M Lyna Khai So No

M Lyna Khai So No Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from M Lyna Khai So No, Shopping & retail, 5Lorong Brunei Selatan, Pudu. ,Kuala Lumpur, Whayah Persekutuan Kuala Lumpur, Kuala Lumpur.

27/06/2025

ချစ်ကလေး😘🥰

07/06/2024

ချစ်သမိးလေး

"ဘေဘီလေးတွေ ခေါင်းပူ/ကျောပူထခြင်း"       ဘေဘီလေးတွေရဲ့ သာမန်ခန္ဓာကိုယ်အပူချိန်ဟာ36.5C နဲ့ 37.5C ကြားမှာရှိပါတယ်။တခါတလေကလ...
26/03/2024

"ဘေဘီလေးတွေ ခေါင်းပူ/ကျောပူထခြင်း"
ဘေဘီလေးတွေရဲ့ သာမန်ခန္ဓာကိုယ်အပူချိန်ဟာ
36.5C နဲ့ 37.5C ကြားမှာရှိပါတယ်။တခါတလေ
ကလေးတွေဟာ ကိုယ်ပူနေတာ/ဖျားနာနေတာမျိုးမဟုတ်
ဘဲ ခေါင်းပူ ဒါမှ မဟုတ် ကျောပူ နေတာမျိုး ဖြစ်တတ်ပါ
တယ်။ဒါဟာ ဆရာဝန်ပြဖို့အထိ စိုးရိမ်စရာမရှိပါဘူး။
ခန္ဓကိုယ်အေးလာဖို့ အဆင့်ဆင့်လုပ်ဆောင်သွားရမဲ့
အချက်တွေကိုတော့ မေမေတွေအနေနဲ့ သိထားဖို့လိုအပ်
ပါတယ်။ကလေးတွေရဲ့ လက်နဲ့ခြေထောက်တွေဟာ
ဦးခေါင်းထက်ပိုပြီး အေးနေတာ သဘာဝပါ။ကလေးတွေ
ခေါင်းပူ ကျောပူရတဲ့ အကြောင်းရင်းတွေကတော့
(1)အဝတ်အစားထူလွန်းတာ/နွေးလွန်းတာ
ကလေးတွေရဲ့ အရေပြားကနုနယ်တယ်ဆိုပြီး တချို့
က အဝတ်အစားထူထူဝတ်ပေးထားတတ်ကြပါတယ်။အဲ
လိုဆိုရင် ဖျားတာမျိုးမဟုတ်ဘဲ ခေါင်းပူလာတာ ကျော
ပူလာတာ မျိုးဖြစ်တတ်ပါတယ်။ကလေးတွေကို ပေါ့ပါး
တဲ့ ချည်ထည်တွေကို ဝတ်ပေးထားသင့်ပါတယ်။
(2)စိတ်လှုပ်ရှားတာ
ကလေးတွေဟာ သူတို့ရဲ့ဖွံ့ဖြိုးချိန်တွေမှာ လှုပ်ရှားလွန်းတာ စိတ်လှုပ်ရှားတာတွေကြောင့်လည်း
ခန္ဓာကိုယ်အပူချိန် မြင့်လာတတ်ပါတယ်။အဲလိုဖြစ်လာ
ရင် သက်တောင့်သက်သာအနေအထားဖြစ်လာအောင်
ချီပွေ့/ချော့မြှူပေးရပါမယ်။
(3)သွားပေါက်ခြင်း
ကလေးတွေဟာ သူတို့သွားပေါက်ချင်တာမျိုး/သွား
ပေါက်နေတဲ့အခါမျိုးမှာ ခန္ဓာကိုယ်ပူတာ/ခေါင်းပူ ကျော
ပူထတာမျိုးဖြစ်တတ်ပါတယ်။ဒါဟာသွားပေါက်တဲ့
အတွက်ကြောင့် ခန္ဓာကိုယ်ရဲ့ တုန့်ပြန်မှုတစ်မျိုးဖြစ်လို့ စိုးရိမ်စရာမလိုပါဘူး။ပါရာစီတမောလ်ဖြစ်ဖြစ်/teething
gel ဖြစ်ဖြစ်တိုက်နိုင်ပါတယ်။
(4)သာမိုမီတာ
ကလေးရဲ့အပူချိန်ကို တိုင်းတဲ့သာမိုမီတာ ဒိတ်လွန်နေတာ မကောင်းတော့တာကြောင့် အပူချိန်
အမြင့်ပြနေတာမျိုး ဖြစ်တတ်ပါတယ်။ဒါကြောင့်
သာမိုမီတာ ကောင်း မကောင်း အမြဲစစ်ဆေးပေးသင့်ပါတယ်
မေမေရဲ့လက်ကအေးနေတာကြောင့် ကလေးနဖူး
စမ်းတဲ့အခါ ဖြစ်တတ်ပါတယ်။ဒါကြောင့် ကလေးကိုယ်
ပူတယ်လို့ သံသယဖြစ်ရင် အပူချိန်ကို နေ့တိုင်းတိုင်းပေးပြီး နေ့တိုင်း အပူချိန်တူနေရင် စိုးရိမ်စရာမရှိပါဘူး။ရေအေးနဲ့ ရေပတ်တိုက်တာမျိုး လုပ်ပေးနိုင်ပါတယ်။
အခန်းတွင်း အပူချိန်ဟာ 25C ထက် မပိုသင့်ပါဘူး။
ကလေးကို ညအခါမှာ ခြေအိတ်မဝတ်ပေးဘဲ
ချည်ထည်ကိုသာ ပေးဝတ်သင့်ပါတယ်။နိုင်လွန်အဝတ်
အထည်တွေဟာလည်း ပူနေပါလိမ့်မယ်။
ကလေးဟာ ခေါင်းပူ ကျောပူရုံသာမက အပူကြီးပြီး
အန်တာ/ဝမ်းလျှောတာမျိုး ဖြစ်လာမယ်ဆိုရင်တော့
ရေဓာတ်ခမ်းခြောက်နိုင်တဲ့အတွက် ဆရာဝန်အမြန်ဆုံး
ပြသသင့်ပါတယ်နော်။
crd

၆လကျော်ကလေးများကို ဖြည့်စွက်စာကျွေးမယ်ဆိုရင်..._________________________________________________👶🏻 ကလေးလေးတွေကို မွေးစကန...
26/03/2024

၆လကျော်ကလေးများကို ဖြည့်စွက်စာကျွေးမယ်ဆိုရင်...
_________________________________________________

👶🏻 ကလေးလေးတွေကို မွေးစကနေ ၆လအထိ မိခင်နို့ပဲ တိုက်ရမယ်ဆိုတာ မေမေတို့ သိပြီးသားနေမှာပါ။ ၆လကျော်ရင်လည်း မိခင်နို့ ဆက်တိုက်လို့ရပါသေးတယ်။ ဒါပေမယ့် ကလေးလေးက မေမေနို့နဲ့ မဝတော့ပါဘူး။ တခြားအာဟာရတွေလည်း လိုအပ်လာပါပြီ။

🤗 ဒါကြောင့် မေမေ့ကလေးလေးကို ကျန်းကျန်းမာမာနဲ့ အာဟာရပြည့်ဝအောင် ဘယ်လိုကျွေးမလဲဆိုတာ ပြောပြပေးပါ့မယ်။

👶🏻 ၆လကျော်ရင်

✅ မိခင်နို့အပြင် ဆန်ပြုတ် ဒါမှမဟုတ် ထမင်းပျော့ပျော့ကို ပဲ ဒါမှမဟုတ် အသားတစ်မျိုးမျိုးနဲ့ရောပြီး ၄:၁ အချိုးနဲ့ ကျွေးပေးပါ။
​✅ ဆီဇွန်းအသေးနဲ့ တစ်ဇွန်းထည့်ပေးပါ။ ဆားမထည့်ရပါ။
✅ သွားရည်စာအနေနဲ့ ဖီးကြမ်းငှက်ပျောသီးမှည့်ကို ချေပြီး ကျွေးပေးပါ။
✅ တစ်နေ့ နှစ်ကြိမ်မှ သုံးကြိမ် နည်းနည်းနဲ့ ခဏခဏ ကျွေးပေးပါ။

👶🏻 ၆လမှ ၁၂လအထိ

✅ အစာမိတ်ဆက်တာ အဆင်ပြေရင် ပမာဏနည်းနည်းတိုးပေးပါ။
✅ ထမင်းပျော့ပျော့ကို ဆီစမ်းပြီး ငါး၊ အသား၊ ပဲ နှစ်သက်ရာ ထည့်ကျွေးပါ။ ဆားမထည့်ရ။
✅ တစ်နေ့ နှစ်ကြိမ်မှ သုံးကြိမ်ကျွေးပေးပါ။ မိခင်နို့ ဆက်တိုက်ပါ။
✅ ငှက်ပျောသီး၊ သရက်သီး၊ သင်္ဘောသီး စသဖြင့် အသီးပျော့ပျော့တွေ ကျွေးပေးပါ။

👶🏻 ၁၂လမှ ၂နှစ်

✅ မိခင်နို့ သောက်ရင် ဆက်တိုက်ပါ။
✅ မိသားစု စားသော အစားအစာ (အပူအစပ်မှ လွဲပြီး)နဲ့ ထမင်း ၂ကြိမ်၊ ၃ကြိမ် ကျွေးပေးပါ။
✅ ဖြည့်စွက်စာ၊ ဘိန်းမုန့်၊ မုန့်စိမ်းပေါင်း၊ ကောက်ညှင်းပေါင်းများလည်း သွားရည်စာအနေနဲ့ ကျွေးနိုင်ပါတယ်။

🧒🏻 ၂နှစ်မှ ၅နှစ်

✅ ထမင်းနဲ့ ပဲဟင်း ဒါမှမဟုတ် အသား ဒါမှမဟုတ် ငါးစသဖြင့် ကလေးကြိုက်တာ ကျွေးပေးပါ။ ​✅ ကြက်ဥ၊ ဘဲဥနဲ့ မကြာမကြာ ကျွေးပေးပါ။
​✅ တစ်နေ့ ၃ကြိမ်ကျွေးပါ။

‼️ ကလေးငယ်ကို အဖတ်စကျွေးရင် ထွေးထုတ်တတ်၊ အန်ထုတ်တတ်ပါတယ်။ ဒါကြောင့် လျှာဖျားထိပ်မှာ ထားပြီး မကျွေးဘဲ ပါးစပ်အတွင်းရောက်အောင် ခွံ့ပေးပါ။

20/03/2024
20/03/2024
20/03/2024
20/03/2024
20/03/2024

Address

5Lorong Brunei Selatan, Pudu. ,Kuala Lumpur, Whayah Persekutuan Kuala Lumpur
Kuala Lumpur
55100

Website

Alerts

Be the first to know and let us send you an email when M Lyna Khai So No posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share