Online book shop BKK

Online book shop BKK ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Online book shop BKK, ร้านหนังสือ, sukhumvit soi22 CG casa, Bangkok.

(1)စိတ်ညစ်ပြီး ဘာမှမလုပ်ချင်တော့တဲ့အခါ ကောင်းကင်ကိုမော့ကြည့်ပြီးငါ ဒီလိုနေလို့မဖြစ်ဘူးဆိုပြီး ကိုယ့်ကိုယ်ကို ပြန်ထိန်းချ...
13/10/2024

(1)စိတ်ညစ်ပြီး
ဘာမှမလုပ်ချင်တော့တဲ့အခါ
ကောင်းကင်ကိုမော့ကြည့်ပြီး
ငါ ဒီလိုနေလို့မဖြစ်ဘူးဆိုပြီး
ကိုယ့်ကိုယ်ကို ပြန်ထိန်းချုပ်ပါ။

(2)အခက်အခဲတွေနဲ့ကြုံတွေ့ရတဲ့အခါ
အားမလျှော့လိုက်ပါနဲ့ အခက်အခဲတိုင်းဟာ
သင့်ကို ကြံ့ခိုင်သန်မာစေပါတယ်။

(3)ကိုယ့်အားကိုယ်ကိုးပြီး
အရောက်လှမ်းသွားမယ့်
ပန်းတိုင်လေးတစ်ခု
အိပ်မက်လမ်းလေးတစ်ခု ဖန်တီးရယူပါ။

(4)တခါတလေ ငိုစရာရှိရင်
လူမရှိတဲ့ တနေရာသွားပြီး
အော်ငိုပစ်လိုက်ပါ
ငိုသင့်ရင်လည်း ငိုလိုက်ပါ
မငိုတာကြာရင်
မငိုတတ်တဲ့သူ ဖြစ်သွားနိုင်တယ်။

(5)တခါတလေ ဝမ်းနည်းနေရင်လည်း
အားရပါးရ ငိုချပစ်လိုက်ပါ
ပြီးရင် တည်ငြိမ်လာပါလိမ့်မယ်။

(6)အဆင်မပြေရင်လည်း
အဆင်ပြေသလိုနေပါ..
တချို့ကျတော့ ကြိုးစားပေမယ့်
အဆင်မပြေပြန်ဘူး...
မကြိုးစားပဲ ထိုင်နေရင်
ပိုအဆင်မပြေဖြစ်သွားကြတယ်။

(7)ထပ်ပြီး ကြိုးစားပါ
လူဆိုတာ ကြိုးစားချင်စိတ်ရှိရင်
ဘယ်လောက်ပဲအသက်တွေရရ
ဖြစ်လာနိုင်ပါတယ်။

(8)ဆုံးရှုံးမှုတွေရှိရင်လည်း စိတ်ကိုဖြေပြီး
နောက်တစ်ကြိမ် မမှားအောင်သတိထားပါ။

(9)ဇွဲကောင်းတဲ့ဆုံးရှုံးခြင်းဆိုတာ
ဘယ်တော့မှမရှိနိုင်သလို
လမ်းထက်ဝက်တင် လက်လျော့လိုက်တဲ့
အောင်မြင်ခြင်းဆိုတာလည်း မရှိနိုင်ပါဘူး။

(10)လောကမှာ နားမလည်တဲ့
အရာတွေ ရှိနိုင်ပါတယ်
အရေးကြီးတာက နားမလည်တာကို
နားလည်အောင် ကြိုးစားဖို့ပါ။

(11)အကောင်းစားရေမွှေးနံ့တွေ မလိုဘူး ...
ကိုယ်ကျင့်တရားကောင်းအောင်နေပါ
ကိုယ်ကျင့်တရားကောင်းရင်
စိတ်ထားကောင်းရင် …
ကိုယ်သင်းနံ့မွှေးနေမှာပါ။

(12)ဘယ်သူ့ကိုမှလည်း မလိမ်ညာပါနဲ့...
အမှန်တရားဆိုတာ တစ်နေ့နေ့
တစ်ချိန်ချိန် ပေါ်ပေါက်လာရစမြဲပါ။

(13)အမှား ရှိခဲ့တိုင်းလည်း
အပြစ် မဟုတ်ပါဘူး...
တစ်ချို့အမှားတွေက သန့်ရှင်းပါတယ်
လူသားတိုင်း အမှားနဲ့ မကင်းနိုင်သလို
အမှားရှိမှ အမှန်ဆိုတာ ဖြစ်လာခဲ့ရတာပါ။

အဓိက အမှားတွေကို သင်ခန်းစာအဖြစ်
ရယူပြီး နောက်ထပ်တစ်ခါ ထပ်မမှားဖို့
အမှားထဲမှာ တဝဲဝဲလည်းမနေတတ်ဖို့ပဲလိုတယ်။

(14)လူလူချင်းစာနာတတ်သူ..
စိတ်ရှည်သူ ပညာဥာဏ်ကြီးမားသူ..
နားလည်းခွင့်လွတ်ပေးနိုင်သူ
တစ်ဦးဖြစ်အောင် ကြိုးစားပါ။

(15)ဘဝမှာ တန်ဖိုးအရှိဆုံးအရာဟာ
အခြားမဟုတ်ဘူး အသက်ရှင်သန်နေတာပါ
အားလုံးမှာ တန်းဖိုးအရှိဆုံးအရာကို
ပိုင်ဆိုင်နေတယ်ဆိုတာ မမေ့ပါနဲ့....။

(16)ချစ်ခင်သူတွေ ဝိုင်းဝိုင်းလည်နေဖို့ မလိုပါဘူး ...
ပင်ပန်းအားငယ်လာတိုင်း မှီခိုအနားယူနိုင်မယ့်
ရင်ခွင်လေးတစ်စုံရှိနေဖို့တော့ လိုတယ်။

(17)"ချစ်တယ်" ဆိုတဲ့စကားလုံးကို
ဘယ်အချိန်ပဲ ပြောပြော
တကယ့်စိတ်ရင်းနဲ့ပြောပါ။

(18)"ဆောရီး"ဆိုတဲ့စကားလုံးကို
ဘယ်အချိန်ပဲ ပြောပြော
တစ်ဘက်လူရဲ့မျက်လုံးကို ကြည့်ပြီးပြောပါ။

(19)ချမ်းသာတဲ့သူငယ်ချင်း
အပေါင်းအသင်း ရှိဖို့မလို့ဘူး ...
နေပူမိုးရွာ လက်ချင်းတွဲလို့
ကြုံလာသမျှရင်ဆိုင်ဖြေရှင်းမယ်
သူငယ်ချင်းကောင်းတစ်ယောက် ရှိဖို့လိုတယ်။

(20)သူငယ်ချင်းကောင်း
မိတ်ဆွေကောင်းလိုချင်ရင်...
သူကောင်းကောင်း မကောင်းကောင်း
ကိုယ်ကောင်း ဖို့ကတော့ အဓိကပဲ
သူတစ်ပါး အပေါ်ကို ကောင်းမှသာ
သူ့တစ်ပါးက ကိုယ်အပေါ်ကို
ပြန်ကောင်းပါလိမ့်မယ်။

(21)ဘယ်နေရာ ဘယ်ဒေသကိုပဲ
ရောက်ရောက် သူများအပေါ်ကိုလည်း
ကောင်းလိုက်ပါ တစ်ခါတရံ မကောင်းတဲ့
သူမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ် စိတ်မပျက်ပါနဲ့ ..။

ကိုယ့်ရဲ့ကောင်းခြင်းတွေနဲ့ မထိုက်တန်ရင်..
မိတ်ဆွေကောင်းတွေပဲ သင့်အနားမှာ ရှိနေမှာဖြစ်ပြီး
မိတ်ဆွေကောင်း မဟုတ်သူတွေကတော့
သင့်အနားကနေ အလိုလို ဖယ်ခွာသွားပါလိမ့်မယ်။

(22)အားနည်းချက်ရှိလို့လည်း
စိတ်ညစ်ပြီး စိတ်အားမငယ်ပါနဲ့...
လူတိုင်းမှာ အားနည်းချက်ကိုယ်စီ ရှိကြသလို
ပြီးပြည့်စုံတဲ့လူရယ်လို့လောကမှာ မရှိပါဘူး...

ဒါကြောင့် အားငယ်ပြီး စိတ်မပျက်ပါနဲ့...
မွေးရာပါစိတ်ထားလေးလှဖို့က အဓိကပါ။
စိတ်ထားလှရင် ဘဝက လှပပါတယ်......။

လေ့လာမှတ်သား ဗဟုသုတ များ
စာပေများကို ဝင်ရောက်ဖတ်ပေးလို့ ကျေးဇူးအထူးတင်ရှိပါသည်။Like & Fllower, Share လေးလုပ်သွားပေးဖို့လဲ တောင်းဆိုပါတယ် ခင်ဗျာတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါသည်။

ကိုယ် ရထားမှားစီးမိနေတာကို သိတဲ့အခါ အနီးဆုံးဘူတာမှာပဲ ပြန်ဆင်းဖို့ မနှေးနဲ့။ ကြာကြာစီးလေ ကိုယ်သွားရမယ့်နေရာနဲ့ ဝေးလေပဲ။ ...
11/10/2024

ကိုယ် ရထားမှားစီးမိနေတာကို သိတဲ့အခါ အနီးဆုံးဘူတာမှာပဲ ပြန်ဆင်းဖို့ မနှေးနဲ့။ ကြာကြာစီးလေ ကိုယ်သွားရမယ့်နေရာနဲ့ ဝေးလေပဲ။ ပြန်လှည့်ဖို့ခရီးဟာ ပို ပင်ပန်းမယ်၊ ပို စရိတ်ကြီးမယ်။

ဒါက ရထားအကြောင်းကိုသာပြောတာ မဟုတ်ဘူး။ ဘဝအကြောင်းကိုပါပြောချင်တာ။ မှားတဲ့လမ်းကြောင်းပေါ်ရောက်နေတယ်ဆိုရင် - ဆက်ဆံရေးမှာပဲဖြစ်ဖြစ်၊ အလုပ်အကိုင်မှာပဲဖြစ်ဖြစ်၊ ဆုံးဖြတ်ချက်တစ်ခုခုမှာပဲဖြစ်ဖြစ် - စောစောသိအောင်လုပ်ပြီး ပြန်ဆင်းရဲတဲ့ သတ္တိရှိဖို့လိုတယ်။ သင် အမှန်တကယ် ရောက်ချင်တဲ့နေရာကို ပြန်သွားဖို့ အခုအမြန်ဆုံး နောက်ပြန်လှည့်လေ ပိုလွယ်လေပဲ။

When you find yourself on the wrong train, don't hesitate to get off at the very first stop. The longer you stay on, the further you'll drift from where you're meant to be, and the journey back will only grow more difficult and expensive.

But this isn’t just about a train. It’s about life. When you're headed in the wrong direction—be it in a relationship, a career, or a choice you've made—recognize it early and have the courage to get off. The sooner you turn around, the easier it will be to find your way back to where you truly want to be.

English text crd - Worth Sharing
#မေတ္တာဖြင့်
#ဒေါက်တာစိုးသန်း

လာဘ်ပိတ်စေသော အကျင့်ဆိုးများ++++++++++++++++++++++++၁။ ဘုရားခန်းတွင် လင်မယား (၂)ယောက် မအိပ်ရ။၂။ ယောကျာ်း၏ ညာဘက်တွင် မိန်...
11/10/2024

လာဘ်ပိတ်စေသော အကျင့်ဆိုးများ
++++++++++++++++++++++++

၁။ ဘုရားခန်းတွင် လင်မယား (၂)ယောက် မအိပ်ရ။

၂။ ယောကျာ်း၏ ညာဘက်တွင် မိန်းမ မအိပ်ရ။

၃။ နံနက် (၄) နာရီခွဲမှ (၆) နာရီအတွင်းတွင် သာသနာစောင့် နတ်မင်းကြီး (၄) ပါးတို့သည် လူအများစု၏ ကောင်းမှု့ ၊ မကောင်းမှု့တို့ကို ကြည့်ရူသော အချိန်ဖြစ်ပါသည်။ထိုအခ်ျိန်တွင် မေထုန်မှီဝဲမှု့ကို အထူးရှောင်ကြဉ်ရမည်။

၄။ မိမိအိပ်စက်သော ကုတင်ထက် (သို့) အိပ်ယာထက် မြင့်သောနေရာတွင် ထဘီတန်း မပြုလုပ်ရ။

၅။ သားသမီး ခေါင်းရင်း၊ မိဘခြေရင်းတွင် မနေရ မအိပ်ရ။

၆။ မိမိအိပ်ယာခင်းနှင့် ပုဆိုးစောင်များကို မိမိအိပ်သော ခေါင်းအုံးပေါ်တွင် တင်၍ မထားရ။

၇။ မိမိနေထိုင်ရာထက် မြင့်သောနေရာတွင် ဖျာ၊မွေ့ယာစောင်များ လှမ်းခြင်းမပြုလုပ်ရ။

၈။ မိမိအိမ်ရှေ့ အပေါက်ဝတွင် မေးကို လက်ထောက်ပြီး မထိုင်ရ ၊မမှိုင်ရ။

၉။ မိမိအိမ်ရှေ့ တံခါးအပေါက်ဝတွင် ဆံပင်ကို ဖြန့်ချ၍ သန်းဥ မဆွဲရ။

၁၀။ မိမိအိမ်ရှေ့ တံခါးအပေါက်ဝတွင် ကလေးများ မစင် မစွန့်ရ။

၁၁။ မိမိအိပ်ယာထ မင်္ဂလာယူသော အခါ၌ အော်ဟစ် ဆဲရေးတိုင်းထွာခြင်း မပြုလုပ်ရ။

၁၂။ နံနက်စောစောအိပ်ယာထ မျက်နှာသစ်ရာတွင် လည်ချောင်ထဲမှ သလိပ်များကို မရ ရအောင် အသံကျယ်လောင်စွာ ပြု၍ မလုပ်ရ။

၁၃။ ကျွဲခတ်ထားသော အဝတ်၊ မီးလောင်ထားပြီးသော အဝတ်၊ လေပွေဖြင့် လွှင့်ပါလာသော အဝတ်၊ ကြွက်ကိုက်ထားသော အဝတ်၊ လည်းကောင်း အဝတ်များကို လူတို့ မဝတ်ကောင်းပေ။

၁၄။ အိမ်ပေါ်တွင် လမ်းလျှောက်လျှ င် ခြေသံပြင်းပြင်း မလျှေ ာက်ရ။အိုးခွက် ၊ပန်းကန် ပစ္စည်းများကို အသံမြည်အောင် ကြမ်းတမ်းစွာ မပြုလုပ်ရ။

၁၅။ ထမင်းစားလျှ င် ထမင်းပန်းကန်များကို လှည့်၍ ၊လူပ်၍ မစားရ။ငြိမ်သက်စွာ ညီညာစွာထားပြီးမှ စားရမည်။ထမင်းစာပွဲကိုလည်း လက်ထောက်၍ မစားရ။

၁၆။ ထမင်းစား၍သော် လည်းကောင်း၊ တခြားအစားအစာများ စား၍သော်လည်းကောင်း၊ အစာစားရာတွင် ပါးစပ်မှ ပလပ်.…ပလပ် မြည်အောင် ခွေးများ ထမင်းရည်သောက်သကဲ့သို့ အသံမထွက်စေရပါ။

၁၇။ လမ်းလျှေ ာက်စဉ်အတွင်း ထမင်းနှင့် တခြားအစားအစာများကို မစားရ။

၁၈။ မိမိအိမ်ရှေ့ အပေါက်ဝကို ကျောပေး၍ မထိုင်ရ။

၁၉။ နံနက်စောစောနှင့် ညဘက်များတွင် ခြေဆစ်၊လက်ဆစ်များ မချ ု ိးရ။

၂၀။ နံနက်စောစောနှင့် ညဘက်တို့တွင် လေမချွန်ရ။

အထက်ပါ အကြောင်းရာများကို
အထူးသတိထား/ဂရုစိုက်ကာ ဖြင့်
လာဘ်ပိတ်ခြင်းများ ကင်းပကြပါ‌ေး။

ကံမြှင့်နည်းများ..--------------------1- မိဘအဝတ်အစားလျှော်ပါ။2- မိဘကို ပြုစုပါ။3- မိဘကိုနေ့စဉ် ကန်တော့ပါ။4- မိမိအိမ္ကို ...
11/10/2024

ကံမြှင့်နည်းများ..
--------------------
1- မိဘအဝတ်အစားလျှော်ပါ။
2- မိဘကို ပြုစုပါ။
3- မိဘကိုနေ့စဉ် ကန်တော့ပါ။
4- မိမိအိမ္ကို သန့်ရှင်းပါ။
5- မိမိအိမ်မျက်နှာစာကို သန့်ရှင်းပါ။
6- ဘုရားကျောင်းဆောင် သန့်ရှင်းပါ။
7- ဘုရားရောင်တော် ဖွင့်ပါ။
8- ဆွမ်း ပန်း ရေချမ်း ဆီမီး နေ့စဉ်ကပ်ပါ။
9- ဘုရား တရား သံဃာ ဂုဏ်တော်ပွားပါ။
10- လမ်းပေါ်ရှိ အမှိုက်သရိုက် ဆူးများမရှိအောင်
လှည်းကျင်းပါ။
11- စေတီပရဝဏ် တံမြက်လှည်းကုသိုလ်ယူပါ။
12- ဘုန်းကြီးကျောင်း ကုဋီသန့်ရှင်းရေးလုပ်ပါ။
13- အမ်ားသုံးအိမ်သာ သန့်ရှင်းရေးလုပ်ပါ။
14- မြောင်းဆယ် မြောင်းဖော် မြောင်းတူးပါ။
15- ရေကန်ဆယ်ပါ။
16- ရေတွင်း ရေကန် ရေ အလှူပြုပါ။
17- လမ်းမှာ အမှတ်တမဲ့တွေ့ရတဲ့
ဆာလောင်နေသူ လူ/တိရိစ်ဆာန္ကို ဒါနပြုပါ။
18- ပံ့သကူ ပစ်ပါ။
19- ကုသိုလ်ပြုစာရင်းမှတ်ပြီး ပြန်လည်ပီတိပွားပါ။
20- သစ်ပင်စိုက်ပါ။
21- အရိပ်လှူပါ။
22- ညောင်ထောက်ပါ။
23- လေလွင့်တိရိစ်ဆာန်များကို ဒါနပြုပါ။
24- အရူးကျွေးပါ။
25- တံတားထိုးပါ၊ လှူပါ။
26- ခေါင်းဆေးမင်္ဂလာပြုပါ။
27- ရဟန်းဒကာ ခံယူပါ။
28- ရေနစ်တိရိစ်ဆာန်လေးများအား ဆယ်ပါ။
29- ကံငါးပါး လုံပါ။
30- စိတ်ကောင်းမွေးပါ။
31- ဝစီဒုစရိုက် ရှောင်ပါ။
32- သူတစ်ပါးကျေးဇူးကို သိတတ်ပါ။
33- သူတော်ကောင်းတရား(၇)ပါးကို ကျင့်သုံးပါ။

အထက်ပါအလုပ်တွေကို ဘာပဲလုပ်လုပ် ပြီးပြီးရော မလုပ်ပါနဲ့။
သဒ်ဓါ ပီတိလေးပွားပြီး ပုဗ္ဗ မုဉ်သ အပရ စေတနာ၃တန်ရအောင်လုပ်ပါ။
မုခ် ကံမြင့်လာမှာပါ။🙏🙏🙏

Crd -

အမှားတစ်ခုကြုံတိုင်း သင်ခန်းစာယူပါ။ ပြဿနာတစ်ခုတွေ့တိုင်း ဖြေရှင်းတတ်ပါစေ။ အခက်အခဲ တွေ့တိုင်း စိတ်ဓာတ်မကျပါနဲ့။ဒုက္ခဆိုတာ...
08/05/2024

အမှားတစ်ခုကြုံတိုင်း သင်ခန်းစာယူပါ။

ပြဿနာတစ်ခုတွေ့တိုင်း ဖြေရှင်းတတ်ပါစေ။

အခက်အခဲ တွေ့တိုင်း စိတ်ဓာတ်မကျပါနဲ့။

ဒုက္ခဆိုတာ သုခအတွက် ပထမရှေ့ပြေး။

မုန်တိုင်းပြီးရင် လေပြေလာလိမ့်မယ်။

လောကဓံကို ကြံ့ကြံ့ခံနိူင်မှ
လူဘဝဆိုတာ ဖြောင့်ဖြူးတာပါ။

အပြေးသမားတစ်ယောက်က
အမောမခံနိူင်ပဲ ပန်းတိုင်ရောက်အောင် မပြေးနိူင်ဘူးလေ။

လူ့ဘဝကလဲ ဒီလိုပဲ မောပန်းခြင်းကို အကြောင်းပြ ရောက်တဲ့နေရာ ရပ်နေသရွေ့လျှင်မြန်ပါတယ်ဆိုတဲ့ ယုန်ကို လိပ် ကတောင် အနိူင်ယူသွားသေးတာပဲ။

ရှေ့ကလူကို နောက်ကလူက လိုက်မှီတယ်ဆိုရင် အဲ့ဒီလူကပဲ မြန်တာလား?
ရှေ့က လူက ရပ်နေတာလား?
စဉ်းစားကြည့်ပါ။

ဘယ်ကိစ္စမဆို မှားမှာမကြောက်နဲ့
ရှုံးမှာမကြောက်နဲ့ ကြောက်တက်တဲ့ စိတ်ကိုပြင်။

စိတ်ဓာတ်ကို အမြဲမြှင့်တင်ပါ။

ဘဝကိုမြှင့်မှ တိုးတက်တာပါ။
ဘဝင်မြင့်ရင်တော့ အောက်ကျလိမ့်မယ်သတိထား။

ဘာကြောင့်ဖြစ်ဖြစ် အားမငယ်ပါနဲ့
စိတ်ဓာတ်မကျပါနဲ့ ၊ ဒါပေမဲ့
လောကကြီးက ဒုက္ခတစ်ခုပေးတိုင်း
အခက်အခဲ တစ်ခုပေးတိုင်း ပြဿနာတစ်ခုပေးတိုင်း သင်ခန်းယူဖို့တော့ မမေ့ပါနဲ့။

ဘာကြောင့်ဆိုတော့ အခက်အခဲနဲ့ ဒုက္ခဆိုတာ ကျွန်တော်/ကျွန်မတို့ လူသားတွေအတွက် ပြီးဆုံးတယ်ဟူ၍ မရှိနိူင်ပါဘူး။

Credit

19/09/2023

တန်ဖိုး

"ကိုယ်" ဘယ်လောက်ပဲ
အဖိုးတန်တဲ့လူတစ်ယောက်ဖြစ်နေပါစေ
တန်ဖိုးသိသူနဲ့ တွေ့မှ
တန်ဖိုးထားခံရမှာပါ။

"ကိုယ်" ဘယ်လောက်ပဲ
ပေးဆပ်ခဲ့တဲ့ လူတစ်ယောက်ဖြစ်နေပါစေ
အလေးထားတဲ့သူနဲ့ တွေ့မှ
ကိုယ့်ရဲ့ပေးဆပ်မှုဟာ
အရာထင်ပါလိမ့်မယ်။

"ကိုယ်" ဘယ်လောက်ပဲ
ရိုးသားနေပါစေ မှန်ကန်တဲ့
လူတစ်ယောက်နဲ့ ဆုံတွေ့နိုင်မှသာ
ကိုယ့်ရဲ့ ကောင်းသတင်းတွေဟာ
ကျော်ဇောနိုင်မှာပါ ။

"ကိုယ်" ဘယ်လောက်ပဲ
အလျှော့ပေးတဲ့ လူတစ်ယောက်
ဖြစ်နေပါစေ ကိုယ့်အပေါ်
ညှာတာထောက်ထားတဲ့ လူတစ်ယောက်နဲ့
တွေ့မှ ဒါတွေကို
သိတတ်ခံစားနိုင်မှာပါ ။

တစ်ကယ်လို့ ကောင်းမွန်တဲ့
သူတွေနဲ့ မဆုံတွေ့ခဲ့ရဘူးဆိုရင်
ကိုယ့်ကိုယ်ကို ကောင်းမွန်စွာ
နေထိုင်သွားဖို့.....
သတိပေးနေရင် ရပါပြီ။

နားမလည်သူများရဲ့.....
အကြည့်တွေ အပြောတွေကို
ခဏ ဖယ်ထုတ်လိုက်ပါ။

လမ်းခွဲပြီးတဲ့အခါ တစ်ယောက်တည်း အသားကျလာဖို့ ဘယ်လိုလုပ်ရမလဲ ။ လူတစ်ယောက်ကို ဘယ်လို မေ့ပစ်ရမလဲ ။ တောက်လျှောက်ချစ်လာခဲ့တဲ့ ...
16/09/2023

လမ်းခွဲပြီးတဲ့အခါ တစ်ယောက်တည်း အသားကျလာဖို့ ဘယ်လိုလုပ်ရမလဲ ။ လူတစ်ယောက်ကို ဘယ်လို မေ့ပစ်ရမလဲ ။

တောက်လျှောက်ချစ်လာခဲ့တဲ့ လူတစ်ယောက်ကို
ရုတ်တရက် မပတ်သက်မိအောင်နေရတာက သိပ်တော့ မလွယ်ကူလှဘူး ။ အမြဲအတူရှိကြမယ်လို့ ရည်ရွယ်ပြီးမှ သူမရှိတော့ဘူးဆိုတဲ့ အသိက သိပ်ဆိုးပါတယ် ။ ကိုယ့်ရင်ထဲမှာ လေဟာနယ်ကြီး တစ်ခုရှိနေသလို ဟင်းလင်ပြင်ဖြစ်သွားတယ် ။ ကိုယ့်ဘဝမှာ ဘာမှမရှိတော့သလိုမျိုး ၊ စိတ်ရော လူပါ လေးလံထို,င်းမှိုင်းပြီး ဝမ်းနည်းရတာပေါ့ ။

ဒါကို အသဲကွဲခြင်း လို့ ခေါ်ပါတယ် ။

ဒီအခြေနေမျိုးကနေ လွတ်မြောက်ဖို့ ၊ အသဲကွဲခြင်းကို Healing လုပ်ဖို့ အဆင့်သုံးဆင့် ရှိပါတယ် ။

၁ ။ အဖြစ်ပျက်အားလုံးကို လက်ခံခြင်း
၂ ။ အလုံးစုံ ခွင့်လွှတ်ခြင်း
၃ ။ Healing time

စသဖြင့် အဆင့် ၃ ဆင့် ရှိပါတယ် ၊၊

.

၁။ အဖြစ်ပျက်အားလုံးကို လက်ခံခြင်း

ေ-သကွဲ ရှင်ကွဲ ၊ ဘယ်လို ခွဲခွါမှုမျိုးဖြစ်ဖြစ် နာကျင်ရတာပါပဲ။ ဒါပေမဲ့ ဒါကို ငြင်းဆန်နေလို့ မရပါဘူး ၊ လက်ခံပါ ။ အိပ်ယာက လန့်နိုးတဲ့အခါ ဘေးမှာ သူမရှိတော့ဘူး ၊ တစ်ခုခုကို ပြောပြချင်တဲ့အခါ ဖုန်းဆက်ဖို့ သူမရှိတော့ဘူး ၊ ကိုယ့်လက်ကို ဆုပ်ကိုင်ထားမဲ့သူ ၊ အေးတဲ့အခါ ဖက်ထားပေးမဲ့သူ ၊ သူဆိုတာ မရှိတော့ဘူး ။ ဒီအသိက သိပ်ဝမ်းနည်းစရာ ကောင်းတာပါပဲ ။

ဒီအခြေနေကို ဆန့်ကျင့်ပြီး သူရှိတယ် ၊ သူပြန်လာဦးမှာ ၊ ဒီလို မဖြစ်ရဘူး စသဖြင့် အရှိတရားကို တွန်းလှန်ချင်တဲ့ စိတ်ကို လျော့ချပေးပါ ။

ခံစားပါ ၊ ငိုပါ ။ ကျွန်တော်တို့ရဲ့ စိတ်ခံစားချက်တွေ ၊ အတွေးတွေဟာ အမြဲတမ်း စီးဆင်းနေရမဲ့ စမ်းချောင်းလေးလိုပါပဲ ။ အဟောင်းတွေကို မေ့လိုက် ၊ အသစ်တွေဝင်လာလိုက် စသဖြင့် စီးဆင်းနေရပါမယ် ။ ဒါမျိုးမဟုတ်ဘဲ တင်းခံထားမယ် ဆိုရင် အထက်ကနေ ပိတ်ဆို့ခံလိုက်ရတဲ့ စမ်းချောင်းလို ဆက်လက်မစီးဆင်းနိုင်ဘဲ ရေသေအိုင် ဖြစ်သွားတတ်ပါတယ် ။

အဲ့ဒီလိုပဲ ဒီဝမ်းနည်းစရာ ခံစားချက်တွေဟာလည်း ကိုယ့်အတွေးထဲမှာ အမြဲတမ်း တဝဲလည်လည် ရှိနေပါလိမ့်မယ် ။ ဒါကြောင့် တင်းမထားပါနဲ့ ဝအောင်ငိုပါ ၊ ခံစားပါ ။

ဘာ့ကြောင့် လမ်းခွဲရတာလဲ ၊ ကိုယ့်ဘက်က ချစ်ခဲ့ရသလောက် ဘာ့ကြောင့် ရက်စက်နိုင်ရတာလဲ ဆိုတာကို ထပ်တလဲလဲ မေးခွန်းထုတ်မနေပါနဲ့တော့ ။
တူညီတဲ့ အဖြေတစ်ခုဟာ ရေစက်ကုန်သွားလို့ ၊ သူမချစ်တော့လို့ ပါပဲ ။

ခွဲခွါရခြင်းကို လက်ခံနိုင်သွားပြီးရင် နောက်တစ်ဆင့် တက်ဖို့ ကြိုးစားပါ ။

..
၂ ။ အလုံးစုံ ခွင့်လွှတ်ခြင်း

လမ်းခွဲပြီးတဲ့ လူတစ်ယောက်ကို ကောင်းခြင်း ၊ ဆိုးခြင်း အားလုံး ခွင့်လွှတ်လိုက်ပါ ။ အငြိုးတေး မထားပါနဲ့ ။ လကျစာ်းခလြေိုစိတျ ၊ ခွင့်မလွှတ်နိုင်တဲ့စိတ်တွေဟာ သိပ်ပူလောင်ရပါတယ် ။ ရေစက်ပါသလောက် တွေ့ပြီး ၊ ရေစက်ကုန်လို့ ဝေးရတယ်သာ တွေးပါ ။ နာကျင်မှုတွေကိုလည်း ဝဋ်ကြွေးတစ်ခု ကြေတယ်လို့သာ သတ်မှတ်ပါ ။

ဒီအချိန်မှာ အလုပ်သင့်ဆုံးအရာက သူနဲ့ပတ်သက်တာတွေကို ပစ်ထားလိုက်တာပါပဲ ။ ကိုယ်နဲ့ လမ်းခွဲပြီး သူဘာလုပ်နေမလဲ ၊ ဘယ်သူနဲ့ Date နေလဲ ၊ ဒါတွေ မလေ့လာပါနဲ့တော့ ။ သူဟာ သူစိမ်းတစ်ယောက်ဖြစ်သွားပြီ ၊ ကိုယ်နဲ့ မဆိုင်တော့ပါဘူး ။

ခွင့်လွှတ်တဲ့အခါမှာ ပြတ်သားခြင်းလည်း ပါဝင်ပါစေ ။

တစ်ချို့လူတွေက လမ်းခွဲခဲ့ပြီးတာကိုတောင် အခြား Account ကနေဝင်ပြီး my day စောင့်ကြည့်ရတာမျိုး ၊ သူဘာတွေတင်နေလဲ ၊ ဘယ်သူနဲ့လဲ စုံစမ်းတတ်ကြတယ် ။ ဒါက အရမ်းဆိုးတဲ့ အချက်ပါပဲ ၊ လုံးဝ မလုပ်မိပါစေနဲ့ ။

နောက်တစ်ခုက တစ်ဖက်သပ်ကြီး ကျန်ခဲ့ရတယ်ဆိုရင်တောင်မှ ၊ သူ့မကောင်းကြောင်းတွေ မပြောနဲ့ ။
အချစ်ဟာ စက်ဘီးလေး တစ်စီးလိုပါပဲတဲ့ ၊၊ ဘီးနှစ်ခုဟာ Balance ကျနေမှ အဆင်ပြေမှာ ၊ တစ်ဖက်က ချို့ယွင်းလာရင် မကြာဘူး လှဲတာပါပဲ ။

ဒီလိုမျိုး သူ့မကောင်းပြန်ပြောတာ ၊ Badmouthing လုပ်တာဟာ ကိုယ့်ရဲ့ မပြည့်ဝမှုကို ပြသလို ၊ စိတ်ကိုလဲ အကြည်ဓာတ်ပျက်စေပါတယ် ။ ဒါဆိုရင် Healing Journey မှာ move on လုပ်ဖို့ သိပ်ခက်သွားပါလိမ့်မယ် ။

ဒါကြောင့် လမ်းခွဲပြီးရင် တစ်ယောက်တည်း နေသားကျလာဖို့ ၊ အဆင်ပြေလာဖို့က အနာဟောင်းကို သွားသွားမထိဖို့ သိပ်အရေးကြီးတယ် ။ ဝက်ခြံပေါက်တာ ဖြစ်ဖြစ် ၊ ဒဏ်ရာရတာပဲ ဖြစ်ဖြစ် အဲ့ဒီ့ အနာကို ခဏခဏ သွားဆွနေရင် ပိုဆို၊းလာဖို့ပဲ ရှိပါတယ် ။ ဘယ်လိုနည်းနဲ့မှ အနာကျက်မလာတော့ဘူး ။အနာတစ်ခု မြန်မြန်ကျက်ချင်ရင် သူ့အနာကို မထိခိုက်မိစေဖို့ သတိထားရမယ် ။

လမ်းခွဲပြီးသားလူတစ်ယောက်ကို ခွင့်လွှတ်လိုက်ပြီဆိုရင် သူဘာလုပ်နေလဲ ၊ ဘာဖြစ်နေလဲ ၊ ဘယ်သူနဲ့လဲ သိစရာမလိုတော့ဘူး မဟုတ်လား ။


၃ ။ Healing time

Healing time ဟာ တစ်ယောက်နဲ့ တစ်ယောက်မတူပါဘူး ။ တစ်ချို့လူတွေက ၁ ပတ် ၁၀ ရက်လောက်နဲ့ Move on နိုင်ပေမဲ့ တစ်ချို့ကတော့ နှစ်လအကြာထိ ဖြစ်နေတတ်ပါတယ် ။

အမြင့်ရောက်ပြီးမှ ပြန်ပြုတ်ကျလာတဲ့အခါ မြင့်ရင် ၊ မြင့်သလောက် နာကျင်ရသလိုမျိုးပါပဲ ၊ ကိုယ်ချစ်ရင် ချစ်သလောက် ၊ သံယောဇဉ်ကြီးမားရင် ကြီးမားသလောက် နာကျင်ရပါတယ် ။

ဒါကြောင့် သူ့များရဲ့ Healing time နဲ့ မနှိုင်းယှဉ်ပါနဲ ။ဒါဟာ ကိုယ်က ပျော့ညံ့နေလို့မဟုတ်ပါဘူး ၊၊

နောက်တစ်ခု အရေးကြီးတာက ကိုယ့်ကိုကိုယ် အပြစ်မတင်မိစေနဲ့ ။ ငါက အသုံးမကျလို့ ၊ ငါက အချစ်နဲ့မထိုက်တန်လို့ စသဖြင့် ကိုယ့်ကိုကိုယ် သိမ်ငယ်စိတ်ဝင်တတ်ပါတယ် ၊၊ ကိုယ်ဟာ သိပ်အဖိုးတန်တယ် ၊ အချစ်ခံရဖို့ ထိုက်တန်ပါတယ် ။ သူကသာ တန်ဖိုးကို မမြင်တတ်ခဲ့တာပါ ။ တစ်နည်းပြောရရင် Wrong Person နဲ့ ဆုံခဲ့ရတာပါ ။

ကိုယ့်ကိုကိုယ် အချိန်ပေးပါ ။ ဝါသနာ ပါတဲ့အရာတွေ လုပ်ဖို့ ၊ တိုးတက်ရာ တိုးတက်ကြောင်း လုပ်ဖို့ အချိန်ယူပါ ။ တစ်ယောက်တည်း ရပ်တည်နိုင်ကြောင်း ၊ ကိုယ်ဟာ သန်မာကြောင်း စမ်းသပ်ပါ ။

အရင်တုန်းက သူနဲ့အတူဆိုပြီး တွေးထားတဲ့ စိတ်ကူးတွေကို တစ်ယောက်တည်း အကောင်ထည်ဖော်ပါ ။ ဥပမာ - သူနဲ့အတူ သွားဖို့ရည်စူးထားတဲ့ ခရီးကို ကိုယ်တစ်ယောက်တည်း သွားတာမျိုး ၊ အတူထိုင်နေကျ ဆိုင်မှာတစ်ယောက်တည်း ထိုင်ကြည့်တာမျိုးလုပ်ပါ ။ အစပိုင်းမှာ ခက်ခဲနိုင်ပေမဲ့ ကြားလာတော့ ကိုယ်ဟာ တစ်ယောက်တည်းဖြစ်သွားရခြင်းကိုလက်ခံပြီး အသားကျသွားပါလိမ့်မယ်။သူမရှိတော့ပေမဲ့လည်း အဆင်ပြေသွားတာပါပဲ ဆိုတဲ့ အသိမျိုး ရပါလိမ့်မယ် ။
ကိုယ်ရည်ကိုယ်သွေးကို နောက်ထပ် Level တစ်ခုရောက်ဖို့ကြိုးစားပါ၊Gymသွားတာတွေ၊Skill တစ်ခုခုလေ့လာတာမျိုးလုပ်ပါ
တန်ဖိုး၆၀၀၀ကျပ်
Crd

15/09/2023

"မှတ်သားဖွယ်ဘဝနေနည်းများ"

၁။ ကိုယ့်မူ နဲ့ ကိုယ်နေပါ။

၂။ အကောင်းမြင်စိတ် မွေးပါ။

၃။ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကို မခံပါနဲ့။

၄။ ကိုယ့်ကိုယ်ကိုယ် သူများတွေနဲ့ မနိုင်းယှဉ်ပါနဲ့။
( အားငယ်စိတ်တွေ ဝင်တတ်သည်)

၅။ မှားခဲ့တဲ့ အမှားတွေကို ခနခနမတွေးပါနဲ့။( စိတ်ဆင်းရဲတက်သည် )

၆။ မှားခဲ့တဲ့ အမှားတွေကို သင်္ခန်းစာယူပါ

၇။ အရည်မရ အဖတ်မရတဲ့ အတင်းအဖျင်းပြောတာ ရှောင်ပါ။

၈။ အားနာတတ်တဲ့ အကျင့်ကို ဖျောက်ပါ။( ကိုယ်ကသာခံဘက်ကချည်းပဲမို့ )

၉။ မှားမှား၊ မှန်မှန်၊ အကျိုးမရှိရင် မငြင်းခုန်ပါနဲ့။
( ပြောနေလဲ ဘာမှမထူးဘူး )

၁၀။ ပိုက်ဆံကို ပစ္စုပ္ပန်မှာပဲအကုန်မသုံးပါနဲ့၊ အနာဂတ်အတွက်လည်း ချန်ထားပါ။( ကျန်းမားရေးကို မေ့မထားပါနဲ့ )

၁၁။ စီးပွားရေးကို ဖြတ်လမ်းကလိုက်ဖို့ ဘယ်တော့မှ မကြိုးစားနဲ့။( အကျနာတတ်တယ် )

၁၂။ မအောင်မြင်ချင်နေပါစေ မကျရှုံးပါစေနဲ့။( စိတ်ဓာတ် )

၁၃။ သူများပြောတိုင်း ယုံတတ်တဲ့ အကျင့်ကို ဖျောက်ပါ။

၁၄ ။ဆိုဆုံးမလို့ မရတဲ့သူကို အာညောင်းခံပြီး ပြောမနေပါနဲ့။

၁၅။ ရင့်ကျက်တည်ငြိမ်သူဖြစ်အောင် ကြိုးစားပါ။
( စာများများ ဖတ်ပါ )

၁၆။ မလိုအပ်ပဲ စကားများများပြောခြင်းကို ရှောင်ပါ။

၁၇။ ပျော်ပျော်နေပါ ပေါတောတော မနေပါနဲ့။

၁၈။ အမှတ်ထားပါ၊ အငြိုးအာဃာတ မထားပါနဲ့။

Credit

13/09/2023

ဘဝမှာ
---- ----

[ No.1] ပိုက်ဆံစုပါ ။
[ No.2 ] တတ်နိုင်သမျှ ပေးကမ်းပါ ။
[ No.3 ] စိတ်ဓာတ်ကို အဆင့်အတန်းမြင့်မြင့်ထားပါ ။

[ No.4 ] အပေါင်းအသင်းကောင်း များများပေါင်းပါ ။

[ No.5 ] အကောင်းမြင်စိတ် မွေးနိုင်အောင်လုပ်ပါ ။

[ No.6 ] လူတွေရဲ့ ကဲ့ရဲ့မှုကို သိပ်အလေးမထားပါနဲ့ ။

[ No.7 ] အရာအားလုံးဟာ ကိုယ်နဲ့မဆိုင်ပါဘူး ။
မဖြစ်သေးတာကိုတွေးပြီး မစိုးရိမ်ပါနဲ့ ။
လက်ရှိကာလကို အကောင်းဆုံးနေပါ ။

[ No.8 ] စည်းကမ်းရှိပါ ၊ သပ်သပ်ရပ်ရပ် ဝတ်ဆင်ပါ ။

[ No.9 ] စာများများဖတ်ပါ ။
{ ပိုက်ဆံမရပေမယ့် နှိုင်းလို့မရတဲ့ပညာတွေရပါတယ် }

[ No.10 ] ကိုယ်ထူးချွန်တဲ့အလုပ်ကနေ အောင်မြင်အောင်လုပ်ပါ ။

[ No.11 ] အလုပ်တစ်ခုကို တစိုက်မတ်မတ်လုပ်ပါ ။
အောင်မြင်မှုက အနှေးနဲ့အမြန် ရောက်ပါလိမ့်မယ် ။

[No.12 ] ကျေးဇူးရှိဖူးရင် ကျေးဇူးတရားမမေ့ပါနဲ့ ။

[ No.13 ] ကိုယ်ယုံကြည်ရာ ကိုးကွယ်ပါ ။
ယုံယုံကြည်ကြည် ကိုးကွယ်ပါ ။
{ အကျိုးကျေးဇူးကို တစ်နေ့ခံစားရပါလိမ့်မယ် }

[ No.14 ] ကံကိုမယုံပါနဲ့ ။
{ ကံဆိုတာအလုပ်ပါ ။ အလုပ်ကောင်းရင်ကံကောင်းမယ် }

[ No.15 ] ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိပါ ။
ကိုယ့်ကိုယ်ကိုသာ အားကိုးပါ ။

အကောင်းကိုလက်ခံနိုင်သလို

အဆိုးကိုလည်းခံနိုင်အောင် ကြိုးစားပါ ...
Crd

ဆရာကြီး ပီမိုးနင်းက  လူဆိုတာ မာနရှိရမယ်။ သို့သော် မာနဆိုတာ ကျွန်တော်တို့ရဲ့ တက်လမ်းကို ဟန့်တားတတ်တဲ့အတွက် အပြင်ကို ထုတ်မ...
30/01/2023

ဆရာကြီး ပီမိုးနင်းက လူဆိုတာ မာနရှိရမယ်။ သို့သော် မာနဆိုတာ ကျွန်တော်တို့ရဲ့ တက်လမ်းကို ဟန့်တားတတ်တဲ့အတွက် အပြင်ကို ထုတ်မပြမိစေနဲ့ လို့ မှာခဲ့ဖူးတယ်။

သိပ်မှန်ပါတယ်။ ဘဝမှာ ဘဝတက်လမ်း ကြီးပွားချမ်းသာဖို့ ကြိုးစားရုန်းကန်ကြတဲ့အခါ မခံချင်စိတ်လို့ခေါ်တဲ့ မာနဆိုတာ ရှိကိုရှိထားရမယ့်အရာပဲ ဖြစ်ပါတယ်။ ဆင်းရဲတဲ့သူပဲဖြစ်ဖြစ်၊ ချမ်းသာနေသူပဲဖြစ်ဖြစ် ကိုယ်ဘယ်အခြေအနေက စပြီး ကြိုးစားရမလဲဆိုတာကို ကောင်းကောင်းသိထားဖို့ လိုတယ်။

ဘဝမှာ မချမ်းသာချင်ဘူးပဲ ထားအုံး၊ အနည်းဆုံး စားဝတ်, နေရေး ဖူလှုံဖို့၊ ကျန်းမာရေးမကောင်းတဲ့အခါ ဆေးဝါးကုသဖို့ လက်ထဲမှာ ငွေတိုငွေစလေးကတော့ ဆောင်ထားမှပဲ အဆင်ပြေမှာ။ ဒီအခါ ကိုယ်ရှင်သန်ဘဝမှာ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ မာနနဲ့တော့ ကြိုးစားရမှာပဲ။

မာနလို့ဆိုလိုက်ရင် တချို့က အောက်ခြေလွတ်သွားတာကို ထင်တယ်။ အောင်မြင်သွားတဲ့နောက်မှာ လူတွေကို ကူညီဖို့ မလိုတော့ဘူးလို့ ယူဆကြတယ်။ ပိုက်ဆံရှိရင် လုပ်ချင်ရာ လုပ်လို့ရတယ်ဆိုတာမျိုး တွေးကြတယ်။ ဒါပေမဲ့ မာနဆိုတာ အဲ့လို မကောင်းတဲ့ စိတ်အပေါ်အခြေခံပြီး ဖြစ်ပေါ်တာကို မခေါ်ဘူး။

တကယ်တမ်း မာနဆိုတာသည် လူတစ်ယောက် ဘယ်လိုလူလဲ၊ ပြီးရင် အဲ့ဒီလူကိုပဲ အနေအထားတစ်ခုကနေ တစ်ခုဆီကို ရောက်အောင် ဆွပေးတဲ့နိုင်တဲ့ စိတ်ဓာတ်ပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ အောက်ကျမခံချင်စိတ်၊ ရလဒ်ကောင်းတွေ လိုချင်စိတ်၊ ကြီးကျယ်ခမ်းနားချင်တဲ့စိတ်၊ ကောင်းစားချင်တဲ့စိတ်တွေဟာ မာနတွေပဲ ဖြစ်တယ်။

မာနဆိုတာ လူတစ်ယောက်အောင်မြင်ဖို့အတွက် အခြေခံလိုအပ်ချက်သာ ဖြစ်တယ်။ မာနဆိုတာ ကိုယ်ဘယ်လိုလူလဲဆိုတာကို သိဖို့၊ အနေအထားတစ်ခုကနေ တစ်ခုဆီကို ပြောင်းလဲပစ်ဖို့ အသုံးချရမယ့် စိတ်ဓာတ်မာကြောမှုတစ်မျိုးပဲ ဖြစ်သင့်တယ်။ လူတကာကို ခွဲခြားဆက်ဆံတတ်တဲ့ စိတ်ထားမျိုး မဖြစ်သင့်ဘူး။

ဝန်ခံချက်။ ။ ဓာတ်ပုံပါ စာသားသည် စာရေးဆရာကြီးပီမိုးနင်း၏ အောင်စိတ် စာအုပ်ထဲမှ လေးစားသမှုပြုကာ ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်။


#၃၀မိနစ်တက္ကသိုလ်

20/01/2023

Happy china new year

ညနေ တစ်ခုမှာ
ဆိတ်လေး တစ်ကောင်ဟာ
တောင်ကုန်းပေါ်မှာ ဆော့နေတယ်။

ရုတ်တရက်
သစ်ပင် ခြုံကြားထဲက
ဝံပုလွေတစ်ကောင် ရောက်လာပြီး
ဆိတ္ကို စားမယ်ပြင်တယ်။

ဆိတ်လေးဟာ
အသံကျယ်နဲ့အော်ပြီး သူငယ်ချင်းတွေကို
အကူအညီ လှမ်းတောင်းတယ်။

နွားက
သစ်ပင်ခြုံထဲက တစ်ချက်လှမ်းကြည့်ပြီး
ဝံပုလွေကို မြင်တော့ ပြေးပါလေရော။

မြင်းက
ခေါင်းငုံပြီး တစ်ချက်ကြည့်၊
ဝံပုလွေကိုတွေ့တော့ ဝှစ်ကနဲကိုပြေးပြန်ရော။

၀ကျကလညျး
ဖြတ်သွားရင်း ဝံပုလွေကိုမြင်တာနဲ့
ကမန်းကတန်း တောင်ပေါ်က ဆင်းပြေးရော။

တောင်အောက်မှာရှိတဲ့ ခွေးလေးက
ဆိတ်အော်သံ ကြားတော့
ကမန်းကတန်းတောင်ပေါ်ပြေးတက်
ခြုံပုတ်တွေထဲက ဖြတ်ပြီး
ဝံပုလွေရဲ့ လည်မြိုကို ကိုက်ခဲပစ်လိုက်တယ်။

ဝံပုလွေ နာလွန်းလို့ ထအော်တယ်၊
ခွေးမာန်ဖီ လိုက်တော့
လန့်ပြီး ပြေးပါလေရော။

အိမ်ပြန်ရောက်တော့၊ သူငယ်ချင်းတွေ
အားလုံး ရောက်လာတယ်။

နွားက
နင်ကဘာလို့ငါ့ကိုမခေါ်တာလဲ..
ငါ့ဂျိုနဲ့ သူ့ဗိုက်ပေါက်အောင် လုပ်ပစ်မှာပေါ့။

မြင်းက
နင်က ဘာလို့ ငါ့ကိုမပြောလဲ၊
ငါသူ့ခေါင်းကို ခွာနဲ့ကန်ပစ်မှာပေါ့။

ဝက်က
နင် ငါ့ကို ခေါ်ရောပေါ့
ငါတစ်ချက် ပက်လိုက်ရင်
သူတောင်ပေါ်ကတောင် ပြုတ်ကျသွားမှာ။

အဲ့လို ပြောသံတွေကြားမှာ
ခွေးလေး မပါခဲ့ပါ။

မိတ်ဆွေစစ်ဆိုတာ
စကားအလှတွေ သုံးနစေရာမလိုပါဘူး။

တစ်ကယ် လိုအပ်ချိန်မှာ
မင်းကို လက်လှမ်း ကူညီတဲ့သူဟာ
မိတ်ဆွေစစ်ပါ။

************************

အနားမှာရှိနေတဲ့ သူငယ်ချင်းတွေ၊
ခင်မင်နေတဲ့ သူငယ်ချင်းတွေဟာ
သူငယ်ချင်းအစစ် ဟုတ်မဟုတ်
မသေချာသေးပါ။

တစ်ခါတလေ အဝေးမှာရှိနေပြီး အမြဲတမ်း
ပေါင်းသင်းနေတာ မဟုတ်ပေမယ့် မင်းတစ်ကယ် အကူအညီ လိုအပ်နေချိန်မှာ
အပိုမပြောပဲ ကူညီတဲ့သူ ဂရုစိုက်တဲ့ သူသာ
တစ်ကယ့် မိတ်ဆွေ/သူငယ်ချင်း အစစ်ပါပဲ။

ဘ၀မွာ တန်ဖိုးထားသင့်တဲ့ မိတ်ဆွေ
သူငယ်ချင်းကောင်းများ ပိုင်ဆိုင်ကြပါစေ။


Credit Original Uploader
copy ''STA''7

ဒေါက်တာ အရှင်သီဟဉာဏာဘိဝံသ

လူလိမ်တွေနဲ့အချိန်ကုန်မခံနဲ့ စာပေတွေနဲ့ အချိန်ကုန်ပါ
12/01/2023

လူလိမ်တွေနဲ့အချိန်ကုန်မခံနဲ့ စာပေတွေနဲ့ အချိန်ကုန်ပါ

ที่อยู่

Sukhumvit Soi22 CG Casa
Bangkok
10110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Online book shop BKKผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์