12/09/2026
🔮 Practical Magic 2 — Magic is back!
TomorrowPlus တို့အတွက် စနေနေ့ Movie Recommendation လေးတစ်ခုနဲ့လာပါပြီ။ 🎬
Rating — PG-13 ဖြစ်လို့ ကလေးငယ်လေးတွေနဲ့ အတူကြည့်ဖို့တော့ သိပ်မသင့်တော်ပါဘူး။
🎬 Practical Magic 2
🧙♀️ Witches • Romance • Family • Magic
✨ The Owens sisters are back.
နှစ်ပေါင်းများစွာကြာပြီးနောက်… Sally နဲ့ Gillian Owens တို့ရဲ့ magical world ထဲကို ပြန်ဝင်ရောက်ဖို့ အချိန်ရောက်လာပါပြီ။ 🖤✨
တကယ်တော့ ဒီကားမထွက်ခင် 1998 ခုနှစ်က Practical Magic ကို ပြန်သွားကြည့်ထားရင် ပိုကောင်းပါတယ်။ 😌
မူရင်းကားကို ကြည့်ဖူးတဲ့သူတွေအတွက်တော့ Practical Magic 2 က sequel တစ်ကားဆိုတာထက် ပိုပါတယ်။
90s nostalgia + sisterhood + romance + witchy vibes တွေကို တစ်ခါတည်း ပြန်ခံစားရမယ့်ကားမျိုးပါ။ 🌙🔮
ဒီတစ်ခါမှာတော့ Owens မိသားစုရဲ့ magic က ဘယ်လိုပြန်လည်နိုးထလာမလဲ၊ Sally နဲ့ Gillian တို့ရဲ့ relationship က ဘယ်လိုပြောင်းလဲလာမလဲဆိုတာကို စောင့်ကြည့်ရမှာပါ။
အထူးသဖြင့်… 👀
Sandra Bullock + Nicole Kidman ဆိုတဲ့ Hollywood ဆရာမကြီးအတွဲကို Sally & Gillian အဖြစ် ပြန်မြင်ရတာတင်ကို မူရင်းကား fan တွေအတွက်တော့ excitement အပြည့်ပါပဲ။ 🥹🖤
အက်မင်ကတော့ ကြည့်ပြီးပါပြီ… 😎
ဒါပေမယ့် တကယ်စိတ်ဝင်စားစရာက—
အသက်တွေကြီးလာပေမယ့် Sandra Bullock + Nicole Kidman တို့ရဲ့ star power နဲ့ screen presence က မပျက်သေးဘူး။ ✨
အဲ့ဒီ chemistry နဲ့ အခုခေတ်ရဲ့ Maisie Williams + Joey King တို့အတွဲက လိုက်နိုင်ပါ့မလား?
ဒီကြားထဲမှာ ကားထွက်နည်းပေမယ့် ထိတိုင်းရွှေ လို့ ပြောလို့ရတဲ့
Dianne Wiest နဲ့ ရွှေတံဆိပ်များရှင် Stockard Channing တို့လို ဆရာ့ဆရာမကြီးနှစ်ယောက်ကလည်း ပါဝင်ထားပြန်ပါတယ်။ 👀
ဆိုတော့…
ခေတ် ၃ ခေတ်ရဲ့ Duo တွေကို Director Susanne Bier က ဘယ်လိုပုံဖော်ပြီး တစ်ကားတည်းထဲမှာ balance လုပ်ထားမလဲ? 🧙♀️✨
အဲ့ဒါကတော့ Practical Magic fan တွေအနေနဲ့ စောင့်ကြည့်ရမယ့် အချက်တစ်ခုပါပဲ။
မူရင်း Practical Magic ကို ကြည့်ဖူးတဲ့သူတွေကတော့ ဒီ sequel ကို ဘယ်လောက်မျှော်လင့်ထားလဲ? 👇
“There’s a little witch in all of us.” 🔮🖤