15/06/2026
Today, who we are is the result of the paths we chose and the decisions we made.
There were good choices and bad choices. But all of them became the causes that shaped who we are today.
There is no need to blame our past selves. At that time, we made the best decisions we could with the knowledge and understanding we had.
The effects of past actions may still appear depending on time and situation. But when we continue to build good thoughts, good words, and good actions every day, the power of those negative past causes will slowly become weaker. Accepting past mistakes and trying to become a better person every day is also part of taking responsibility.
Instead of spending time thinking about who we were yesterday, what is more important is not trying to change the past, but focusing on becoming a better person in the present. The present moment is the only time real change can happen.
Ask yourself, “Am I truly striving to become a better person than I was yesterday?” Let go of your old self and embrace your new self, the one who creates good karma, and let’s work together to build a better life and a better society. 🤍🌍
ယနေ့မိမိရဲ့ဖြစ်တည်မှူဟာ ကိုယ်ရွေးချယ်ခဲ့တဲ့ လမ်းတွေနဲ့ ကိုယ်ချခဲ့တဲ့ ဆုံးဖြတ်ချက်တွေရဲ့ ရလဒ်ပါပဲ။
ကောင်းတဲ့ ရွေးချယ်မှုတွေလည်း ရှိခဲ့မယ်။ မှားတဲ့ ရွေးချယ်မှုတွေလည်း ရှိခဲ့မယ်။ ဒါပေမဲ့ အဲဒီအရာအားလုံးက ဒီနေ့ရဲ့ ကိုယ်ဆိုတာဖြစ်လာဖို့ အကြောင်းတရားတွေ ဘဲဖြစ်ပါတယ်။
အတိတ်က ကိုယ့်ကိုယ်ကို အပြစ်တင်နေဖို့ မလိုပါဘူးအဲဒီအချိန်က ကိုယ်သိသလောက်၊ ကိုယ်နားလည်သလောက်နဲ့ အကောင်းဆုံး ဆုံးဖြတ်ခဲ့တာပါဘဲ
မကောင်းတဲ့ အတိတ်က အကျိုးသက်ရောက်မှုတွေဟာ အချိန်အခါနဲ့ အခြေအနေအလိုက် ပေါ်လာနိုင်သေးပေမဲ့၊ ကောင်းတဲ့ အတွေးတွေ၊ ကောင်းတဲ့ စကားတွေ၊ ကောင်းတဲ့ လုပ်ရပ်တွေကို နေ့စဉ်ဆက်လက်တည်ဆောက်နေတဲ့အခါ အဲဒီ မကောင်းတဲ့ အကြောင်းတရားတွေဟာ ကိုယ့်ဘဝတစ်ခုလုံးကို လွှမ်းမိုးနိုင်တဲ့ အခွင့်အရေးကို တဖြည်းဖြည်း လျော့နည်းသွားစေပါတယ်။ အတိတ်က အမှားများကို လက်ခံပြီး နေ့စဉ် ပိုကောင်းသော လူတစ်ယောက်ဖြစ်ရန် ကြိုးစားခြင်းသည် တာဝန်ယူမှုတစ်ခုလည်း ဖြစ်ပါတယ်။
မနေ့က ဘယ်လိုလူဖြစ်ခဲ့လဲ ဆိုပြီးစဉ်းစာရင်း အချိန်ကုန်နေတာထက် အရေးကြီးတာက အတိတ်ကို ပြောင်းလဲဖို့ မကြိုးစားဘဲ ပစ္စုပ္ပန်မှာ ပိုကောင်းတဲ့လူတစ်ယောက် ဖြစ်လာဖို့ ကြိုးစားနေဖို့သာဖြစ်ပါတယ်။ လက်ရှိအချိန်ဟာအရေးအကြီးဆုံးဖြစ်ပြီး လက်ရှိအချိန်မှာသာကောင်းခြင်းဆိုးခြင်းတွေကိုပြောင်းလဲနိုင်တယ်ဆိုတာကိုနားလည်ထားဖို့လို့ပါတယ်။
“ငါသည် မနေ့ကထက် ပိုကောင်းသော လူတစ်ယောက် ဖြစ်လာဖို့ တကယ်အားထုတ်နေပါသလား” ဆိုတဲ့ မေးခွန်းကို မိမိကိုယ်ကို မေးပြီး Older self ကိုလွှတ်ချကာ ကောင်းမွန်တဲ့ karma တွေကိုဖန်တီးမယ့် newer me ကို embrace လုပ်ကြပါစို့။ 🫂🕊️