20/02/2023
#မျက်နှာကြီးအမ်းလာတယ်
#သွေးတိုး_ဆီးချိုရောဂါအခံ_မရှိပဲ_သွေးပေါင်တွေတက်_ဆီးချိုတွေများနေတယ်
#လူကလည်း_နုံးချိနေရောပဲ
္တရာယ် ( #အရောင်ကျဆေး )
ကျွန်တော့ စာကို ဖတ်ကြတဲ့ သူတွေထဲမှာ ဆရာဝန်တွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရနိုင်တဲ့
- ကျေးလက်ဒေသက ပြည်သူလူထုကိုစောင့်ရှောက်မှုပေးနေတဲ့ ကျန်းမာရေးပညာရှင်များ
- ဆေးဆိုင် များတွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးပညာရှင်များ
- အခြေခံကျန်းမာရေးစောင့်ရှောက်မှုသင်တန်း ဖွင့်လှစ်ထားသူများ/တက်ရောက်နေကြသူများ လည်း ပါဝင်ပါတယ်။
အဲ့ဒါကြောင့် ကျွန်တော်တို့လူမျိုး တွေ အလွယ်သုံးနေကြတဲ့ ( => အရောင်ကျဆေး) ရဲ့ ကြောက်မက်ဖွယ် အန္တရာယ်များကို ပြည်သူလူထုအားလုံး ဆီရောက်ရှိသွားနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဒီစာလေးကို ရေးသားလိုက်ပါတယ်။
__________
1️⃣ #ကိုယ်ခံအားကျဆင်းစေပါတယ်
( )
ခန္ဓာကိုယ်ထဲပိုးဝင်တဲ့ အခါ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားနဲ့ တိုက်ပွဲတွေ ဖြစ်တဲ့ အတွက် စစ်မြေပြင် ခန္ဓာကိုယ်ကြီးဟာ ရောင်ရမ်းမှုတွေဖြစ်ပြီး
- ကိုယ်ပူခြင်း
- ကိုယ်လက်ကိုက်ခဲခြင်း
- နုံးချိ မလှုပ်မရှားနိုင်ခြင်း
အစရှိတဲ့ လက္ခဏာတွေ ခံစားရပါတယ်။
✅ တကယ့်ကုသမှုဟာ ဝင်ရောက်လာတဲ့ ပိုး ကို သတ်ရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် ကျွန်တော်တို့က နာကြင်ကိုက်ခဲတာတွေ နည်းနည်းလေးတောင် မခံချင်ပဲ လုံးဝ ပျောက်ကင်းလိုကြပါတယ်။
အဲ့အချိန်မှာ မလိုအပ်ပဲ Steroid အရောင်ကျဆေး ပေးလိုက်ကြပါတယ်
(Steroid ဟာ ရောင်ရမ်းမှုတွေကို ကျစေသလို ကိုယ်ခံအားကိုလည်း ကျဆင်းစေတဲ့ အတွက်
👉 ခန္ဓာကိုယ်ထဲ ဝင်ရောက်နေတဲ့ ပိုးတွေကို ကိုယ်ခံအားက မသတ်နိုင်တော့ ပဲ သွေးဆိပ်တက်ခြင်း (Septicaemia) ဖြစ်ကာ အသက်ဆုံးရှုံးရတတ်ပါတယ်။
ောင်ကျဆေး တွေက ကိုယ်ခံအားကျစေတယ် ဆိုတာ မြင်သာအောင်ပြောရရင်
- ခန္ဓာကိုယ်အစိတ်အပိုင်း အစားထိုးကုသမှု ခံယူထားသူတွေမှာ ကိုယ်ခံအားက အစားထိုးအစိတ်အပိုင်း ကို ဖျက်ဆီးမပစ်ရအောင် Steroid ပေးပါတယ်
- ကိုယ်ခံအား ကမောက်ကမရောဂါ (Autoimmune disease - ဥပမာ ။ SLE) တွေမှာ ကိုယ်ခံအားကို ထိန်းညှိပေးဖို့ Steroid ပေးပါတယ်
အထက်ပါလူနာတွေမှာ ကိုယ်ခံအားကို ချထားရတဲ့ အတွက် ရောဂါပိုးတစ်ခုခု ဝင်တဲ့အခါ အသက်အန္တရာယ်ရှိလောက်အောင် ပြင်းထန်တတ်ပါတယ်။
___________
2️⃣ #သွေးတိုးရောဂါဖြစ်စေပါတယ်
Steroid အရောင်ကျဆေး ဟာ (Salt and water retension) ဓာတ်ဆားဓာတ် နဲ့ ရေကို ခန္ဓာကိုယ်ထဲ ထိန်းသိမ်းထားတဲ့အတွက် ခန္ဓာကိုယ်ထဲ ရေပမာဏများလာစေပါတယ်။ အဲ့ဒါကြောင့်
1. မျက်နှာအမ်းပါတယ်
2. ခြေတွေ လက်တွေ ရောင်ပါတယ်
3. သွေး ထဲ ရေပမာဏ တိုးလာတဲ့ အတွက် #သွေးပေါင်တက်ပါတယ်။
သွေးပေါင်တက်တာကြာရင် 👉 သွေးတိုးရောဂါရပါတယ်
👉 သွေးတိုးရောဂါကို သေချာမကုမိရင်
- လေဖြတ်ရောဂါ
- ကျောက်ကပ်အားနည်းရောဂါ
- နှလုံးရောဂါ ဖြစ်ပါတယ်။
____________
3️⃣ #ဆီးချိုရောဂါဖြစ်စေပါတယ်
Steroid အရောင်ကျဆေး ဟာ Glucose တည်ဆောက်မှု (Gluconeogenesis) ကို အားပေးတဲ့အတွက် သွေးတွင်း သကြားဓာတ်များစေပါတယ်။
သွေးတွင်း သကြားဓာတ်များတာ ကြာလျှင် 👉 ဆီးချိုရောဂါ ဖြစ်ပါတယ်။
__________
4️⃣ #အဆီတွေများစေပါတယ်
Steroid အရောင်ကျဆေး ဟာ
- အဆီတည်ဆောက်မှု
- အဆီသိုလှောင်မှု ကို အားပေးတဲ့အတွက်
👉 သွေးတွင်းအဆီ (Cholestrol , Triglyceride) တက်ပါတယ်
အဲ့ဒီအဆီတွေကြောင့်
✴️ နှလုံးသွေးကြောပိတ်ပါတယ်
✴️ လေဖြတ်ပါတယ်
✴️ အသည်းအဆီဖုံးပါတယ်
✴️ နှလုံးအဆီဖုံးပါတယ်
✴️ အဝလွန်စေပါတယ်
👉 ခန္ဓာကိုယ်ထဲ အဆီသိုလှောင်မှုဖြစ်တဲ့အတွက်
- ဂုတ်ပိုးကြီး ကြီးလာပါတယ်
- ဗိုက်အလွန်ပူလာပါတယ်
- မျက်နှာကြီး အဆီတဝင်းဝင်း နဲ့ ပြဲကွဲထွက်လာ စေပါတယ်
___________
5️⃣ #အသားဓာတ်တွေကိုဖြိုခွဲပါတယ်
Steroid အရောင်ကျဆေး ဟာ 👉 Protein (အသားဓာတ်) တည်ဆောက်မှုကို ပိတ်ပင်ပြီး ဖျက်ဆီးမှုကို အားပေးပါတယ်
👉 လက်မောင်းတွေ ပေါင်တွေ ကျုံလှီလာပါတယ်
ကြွက်သားတွေ ဖြိုခွဲခံရလို့ လူကြီးက ဝတုတ်ပြဲကွဲနေပေမယ့်
- အားမရှိပါဘူး
- မလှုပ်ရှားနိုင်ပါဘူး
_________
6️⃣ #အရိုးကျန်းမာရေးကိုထိခိုက်စေပါတယ်
Steroid အရောင်ကျဆေး ဟာ အရိုးတည်ဆောက်မှုကို ပိတ်ပင်ပြီး အရိုးဖျက်ဆီးမှုကို အားပေးလို့
👉 #အရိုးပါး_အရိုးပွရောဂါ ဖြစ်စေပါတယ်
အရိုးကျိုးလွယ်ပါတယ်။
__________
7️⃣ #အရေပြားCellsတွေကိုလည်းဒုက္ခပေးပါတယ်
အရေပြားတွေပါးပြီး #အကြောပြတ်ရာ ဗလပွနဲ့ ပုံဆိုးပန်းဆိုး ဖြစ်စေပါတယ်
အရေပြားမှာ #သွေးခြေဥလွယ်စေတဲ့ အတွက် အညိုကွက်ကြီးတွေ ထွက်နေစေပါတယ်။
_________
8️⃣ #ဦးနှောက်ကိုလည်းပျက်စီးစေပါတယ်
- စိတ် အတက်အကျ နဲ့ စိတ်မမှန်ဘူး
- လူမှုဆက်ဆံရေးတွေ အဆင်မပြေဘူး
- သတိမကောင်းဘူး
- မှတ်ဉာဏ်ချို့တဲ့လာတာ အပြင်
Steroid psychosis ဆိုပြီး ရူးပါ #ရူးသွားတတ်ပါတယ်။
_________
9️⃣ #အစာအိမ်ကိုထိခိုက်ပျက်စီးစေပါတယ်
အကိုက်အခဲပျောက်ဆေးများ နည်းတူ အစာအိမ်ကို ထိခိုက်ပျက်စီးစေလို့
- အစာအိမ်ရောင်ခြင်း
- အစာအိမ်အနာဖြစ်ခြင်း
- အစာအိမ်သွေးကြောပေါက်ခြင်း စတာတွေဖြစ်စေပါတယ်။
_________
နိဂုံးချုပ်ရရင်
😰 ဟိုနာဒီနာ ဖြစ်လို့ စပ်ဆေး အသောက်များတဲ့ လူနာများ
😰 အားနည်းလို့ အကြောဆေးဆိုတာ အသွင်းများတဲ့ လူနာများအနေနဲ့
1. မျက်နှာကြီးအမ်းလာတယ် (အဆီတရွှဲရွှဲ နဲ့ ပြဲကွဲလာတယ်) 😅 Glow လာတယ်တော့မလုပ်နဲ့ပေါ့ဗျာ
2. ဂုတ်ပိုးကြီးတွေတက် ၊ မေးစေ့တွေ (၂ထပ် ၃ ထပ် ဖြစ်ပြီး လည်ပင်းပျောက်လာတယ်)
3. နို့တွေစူထွက်လာပြီး ဗိုက်အရမ်း ပူလာတယ်
4. ပူလာတဲ့ဗိုက်မှာ အကြောပြတ်ရာတွေ များလာတယ်
5. လက်မောင်းတွေ လှီပြီး လက်မြှောက်ရတာ၊ ခေါင်းဖီးရတာ ၊ ကလေးချီရတာ ခက်လာတယ်/ ပေါင်တွေ လှီပြီး အထိုင်အထ ခက်လာတယ်
6. သွေးပေါင်တွေတက်၊ ဆီးချိုတွေများ
7. လူက နုံးချိပြီး မစားချင်မသောက်ချင် နဲ့
8. ခဏ ခဏ နေမကောင်းဖြစ်တယ် (ဖျားတယ်)
9. ပွေး၊ ညှင်း ဖြစ်လွယ်တယ်
10. တကိုယ်လုံးလည်း ဟိုနာ ၊ ဒီနာ နဲ့ ကောင်းတဲ့နေရာ မရှိတော့ပါဘူး ဆိုရင်တော့
တကယ်တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ပြသပြီး ကုသမှုခံယူရပါမယ်။
( Steroid အရောင်ကျဆေး က သုံးတာကြာရင် ရုတ်တရက် ရပ်လိုက်လို့ မရတဲ့အတွက် Tail off တဖြည်းဖြည်း ဖြတ်ရပါတယ်)
__________
Steroid အရောင်ကျဆေး ဟာ တော်တော်အသုံးဝင်တဲ့ ဆေးဖြစ်သလို သူ့မှာ #အလွန်ကြောက်ဖို့ကောင်းတဲ့_ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်
အဲ့ဒါကြောင့် ောင်ကျဆေး တွေ လွယ်လွယ်မသုံးကြစေဖို့ ဝိုင်းဝန်းကူညီပေးကြပါဗျာ။
🙏🙏🙏
(Steroid ဆိုတာ ဆေးဆိုင်က စပ်ပေးတဲ့ ၅၀၀ ဖိုး (၃) ခွက် စပ်ဆေးထဲပါပါတယ်
တချို့ စားကောင်း/အိပ်ပျော်ဆိုတဲ့ တိုင်းရင်းဆေးဆိုတာတွေထဲပါ ပါတယ်)
(Photo credit; Mayo Clinic)
ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
Dr. ဘုန်းစည်သူလွင်
08:30 pm/08.03.2022ယ