30/04/2024
ညီမလေးရေ.......
ဒီနေ့ခေတ်ရဲ့ ရေစီးကြောင်းထဲမျှောရင်း တစ်နေ့တော့ပရဟိတအဖွဲ့တစ်ခုနဲ့
ချိတ်ဆက်ပြီး ကောင်းမှုတွေပြုဖြစ်မယ်လို့ ထင်မိပါတယ်။ နေ့စဥ် Facebook ကြည့်ရင်း ပရဟိတသမားတွေကို အားကျနေတာလဲရှိနိုင်တာပေါ့ ညီမလေးရယ်။ ဘာပဲဖြစ်ဖြစ် သိသင့်တာလေးတွေကို တော့ကြိုတင်စဉ်းစားချိန်ရအောင် အစ်မမျှဝေခဲ့ ချင်တယ်။
လွန်ခဲ့တဲ့(၆)နှစ်တုန်းက ဆရာမ သန်းမြင့်အောင် ဟောပြောပွဲကနေ အစ်မသင်ယူခဲ့တာလေးတွေရှိတယ်။ ''သားတို့၊သမီးတို့ ပရဟိတလုပ်မယ်ဆိုရင် ကိုယ်ကျင့်တရားက အရေးကြီးတယ်။ ငွေတွေကိုင်ပြီး စီမံရတာမို့ ကိုယ်ကျင့်တရား သန့်ရှင်းဖို့ပိုအရေးကြီးတယ်။ နောက်အရေး ကြီးတာတစ်ခုက အလွဲသုံးမိတတ်တာမျိုးပဲ။
အလှူရှင်လှူတဲ့ ငွေနဲ့ ပစ်စည်းတွေက ကိုယ်နေ့စဥ်သုံးနေတဲ့ ပစ်စည်းတွေ ဖြစ်လို့
"ကိုယ့်စိတ်မှာ တစ်ခါတစ်လေ" လို့်တွေးပြီး သုံးမိတတ်တယ်။ ငွေကိုလဲ "ခဏ ယူသုံးထားမယ်၊ ပြီးမှပြန်ဖြည့် လိုက်မယ်"လို့လုပ်တတ်ကြတယ်။ဒါက အလွဲသုံးမှုပဲ။
ကိုယ့် နေ့စဉ် လိုအပ်ချက်တွေ လိုချင်နေတာတွေကြားထဲမှာ ကိုယ့်ကိုယ်ကျင့်တရားကို ထိန်းကျောင်းကြပါ"
ညီမလေးရေ.......
ပရဟိတလုပ်ငန်းခွင်ထဲ ကျင်လည်တော့ ဆရာမပြောခဲတဲ့ စကားတွေက သွေးထွက်အောင် မှန်တယ်။ ကိုယ့်ကိုယ်ကို အတော့ကို ထိန်းကျောင်းထားမှလေ၊ တစ်လ လုံး အလုပ်လုပ် မှသိန်းဂဏန်း နည်းနည်းပဲရတဲ့ အစ်မတို့က သိန်းပေါင်းများစွာကို ကိုင်ပြီး အလုပ်တွေလုပ်ရတဲ့အခါ ကိုယ်ကျင့်တရားအတွက် စိန်ခေါ်မှုတွေကို အမြဲကျော်ထြတ်ရတယ်။
လူဆိုတာ လောဘရှိတယ် ။မကောင်းစိတ်မှာ ကျင်လည်ရတာ ပျော်တယ်။ ဇိမ်ခံပစ်စည်းနဲ့ ထင်ပေါ်ကျော်ကြားမှုကို မက်မောကြတယ်။ဒါတွေအတွက် ငွေက အဓိက ကျတယ်။
"ငွေကြောင့်နာမည်ပျက်သွားတဲ့ ပရဟိတသမားတွေ ၊ငွေကြောင့်ကဲဲကတဲ့အဖွဲ့တွေ ၊ ငွေကြောင့်မှောက်မှားကုန်ကြတဲ့အဖွဲ့သားတွေ"စတဲ့ သက်သေ သာဓကတွေကလဲ ဒီလောကထဲအများသားကွယ်။
ငွေနဲ့ဖြားယောင်းပြီးအဖွဲ့တွေကိုဝယ်တယ်။ငွေနဲ့ဖြားယောင်းပြီးသူတို့နာမည်တွေကို လာတည်ဆောက်တယ်။ငွေနဲ့ဖြားယောင်းပြီး သူတော်ကောင်းအသွင်ကိုယူတယ်"စတဲ့လောကရဲ့ လှည့်စားမှာတွေလဲပေါတယ် ညီမလေး။ ဒါပေမဲ့မကြောက်နဲ့၊ အများအတွက
ဆိုတဲ့စိတ်နဲ့ ကိုယ့်ကိုယ်ကျင့်တရားကို မှတ်ကျောက်တင်ခွနိုင်ရမယ်။ ကိုယ့်မိဘရဲ့ဂုဏ်သိက်ခါအတွက် မှတ်ကျောက်တင်ခံနိုက်ရမယ်၊ ကိုယ့်ဂုဏ်သိက်ခါအတွက်မှတ်ကျောက်တင်ခံနိုင်ရမယ်။ဇဉ
"ဒီအင်ကျီလေး ငါကြိုက်တယ်။ဒီအဝတ်အစားလေးကငါနဲ့လိုက်တယ်၊ ဒါလေးကိုခနယူသုံးလိုက်ဉီးမယ်"လို့ပုထုဇဉ်သဘာဝဖြစ်တတ်ကြတယ်။
ညီမ လေးရေ...
အများအတွက်လှူဒါန်းတာဟာ အများပိုင်မို့ အလွဲသုံးတာဟာအများပိုင် ပစ်စည်းကို အလွဲသုံးတာပဲ။ ဒါက ဥပဒေအရလဲ အပြစ်ရိဖှသလို အကုသိုလ်လဲ အင်မတန်ကြီးလှတာမို့ ခဏတာအဆင်ပြေဖို့ အရိပ်မဲကီးနဲ့တော့မလဲနဲ့ကွယ်။
စိန်ခေါ်မှုတွေများတဲ့ဝန်းကျင်ထဲရှင်သန်ရမှာ မစိုးရိမ်နဲ့ ညီမလေးရေ။
နှင်းဆီဟာ ဆူးကြောင့်ပဲတင့်တယ်သလို ညစ်ညမ်းတဲနွံကြားမှာလဲ မွှေးပျံ့တဲ့ကြာတွေပဲ ပွင့်လန်းကြတာမို့ ညီမလေးလဲ တော်ဝင်ပန်းလိုရှင်းသန့်စွာ ရှင်သန်ပါလို့ဆန်ဒ ပြုပါတယ်။
#ခင်နှင်းကြည်သာ
#ချစ်တဲ့သူကိုသတိရတဲ့အခါ
တန်ဖိုး-3500ကျပ်
မှာယူလိုပါက💸
🎉cbမှာမေးမြန်းနိုင်ပါတယ်ရှင်။❣💓