08/02/2020
မငိုပါနဲ့ ညီမလေး !
ကြယ်တစ်လုံးကြွေရုံနဲ့
ကမ္ဘာတစ်ခုလုံးမှောင်သွားတာမှမဟုတ်တာ
အချစ်ဦးနဲ့လွဲခဲ့လည်း
အချစ်ဆုံးနဲ့ကြုံနိုင်ပါသေးတယ်
အချစ်ဆုံးနဲ့ကွဲခဲ့လည်း
အချစ်စစ်ဆိုတာ ရှိနေပါသေးတယ်
သုတ်လိုက်ပါ ညီမလေး !
ပါးပြင်ပေါ်က မျက်ရည်တွေက
နှလုံးသားအတွက် အက်စစ်တွေပါ
ကိုယ့်ကိုကိုယ် ကျန်ခဲ့သူလို့
ဘယ်တော့မှ မတွေးပါနဲ့
တစ်ချို့လူတွေက သူတို့ကိုယ်တိုင်
စိန် မဝယ်နိုင်မှန်းသိသွားလို့
ကိုင်ကြည့်ပြီးပြန်ထားခဲ့ကြတာပါ
ခေါင်းမော့ထားပါ ညီမလေး !
ပင်ယံထက်မှာ ဖူးပွင့်နေပါ
အချိုမြဆုံးဝတ်ရည်တွေနဲ့
နေခြည်နွေးနွေးလေးအောက်မှာ
အလှဆုံးပန်းအဖြစ်လန်းဆန်းနေပါ
ထွက်ခွာသွားတဲ့ ယင်ကောင်တွေကို လွမ်းမနေနဲ့
ပျားပိတုန်းတွေ ရောက်လာလိမ့်မယ်
ဆုတောင်းပါတယ် ညီမလေးရေ
ဝေလည်းမွှေး ကြွေလည်းမွှေးတဲ့
ခရေပန်းလေးလို လှနေပါစေ ...
# အမြဲတမ်း လန်းဆန်းပါစေ...ဗျာ #