Saung tha zin

Saung tha zin Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Saung tha zin, Shopping District, Bago City.

27/11/2020

မိတ်ကပ်မလိမ်းပဲသဘာဝအတိုင်းလှပနေစေမယ့်နည်းလမ်း၇မျိုး💁🏻💁🏻💁🏻


မင်္ဂလာပါသဲတို့ရေ...
မိန်းကလေးတွေသဘာဝက ဒီနေ့ လှလှပပလေးဖြစ်နေအောင်အလှပြင်ချင်စိတ်ပေါ်နေတတ်ပြီးမနက်ဖြန်ကျ ဘာမိတ်ကပ်မှမလိမ်းချင်
ဖြစ်နေတတ်တာကို မိန်းကလေးအချင်းချင်းပဲနားလည်ကြတာပါ

ဒါဆိုရင် မိတ်ကပ်မလိမ်းထားချိန်မှာလည်း
သဘာဝအလှလေးနဲ့ လှလှပပလေး ဖြစ်နေအောင်ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြပေးမယ်နော်

(၁) မျက်ခုံးအလှကိုပေါ်လွင်နေပါစေ

- မိတ်ကပ်မလိမ်းထားတဲ့အခါမျက်ခုံး‌‌မွှေးကအာရုံစိုက်ခြင်းခံရပါတယ်
- မျက်ခုံးမွေးထူတဲ့ မိန်းကလေးတွေကလည်းမျက်ခုံးမွေးပုံဖော်ထားပေးပါ
- မျက်ခုံးမွေးပါးတဲ့ မိန်းကလေးတွေကလည်း
သံလွင်ဆီဖြစ်ဖြစ်၊အုန်းဆီဖြစ်ဖြစ်နေ့တိုင်းလိမ်းပေးပြီးမျက်ခုံးမွေးထူအောင်ပြုလုပ်လို့ရပါသေးတယ်

(၂) မျက်လုံးအလှကို ထင်းခနဲပေါ်အောင်ပြုလုပ်ပါ

- မျက်ကွင်းမညိုအောင် အထူးဂရုစိုက်ပေးပါ
- Eyecream လေးလိမ်းပေးပါ
- မျက်လုံးကို ပိုကြီးတဲ့ ပုံပေါ်အောင်လို့
မိတ်ကပ်မလိမ်းရင်တောင်မှ မျက်တောင်ကော့ဆေးနဲ့မျက်တောင်ပိုထူအောင်၊ပိုရှည်အောင်ပြုလုပ်လိုက်နော်

(၃) သွားလေးတွေကို ဖြူဖွေးနေအောင်ဂရုစိုက်ပါ

သွားများဖြူဖွေးနေခြင်းကသင့်ကိုဆွဲဆောင်မှုရှိအောင်ကူညီပေးပါလိမ့်မယ်

(၄) နှုတ်ခမ်းလေးတွေ ပန်းရောင်သမ်းပြီး
နူးညံ့ပျော့ပျောင်းနေအောင်ပြုလုပ်ပါ

- နှုတ်ခမ်းလေးကိုLip Balms အသုံးပြုခြင်း၊သံလွင်ဆီ၊အုန်းဆီစတဲ့သဘာဝအဆီများနဲ့နှုတ်ခမ်းကိုအားပြန်ဖြည့်ပေးပါ

(၅) အိပ်ရေးဝဝအိပ်ပါ

- ညဘက်ဆို ၁၁နာရီထက် နောက်မကျဘဲအိပ်ရာဝင်ပေးပါ
- ညသန်းခေါင်ကျော်လာပြီဆိုရင်Melatonin လို့ခေါ်တဲ့လှပမှုကိုအထောက်အပံ့ပေးတဲ့ဟော်မုန်းတွေထွက်ရှိလို့ပါပဲ

(၆) နေရောင်ကာခရင်မ်အသုံးပြုပါ

- ခရမ်းလွန်ရောင်ခြည်က အရေးအကြောင်းတွေဖြစ်အောင် အိုမင်းရင့်ရော်အောင်ပြုလုပ်ပါတယ်
-အဆိုးဆုံးကတော့အရေပြားကင်ဆာဖြစ်စေတာပါပဲ
- ဒါ့ကြောင့်နေပူထဲထွက်ရတော့မယ်ဆိုတာနဲ့SPF ပါဝင်တဲ့နေရောင်ကာခရင်မ်မသုံးမဖြစ်သုံးပေးဖို့လိုမယ်နော်

(၇) ဆံပင်ကျန်းမာရေးကို ဂရုစိုက်ပါ

- ဆံကေသာတောက်ပဖို့၊ဗောက်ရန်မှကာကွယ်ပေးဖို့၊ဆံသားမွဲခြောက်ခြောက်ဖြစ်ခြင်းတို့ကိုအုန်းဆီကအပြည့်အဝကာကွယ်ပေးပါတယ်
- ဆံပင်အဖျားနှစ်ခွဖြစ်ရင်လည်းအဖျားလေးတွေကိုပုံမှန်ညှပ်ပါ
- ဆံပင်တွေပုံသွင်းမယ်ဆိုရင်လည်းအပူဒဏ်ကာကွယ်ပေးတဲ့ထုတ်ကုန်ပစ္စည်းများကိုအသုံးပြုပေးပါ
Crd

💧Toner ထဲမှာဆိုရင် ကိုယ်သုံးနေတဲ့ Heffey Toner ကိုရွေးချယ်ကြည့်ဖို့တိုက်တွန်းပါရစေနော် 💧အားသာချက်လေးတွေကတော့ အသားအရေမရွေ...
27/11/2020

💧Toner ထဲမှာဆိုရင် ကိုယ်သုံးနေတဲ့ Heffey Toner ကိုရွေးချယ်ကြည့်ဖို့တိုက်တွန်းပါရစေနော်

💧အားသာချက်လေးတွေကတော့ အသားအရေမရွေးပဲ ပုံမှန်အသားအရည်/ခြောက်သွေ့အသားအရည် /အဆီပြန်အသားအရည် / ပေါင်းစပ်အသားအရေပါမကျန် အဆင်ပြေစေတာပါပဲရှင် !!

🚫Alcohol လုံးဝမပါလို့ Toner သုံးရင်း အရေပြားစပ်လာတာ Break Out ဖြစ်လာတာတွေ လုံးဝမဖြစ်စေပါဘူးနော်. !!

💧သုံးရင်းအသားလေးစိုပြေလာ ကြည်လာစေပါတယ်.. ကျန်းမာလှပပြီး စွမ်းရည်ပြည့်တဲ့ အသားရေကြည်ကြည်လေး ပိုင်ဆိုင်စေမှာ အမှန်ပါရှင်။

💧ချွေးပေါက်ကျယ်တွေလဲကျဉ်းလာစေပြီး မျက်နှာအသားအရည်ဝင်းပ သန့်စင်စေပါတယ်

💧ရနံ့လေးကလဲ လုံးဝမပြင်းလဲ ရနံ့မရှိသလောက်မို့လို့ အနံ့ပြင်းတွေမကြိုက်တဲ့ သူတွေအတွက်လဲ လုံးဝအဆင်ပြေစေမှာပါ

💧တစ်ဗူး ၁၂၀ ML တောင်ပါလို့ သုံးရတာ အရမ်းတန်ပြီး တစ်ဗူးဝက်မရောက်ခင် အသားရေလေးလင်းလက်စိုပြေလာတာ သိလာရပါမယ်
☝️တစ်ကြိမ်သုံးပြီးတိုင်းလဲ အသားရေမခြောက်ပဲ စိုပြေဝင်းပလာစေပါတယ်

😇သူငယ်ချင်းအားလုံး လှပကျန်းမာတဲ့အသားရေလှလှလေးပိုင်ဆိုင်ကြပါစေချင်တဲ့..

Address

Bago City

Website

Alerts

Be the first to know and let us send you an email when Saung tha zin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share