Best Baby Mall Myanmar

Best Baby Mall Myanmar We are setting up an online store to sell good quality baby products imported from Singapore and other countries with cheaper price.

Best Baby Mall Myanmar မှ Singapore နှင့် တခြားနိုင်ငံများမှ အရည်သွေးကောင်း ကလေးအသုံးအဆောင် ပစ္စည်း ဈေးနှုန်းချိုသာစွာဖြင့်
မြန်မာပြည်သူတွေလက်ဝယ်ရောက်ရှိ အသုံးပြုနိုင်အောင်စီစဉ်နေပါတယ်။

သားသားမီးမီးတို့ရဲ့ ကျန်းမာရေးကိုရှေးရှုပြီး Quality ကိုအသားပေးတဲ့ ပစ္စည်းများကို ရွေးချယ်စိစစ်ပြီး တင်သွင်းသွားမှာဖြစ်ပါတယ်။


မိခင်များ သားသား မီးမီး တို့ လိုအပ်နိုင်မဲ့ ပစ္စည်းနှင့်အသုံးအဆောင်များကို မက်ဆေ့ခ်ျဘောက်စ် (message box) ကနေတဆင့် အကြံပြုနိုင်ပါတ

ကျေးဇူးအထူးတင်ရှိပါတယ်။

ကလေးမွေးထားသူကို သတင်းသွားမေးတော့မယ်ဆိုရင် ...Credit to Original Uploader
13/01/2017

ကလေးမွေးထားသူကို သတင်းသွားမေးတော့မယ်ဆိုရင် ...

Credit to Original Uploader

16/10/2016

Birth Control Methods ကိုယ်ဝန်တားနည်း-တားဆေး ဘယ်လိုရွေးမလည်း

(ကန်တော့်ပါ)

သမီးအသက် ၂၉ ကျော်ပါပြီဆရာ။ နောက် ၂လနေရင်အိမ်ထောင်ပြုမှာပါ။ ကလေးတော့မယူသေးပါဘူးဆရာ။ နောက် ၃နှစ်လောက်မှ ကလေးယူမှာပါဆရာ။ အဲဒါ ၃၀ နားနီးနေတော့ တားဆေးတွေ စားတာ ထိုးတာ လက်မောင်းထဲ ထည့်တာတွေသုံးရင် နောင်ကလေးယူတဲ့အခါ အခက်အခဲဖြစ်မှာ အလွန်စိုးရိမ်မိပါတယ်ဆရာ။ ကျေးဇူးပြုပြီး ဘာတားဆေးမျိုးသုံးသင့်ပါသလဲ ပြောကြားပေးပါဆရာ။ ဆရာ့ကို သီတင်းကျွတ်လပြည့်နေ့မှာ ရိုသေလေးစားစွာ ကန်တော့လိုက်ပါတယ်ဆရာ။

၁။ Birth Control Pill ကိုယ်ဝန်တား စားဆေးများ
က။ ဟော်မုန်းနှစ်မျိုးတွဲဆေးကနေ (၁) မျိုးဥထွက်မှာကို တားပေးတယ်။ (၂) သားအိမ်ဝက ချွဲကိုလဲ စေးပျစ်စေလို့ သုက်ပိုးဝင်လာဘို့ ခက်ခဲစေမယ်။ (၃) သားအိမ်-အတွင်းဆုံးလွှာကိုလဲ သန္ဓေတွယ်ကပ်မှု မဖြစ်နိုင်အာင် ပြုပြင်ပေးတယ်။ ဟော်မုန်း နှစ်မျိုးတွဲဆေးကို ၂၁ လုံးပါကပ် နဲ့ ၂၈ လုံးပါဆေးကပ်တွေနဲ့ရှိတယ်။ ၂၁ လုံးဆိုတာ ဟော်မုန်း ပါတာတွေချည်း ဖြစ်တယ်။ ကျန် ၇ လုံးမှာ ဟော်မုန်းမပါဘူး။ ၇ လုံးပိုထည့်ထားလို့ ၂၈ လုံးအကုန်မှာ နောက်ဆေးကပ်သစ် သောက်ဘို့ သိသာတယ်။ ၂၁ လုံးပါဆေးကပ် သောက်သူက ကြားထဲမှာ ၇ ရက်တိတိ နားထားရမယ်။

နေ့တိုင်း သောက်တာမှန်ရင် ၉၉% စိတ်ချရတယ်။ ရာသီသွေးဆင်းတာ မများဘူး။ ရက်မှန်တယ်။ ရာသီလာလို့ နာတာ သက်သာတယ်။ မလာခင်ဖြစ်ချင်တာတွေလဲ သက်သာတယ်။ မျိုးဥအိမ်-ကင်ဆာ၊ သားအိမ်-ကင်ဆာ အဖြစ်နည်းတယ်။ မျိုးဥအိမ်-အကျိတ် နဲ့ ရင်သား-အကျိတ်ဖြစ်တာ နည်းတယ်။ PID တင်ပါးဆုံတွင်းရောဂါ အဖြစ်နည်းတယ်။ ဝက်ခြံထွက်တာ သက်သာတယ်။ သားအိမ်ပြင်ပ-သန္ဓေတည်တာ နည်းတယ်။ Endometriosis ဖြစ်နေလို့ ခံစားရတာတွေလဲ နည်းစေတယ်။

ဘေးထွက်-ဆိုးကျိုးတွေ = ပျို့-အန်၊ ခေါင်းကိုက်၊ ရင်သားတင်း-နာ၊ လိင်စိတ်နည်း၊ ခေါင်းမူး၊ ဆေးစသောက်ဘူးသူတွေ တလ၊ နှစ်လမှာ ရာသီရက် မမှန်ဖြစ်နိုင်တယ်။ ရှားရှားပါးပါး ဖြစ်နိုင်တာတွေကတော့ သွေးဖိအားတက်၊ နှလုံး၊ သွေးကြောပိတ်၊ အသဲကင်ဆာ၊ သည်းခြေအိတ်ကျောက်တွေ ဖြစ်တတ်တယ်။ ဒီဆေးမျိုး မသုံးသင့်သူတွေကတော့ သွေးကြောပိတ်ရောဂါဖြစ်ဘူးသူတွေ၊ အသက်ကြီးသူတွေ၊ သွေးတိုးများသူတွေ၊ (မိုင်ဂရင်း ရောဂါရှိသူတွေ၊ အသဲ မကောင်းသူတွေနဲ့ မသင့်ဘူး။

ခ။ Minipill (Progestin-Only) (မီနီ-ပီးလ်)
အားလုံး ၂၈ လုံးမှာ ဟော်မုန်းပါတယ်။ ကလေးနို့တိုက်နေသူတွေ၊ သွေးကြောပိတ်ဖြစ်သူတွေ၊ (အီစထိုဂျင်) မတည့်သူတွေ၊ အသက် ၃၅ နှစ် ကျော်သူတွေ၊ ဆေးလိပ်သောက်သူတွေ သုံးနိုင်တယ်။ သွေးတိုးရှိလဲ ဖြစ်တယ်။ (မိုင်ဂရင်း) ရောဂါရှိလဲ သောက်နိုင်တယ်။ ရာသီဆင်းတာ နည်းတယ်။ ရာသီလာလို့ နာတာသက်သာတယ်။ မျိုးဥအိမ်-ကင်ဆာ၊ သားအိမ်-ကင်ဆာ အဖြစ်နည်းတယ်။ တင်ပါးဆုံတွင်းရောဂါ အဖြစ်နည်းတယ်။ ဟော်မုန်း ၂ မျိုးတွဲလောက် မထိရောက်လှဘူး။ ကြားရက် သွေးဆင်းတာ ဖြစ်တတ်တယ်။ ဆေးသောက်ဘို့ တရက်မှ မေ့သွားလို့မရဘူး။ နေ့တိုင်း အချိန်တူမှာ သောက်သင့်တယ်။ ဘေးထွက်-ဆိုးကျိုးတွေက ဗိုက်နာတတ်တယ်။ အားယုတ်မယ်။ မျက်နှာနီမြန်းတာ၊ လိင်စိတ်နည်းတာ၊ ခေါင်းကိုက်၊ ပျို့၊ ခေါင်းမူး၊ အိပ်ရေးပျက်။

၂။ Depo Provera (ဒီပို) ထိုးဆေး
ကိုယ်ဝန်တား ၃ လခံထိုးဆေး ဆေးစာနဲ့ အတိအကျ ပြောရရင် Depot medroxyprogesterone acetate (DMPA) လို့ ခေါ်တယ်။ (ပရိုဂျက်စ်တင်) ဟော်မုန်း တမျိုးထဲပါတယ်၊ 150mg ကို ၃ လ တခါထိုးပါ။

၃။ IUD သားအိမ်ထဲ ပစ္စည်းထည့်နည်း
(တီ) ပုံသဏ္ဌာန် (ပလပ်စတစ်) ပစ္စည်းလေးဖြစ်တယ်။ Copper IUD, ParaGard တွေကို ၃-၅-၁ဝ-၁၂ နှစ်အထိ ထည့်ထားနိုင်တယ်။ ဟော်မုန်းပါတဲ့ Mirena က ၅ နှစ်တခါ လဲပေးရတယ်။

၎။ Birth Control Implant ကိုယ်ဝန်တား အရေပြားအောက်ထားရတဲ့ ဆေးချောင်း
မီးခြစ်ဆံလောက်သာရှိတယ်။ ကိုယ်ဝန်တား Depo-Provera ထိုးဆေးလိုဘဲ ဟော်မုန်းကို ထုတ်ပေးနေမယ်။ ၃ နှစ်အထိ ထားနိုင်တယ်။

၅။ Birth Control Patch ကိုယ်ဝန်တား ဆေးကပ်ခွါ
Orth- Evra patch ဆေးကပ်ခွါကို ကြိုက်တဲ့နေရာ အရေပြားမှာ ကပ်ထားနိုင်တယ်။ တလ (၄ ပါတ်) မှာ ၃ ပါတ်ကို ကပ်ထားပြီး ၁ ပါတ် နားထားရတယ်။ သောက်ဆေးတွေလို ဟော်မုန်းထုတ်ပေးနေမယ်။

၆။ Male Condom ယောက်ျားသုံး (ကွန်ဒွမ်)
ကိုယ်ဝန်တားနည်း အများကြီးရှိတဲ့အထဲက ပေါ်ပြူလာ အဖြစ်ဆုံးဟာ ယောက်ျားသုံး-ကွန်ဒွမ် ဖြစ်တယ်။ ဈေးလဲမကြီး၊ ရှာလို့လဲ လွယ်တယ်။ ကိုယ်ဝန်တားဘို့သာ မဟုတ်ပါ၊ လိင်ကတဆင့် ကူးစက်ရောဂါတွေကိုပါ ကာကွယ်နိုင်တယ်။ ဥပမာ AIDS and herpes ခုခံအားကျဆင်းရောဂါ နဲ့ လိင်လမ်း-ရေယုံ။ ဒီရည်ရွယ်ချက် ၂ ခုအတွက် အသေအခြာတော့ သုံးတတ်ဘို့ လိုပါမယ်။ တခုကို တခါတည်းအတွက်သာ သုံးရမယ်။ Latex (လေးတက်စ်) ရာဘာနဲ့ လုပ်တာကိုသာ သုံးပါ။

၇။ Female Condom အမျိုးသမီးသုံး (ကွန်ဒွမ်)
(ပလပ်စတစ်) ပါးပါးလေးနဲ့လုပ်ထားတဲ့ အိတ်ငယ်လေးဖြစ်တယ်။ (ဗဂျိုင်းနား) ထဲမှာ အလိုက်သင့်ထည့်ထားရတယ်။ လိင်ဆက်ဆံမှုမပြုခင် ၈ နာရီကတည်းက ထည့်ထားနိုင်တယ်။ (ကွန်ဒွမ်) ရာဘာနဲ့ မတည့်သူတွေသုံးနိုင်တယ်။

၈။ Vaginal Ring (ဗဂျိုင်းနား) ထဲထည့်ရတဲ့ ကွင်း
NuvaRing (ပလပ်စတစ်) အပြေားစား ကွင်းဝိုင်းလေးဖြစ်တယ်။ Pill သောက်ဆေး နဲ့ Patch ဆေးကပ်ခွါတွေလို ဟော်မုန်းထုတ်ပေးနေမယ်။ တလတခါ လဲပေးရမယ်။

၉။ Cervical Cap သားအိမ်ဝ အပိတ်
Diaphragm သားအိမ်ဝ အဖုံးနဲ့ သဘောတူပြီး သေးငယ်တယ်။ FemCap ကို (ဗဂျိုင်းနား) ထဲကနေ အတွင်းနက်နက်မှာရှိတဲ့ သားအိမ်ဝကို ဖုံး-ပိတ်ပေးထားရတယ်။ S***micide သုက်ပိုးသတ်ဆေးနဲ့ပါ ရောသုံးသင့်တယ်။

၁ဝ။ Diaphragm သားအိမ်ဝ အဖုံး
ရာဘာနဲ့လုပ်ထားတဲ့ ခပ်ခုံးခုံးလေးဖြစ်တယ်။ သားအိမ်ဝကို ဆက်ဆံမှု မပြုခင်ဖုံးထားပေးရတယ်။ သုက်ပိုးသတ်ဆေးနဲ့ပါ ရောသုံးသင့်တယ်။

၁၁။ Birth Control Sponge သုက်ပိုးသတ် ဆေးမြှုပ်
Today Sponge ထဲမှာ S***micide foam သုက်ပိုးသတ်ဆေးပါတယ်။ လိင်ဆက်ဆံမှုမပြုခင် ၂၄ နာရီကတည်းက ထည့်ထားနိုင်တယ်။

၁၂။ S***micide သုက်ပိုးသတ်ဆေး
S***micide foam အမြှုပ်၊ Jelly (ဂျယ်လီ)၊ Cream (ခရင်မ်) နဲ့ Film (ဖလင်) သုက်ပိုးသတ်ဆေးတွေ ရှိတယ်။ (ဗဂျိုင်းနား) ထဲမှာ လိင်ဆက်ဆံမှုမပြုခင် ထည့်-လိမ်း-သုတ်ထားရတယ်။ တချို့အမျိုးအစားကို မတိုင်ခင် ၃ဝ မိနစ်ကြိုတင်သုံးရတယ်။ တချို့က အဲလောက်စောင့်ဘို့မလိုဘူး။

၁၃။ Fertility Awareness နေ့ကောင်းရက်သာရွေးနည်း
Calendar ပြက္ခဒိန်နည်းထက် ပိုတိကျတယ်။ မျိုးဥထွက်မဲ့ရက်ကို ကိုယ်အပူချိန် နေ့တိုင်း မနက်အိပ်ယာထမှာ တိုင်းပြီးသိမယ်။ ဘယ်လိုလုပ်ရမယ်ဆိုတဲ့ သင်တန်းသဘောမျိုးလိုမယ်။

အမျိုးသမီးကိုယ်တိုင် လုပ်နိုင်တဲ့နည်း (၃) နည်းရှိတယ်။ ဒါပေမဲ့ အတန်အသင့် စိတ်ချရတာမို့ လိုအပ်ရင်သုံးနိုင်တဲ့ အရံအတားနည်း၊ အရေးပေါ်နည်းက အဆင်သင့်ရှိနေရမယ်။
(က) Basal body temperature အပူချိန်မှတ်သားခြင်း
မနက်အိပ်ရာက နိုးရင် ဘာတခုမှ မလုပ်သေးချိန်မှာ ကိုယ်အပူချိန် တိုင်းရတယ်။ လလည်ရက်မှာ မျိုးဥထွက်လို့ ကိုယ်အပူချိန် တက်တာက ဝ့၃ ကနေ ဝ့၆ ဒီဂရီ (ဆဲလ်စီးယပ်စ်) ရှိမယ်။ မျိုးဥမထွက်ခင်မှာ ကိုယ်အပူချိန်က 97° F (36.1° C) ကနေ 97.5°F (36.38° C) အထိ ရှိနေမယ်။ မျိုးဥထွက်လို့ တက်လာရင် 97.6° F (36.4 C) ကနေ 98.6° F (37° C) အထိ ဖြစ်လာမယ်။ မျိုးဥထွက်ပြီး ၁-၂ ရက်မှာ တက်လာတယ်။ မျိုးဥက သုက်ပိုးနဲ့ မတွေ့ရရင် ၂၄ နာရီသာ ရှင်နေလို့ အပူချိန်တက်ပြီး ၃ ရက်နောက်ပိုင်းမှာ ကိုယ်ဝန်ရဘို့မဖြစ်နိုင်တော့ဘူး။

(ခ) Cervical mucus သားအိမ်ဝက အချွဲကိုစစ်ဆေးနည်း
Cervix သားအိမ်ဝကို ကိုယ့်လက်ချောင်းနဲ့ စစ်ရတယ်။ ရာသီလာနေချိန်မှာ အကျိအချွဲ အနည်းဆုံးရက်တွေ ဖြစ်တယ်။ နောက်မှာ (အီစထိုဂျင်) ဟော်မုန်းကြောင့် သားအိမ်ဝက အချွဲပိုများလာတယ်။ ပိုပြီး ဆွဲဆန့်လို့ ရလာတယ်။ မျိုးဥထွက်ပြီး နောက်မှာ ထွက်လာတဲ့ (ပရိုဂျင်စတီရုံး) ဟော်မုန်းကြောင့် ခြောက်သွေ့လာမယ်။ ဒါ့ကြောင့် သားအိမ်ဝက အချွဲအများဆုံး အချိန်ရဲ့နောက် ၄ ရက်ကစပြီး ကိုယ်ဝန်မရစေနိုင်ဘူး။

(ဂ) Cervical position သားအိမ်ဝအခြေအနေ
Cervix သားအိမ်ဝဟာ မျိုးဥထွက်ခါနီးရင် ပိုပျော့လာမယ်။ ပိုပွင့်လာမယ်။

၁၄။ Vasectomy ယောက်ျား သားကြောဖြတ်ခြင်း
ယောက်ျားကို ရာသက်ပန်ကလေးမရစေအောင် ခွဲစိတ်ဖြတ်တောက်နည်းဖြစ်တယ်။

၁၅။ Tubal Ligation အမျိုးသမီး သားကြောဖြတ်ခြင်း
ကလေးမွေးပြီး၊ ၂ ပါတ် အတွင်းခွဲရင် ဆရာဝန် အတွက် ပိုလွယ်တယ်။ ဗိုက်ခွဲမွေးရင်းလည်း လုပ်ပေးလို့ရတယ်။ ၉၉့၅% ထိရောက်တယ်။ ရာသက်ပန် ကလေးမရတော့ပါ။ ချက်ချင်း ထိရောက်တယ်။ အားနည်းချက်တွေက ခွဲစိတ်တာခံရမယ်။ လိင်ကတဆင့် ကူးစက်ရောဂါတွေကို မကာကွယ်ပါ။

၁၆။ Combination injection နောက်ပေါ်ထိုးဆေးနည်း
Medroxyprogesterone acetate (ပရိုဂျက်စတီရုံး) နဲ့ Estradiol cypionate (အီစထိုဂျင်) ရောထားတဲ့ထိုးဆေးကို တလတခါထိုးရတယ်။ Lunelle ခေါ်တယ်။ ကိုယ်ဝန်တား ဟော်မုန်း ၂ မျိုးပါ စားဆေးတွေလိုဘဲ သတ္တိရှိတယ်။ ဆေးမထိုးတဲ့လမှာ ကလေးပြန်ရနိုင်တယ်။ တချို့က ချက်ချင်းဆိုသလို ကိုယ်ဝန်ရစေပြီး တချို့မှာ ၂-၃ လ စောင်ရတယ်။ ၉၉့၈% ထိရောက်တယ်။ အမေရိကားမှာ ဒီဆေး တနှစ်ထိုးတဲ့ အမျိုးသမီး ၇၈၂ ယောက်မှာ ကိုယ်ဝန် မရတာတွေ့ရတယ်။ တခါထိုးပြီး နောက်တခါကို ၂၈-၃ဝ ရက်အကြာမှာထပ်ထိုးရမယ်။ ၃၃ ရက်ထက်တော့ နောက်မကျရဘူး။ ရာသီလာတဲ့ရက်ကို ကြည့်ရတာ မဟုတ်ဘူး။ Lunelle ဆေးစထိုးရင် ရာသီသွေးစဆင်းတဲ့ရက်နောက် ၅ ရက်အတွင်း၊ ကိုယ်ဝန်ပျက်ပြီး၊ ဖျက်ပြီးတဲ့နောက် ၅ ရက်အတွင်း၊ ကလေးမွေးပြီးတဲ့နောက် ၄ ပါတ်အတွင်း၊ ကလေးနို့တိုက်ရင် မွေးပြီးတဲ့နောက် ၆ ပါတ်အတွင်း၊

၁၇။ အသက်မငယ်သူများအတွက် ရွေးချယ်နည်း
• အသက် ၃၅ နှစ်ကျော်လာရင် သတိထားပြီး အကောင်းဆုံးနည်းကို ရွေးရမယ်။
• လူနေမှုပုံစံလဲ ပြောင်းသင့်တယ်။ ကိုယ်အလေးချိန် ထိန်း-လျှော့ပါ၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ။ အစားအသောက် ဂရုစိုက်ပါ။ အရက်-ဆေးလိပ် လျှော့ပါ-ဖြတ်ပါ။
• ဆရာဝန်နဲ့တိုင်ပင်ပြီးမှ အကောင်းဆုံး သန္ဓေတားနည်းကို ရွေးချယ်ပါ။

၁၈။ Emergency contraceptive pill အရေးပေါ်တားဆေး
ပဌမဆေးလုံးကို အကာကွယ်မဲ့ဆက်ဆံမှု ပြုပြီးတာနဲ့ ပဌမ ၁ ပြားသောက်ပါ။ နောက်ထပ် ၁၂ နာရီအကြာမှာ ဒုတိယ ဆေးလုံး သောက်ပါ။ ၇၂ (၃ ရက်) နာရီအတွင်းမှာ ပဌမဆေးလုံးသောက်တာနဲ့ ကာကွယ်နိုင်တယ်။ ၁၂ဝ နာရီ (၅ ရက်) အထိလဲ သုံးနိုင်ကြတယ်။ % မဆိုးပါ။ ခဏခဏသုံးလို့ နောင်မှာဘာဖြစ်မလဲ ဆေးသုတေသနမစုံလင်ပါ။

ကိုယ်ဝန်တားနည်း ဘယ်လိုဆုံးဖြတ်ရွေးမလည်း
(၁) ကိုယ်ဝန်တားနည်းများရဲ့ ထိရောက်မှု အများဆုံးနည်းတွေ
• အရေပြားအောက် ဆေးချောင်း၊ သားအိမ်ထဲထည့်ပစ္စည်း၊ သားကြောဖြတ်ခြင်းများ၊ = 99%
• ထိုးဆေး၊ = 97%
• စားဆေး၊ (ဗဂျိုင်းနား) ကွင်း၊ = 92-95%
• (ကွန်ဒွမ်)၊ သားအိမ်ဝအဖုံး-အပိတ်၊ ဆေးမြှုပ်၊ = 84-89%
• ဝေရာမဏိ = ၁ဝဝ%

(၂) ထိရောက်မှု အနည်းဆုံးနည်းတွေ
• အကာအကွယ် လုံးဝမသုံးခြင်း = 85%
• သုက်ပိုးသတ်ဆေး တမျိုးတည်း = 29%
• နေ့ကောင်းရက်သာ ရွေးနည်း = 25%
• အမျိုးသမီးသုံး (ကွန်ဒွမ်) = 21%
• သုက်ရည် အပြင်စွန့်ထုတ်နည်း = 18%

နည်းအားလုံးကို တခုချင်းရေးထားပါသေးတယ်။ တချို့ကိုသာ ဖေ့စ်ဘွတ်မှာတင်ပါတယ်။ တိတိကျကျသိလိုသူများ မေးနည်းစည်းကမ်းနဲ့အညီ မေးနိုင်ကြပါတယ်။

Dr. တင့်ဆွေ

Credit to -> Dr Tint Swe fb page

Puberty Education for Kids အရွယ်ရောက်ခြင်းအကြောင်း ကလေးကိုဘယ်လိုပြောမလဲ(ကန်တော့ပါ)ဆရာရှင့် သမီးရဲ့တူမလေးအတွက်မေးပါရစေ။ သ...
14/10/2016

Puberty Education for Kids အရွယ်ရောက်ခြင်းအကြောင်း ကလေးကိုဘယ်လိုပြောမလဲ

(ကန်တော့ပါ)

ဆရာရှင့် သမီးရဲ့တူမလေးအတွက်မေးပါရစေ။ သူမ အသက်က ၁၀ နှစ်ရှိပြီ။ လွန်ခဲ့တဲ့ ၃ လလောက်ထဲက အဖြူ တွေ စဆင်းပါတယ်။ အခုတော့ သွေးစနဲနဲလေးတွေ နေ့တိုင်းဆင်းတာ တပတ်လောက်ရှိနေပြီရှင့်။ ဗိုက်လဲအောင့်တယ်လို့ ပြောပါတယ်။ အဲတာက ဖြစ်ရိုးဖြစ်စဉ်ပါလားရှင့်။ ဗိုက်အောင့်ပျောက်အောင် ဆေးတိုက်ရန်လိုပါသလားရှင့်။ ဘာများ သူမအတွက်လုပ်ပေးသင့်ပါသလဲရှင့်။

တချို့မိန်းကလေးတွေက အပျိုဖြစ်စောတယ်။ စိုးရိမ်စရာမရှိပါ။ ကိုယ်လက်လှုပ်ရှားမှုးနည်းသူနဲ့ ဝသူတွေကစောမယ်။ မျိုးရိုးအရလည်းဖြစ်တယ်။ အဖြူဆင်းတာတော့ မှိုပိုးဝင်တာ သတိထားပါ။ အဲဒီနေရာ ရေဆေးခိုင်းပါ။ ဆီး-ဝမ်း သွားပြီးတိုင်း။ ရေရိုးရိုးနဲ့ လိုတဲ့အခါ ရိုးရိုးဆပ်ပြာသာသုံးစေပါ။ သန့်ဆေးရည် မသုံးပါနဲ့။ စိုနေတာကို ခြောက်အောင်လုပ်ပါ။ ခြောက်မှသာ အတွင်းခံဝတ်ပါ။ ဆေးတဲ့အခါ လက်ကို ရှေ့ဖက်ကနေ နောက်ဖက်ကိုသာ တလမ်းသွားလုပ်ပါ။ နောက်ပြန်ရှေ့ပြန် မလုပ်ပါနဲ့။

ကနေ့ခေတ်မှာ တီဗွီ၊ သတင်းစာ၊ ဂျာနယ်တွေအပြင် (အင်တာနက်) ကနေ လိင်အကြောင်းအရာတွေကို အရွယ်မရွေးက လက်လှမ်းမီနေကြတယ်။ (ဆိုရှယ်မီဒီယာ) က အကောင်းဆုံးဖြစ်သလို အဆိုးဆုံးလလည်းဖြစ်တယ်။ ဒါကြောင့် ကလေးတွေကို လိင်ပညာအကြောင်း မိဘတွေ၊ ဆရာမတွေကနေ ပြောပြနေကျထက် ငယ်ကတည်းက ပညာပေးဘို့ လိုအပ်လာပါတယ်။ ခက်တာက ပညာပေးတာကို သဘောမတူသူတွေ ရှိတယ်။ ပညာပေးရင် ဘယ်အရွယ်မှာ ဘာတွေကို ဘယ်သူတွေကနေ ဘယ်လိုပြောမလဲ။ အရွယ်ရောက်ခြင်းအကြောင်းကိုသာ ဒီစာမှာရေးပါမယ်။ ကန်တော့ပါ။

၁။ စောပါစေ
ကလေးတွေက မမေးခင်ကတည်းကစပါလေ။ သူတို့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ငယ်တုံးကနဲ့မတူ ထူးလာတာအတွက် ကြိုတင်ပြောပြပါ။ ကလးအပေါ်မူတည်ပြီး နူးညံ့သိမ်မွေ့တဲ့ခေါင်းစဉ်ကို ထည့်သွင်းပါ။ သူတို့မေးတာတွေကို ဖြေဘို့ရာ အသင့်တော်ဆုံး စကားလုံးရွေးတတ်ပါ။ ရိုးသားစွာဖြေနေမှန်းသိပါစေ။ ကလေးက ဆက်လာမဲ့မေးခွန်းကို သိထားပြီး ကြိုတင်ဖြေထားပြီးဖြစ်အောင် ကြိုးစားပါ။ ကလေး အသက် (၈) နှစ်ဆိုရင် အရွယ်ရောက်ခြင်းအကြောင်းကို စသင့်ပါပြီ။

၂။ အချိန်
မိန်းကလေးတွေဆိုရင် လစဉ်ရာသီလာခြင်းကို ကြိုတင်ပြောရပါမယ်။ တကယ်ဖြစ်လာချိန်မှာ မကြောက်အောင်လုပ်ပါ။ အများအားဖြင့် မိန်းကလေးတွေ အသက် ၁၂-၁၃ နှစ်မှာ ပဌမရာသီလာကြတယ်။ တကယ်အရွယ်ရောက်ချိန်ထက် ၂ နှစ် လောက်စောပါတယ်။ တချို့ ၉ နှစ်ကတည်းက ရာသီလာပြီး တချို့က ၁၆ နှစ်မှလာတယ်။ ယေဘုယျဆိုရင် ယောက်ျားလေးတွေက မိန်းကလေးတွေထက် အရွယ်ရောက်တာ နောက်ကျတယ်။

၃။ ဘာတွေပြောမလဲ
တချို့ကျောင်းတွေမှာ လိင်ပညာပေးသင်တာရှိပါတယ်။ သင်ရိုးက မတူကြပါ။ မိန်းကလေးတွေ အပေါ်ပိုင်းအတွင်းခံ (ရှင်မီးအင်္ကျီ၊ ဘရာစီယာ) ဝတ်ဘို့ ဘာလို့လိုအပ်သလဲ။ ယောက်ျားလေးတွေဆိုရင် လိင်အင်္ဂါသန်မာလာခြင်း၊ အသံသြလာခြင်းတွေပြောပြပါ။ မိန်းကလေးတွေကို ယောက်ျားလေးတွေအပြောင်းအလဲ၊ ယောက်ျားလေးတွေကို မိန်းကလေးတွေ အပြောင်းအလဲတွေကိုပါ ပြောပြရပါမယ်။

အပြောင်းအလဲတွေဟာ လူတိုင်းမှာဖြစ်တဲ့ ပုံမှန်ဖြစ်ရတာတွေလို့ပြောပြပါ။ အရွယ်ရောက်တာနဲ့ အရာရာ အများကြီး ပြောင်းလာပြီဆိုတာသိစေပါ။ ဒီလိုဖြစ်တာအတွက် စိုးရိမ်စရာ၊ ကြောက်စရာမဟုတ်တာကို သေချာစေပါ။ ကိုယ့်ကိုယ်ကို မလုံခြုံသလိုမဖြစ်ဘူးဆိုတာ ကောင်းကောင်သွန်သင်ပေးပါ။ ဒါပေမဲ့ ဖြစ်လာနိုင်စရာ အန္တရာယ်တွေကို ခြောက်သလို မဟုတ်ဘဲ သိစေပါ။ လုံခြုံအောင် ဘယ်လိုနေ ဘယ်လိုထိုင်စတာပြောပြပေးပါ။ ဝက်ခြံပေါက်မယ်၊ စိတ်မူပြောင်းမယ်၊ ကြီးထွားလာမဲ့ ကိုယ်အင်္ဂါအစိတ်ပိုင်းတွေကဘာတွေ သိစေပါ။ အရွယ်ရောက်နေတဲ့ မိန်းကလေးကို အမူအယာကြည့်ပြီး သိပါ။ ဥပမာ တယောက်တည်း ထီးထီးနေတာမျိုး။ သူများနဲ့မတူဖြစ်လာတာမျိုး။

၎။ အချက်အလက်များ
• မိန်းကလေးတွေ ကိုယ်ခန္ဓာ (တင်ပါး၊ ပေါင်) ပြည့်ဖြိုး လုံးဝန်းလာမယ်။
• မိန်းကလေးတွေ ရင်သားထွက်လာမယ်။ ဘယ်-ညာ ဖက်မတူတတ်တာပြောပါ။
• မိန်းကလေး + ယောက်ျားလေးတွေမှာ ချိုင်းမွှေး၊ ဆီးစပ်မွှေးထွက်မယ်။ ခြေသလုံးမွှေးပိုထူလာမယ်။
• မိန်းကလေး + ယောက်ျားလေး ဝက်ခြံထွက်မယ်။
• ယောက်ျားလေးတွေမှာ ကျားအစိကြီးလာမယ်။ လိင်တံကြီးလာမယ်။ အသံသြလာမယ်။ နှုတ်ခမ်းမွှေး ပေါက်လာမယ်။ ကြွက်သားတွေကြီးထွားလာမယ်။ အိပ်နေချိန်မှာ လိင်အင်္ဂါထိပ်မှာစိုလာမယ်။ လိင်အင်္ဂါသန်မှု ဖြစ်လာမယ်။ သုက်ထွက်လာမယ်။
• မိန်းကလေးတွေ ရာသီလာတာ သားအိမ်ထဲမှာ သွေးတွေက မလိုတော့လို့ အောက်ဖက်ကိုဆင်းထွက်ကျလာတာ။ လတိုင်းမှာ မျိုးဥထွက်နိုင်လာပြီ။ မျိုးဥဟာ ယောက်ျားသုက်နဲ့ထိတွေ့ရင် ကိုယ်ဝန်ဖြစ်နိုင်တယ်။ ရာသီလာရင် လုပ်ရမဲ့ တကိုယ်ရေသန့်ရှင်းရေးလုပ်နည်းတွေ သင်ပေးပါ။

၅။ ပြောအပြီး
ပညာပေးပြီးတိုင်း ကလေးမှာ ကိုယ့်ကိုယ်ကို ယုံကြည့်စိတ်ပြည့်လာသလိုဖြစ်စေပါ။ တချည်းထဲမပြီးပါ။ အယဉ်ကျေးဆုံး အသုံးအနှုံးရွေးတတ်ပါ။ လိုအပ်ရင် (ဂရပ်ဖစ်) တွေသုံးပါ။ လိုတာထက် မပိုဘို့ အရေးကြီးတယ်။ တီဗွီ၊ (အင်တာနက်) တွေမှာ မိဘထိန်းချုပ်စနစ် တပ်ဆင်ထားပါ။ Parental Controls software သုံးပါ။ Parental Guidance (PG) အဆင့်ပါ ရုပ်ရှင်ကိုသာ ဖွင့်နိုင်ပါစေ။ မျက်ခြေပြတ်မခံပါနဲ့။ ထိန်းချုပ်မှု မလွန်ကဲပါနဲ့။ အပေါင်းအသင်း ရွေးစေပါ။ နမူနာကောင်းပြပါ။

1. Puberty အရွယ်ရောက်ပြီ http://doctortintswe.blogspot.com/2014/11/puberty.html
2. Girl to Woman အရွယ်ရောက် မိန်းကလေး http://doctortintswe.blogspot.com/2014/11/girl-to-woman.html
3. S*x education in schools လိင်ပညာ ကျောင်းတွေမှာ ဘယ်လိုပေးမလဲ http://doctortintswe.blogspot.com/…/sex-education-in-school…
4. S*x Education for Kids ကလေးသူငယ်တွေအတွက် လိင်ကျန်းမာရေး http://doctortintswe.blogspot.com/…/sex-education-for-kids.…
5. Personal hygiene for women အမျိုးသမီးများ တကိုယ်ရေသန့်ရှင်းရေး http://doctortintswe.blogspot.com/…/personal-hygiene-for-wo…

ဒေါက်တာတင့်ဆွေ
Credit to : Dr Tint Swe Fb Page

နားနဲ့မနာ ဖဝါးနဲ့သာ နာပေးပါ။ ကျွန်တော်တို့တွေ လူလား မြောက်လာပြီဆိုရင် ဘာတွေ ပြောင်းလဲလာသလဲဆိုတာ အသေးစိတ် သိချင်နေမိပါတယ်။ နောက်တစ်ခုက မာစ...

Bilingual Kids ကလေးတွေအတွက် အပြောစကားနှစ်မျိုးဆရာ ကလေးတွေကို ဘယ်အသက်အရွယ်ကစပြီး ဒုတိယဘာသာစကားသင်ပေးလို့ရလဲဆိုတာလေး သိချင...
14/10/2016

Bilingual Kids ကလေးတွေအတွက် အပြောစကားနှစ်မျိုး

ဆရာ ကလေးတွေကို ဘယ်အသက်အရွယ်ကစပြီး ဒုတိယဘာသာစကားသင်ပေးလို့ရလဲဆိုတာလေး သိချင်လို့ပါရှင်။
ဖြစ်နိုင်မယ်ဆိုရင် ဆရာ fb မှာ post တခုအနေနဲ့တင်ပေးပါလားရှင့်။ ကျွန်မလိုပဲ သိချင်နေတဲ့မိဘတွေ အများကြီး ရှိနေလို့ပါ။ ကျေးဇူးတင်ပါတယ်ဆရာ။

ကလေးတွေဟာ အသက် ၆ လကနေ ၁၂ လမှာ စကားသင်ယူတာ အရေးအကြီးဆုံးအသက်ကာလဖြစ်တယ်။ ကလေးတွေ အသစ်ဖန်တီးမှုနဲ့ အခက်အခဲဖြေရှင်းနည်းတွေကို ဘာသာစကား နှစ်မျိုးသင်ယူတာကနေ အကျိုးထူးတွေ ရစေနိုင်တယ်။ ဖွံ့ထွားမှုမှတ်တိုင် ပိုကောင်းကြတယ်။ ကလေးအသက် ၂ နှစ်ကျော် ၃ နှစ်ကစပါလို့ဆိုပါတယ်။ ဒီအရွယ်မှာသူတို့ဟာ vocabularies ဝေါဟာရသစ်တွေကို စလေ့လာကြပြီ။ speech patterns စကားအစီအစဉ်ကို သင်ယူလာကြပြီ။ ငယ်လေလေ အသံထွက်မှန်ကိုရနိုင်လေ။ phonetic pronunciations အသံထွက်မှန်ကို အသက် ၃ နှစ်မှာ စတတ်လာကြတယ်။

စကားလုံးတလုံးခြင်းသင်ပေးပါ။ မိခင်ဘာသာစကားနဲ့ ရောသင်တာလည်း လုပ်နိုင်တယ်။ တိုးတက်လာမှုကို လိုတာထက် ပိုမမျှော်ထားပါနဲ့။ အမေရော အဖေပါ ဘာသာစကား ၂ မျိုးတတ်ကြရင် ပိုအဆင်ပြေမယ်။ Toys, Games, CDs စတာတွေ ဝယ်ပေးတာကလည်း သင်ပေးနေတဲ့ဘာသာစကားဖြစ်သင့်တယ်။

၁။ ထပ်တလည်းလည်းသင်ပေးနည်း

၂။ ခြေဟန်လက်ဟန် ရုပ်သွင်နဲ့ပြသင်ပေးနည်း

၃။ အပြုသဘောဆောင်သင်ပေးနည်း (ပြစ်တင်ဒဏ်ပေးနည်းမဟုတ်)

၎။ နေ့စဉ်လုပ်ဆောင်နေတာတွေနဲ့ ရောသင်ပေးနည်း

၅။ ကိုယ်လုပ်နေတာတွေကို ဘာသာစကား ၂ မျိုးနဲ့ပြောပြပေးနည်း

လေ့လာသင်ယူမှုဝန်းကျင် သမားရိုးကျဖန်တီးပါ။ ကလေးတွေဟာ သူတို့ နေ့စဉ်ကြားနေရတာတွေကို မှတ်ယူနေကြတယ်။ သူ့ဝန်ကျင်မှာ အများဆုံးပြောလေ့ရှိတဲ့ ဘာသာစကားတခုခုကို ရွေးပါ။ တီဗွီ၊ တက်ဘလက်၊ ဂိမ်းစ်တွေကနေလည်း အဲတာမျိုးရနေရင် တတ်လွယ်တယ်။

သတိထားဘို့က တခြား တိုင်းပြည်မှာနေရတဲ့ကလေးတွေဟာ သူတို့နေရတဲ့ဝန်းကျင်မှာ အများဆုံးပြောတဲ့စကားမှာ အားသန်သွားကြလို့ မိခင်စကားမှာ အားနည်းကြတော့တယ်။ စကားနဲ့အတူ အစားအသောက်၊ ဝတ်စားဆင်ယဉ်တာ သာမက ယဉ်ကျေးမှုပါ အဲလိုဖြစ်ကြတော့တယ်။ မိခင်စကား၊ အစားအသောက်နဲ့ ယဉ်ကျေးမှုကို ထိန်းထားနိုင်သူဟာ တကယ်ချစ်စရာ လေးစားစရာကောင်းတဲ့သူတွေဖြစ်ကြတယ်။ နည်းတယ်။ ရှားတယ်။

ဒေါက်တာတင့်ဆွေ
၁၃-၁ဝ-၂ဝ၁၆
Credit to : Dr Tint Swe fb page

Older Parenthood အသက်ကြီးမှ ကလေးရရင်မင်္ဂလာညချမ်းပါဆရာ။ အသက် ၄၀ မှာ အိမ်ထောင်ပြုပြီး ကလေးယူရင် ဦးခေါင်းခွံမပါတဲ့ကလေး မွေး...
14/10/2016

Older Parenthood အသက်ကြီးမှ ကလေးရရင်

မင်္ဂလာညချမ်းပါဆရာ။ အသက် ၄၀ မှာ အိမ်ထောင်ပြုပြီး ကလေးယူရင် ဦးခေါင်းခွံမပါတဲ့ကလေး မွေးတတ်တယ်လို့ လိုင်းပေါ်မှာတွေ့ရတယ်ဆရာ။ တကယ်ဖြစ်နိုင်ခြေရှိခဲ့မယ်ဆိုရင်မဖြစ်အောင်ဘယ်လိုပြင်ဆင်သင့်ပါသလဲဆရာ။
ကျေးဇူးပြုပြီး ဖြေပေးပါဆရာ မျှော်လင့်လျက်ပါ။

လိုင်းပေါ်ကို အတော်အားကိုးကြတယ်။ သူများကို အချွန်နဲ့ မ,ချင်သူတွေကပေါတယ်။ ခြောက်လှန့်မယ်။ ခြိမ်းခြောက်မယ်။ မဟုတ်တန်းတရားတွေ ရေးမယ်။ ယုံတဲ့သူကတွေအလည်း အဲတာမျိုးကို အလုပ်ပျက်အကိုင်ပျက် အချိန်ကုန်ခံ စောင့်ဖတ်နေကြလားမသိပါ။ ယုံကြတယ်။ လိုက်နာကြတယ်။ ဒီမေးခွန်းကို အရင်ကလည်းမေးကြလို့ ရေးထားပါတယ်။

၁။ ဆရာ မင်္ဂလာပါ။ သမီးသိချင်တာလေးတခုရှိလို့ပါ။ မိခင်နှင့်ဖခင်မှာ ဖခင်က အသက်ကြီးရင် ကောင်းမွန်တဲ့သန္ဓေသား ဖြစ်နိုင်ပါသလားဆရာ။

၂။ ကျွန်မအသက်က (၃၁) ထဲမှာပါ။ ပထမကလေးက အသက် (၂၉) နှစ်မှာ မွေးထားပါတယ်။ ကလေး (၃) နှစ်လောက်မှာ နောက်တစ်ယောက် ယူဖို့စဉ်းစားထားပါတယ်။ ကျွန်မသိချင်တာ မိခင်အသက်အရွယ်ဟာ ကိုယ်ဝန်ဆောင်တဲ့အခါ ကလေး ဥာဏ်ရည်ဥာဏ်သွေးတို့ ကြီးထွားဖွံ့ဖြိုးမှုတို့ကို ကောင်းကျိုးဆိုးကျိုး ဘယ်လို သက်ရောက်မှု ရှိပါလဲရှင့်။ ကျေးဇူးပြုပြီး အမြန်ဆုံး ဖြေကြားပေးစေလိုပါတယ်ရှင့်။

၃။ ကျမ အသက်က အခု ၄၃ နစ်ပါ။ ခက်တာက လက်ထပ်မဲ့သူက ခုအသက် ၅ဝ ရှိပါပြီ။ သူကသူ့မှာ မျိုးဆက် မရှိတဲ့အတွက် ကျမနဲ့ ကလေးတယောက် ယူချင်ပါတယ်။ ကျမလဲ အသက်က ၄ဝ ကျော်နေပြီဖြစ်လို့ စိတ်မှာ မယူချင်ဘူး။ ကျမ ကြောက်တာက မပြည့်မဲ့ကလေးတွေ မွေးမှာကို ကြောက်တယ်။ နစ်ယောက်လုံးလဲ အသက်ကြီးနေကြပြီ။ တကယ် ကလေး ယူဖြစ်ရင်လဲ ကျမအသက် ၄၄ ကျော်မှ မွေးနိင်မယ်လေ။ အဲဒါ ဖြစ်နိင်-မဖြစ်နိင် ဆရာဆီမှာ မေးကြည့်တာပါ။ ကျမက တနစ် တခါ ကျန်းမာရေး စစ်တဲ့အတွက် သွေးတိုး၊ ဆီချို၊ နှလုံး ဘာရောဂါမှ မရှိပါဘူး။ တကယ်လို့ ယူဖြစ်ရင်လဲ ဘာတွေ ဆိုးကျိုး ဖြစ်လာနိင်တယ် ဆိုတာလဲ သိချင်ပါတယ်။

သိပ်အစိုးရိမ်မကြီးပါနဲ့။ ဥာဏ်ရည်မမှီ ကလေးက မိဘတွေ အသက်အရွယ် ကြီးတာကြောင့်ဖြစ်တယ်ဆိုတာ ရှားပါတယ်။ ယောက်ျား အသက် ၅ဝ၊ မိန်းမ ၄၃၊ နှစ်ဦးလုံး ကလေးရနိုင်သေးပါတယ်။ ရာသီလာနေ-မှန်နေရင်ပေါ့။

မွေးရာပါ ချို့ယွင်းနေတဲ့ကလေး မွေးလာတာကို ပတ်ဝန်းကျင်နဲ့ မျိုးဗီဇကို လွှဲချနိုင်ပါတယ်။ ရှာလို့ရတဲ့ အကြောင်းခံတွေ ထဲမှာ သန္ခေစရှိခါစမှာ Antibiotics ပဋိဇီဝဆေးသုံးတာ၊ ဥပမာ Sulfonamide နဲ့ Nitrofurantoin ဆေး၊ ကိုယ်ဝန်ဆောင် နေတုံး တချို့ရောဂါပိုးဝင်တာ၊ အာဟာရ ချို့တဲ့တာ၊ ဥပမာ Iodine, Vitamin A, Vitamin A B 2, Vitamin C, Vitamin E နည်းတာ၊ Petroleum ဓါတ်ဆီ အဆိပ်သင့်တာ၊ Fusarium mycotoxin zearalenone အဆိပ်သင့်တာတွေပါတယ်။ သတိပြုဘို့ ကောင်းတာက ဒီအထဲမှာ မိဘ အသက်ကြီးလို့ကြောင့်ဆိုတာ မပါတာ တွေ့ရပါလိမ့်မယ်။

ဒါတောင် ၆ဝ% လောက်က ဘာလို့ ဖြစ်လဲ မသိရပါ။ အဲဒါ ကျွန်တော်တို့လူမျိုးတွေ ထင်မှတ်လက်ခံတဲ့ အချက်အတိုင်း ဆိုရင် ကံတရားအရဖြစ်တာပေါ့။

ခုခေတ်မှာ အသက် ငယ်ငယ်လေးတွေရော ကြီးသူတွေပါ ကိုယ်ဝန်ရသူ တိုးလားနေတယ်။ ၂ဝဝ၆ ခုနှစ်က အင်္ဂလန်နဲ့ (ဝေးလ်စ်) မှာ စစ်တော့ အသက် ၃ဝ ကျော် ကိုယ်ဝန်ဆောင် ၄၈% ရှိတယ်။ ၁၉၈၆ တုံးက ၂၈% သာ ရှိရာကနေ တိုးလာတာပါ။ အသက် ၃၅-၃၉ အုပ်စုကလဲ တိုးလာတယ်။ ၄ဝ ကျော်က အနှစ် ၂ဝ အတွင်းမှာ ၁့၁% ကနေ ၃့၅% ဖြစ်လာလို့ ၂ ဆတိုးလာတယ်။

အသက် ၃၅ နှစ်ကျော်မှာ ကိုယ်ဝန်ဆောင်တာ လုံးဝမစိုးရိမ်ပါနဲ့လို့တော့ မပြောပါ။ ၃ဝ ကျော်တာနဲ့ ကလေးရနိုင်တဲ့ အခွင့် အလမ်းကစ နည်းလာတယ်။ ၃၅ နဲ့ ၃၉ ကြား အမျိုးသမီးတွေမှာ ၂ဝ% အခွင့်အလမ်းမရှိတာ တွေ့ရတယ်။

အရင်ကတော့ အသက်ကြီး ကိုယ်ဝန်ဆောင်ဆိုတာ ကလေးတွေ အများကြီး မွေးထားပြီးတဲ့သူကို ပြောကြပေမဲ့ အခုခေတ်မှာ အသက်သာ နဲနဲကြီးပေမဲ့ ကလေးမွေးမများ သေးသူတွေ ဖြစ်လာတယ်။ အမှန်က ကလေးများများ မွေးသူတွေသာ အခက်အခဲတွေ ပိုကြုံလေ့ရှိတာပါ။ ခေတ်အမျိုးသမီးများဟာ ဗဟုသုတရော အာဟာရပါ ပိုပြည့်ဝ ကြံ့ခိုင်နေတာ များလာတယ်။ အရွယ်ရလာသူတွေဟာ သူ့တို့ ကိုယ်ခန္ခာကို ပိုသိကြတယ်။ ဖြစ်လာမှာကို ခံနိုင်ရည် ပိုရှိကြတယ်။ ပိုလွတ်လပ်မှုရှိတယ်။ အမှီခို နည်းတတ်ကြတယ်။ အသက် ပိုရလာလို့ သွေးတိုး၊ ဆီးချိုစတာတွေ မရှိဘို့သာ အရေးကြီးတာပါ။

တခုကတော့ ဖြစ်နိုင်ပါတယ်။ မွေးလာမဲ့ ကလေးဟာ ချို့ယွင်းတာမျိုးက ငယ်သူတွေထက်တော့ ပိုဖြစ်နိုင်တယ်။ စောစောက သုတေသနကဘဲ ပြောတယ်၊ ၃၅-၃၉ အတွင်း ၅ဝဝ မှာ ၁ ယောက် အဲလိုဖြစ်ရင်၊ ၄ဝ-၄၅ အတွင်းတွေက ၂၅ဝ မှာ ၁ ယောက် ဖြစ်တယ်။ ၄၅ ကျော်ရင် ၇ဝ မှာ ၁ ယောက်လို့ ဆိုပါတယ်။ ဒါ့ကြောင့် Maternal serum screening နဲ့ တခြား စမ်းသပ်မှုတွေ လုပ်သင့်ကြတယ်။ Chorionic villus sampling ဒါမှမဟုတ် Amniocentesis စမ်းနည်းတွေ ပြောတာပါ။ သူများနိုင်ငံတွေမှာ အဲလို စစ်လို့ ကြိုသိရရင် ကိုယ်ဝန်ကို ရပ်ပြစ်နိုင်တယ်။

အသက် ၄ဝ ကျော်မှာ ကိုယ်ဝန်ဆောင်ရင် ကလေး အသေမွေးနှုံး များတတ်သေးတယ်။ ၂ဝ-၃၉ အတွင်းမှာ လူ ၁ဝဝဝ ထဲက ၅-၆ ယောက်၊ ၄ဝ ကျော်ရင် ၉ ယောက်။ ဒါ့ကြောင့် သူတို့ကို တခြား ကိုယ်ဝန်တွေထက် မမွေးမီ စောင့်ရှောက်ခြင်း ပိုလုပ်ပေးရလိမ့်မယ်။ ဒါတွေက လွဲရင် ကလေးတွေ အားလုံး ကျန်းမာကြပါတယ်။

အသက်ကြီးသူတွေကို မွေးတဲ့အခါမှာလည်း ပိုဂရုစိုက်စရာ လိုကြပါတယ်။ ၃၅ နှစ်ကျော်သူတွေကို မွေးစေအောင် ကူညီလုပ်ပေးခြင်း၊ ခါးထုံဆေးနဲ့ မွေးပေးခြင်း၊ ညှစ်အားကောင်းဆေးသွင်း မွေးခြင်း၊ ညှပ်ဆွဲ မွေးပေးခြင်း၊ ဗိုက်ခွဲမွေးပေးခြင်းတွေ ပြောတာပါ။ အမှန်က ဆရာဝန်တွေက Risk မယူခြင်ကြတာလည်း ပါနေတာပါ။ ဒါပေမဲ့ မိခင်လောင်းရော ဆရာဝန်-ဆရာမတွေပါ Stress မများဘဲ၊ သိပ်အစိုးရိမ်လည်း မကြီးသင့်ကြဘူး။

• အသက်ကြီးမိခင်တွေကနေ မွေးတဲ့ကလေးမှာ Autism ဆိုတဲ့မွေးရာပါချို့ယွင်းချက်ရှိတ်တာ များပြီ၊ အသက်ကြီး ဖခင်ရဲ့ဇနီးဟာ အသက် ၃ဝ ထက်ငယ်နေရင် မွေးလဲတဲ့ကလေးတွေမှာ ချို့ယွင်းချက်ရှိတာ တခြားစုံတွဲတွေထက် ပိုတယ်လို့ လေ့လာမှုတွေ့ ပြောနေပါတယ်။ သူများတွေထက်ပိုတယ်ဆိုတာ အဲဘဲမလွဲမသွေမွေးမယ်လို့ဆိုတာ မဟုတ်ပါ။
• ဒီက အမေရိကား၊ ကယ်လီဖိုးနီးယားမှာ ၁၉၉ဝ တုံးက Autism ရောဂါရှိနေတဲ့ ကလေးပေါင်း ၁၂၁၅၉ ယောက်ကို လေ့လာတာ ဖြစ်ပါတယ်။ ဒါဟာ မွေးလူနာပေါင်း ၅ သန်းထဲကတွေ့ရှိရတာပါ။
• ဒိအရင်လေ့လာမှုအရ ဖခင်က အသက်ကြီးလေလေ အဖြစ်များလေလေ။ အခုတွေ့ရှိချက်အရ ဖအေက အသက် ၄ဝ ကျော်၊ မအေက အသက် ၃ဝ ကျော်တွေမှာ ငယ်ရွယ်သူဖခင်တွေထက် ၅၉% ပိုတာတွေ့ရတယ်။ မိခင်က ၃ဝ ကျော်၊ သူ့ယောက်ျားက ၄ဝ ကျော်ဆိုရင် ၁၃% သာပိုတယ်။
• မိခင်အသက် ၅ နှစ်ပိုကြီးလေလေ ဖြစ်နိုင်ချေ ၁၈% တိုးတယ်။ အသက် ၄ဝ ရှိမခင်တွေဟာ ၂ဝ ကျော်တွေထက် ၂ ဆ ပိုတယ်။ ၃၅ နှစ်အောက်တွေထက် ၇၇% ပိုတယ်။
• တခုသိထားရတာက စမ်းသပ်မှုလုပ်တဲ့နေရာမှာ အဲဒီကာလမှာ အသက် ၄ဝ ရောက်ပြီးမှ ကလေးမွေးလာကြတာ ပိုများလာတာမို့ ဒီကိန်းဂဏန်းတွေကို ကာလတိုင်းအတွက် အတည်ယူလို့မသင့်ဘူး။
• ဒီမွေးရာပါရောဂါက မိခင်အသက်မရွေးမှာ ဖြစ်နိုင်တယ်။
• လေ့လာမှု ၂ ခုကိုယှဉ်လိုက်ရင် ဖအေ့အသက်ကြီးတာက မအေအသက်ကြီးတာထက် ပိုဖြစ်နိုင်တယ်။
• အစ္စရေးလ်မှာလုပ်တဲ့ လေ့လာချက်မှာတော့ အသက် ၃ဝ အောက်ဖခင်တွေထက် အသက် ၄ဝ ကျော် ဖခင်တွေကနေ ၅ ဆ ပိုဖြစ်စေတာ တွေ့ရတယ်။ မိခင်တွေကို ပိုပြီးထောက်မပြကြဘို့ သတိပေးချက်တခု ဖြစ်ပါတယ်။
• ၂ဝ၁ဝ လေ့လာဆန်းစစ်မှုတခုအရ အမေရိကားမှာ ကလေးမွေးလာတဲ့ မိခင်တွေရဲ့အသက်ဟာ အရင် အနှစ် ၂ဝ ကနဲ့စာရင် အသက်ပိုကြီးတာတွေ့ရတယ်။ ၁၉၉ဝ တုံးကဆိုရင် ဆယ်ကျော်သက်မိခင်တွေက ၁၃%၊ အသက် ၃၅ ကျော်တွေ့ ၉% သာရှိခဲ့တယ်။ ၂ဝဝ၈ ရောက်တော့ ဆယ်ကျော်သက်မိခင်တွေက ၁ဝ%သာရှိပြီး ၃၅ နှစ်ကျော် မိခင်တွေက ၁၄% ရှိလာတယ်။ အရင်ကဆိုရင် ကလေးလာမွေးပေမဲ့ လက်မထပ်သူက ၃၁% ရှိခဲ့ရာကနေ နောက်မှာ ၂၈% သာရှိလာတယ်။

Tony Randall ရုပ်ရှင်မင်းသား (တိုနီ ရန်းဒဲလ်) ရဲ့ ပထမဆုံးကလေးကို သူ့အသက် ၇၇ နှစ်မှာရတယ်။ Larry King (လယ်ရီ ကင်း) ခေါ်တဲ့ CNN ကနာမည်ကြီးပင်တိုင်ထုတ်လွှင့်သူဟာ သူ့ရဲ့ သတ္တမမြောက်ဇနီးနဲ့ ကလေးမွေးတော့ သူ့အသက်က ၆၆ နှစ်ရှိပြီ။ Mary Elizabeth Anania Edwards နာမည်ကြီးရှေ့နေ (အဲလိဇဗက် အက်ဒ်ဝပ်) ဟာ အသက် ၅ဝ မှာကလေးမွေးတယ်။ သူကွယ်လွန်တာ ကင်ဆာနဲ့ပါ။

Young father ယောက်ျားက အသက်ငယ်နေရင် ဥာဏ်ရည်မမှီတဲ့ ကလေး မွေးတတ်သလား http://doctortintswe.blogspot.com/2014/10/young-father.html

Dr. တင့်ဆွေ
၂၃-၈-၂ဝ၁ဝ
၂၈-၄-၂ဝ၁၅
၂၁-၅-၂ဝ၁၆
၁၃-၁ဝ-၂ဝ၁၆
Photo = Elizabeth Edwards

Credit to : Dr Tint Swe Fb Page

Pregnancy Signs and Symptoms ကိုယ်ဝန်ရှိခြင်းလက္ခဏာများအသက် ၁၉ နှစ်၊ မ။ မေးလိုသည့်အကြောင်းအရာ အမျိုးသမီးတွေ ကိုယ်ဝန် စတင်...
14/10/2016

Pregnancy Signs and Symptoms ကိုယ်ဝန်ရှိခြင်းလက္ခဏာများ

အသက် ၁၉ နှစ်၊ မ။ မေးလိုသည့်အကြောင်းအရာ အမျိုးသမီးတွေ ကိုယ်ဝန် စတင်ဖြစ်တည်တာကို ဘယ်နှစ်ရက်က စပြီး သိနိုင်ပါသလဲ။ ကိုယ်ဝန် စတင်ဖြစ်တည်တဲ့အချိန်မှာ ဖြစ်တတ်တဲ့ လက္ခဏာတွေကိုပါ ပြောပြပေးပါဆရာ။ ကျေးဇူးပါ။

ကိုယ်ဝန်ရှိခြင်း လက္ခဏာတွေကို တချို့မှာ ဘာမှမခံစားရဘူး။ တချို့ကြ လူမမာကြီးလို အတော်ခံစားရတယ်။ သိပ်မသိသာတဲ့၊ လူတိုင်းဖြစ်ချင်မှဖြစ်မဲ့ အချက်တွေကတော့ ခေါင်းကိုက်တာ၊ စိတ်မူပြောင်းတာ၊ စိတ်တိုတာ၊ (ဒီအချက်တွေဟာ ရာသီမလာခင်ဖြစ်ချင်တာတွေနဲ့ အတူတူဖြစ်တယ်။) ဝမ်းချုပ်တာ Progesterone ဟော်မုန်းကြောင့် ဖြစ်တယ်။ ဒီဟော်မုန်းက အစာကိုအောက်ဆင်းတာ နှေးစေတယ်။ (ဗဂျိုင်းနား) နံရံတွေက ပိုထူလာတယ်။ (ဗဂျိုင်းနား) ပိုပြီးစိုတာ၊ ဖြူတဲ့ နို့လိုဆင်းတယ်။ ကိုယ်ဝန်ရှိနေတဲ့ကာလ တလျှောက်လုံးမှာလည်း အဲလိုရှိနေနိုင်တယ်။ ဆေးကုစရာ မလိုပါ။ ဒါပေမဲ့ အနံ့ဆိုးလာရင်၊ ယားယံလာရင်၊ ဆင်းတာက အရောင်ပြောင်းလာရင်တော့ ဆေးစစ်ပြီး ကူသမှုခံယူရမယ်။

ကိုယ်ဝန်ရှိခြင်း လက္ခဏာ (၂ဝ)
၁။ ရာသီမလာတော့ပါ၊ ဒါပေမဲ့ ပေါင်းစပ်ပြီးသား မျိုးဥက သားအိမ်အတွင်းဆုံးလွှာကို လာပြီးတွယ်ကပ်ချိန်မှာ သွေးနဲနဲ စွန်းမယ်။ ဆီးစပ်နေရာကလည်း နာတာခံစားရနိုင်တယ်။ ရာသီလာလို့နာတာနဲ့ ခွဲခြားရမယ်။ မျိုးဥထွက်ချိန်ဆိုတာ (လလယ်ရက်) နဲ့ ၆-၁ဝ ရက်မှာဖြစ်တယ်။

၂။ ကိုယ့်ကိုယ်ကို ကိုယ်ဝန်ရှိနေတယ်လို့ထင်ခြင်း၊

၃။ ပျို့-အန်ခြင်း၊ အစားမစားချင်ဖြစ်လာခြင်း၊

၎။ အတူနေချင်စိတ် ပြောင်းလဲလာခြင်း၊

၅။ ရင်သား နာခြင်း၊

၆။ ရင်သား ပိုကြီးထွားလာခြင်း၊

၇။ ရင်သား အရောင်ရင့်အဝိုင်းမှာ အသီးငယ်လေးတွေ ထွက်လာခြင်း၊ ရှိပြီးသားတွေက ပိုပြီးသိသာလာခြင်း၊

၈။ ညှစ်ရင် နို့ရည်ကြည် နည်းနည်းထွက်နိုင်ခြင်း၊

၉။ ဆီးခဏခဏသွားရခြင်း၊ ကိုယ်ဝန်ဆောင် အများစုက ၆-၈ ပတ်မှာ ဖြစ်ကြတယ်။ ဆီးလမ်းပိုးဝင်တာ၊ ဆီးချိုရောဂါနဲ့ ဆီးသွားစေတဲ့ဆေးတွေကြောင့်လည်း အဲလို ဆီးခဏခဏသွားချင်တာနဲ့ ခွဲခြားရမယ်။

၁ဝ။ ချင်ခြင်းတပ်ခြင်း၊ ထူးခြားတဲ့အစားအသောက်ကိုတမ်းတခြင်း၊

၁၁။ အားကုန်ခြင်း၊

၁၂။ အသားအရေ ပြောင်းလဲလာခြင်း၊

၁၃။ မတ်တပ်ရပ်လိုက်ရင် ခေါင်းမူးမယ်၊ သတိလစ်ချင်သလိုဖြစ်မယ်။

၁၄။ ဆီး-သွေးစစ်လျှင် အပေါင်းပြခြင်း၊

၁၅။ ဗိုက်ထဲက ကလေးလှုတ်တာကိုသိနေခြင်း အများဆုံးက ၂ဝ ပတ်ကျော်မှသာ သိတယ်။၊ ၁၃-၂၅ ပတ်အထိလည်း ဖြစ်နိုင်တယ်။

၁၆။ ဗိုက်ကြော စသည်ပြတ်ခြင်း (နောက်ပိုင်းမှသာဖြစ်တယ်)၊

၁၇။ ဓါတ်မှန်ရိုက်လျှင် မြင်ရခြင်း၊

၁၈။ (အာလ်ထွာဆောင်း) ရိုက်လျှင်တွေ့ရခြင်း၊ ကိုယ်ဝန် ၄ ပတ်ခွဲမှာ Gestational sac မြင်ရပြီ။ Yolk sac ကို ၅ ပတ်၊ Embryo ကို ၅ ပတ်ခွဲမှာမြင်ရပြီ။

၁၉။ ကလေးနှလုံးခုန်သံ နားထောင်၍ရခြင်း၊ Doppler ကရိယာနဲ့နားထောင်ရင် ၈-၁ဝ ပတ်အထိ မကြားနိုင်သေးပါ။ ၁၂-၁၄ ပတ်ရောက်မှသာ ကြားရတာများတယ်။ စကြားရချိန်မယ် တမိနစ်ကို ၁၈ဝ အထိမြန်တယ်။ နောက်ပိုင်း ပုံမှန် ၁၂ဝ-၁၆ဝ အထိရှိတယ်။ (အာလ်ထွာဆောင်း) နဲ့စမ်းရင် ၆ ပတ်မှာ ၉ဝ-၁၁ဝ၊ ၉ ပတ်မှာ ၁၄ဝ-၁၇ဝ၊

၂ဝ။ သားအိမ်ကြီးလာခြင်း၊ ကိုယ်ဝန် ၁၂ ပတ်ကစပြီး ဆီးစပ်နေရာကနေ သားအိမ်အမြင့်ကို လက်နဲ့စမ်းလို့ရပြီ။

ကိုယ်ဝန်ရှိခြင်းလက္ခဏာတွေရှိချင်ရှိနေပေမဲ့ ဆီးစစ်မှသာ အသေအချာပြောနိုင်ပါတယ်။ စောစောစမ်းရင် ကိုယ်ဝန်ရှိနေပေမဲ့ အနုတ်ပြနိုင်တယ်။ ရာသီလာရမဲ့ရက်ထက် တပတ်နေလို့ မလာသေးရင်စမ်းပါ။ ကိုယ်ဝန်ရှိမယ် ထင်ပေမဲ့ အနုတ်ပြနေရင် နောက်တပတ်အကြာမှာ တခါထပ်စမ်းပါ။ မနက်ခင်းသွားဆီးကိုစစ်ပါ။ ရေလည်း မသောက်သေးဘဲ ၄ နာရီလောက် ဆီးအောင့်ထားပြီး သွားတဲ့ဆီးလည်းရတယ်။ ကိုယ်ဝန် ၄-၅ ပတ် ရှိနေသူဆိုရင် ဘယ်အချိန်သွားတဲ့ဆီးဖြစ်ဖြစ်ရတယ်။ တချို့ဆေးညွှန်းတွေက ၇ ရက်တပတ်စောင့်ခိုင်းတယ်။ ၇ ရက်အကြာ တခါထပ်စစ်လို့ အနုတ်ဖြစ်နေမယ်၊ ရာသီလည်းမလာသေးရင် ဆရာဝန်စမ်းဘို့လိုမယ်။ (အာလ်ထွာင်းဆောင်း) ရိုက်ချင်ရိုက်မယ်။

ဒေါက်တာတင့်ဆွေ
Credit to : Dr Tint Swe Fb Page

သားအိမ်--------------- မနေ့ကတယောက်၊ အခုလေးတင်တယောက် သာအိမ် RV အကြောင်းမေးကြတယ်။ နှစ်ယောက်လုံးက အသက်-ရာသီ-အိမ်ထောင်ရေး မေ...
14/10/2016

သားအိမ်
---------------

မနေ့ကတယောက်၊ အခုလေးတင်တယောက် သာအိမ် RV အကြောင်းမေးကြတယ်။ နှစ်ယောက်လုံးက အသက်-ရာသီ-အိမ်ထောင်ရေး မပြောကြပါ။ အခုစာမှာ အင်္ဂလိပ်စာလုံးတွေကို ကျော်ဖတ်လို့ရပါတယ်။

သားအိမ်ကို အာလ်ထွာဆောင်းရိုက်ရင် အဖြေစာမှာ AV နဲ့ RV လို့ပါလေ့ရှိတယ်။ ဝန်ရိုးမျဉ်းဟာ တည့်တည့်မနေဘူး။ ရှေ့ကိုဖြစ်ဖြစ်နောက်ကိုဖြစ်ဖြစ်ကွေးနေတယ်။ Anteverted (AV) ရှေ့ဆီးအိမ်ပေါ် ကွေးနေသူကများတယ်။ Retroverted (RV) နောက်လန်တာလည်းရှိတယ်။ ဒါပေမယ့် ရောဂါမဟုတ်ပါ။ ၆ ယောက်မှာ ၁ ယောက် (RV) ရှိတယ်။ မွေးရာမှာ မထူးခြားပါ။ ကိုယ်ဝန်မရလည်း မဖြစ်စေပါ။

သားအိမ်ဟာ အမျိုးသမီးမျိုးပွါးစနစ်မှာ အဓိကကျတဲ့အင်္ဂါတခုဖြစ်တယ်။ အမျိုးသမီးရဲ့ တင်ပါးဆုံကွင်းထဲမှာ ရှိတယ်။ သူ့ရှေ့မှာ ဆီးအိမ်၊ သူ့နောက်မှာ အစာဟောင်းအိမ်ရှိတယ်။ သူ့အောက်မှာ ဆက်နေတာက မွေးလမ်းကြောင်း (ဗဂျိုင်းနား) ရှိတယ်။ Fundus ထိပ်ပိုင်း၊ Corpus ကိုယ်ပိုင်း၊ Cervix လည်ပင်း (အားအိမ်ဝ၊ သားအိမ်ခေါင်း) ရှိပြီး Cervix မှာ Internal os အတွင်းပေါက်နဲ့ External os အပြင်ပေါက်ဆိုပြီး သတ်မှတ်ထားတယ်။

သားအိမ်ရဲ့ အရွယ်အစား အရေးကြီးတယ်။ အသက်အလိုက်ပြောင်းလာတယ်။ ဟော်မုန်းအရလဲ ပြောင်းမယ်။ အရွယ်မရောက်ခင်မှာ 35 mm ရှည်မယ်။ ရှေ့-နောက်က 10 mm ရှိမယ်။ အရွယ်ရောက်ပြီးရင် 8 cm x 6 cm x 4 cm (7.6 cm x 4.5 cm x 3.0 cm) ရှိလာမယ်။ ထုထည်ဆိုရင် 75 cc ကနေ 200 cc အထိရှိမယ်။အလေးချိန် 100 ကနေ 200 grams ရှိမယ်။ ခန့်မှန်းချေ သူရဲ့လက်သီးဆုပ်လောက်ရှိမယ်။ သစ်တော်သီးပုံရှိတယ်။ အထက်ကား-အောက်ရှူး ဖြစ်တယ်။

သားအိမ်မှာ အလွှာ (၃) ခုရှိတယ်။ Endometrium အင်ဒိုမီးထရီးယမ်း အတွင်းဆုံးလွှာဆိုတာ အပျိုဖြစ်ကတည်းကနေ သွေးဆုံးတဲ့အထိ နေ့စဉ်နေ့တိုင်း ပြောင်းလဲနေတယ်။ ပါးရာကနေထူလာမယ်။ ရာသီလကုန်မှာ ဒီအလွှာပျက်စီးရာကနေ သွေးထွက်တာကို ရာသီဆင်းတယ်လို့ ခေါ်တယ်။ ကိုယ်ဝန်ရှိတယ်ဆိုရင် သားအိမ်ထဲမှာသာ သန္ဓေသားက အဲဒီမှာ လာကပ်ရတယ်။ Myometrium မိုင်ယိုမီထရီယမ် အလယ်လွှာဆိုတာ ကြွက်သား ဖြစ်တယ်။ ဒီအလွှာညှစ်လို့ ရာသီလာရင်နဲ့ ကလေးမွေးကာနီးရင်နာမယ်။ Perimetrium ပယ်ရီမီထရိယမ် အပေါ်ဖုံးလွှာ ခပ်ပါးပါးလေရှိတယ်။

သားအိမ်ကို အောက်ကနေ pelvic diaphragm ပဲလ်ဗစ်ဒိုင်ယာဖရန်၊ perineal body ပိုင်ရီနီရယ်ဘော်ဒီနဲ့ urogenital diaphragm ယူရိုဂျယ်နီတယ်လ် ဒိုင်ယာဖရမ်တွေကနေ ပင့်တင်ပေးထားတယ်။ ဘေးမှာလဲ ligaments အရွတ်တွေနဲ့ peritoneum (broad ligament of uterus) ဘရော့လစ်ဂမင့်တွေရှိသေးတယ်။အဲတာတွေအားနည်းရင် ဆီးအိမ်ကျွံတာ၊ အစာဟောင်းအိမ်ကျွံတာနဲ့ သားအိမ်ကျတာတွေဖြစ်တတ်တယ်။ Kegel ကီဂယ်လ်လေ့ကျင့်ခန်းလုပ်ရင် အများကြီး သက်သာစေတယ်။

သားအိမ်ရောဂါတွေကတော့
1. Uterine Fibroids သားအိမ်အကျိတ်၊
2. Uterine Prolapse သားအိမ်ကျ၊
3. Carcinoma of the cervix သားအိမ်ဝ(ခေါင်း) ကင်ဆာ၊
4. Endometriosis (Adenomyosis) အင်ဒိုမီထရီယိုးဆစ်ရောဂါ၊
5. Endometritis သားအိမ်ရောင်တာ၊
6. Endometrial hyperplasia သားအိမ်ရောဂါတမျိုးနဲ့
7. Pelvic inflammatory disease တင်ပါးဆုံတွင်းအင်္ဂါတွေရောင်ခြင်းတွေဖြစ်ကြတယ်။

မွေးရာပါသားအိမ်ရောဂါတွေကတော့
• Agenesis မွေးရာပါ သားအိမ်ဖြစ်ထွန်းမှု မကောင်းတာ ရှားတယ်။ ၄ဝဝဝ ကနေ ၁ဝဝဝဝ မှာ ၁ ယောက် လောက်ရှိတယ်။ သားအိမ်မပါတာ (ရာသီမလာနိုင်) နဲ့ သေးငယ်တာဖြစ်နိုင်တယ်။ တချို့မှာ အိမ်ထောင်နဲ့ အတူနေရာမှာ အခက်အခဲရှိနိုင်တယ်။ ခွဲစိတ်ပြုပြင်ပေးနိုင်တယ်။ ကိုယ်ဝန်အတွက်ကတော့ Surrogacy ဗိုက်အငှားနဲ့သာရတော့မယ်။
• Uterus didelphys ဆိုတာ သားအိမ်ကနှစ်ခန်းဖြစ်နေတာ။ ဗဂျိုင်းနားလဲ ၂ ခု၊ သားအိမ်ဝလဲ ၂ ခုစီရှိနိုင်တယ်။
• Unicornuate uterus ဆိုတာ သားအိမ်အရွယ်အစား တဝက်လောက်သာရှိပြီး သားအိမ်ပြွန်လဲ တခုထဲရှိတယ်။
• Bicornuate uterus ဆိုတာ နှစ်မွှာဖြစ်နေတာ။ ကိုယ်ဝန်ရနိုင်ပေမဲ့ ပျက်တာများမယ်။
• Septate uterus ဆိုတာ သားအိမ်အတွင်းမှာ နှစ်ခန်းလိုအကန့်ပါနေတာ။ ကိုယ်ဝန်ရဘို့လဲခက်မယ်။ ရရင်လဲပျက်မယ်။
• Arcuate uterus ဆိုတာ ပုံမှန်လိုရှိပေမဲ့ ထိပ်မှာခွက်ဝင်နေတယ်။ ကိုယ်ဝန်ရနိုင်တယ်။
• 3D ultrasound scan ရိုက်ရင်သိမယ်။ MRI scan လဲသုံးနိုင်တယ်။ Hysterosalpingography အထူးဓါတ်မှန် ရိုက်နိုင်တယ်။ Laparoscopy ကိရိယာနဲ့ကြည့်တာလဲလုပ်နိုင်တယ်။ တချို့ချို့ယွင်းချက်တွေကို ခွဲစိတ်ပြုပြင်ပေးနိုင်တယ်။ အားလုံးကိုတော့ ကိုယ်ဝန်ဆောင်နိုင်အောင်လုပ်မရနိုင်ပါ။

ဒေါက်တာတင့်ဆွေ

Credit to : Dr Tint Swe Fb Page

11/10/2016

Zinc သွပ်ဓါတ်

၁။ ကျွန်မက အသက် ၃၃ နှစ်နှင့် အမျိုးသားက အသက် ၄၂နှစ်ပါ။ အိမ်ထောင်သက် ၃နှစ်ရှိပါပြီး တားဆေးများ လုံးဝမသုံးစွဲခဲ့ပါရှင့်။ OG ကိုပြသောအခါ Ultrasound & TVS စစ်ခိုင်းပါတယ်ရှင့်။ OG ၏ညွှန်ကြားချက်အရ ကျွန်မကတော့ femol နှင့် Vitamin E-400IU ကို တနေ့တလုံးစီဖြင့် ၂ နှစ်ကျေ်ခန့် သောက်ခဲ့ပါတယ်ရှင့်။ ကလေးယူနေတာ ခုထိမရဘူးဖြစ်နေပါတယ်ရှင့်။ တချို့ကတော့ အမျိုးသားကို Zinc ပါဝင်နှုန်းများသောဆေးကို သောက်ရန် ပြောပါတယ်ရှင့်။ မည်သို့ပင်ဆိုပါစေ ကျွန်မကတော့ ဆရာ့လိုတက်သိနားလည်သော ပညာရှင်၏ အကြံပြုချက်ကို သိလိုပါတယ်ရှင့်။ ဆရာရှင့် ကလေးရနိုင်စေရန် မည်သို့နေထိုင်စားသောက်ရမည်၊ မည်သည့် ဆေးဝါးများကို ဖြည့်စွက်မှီဝဲရမည်ကို အကောင်းဆုံး အကြံဥာဏ်များ မျှဝေပေးစေလိုပါတယ်ရှင့်။ Zinc ၏ သိမှတ်ဖွယ် အဖြာဖြာလည်းကို မျှဝေပေးစေလိုတယ်ရှင့်။

၂။ ဆရာရှင့် ကျွန်မသမီး အသက် ၁ နှစ်တုန်းက ဝမ်းစသွားပါတယ်။ တပတ်လောက်နေတော့ ပျောက်သွားပါတယ်။ တပတ်ခန့်ကြာ ပြန်ဖြစ်ပါတယ်။ ကလေးဆရာဝန်က zinc အားနည်းလို့ ပြန်ဖြစ်တယ်ပြောပြီး becozinc အားဆေးတိုက်ဖို့ ညွှန်ပါတယ်ဆရာ။ ကျွန်မသိချင်တာက zinc ဆေးသောက်ချင်ရဲ့ အကျိုး အပြစ်လေးတွေပါဆရာ။

၃။ ဆရာခင်ဗျာ tiens ကုမ္ပဏီကထုတ်တဲ့ zinc ကို ကလေးကျွေးလို့ရတယ်ပြောနေလို့ သူ့အဖွားက နို့ဗူးထဲ ထည့်ဖျော်ကျွေးတယ်။ နောက် pollen လည်းတိုက်တယ် တစ်ရက် ၂ လုံး ကျွန်တော်က မတိုက်ချင်ဘူး၊ သူ့အဖွားက တိုက်နေတယ်။ ရှင်းပြပေးပါဦးခင်ဗျာ။

၎။ ကျွန်တော်က ရန်ကုန်ကပါ။ ကျွန်တော့်ကို ဆရာဝန်တယောက်က ဇင့်ပါတဲ့အားဆေး သောက်ဖို့ ညွှန်းခဲ့ပါတယ်။ အဲ့ဒီ ဇင့်ဓါတ်ဆိုတာ ဘာလဲဆိုတာသိပါရစေ။ ဇင့်ဆေးပြားရော သီးသန့်သောက်လို့ရပါသလား။

မြန်မာပြည်လို မချမ်းသာတဲ့တိုင်းပြည်တွေမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်တာ အလွန်များတယ်။ နှစ်စဉ် ကမ္ဘာမှာ အသက် ၅ နှစ်အောက်ကလေးပေါင်း ၁ သန်းကျော် ဝမ်းပျက်ရောဂါခံစားနေကြရတယ်။ အများစုက သေရတယ်။ သေဆုံးမှုပေါင်းရဲ့ ၁၃% ရှိတယ်။ ORS ဓါတ်ဆားရည်သုံးပါ။ ဆုံးရှုံးသွားတဲ့ဓါတ်ဆားနဲ့ရေကိုပြန်ဖြည့်ပေးတယ်။ ကလေး အသက် ၆ လအောက် Zinc supplementation 10 mg per day နဲ့ ၆ လအထက် 20 milligrams per day သွပ်ဓါတ်ကို ၁ဝ-၁၄ ရက်တိုက်ပါ။ ဝမ်းလျှောတဲ့ဒဏ်သက်သာမယ်။ ထပ်ဖြစ်တာကိုလည်း နောက်ထပ် ၂-၃ လ နည်းစေမယ်။ zinc sulphate, zinc acetate or zinc gluconate တွေကိုသုံးတယ်။

လူတွေအတွက် အားဆေးဆိုရင် အများအားဖြင့် (ဗီတာမင်) တွေလို့ သိကြတယ်။ ဒါအပြင် ဓါတ်ဆားတွေလဲ လိုပါတယ်။ ဥပမာ သွေးအားကောင်းဘို့ သံဓါတ်ကို အတော်များများသိကြတယ်။ လည်ပင်းကြီးရောဂါ မဖြစ်စေတဲ့ (အိုင်အိုဒင်း) ကိုလဲ တချို့သိကြတယ်။ အလားတူ မပါမဖြစ်လိုအပ်တဲ့ဓါတ်ဆားမျိုးစုံထဲမှာ (သွပ်ဓါတ်) လဲပါတယ်။ သံဓါတ်ဆေး များသူတွေမှာ သွပ်ဓါတ်နည်းစေတတ်တယ်။ သွပ်ဓါတ်များပြန်ရင်လဲ ကြေးနီဓါတ်နည်းစေပြန်တယ်။

လူရဲ့ဇီဝဖြစ်စဉ်မှာ လိုအပ်တဲ့ (အင်ဇိုင်း) ပေါင်း ၁ဝဝ လောက်မှာ သူပါတယ်။ ရောဂါပြီးစနစ်၊ (ပရိုတင်း) တည်ဆောက်မှု၊ အနာကျက်စေမှု၊ DNA မျိုးဇီဇတည်ဆောက်မှုနဲ့ (ဆဲလ်) တွေ ပွါးများမှုတွေမှာ သွပ်ဓါတ်ပါရတယ်။ အနံ့နဲ့ အရသာ အာရုံခံရာမှာလဲ သူ့အခန်းပါတယ်။

ကိုယ်ဝန်ဆောင်ချိန်၊ ကလေးငယ်ဘဝ၊ လူငယ်ဘဝတွေမှာ ပိုလိုတယ်။ အသက် ၆ လအောက် ကလေးတယောက်မှာ တနေ့ကို 2 mg လိုပြီး၊ ၁၄ နှစ်သားရောက်ရင် 11 mg လိုတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်ချိန်တွေမှာ 13-14 mg လိုတယ်။ ယောက်ျားတွေမှာ Zinc သွပ်ဓါတ်နည်းရင် သုက်ပိုးအရေအတွက်နည်းတယ်။

သွပ်ဓါတ်နည်းနေသူတွေမှာ ကြီးထွားမှုနှေးတယ်၊ အစားပျက်တယ်၊ ရောဂါပြီးစနစ်ကို ထိခိုက်တယ်။ ဆိုးသူတွေမှာ ဆံပင်ကြွတ်တယ်။ ဝမ်းလျောတယ်၊ လိင်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနောက်ကျတယ်၊ ပန်းသေတာဖြစ်တတ်တယ်။ ပိန်တယ်၊ အနာကျက်တာနှေးတယ်၊ အရသာပျက်တယ်၊ စိတ်ထိုင်းမှိုင်းတာတွေလဲ ဖြစ်တတ်တယ်။

သွပ်ဓါတ်ဟာ ပင်လယ်စာ ကမာမုတ်မှာ (76.7 mg) အများဆုံးပါတယ်။ အမဲ-ဆိတ်-ဝက်-သိုးသား၊ (8.9 mg)၊ ဝက်သား (4.2 mg)၊ ကြက်သား (2.7 mg)၊ ပဲတွေမှာ (1.3 mg)၊ အများဆုံးပါတယ်။ ပြုပြင်မထားတဲ့ ဂျုံ-ဆန်-ပြောင်း အစေ့အဆံ၊ နို့နဲ့နို့ထွက်စာ၊ ဆီရီရယ်ခေါ်မနက်စာ၊ အသား၊ ငါး၊ ပဲ၊ ဥ၊ သီဟိုဠ်သရက်စေ့၊ ဗာဒံစေ့၊ အစေ့အဆံတွေမှာလဲ ပါတယ်။

အအေးမိလို့ သောက်ရ-ငုံရတဲ့ဆေး၊ နှာခါင်းထဲထည့်ရတဲ့ဆေးတွေထဲမှာပါနေတယ်။ ဒါပေမယ့် ဇင့်ပါတဲ့ နှာခေါင်းထဲ ဖြန်းတဲ့ဆေးကို ကြာရှည်သုံးရင် အနံ့မရဖြစ်သွားတတ်တယ်။ သွတ်ဓါတ်လွန်ကဲသူ အဆိပ်သင့်သူတွေမှာ ပျို့ချင် အန်ချင်တယ်၊ အစားပျက်မယ်၊ ဗိုက်နာမယ်၊ ဝမ်းပျက်မယ်၊ ခေါင်းကိုက်မယ်။

Quinolone antibiotics (Cipro) နဲ့ Tetracycline (Achromycin) ဆေးတွေနဲ့ တချိန်ထဲတွဲပေးတာ မကောင်းဘူး။ အဆစ်နာအတွက်ပေးတဲ့ Penicillamine ဆေးလဲအဲလိုဘဲ။ Chlorthalidone and Hydrochlorothiazide ဆေးတွေက သွပ်ဓါတ်ကို များများစွန့်ထုတ်စေတယ်။

သွပ်ဓါတ်ပါဆေးနာမည်တွေ ရေးပေးလိုက်ပါတယ်။
• Zinc Tablets
• Ferrous Fumarate 152+Folic acid 750mcg+Zinc sulphate
• Activecal-Forte Tablets = Calcitrol 0.25 mcg. + Calcium 500 mg. + Zinc 7.5 mg. + Magnesium 100 mg
• Haematinic with Zinc Tablets
• B complex with zinc capsules
• Multivitamin, minerals fortified with Methylcobalamin, Vitamin C and Zinc Tablets
• Boneshell Forte = Calcium 210mg + Calcitrol 0.25mcg + Calcium Citrate 1000mg + Zinc Sulpha 7.5mg
• Calcitrol 0.25 mcg + Calcium Citrate 250 + Zinc 7.5
• HG-CAL drugs = Calcium Citrate, Magnesium Hydroxide, Zinc Sulphate, Vitamin D3
• Zinc Sulfide, Zinc Sulphide
• Zinc Sulphate 20mg
• Carbonyl 100 mg + Folic Acid 1.5 mg + Vitamin B 12 15 mcg + Vit. C 75 MG + Zinc Sulphate 61.8 mg

သွပ်ဓါတ် တနေ့တာ လိုအပ်ချက်
• အသက် 0-6 လ = 2 mg ထက်မနည်း၊ 4 mg ထက်မများသင့်၊
• အသက် 7 လ - 3 နှစ် = 3 mg ထက်မနည်း၊ – 5 mg ထက်မများသင့်၊
• အသက် 4-8 နှစ်= 5 mg ထက်မနည်း၊ – 12 mg ထက်မများသင့်၊
• အသက် 9-13 နှစ် = 8 mg ထက်မနည်း၊ – 23 mg ထက်မများသင့်၊
• အသက် 14-18 နှစ် = 11 mg ထက်မနည်း၊ – 34 mg ထက်မများသင့်၊
• အသက် 18 နှစ်အထက် = 11 mg ထက်မနည်း၊ – 40 mg ထက်မများသင့်၊
• ကိုယ်ဝန်ဆောင်ချိန် = 12 mg ထက်မနည်း၊ – 34 mg ထက်မများသင့်၊

သတ်သတ်လွတ်စားသူတွေမှာ သွပ်ဓါတ် ၅ဝ% နည်းနေတတ်တယ်။ အရက်စွဲသောက်သူတွေမှာလဲ ၃ဝ-၅ဝ% နည်းနေတယ်။

S***m count သုက်ပိုးများစေနည်း http://doctortintswe.blogspot.com/2015/04/sperm-count.html
Facts to get pregnant ကိုယ်ဝန်ရအောင် ကြံဆောင်နည်း http://doctortintswe.blogspot.com/…/facts-to-get-pregnant.h…

Dr. တင့်ဆွေ

Address

Yangon, Myanmar
Singapore
65

Website

Alerts

Be the first to know and let us send you an email when Best Baby Mall Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Best Baby Mall Myanmar:

Shortcuts

Share