Jasmine Hecate

Jasmine Hecate Personalized and insightful readings to guide your life journey ♾️

Hello August ! August လမှာ ကံကောင်းခြင်းများရရှိကြပါစေ။ပထမဆုံးတွေ့တဲ့ နှစ်တွဲ က August လမှာကြုံရမယ့်energy blessing လို့...
31/07/2026

Hello August !
August လမှာ ကံကောင်းခြင်းများရရှိကြပါစေ။
ပထမဆုံးတွေ့တဲ့ နှစ်တွဲ က August လမှာ
ကြုံရမယ့်energy blessing လို့ မှတ်ယူပြီး ရှာကြည့်ရအောင်။အရင်ရှာပြီးမှ နောက်ဆုံးမှာဖော်ပြထားတဲ့ အဓိပ္ပာယ် တွေကိုဖတ်ကြည့်ပါနော်။

ဒုတိယပုံကတော့ Lucky Wallpaper for Aug



#ဗေဒင်





ရှာပြီးရင်ဘယ်လိုအဓိပ္ပါယ်လဲလို့ ဖတ်ကြည့်နော်။

Release
မိမိတိုးတက်မှုကို တားဆီးနေသော မလိုအပ်သည့် အဟောင်းများ၊ စိတ်အာဃာတများကို သဘောပေါက်လွှတ်ချနိုင်ပါလိမ့်မယ်။

Heal
အတိတ်က ဒဏ်ရာများနှင့် အားနည်းချက်များကို သင်ခန်းစာယူကာ စိတ်ရောကိုယ်ပါ ပြန်လည်သန်မာလာစေသည့် energyမျိုးရပါလိမ့်မယ်။

Protect
မိမိ၏စိတ်အေးချမ်းမှု၊ အိမ်ထောင်ရေးနှင့် စွမ်းအင်များကို မလိုအပ်သော အနှောင့်အယှက်များမှ စနစ်တကျ ကာကွယ်စောင့်ရှောက်နိုင်မယ့်energyမျိုးဖြစ်ပါတယ်။

Harmony

ပတ်ဝန်းကျင်၊ လူဆက်ဆံရေးနှင့် စိတ်နှလုံးတို့တွင် အဆင်ပြေညီညွတ်ပြီး သာယာငြိမ်းချမ်းမှုကို ဆွဲဆောင်ပေးသည့် Energy ဖြစ်ပါသည်။

Care
ချစ်သူ/ချင်ခင်ရသူများထံမှ ဂရုစိုက်ကြင်နာမှုများရရှိ
မယ့်စွမ်းအင်ဖြစ်ပါတယ်။

Love
အချစ်‌ရေး/အိမ်ထောင်ရေး မှာကံကောင်းခြင်းများကြုံရကာ၊ သာယာပျှော်ရွှင်ရမယ့် energy ဖြစ်ပါတယ်။

Abundance
ကြွယ်ဝချမ်းသာမှုများဖြင့် အရာရာ ကံကောင်းမယ် energy ဖြစ်ပါတယ်။

Hello July!ကံကောင်းခြင်းတွေယူဆောင်လာပေးပါ။ပထမဆုံးတွေ့တဲ့ နှစ်တွဲ က July လမှာကြုံရမယ့်energy blessing လို့ မှတ်ယူပြီး ရှာ...
01/07/2026

Hello July!
ကံကောင်းခြင်းတွေယူဆောင်လာပေးပါ။
ပထမဆုံးတွေ့တဲ့ နှစ်တွဲ က July လမှာ
ကြုံရမယ့်energy blessing လို့ မှတ်ယူပြီး ရှာကြည့်ရအောင်။အရင်ရှာပြီးမှ နောက်ဆုံးမှာဖော်ပြထားတဲ့ အဓိပ္ပာယ် တွေကိုဖတ်ကြည့်ပါနော်။

ဒုတိယပုံကတော့ Lucky Wallpaper for July



#ဗေဒင်






1. SPARK ⚡
ရုတ်တရက် ကောင်းသောပြောင်းလဲမှုတွေ/ မမျှော်လင့်ထားသော အောင်မြင်မှု အချိုးအကွေ့များ တွေ့ကြုံရခြင်း။ အသစ်စက်စက် idea များကို ရုတ်တရက်ရရှိလာခြင်း များကြုံရနိုင်ပါမယ်။

2. SHINE 👑
မိမိကိုယ်ကိုယုံကြည်မှုရှိခြင်း၊လူအများကြားထဲ ထင်ပေါ်ကျော်ကြားလာခြင်း။ ချီးကျူးဂုဏ်ပြုခံရခြင်းများကြုံရနိုင်ပါတယ်။ ယခုလ၏ ကံအကောင်းဆုံး စွမ်းအင်ဖြစ်ပါတယ်။

3. Reality💭
သင်၏ရည်မှန်းချက်များ၊ ကြီးမားတဲ့ idea များကို အမှန်တကယ် လက်တွေ့ကျသော ရလဒ်များအဖြစ် အကောင်ထည်ဖော်နိုင်ခြင်း များကြုံရပါလိမ့်မယ်။

4. Heal❤️‍🩹
မကောင်းသောအရာများ ၊ ဒဏ်ရာဟောင်းများ မှ ရုန်းထွက်နိုင်ပြီး healing ဖြစ်လာပါလိမ့်မယ်။

5.GROW 🌷
မိမိရဲ့ စိတ်ကူးအိမ်မက်များ အမှန်တကယ်ဖြစ်လာပြီး ကြွယ်ဝခြင်းများ၊ ပျော်ရွှင်စရာများရုတ်တရက်ကြုံရနိုင်ပါတယ်။ သို့မဟုတ် စိတ်ကူးစိတ်သန်းများ လက်တွေ့ကြီးထွား ရှေ့ဆက်ရန် တွန်းအားဖြစ်လာပါ
လိမ့်မယ်။

6.Release ☺️
မကောင်းသောအရာများ၊ အတိတ်ဟောင်းများမှ လွတ်မြှောက်နိုင်ပါလိမ့်မယ်။မကောင့်တဲ့အကျင့်များကိုစွန့်လွှတ်သင့်တဲ့အချိန်ပါ။

7.RISE 🌟
မိမိကို ရှေ့မဆက်နိုင်အောင် ဆွဲထားသောအရာများ/ အကြောက်တရားများမှ ရုန်းထွက်လွတ်မြောက်နိုင်ပါ
လိမ့်မယ်။ယုံကြည် ထားသလို မိမိ၏ စစ်မှန်သော ပုံစံအတိုင်း ရပ်တည်လာနိုင်ပါလိမ့်မယ်။

ချစ်သူ အဖြစ်ရွေးမယ်ဆို သတိထားသင့်တဲ့ ရာသီဖွားများ💔⛔(၁)Scorpio( The Deep Heartbreaker) — အချစ်ကြီးသလောက်အမြတ်ကြီးတဲ့သူ(၂)...
06/06/2026

ချစ်သူ အဖြစ်ရွေးမယ်ဆို သတိထားသင့်တဲ့ ရာသီဖွားများ💔⛔

(၁)Scorpio( The Deep Heartbreaker)
— အချစ်ကြီးသလောက်အမြတ်ကြီးတဲ့သူ
(၂)Gemini (The Mixed-Signal Heartbreaker)
— ဆွဲဆောင်မှုရှိပေမယ့် မသေချာမှုများသူ
(၃) Aquarius(The Detached Heartbreaker)
— ချစ်ပေမယ့် အေးစက်လွန်းတဲ့သူ
(၄)Sagittarius( The Freedom Heartbreaker)
— ဖိအားထက် လွတ်လပ်မှုကို ပိုလိုချင်သူ

အချစ်ရေးမှာ လမ်းခွဲခြင်း ဟာ လူတိုင်းအတွက်တော့ အလွန် နာကျင်စရာပါ။ အချို့သော ရာသီဖွားများ၏ ပင်ကိုယ်စရိုက်နှင့် ဂြိုဟ်အနေအထားတွေဟာ အခြားသူများကို မရည်ရွယ်ဘဲ ဒါမှမဟုတ် တမင်တကာ ပိုမိုနာကျင်စေတတ်ပါတယ်။
အဲ့တော့ ဒီရာသီဖွားတွေနဲ့ အချစ်ရေး စတင်မယ်ဆို သူတို့ရဲ့အကျင့်စရိုက်ကိုသည်းခံနိုင်ပြီး မိမိဘက်က
သေချာမှ စတင်သင့်ပါတယ်။ သို့မဟုတ်ပါက နာနာကျင်ကျင် နဲ့အဆုံးသတ်ခြင်းကို ရင်ဆိုင်ရမှာ အသေချာပါဘဲ။

1. SCORPIO

Scorpioတွေ က ချစ်ရင် အရမ်းနက်နက်ရှိုင်းရှိုင်းချစ်တတ်ပါတယ်။ ဒါပေမယ့် သူတို့နာကျင်သွားရင်၊ မယုံကြည်တော့ရင် သူစိမ်းထက်တောင် အေးစက်သွားတတ်ပါတယ်။ သူတို့ဟာ ချစ်လျှင်လည်း အသက်ပေးချစ်သကဲ့သို့ နာကျင်လျှင်လည်း အဆိပ်ပြင်းသော ကင်းမြီးကောက်ကဲ့သို့ တုံ့ပြန်တတ်ပါတယ်။ Scorpio နှင့် လမ်းခွဲရခြင်းသည် သာမန်လမ်းခွဲခြင်းမျိုး မဟုတ်ဘဲ ရတစ်ခုလုံး ကြေမွသွားသကဲ့သို့ ခံစားရစေပါလိမ့်မယ်။

2. Gemini
Gemini က စကားပြောကောင်း၊ ပျော်စရာကောင်းပြီး လူကို အလွယ်တကူ ဆွဲဆောင်နိုင်တဲ့ sign ပါ။ ဒါပေမယ့် သူတို့ခံစားချက်က မြန်မြန်ပြောင်းနိုင်ပြီး mixed signals ပေးတတ်ပါတယ်။ ယနေ့မှာ သင့်ကိုကမ္ဘာပေါ်မှာ အချစ်ဆုံးဟု ပြောပြီး နောက်တစ်နေ့မှာ သွေးအေးတတ်ပါတယ် ဒါမှမဟုတ် အခြားသူတစ်ဦးကို စိတ်ဝင်စားသွားတတ်ပါတယ်။ သူတို့၏ မတည်ငြိမ်မှု သည် အချစ်ရေးကို မလုံခြုံသလိုခံစားရစေပါတယ်။ သူတို့ဟာ "စကားပြောကောင်းသူများ" ဖြစ်တော့ လမ်းခွဲသည့်တိုင်အောင် အမှားကို အမှန်ဖြစ်အောင် ပြောဆိုသွားနိုင်စွမ်းရှိလို့သတိထားရပါလိမ့်မယ်။

3. Aquarius

Aquarius က ချစ်နေရင်တောင် ကိုယ်ပိုင်လွတ်လပ်မှု အများကြီးလိုတဲ့ sign ပါ။ သူတို့က ဂရုစိုက်နေရင်တောင် ခံစားချက်အရ အေးသလို၊ ဝေးသလို ဖြစ်တတ်ပါတယ်။ Aquarius တွေ နဲ့ ချစ်မိသူများသည် "ငါ့ကို တကယ်ရော ချစ်ရဲ့လား" ဟု အမြဲသံသယဝင်နေရတတ်ပါတယ်။။ ၎င်းတို့၏ အေးစက်စက်နိုင်မှု နှင့် စိတ်ပိုင်းဆိုင်ရာ ခပ်ခွာခွာနေမှုသည် ချစ်သူကို အထီးကျန်စေပါတယ်။ လမ်းခွဲသည့်အခါတွင်လည်း စက်ရုပ်တစ်ရုပ်ကဲ့သို့ ယုတ္တိဗေဒကိုသာ သုံးပြီး ခံစားချက်မပါဘဲ ပြတ်စဲတတ်တော့ လမ်းခွဲတဲ့အခါ အရမ်းနာကျင်ရမှာအသေချာပါဘဲ။

4. Sagittarius

Sagittarius များသည် သင့်ကို အလွန်ပျော်ရွှင်အောင် ထားနိုင်သော်လည်း ၎င်းတို့ လွတ်လပ်မှု ထိပါးလာသည်ဟု ခံစားရသည်နှင့် တစ်ပြိုင်နက် နောက်လှည့်မကြည့်ဘဲ ထွက်ခွာသွားတတ်သည်။သူတို့က ချုပ်ချယ်ခံရတာကို မကြိုက်တတ်ပါဘူး။ Relationship က လေးလံသွားတာ၊ လွတ်လပ်မှုမရှိသလို ခံစားရတာနဲ့ သူတို့က မြန်မြန်ဆန်ဆန် တုံးတိ လမ်းခွဲ သွားနိုင်ပါတယ်။

ဤရာသီဖွားများနှင့် ပတ်သက်နေပါက ၎င်းတို့၏ ပင်ကိုယ်သဘာဝကို နားလည်ထားရန် လိုအပ်သည်။ အသည်းမကွဲစေရန်အတွက် ၎င်းတို့၏ လွတ်လပ်မှုကို လေးစားပါ၊ စိတ်ပိုင်းဆိုင်ခံစားချက်များ ကို သတိထားပါ။







✨ ၂၀၂၆ ဇွန်လအတွက် ကံကောင်းမယ့်ရာသီဖွားများ ✨ Venus နှင့် Jupiter တို့ဆုံစည်းမှုကြောင့် Cancer နှင့် Leo ရာသီဖွားများ  အထ...
04/06/2026

✨ ၂၀၂၆ ဇွန်လအတွက် ကံကောင်းမယ့်ရာသီဖွားများ
✨ Venus နှင့် Jupiter တို့ဆုံစည်းမှုကြောင့် Cancer နှင့် Leo ရာသီဖွားများ အထူးကံကောင်းပါမည်။ Gemini ရာသီဖွားများ ဘဝ အတွက် အသစ်တွေစတင်ဖို့ New Moon က ကူညီပါလိမ့်မည်။ ဇွန်လ ၃၀ တွင်စတင်မည့် ဗုဒ္ဓဟူးဂြိုဟ် နောက်ပြန်သွားခြင်းကို သတိပြုပါ။ 💰❤️🌟

Luckiest Overall

ကံအကောင်းဆုံးရာသီခွင် သုံးခုကတော့ Cancer , Leo နဲ့ Geminiတို့ဘဲဖြစ်ပါတယ်။

Cancer
Venus နှင့် Jupiter တို့သည် သင်၏ရာသီခွင်တွင် ပူးယှဉ်နေသဖြင့် ကံကောင်းမှုနှင့် အခွင့်အလမ်းကောင်းများ အထွတ်အထိပ်သို့ ရောက်ရှိနေမည်။ကိုယ်ပိုင်ဆွဲဆောင်မှု၊ ရုပ်ပိုင်းဆိုင်ရာ ညှို့ဓာတ်များနှင့် ကိုယ်ပိုင်အခွင့်အရေး ကောင်းများစွာကို ရရှိစေပါလိမ့်မည်။

Leo
Venus ၏ ကောင်းကျိုးပေးနိုင်သော စွမ်းအင်များနှင့် Jupiter ဂြိုလ် Leoရာသီခွင် သို့ ဝင်ရောက်လာခြင်းကြောင့် သင့်၏ ကိုယ်ရည်ကိုယ်သွေး အရည်ချင်းများ တွင် ကြီးမားသော တိုးတက်မှုများ ရရှိပါလိမ့်မည်။ သင်သည် အသစ်စတင်ရန်နှင့် ကိုယ်ပိုင်တိုးတက်မှုများအတွက် အကောင်းဆုံးအနေအထားတွင် ရှိနေပါသည်။

Gemini
သင့်ရာသီခွင်တွင် ဖြစ်ပေါ်မည့် New Moon သည် သင်၏ ကိုယ်ရည်ကိုယ်သွေးအတွက် အစွမ်းထက်သော အစပျိုးမှုကို ပေးပါလိမ့်မည်။ဘဝ၏ ရည်မှန်းချက်အသစ်များအတွက် စွမ်းအင်အပြည့်ဖြင့် စတင်နိုင်မည်။ ....

💼 CAREER LUCK
အလုပ်အကိုင်
အလုပ်ကိုင်မှာ ကံအကောင်းဆုံးရာသီခွင်သုံးခုကတော့ Libra , Ariesနဲ့ Scorpioတို့ဘဲဖြစ်ပါတယ်။

Libra
Libraရာသီခွင်တို့အတွက် ဒီလဟာ အလုပ်ကိုင်နဲ့ပတ်သတ်ပြီး တိုးတက်မှုအတွက် အချိန်အခါကောင်းပင် ဖြစ်ပါတယ်။အသိမှတ်ပြုချီးကျူးခံရခြင်းများရရှိနိုင်ပါတယ်။

Aries

လုပ်ငန်းခွင်တွင် ထင်ရှားအောင်မြင် မှုများ ရှိလာပါလိမ့်မည်။

SCORPIO
သင်၏အလုပ်ခွင်မှာရာထူးတိုးဖို့အထောက်အကူဖြစ်မယ့် အလုပ်နဲ့ပတ်သတ်သော ခရီးစဥ်များသွားရနိုင်ပါသည်၊ သို့မဟုတ် အလုပ်တိုးတက်ဖို့ အတွက်လေ့လာရန်အခွင့်လမ်းများရရှိပါလိမ့်မယ်။

အချစ်ရေး

အချစ်ရေး မှာကံကောင်းမယ့်ရာသီခွင် တွေကတော့
LEO,CAPRICORN နဲ့ Cancerတို့ဖြစ်ပါတယ်။

Leo
သင်သည် အချစ်ရေးတွင် ဆွဲဆောင်မှုရှိပြီး တဖက်က ငြင်းမရနိုင်သော စွမ်းအားကို ရရှိပါလိမ့်မည်။ဤသည်မှာ အချစ်သစ် စတင်ရန် သို့မဟုတ် ရှိပြီးသား ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေရန် အကောင်းဆုံးအချိန်ဖြစ်သည်

CAPRICORN
ဒီလ သင့်အချစ်ရေးမှာ အရင်က စိတ်ထဲမရှင်းလင်းသည်များကို သေချာစွာသိလာပြီး နက်ရှိုင်းသော ခံစားချက်များကို ဆောင်ကြဉ်းလာပါလိမ့်မယ်။ထိုကြောင့်အရေးကြီးသောကတိကဝတ်ပြုခြင်းများကို ချမှတ်ရပါလိမ့်မယ်။

Cancer
Venus နှင့် Jupiter တို့၏ ပေါင်းစပ်မှုသည် သင့်အား သဘာဝအတိုင်း ဆွဲဆောင်မှုရှိစေပြီး အချစ်ရေးဆိုင်ရာ အခွင့်အလမ်းသစ်များ သင့်ဆီသို့ အလိုအလျောက် ရောက်ရှိလာစေပါလိမ့်မယ်။

ငွေကြေး/ထီကံထူးခြင်း

Cancerရာသီဖွားများ ဟာ Jupiter နဲ့ Venus ဂြိုလ်တို့ကြောင့် အဘက်ဘက်များကံကောင်းနေလို့ ငွေကြေးနဲ့ပတ်သတ်ပြီး လဲကံကောင်းနေပါတယ်။

Pisces တွေအနေနဲ့ ထီကံ ထူး ဖို့အခွင့်ရေးများနေပါတယ်။

Ta**us များအနေနဲ့ ဝင်ငွေတိုးပွားခြင်း နှင့် ရင်းနှီးမြှုပ်နှံဖို့အားကောင်းနေပါလိမ့်မယ်။ လကုန်ပိုင်းတွင် တီထွင်ဖန်တီးမှုများမှတစ်ဆင့် မမျှော်လင့်ထားသော ဝင်ငွေများ ရရှိနိုင်ခြေ အလွန်များပါတယ်။






04/06/2026

June

Luckiest Overall

ကံအကောင်းဆုံးရာသီခွင် သုံးခု

Cancer
Venus နှင့် Jupiter တို့သည် သင်၏ရာသီခွင်တွင် ပူးယှဉ်နေသဖြင့် ကံကောင်းမှုနှင့် အခွင့်အလမ်းကောင်းများ အထွတ်အထိပ်သို့ ရောက်ရှိနေမည်။ကိုယ်ပိုင်ဆွဲဆောင်မှု၊ ရုပ်ပိုင်းဆိုင်ရာ ညှို့ဓာတ်များနှင့် ကိုယ်ပိုင်အခွင့်အရေး ကောင်းများစွာကို ရရှိစေပါလိမ့်မည်။

Leo
Venus ၏ ကောင်းကျိုးပေးနိုင်သော စွမ်းအင်များနှင့် Jupiter ဂြိုလ် Leoရာသီခွင် သို့ ဝင်ရောက်လာခြင်းကြောင့် သင့်၏ ကိုယ်ရည်ကိုယ်သွေး အရည်ချင်းများ တွင် ကြီးမားသော တိုးတက်မှုများ ရရှိပါလိမ့်မည်။ သင်သည် အသစ်စတင်ရန်နှင့် ကိုယ်ပိုင်တိုးတက်မှုများအတွက် အကောင်းဆုံးအနေအထားတွင် ရှိနေပါသည်။

Gemini
သင့်ရာသီခွင်တွင် ဖြစ်ပေါ်မည့် New Moon သည် သင်၏ ကိုယ်ရည်ကိုယ်သွေးအတွက် အစွမ်းထက်သော အစပျိုးမှုကို ပေးပါလိမ့်မည်။ဘဝ၏ ရည်မှန်းချက်အသစ်များအတွက် စွမ်းအင်အပြည့်ဖြင့် စတင်နိုင်မည်။

💼 CAREER LUCK
အလုပ်ကိုင်မှာ ကံအကောင်းဆုံးရာသီခွင်သုံးခုကတော့

Libra
Libraရာသီခွင်တို့အတွက် ဒီလဟာ အလုပ်ကိုင်နဲ့ပတ်သတ်ပြီး တိုးတက်မှုအတွက် အချိန်အခါကောင်းပင် ဖြစ်ပါတယ်။အသိမှတ်ပြုချီးကျူးခံရခြင်းများရရှိနိုင်ပါတယ်။

Aries

လုပ်ငန်းခွင်တွင် ထင်ရှားအောင်မြင် မှုများ ရှိလာပါလိမ့်မည်။

SCORPIO
သင်၏အလုပ်ခွင်မှာရာထူးတိုးဖို့အထောက်အကူဖြစ်မယ့် အလုပ်နဲ့ပတ်သတ်သော ခရီးစဥ်များသွားရနိုင်ပါသည်၊ သို့မဟုတ် အလုပ်တိုးတက်ဖို့ အတွက်လေ့လာရန်အခွင့်လမ်းများရရှိပါလိမ့်မယ်။

အချစ်ရေး
အချစ်ရေး မှာကံကောင်းမယ့်ရာသီခွင် တွေကတော့
Leo
သင်သည် အချစ်ရေးတွင် ဆွဲဆောင်မှုရှိပြီး တဖက်က ငြင်းမရနိုင်သော စွမ်းအားကို ရရှိပါလိမ့်မည်။ဤသည်မှာ အချစ်သစ် စတင်ရန် သို့မဟုတ် ရှိပြီးသား ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေရန် အကောင်းဆုံးအချိန်ဖြစ်သည်

CAPRICORN
ဒီလ သင့်အချစ်ရေးမှာ အရင်က စိတ်ထဲမရှင်းလင်းသည်များကို သေချာစွာသိလာပြီး နက်ရှိုင်းသော ခံစားချက်များကို ဆောင်ကြဉ်းလာပါလိမ့်မယ်။ထိုကြောင့်အရေးကြီးသောကတိကဝတ်ပြုခြင်းများကို ချမှတ်ရပါလိမ့်မယ်။

Cancer
Venus နှင့် Jupiter တို့၏ ပေါင်းစပ်မှုသည် သင့်အား သဘာဝအတိုင်း ဆွဲဆောင်မှုရှိစေပြီး အချစ်ရေးဆိုင်ရာ အခွင့်အလမ်းသစ်များ သင့်ဆီသို့ အလိုအလျောက် ရောက်ရှိလာစေပါလိမ့်မယ်။

ငွေကြေး/ထီကံထူးခြင်း
Cancer
Cancerရာသီဖွားများ ဟာ Jupiter နဲ့ Venus ဂြိုလ်တို့ကြောင့် အဘက်ဘက်များကံကောင်းနေလို့ ငွေကြေးနဲ့ပတ်သတ်ပြီး လဲကံကောင်းနေပါတယ်။
Pisces
Pisces တွေအနေနဲ့ ထီကံ ထူး ဖို့အခွင့်ရေးများနေပါတယ်။
Ta**us
Ta**us များအနေနဲ့ ဝင်ငွေတိုးပွားခြင်း နှင့် ရင်းနှီးမြှုပ်နှံဖို့အားကောင်းနေပါလိမ့်မယ်။ လကုန်ပိုင်းတွင် တီထွင်ဖန်တီးမှုများမှတစ်ဆင့် မမျှော်လင့်ထားသော ဝင်ငွေများ ရရှိနိုင်ခြေ အလွန်များပါတယ်။







03/06/2026

June လအတွက် အနှစ်ချုပ်



ဤဇွန်လဟာ ဒွန်တွဲနေသော သဘောသဘာဝကို ဆောင်ပါတယ်။ တစ်နှစ်တာ၏ အတောက်ပဆုံးသော Venus-Jupiter conjunction အပါဝင်  ဂြိုဟ်အသွားအလာ...
02/06/2026

ဤဇွန်လဟာ ဒွန်တွဲနေသော သဘောသဘာဝကို ဆောင်ပါတယ်။ တစ်နှစ်တာ၏ အတောက်ပဆုံးသော Venus-Jupiter conjunction အပါဝင် ဂြိုဟ်အသွားအလာ အချို့ ပါဝင်နေပြီး အလှည့်အပြောင်းများကို ပိုင်ဆိုင်ထားသကဲ့သို့၊ မိမိ၏ စိတ်ပိုင်းဆိုင်ရာ များကို စမ်းသပ်မည့် စကြာဝဠာရဲ့ စမ်းသပ်မှုများကိုလဲ ရင်ဆိုင်ရတတ်ပါသည်။
ဤကာလသည် သင်မည်သို့ ဆက်သွယ်ပြောဆိုသလဲ၊ မိမိ၏ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုနှင့် မိမိကိုယ်ကို မည်မျှ တန်ဖိုးထားသလဲ စတာတွေ ကို စကြာဝဠာက ပြန်လည်သုံးသပ်ခိုင်းသည့် အချိန်လဲဖြစ်ပါတယ်။
လ၏ နောက်ဆုံးရက်သို့ ရောက်ရှိတဲ့အခါမှာ တစ်နှစ် တခါရာသီခွင်ပြောင်းတဲ့၊ ကံကောင်းခြင်း ကြွယ်ဝခြင်း တွေသယ်ဆောင်လာတဲ့ Jupiterဂြိုလ် ဟာ Leo ရာသီခွင်သို့ ဝင်ရောက်ပြီး၊ Mercury ဂြိုလ်ကတော့ Retrograde စတင်ပါတယ်။ဒါကြောင့် စကြာဝဠာက ကျွန်ုပ်တို့၏ အကြီးမားဆုံးသော ရည်မှန်းချက်၊ စိတ်ကူးအမြင်များကို ကောင်းချီးပေးရန် အသင့်ဖြစ်နေပြီ ဖြစ်သော်လည်း၊ ရှေ့မဆက်မှီလိုအပ်သည်များကို နောက်ကြောင်းပြန်လည်သုံးသပ်ပြီး မိမိတို့၏ အခြေခံအုတ်မြစ်ကို ပိုမိုခိုင်မာအောင် လုပ်ဆောင်ရမည်ဟု အချက်ပြနေပါတယ်။

ဇွန်လအစ (ဇွန်၁ မှ ဇွန် ၁၀)
လအစ ရက်တွေမှာတော့ healingလုပ်သင့်တဲ့အချိန် ဘဲဖြစ်ပါတယ်။ ထိခိုက်လွယ်သော အကြောင်းအရာများကို ဆွေးနွေးရန်၊ သင်၏ ခံစားချက်များကို မျှဝေရန်နှင့် အထင်အမြင်လွဲမှားမှုဟောင်းများကို ဖြေရှင်းရန် အကောင်းဆုံးအချိန် ဖြစ်ပါသည်။ဒါပေမယ့် ၄ရက်နေ့လောက်မှာ ဖြစ်ပေါ်နေတဲ့ ဂြိုလ်အမြင်ရဲ့အကျိုးဆက်အနေနဲ့ အတွေးများခြင်းကြောင့် အထင်အမြင်လွဲမှားမှုများကို လွယ်ကူစွာ ဖြစ်ပေါ်စေနိုင်သဖြင့် သတိထားပါ။ ဇွန် ၁၀ရက်နေ့လောက်မှာ လူအများဟာ ရန်လိုစိတ် သို့မဟုတ် ထိခိုက်လွယ်စိတ်များ ဖြစ်ပေါ်နေနိုင်ပါတယ်။ အငြင်းပွားမှုများကို ရှောင်ရှားရန်အတွက် ရွဲ့စောင်းပြုမူခြင်းတို့ထက် တည်ငြိမ်စွာနေပြီး ရှင်းရှင်းလင်းလင်း ပြောဆိုပါ။

ဇွန်လလယ်ပိုင်း (ဇွန် ၁၁ မှ ဇွန် ၂၀) ဟာ စိတ်ချမ်းသာစရာ၊ မေတ္တာရေးအဆင်ပြေစရာတွေနဲ့ ကောင်းမွန်စွာ စတင်လာမှာ ဖြစ်ပါတယ်။ဒါ့အပြင် ဇွန် ၁၅ ရက်နေ့မှာတော့ ကိုယ့်ရဲ့ရည်မှန်းချက်တွေကို အသစ်ပြန်စဖို့နဲ့ အဆက်အသွယ်သစ်တွေလုပ်ဖို့ အခွင့်အရေးကောင်းတွေ ရလာပါလိမ့်မယ်။ဒါပေမဲ့ ဇွန် ၁၈ ရက်နေ့ဝန်းကျင်မှာတော့ အခြေအနေတွေက တင်းမာသွားနိုင်ပြီး အချစ်ရေး ဒါမှမဟုတ် ငွေကြေးကိစ္စတွေမှာ ဖုံးကွယ်ထားတဲ့ ပြဿနာဟောင်းတွေ ပေါ်လာတတ်တာမို့ အမှန်တရားကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဖြေရှင်းဖို့ လိုအပ်ပါလိမ့်မယ်။

ဇွန်လနှောင်းပိုင်းဟာ ဇွန် ၂၁ ရက်နေ့မှာ နွေးထွေးတဲ့ ကုစားမှုစွမ်းအင်တွေနဲ့ စတင်မှာဖြစ်ပေမဲ့ လကုန်ပိုင်း ဇွန် ၃၀ မှာတော့ အပြောင်းအလဲကြီးများ ကြုံရပါလိမ့်မယ်။ဒီနောက်ဆုံးရက်မှာ mecury ဂြိုလ် retrograde ဖြစ်ခြင်းက စိတ်ခံစားချက်နဲ့ အိမ်တွင်းရေးကိစ္စတွေကို ပြန်လည်သုံးသပ်ဖို့ ဖိအားပေးလာမှာဖြစ်သလို၊ တစ်ဖက်မှာလည်း full moon in Capricorn ကြောင့် အလုပ်အကိုင်ပိုင်းမှာ ထူးခြားတဲ့ အောင်မြင်မှု ဒါမှမဟုတ် အလှည့်အပြောင်းကြီးတစ်ခု ကြုံရပါလိမ့်မယ်။ တစ်ချိန်တည်းမှာပဲ တစ်နှစ်တာလုံးစာ ကံကောင်းမှု၊ ယုံကြည်မှုနဲ့ ဖန်တီးနိုင်စွမ်းတွေကို ပေးစွမ်းမယ့် Jupiter ဂြိုဟ်အပြောင်းအလဲကြီးတစ်ခုလည်း စတင်မှာ ဖြစ်ပါတယ်။

နေ့ကောင်းနေ့ရက်များ

ဇွန်လ ၁၀ : တစ်နှစ်တာ၏ အကံအကောင်းဆုံး နေ့ရက်များထဲမှ တစ်ရက်ဖြစ်သည်။ ငွေကြေးရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်း၊ အဖိုးတန်ပစ္စည်းများ ဝယ်ယူခြင်း၊ မိသားစုစုံညီပွဲများ ကျင်းပခြင်း၊ အချစ်ရေးအတွက် ကတိပြုခြင်း တို့အတွက် အလွန်အားကောင်းသော နေ့ဖြစ်သည်။

ဇွန်လ ၁၅ : အတွေးအခေါ်သစ်များကို အကောင်အထည်ဖော်ရန်၊ သင်တန်းတိုများ တက်ရောက်ရန်၊ ရည်မှန်းချက်အသစ်များကို ချရေးရန်အတွက် အကောင်းဆုံး အခွင့်အရေး ဖြစ်သည်။

ဇွန်လ ၂၅ : ရေရှည်ကတိကဝတ်များ ပြုလုပ်ရန်၊ ငွေကြေးသဘောတူညီချက်များကို လုပ်ဆောင်ရန်နှင့် relationship ခိုင်မာမှုတို့ဖြင့် တည်ဆောက်ရန် အချိန်ကောင်း တစ်ခု ဖြစ်ပါတယ်။

သတိထားရမည့် နေ့ရက်များ
ဇွန်လ ၀၄ ရက်၊ ၂၀၂၆ : စိတ်ရှုပ်ထွေးခြင်း၊ ပစ္စည်းပျောက်ခြင်း၊ လိမ်လည်ခံရခြင်း သို့မဟုတ် အချက်အလက်များ မှားယွင်းစွာ ကောက်ချက်ချမိခြင်းတို့ ဖြစ်နိုင်ခြေ မြင့်မားပါသည်။ ယနေ့တွင် အဓိက တရားဝင်စာချုပ်များ လက်မှတ်ရေးထိုးခြင်း သို့မဟုတ် အရေးကြီးသော ကတိကဝတ်များ ပြုလုပ်ခြင်းကို ရှောင်ကြဉ်ပါ။

ဇွန်လ ၁၈ ရက်၊ ၂၀၂၆ : ဆက်ဆံရေးတွင် တင်းမာမှု မြင့်မားခြင်း၊ အလွန်အမင်း သဝန်တိုခြင်း၊ ရုတ်တရက် ငွေကြေးဆိုင်ရာ ပြဿနာများ ပေါ်ပေါက်လာနိုင်ပါသည်။ အဆိပ်အတောက်ဖြစ်စေသော အငြင်းပွားမှုများ ကို အထူးရှောင်ကြဉ်ပါ။

ဇွန်လ ၃၀ ရက်၊ ၂၀၂၆ : ပြင်းထန်မှု နှစ်ဆရှိသော နေ့ဖြစ်သည်။ ဆက်သွယ်ရေး အမှားအယွင်းများ၊ ခရီးစဉ်ကြန့်ကြာမှုများနှင့် အလုပ်ခွင်တွင် ရုတ်တရက် အပြောင်းအလဲများ ဖြစ်ပေါ်နိုင်ပါသည်။ စီမံကိန်းအသစ်များ စတင်ခြင်းကို ရှောင်ကြဉ်ပြီး ကျန်ရှိနေသော တာဝန်ဟောင်းများကိုသာ အပြီးသတ်လုပ်ဆောင်ပါ။

အကျိုးပေး ဂဏန်းများ - ၃၊၇၊၁၂
ကံကောင်းစေသော အရောင်များ - တောက်ပသော ရွှေရောင် (Gold)၊ ပုလဲဖြူရောင် (Pearl White) နှင့် မြစိမ်းရောင် (Emerald Green)
ပြုလုပ်သင့်သောယတြာ- အစားအစာ၊ ရေ၊ အိမ်သုံးပစ္စည်း လှူပါ။ Cancer/Jupiter energy ကိုအားဖြည့်ပါတယ်။
အကြံပြုချက်။ ဤလတွင် ရေသည် သင်၏ ဆေးဝါးဖြစ်၏။ ရေသန့်သန့်သောက်ပါ၊ ဆားခါး (Epsom Salt) ပါသော ရေနွေးဖြင့် ရေချိုးပါ၊ မိမိ၏ ခံစားချက်များ လှုံ့ဆော်ခံရသည့်အခါ စိတ်လိုက်မာန်ပါ တုံ့ပြန်ခြင်းမှ နောက်သို့ ဆုတ်ပါ။







Hello June! ကံကောင်းခြင်းတွေယူဆောင်လာပေးပါ။ပထမဆုံးတွေ့တဲ့ နှစ်တွဲ က June လမှာ ကြုံရမယ့်energy blessing လို့ မှတ်ယူပြီး ရ...
01/06/2026

Hello June!
ကံကောင်းခြင်းတွေယူဆောင်လာပေးပါ။
ပထမဆုံးတွေ့တဲ့ နှစ်တွဲ က June လမှာ ကြုံရမယ့်energy blessing လို့ မှတ်ယူပြီး ရှာကြည့်ရအောင်။
ဒုတိယပုံကတော့ Lucky Wallpaper for June


#ဗေဒင်



🌟 မေလအတွက် ကံကောင်းတဲ့ ရာသီခွင်များ 🌟Ta**us ရာသီဖွားနှင့် Cancer ရာသီဖွားများမှာ ငွေကြေး၊ အချစ်ရေးနှင့် အောင်မြင်မှုကံမျ...
03/05/2026

🌟 မေလအတွက် ကံကောင်းတဲ့ ရာသီခွင်များ 🌟
Ta**us ရာသီဖွားနှင့် Cancer ရာသီဖွားများမှာ ငွေကြေး၊ အချစ်ရေးနှင့် အောင်မြင်မှုကံများ အထူးကောင်းမွန်နေပါသည်။ မိမိရာသီခွင် ဘယ် မှာ ကံအလေးပေးနေလဲဆိုတာ ‌အခုပဲ ကြည့်ရှုလိုက်ပါ။
💰❤️✨

#ဗေဒင်


မေလအတွက် Wallpaper အဆင်ပြေရာ ကြိုက်ရာတခု ဆောင်နိုင်ပါတယ်။မေလ အစပိုင်းမှာ မေ ၁ရက်နေ့ည၁၁နာရီ၅၂ မှာ ဖြစ်ပေါ်သော   Scorpio F...
01/05/2026

မေလအတွက် Wallpaper အဆင်ပြေရာ ကြိုက်ရာတခု ဆောင်နိုင်ပါတယ်။

မေလ အစပိုင်းမှာ မေ ၁ရက်နေ့ည၁၁နာရီ၅၂ မှာ ဖြစ်ပေါ်သော Scorpio Full Moon ကြောင့် စိတ်ခံစားမှုပြင်းထန်နိုင်ပါတယ်။ ဆိုလိုတာက ထိလွယ်ရှလွယ်ပြီး ခံစားမှုများနိုင်ပါတယ်။ ဒီလပြည့်ဟာ
မသိစိတ်မှာရှိနေတဲ့/ကိုယ်တိုင်တောင်သတိမထားမိတဲ့/ ထိန်းချုပ်ထားတဲ့ ခံစားချက်များ၊လျို့ဝှက်ချက်များ၊ မနာလိုဝန်တိုမှုများ၊ အကြွေးများ၊ ပူးတွဲပိုင်ဆိုင်သော ငွေကြေးများဆိုင်ရာအရာများ နှင့် ခံစားချက်များကို ပေါက်ကွဲထွက် လာစေပါတယ်။ ဒီ Full Moon က ပေါ့ပေါ့ပါးပါး energy မဟုတ်ပါဘူး။ Control လုပ်ချင်စိတ်၊ ကြောက်ရွံ့မှု၊ နာကြည်းမှု၊မကျေချမ်းမှု တွေကို စိတ်ထဲမှာမထားတော့ဘဲ full moonနဲ့အတူ ခွင့်လွှတ်ခြင်းနဲ့ လွှတ်ချလိုက်ဖို့ ဖြစ်စေပါတယ်။

မေလလယ်ပိုင်းမှာ ကံကောင်းခြင်းများနှင့် ကောင်းကျိုးဖြစ်ထွန်းမှုများ ပိုမိုရှိလာပါလိမ့်မယ်။ လက်တွေ့ကျသောကံကောင်းခြင်းများ ၊ မိသားစုဝင်ချင်း ပံ့ပိုးကူညီမှု၊ ငွေကြေးဆိုင်ရာ စီမံကိန်းများ၊ တည်ငြိမ်သော အတွေးအခေါ်များနှင့် အဖိုးတန်သော အကြံဉာဏ်ကောင်းများကို ရရှိနိုင်မည့် အချိန်ဖြစ်ပါတယ်။

မေလ နှောင်းပိုင်းမှာ Mercury ဂြိုလ် နှင့် Sun တို့ geminiရာသီခွင်ထဲ ဝင်ရောက်လာပြီး Uranus ဂြိုလ်နဲ့ တွေ့ဆုံခြင်းတို့ကြောင့် မထင်မှတ်ထားတဲ့သတင်းများ ရုတ်တရက်ကြားသိရခြင်း၊ အံ့အားသင့်ဖွယ် အကြောင်းရာများ ဖြစ်လာခြင်း ၊ လူပြောများသွားမည့် (Viral ဖြစ်မည့်) အတွေးအခေါ်များ၊ နည်းပညာဆိုင်ရာ ကိစ္စရပ်များနှင့် မမျှော်လင့်ထားသော အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်ပါသည်။
​ မေလ ၂၅ ရက်မှ ၂၈ ရက်အတွင်း Mars နှင့် Pluto တို့ aspectsဂြိုလ်မြင် အနေထား ကြောင့် အလွန်တင်းမာ ပြင်းထန်နိုင်သောကိစ္စရပ်များဖြစ်နိုင်ပါတယ်။
• ​အလုပ်မှာ ပြိုင်ဆိုင် အာဏာလုခြင်း (သို့မဟုတ်) အာဏာပြိုင်ခြင်းများ။
• ​ဒေါသထွက်ခြင်းနှင့် ထိန်းချုပ်လိုစိတ် ပြင်းထန်ခြင်း။
• ​ငွေကြေးဆိုင်ရာ ဖိအားများ။
• ​အထက်လူကြီး (သို့မဟုတ်) အာဏာပိုင်များနှင့် ပဋိပက္ခဖြစ်ခြင်းများ ကြုံတွေ့ရနိုင်ပါသည်။
ဒါကြောင့်သတိထားရန်ရှောင်ဖို့လိုပါတယ်။

ရက်ကောင်းနေ့ရက်များ
အလုပ်/ငွေကြေးဆိုင်ကိစ္စများ အတွက်ကောင်းတဲ့ရက်: May 9–13, May 17–23

အချစ်ရေးအတွက်ကောင်းတဲ့ရက်: May 18–23,

Manifestation အတွက်ကောင်းတဲ့ရက်: New Moon in Ta**us, May 17

သတိထားရမယ့်ရက်: May 4–7, May 20, May25–30

အလျင်စလိုလုပ်တာ၊ ဒေါသထွက်တာ၊ အလုပ်အလွန်ကျွံ လုပ်တာ၊ စကားကြမ်းပြောတာ၊ ကြမ်းတမ်းစွာ ယဥ်မောင်းနှင်တာ တွေကို ရှောင်ပါ။

ထီကံ အတွက်ကောင်းတဲ့ရက်: May 9–13, May 18–23, May 31

ကံကောင်းစေတဲ့ဂဏန်း : ၆

ကံကောင်းစေတဲ့အရောင် :အစိမ်း၊ခရမ် အရောင်၊ပန်းနုရောင်၊ငွေရောင်

ယတြာ။ အစားစာလှူခြင်း၊ အကူညီလိုအပ်သော အမျိုးသမီးများအားလှူဒါန်းခြင်းပြုလုပ်နိုင်ပါတယ်။

Charm အဆောင်အနေနဲ့ green aventurine/ rose quartz/ clear quartz chipအသေးဖြစ်ဖြစ် wallet/pouch ထဲ ထည့်ထားနိုင်ပါတယ်။
🌕May 17 New Moon in Ta**us မှာ manifestလုပ်ရင် အောက်ပါအတိုင်းရေးနိုင်ပါတယ်။
“Stable money, peaceful love, honest and safe growth enter my life now.”

🌕မေ ၁ရက်‌နေ့ည scorpio Full Moon မှာ အောက်ပါတိုင်းရေးပြီး မိီးရှို့ကာ ပြာကို လေထဲမှုတ်ထုတ်လိုက်ပါ။

“I release fear, secrecy, jealousy, money anxiety and emotional control.”

Address

Singapore

Website

Alerts

Be the first to know and let us send you an email when Jasmine Hecate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share