Sarto4u

Sarto4u ✌️ဗဟုသုတရစရာ စာတိုလေးတွေ Sharing လုပ်ပေးတာပါ
Follow ပေးထားပါအုံးနော် 🤗

👉စာရိတ္တမကောင်းရင်     နာမည်ပျက်တယ်✍️✍️✍️
29/07/2026

👉စာရိတ္တမကောင်းရင်
နာမည်ပျက်တယ်✍️✍️✍️

ပြန်လည်ဝေမျှသည် …မနေ့က အီရန် ပါလီမန်က ဥပဒေ တစ်ခု အတည်ပြုလိုက်တယ်။ ဟော်မု ကနေ ဖြတ်သန်းတဲ့ ရေနံတင် သင်္ဘောတွေကို တစ်စီးကို...
31/03/2026

ပြန်လည်ဝေမျှသည် …

မနေ့က အီရန် ပါလီမန်က ဥပဒေ တစ်ခု အတည်ပြုလိုက်တယ်။

ဟော်မု ကနေ ဖြတ်သန်းတဲ့ ရေနံတင် သင်္ဘောတွေကို တစ်စီးကို ဒေါ်လာ ၂ သန်း အခွန်ကောက်မယ် ဆိုတယ်။ (တရုတ်ယွမ်ငွေနဲ့ ယူမယ် ထင်တယ်။ သေချာ တော့ မသိရသေး။)

အရင်က အဲဒီလို အခွန်ကောက်မယ် ဆိုတာကို မူဝါဒ အဖြစ်ပြောခဲ့တာ ဖြစ်ပြီး .. အခုကတော့ .. ဥပဒေ ဖြစ်သွားပြီ။ သွားချင်တဲ့ သင်္ဘောတွေက သူတို့ကို အခွန်ပေးပြီး အီရန် ရေပိုင်နက်ကနေ သွားဖို့ ခွင့်ပြုမယ်။ သူတို့ ခွင့်ပြုတဲ့ လမ်းကြောင်းက မသွားရင်တော့ လုံခြုံရေး တာဝန်မယူဘူး ဆိုတဲ့ ပုံစံ။

တပြိုင်နက်မှာလည်း ဆော်ဒီ၊ ဘာရိမ်း၊ ယူအေအီး စတဲ့ နိုင်ငံတွေက အီရန် ကို အမေရိကန်ရဲ့ မြေပြင်တပ်တွေ ဝင်ရောက်တိုက်ခိုက် စေချင်ကြပြီး .. အခု စစ်ပွဲမှာ အီရန်ကို လက်ရှိအတိုင်း မဟုတ်ဘဲ .. လုံးဝ အားပျော့သွားအောင် တိုက်စေချင်တယ်။ သို့သော် သူတို့ရဲ့ မြေပြင် စစ်သားတွေကိုတော့ အမေရိကန် စစ်တပ်နဲ့ အတူ စေလွှတ်မှာ မဟုတ်။ အမေရိကန် စစ်သားတွေပဲ သွားဖို့ လိုလားတယ်။

ဘာလို့လည်း ဆိုတော့

၁။ အမေရိကန်က အဲဒီ နိုင်ငံတွေရဲ့ လုံခြုံရေးကို ယူပေးဖို့ သဘောတူချက်တွေ ရှိသလို
၂။ အမေရိကန် နဲ့ အစ္စရေးတို့က စပြီး တိုက်တဲ့ စစ်ပွဲမှာ သူတို့ သဘောထားကို ရယူ တိုက်ခိုက်တာ မဟုတ်တဲ့ စစ်ပွဲဖြစ်လို့ သူတို့ စစ်သားတွေကို အသုံးပြုဖို့ သဘောမတူတဲ့ ပုံစံလို့ သုံးသပ်မိတယ်။

သူတို့က အီရန်ကို အဲဒီလို လုံးဝ အားပျော့သွားအောင် လုပ်စေချင်တာက .. အီရန်က အားမပျော့ဘဲ အခုလို ဆက်လက် အားကောင်းနေချိန််််မှာ ထရမ့်က ဟိုလိုလို ဒီလိုလို လုပ်ပြီး လစ်သွားရင် .. ခံရမှာက သူတို့ နိုင်ငံတွေ ဖြစ်မယ်။ အခုလည်း အဲဒီ နိုင်ငံတွေက အမေရိကန်ရဲ့ အကာအကွယ်ကို ယူထားပေမယ့် အခြားနည်းနဲ့ အကာအကွယ်တွေကို အရယူဖို့ စဉ်းစားတိုင်ပင်နေကြတယ်ဆိုတဲ့ အသံတွေလည်း ထွက်လာနေတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာတင် ဆော်ဒီ၊ ကာတာ၊ ယူအေအီးတို့က ယူကရိန်းနဲ့ စစ်ရေးဆိုင်ရာ အကာအကွယ်ရယူဖို့ စာချုပ်တွေ ချုပ်လိုက်တာကို ကြည့်ရင် သိသာတယ်။ အီရန်ရဲ့ ဒရုန်းတွေရန်က ကာကွယ်ဖို့ ယူကရိန်း နည်းပညာကို အသုံးပြုဖို့ စာချုပ် ချုပ် သဘောတူလိုက်ကြတာ။

ဒီတော့ .. အရှေ့အလယ်ပိုင်းကို အမေရိကန်က အကာအကွယ် တကယ်မပေးနိုင်ရင် အားကိုးရှာတဲ့ အနေနဲ့ .. အီးယူ၊ နေတိုး၊ တရုတ်၊ ရုရှား စတဲ့ အင်အားတွေကို ညှိနှိုင်းတာတွေ ဖြစ်လာနိုင်တယ်။

အီရန်ပိုင် ဟော်မု မြောက်ဘက်က ခါ့ (Kharg Island) ကျွန်းသေးသေးလေးကို ရေနံလုပ်ငန်း အချက်အချာ တစ်ခုဖြစ်လို့ ဝင်သိမ်းရင်တောင်မှ အမေရိကန်အတွက် မလွယ်ဘူး။ အဲဒီ ကျွန်းလေးကို ရဖို့ ပေးဆပ်ရမယ့် အမေရိကန် စစ်သားတွေက နည်းမှာ မဟုတ်ဘူး။ အဲဒီလို အမေရိကန် စစ်သားတွေရဲ့ အသက်တွေကို စတေးပြီီး ကျွန်းသေးသေးလေးကို သိမ်းဖို့ အမေရိကန် ပြည်သူတွေက ခွင့်ပြုမှာ မဟုတ်ဘူး မြင်တယ်။

အခု အထိကို ဘာကြောင့် အီရန်ကို စစ်တိုက်ရတာလဲ ဆိုတာကို အမေရိကန် ပြည်သူတွေ ကျေနပ်အောင် အကြောင်းပြချက် မပေးနိုင်သေးလို့ .. အမေရိကန် စစ်သားတွေကို အရှေ့အလယ်ပိုင်းကို လွှတ်တာကိုတောင် ပြည်သူတွေက ဆန့်ကျင် သဘောမတူတာမှာ .. သူတို့ သားသမီးတွေရဲ့ အသက်တွေကို စတေးပြီီးအဲဒီ ကျွန်းကို တိုက်ယူ သိမ်းပိုက်ဖို့ကို သဘောမတူဖို့က များတယ်။

အဲဒီ ကျွန်းလေးကိုလည်း သိမ်းမယ်။ အီရန်ကိုလည်း ဝင်ပြီး သိမ်းမယ် ဆိုရအောင်လည်း .. အီရန်ဟာ သမိုင်းကြောင်းအရ စစ်တိုက်ပြီး သိမ်းပိုက်ဖို့ အင်မတန်မှကို ခက်တဲ့ တိုင်းပြည်အဖြစ် ထင်ရှားတယ်။

ဟော်မု ရေလက်ကြားရှိတဲ့ ပင်လယ်ပြင်က ဝင်ရင် .. အီရန်ပြည်မ ဘက်ကို ရောက်ဖို့ အင်မတန် ခက်ခဲပြီး လမ်းမရှိတဲ့ ဇာဂရို့ (Zagros Mountains) တောင်တန်း အမြင့်ကြီးတွေကို ဖြတ်သန်းရမှာ။ အမေရိကန် စစ်တပ်က အဲဒီ တောင်တန်းတွေကို ဖြတ်ဖို့ အမေရိကန် စစ်သားတွေ အတော်စတေးရမှာ။

မြောက်ဖက် ကပ်စပိယံ ပင်လယ်ဘက်က ဝင်မယ် ဆိုလည်း အဲဘတ် (Elburz Mountains) တောင်တန်းကြီးတွေက ခံထားတယ်။

အရှေ့ဘက် အာဖဂန်၊ ပါကစ္စတန်ဘက်က ဝင်မယ် ဆိုလည်း အဲဒီလို တောင်တန်းကြီးတွေက ပိတ်ထားတယ်။ တောင်တန်းတွေ ကျော်မယ်ဆိုရင်လည်း ကြမ်းတမ်းတဲ့ သဲကန္တာရ ၂ ခုကို ဖြတ်ရဦးမယ်။

အနောက် မြောက်လမ်းဖြစ်တဲ့ အီရက်ဖက်က ဝင်ရင်တော့ ရနိုင်ပေမယ့် .. မြေပြန့်လွင်ပြင်ကြီးကို ခရီး အရှည်ကြီး ဖြတ်သန်းရမယ့် နေရာတွေ ရှိတယ်။ ပြောရရင် သတ်ကွင်းတွေကို ဖြတ်ရမှာ။

ဒီတော့ .. ကမ္ဘာ့ သမိုင်းမှာ အီရန်ကို ပြည်ပက သိမ်းပိုက်ဖို့ အင်မတန် ခက်ခဲတယ် ဆိုတာကို အကြိမ်ကြိမ် သက်သေ ပြပြီးဖြစ်သလို ..

ဘာအတွက် စစ်တိုက်နေမှန်း မသိတဲ့ အမေရိကန် စစ်သားတွေနဲ့ အမေရိကန် ပြည်သူတွေအတွက်က .. ဘာအတွက် အသေခံပြီး တိုက်ရမလဲ ဆိုတာ မသေချာဘဲ နဲ့ အခုလို အကျအဆုံး များနိုင်တဲ့ စစ်ပွဲကို တိုက်ဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပဲ။

အီရန်မှာက လောင်စာဆီက စစ်တိုက်ဖို့ မပြတ်နိုင်ဘူး။ နောင် အနှစ် ၂၀၀ လောက်အထိ ထုတ်ပြီး စစ်တိုက်နေလို့ ရတယ်။ အနီးကပ် တိုက်ပွဲအတွက်က တိုက်စစ်၊ ခံစစ်မှာ ပုံ မှန် အချိန်တောင် အင်အားကို အကြီးအကျယ် သုံးရတာ .. အခုလို သဘာဝခံတပ်ကြီးက ခံပေးထားတာကို ကျော်ဖို့က ဝင်တိုက်သူတွေအတွက် အိမ်မက်ဆိုးပဲ။

ဒါကြောင့် အီရန်ကို စစ်ဝင်တိုက်ရင် မြေပြင် စစ်သား လွှတ်ဖို့ကို အနီးနားက ဆော်ဒီတို့လို တိုင်းပြည်တွေက သူတို့ စစ်သားတွေ လွှတ်ဖို့ မရှိဘူး။ အမေရိကန် အနေနဲ့က သူတို့က အစပြုတဲ့ စစ်မီးကို ကိုယ့်ဖာသာ နိုင်အောင် အဆုံးသတ်။ အီရန်ကို အင်အားကောင်းနေချိန်မှာ ဒီအတိုင်း ထားပြီး ထွက်သွားရင် အထိနာမှာက သူတို့တွေ ဖြစ်နေလို အမေရိကန်ကို သူတို့က စစ်ဆက်တိုက်ဖို့ ဖိအားတွေ ပေးနေမှာပဲ။ အီရန်ကို အားပျော့သွားအောင် မလုပ်နိုင်ရင် အစ္စရေးအတွက်ကလည်း ရေရှည်မှာ မလွယ်ဘူး။

အဲဒီလို မြေပြင် မတိုက်လဲ နူကလီးယား လက်နက် ဒါမှ မဟုတ် နူကလီးယားလက်နက်လို အားပြင်းတဲ့ အခြားသော လူအများအပြားကို အစုလိုက် အပြုံလိုက် သေစေနိုင်တဲ့ စူပါလက်နက်တွေကို သုံးဖို့ .. အမေရိကန် ပြည်သူတွေက ခွင့်မပြုနိုင်သလို၊ အဲဒီလို သုံးခဲ့ရင်လည်း ကမ္ဘာကြီးက အခု ပုံစံနဲ့ ကွဲပြားတဲ့ ပုံစံ ဖြစ်သွားနိုင်တယ်။ ဘယ်လို ဖြစ်မှာလဲတော့ မသိဘူး။ အကြီးအကျယ်သော စစ်ပွဲ ပုံစံတွေ ဖြစ်သွားနိုင်တယ်။

ဒါမှ မဟုတ် ... အမေရိကန်တွေ ပြန်ဆုတ်မယ် ဆိုရင်တောင် .. ဗီယက်နမ်မှာ ပြန်ဆုတ်ရသလိုမျိုး ဆက်တိုက်ဖို့ မဖြစ်နိုင်တဲ့ အတွက် အလွယ်နဲ့ စစ်ရှုံးပြီး ပြန်ဆုတ်ပါတယ် လုပ်ဖို့ မလွယ်ဘူး။ ကမ္ဘာ့ အင်အားချိန်ခွင်က စစ်အင်အားရော၊ စီးပွားရေး အင်အားပါ .. ပုံစံ ပြောင်းသွားမယ့် အနေအထားဖြစ်နိုင်သွားတယ်။

ထရမ့်ဟာ မဟာမိတ်တွေ၊ နေတိုးနိုင်ငံတွေကို အမျိုးမျိုး စော်ကားမော်ကားပြောပြီး ထင်ရာ လုပ်ခဲ့တဲ့ .. ဆိုးကျိုးကို ခံစားရမယ့် ကာလက သိပ်မဝေးတော့ဘူး။

ဒီစစ်ပွဲဟာ .. ဒုတိယ ကမ္ဘာစစ် အလွန်မှာ အမေရိကန်အတွက် .. နာမည်ပျက်ပြီး .. သိက္ခာအထိခိုက်ရဆုံး စစ်ပွဲ အဖြစ် မှတ်တမ်း တင်လိမ့်မယ် ထင်တယ်။

အဲဒီ အဖြေ မှန်လား၊ မမှန်ဘူးလား ဆိုတာ ..
သိပ် မစောင့်ရတော့ပါဘူး။

၂၀၂၆ နိုဝင်ဘာလ အလွန် ... အလွန်းဆုံး ၂၀၂၆ နှစ်ကုန်အထိပဲ။

၂၀၂၇ မှာ ဒီပွဲရဲ့ အဖြေကို အားလုံး သိနေရလိမ့်မယ်။
အဲဒီအခါ ဒီပို့စ်ကို ပြန်ပြီး သုံးသပ်ကြည့်တာပေါ့။

Crd
ကိုထိုက်

💥 #မိုးကြိုးသည်_ကျွန်တော့်အားမပစ်___ #ရွာတောင်ပိုင်းက_တရားသမားလေး_မောင်ကျော်အားပစ်သွားသည်။သိကြားမင်း အိုပြီ ထင်၏။လက်မတည်...
14/02/2026

💥 #မိုးကြိုးသည်_ကျွန်တော့်အားမပစ်___
#ရွာတောင်ပိုင်းက_တရားသမားလေး_မောင်ကျော်အားပစ်သွားသည်။

သိကြားမင်း အိုပြီ ထင်၏။
လက်မတည့် ရှာတော့ပေ။

ရွာတွင် အလှူအလုပ်ဆုံး ပုဂ္ဂိုလ်ဖြစ်သည့်
အဖေ့ သူငယ်ချင်း သည်
အရက်ဆိုင် ဖွင့်ထားသည်။
ချဲဒိုင်လည်း ကိုင်သည်။
မူးရစ်ဆေးဝါး အထည်ကြီးသူ။
ဘုရားဖူးလုပ်ငန်းလည်း
ကားတွေထောင်ထားပြီး လုပ်သည်။
ပဌာန်း၊ ပရိတ် အသံမစဲအောင် သူ့အိမ်ရော၊
ကျောင်းတွေမှာပါ ပူဇော်၏။

ငယ်ငယ် က
မြင်းမိုရ်တောင် ဘယ်နိုင်ငံမှာရှိတာလဲ ? .. ဟု
ဆရာမကို မေးမိရာ
ထိပ်ခေါက်ခံရသည်
အဖြေကား .. မရ။

သားသားကြီးရင် ဘာလုပ်မလဲ ? .. ဟု
အမေက မေးသောအခါ
အာကာသယာဉ်မှူး လုပ်မည်ဟု
ဖြေဖြစ်သည်။
နတ်ပြည်ကို တက်ကြည့်ချင်သည်ကိုး။

အိမ်ရှေ့က အဝီစိတွင်းကြောင့်
ငရဲပြည်တွင် ချိုးရေ သုံးရေ သောက်ရေ
အလျှံအပယ် ရှိလိမ့်မည်ဟု
အယူမှားမိပြန်သည်။

အမေသည် ဘုန်းဘုန်းကြွလာသောအခါ
နံနက်စောစောထ၍ ချက်ပြုတ်ထားသော
ဆွမ်းကိုကပ်၏။
သီလရှင်များလာသောအခါ
ကန်တော့ပါသေးရဲ့ဟု ဆို၏။
gender ခွဲကြောင်း ဝေဖန်မိ၍
အမေက မျက်စောင်းခဲ၏။

မနက်တိုင်း ကြေးစည်ထု၍
ဘုရားရှိခိုးသော အဘွားထံတွင်
ဘုရားရှိခိုး ပါဠိစာသားများ၏
အဓိပ္ပာယ်ကို ကျွန်တော်မေးကြည့်၏။
အဖွားက ကုသိုလ်ရတယ်လူလေးရဲ့
ဟုသာ ပြောတတ်ရှာလေသည်။

ဘုရားဆွမ်းတော်ကို
အမက သူ စားချင်သော သစ်သီးများဝယ်၍
တစ်နေ့တစ်မျိုး မရိုးအောင်ကပ်၏။
ဘုရားကား သူ့အကြိုက်ကို လိုက်နေရ၏။
ဘုရားပန်းများကိုကား
ရက်ခြားလွှင့်ပစ်ရသဖြင့်
အမရယ် နင်ပန်ဖို့ ဝယ်တာဆိုလည်း
တော်သေးတယ်။
အခုဟာက ဘုရားက ပန်လို့လားဟ
ဟု မေးခဲ့ရာ နားရွက်လိမ်ဆွဲခံရပြန်သည်။

အဖေသည် တစ်ရက်
ထူးထူးဆန်းဆန်းစကားကို ဆို၏။
ပုဂံ ညောင်ဦး ပုပ္ပား ဘုရားဖူးသွားမည်တဲ့။
ရှိစုမဲ့စု စုထားသော ငွေကလေးကို
ကျွန်တော့်အတွက် စက်ဘီးဝယ်ပေးလိမ့်မည် ဟု
ထင်မှတ်မှားနေခဲ့ဖူးသည်။
ယခုမူ ဘုရားဖူးစရိတ်တဲ့။

ကျွန်တော်အဖေ့ကို မေးမိသည်။
အဖေ အိမ်ကဘုရားက
ဖူးရတာ ရိုးသွားလို့လားဟု။
အဖေက အခုသွားဖူးမယ့် ဘုရားတွေက
တန်ခိုးကြီး ဘုရားတွေ
ဆုတောင်းပြည့်ဘုရားတွေ တဲ့။

ဂေါတမမြတ်စွာဘုရား၏
ဆင်းတုတော်တို့သည်
အိမ်တွင်ထား၍ ကိုးကွယ်လျှင်
တန်ခိုးအာနိသင်လျော့နည်းကြောင်းနှင့်
ကြီးကြီးထုဆစ်ထားသော
ဆင်းတုတော်တို့သာ တန်ခိုးကြီးကြောင်းကို
ထိုစဉ်ကမှ ကျွန်တော်သိလိုက်ရသည်။

ဟုတ်ပေမည်။
အိမ်က ဆင်းတုတော်လေးသည်
ဖုန်တက်သည်ကိုပင် သူ့ဘာသာသူ
မသုတ်သင်နိုင်ရှာတော့ပေ။

အဖေ့ညီမ ကျွန်တော့်ဒေါ်လေးသည်
အတော်လေး ကျန်းမာရေးဖောက်ပြန်နေရှာ၏။
အဖေ့ထံ ဒေါ်လေးသမီး
ကျွန်တော့်အမဝမ်းကွဲက ငိုယို၍
ငွေကြေးအကူအညီ လာတောင်းသည်။

အဖေ က
ဘုရားဖူးရန် စုထားသောပိုက်ဆံများ
ပဲ့မည်ဆို၍ အထိမခံ။
ငါ့မှာ ငွေပိုမရှိတော့ဘူးဟု ပြောလွှတ်သည်။
တန်ခိုးကြီးဘုရားတွေမှာ
ဒေါ်လေးအတွက် .. အလှူပြုကာ
ဆုတောင်းပေးမည်ဖြစ်ကြောင်း
ဖျောင်းဖျပြောဆိုသဖြင့် အမဖြစ်သူသည်
ငိုမဲ့မဲ့မျက်နှာနှင့် ပြန်သွားရရှာလေ၏။

သို့နှင့် ကျွန်တော်လည်း
ဘုရားဖူး လိုကပြါ ခဲ့ရ၏။
မြန်မာပြည်တွင်
တောင်းစားနေသော သူတောင်းစား
ပေါများကြောင်းကို
ဘုရားစောင်းတန်းအနီးတွင် တွေ့ရမှ
ကျွန်တော်သိ၏။
ဘုရားတွင် ကပ်လှူထားသော
ရွှေပြားများသည်
ထိုသူတောင်းစားလူမွဲ ဖွတ်ဘိုးအေများကို
လှောင်ပြနေသကဲ့သို့ ဖြစ်၏။

ဘုရားသည် ၇ရက်သားသမီးများကို
တပြိုင်နက် ဆုတောင်းပူဇော်ခြင်း မခံလိုပေ။
ကျွန်တော်၏ ကလေးအတွေးလည်း
ဖြစ်ကောင်းဖြစ်မည်။
အဖေက သောင်္ကြာထောင့်တွင်
သွားရောက် ပူဇော်ဆုတောင်း၏။
အမေက အင်္ဂါထောင့်တွင်
သွားရောက် ပူဇော်ဆုတောင်း၏။
ဘုရားသည် အာရုံမများအောင်
ကိုယ်ခွဲ၍ တာဝန်ခွဲယူထားပုံရသည်။

လူတစ်ချို့သည်
မွေးနေ့ အထူးအစီအစဉ် အဖြစ်
ဘုရား ရေသပ်ပါယ်နေကြ၏။
သက်စေ့ပူဇော်၏။
မုနိမြတ်စွာသည် ရေမွန်းလျက်နေရှာ၏။
ချမ်းတုန်နေရော့မလား ဟုလည်း
ကျွန်တော်တွေးမိ၏။

ဤအဖြစ်ကို ရိပ်စားမိပုံရသော
လူတစ်စုသည် ဘုရားအနီးတွင်
ဖယောင်းတိုင်မီး ထွန်းညှိပူဇော်၍
အနွေးဓာတ်ပေး၏။
နောက်တော့ .. သူတို့သည် လည်း
စေတနာကြောင့်ဟုတ်ဟန်မတူ ဟု
ကျွန်တော်တွေးမိသည်။
ယတြာအရ လာရောက်
ပူဇော်စီရင်နေခြင်း ဖြစ်ဟန်တူ၏
အကြောင်းမှာ ဖယောင်းတိုင်ကို
အရေအတွက် အတိအကျ
ပူဇော်နေသောကြောင့် ဖြစ်သည်။
လောင်ကျွမ်းကုန်ဆုံးစေရုံမျှသာ အာရုံရှိနေ၏။
အမွှေးတိုင်တစ်ထုပ်လည်း ထွန်းသေး၏။
ဘုရားရှင်သည် မီးခိုးမှိုင်းတို့ဖြင့်
ကျပ်တိုက်ခြင်းခံနေရရှာ၏။

ဘုရားစောင်းတန်းများတွင်
ဆင်းတုတော်ထုဆစ်နေသူများကို တွေ့ရသည်။
ပန်းပုဆရာသည် သူ၏ပေါင်တွင်
ဆင်းတုကို ညှပ်၍ထု၏။
ငရဲမကြီးဘူးလားဟု အဖေ့ကို
ကျွန်တော်မေးကြည့်မိသောအခါ
အဖေက အနေကဇာမတင်ရသေးသဖြင့်
ငရဲမကြီးကြောင်းဆိုသည်။
ပါဝါမတင်ရသေးသောကြောင့် တန်ခိုးမရှိ။
တန်ခိုးမရှိသောကြောင့် ငရဲမကြီး။
ဤသို့သာ ကလေးအတွေးဖြင့်
ကျွန်တော်မှတ်ထားလိုက်သည်။

ကျွန်တော်ဘဝင်မကျသည့်အချက်
တစ်ခုရှိသေး သည်။
ဗုဒ္ဓဘုရားရှင်ခြင်း တူပါလျက်
အဘယ်ကြောင့် အိန္ဒိယမှဆင်းတုများသည်
နှာခေါင်းချွန်၍
တရုတ်ပြည်မှဆင်းတုများသည်
နှာခေါင်းပြားကာ
ကျွန်တော်တို့ဆီတွင်
ဗမာဆန်နေရတာပါလဲဟု
အဖေ့ကို ကျွန်တော်မေးခဲ့သည်။

အဖေသည် ပါရမီရင့်သန်နေပုံရ၏။
ထို့ကြောင့်ရှေ့ဖြစ်ကို ဟော၏။
မင်း ဘာသာမဲ့ဖြစ်မယ့် အကောင်တဲ့။
အမေကတော့ တစ်မျိုးပြောသည်။
မိုးကြိုးပစ်မယ် သတိထားနေတဲ့။

မိုးကြိုးသည် ကျွန်တော့်အား မပစ်။
ရွာတောင်ပိုင်း က
မိဘကို လုပ်ကျွေးပြုစုနေရှာသော
မောင်ကျော် ဆိုသည့်
တရားသမားလေးအား ပစ်သွားသည်။
သိကြားမင်းသည် အိုပြီထင်၏။
လက် မတည့်ရှာတော့ပေ။


#မေတ္တာဖြင့်တဆင့်_
#ပြန်လည်မျှဝေသည်...
#လေးစားစွာဖြင့်-
🦚🦚🦚

အာ့ဒီလူတစ် ယောက်ဘယ်ရောက်နေခု🥲
11/02/2026

အာ့ဒီလူတစ် ယောက်ဘယ်ရောက်နေခု🥲

လူတစ်ယောက် ( သိန်း 100 ) တန်မြေကွက်ကို ရောင်းပြီး တစ်ဝက်ဖြစ်တဲ့ ( သိန်း 50 ) ကို ဘဏ်ထဲထည့်လိုက်တယ်....

တစ်ဝက်ကို နိုင်ငံခြားမှာ သွားအလုပ်လုပ်ဖို့ အတွက်ရင်းနှီးလိုက်တယ်....

သူနိုင်ငံခြားမှာ ပင်ပင်ပန်းပန်း၊ ဆင်းဆင်းရဲရဲ ၅နှစ်သွားအလုပ်လုပ်တယ်....အမိမြေပြန်လာတော့ ( သိန်း ၅၀၀ ) ပြန်ပါလာတယ်၊

ဒါဆို သူရင်းနှီးထားတဲ့ငွေ ( သိန်း ၅ဝ) ထက် ဆယ်ဆပိုမြတ်သွားပြီပေါ့.....

ဒါပေမယ့် ငါးနှစ်ကြာပြီးနောက် သူသိန်း၁၀၀နဲ့ ရောင်းခဲ့တဲ့ မြေကွက်က အခု ခေါ်စျေး သိန်း 3000ဖြစ်နေပြီ....

ဒါဆို သူရွုံးခဲ့တာ...

၁။ ငွေ သိန်း 2900

၂။ သူ ပင်ပင်ပန်းပန်းလုပ်ခဲ့တဲ့ အားစိုက်မှု

၃။ မိသားစုနဲ့ ခွဲခွာရတဲ့ ၅နှစ် သက်တမ်း

၄။ သူ့အသက်ရဲ့ ကိုယ်ပိုင်အချိန် ၅နှစ်နဲ့

၅။ သူ့ရဲ့ကျန်းမာရေးပဲ ဖြစ်မယ်

တကယ်လို့ သူ ၅နှစ် လုပ်ခဲ့တဲ့ အရာဆီက ပညာရခဲ့မယ်ဆို သူအခုအချိန် အသုံးချလို့ ရသေးတယ်...

တကယ်လို့ ပညာမရခဲ့ဘဲ ပိုက်ဆံရဖို့ပဲ သည်းကြီးမည်ကြီး ရှာနေမယ်ဆို အခု သူ့ကိုယ်မှာ ကျန်တာက ဗလာနတ္ထိနဲ့ အရှုံး...

ကျနော်တို့ လိုအပ်နေတာ ငွေကိုချွေတာနေဖို့ မဟုတ်
ဘူး.....

ကျနော်တို့ လိုအပ်တာ ငွေဝင်မယ့် Source အရင်း အမြစ်ကို ရှာဖို့ပါ.....

11/02/2026

ခုချိန်ကစပြီး မင်းအနေနဲ့
ဒီအချက် ၃ ချက်ကိုပဲ အာရုံစိုက်ပါ

- မင်းရဲ့ဘဝ
- မင်းရဲ့ဝင်ငွေ
- မင်းရဲ့စိတ်ခံစားမှု

၁။ မင်းရဲ့ဘဝ (Your Life)

မင်းဘဝကိုပဲ အပြည့်အဝ အာရုံစိုက်ပါ။
ဝေဖန်မှုတွေ၊ထိုးနှက်မှုတွေ၊အထင်သေးမှုတွေ ဘေးချိတ်ထားလိုက်။
ဘဝကို ဘယ်လို တိုးတက်အောင် နေထိုင်မလဲ၊ကြိုးစားမလဲ၊ ဘယ်လို ချစ်မလဲ ဒါပဲ ပိုတွေးပါ။
လုပ်စရာရှိတာ အချိန်မဆွဲဘဲ လုပ်ပါ။
ဘဝကို ဖြစ်သလို မနေပါနဲ့။
နေလည်း မနေသင့်ဘူးလေ။

၂။ မင်းရဲ့ဝင်ငွေ (Your Income)

အရွယ်တစ်ခုရောက်လာရင်
ပိုက်ဆံက အင်မတန် အရေးပါလာတယ်။
အများစုက money is eveything ဖြစ်လာတယ်။
ပိုက်ဆံအပေါ် အခြေခံလာတယ်။
ဝင်ငွေရှိဖို့ လိုတယ်။
မကောင်းတဲ့ဒာလုပ်တော့ မလုပ်နဲ့ပေါ့ အားမပေးဘူး။
လွယ်နေကျ အိတ်ထဲ ပိုက်ဆံ ဖောင်းနေချိန် မင်းတစ်ကိုယ်လုံး လွတ်လပ်ပေါ့ပါးနေလိမ့်မယ်။
အဲဒီ feeling ကို အမြဲရအောင် လုပ်နေပါ။
အလုပ် လုပ်ပါ။ ပိုက်ဆံ ရှာပါ။

၃။ မင်းရဲ့စိတ်ခံစားမှု( Your Emotions)

အရာရာမှာ လိုက်ခံစားမနေနဲ့။
ဘာဒာကျိုးမှ မရှိဘူး။ စိတ်ပင်ပန်းတာပဲ အဖတ်တင်တယ်။
လူတိုင်းအတွက် မင်းကိုယ်မင်း သိပ်အရေးပါတယ် လုံးဝ မတွေးပါနဲ့။
သာမန်လူတစ်ဦး အဖြစ်ပဲ ခံယူထားပါ။
နှိမ့်ချစွာ ပြုမူ နေထိုင်ပါ။
အတွေးများတာလည်း လျှော့ပါ။
အချစ်အတွက်လည်း သိပ်ခံစားမနေပါနဲ့။
လူ့ဘဝက သိပ်တိုတယ်။ ပျော်အောင် နေပါ။

အတိုချုံးပြန်ပြောမယ်။

မင်းဘဝကိုသာ ပိုဂရုစိုက်ပါ။
လုပ်စရာရှိတာ အကောင်းဆုံး လုပ်ပါ။
ကောင်းတဲ့ဒာလုပ် လုပ်ပြီး ပိုက်ဆံရှာပါ။
စိတ်ကို အထူးဂရုစိုက်ပါ။
ကြင်နာ ပွေ့ဖက်ပေးပါ။

နောက်ထပ်
ဒီစကားသုံးခွန်းလည်း လိမ်မာစွာ လိုက်နာပါဦး။
မင်းအနား တစ်ချိန်လုံးရှိနေပေးသူကို မစွန့်ပစ်နဲ့။တန်ဖိုးထားပါ။
မင်းအနားရှိနေတာကို
တန်ဖိုးမထားဘဲ မင်းကို ကောင်းစွာ မဆက်ဆံရင်
ဒီလူအနား မနေဘဲ စွန့်ခွာပါ။
တစ်ဖက်လူကို မင်းလိုချင်တဲ့ပုံစံ အတိုင်း ပြောင်းလဲနေထိုင်ဖို့ အတင်းမတောင်းဆိုနဲ့။
မင်းကိုယ်တိုင် မင်းလိုချင်တဲ့ပုံစံအတိုင်း ဦးစွာ ပြုမူ နေထိုင်ပါ။


#လူငယ်များအတွက်ဗဟုသုတစာပေများ
#ကောင်းမှုတစ်ခုနေ့စဉ်ပြုပါ
#စာတို

#ဗဟုသုတ

ချမ်းသာချင်တယ်ဆိုရင် ဒီ ၇ ဆင့်ကို မဖြတ်သန်းလို့ မရပါငွေကြေးချမ်းသာဖို့ဆိုတာ တစ်ရက်တည်းနဲ့ ဖြစ်လာတာ မဟုတ်ပါဘူး။ ခက်ခဲပေမယ...
10/02/2026

ချမ်းသာချင်တယ်ဆိုရင် ဒီ ၇ ဆင့်ကို မဖြတ်သန်းလို့ မရပါ

ငွေကြေးချမ်းသာဖို့ဆိုတာ တစ်ရက်တည်းနဲ့ ဖြစ်လာတာ မဟုတ်ပါဘူး။ ခက်ခဲပေမယ့် မတတ်နိုင်တာတော့ မဟုတ်ပါဘူး။ အဆင့်ဆင့် တက်လှမ်းသွားရမယ့် ခရီးလမ်းတစ်ခုပါ။ ဒီနေ့ကစပြီး ချမ်းသာဖို့အတွက် စတင်လှမ်းချီလိုက်ရအောင်။

၁။ ရုန်းကန်နေရဆဲ အဆင့် (Struggling)

- လစာထဲက တစ်ပြားမှ မစုနိုင်ဘဲ လခရတာနဲ့ ကုန်သွားတဲ့ အခြေအနေပါ
- ရတဲ့လစာလေးနဲ့ နေ့စဉ်သုံးစရိတ်တွေ၊ အရေးပေါ်ကိစ္စတွေကြားမှာ ရုန်းကန်နေရတယ်
- အကြွေးတွေက တစ်ဖြည်းဖြည်း တိုးလာနေတယ်
- ဘဏ်အကောင့်ထဲမှာ စုငွေဆိုတာ လုံးဝမရှိသလောက်ပါပဲ

၂။ သတိပြုမိလာတဲ့ အဆင့် (Aware)

- ကိုယ့်ရဲ့ ငွေဝင်ငွေထွက်ကို စတင်မှတ်သားလာတယ်
- ဘယ်နေရာတွေမှာ ပိုကုန်နေလဲဆိုတာ သိလာတယ်
- မလိုအပ်တဲ့ အသုံးစရိတ်တွေကို လျှော့ချဖို့ စဉ်းစားလာတယ်
- ငွေကြေးစီမံခန့်ခွဲမှုအကြောင်း စတင်လေ့လာလာတယ်

၃။ အကြွေးကင်းစင်ဖို့ ကြိုးစားနေတဲ့ အဆင့် (Breaking Free)

- အကြွေးတွေကို ပြန်ဆပ်ဖို့ စီမံကိန်းဆွဲထားတယ်
- ဝင်ငွေတိုးအောင် နည်းလမ်းရှာတယ်
- မလိုအပ်တဲ့ အသုံးစရိတ်တွေကို ဖြတ်တောက်လာနိုင်တယ်
- အကြွေးတွေကို တစ်ခုချင်းစီ ရှင်းလင်းနေပြီ

၄။ စိတ်အေးလက်အေး အဆင့် (Secured)

- အရေးပေါ်သုံးဖို့ ရန်ပုံငွေ ထူထောင်ထားပြီ
- ရုတ်တရက် အခက်အခဲတွေအတွက် စိုးရိမ်ပူပန်စရာ မလိုတော့ဘူး
- အကြွေးအားလုံး ကင်းစင်သွားပြီ
- လစဉ်ငွေစုနိုင်တဲ့ အနေအထားရောက်နေပြီ

၅။ တိုးတက်နေတဲ့ အဆင့် (Growing)

- ပုံမှန်ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နေပြီ
- ငွေကို ငွေရှာခိုင်းတဲ့ နည်းလမ်းတွေ သိလာပြီ
- ရှယ်ယာ၊ စတော့၊ ရွှေစတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နေပြီ
- ငွေကြေးဆိုင်ရာ ဗဟုသုတတွေ ပိုပြီးကျယ်ပြန့်လာပြီ

၆။ ဝင်ငွေတိုးချဲ့နေတဲ့ အဆင့် (Expanding)

- ဝင်ငွေလမ်းကြောင်း အမျိုးမျိုးရှိနေပြီ
- စီးပွားရေးလုပ်ငန်းသစ်တွေ စမ်းသပ်လုပ်ကိုင်နေပြီ
- ရင်းနှီးမြှုပ်နှံမှုကနေ ပုံမှန်အမြတ်ရနေပြီ
- ဘဝလုံခြုံမှုအတွက် စိတ်ပူစရာ မလိုတော့ဘူး

၇။ လွတ်လပ်တဲ့ အဆင့် (Free)

- အလုပ်လုပ်ချင်လို့သာ လုပ်တော့တယ်
- ငွေကြေးအတွက် စိတ်ပူပန်စရာ လုံးဝမလိုတော့ဘူး
- မိသားစုနဲ့အတူ အချိန်ပိုပေးနိုင်ပြီ
- ကိုယ်ပိုင်လွတ်လပ်ခွင့် အပြည့်အဝရပြီ

ဒီလိုနဲ့ပဲ အဆင့်ဆင့် တိုးတက်သွားမှာပါ။ မိတ်ဆွေ အခုရောက်နေတဲ့ အဆင့်က ဘယ်အဆင့်လဲ။ နောက်တစ်ဆင့်ကို တက်လှမ်းဖို့ အခုကစပြီး ပြင်ဆင်လိုက်ရအောင်။ မတတ်နိုင်တာ မရှိပါဘူး။ စိတ်ပိုင်းဖြတ်ပြီး စတင်လိုက်ရုံပါပဲ။

ပြန်လညဝေမျှသည်
𝘾𝙧𝙚𝙙𝙞𝙩 𝙩𝙤 MTZ BusinessIQ with respect.

#လူငယ်များအတွက်ဗဟုသုတစာပေများ
#ကောင်းမှုတစ်ခုနေ့စဉ်ပြုပါ

#ဗဟုသုတ

📚‌စာဖတ်ခြင်းဖြင့် ဘဝကိုမြှင့်တင်ပါ📚

တရုတ်လိုချမ်းသာချင်ရင်တော့ တရုတ်ငွေရှာနည်းကိုသိထားရမယ်    #လူငယ်များအတွက်ဗဟုသုတစာပေများ #ကောင်းမှုတစ်ခုနေ့စဉ်ပြုပါ  #ဗဟု...
29/01/2026

တရုတ်လိုချမ်းသာချင်ရင်တော့ တရုတ်ငွေရှာနည်းကိုသိထားရမယ်

#လူငယ်များအတွက်ဗဟုသုတစာပေများ
#ကောင်းမှုတစ်ခုနေ့စဉ်ပြုပါ

#ဗဟုသုတ

အချိန်က သိပ်မျှတပါတယ်။▪️အချိန်ကို အိပ်ရာထဲမှာ ဖြုန်းရင်ကိုယ်အလေးချိန် ဖြစ်သွားပါတယ်။▪️အချိန်ကို စာဖတ်ခြင်းမှာ သုံးရင်ဉာဏ...
29/01/2026

အချိန်က သိပ်မျှတပါတယ်။

▪️အချိန်ကို အိပ်ရာထဲမှာ ဖြုန်းရင်
ကိုယ်အလေးချိန် ဖြစ်သွားပါတယ်။

▪️အချိန်ကို စာဖတ်ခြင်းမှာ သုံးရင်
ဉာဏ်ပညာ ဖြစ်သွားပါတယ်။

▪️အချိန်ကို အလုပ်ကဲခြင်းအပေါ် သုံးရင်
ဥစ္စာဓနဖြစ်သွားပါတယ်။

▪️အချိန်ကို ကိုယ်လက်လှုပ်ရှားမှုမှာ သုံးရင် ကျန်းမာရေးကို တည်ဆောက်ပေးပါတယ်။

▪️အချိန်ကို ဈေးကွက်မှာ သုံးရင်
အလုပ်အကိုင်တစ်ခုကို တည်ဆောက်ပေးပါတယ်။

▪️အချိန်ကို အိမ်မှာ သုံးရင်
မိသားစုသံယောဇဉ်ကို မြှင့်တင်ပေးပါတယ်။

အချိန်က မျှတပါတယ်။

ကိုယ့်လုပ်ရပ်ရှိရာ နေရာမှာ
ဆုလာဘ်တွေ ရှိပါတယ်။

ကိုယ့်နှလုံးသားရှိရာ နေရာမှာ
အလှတရားကို တွေ့ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ပဲ့ကိုင်နိုင်စွမ်းရှိရင်
ဘဝဦးတည်ရာကို တွေ့နိုင်ပါတယ်။

ပြန်လည်ဝေမျှသည်
💌
#နိုင်းနိုင်းစနေ

#လူငယ်များအတွက်ဗဟုသုတစာပေများ
#ကောင်းမှုတစ်ခုနေ့စဉ်ပြုပါ

ပိုက်ဆံဆိုတာ လက်ထဲက စက္ကူစုတ် မဟုတ်ဘူး၊ ဦးနှောက်ထဲက "အကြံဉာဏ်" ပဲ။ ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံမရှိတာက ပြဿနာမဟုတ်ဘူး၊ ဦးနှော...
18/01/2026

ပိုက်ဆံဆိုတာ လက်ထဲက စက္ကူစုတ် မဟုတ်ဘူး၊ ဦးနှောက်ထဲက "အကြံဉာဏ်" ပဲ။ ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံမရှိတာက ပြဿနာမဟုတ်ဘူး၊ ဦးနှောက်ထဲမှာ "အတွေးအခေါ်" မရှိတာကမှ တကယ့်ပြဿနာ။

အတွေးအခေါ် ပြောင်းလဲလိုက်တာနဲ့ မင်းမြင်နေရတဲ့ လောကကြီးက ငွေတွင်းကြီး ဖြစ်သွားလိမ့်မယ်။

မင်းတို့က "ငါ့မှာ အရင်းအနှီးမရှိလို့ ပိုက်ဆံမရှာနိုင်တာ" လို့ အကြောင်းပြနေသလား။ အဲဒါ "ဆင်ခြေ" ပဲ။

"မင်းက ရေခဲတောင်ကြီးကို ကြည့်ပြီး 'အေးလိုက်တာ' လို့ပဲ တွေးနေရင် အေးနေမှာပဲ။ ဒါပေမဲ့ 'ဒီရေခဲတွေကို ရေငတ်နေတဲ့ သဲကန္တာရထဲ သွားရောင်းရင် ပိုက်ဆံရမှာပဲ' လို့ တွေးလိုက်တာနဲ့ ရေခဲတောင်က မင်းအတွက် ငွေတောင်ကြီး ဖြစ်သွားရော။ ပစ္စည်းက အတူတူပဲ၊ တွေးပုံပြောင်းသွားတာနဲ့ တန်ဖိုးက ကွာသွားတာ"။

အတွေးအခေါ် ပြောင်းလိုက်တာနဲ့ ပိုက်ဆံက ဘယ်လို ရောက်လာမလဲ ရှင်းပြမယ်။

"ငါ မဝယ်နိုင်ဘူး" အစား "ငါ ဘယ်လို ဝယ်နိုင်မလဲ" လို့ ပြောင်းတွေးပါ။ "ငါ မဝယ်နိုင်ဘူး" လို့ ပြောလိုက်တာနဲ့ မင်းရဲ့ ဦးနှောက်က အလုပ်လုပ်တာ ရပ်သွားပြီ။ သူက အိပ်ပျော်သွားပြီ။ ဒါပေမဲ့ "ငါ ဒါကိုရအောင် ဘယ်လိုလုပ်ရမလဲ" လို့ မေးခွန်းထုတ်လိုက်ရင် မင်းရဲ့ ဦးနှောက်က "ငွေရှာနည်း" တွေကို မအိပ်မနေ လိုက်ရှာတော့တာပဲ။ ပိုက်ဆံဆိုတာ မေးခွန်းထုတ်တတ်တဲ့သူဆီကိုပဲ လာတာ။ ကိုယ့်ကိုယ်ကိုယ် ဘောင်မခတ်ထားနဲ့။

ပြဿနာကို အောင်မြင်မှုလို့ မြင်အောင်ကြည့်ပါ။ လူအများစုက ပြဿနာတွေ့ရင် ညည်းကြတယ်။ "ဒုက္ခပါပဲ၊ လမ်းတွေကလည်း ပိတ်လိုက်တာ" လို့ ပြောကြတယ်။ သူဌေးဖြစ်မယ့်သူကကျတော့ "လမ်းပိတ်နေရင် လမ်းပေါ်မှာ ဗိုက်ဆာနေတဲ့သူတွေအတွက် မုန့်ရောင်းရင် ကောင်းမှာပဲ" လို့ တွေးတယ်။

ပိုက်ဆံဆိုတာ "သူများတွေရဲ့ ဒုက္ခကို ဖြေရှင်းပေးခြင်း" ရဲ့ ရလဒ်ပဲ။ မင်းက ဒုက္ခတွေကိုပဲ လိုက်ကြည့်နေမလား၊ အဲဒီဒုက္ခတွေကို ဖြေရှင်းပြီး ပိုက်ဆံအဖြစ် ပြောင်းမလား မင်းအတွေးပေါ်မှာပဲ မူတည်တယ်။

လုပ်အားနဲ့ မရှာနဲ့၊ တန်ဖိုးနဲ့ ရှာပါ။ "ပင်ပင်ပန်းပန်း လုပ်မှ ပိုက်ဆံရမယ်" ဆိုတဲ့ အတွေးဟောင်းကြီးကို လွှင့်ပစ်လိုက်တော့။ လမ်းဘေးမှာ ကျောက်ထမ်းနေတဲ့သူက မင်းထက် အဆတစ်ရာ ပိုပင်ပန်းတယ်။

ဒါပေမဲ့ သူက မင်းထက် ပိုမချမ်းသာဘူး။ ဘာလို့လဲဆိုတော့ သူက "လုပ်အား" ကိုပဲ ရောင်းနေလို့။ သူဌေးတွေက "အကြံဉာဏ် (တန်ဖိုး)" ကို ရောင်းတာ။ တစ်နေ့ကို ၁၀ နာရီ ကုန်းရုန်းလုပ်တာထက်၊ ၁ မိနစ်လောက် အကြံကောင်းတစ်ခု ထွက်လာတာက မင်းကို ပိုချမ်းသာစေလိမ့်မယ်။

ဒါ့ကြောင့် ပြောချင်တာကတော့ ပိုက်ဆံရှိတဲ့သူတွေနဲ့ ပေါင်းပါ။ သူတို့ ဘယ်လိုတွေးလဲ ဆိုတာ ကူးစက်ခံရအောင်။

"မဖြစ်နိုင်ဘူး" ဆိုတဲ့ စကားလုံးကို မင်းရဲ့ အဘိဓာန်ထဲက ဖျက်ထုတ်လိုက်။ နေ့တိုင်း အိပ်ရာဝင်ခါနီး "ငါ့ဆီကို ပိုက်ဆံတွေ ပိုဝင်လာဖို့ ဘာတွေ ပြောင်းလဲရမလဲ" လို့ တွေးပြီးမှ အိပ်လိုက်ပါ။

မင်းရဲ့ အိတ်ကပ်ထဲမှာ ပိုက်ဆံမရှိတာက ခဏပါပဲ။ ဒါပေမဲ့ မင်းရဲ့ အတွေးအခေါ်က ဆင်းရဲနေရင်တော့... မင်းတစ်သက်လုံး ဆင်းရဲနေမှာပါ။

ပိုက်ဆံဆိုတာ "အတွေးအခေါ်ရဲ့ ရလဒ်" သက်သက်ပါပဲ။ အတွေးကို အရင်ချမ်းသာအောင် လုပ်လိုက်ပါ။ လက်တွေ့မှာ ပိုက်ဆံတွေက မင်းနောက်ကို "အပြေးအလွှား" လိုက်လာပါလိမ့်မယ် မိတ်ဆွေ။
#လူငယ်များအတွက်ဗဟုသုတစာပေများ #ကောင်းမှုတစ်ခုနေ့စဉ်ပြုပါ

15/01/2026

မိသားစုတစ်စုမှာ ကြောက်စရာ အကောင်းဆုံးက ဆင်းရဲမွဲတေမှု မဟုတ်ဘူး... ချောင်ပိတ်စေတဲ့ ပြောဆိုမှုတွေဖြစ်တယ်။

စေတနာထားပြီး ပြောဖို့ ရည်ရွယ်တဲ့စကားက တစ်ဖက်လူကို စွပ်စွဲအပြစ်တင်တဲ့ စကားဖြစ်သွားတတ်တယ်။

ပြဿနာတစ်ခုကို ဖြေရှင်းဖို့ ရည်ရွယ်ထားတဲ့ စကားဆိုပေမယ့် အစိုင်အခဲကို ပေါက်ကွဲစေတဲ့ စကားဖြစ်သွားတတ်တယ်။

စကားအပြောမတတ်တဲ့..
စကားကောင်းကောင်းမပြောတဲ့ မိသားစုဟာ ပျော်ဖွယ်ရာလည်း မရှိပါဘူး။

စကားကို အော်ပြော ငေါက်ပြော၊
စကားထဲမှာ အပြစ်တင် ဝေဖန်တာတွေပဲ ပြည့်နေရင် စကားနှစ်ခွန်း ပြောတာနဲ့ ငြင်းခုံရတော့တယ်။

အိမ်က မေတ္တာအကြောင်း ပြောတဲ့နေရာပါ။
ကျိုးကြောင်းငြင်းခုံတဲ့ နေရာ မဟုတ်ပါဘူး။

သံယောဇဉ် ဘယ်လောက်နက်နက်
ထပ်ခါတလဲလဲ နှုတ်နဲ့ စော်ကားတာကို မခံနိုင်ပါဘူး။

စကားလုံးအကြမ်းဖက်မှုနဲ့ ပြည့်နေတဲ့ မိသားစုတစ်စုဟာ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ အဝေးကို ထွက်ပြေးချင်လာမှာပါ။

သဟဇာတဖြစ်ပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုတစ်စုဟာ မပြည့်စုံလည်း လူကို တွယ်တာစေပါတယ်။

မှတ်ထားရမှာက...

အပ်ဖျားလေးဆိုပေမယ့်
ထိုးရင် သိပ်နာပါတယ်။

လျှာမှာ အရိုးမရှိပေမယ့်
ဒဏ်ရာနက်နက် ပေးပါတယ်။

မိသားစုကို တကယ်ချစ်ရင်
သဟဇာတဖြစ်တဲ့ မိသားစုအဖြစ် ပြုစုပျိုးထောင်ချင်တယ်ဆိုရင် ဒီနေ့ကစပြီး ဂရုစိုက်မှု ပေးပါ၊ နာပျော်ဖွယ် စကားတွေကို ပြောဆိုပါ။ သဟဇာတဖြစ်တဲ့ မိသားစုက ကြွယ်ဝချမ်းသာမှုကို ယူဆောင် ပေးပါတယ်။

---ပြန်လည် မျှဝေပါတယ်

💌
#နိုင်းနိုင်းစနေ

Address

Color60scxarlett@gmail. Com
Singapore

Website

Alerts

Be the first to know and let us send you an email when Sarto4u posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share