Soe moe

Soe moe Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Soe moe, Shopping & retail, Taman Teknologi Johor, Skudai, Senai.

22/04/2021
19/04/2021

ယူချင်​အုံးဟ မိန်းမ 😀😀😀

18/04/2021

အိမ်​ကိုလွမ်းတယ်​ကွာ 😥😥😥😥

16/04/2021

😢😢😢😢

Missဟန်လေး(ခ)သော်နန္ဒအောင်ကိုနိုင်ငံတော်ပုန်ကုန်မှု့အပါအဝင်ဆက်စပ်အမှု့သုံးခုနဲ့စစ်ကောင်စီဖမ်းဝရမ်းထုတ်ဧပြီ ၊ ၆ ရက်Miss ဟန...
06/04/2021

Missဟန်လေး(ခ)သော်နန္ဒအောင်ကိုနိုင်ငံတော်ပုန်ကုန်မှု့အပါအဝင်ဆက်စပ်အမှု့သုံးခုနဲ့စစ်ကောင်စီဖမ်းဝရမ်းထုတ်

ဧပြီ ၊ ၆ ရက်

Miss ဟန်လေး (ခ) သော်နန္ဒာအောင် ကို
ပုဒ်မ ၁၂၂/၅၀၅ ခ/၃၃ တို့နဲ့စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားတယ်လို့သိရပါတယ်။

ဒါ့အပြင် Miss ဟန်လေးကို ထိုင်းနိုင်ငံ ဘန်ကောက်သို့ Miss Grand International
ပြိုင်ပွဲဝင်ရန် စေလွှတ်သော သက်ဆိုင်သူ ပတ်သက်သူ အားလုံးအား ထိရောက်စွာအရေးယူဆောင်ရွက်မည် ဖြစ်ပြီး ၄င်းတို့နှင့်ပတ်သက်သည့် မိသားစုဝင်များအား ပြည်ပထွက်ခွာခွင့်မပြုတော့ ဘူးလို့လဲ စစ်ကောင်စီကကြေငြာထားပါတယ်။

Miss ဟန်လေးက ထိုင်းနိုင်ငံ ဘန်ကောက်မှာပြုလုပ်တဲ့ Miss Grand International ပြိုင်ပွဲမှာယှဉ်ပြိုင်ရင်း မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေကို ကမ္ဘာကသိအောင်စင်မြင့်ထက်မှာပြောပြခဲ့သူလဲဖြစ်ပါတယ်။

စစ်ရှောင်များကို ကူညီမည့် ထောက်ပံ့ရေးပစ္စည်းများကို တစ်ကြိမ်စာ သယ်ဆောင်ခွင့်ရဧပြီ ၅ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီထိုင်း-မြန်မ...
05/04/2021

စစ်ရှောင်များကို ကူညီမည့် ထောက်ပံ့ရေးပစ္စည်းများကို တစ်ကြိမ်စာ သယ်ဆောင်ခွင့်ရ
ဧပြီ ၅ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ကမ်းနံဘေး မဲ့စမ်လက်(သောလယ်ထာ)တွင် သောင်တင်နေသည့် ကရင်စစ်ရှောင်များအတွက် ကူညီမည့် ထောက်ပံ့ရေးပစ္စည်းများကို ယနေ့နံနက်ပိုင်းတွင် နယ်မြေခံထိုင်းအာဏာပိုင်များက တစ်ကြိမ်စာသယ်ဆောင်ခွင့်ပြုလိုက်ပြီဟု သိရသည်။

စစ်ရှောင်ကူညီထောက်ပံ့ရေးအတွက် လုပ်ဆောင်နေသူတစ်ဦးက “အနယ်နယ်အရပ်ရပ်က ထိုင်းလူမှုအဖွဲ့အစည်းတွေက လာပြီးညှိနှိုင်းလို့ ဖွင့်ပေးလိုက်တဲ့သဘောပါ။ အထက်က ညွှန်ကြားချက်နဲ့ ဖွင့်တာမဟုတ်ပါဘူး။ တစ်ခါစာ သယ်ဆောင်ခွင့်ပေးလိုက်တာဖြစ်တယ်။အခု လှေပေါ်တင်နေတုန်းပါပဲ” ဟု ကေအိုင်စီသို့ ပြောသည်။

ယခု စစ်ရှောင်အကူအညီအတွက် ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်မှုသည် ထိုင်းလှူမှုအဖွဲ့အစည်းများ၏ ညှိနှိုင်းမှုကြောင့်သယ်ဆောင်ခွင့်ပြုခြင်းသာဖြစ်ပြီး ထပ်မံပို့ဆောင်မည့် အကူအညီများကို ခရိုင်အဆင့်ခေါင်းဆောင်များနှင့် ညှိနှိုင်းဆွေးနွေးပြီး ခွင့်ပြုချက်ရရှိမှသာ ထပ်မံသယ်ဆောင်ခွင့်ရမည်ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

မူတြော်ရိုင်မှ စစ်ရှောင်ပြည်သူများအတွက် ပို့ဆောင်မည့် ထောက်ပံ့ကူညီမှုပစ္စည်းများ ပြီးခဲ့သည့် ဧပြီ ၃ရက်နေ့က ထိုင်း-မြန်မာနယ်စပ် မဲ့စရင်းယန်းမြို့နယ် မဲ့စလက်(သောလယ်ထာ)တွင် ရောက်ရှိခဲ့ သော်လည်း ထိုင်းအာဏာပိုင်များဘက်က နယ်စပ်ဖြတ်ကျော် သယ်ဆောင်ခွင့်မပြုသေးခြင်းဖြစ်သည်။

အဆိုပါ ထိုင်းကရင်အဖွဲ့ (KTG) နှင့် အစိုးရမဟုတ်သော အဲန်ဂျီအို အဖွဲ့အစည်းတစ်ဖွဲ့တို့က ကားအစီးရေ ၂၀ကျော်ဖြင့် တင်ဆောင်လာခြင်းဖြစ်ပြီး အခြေခံ စားသောက်ကုန်များ ဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲ ခြောက်၊ သောက်ရေ စသည့် စားသောက်ကုန်များအပြင် အခြားလူ သုံးကုန်ပစ္စည်းများလည်း ပါဝင်သည်ဟု သိရသည်။

ယခု ပို့ဆောင်ခွင့်ပြုလိုက်သော ပစ္စည်းများသည် ဧပြီလ ၃ရက်နေ့က သောလယ်ထာတွင် သောင်တင်နေသည့် ပစ္စည်းများသာဖြစ်ကြောင်း သိရသည်။

Photo- The Reporters

စစ်ပြေးဒုက္ခသည်များထံ ကယ်ဆည်ရေးပစ္စည်းများ ပို့ဆောင်ခြင်း ထိုင်းအာဏာပိုင်တို့ ပြန်ခွင့်ပြုဧရာဝတီကရင်ကျေးရွာများကို စစ်တပ်က...
05/04/2021

စစ်ပြေးဒုက္ခသည်များထံ ကယ်ဆည်ရေးပစ္စည်းများ ပို့ဆောင်ခြင်း ထိုင်းအာဏာပိုင်တို့ ပြန်ခွင့်ပြု

ဧရာဝတီ

ကရင်ကျေးရွာများကို စစ်တပ်က လေကြောင်းမှ တိုက်ခိုက်နေသဖြင့် ထွက်ပြေးနေရသည့် ဒုက္ခသည်များအား ပြည်ပရောက် မြန်မာများမှ စားနပ်ရိက္ခာများ ပေးပို့ ကူညီနေမှုကို ထိုင်းအာဏာပိုင်တို့ ယာယီဆိုင်းငံထားရာမှ ယနေ့ ပြန်လည်ပို့ဆောင်ခွင့် ပေးလိုက်ကြောင်း သိရသည်။

ထိုင်းနိုင်ငံရောက် မြန်မာများက စုပေါင်း၍ လှူဒါန်းကြသည့် အဝတ်အထည်နှင့် စားနပ်ရိက္ခာအပါအဝင် ဒုက္ခသည်များ လိုအပ်သည့် အသုံးအဆောင်များကို မယ်ဟောင်ဆောင်ခရိုင် မဲ့စရီးယန်းမြို့နယ် မဲ့စံလက်(သော်လဲထ) လှေဆိပ်မှ တဆင့် သံလွင်မြစ်ကြောင်း အတိုင်း ပို့ဆောင်ပေးနေခြင်းဖြစ်သည်။

ဒုက္ခသည်များထံ လှူဒါန်းသည်ပစ္စည်းများ ပြန်လည်ပို့ဆောင်ခွင့်ရရန် ထိုင်းနိုင်ငံရှိ ကရင်များအဖွဲ့ (KTG)က ထိုင်းအစိုးရထံ တင်ပြတောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း ကရင်အမျိုးသား မီဒီယာတွင် ရေးသားထားသည်။
Credit:ဧရာဝတ်ီ

Address

Taman Teknologi Johor, Skudai
Senai
81400

Website

Alerts

Be the first to know and let us send you an email when Soe moe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share