စင်ကာပူမှ သင်လိုချင်တဲ့ပစ္စည်းကို ၀ယ်ပေးမည့် အ၀ယ်တော်ဖြစ်ပါတယ်။
ဝယ်ရောင်းမဟုတ်၊ ၀ယ်ပေးသူသာဖြစ်တယ်။
သင့်ရုံး(သို့) သင့်အိမ်မှာ သက်တောင့်သက်သာနေပြီး အ၀ယ်တော်မှ တင်ပြထားတဲ့ စင်ကာပူမှဆိုင်တွေကို ကြည့်ပြီး ကြိုက်သည့်ပစ္စည်းကို စင်ကာပူမှာ ဈေးဝယ်ထွက်နေသကဲ့သို့ အရသာခံပြီး ရွေးပါ။ ပြီးလျှင် အ၀ယ်တော်ကို စိတ်ချစွာ ၀ယ်ခိုင်းပါ။
ဈေးမကစားပဲ ၀ယ်ယူပေးသောဆိုင်မှ လက်ခံ ဖြတ်ပိုင်းပါ ပေးပါမယ်။ ဒါ့ကြောင့် ပစ္စည်းမှန
်ကြောင်း၊ တကယ့်ဝယ်ဈေးအမှန်၊ ၀ယ်ယူပေးသောနေရာနှင့် ဆိုင်နံမည်၊ နေ့ရက်၊ အခမဲ့လက်ဆောင်ရသောပစ္စည်း (လက်ဆောင်ပစ္စည်းပါပါက) စသည်တို့ကို မဖုံးမကွယ် အမှန်အတိုင်းတွေ့ရလိမ့်မယ်။
မူရင်းဆိုင်များမှသာ ၀ယ်ပေးမှာဖြစ်လို့ ပစ္စည်းအတု (သို့) အရည်အသွေးနိမ့် ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါ။ (အောက်လက်တို့၊ တဆင့်ပြန်ရောင်းတဲ့ဆိုင်တို့၊ အွန်လိုင်းက မှာရောင်းတာတို့၊ အိတ်စပို့ကွာလာတီ (စင်ကာပူက အိတ်စပို့ကွာလာတီ ဆိုတာ စင်ကာပူမှာသုံးဖို့အဆင့်မမှီတဲ့ဟာမျိုးကိုပြောတာ)တို့မှ ၀ယ်ပြီး ပြန်ရာင်းနေတဲ့လူတွေနဲ့တော့ အ၀ယ်တော်ကို မနှိုင်းနဲ့နော်)။ ထပ်ပြောပါရစေ။ ၀ယ်ထားတဲ့ အော်ရယ်ဂျီနယ် ဘောက်ချာပေးမှာလေ။ ဒါ့ထက်ပိုသေချာတာ ဘာရှိသေးလဲ။
ဖက်ရှင်သတင်းများ၊ စင်ကာပူတွင် လက်ရှိလုပ်နေသော ပရိုမိုးရှင်းပွဲများသတင်း၊ သုံးစွဲသူများရဲ့အသံ၊ အ၀ယ်တော်ရဲ့ အကြံပေး စတာတွေကို အလျင်းသင့်သလို တင်တင်ပေးမယ်နော်။
ကြည့်ကြည့်ပြီး တန်တာနှင့် ကြိုက်တာဝယ်။
သင်လိုချင်တဲ့ပစ္စည်းကိုလည်း ၀ယ်ရမည့်နေရာ (သိရင်လည်း) ပြောပြီး ၀ယ်ခိုင်းနိုင်တယ်။ အ၀ယ်တော်ကိုလည်း မေးနိုင်ပါတယ်။
ငွေပေးချေခြင်း၊ အော်ဒါလက်ခံခြင်း၊ နှင့် ပစ္စည်းလက်ခံခြင်းများကို ရန်ကုန်ရှိ အ၀ယ်တော်ရဲ့ ခွင့်ပြုထားသော ဆိုင်မှာ ပြုလုပ်ပေးမှာ ဖြစ်တာမို့လို့ ဘာမသိညာမသိ ဘယ်ကမှန်းမသိ အွန်လိုင်းဝန်ဆောင်မှုချည်း သက်သက်မဟုတ်ပါ။
စတင်ဝယ်ခိုင်းသည့်နေ့မှ ၁၀ ရက်ကြာလျှင် ၀ယ်ခိုင်းသည့် ပစ္စည်းရရှိမယ်။ ဒီလိုမြန်တာ။
ဘယ်လိုဝယ်ခိုင်းရမလဲဆိုတာကို သိချင်ရင် သင့်အီးမေးလ် ကို အ၀ယ်တော်ဆီ မတ်ဆော့ခ်ျ ပို့ပေးပါ။ ၀ယ်ခိုင်းရမည့် ပုံစံအပြည့် အစုံကို (မြန်မာဘာသာ ဖြင့်) ပြန်ပြီး ပို့ပေးပါမယ်။
ဖုံးနံပါတ် နှင့် သင့်အီးမေးလ်များ ပေးထားပါက သင်မှာယူထားသောပစ္စည်း ဘယ်နေ့က ၀ယ်ပြီးသွားပြီ၊ ဘယ်နေ့ရောက်မယ်၊ ၀ယ်ယူထားသောဘောက်ချာကော်ပီ စသည်တို့ကို အကြောင်းကြား၊ ပေးပို့ပေးမယ်။
သင်မည်သူဖြစ်သည်ဆိုသည်နှင့် မည်သည့်ပစ္စည်းများဝယ်ခိုင်းသည် တို့ကို (သင်ကိုယ်တိုင်မပြောသရွေ့) အ၀ယ်တော်က ဘယ်သူ့ကိုမှ ပြောပြလိမ့်မည် မဟုတ်။ အဲလိုမျိုးလည်း ပရိုင်ဗင်ဆီ ရှိတာနော်။
သုံးစွဲသူများအတွက်သာ ရည်ရွယ်ထားသော ၀န်ဆောင်မှုဖြစ်ပါသဖြင့် ပြန်ရောင်းမည့်သူများအား (လုံးဝ) မ၀ယ်ပေးနိုင်ပါကြောင်း ကြိုပြီး တောင်းပန်အပ်ပါတယ်နော်။
မည်သို့မှာရမည်နည်း။
၁။ သင်ဝယ်ခိုင်းလိုသည့် ပစ္စည်းအကြောင်းအပြည့်အစုံကို အ၀ယ်တော်ကို ပြောပြီး စုံစမ်းပါ။ သင်အကြောင်းကြားသည့်နေ့မှ ၂ ရက်အတွင်း အ၀ယ်တော် မှပြန်လည် အတည်ပြု အကြောင်းကြားပေးပါမယ် (၀ယ်ပေးလို့ ရနိုင်၊ မရနိုင်၊ လက်ရှိရောင်းချနေသောဈေး စတာတွေကို)။
၂။ ၀ယ်ခိုင်းလိုသူက ၂ ရက်အတွင်း (သို့မဟုတ်) သတ်မှတ်လိုက်သောအချိန်အတွင်း ငွေပေးချေ၍ ၀ယ်ခိုင်းနိုင်ပါတယ်။
၃။ ၀ယ်ခိုင်းလိုက်တာနဲ့ ၃ ရက်အတွင်း အ၀ယ်တော်မှ ပစ္စည်းကိုသွားဝယ်ပေးပါမယ်။
၎။ ၀ယ်ပြီး ၇ ရက်အတွင်း ၀ယ်ခိုင်းတဲ့ပစ္စည်းကို မြန်မာပြည်မှ အ၀ယ်တော်သတ်မှတ်ထားသော ဆိုင်(ရန်ကုန်မြို့) ကိုပို့ပေးလိုက်ပါမယ်။ ၀ယ်ခိုင်းသူကို ပစ္စည်းရောက်ပြီဖြစ်ကြောင်း အကြောင်းကြားပေးပါမယ်။
ကဲဘယ်လောက်လွယ်လဲ။ စ၀ယ်ခိုင်းတဲ့အချိန်ကနေ ၁၀ ရက်အတွင်းပစ္စည်းရမှာနော်။
၅။ နယ်မှမှာယူသူများအတွက်လည်း လွယ်လွယ်ကူကူမှာယူနိုင်အောင် စီစဉ်ထားပါတယ်။ မတ်ဆော့ခ်ျ၊ အီးမေးလ်ပို့ပြီး မေးနော်။
ကဲဒါဆို အ၀ယ်တော်ကို ၀ယ်ခိုင်းတဲ့အတွက် ကျသင့်ငွေကို ပြောတော့မယ်နော်။
သင်မှာတဲ့ပစ္စည်းအတိအကျ ကို ကျသင့်ငွေအတိအကျနဲ့ သင်ဝယ်ခိုင်းတဲ့ဆိုင်မှာ ၀ယ်ပေးမဲ့ အ၀ယ်တော်ဖြစ်တာကြောင့် ၀ယ်ယူပေးခတော့ ပေးနော်။
ဝယ်ပေးခက တစ်ခါဝယ်ပေးရင် (ဆိုင်တူ၊ နေရာတူ၊ ပစ္စည်းတူ၊ နေ့တူ၊ နှစ်ခုထက်မပိုရင်) စင်ကာပူဒေါ်လာ ၃၀ ပဲကျပါတယ်ရှင်။
ကုန်စည်ပို့ခကိုတော့ ပစ္စည်းပေါ်မူတည်ပြီး တွက်ပေးပါမယ်။ အကြမ်းအားဖြင့် ၁ ကီလိုကို စင်ကာပူဒေါ်လာ ၂၀ ကျပါမယ်။ ဒီဟာက စင်ကာပူကနေ မြန်မာပြည် ရန်ကုန်ကဆိုင်အရောက်နော်။
ကားကြပ်လို့ရန်ကုန်ကဆိုင်မှာ လာမယူနိုင်သူများ၊ နယ်မှမှာယူလိုသူများအတွက်ကိုလည်း စီစဉ်ပေးနိုင်ပါတယ်။ ကျသင့်ငွေတော့ ပေးရမှာပေါ့၊ ဟုတ်ဖူးလား။
ဝယ်ခိုင်းတဲ့ပစ္စည်းမရရှိရင် ပေးထားတဲ့ငွေ ကို ၁၀၀% ပြန်ပေးပါမယ်။ ဘာကြေးညာကြေးမှ မဖြတ်ပါ။ ဖြတ်စရာမှ မဟုတ်တာ နော့်။
ကဲ စင်ကာပူတစ်ခေါက် လေယာဉ်လက်မှတ်ခမကုန်ပဲ ဈေးဝယ်ထွက်လိုက်ကြရအောင်။
Awaldaw - Your shopping hand from Singapore!