Moh Moh book store Books📖📖

အရာရာကို ဖြည့်တွေးပြီး  မျှော်လင့်နေမိတယ်လွှတ်ချမယ်လို့ အကြိမ်ကြိမ်ဆုံးဖြတ်ပေမယ့်ဆုပ်ကိုင်မိနေဆဲနှလုံးသားမှာ နာကြင်ခြင်း...
23/10/2024

အရာရာကို ဖြည့်တွေးပြီး မျှော်လင့်နေမိတယ်

လွှတ်ချမယ်လို့ အကြိမ်ကြိမ်ဆုံးဖြတ်ပေမယ့်
ဆုပ်ကိုင်မိနေဆဲ

နှလုံးသားမှာ နာကြင်ခြင်းတွေ
ဒဏ်ရာတွေနဲ့အတူ

သန်မာဖို့ကို စပြီး ကြိုးစားရပါတော့မယ်
မေတ္တာတရားနဲ့ နွေးထွေးတဲ့ လူတစ်ယောက်အဖြစ်ရှင်သန်ချင်ပါတယ်

သမီးလေးရေ....ဘဝဆိုတာ..... ပျော်စရာတွေကြီးပဲ ဖန်တီးထားတဲ့ ပုံပြင်တစ်ပုဒ် မဟုတ်ပါဘူး...။ပျော်ရွှင်ရတဲ့ အချိန်တွေရှိသလိုနာက...
23/10/2024

သမီးလေးရေ....
ဘဝဆိုတာ..... ပျော်စရာတွေကြီးပဲ ဖန်တီးထားတဲ့ ပုံပြင်တစ်ပုဒ် မဟုတ်ပါဘူး...။

ပျော်ရွှင်ရတဲ့ အချိန်တွေရှိသလို
နာကြင်ဝမ်းနည်းရမဲ့ နေ့ရက်တွေကိုလည်း
မလွဲ မသွေ ကြုံရအုံးမှာပါပဲ..။

" ဖတ်ချင်စရာ ရသကမ္ဘာ "" ရသစာပေဆိုတာက ရသနှစ်သက်ခြင်းတစ်မျိုးမျိုးကိုပေးရင်း လူ့လောကနှင့်စပ်၍ ဝမ်းမြောက်ထိုက်သည်ကို ဝမ်းမြ...
14/03/2023

" ဖတ်ချင်စရာ ရသကမ္ဘာ "

" ရသစာပေဆိုတာက ရသနှစ်သက်ခြင်းတစ်မျိုးမျိုးကိုပေးရင်း လူ့လောကနှင့်စပ်၍ ဝမ်းမြောက်ထိုက်သည်ကို ဝမ်းမြောက်အောင်၊ ဝမ်းနည်းထိုက်သည်ကို ဝမ်းနည်းအောင်၊ ချီးကျူးထိုက်သည်ကို ချီးကျူးတတ်အောင်၊ ရှုတ်ချထိုက်သည်ကို ရှုတ်ချတတ်အောင်ပြု၍ ကိုယ်ပိုင်အတွေးအခေါ်နှင့် ကိုယ်ပိုင်ဘဝအသိဉာဏ်တို့ကိုအားပေးရန် စာရေးဆရာ၏ ပဋိဘာန်ဉာဏ်စွမ်းအားဖြင့် ဖန်တီးသောစာမျိုးဖြစ်သည်ဟု " ဆရာဇော်ဂျီက ရသစာပေ၏သဘော အဖွင့်နှင့် နိဒါန်း စာအုပ်မှာဆိုထားပါတယ်။

ရသစာပေတွင် ဝတ္ထု၊ ကဗျာ၊ ပြဇာတ် စာပေအမျိုးအစားများ ပါဝင်၍ လူမျိုးတစ်မျိုးနိုင်ငံ တစ်နိုင်ငံ၏ စရိုက်လက္ခဏာနှင့် စေတနာကို ဖော်ကျူးလေ့ရှိပါတယ်။ ဒါကြောင့် ရသစာကောင်းပေမွန်များ ဖွံ့ဖြိုးတိုးတက်ရေးသည် စာပေဖွံ့ဖြိုးရေးအတွက် အရေးပါလှပါတယ်။

ရသစာ​ပေ​ဟာ ဘဝမျိုးစုံကို ပြတင်း​ပေါက်က
မြင်​နေရသလို လှစ်ဟ​ဖော်ပြနိုင်စွမ်းရှိပါတယ်...
ဇာတ်​ကောင်အမျိုးမျိုးရဲ့ စိတ်​တွေ၊ အမူအကျင့်​
တွေနဲ့ သရုပ်သဏ္ဍာန်အမျိုးမျိုးထဲ စီးဝင်ပြီး
ဘ၀အမျိုးမျိုးကို စာမျက်နှာတွေကတဆင့်
စာဖတ်သူတို့ .. ဖြတ်သန်းတွေ့ဆုံနိုင်ပါတယ်..

ရသစာအုပ်များ ဖတ်ရှုခြင်းဟာ...
ပျော်ရွှင်ခံစားမှု သက်သက်သာမကဘဲ
ဘ၀ရဲ့ ရင့်ကျက်မှုနဲ့ နှလုံးသားအလှကို
ရေးခြယ်ပေးတဲ့ အနုပညာတစ်ရပ်ပါ...

လူငယ်စာဖတ်သူများ တနည်းအားဖြင့် ရသစာပေကိုမြတ်နိုးသူများအတွက် အလွယ်တကူရွေးချယ်ဖတ်ရှုနိုင်ရန် ရသစာကောင်းပေမွန်များကို တင်ပြပေးလိုက်ရင်းဖြင့် မွန်းကျပ်မောပန်းနေတဲ့ ဘ၀ကို
ရသစာအုပ်လေးတွေနဲ့ ခိုနားစေချင်ပါတယ်..💛



စာအုပ်လေးတွေဖတ်ရင်း ပျော်ရွှင်သောနေ့ရက်လေးတွေ ဖန်တီးနိုင်ပြီး စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတကြွယ်ဝပါစေ၊ စာပေဖြင့် ဘဝလမ်းမှန်ကို ရှာဖွေရှင်သန်နိုင်ပါစေ​ ။

Moh Moh book store

📖 မျှော်လင့်ခြင်းတို့ ရှင်သန်စေ...✍️ နန်းတင်မိုးသူ📃 စာမျက်နှာ 166“ မျှော်လင့်ချက်တွေ မဆိတ်သုန်းစေဖို့ …မျှော်လင့်ထားတဲ့ ...
14/03/2023

📖 မျှော်လင့်ခြင်းတို့ ရှင်သန်စေ...
✍️ နန်းတင်မိုးသူ
📃 စာမျက်နှာ 166

“ မျှော်လင့်ချက်တွေ မဆိတ်သုန်းစေဖို့ …
မျှော်လင့်ထားတဲ့ ရည်မှန်းချက်တွေအကောင်အထည်ဖော်တဲ့နေရာမှာ
ဘယ်လိုစိတ်ဓာတ်မျိုးထားသင့်လဲ ??? ”

အပုဒ်ရေ ၆၆ပုဒ် ပါဝင်ပြီး မနန်းရဲ့ ဘဝအကြောင်း၊ မိသားစုအကြောင်း၊ ကြိုးစားအားထုတ်ခဲ့ရပုံ၊ အခက်အခဲတွေကြားက တွန်းကန်ရုန်းထွက်ခဲ့ရပုံ၊ စိတ်ဓာတ်ခွန်အားပြန်လည် တည်ဆောက်ခဲ့ရပုံ၊ လုပ်ငန်းတစ်ခု အောင်မြင်ဖို့ ရင်းနှီးပေးဆပ်ခဲ့ရပုံနဲ့ ဘဝအတွေ့အကြုံအဖုံဖုံကို ပြန်လည်မျှဝေပေးထားတဲ့ စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါတယ်...

‼️စာအုပ်တစ်အုပ်လုံး ရောင်စုံဓာတ်ပုံတွေနဲ့ ကာလာအပြည့်ဖြစ်ပြီး အခန့်ချုပ်ချုပ်ပေးထားတာဖြစ်လို့ လက်ဆောင်ပေးဖို့လည်းသင့်တော်သလို ကိုယ်တိုင်သိမ်းဆည်းဖတ်ရှုဖို့လည်း သင့်တော်ပါတယ်‼️

စာအုပ်လေးတွေဖတ်ရင်း ပျော်ရွှင်သောနေ့ရက်လေးတွေ ဖန်တီးနိုင်ပြီး စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတကြွယ်ဝပါစေ၊ စာပေဖြင့် ဘဝလမ်းမှန်ကို ရှာဖွေရှင်သန်နိုင်ပါစေ​။

📖 ငါ့ဘဝအတွက် ငါလုပ်နိုင်တယ်✍️ နေထွန်းလင်း📃 စာမျက်နှာ 127” တက်ကျမ်းလို့ပဲခေါ်ခေါ် ခွန်အားပေးစာစုတွေလို့ပဲခေါ်ခေါ်  စိတ်ခွ...
05/03/2023

📖 ငါ့ဘဝအတွက် ငါလုပ်နိုင်တယ်
✍️ နေထွန်းလင်း
📃 စာမျက်နှာ 127

” တက်ကျမ်းလို့ပဲခေါ်ခေါ် ခွန်အားပေးစာစုတွေလို့ပဲခေါ်ခေါ် စိတ်ခွန်အားပေးနိုင်တဲ့ စာအုပ်တွေက ကျွန်တော်တို့ လူသားမျိုးနွယ်အတွက်တကယ်ပဲ အထူးလိုအပ်ပါတယ် .. ဘာကြောင့်လဲဆိုတော့ လူသားတွေဟာကိုယ့်ဖြစ်တည်မှုနဲ့ ခံစားမှုအပေါ်မှာတိတ်တိတ်လေး ဘယ်သူမှ မသိအောင်ကျိတ်ပြီး ကြေကွဲခံစားစိတ်ဓာတ်ကျနေတတ်သူတွေဖြစ်နေတတ်လို့ပါပဲ .. “ဒါကြောင့် သင့်အနေနဲ့ ဘ၀မှာ လဲပြိုကြတယ် .. မတ်တပ်ပြန်ရပ်ဖို့ အင်အားတွေ လိုနေတယ်ဆိုရင် အခုစာအုပ်နဲ့အတူ ဘ၀ကို အကောင်းဆုံး ပြန်လည်တည်ဆောက်နိုင်မယ်ဆိုတာကတော့ အာမခံပါတယ် ..

ဒီစာအုပ်ထဲမှာ စိတ်ခွန်အားနှင့် တန်ဖိုး ၊ စိတ်၏ယုံကြည်မှု တည်ဆောက်ခြင်းဆိုင်ရာ လေ့ကျင့်ခန်းများကို ပုံလေးများနှင့်တကွ ရိုးရှင်းစွာ ဖော်ပြထားလို့ ဖတ်ရတာ နားလည်လွယ်ကူပြီး အကျိူး တစ်စုံတစ်ရာ ရရှိစေပါလိမ့်မယ်။

စာအုပ်လေးတွေဖတ်ရင်း ပျော်ရွှင်သောနေ့ရက်လေးတွေ ဖန်တီးနိုင်ပြီး စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတကြွယ်ဝပါစေ၊ စာပေဖြင့် ဘဝလမ်းမှန်ကို ရှာဖွေရှင်သန်နိုင်ပါစေ​။

Moh Moh book store

05/03/2023
❝ သောကနဲ့ဝေးရာဆီ ❞" ဒီစာအုပ်ကလေးဟာ စိတ်သောကလှောင်အိမ်ထဲမှာ ပိတ်မိနေတဲ့သူတွေအတွက် ထွက်ပေါက်ကလေးတစ်ခု..စိတ်လွတ်မြောက်ရာတံခ...
05/03/2023

❝ သောကနဲ့ဝေးရာဆီ ❞

" ဒီစာအုပ်ကလေးဟာ စိတ်သောကလှောင်အိမ်ထဲမှာ ပိတ်မိနေတဲ့သူတွေအတွက် ထွက်ပေါက်ကလေးတစ်ခု..
စိတ်လွတ်မြောက်ရာတံခါးလေးတစ်ချပ်..
ပျော်ရွှင်ငြိမ်းချမ်းမှုရဲ့သော့ကလေးတစ်ချောင်း ဖြစ်ပါစေ "

ခုလိုအချိန်မျိုးမှာ လူတိုင်းလူတိုင်းမှာ သောကကိုယ်စီနဲ့ ..မရေရာမသေချာတဲ့ ဘဝခရီးလမ်းကို လျှောက်လှမ်းနေရပါတယ်..။ စွန့်လွှတ်မှုတွေ..ဆုံးရှုံးမှုတွေ..စတေးမှုတွေ..ပေးဆပ်မှုတွေများစွာနဲ့ မနက်ဖြန်ဆိုတာကို မျှော်လင့်ဖို့ ခက်ခဲနေချိန်မျိုးပါ..။ ရင်နဲ့အမျှ ခံစားနေရတဲ့ သောကဝေဒနာတွေကြောင့် လူတိုင်းရဲ့စိတ်ဟာ လေးလံကျဉ်းကြပ်နေမှာ သေချာပါတယ်..။ ဘဝမှာ ဘာဆက်လုပ်လို့ လုပ်ရမှန်းမသိအောင် သောကတွေဖိစီးလာတဲ့အခါ.. အဲ့ဒီသောကတွေနဲ့ ဝေးရာဆီကို ခဏလေးဖြစ်ဖြစ် ထွက်ပြေးချင်ကြတာ သဘာဝပါပဲ..။ အသိဉာဏ်ပညာ ရင့်သန်လာတာနဲ့အမျှ..သောကတွေနဲ့ ထာဝရဝေးကွာဖို့ ပိုမိုကြိုးစားအားထုတ်ဖြစ်ကြပါတယ်..။

ပခုံးပေါ်မှာ..ရင်ဘတ်ထဲမှာ လွယ်ပိုးသယ်ဆောင်ထားရတဲ့ စိတ်သောက..ပူပန်ကြောင့်ကြတွေကို လွှတ်ချလိုက်နိုင်ဖို့ အရေးကြီးပါတယ်..။ လွှတ်ချနိုင်သ၍..ပေါ့ပါးလာတာကိုလည်း ကိုယ်တွေ့ခံစားရပါလိမ့်မယ်..။ ဘဝမှာ ဘယ်အရာက အရေးကြီးသလဲ..ဘာကိုရွေးခြယ်သင့်သလဲ..ဘာလုပ်သင့်သလဲ..ဘာကိုစွန့်လွှတ်သင့်သလဲ..စိတ်ရဲ့ငြိမ်းချမ်းကြည်လင်မှုကလေးကို ဘယ်လိုထိန်းသိမ်းစောင့်ရှောက်မလဲ..စသဖြင့် ကျွန်မသိထားသမျှလေးတွေ..အတွေ့အကြုံ..အသိပညာလေးတွေကို ချစ်သောပရိတ်သတ်နဲ့ မျှဝေချင်တဲ့ စေတနာ မေတ္တာအရင်းခံနဲ့..”သောကနဲ့ဝေးရာဆီ..”ဆိုတဲ့ စာအုပ်ကလေးကို ရေးသားခဲ့ခြင်းဖြစ်ပါတယ်..။

ကျွန်မရဲ့ စာဖတ်ပရိတ်သတ်အနေနဲ့ “သောကနဲ့ဝေးရာဆီ..” ဆိုတဲ့ စာအုပ်ကလေးကို ဖတ်ပြီး စာအုပ်ကလေးထဲက စာကြောင်းလေးတစ်ကြောင်းဆီကနေဖြစ်စေ..စာတစ်ပုဒ်ဆီကနေဖြစ်စေ..အသိပညာကလေးတစ်ခုခု ရရှိခံစားမိပြီး သောကနဲ့ ဝေးရာဆီကို စတင်လျှောက်လှမ်းနိုင်ခဲ့မယ်ဆိုရင်..ကျွန်မ ပျော်ရွှင်ကျေနပ်ရပါပြီ..။ ဒီစာအုပ်ကလေးဟာ စိတ်သောကလှောင်အိမ်ထဲမှာ ပိတ်မိနေတဲ့သူတွေအတွက်..ထွက်ပေါက်ကလေးတစ်ခု..စိတ်လွတ်မြောက်ရာတံခါးလေးတစ်ချပ်..ပျော်ရွှင်ငြိမ်းချမ်းမှုရဲ့သော့ကလေးတစ်ချောင်း ဖြစ်ပါစေလို့ မျှော်လင့်ယုံကြည်လျက်…။

------------------------&&&----------------------

❝ ဒီနေ့ပျော်ပါ ❞
​
ဒီနေ့ပျော်ပါ ​ဘာလို့လဲဆိုတော့ ဒီနေ့ကသာ သေချာမှုရှိလို့ပါ။ တစ်နေ့ တစ်နေ့ အချိန်တွေက အကုန်မြန်လွန်းပါတယ်။ မနေ့ကဖြစ်ခဲ့တဲ့ အရာတွေ...၊ ခံစားခဲ့ရသမျှတွေ...၊ ဆုပ်ကိုင်ခဲ့သမျှတွေဟာ ပျောက်ပျက်လွင့်ပြယ်သွားခဲ့ပါပြီ။ ဆုပ်တွယ်သိမ်းဆည်းထားချင်လို့လည်း မရတော့ပါဘူး။ အရာရာဟာ ချုပ်ပျက်ငြိမ်းသွားခဲ့ပါပြီ။ မနက်ဖြန် ဘာတွေဖြစ်လာဦးမှာလဲ...လို့လည်း ကြိုပြီးမှန်းဆတွေးမနေပါနဲ့...၊ မနက်ဖြန်ဆိုတာ မသေချာတဲ့အရာတစ်ခုပါပဲ။

​လူတွေဟာ အချိန်မရွေး သေဆုံးသွားနိုင်ပါတယ်။ အချိန် မရွေး ကိုယ်ချစ်ခင်တန်ဖိုးထားရတဲ့သူတွေကို လက်လွတ်ဆုံးရှုံး လိုက်ရနိုင်ပါတယ်။ အချိန်မရွေး အနာရောဂါတစ်ခုခု ဖိစီးနှိပ်စက်တာကိုလည်း ခံချင်ခံရနိုင်ပါတယ်။ မမြင်နိုင်တဲ့ အန္တရာယ်တွေ...၊
စိုးရိမ်ပူပန်ရမှုတွေ...၊ လက်လွှတ်ဆုံးရှုံးလိုက်ရမှုတွေက အချိန်မရွေး နေရာမရွေး ထောင့်ပေါင်းစုံကနေ ဝင်ရောက်လာနိုင်တာမို့ ဒီနေ့ကလေးကို ပျော်ပျော်ရွှင်ရွှင်ကလေး ဖြတ်သန်းကြည့်ပါ။

ပျော်ရွှင်မှု ကလေးကို ဒီနေ့ပိုင်တယ်လို့ တွေးကြည့်ပါ။ ဘယ်လို စိတ်အနှောင့် အယှက်ဖြစ်စရာ...လူဖြစ်စေ၊ အကြောင်းအရာဖြစ်စေ၊ အာရုံတစ်ခုခု ကဖြစ်စေ...ကိုယ့်ရဲ့ ကြည်လင်ပျော်ရွှင်နေတဲ့ စိတ်ကလေးကို အထိခိုက်မခံပါနဲ့။ စိတ်ညစ်သွားလည်း ခဏလေးသာညစ်ပါ။ အဲ့ဒီညစ်သွားတဲ့စိတ်ကို သေသေချာချာစောင့်ကြည့်ပါ။ ညစ်တဲ့ စိတ်ကလေးကလည်း ဖျတ်ခနဲ ချုပ်ငြိမ်းသွားရတာပါပဲ။

​မနက်မိုးလင်းလို့ အိပ်ရာက နိုးပြီဆိုတာနဲ့ ကိုယ့်ကိုယ်ကိုယ် ကတိပေးကြည့်ပါ။ ငါ ဒီနေ့ ပျော်အောင်နေမယ်။ စိတ်ညစ်စရာတွေ၊ စိတ်ရှုပ်စရာတွေ၊ ပူပန်စရာတွေကို တတ်နိုင်သမျှရှင်းထုတ်မယ်... မတွေးဘဲနေကြည့်မယ်။ ပျော်ရွှင်စရာ စိတ်ချမ်းသာစရာ အကောင်း မြင်တဲ့ အတွေးလေးတွေနဲ့ပဲ ဒီနေ့ပျော်မယ်။ အဲ့ဒီလို တွေးကြည့်ပေး ပါ။ အဲ့ဒီအတွေးမျိုးကို နေ့တိုင်းတွေးတဲ့အခါ အကျင့်တစ်ခုလို စွဲမြဲ လာစေပါတယ်။

​ကျွန်မတို့ရဲ့သဘာဝက ပြင်ပလောကရဲ့ အာရုံတွေနောက်ကို အမောတကောလျှောက်လိုက်မိရင်း ပျော်ရွှင်မှုနဲ့ ဝေးနေတတ်ပါတယ်။ ပျော်ရွှင်မှုဆိုတဲ့အရာဟာ ကြည်လင်ငြိမ်းချမ်းနေတဲ့စိတ်မှာသာ ပေါ်ပေါက်လာတာမျိုးပါ။ လှုပ်ရှားပူလောင်နေတဲ့စိတ်မှာ ပျော်ရွှင်မှုဆိုတာ ဘယ်လိုလုပ်ပြီး ရှိနိုင်ပါ့မလဲ...။ ဥပမာ...ပျော်ရွှင်ချင်လို့ ပျော်ပွဲရွှင်ပွဲတွေသွားမယ်...၊ ရုပ်ရှင်ကြည့်မယ်...၊ စတေ့ရှ်ရှိုး ပွဲကြည့်မယ်...၊ ကမယ်ခုန်မယ် သီချင်းဆိုမယ်...အဲ့ဒီအချိန်မှာရတဲ့ ပျော်ရွှင်မှုဟာ တဒင်္ဂပါပဲ။ အဲ့ဒီပွဲတွေပြီးသွားချိန်မှာ ကိုယ့်ရဲ့ပျော်ရွှင် စိတ်ကလေးက ဖယောင်းတိုင်မီးကလေးလို ဖျတ်ခနဲ ငြိမ်းသွားတာ ပါပဲ။

​ဒါဆို ပျော်ရွှင်မှုဆိုတာကို ဘယ်မှာရှာရမလဲ...။ ကိုယ့်ရဲ့ စိတ်သန္တာန်မှာသာ ရှာရမှာဖြစ်ပါတယ်။ တည်ငြိမ်နေတဲ့စိတ်၊ ကြည်လင်နေတဲ့စိတ်၊ လိပ်ပြာလုံခြုံနေတဲ့စိတ်၊ နောင်တကင်းနေ တဲ့စိတ်၊ တစ်နည်းအားဖြင့်ပြောရရင် အကုသိုလ်ကင်းနေတဲ့စိတ် ဟာ ပျော်ရွှင်နေတဲ့စိတ်ပါပဲ။

​ဥပမာပြောရရင် ကျွန်မရဲ့ ကိုယ်ပိုင်အတွေ့အကြုံကလေးကို မျှဝေရမယ်ဆိုရင် တရားထိုင်ပြီးတဲ့အချိန်ကလေးဟာ ကိုယ်ရော စိတ်ပါ ကြည်လင်ငြိမ်းချမ်းနေချိန်မို့ ပျော်ရွှင်တဲ့စိတ်ကလေးကို ခံစားမိတတ်ပါတယ်။ တရားတစ်ပုဒ် နာပြီးချိန်မှာလည်း ပျော်ရွှင်တဲ့ စိတ်ကလေး အငြိမ်းဓါတ်ကလေးကို ခံစားမိတာပါပဲ။

နောက် တစ်ခါ...အကူအညီလိုအပ်နေတဲ့ သူတစ်ယောက်ကို သူလိုအပ်နေတဲ့အရာကလေး ဖြည့်ဆည်းပေးလိုက်ရတဲ့အခါလည်း ပျော်ရွှင်ရတာပါပဲ။ ပျော်ရွှင်မှုဟာ စိတ်ကောင်းစေတနာကောင်းမှာလည်း မြစ်ဖျားခံပါတယ်။ လိုအပ်နေတဲ့သူတစ်ယောက်ကို စေတနာသန့်သန့်နဲ့ ဘာမှမျှော်ကိုးမှုမပါဘဲ အတတ်နိုင်ဆုံး အကောင်းဆုံးလေး လုပ်ပေးလိုက်လို့ တစ်ဖက်လူပျော်ရွှင်သွားတာကို မြင်ရတဲ့အခါ ကိုယ်လည်း တသိမ့်သိမ့် ပျော်ရွှင်ကြည်နူးရတာပါပဲ...။

​သူများဆီက ရယူလိုက်ရတာထက် သူလိုအပ်နေတာကို ဖြည့်ဆည်းပေးလိုက်ရတာ ပိုပြီး ပျော်ရွှင်ကျေနပ်စရာကောင်းပါတယ်။ ဒါကြောင့် ဒီနေ့ ပျော်ကြည့်ပါ။ ကိုယ့်စိတ်ကို ပျော်ရွှင်စေ မယ့် အရာတစ်ခုခုကို လုပ်ကြည့်ပါ။ တရားထိုင်တာပဲဖြစ်စေ...၊ တရားနာတာပဲဖြစ်စေ...၊ လိုအပ်နေသူတစ်ယောက်ယောက်ကို ကူညီဖြည့်ဆည်းပေးတာပဲဖြစ်စေ...လုပ်ကြည့်စေချင်ပါတယ်။ ပျော်ရွှင်ရတဲ့အရသာကို ကိုယ်တွေ့ချက်ချင်း ခံစားရမှာ သေချာ ပါတယ်။

​ခင်မင်ရတဲ့ ညီမလေးတစ်ယောက် ရှိပါတယ်။ သူ့ကြည့် လိုက်ရင် အမြဲပြုံးပျော်နေတတ်ပြီး သူ့ဆီက အပျော်ဓါတ်ကလေး တွေ အမြဲကူးစက်စေပါတယ်။ သူတတ်နိုင်တာ...၊ သူ ဝါသနာပါ တာလေးတွေဖြစ်တဲ့ ဟင်းကလေးတွေချက်၊ ဖေ့စ်ဘုတ်ပေါ်ကနေရောင်းပေးပြီး လိုအပ်နေတဲ့သူတွေဆီ ပြန်လှူတတ်တဲ့ညီမလေးပါ။ သူ့ကို ကြည့်လိုက်ရင် မမောနိုင်မပန်းနိုင် ပျော်ရွှင်နေတာပါပဲ။

​ပျော်ရွှင်မှုဆိုတဲ့ အရာကလည်း ကိုယ်ကသာ စိတ်ထား တတ်မယ်ဆိုရင် ကိုယ့်ဆီ နေ့တိုင်းအလည်လာတတ်တဲ့ ဧည့်သည် ကလေးပါ။
​ဒါကြောင့်...ဒီနေ့ပျော်ပါ...၊ နေ့တိုင်းပျော်ပါ...။

လွန်ထားထား(ဆေးတက္ကသိုလ်)ရဲ့

"သောကနဲ့ဝေးရာဆီ"
"ဒီနေ့ပျော်ပါ" စာအုပ်(၂)ကိမှာယူနိုင်ပါပြီ



စာအုပ်လေးတွေဖတ်ရင်း ပျော်ရွှင်သောနေ့ရက်လေးတွေ ဖန်တီးနိုင်ပြီး စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတကြွယ်ဝပါစေ၊ စာပေဖြင့် ဘဝလမ်းမှန်ကို ရှာဖွေရှင်သန်နိုင်ပါစေ​။

Moh Moh book Moh Moh book store

ဘဝဘဝ . . . အဆက်ဆက်က နှစ်ဖြာရေစက် . . . မပျက်ခဲ့တာကြောင့် တွဲခဲ့ရတဲ့ရွှေလက်တွေ ဆက်လက်ခိုင်မြဲနေစေဖို့ ရည်ရွယ်ရေးသားထားတဲ့...
05/03/2023

ဘဝဘဝ . . . အဆက်ဆက်က
နှစ်ဖြာရေစက် . . . မပျက်ခဲ့တာကြောင့်
တွဲခဲ့ရတဲ့ရွှေလက်တွေ ဆက်လက်ခိုင်မြဲနေစေဖို့ ရည်ရွယ်ရေးသားထားတဲ့

📖 ကျေနပ်စွာ လမ်းခွဲခြင်း
✍️ မွန်ဟော်စီ
📃 စာမျက်နှာ - 228

ဒီစာအုပ်ရဲ့ ခေါင်းစဉ်ကိုကြည့်ပြီး . . . ကွဲဖို့ကွာဖို့အကြောင်းတွေကိုချည်း ရေးထားတဲ့စာအုပ်လို့မထင်စေချင်ပါဘူး . . . ။ တကယ်တော့ ဒီစာအုပ်ဟာ ဘဝဘဝ . . . အဆက်ဆက်က နှစ်ဖြာရေစက် . . . မပျက်ခဲ့တာကြောင့် တွဲခဲ့ရတဲ့ရွှေလက်တွေ ဆက်လက်ခိုင်မြဲနေစေဖို့ ရည်ရွယ်ရေးသားထားတဲ့စာအုပ်ဖြစ်ပါတယ်။

မေတ္တာတရား နားလည်ခြင်းယုံကြည်ခြင်း . . . ၊ သည်းခံခွင့်လွှတ်ခြင်း . . . ၊ ရင့်ကျက်ခြင်း . . . ၊ နွေးထွေးခြင်း . . . မိမိကိုယ်ကိုတန်ဖိုးထားတတ်ခြင်း စတဲ့ ချစ်ခြင်းရဲ့ အနုပညာတွေကို ခံစားနားလည်နိုင်ဖို့အတွက်ပဲဖြစ်ပါတယ်လို့ ဆရာမမွန်ဟောစီကဆိုထားပါတယ်။

🔸 မကျန်းမာသော ဆက်ဆံရေးများ
🔸 သာယာပျော်ရွှင်သော အိမ်ထောင်ရေး၊ ကျန်းမာသော ဆက်ဆံရေးများ
🔸 ကျေနပ်စွာလမ်းခွဲခြင်း
🔸 တစ်ကိုယ်တော် . . . ဘဝ နှင့်
🔸 Bonus ဆိုပြီး ခေါင်းစဉ်ကြီး ၅ ခုနဲ့ ဆွေးနွေးပေးထားပါတယ်။

စာအုပ်လေးတွေဖတ်ရင်း ပျော်ရွှင်သောနေ့ရက်လေးတွေ ဖန်တီးနိုင်ပြီး စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတကြွယ်ဝပါစေ၊ စာပေဖြင့် ဘဝလမ်းမှန်ကို ရှာဖွေရှင်သန်နိုင်ပါစေ။


Moh Moh book store

🥰“ ကိုယ့်နေရာလေးနဲ့ ကိုယ်နေပါ...။”🥰ဆံပင်လေးတွေ ခေါင်းပေါ်မှာ ရှိနေချိန်ကလေးမှာတော့..လှလိုက်တာ..ပိုးသားမျှင်ကလေးတွေလိုပဲ…...
27/02/2023

🥰“ ကိုယ့်နေရာလေးနဲ့ ကိုယ်နေပါ...။”🥰

ဆံပင်လေးတွေ ခေါင်းပေါ်မှာ ရှိနေချိန်ကလေးမှာတော့..လှလိုက်တာ..ပိုးသားမျှင်ကလေးတွေလိုပဲ…ချစ်လိုက်မြတ်နိုးလိုက်တာ..ဒီဆံပင်ရှည်လေးတွေကို တယုတယ သိမ်းသပ်ပေးလိုက်ရတာ..အရိပ်တကြည့်ကြည့် အမြတ်တနိုးရှိလိုက်တာ..။

ဒီဆံပင်လေးတွေကြောင့် မျက်နှာကလေး လှပချစ်ခင်စဖွယ် ကောင်းနေခဲ့တာပေါ့..။ ချစ်သူကလည်း ဆံပင်လေးတွေကို လက်ကလေးနဲ့ တယုတယ ထိတို့ဆော့ကစားလို့ ကလူ၏သို့ မြှူ၏သို့ ရှိခဲ့သည်ပေါ့..။

အဲ့ဒီဆံပင်လေးတွေဟာ..ကော်ဇောကြမ်းပြင်ပေါ်မှာ..ရေချိုးခန်းထဲမှာ..အထူးသဖြင့် အစားအစာထဲမှာ ပါလာခဲ့ပြီဆိုရင်တော့ အင်မတန်စိတ်ပျက်ရွံရှာစရာကောင်းတဲ့ အရာတစ်ခုဖြစ်သွားခဲ့ပါပြီ..။ တရားသဘောနဲ့ ကြည့်မယ်ဆိုရင်တော့.. မမြဲတဲ့သဘော..အနိစ္စသဘောလေးကို ဆင်ခြင်မိပြန်ပါတယ်..။

ဒီအကြောင်းလေးကို အခြေခံပြီး ဝတ္ထုတိုလေးတစ်ပုဒ် ကျွန်မရေးဖြစ်ခဲ့ပါတယ်..။ ပိုးသားလေးတွေလို နက်မှောင်ရှည်လျားတဲ့ ဆံပင်ရှည်ရှည်ပိုင်ရှင် မိန်းကလေးတစ်ယောက်..သူ့ချစ်သူက သူမရဲ့ ဆံပင်ရှည်တွေကို အရမ်းမြတ်နိုးစွဲလန်းခဲ့သူပါ..။

တစ်နေ့တော့ သူမတို့အိမ်ကို ချစ်သူကောင်လေးကို ဖိတ်ပါတယ်..။ ကောင်မလေးကိုယ်တိုင် ချက်ပြုတ်ပြင်ဆင်ထားတဲ့ အုန်းနို့ခေါက်ဆွဲနဲ့ ဧည့်ခံကျွေးမွေးပါတယ်..။ ခေါက်ဆွဲပန်းကန်ထဲမှာ ပါလာတဲ့ ကောင်မလေးရဲ့ဆံချည်မျှင်ရှည်တစ်ချောင်းကြောင့် ကောင်လေးက ရွံရှာစိတ်နဲ့ ဒေါသတကြီးပေါက်ကွဲပြီး လမ်းခွဲလိုက်ရတဲ့ ဇာတ်လမ်းလေးပါ..။

တကယ့်လက်တွေ့ဘဝမှာလည်း ကျွန်မက ဆံပင်ရှည်သူဆိုတော့ တစ်ခါတစ်လေ ခင်ပွန်းအတွက်ပြင်ဆင်ပေးတဲ့ ဟင်းခွက်ထဲမှာ ဆံပင်တစ်ချောင်း မတော်တဆပါသွားခဲ့တဲ့အခါ..ကျွန်မမှာ သူ့ကို အားတွေနာပြီး တောင်းပန်ရပါတယ်..။ သူကတော့ ကျွန်မရဲ့ဇာတ်လမ်းထဲကလို ဒေါသကြီးသူ မဟုတ်တော့ မျက်နှာလေးရှုံ့ပြ..ကိုယ်ကို ဆတ်ခနဲတွန့်ပြပြီး ရွံ့တဲ့သဘော..အသည်းယားတဲ့ပုံစံမျိုး အမူအရာလေးနဲ့သာ ပြသတတ်ပါတယ်..။

အဲ့ဒါဘာကြောင့်လဲ…။ ဆံပင်လေးတွေအတွက်နေရာဟာ.. ခေါင်းမှာပဲ နေရမယ်ဆိုတာ သဘာဝတစ်ခုပါ..။ သူ့နေရာသူမနေဘဲ တခြားနေရာရောက်သွားရင် ငြင်းဆန်ခြင်း..မနှစ်လိုခြင်း..ရွံရှာခြင်းခံရပါလိမ့်မယ်..။ သူ့နေရာလေးနဲ့ သူ ကိုယ့်နေရာလေးနဲ့ကိုယ် နေသင့်တဲ့ စည်းတစ်ခုကြောင့်ဖြစ်ပါတယ်..။

လူမှုဆက်ဆံရေးမှာလည်း ဒီသဘောပါပဲ..။ ကိုယ့်နေရာလေးမှာကိုယ်နေမယ်ဆိုရင်..ဘာပြဿနာမှ ဖြစ်စရာမရှိပါဘူး..။ ဥပမာ ပြောရရင် ကျွန်မနဲ့ ခင်ပွန်းဖြစ်သူဟာ..ချစ်သူတွေလို..သူငယ်ချင်းလို..မောင်နှမလို..တရားထိုင်ဖော်လို စသဖြင့် နေရာလေးတွေ ရှိပါတယ်..။ ဒီနေရာလေးတွေမှာဆိုရင် အဆင်ပြေပါတယ်…။

ကျွန်မက နေရာတကာ သူ့ကိုပါဝင်စွက်ဖက်ထိန်းချုပ်ဖို့ ကြိုးစားမယ်ဆိုရင် အဆင်မပြေတော့ပါဘူး..။ ကျွန်မက သူ့မိခင်နေရာ..သူ့အလုပ်ရှင်နေရာမှာဝင်ပြီး သူ့ကို ဆုံးမသွန်သင်ခွင့်..အမိန့်တွေပေးချုပ်ချယ်ခွင့်မရှိဘူးဆိုတာကို သဘောပေါက်ထားဖို့လိုပါတယ်..။ သတိမထားမိဘဲ စည်းကျော်မိရင်..ပြဿနာတက်တတ်ပါတယ်..။

အဲ့ဒီလိုပဲ သူ့ဘက်ကလည်း ကျွန်မနဲ့ ပေါင်းသင်းဆက်ဆံရေးမှာ သူ့နေရာလေးနဲ့ သူနေပြီး စည်းကျော်လေ့မရှိပါဘူး..။ ကျွန်မ မလိုအပ်ဘဲ..သူ့ဆီက မတောင်းခံဘဲ အကြံဥာဏ်တွေ..ဇွတ်မပေးတတ်ပါဘူး..။ ကျွန်မရဲ့ personal ကိစ္စတွေမှာ သူ ဝင်မစွက်ဖက်တတ်ပါဘူး..။ဒါဟာ သူ့နေရာလေးနဲ့ သူနေတတ်တဲ့ သဘောပါ..။

ကိုယ့်နေရာကိုယ်မနေဘဲ နေရာတကာဝင်ပါလို့ ပြဿနာတွေတက်ရတဲ့ ဆက်ဆံရေးတွေကိုတွေ့ဖူးပါတယ်..။ တကယ်တော့ ကျွန်မတို့မှာ ကိုယ်ပိုင်နေရာ..ကိုယ်ပိုင်လွတ်လပ်ခွင့်..ကိုယ်ပိုင် ပိုင်ဆိုင်ခွင့်ဆိုတာ ရှိရပါမယ်..။ ဘယ်သူနဲ့မဆို ဆက်ဆံရေးတိုင်းမှာ စည်း boundary ဆိုတာရှိရပါမယ်..။

ကိုယ့်နေရာကလေးမှာ ကိုယ်နေတတ်ရင် လူတိုင်းရဲ့ တန်ဖိုးထားလေးစားမှုကို ခံယူရမှာဖြစ်ပါတယ်..။ ကိုယ့်နေရာမှာမနေဘဲ ဟိုစပ်စပ် ဒီစပ်စပ် နေရာတကာဝင်ပါမိရင်တော့ ပြဿနာကို ဖိတ်ခေါ်မိတာနဲ့ အတူတူပါပဲ..။ တန်ဖိုးထားမခံရခြင်း..စွန့်ပစ်ခံရခြင်းတွေ ဖြစ်တတ်ပါတယ်..။

ဒါကြောင့်ဆက်ဆံရေးတိုင်းမှာ အရေးအကြီးဆုံးက ကိုယ့်နေရာကလေးနဲ့ကိုယ်နေတတ်ဖို့ပဲဖြစ်ပါတယ်..။ သူ့ကိုလည်း စည်းမကျော်သင့်သလို..ကိုယ့်ရဲ့စည်းကိုလည်း သူ့ကိုကျော်လာခွင့် မပေးရပါဘူး..။ ဒါဟာ လေးစားမှုရှိတဲ့..လွတ်လပ်မျှတမှုရှိတဲ့ ဆက်ဆံရေးတစ်ခုလည်း ဖြစ်ပါတယ်..။

#လွန်းထားထား
#နောင်တရဲ့အဝေးမှာ
#နားလည်ခြင်းစာစုများ
#ဖေဖော်ဝါရီ၂၀၂၃

crd # #

photo: Kalaw-Danu

Photo crd #

📖 တစ်သက်တာမှတ်တမ်းနှင့်အတွေးအခေါ်များ✍️ ရွှေဥဒေါင်း📃 စာမျက်နှာ 629မြန်မာကိုယ်ရေးအတ္ထုပ္ပတ္တိလောကထဲ့၌ မားမားမတ်မတ်ရပ်တည်န...
27/02/2023

📖 တစ်သက်တာမှတ်တမ်းနှင့်အတွေးအခေါ်များ
✍️ ရွှေဥဒေါင်း
📃 စာမျက်နှာ 629

မြန်မာကိုယ်ရေးအတ္ထုပ္ပတ္တိလောကထဲ့၌ မားမားမတ်မတ်ရပ်တည်နေသည့် အတ္ထုပ္ပတ္တိကား “ရွှေဥဒေါင်း၏ တစ်သက်တာမှတ်တမ်း” ဖြစ်လေသည်။ လောကဇာတ်ခုံပေါ်၌ လူတို့သည် ဇာတ်လမ်းမျိုးစုံကို ကပြကြရသည်ဆိုသည့်အကြောင်းကို “တစ်သက်တာမှတ်တမ်း” က ဖော်ပြနေသည်။ “တစ်သက်တာမှတ်တမ်း”၌ နိုင်ငံရေးလှုပ်ရှားမှုခေတ်ကို ဖော်ပြထားခြင်းမရှိသော်လည်း အတ္ထုပ္ပတ္တိရှင် ဖြတ်သန်းခဲ့ရသည့် ခေတ်၏ အခြေအနေကိုမူ ကျောထောက်နောက်ခံပြုထားသည်။ လူ့ဘ၀၌ အဆိုးနှင့်အကောင်း၊ အနိမ့်နှင့်အမြင့်၊ အရှုံးနှင့်အနိုင်ဟူ၍ ဆန့်ကျင်ဖက် ဘဘာ၀နှစ်ခုဒွန်တွဲလျက်ရှိရာ ရွှေဥဒေါင်းသည် သူ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ၌ ဆန့်ကျင်ဖက်သဘာ၀နှစ်မျိုးလုံးကို ရေးသားဖော်ပြထားသည်။

“တစ်သက်တာမှတ်တမ်း”၌ လောကလူတို့ သတ်မှတ်ထားသည့် မကောင်းမှုဒုစရိုက်များကို ကျူးလွန်နေသော ရွှေဥဒေါင်းကိုလည်းတွေ့ရသည်။ အမှန်တရားကို သတ္တိရှိရှိနှင့် ရင်ဆိုင်နေသော ရွှေဥဒေါင်းကိုလည်း တွေ့ရသည်။ နှိမ့်ချသော ရွှေဥဒေါင်းကိုလည်းတွေ့ရသည်။ မာန်မာနကြီးသော ရွှေဥဒေါင်းကိုလည်း တွေ့ရသည်။ ထမင်းပြဿနာနှင့် ရင်ဆိုင်နေသော ရွှေဥဒေါင်းကိုလည်းတွေ့ရသည်။ အောင်မြင်ကျော်ကြားနေသော ရွှေဥဒေါင်းကိုလည်း တွေ့ရသည်။ ဝမ်းရေးအတွက် ကျဘမ်းအရောင်းအဝယ်လုပ်နေသော ရွှေဥဒေါင်းကိုလည်း တွေ့ရသည်။ ကမ္ဘာ့ငြိမ်းချမ်းရေးကိုယ်စားလှယ်ကြီးအဖြစ် နိုင်ငံခြားတိုင်းပြည်များသို့ လှည့်လှည်နေသော ရွှေဥဒေါင်းကိုလည်း တွေ့ရသည်။ ခေါက်ရှာငှက် ပျံသကဲ့သို့ လူ့ဘ၀၏ နိမ့်တုံ မြင့်တုံ လောကဓံသဘာ၀သည် ” တစ်သက်တာမှတ်တမ်း” ၌ ပေါ်နေပေသည်။ ရွှေဥဒေါင်းသည် မိမိပြုလုပ်ခဲ့သည့် အလုပ်များကို မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ အဆိုးဖြစ်စေ၊ အကောင်းဖြစ်စေ ထုတ်ဖော်ရေးသားရာ၌ ရဲရင့်သူ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပေသည်။

(မြန်မာအတ္ထုပ္ပတ္တိသမိုင်းစာတမ်း / ပါရဂူ)မှ

📚စာအုပ်လေးတွေဖတ်ရင်း ပျော်ရွှင်သောနေ့ရက်လေးတွေ ဖန်တီးကိုနိုင်ပြီး စာပေဖြင့် ဘဝလမ်းမှန်ကို ရှာဖွေရှင်သန်နိုင်ပါစေ​။

Moh Moh

 #စာဖတ်ပါ 📖၁- စာဖတ်များတဲ့ လူတစ်ယောက်ရဲ့ ရုပ်သွင်ဟာတည်ငြိမ်ရင့်ကျက်လာတတ်ပြီး ဘယ်လောက်ပဲ အံ့ဩစရာနဲ့တွေ့တွေ့ မအံ့ဩတတ်ကြတော...
27/02/2023

#စာဖတ်ပါ 📖

၁- စာဖတ်များတဲ့ လူတစ်ယောက်ရဲ့ ရုပ်သွင်ဟာ
တည်ငြိမ်ရင့်ကျက်လာတတ်ပြီး ဘယ်လောက်ပဲ အံ့ဩစရာနဲ့တွေ့တွေ့ မအံ့ဩတတ်ကြတော့ဘူး။

၂-အရာရာကိုကျော်ဖြတ်လိုတဲ့ စိတ်တွေကြီးထွားလာပြီး တကယ်ပဲကျော်ဖြတ်ဖို့ အစီအစဉ်တွေချမှတ်လာနိုင်ကြတယ်။

၃-ဦးနှောက်ရဲ့ စွမ်းရည်မြင့်တက်လာပြီး
ကောင်းမွန်လွန်းလှတဲ့ အတွေးတွေပေါက်ဖွားလာပါတယ်။

၄-ဆုံးဖြတ်ချက်တွေမှန်ကန်လာပြီး ချက်ချင်းဆုံးဖြတ်သင့်တဲ့အရာကို ချက်ချင်းဆုံးဖြတ်နိုင်လာတယ်။

၅-စာဖတ်ခြင်းကြောင့် လူတွေဟာ မကောင်းမှုကို
ရှောင်ရှားလိုစိတ်တွေများလာပြီး စာနာစိတ်တွေ တိုးပွားလာနိုင်ပါတယ်။

၆-စာဖတ်တဲ့လူတိုင်းမအောင်မြင်နိုင် ပေမယ့်
ဘယ်တော့မှ မကျရှုံးနိုင်ပါဘူး။

၇-စာဖတ်သူတွေဟာ ဘဝရဲ့အကြောင်းတွေ၊ အခက်အခဲတွေ၊ စိတ်ကူးစိတ်သန်းတွေကို တစ်ခြားလူတွေထက် ပိုသိလာကြတယ်။

၈- ဖတ်ထားတဲ့စာတွေဟာ မေ့သွားတတ်ပေမယ့်
အရေးကြုံလာတဲ့အခါ ပြန်ပြီးအမှတ်ရစေပါတယ်။

ဥပမာ..ကျန်းမာရေးစာပေတွေဖတ်ထား
သူတစ်ယောက်ဟာ အရေးပေါ်ကျန်းမာရေး
အခြေအနေဖြစ်လာတဲ့အခါ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ သိလာနိုင်ပါတယ်။

၉-စကားပြောကောင်းလာလိမ့်မယ်။
စကားဆိုတာ ပြောသင့်တဲ့အချိန်၊မပြောသင့်တဲ့အချိန်ရယ်လို့ ရှိပါတယ်။

လူတွေကကိုယ့်ကို အထင်ကြီးလိုတာကြောင့် နေရာတကာမှာ ဝင်ပြီးပြောနေမယ်၊ ဘယ်သူမှမပေးဘဲ ဆရာဝင်လုပ်နေမယ်၊ ပါလေရာ ငါးပိချက်လုပ်နေမယ်ဆိုရင် လူတွေက သင့်ကို "လေကြီး"လို့ ဝိုင်းပြီးခေါ်ဝေါ်သမုတ်ကြပါလိမ့်မယ်။

စကားကို ချင့်ချိန်ပြီးပြောဆိုတတ်ဖို့လိုပါလိမ့်မယ်။
စာအုပ်တွေဖတ်ပါများလာရင် သင့်ရဲ့ပြောဆိုမှုပုံစံဟာ အထင်ကြီးစရာကောင်းနေပါလိမ့်မယ်။

သင့်ပါးစပ်ကထွက်လာတဲ့ စကားလုံးတိုင်းဟာ
တစ်ခြားလူတွေရဲ့ဘဝကို ပျော်ရွှင်ခြင်းနဲ့
စိတ်အားတက်ကြွခြင်းတွေကို ပေးနိုင်ပါလိမ့်မယ်။

၁၀-ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို ရွေးချယ်တတ်လာပြီး၊ အပေါင်းအသင်းတွေကိုပါ ပြောင်းလဲပေးနိုင်ပါလိမ့်မယ်။

ဒါပေမယ့် စာအုပ်တစ်အုပ်လောက်ပဲ ဖတ်ပြီး
ကိုယ့်ကိုကိုယ် စာဖတ်တဲ့သူလို့ ဂုဏ်ယူနေမယ်ဆိုရင်တော့ ရင့်ကျက်တည်ငြိမ်တဲ့ လူတစ်ယောက် မဖြစ်နိုင်သေးပါဘူး။

လက်လှမ်းမှီသမျှစာပေတွေကို ဖတ်ပါများလာမှ သင်ဟာရဲရင့်တည်ကြည်တဲ့ လူတစ်ယောက်ဖြစ်လာမှာပါ။

ဒါ့ကြောင့်များများဖတ်ပါ။
စာဖတ်ခြင်းက သင့်ကို မယုံကြည်နိုင်လောက်တဲ့
အတွေ့အကြုံတွေပေးပါလိမ့်မယ်။

အံ့ဩစရာကောင်းပြီး လူတွေလေးစားရတဲ့
လူတစ်ယောက် အဖြစ်သို့ ပြောင်းလဲလာစေပါလိမ့်မယ်။

************************************

ဒါဆိုရင် ဘယ်လိုစာပေမျိုးတွေဖတ်သင့်လဲ ..?

၁- အောင်မြင်သူတွေရဲ့ အတ္ထုပ္ပတ္တိတွေကို ဖတ်ပေးသင့်ပါတယ်။
အဲ့လိုဖတ်ပေးခြင့်ကြောင့် အောင်မြင်သူတွေရဲ့
အမူအကျင့်တွေ၊ စိတ်ဓာတ်တွေကို သင်သိမြင်လာပါလိမ့်မယ်။

၂- ပညာရပ်ဆိုင်ရာစာပေများ
အင်္ဂလိပ်စာကိုလေ့လာချင်သူအတွက်
အင်္ဂလိပ်နဲ့ပတ်သက်တဲ့ စာအုပ်တွေအများကြီးရှိပါတယ်။

ဟင်းချက်နည်း၊ အလှပြင်နည်း၊ စီးပွားရေး၊
လူမှုဆက်ဆံရေး၊ ခေါင်းဆောင်မှုပညာရပ် ဆိုင်ရာစာပေတွေ ဖတ်မကုန်အောင် တစ်ပုံတစ်ပင်ရှိပါတယ်။

စာရေးချင်သူတိုင်းအတွက် စာရေးနည်းနဲ့
ပတ်သတ်တဲ့ စာပေတွေ မကုန်မခမ်းပါပဲ။

၃- စိတ်အားတက်ကြွစေမယ့် စာပေ(တက်ကျမ်း)
သင့်ရဲ့ စိတ်ကို ဒိုင်းကနဲမြင့်တက်စေတဲ့
တက်ကျမ်းခေါ် စာပေတွေဟာ မမြင်ချင်အဆုံးပေါများလှတယ်။

တက်ကျမ်းတွေကို ဖတ်ပါများလာရင်
သင့်ရဲ့ စိတ်ဟာရဲရဲတောက် လာပါလိမ့်မယ်။

၄- ရသစာပေ
ရသစာပေဟာ အင်မတန်ရိုင်းဆိုင်းလှတဲ့
လူတစ်ယောက်ကို ချက်ချင်းနူးညံ့စေပါတယ်။

ရသစာပေရဲ့ သဘောဟာ တက်ကျမ်းတွေလို
တိုတိုတုတ်တုတ်နဲ့ မဟုတ်ပဲ ဇာတ်လမ်း၊ဇာတ်အိမ်တွေဖွဲ့ကာ
လိုရာ ရည်ရွယ်ချက်ကို ဖော်ပြတဲ့စာပေမျိုးပါ။

ဇာတ်ဆောင်တွေရဲ့ ကောင်းမွန်တဲ့အကျင့်စရိုက်၊
မကောင်းတဲ့အကျင့်စရိုက်တွေကို ယှဉ်တွဲပြကာ
လူတွေကို ဆုံးမတဲ့စာပေအမျိုးအစားပါ။

၅- ဟာသစာပေ
ပျော်ရွှင်မှုကိုပေးတတ်ပြီး သင့်ကို
ဟာသဥာဏ်ရွှင်အောင် ပြုလုပ်ပေးတတ်ပါတယ်။

၆- ဘာသာရေးစာပေ
စိတ်နဲ့ နှလုံသားကို ငြိမ်းချမ်းစေတဲ့စာပေပါ။
လိုချင်တပ်မက်မှုစတဲ့
တဏှာရာဂမီးတွေကို ချုပ်ငြိမ်းစေပါတယ်။

>>>စာဖတ်ခြင်းဖြင့် ဘဝကို အလှဆင်နိုင်ကြပါစေ

ที่อยู่

Ayutthaya

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Moh Moh book storeผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์