသည်။
အတူနေ မိသားစုဝင် လူကြီးများကိုလည်း covid ကာကွယ်ဆေးထိုးနှံခြင်း၊ အပိုထပ်ဆောင်းကာကွယ်ဆေး ထိုးနှံခြင်းများပြုလုပ်ခြင်းဖြင့် ကာကွယ်ဆေး ထိုးနှံ၍ မရသေးသော ကလေးများအတွက်လည်း ကူးစက်မှုကို လျော့ချနိုင်မည် ဖြစ်ပါသည်။
😷 မိမိမျက်နှာနှင့် အံဝင်ခွင်ကျဖြစ်သော maskတပ်ခြင်း
🤲🏻 လက်ကို ရေ၊ ဆပ်ပြာဖြင့် စနစ်တကျ ဆေးကြောခြင်း၊ (သို့မဟုတ်) လက်သန့်ဆေးရည်ဖြင့် စနစ်တကျဆေးကြောခြင်း
🏠 အိမ်ကို လေဝင်၊ လေထွက်ကောင်းစေရန် ပြတင်းတံခါးများ ဖွင့်ထားခြင်း တို့ ဖြစ်ပါသည်။

ရေးသားသူ - နွေဦးငယ်
(ကူးယူဖော်ပြပါသည်)

Address

No. 43B, Thiri Street, Sanchaung Tsp
Yangon
11111

Telephone

+959965406859

Website

Alerts

Be the first to know and let us send you an email when Shwe Tharaphu Online One Stop Mart posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Tharaphu Online One Stop Mart:

Share

Category