OLDFLAME Travel & Lifestyle

🐑🌿 Ikaho Green Farm (伊香保グリーン牧場) – သဘာဝနဲ့ တိရစ္ဆာန်လေးတွေကို အနီးကပ်တွေ့နိုင်တဲ့ နေရာ 🌿🐴Gunma ခရိုင်မှာရှိတဲ့ Ikaho Gree...
14/06/2026

🐑🌿 Ikaho Green Farm (伊香保グリーン牧場) – သဘာဝနဲ့ တိရစ္ဆာန်လေးတွေကို အနီးကပ်တွေ့နိုင်တဲ့ နေရာ 🌿🐴

Gunma ခရိုင်မှာရှိတဲ့ Ikaho Green Farm ဟာ မိသားစုနဲ့ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် အပန်းဖြေသွားရောက်လည်ပတ်ဖို့ အရမ်းသင့်တော်တဲ့ နေရာတစ်ခုပါ။

ကျယ်ဝန်းတဲ့ မြက်ခင်းစိမ်းစိမ်းတွေကြားမှာ သိုး၊ မြင်း၊ ဆိတ်နဲ့ နွားတွေကို အနီးကပ်ကြည့်ရှုနိုင်ပြီး အစာကျွေးခြင်း၊ မြင်းစီးခြင်းစတဲ့ လှုပ်ရှားမှုတွေကိုလည်း ကိုယ်တိုင်ပါဝင်ခံစားနိုင်ပါတယ်။ 🐑🐐🐄

နွေဦးနဲ့ ဆောင်းဦးရာသီတွေမှာဆိုရင် တောင်တန်းရှုခင်းလှလှတွေနဲ့အတူ ဓာတ်ပုံရိုက်ဖို့ အရမ်းလှတဲ့ Spot တွေ အများကြီးရှိတာကြောင့် Photography ဝါသနာရှင်တွေအတွက်လည်း မဖြစ်မနေ သွားသင့်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ 📸✨

ကလေးငယ်တွေ အတွက် သဘာဝပတ်ဝန်းကျင်နဲ့ တိရစ္ဆာန်တွေကို လေ့လာသင်ယူနိုင်သလို၊ လူကြီးတွေ အတွက်လည်း မြို့ပြဘဝရဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို ခဏမေ့ပြီး သဘာဝရဲ့ အေးချမ်းမှုကို ခံစားနိုင်တဲ့ နေရာလေးပါ။ 🌳🍃

Gunma ကို ရောက်ရင် Ikaho Green Farm မှာ သဘာဝရဲ့ အေးချမ်းမှုနဲ့ တိရစ္ဆာန်လေးတွေရဲ့ ချစ်စရာကောင်းမှုကို သွားရောက်ခံစားကြည့်ဖို့ မမေ့ပါနဲ့နော်။ ❤️

📍 https://maps.app.goo.gl/dXo4jcvq1e6eMaMn8?g_st=ic

#伊香保グリーン牧場 #牧場 #ဂျပန်ခရီးသွား

 #3:45ဒီနေ့ည ကောင်းကင်ကို မော့ကြည့်လိုက်တော့ 🌙 လရဲ့ တစ်စိတ်တစ်ပိုင်းက နေရောင်ထိလို့ လင်းနေပြီး ကျန်တဲ့ အပိုင်းကိုတော့ ကမ...
12/06/2026

#3:45
ဒီနေ့ည ကောင်းကင်ကို မော့ကြည့်လိုက်တော့ 🌙 လရဲ့ တစ်စိတ်တစ်ပိုင်းက နေရောင်ထိလို့ လင်းနေပြီး ကျန်တဲ့ အပိုင်းကိုတော့ ကမ္ဘာက ပြန်လင်းပေးတဲ့ အလင်းရောင်ကြောင့် မှိန်မှိန်လေး မြင်ရတော့

တစ်ခါတစ်ရံမှာ ဘဝဟာလည်း ဒီလလိုပါပဲ… အလင်းရောင်အပြည့် မရသေးပေမယ့် တဖြည်းဖြည်းနဲ့ ပြည့်စုံလာဖို့ လမ်းပေါ်မှာ ရှိနေတတ်ပါတယ်။

🌙 အပြည့်မဖြစ်သေးတာဟာ မလှတာမဟုတ်ဘူး…အချိန်တစ်ခု ရောက်ရင် ပြီးပြည့်စုံအောင် လှပလာပါလိမ့်မယ်….

10/06/2026

📍 ဂျပန်နိုင်ငံ 🇯🇵 Gunma ပြည်နယ် Takasaki မြို့ရှိ Jigen-in Temple (慈眼院) Takasaki Byakue Dai-Kannon (高崎白衣大観音)

📍 ဂျပန်နိုင်ငံ 🇯🇵 Gunma ပြည်နယ် Takasaki မြို့ရှိ Jigen-in Temple (慈眼院) Takasaki Byakue Dai-Kannon (高崎白衣大観音)Jigen-in Tem...
09/06/2026

📍 ဂျပန်နိုင်ငံ 🇯🇵 Gunma ပြည်နယ် Takasaki မြို့ရှိ Jigen-in Temple (慈眼院) Takasaki Byakue Dai-Kannon (高崎白衣大観音)

Jigen-in Temple သည် Koyasan Shingon ဗုဒ္ဓဘာသာဂိုဏ်း၏ သမိုင်းဝင်ဘုန်းတော်ကြီးကျောင်းတစ်ခုဖြစ်ပြီး Takasaki မြို့၏ အထင်ကရ သင်္ကေတဖြစ်သော Takasaki Byakue Dai-Kannon ကို ထိန်းသိမ်းထားသော နေရာဖြစ်သည်။

တောင်ပေါ်တွင် တည်ရှိသည့် အမြင့် 41.8 မီတာရှိသော အဖြူရောင် Kannon ရုပ်တုကြီးကို 1936 ခုနှစ်တွင် Takasaki မြို့၏ ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးနှင့် စစ်ပွဲတွင် ကျဆုံးခဲ့သူများအတွက် ဆုတောင်းရည်ရွယ်ချက်ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ယနေ့အချိန်တွင် ၎င်းသည် Takasaki မြို့၏ အထင်ရှားဆုံး Landmark တစ်ခုအဖြစ် ရပ်တည်နေပြီး ဂျပန်နိုင်ငံ၏ Registered Tangible Cultural Property အဖြစ်လည်း သတ်မှတ်ခံထားရသည်။

Kannon ရုပ်တု၏ အတွင်းပိုင်းတွင် အဆင့် ၉ ထပ်ပါရှိပြီး ဗုဒ္ဓရုပ်ပွားတော် ၂၀ ကို ပူဇော်ထားသည်။ လာရောက်ဖူးမြော်သူများသည် အတွင်းလှေကား ၁၄၆ ဆင့်ကို တက်ရောက်ကာ Takasaki မြို့တစ်မြို့လုံးကို အပေါ်စီးမှ ကြည့်ရှုနိုင်သည်။

နွေဦးရာသီတွင် Sakura ပန်းပေါင်း ၃,၀၀၀ ခန့် ပွင့်လန်းနေသော ရှုခင်းများနှင့် ဆောင်းဦးရာသီ၏ ရောင်စုံသစ်ရွက်များကြားမှ Kannon ရုပ်တုကြီးကို မြင်တွေ့ရသည့် မြင်ကွင်းများမှာ အလွန်လှပပြီး ခရီးသွားများအတွက် အမှတ်တရဖြစ်စေသော နေရာတစ်ခုလည်း ဖြစ်ပါသည်။

🙏 ငြိမ်းချမ်းမှု၊ ကရုဏာနှင့် မေတ္တာတရားကို ကိုယ်စားပြုသည့် Takasaki Byakue Dai-Kannon သည် Takasaki မြို့ကို တိတ်ဆိတ်စွာ စောင့်ရှောက်နေသည့် အုပ်ထိန်းသူတစ်ပါးကဲ့သို့ယနေ့တိုင် ရပ်တည်နေဆဲဖြစ်သည်။

02/06/2026

မိုချိမိုချိ…❤️

📍Gyodosan (行道山) – တောင်တန်းတွေထဲက တိတ်ဆိတ်သမိုင်းတစ်ခု ⛰️ဂျပန်နိုင်ငံ Tochigi Prefecture, Ashikaga မြို့အနီးမှာရှိတဲ့ Gy...
30/05/2026

📍Gyodosan (行道山) – တောင်တန်းတွေထဲက တိတ်ဆိတ်သမိုင်းတစ်ခု ⛰️

ဂျပန်နိုင်ငံ Tochigi Prefecture, Ashikaga မြို့အနီးမှာရှိတဲ့ Gyodosan (行道山) က သဘာဝအလှနဲ့ သမိုင်းတန်ဖိုး နှစ်ခုလုံးရှိတဲ့ နေရာတစ်ခုပါ။ ဒီတောင်ပေါ်မှာရှိတဲ့ Jōinji Temple (浄因寺) ကို ခန့်မှန်းအားဖြင့် အေဒီ 713–714 ခုနှစ် ဝန်းကျင်မှာ ဂျပန်ဘုန်းတော်ကြီး Gyōki (行基) က တည်ထောင်ခဲ့တယ်လို့ ပြောကြပါတယ်။ တောင်တန်းကြား၊ ကျောက်တောင်အမြင့်ကြီးတွေအောက်မှာ တည်ရှိတာကြောင့် “Kanto ရဲ့ Koyasan” လို့တောင် ခေါ်ကြပါတယ်။

ဒီနေရာရဲ့ထူးခြားချက်က တိတ်ဆိတ်ငြိမ်သက်တဲ့ forest vibe နဲ့ cliff view ပါ။ တောင်ပေါ်က Seishintei (清心亭) viewpoint ကနေ မြင်ရတဲ့ scenery ကို Edo ခေတ်ရဲ့ နာမည်ကြီး artist Katsushika Hokusai တောင် woodblock art ထဲမှာ ရေးဆွဲခဲ့ဖူးတယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် nature spot တစ်ခုထက် ပိုပြီး culture & history ပါဝင်တဲ့ နေရာတစ်ခုလို့ ပြောလို့ရပါတယ်။

တစ်ခါတလေ လူတွေ ခရီးသွားတာ scenery ကြည့်ဖို့တင် မဟုတ်ဘဲ… စိတ်ငြိမ်ဖို့၊ history ကို ခံစားဖို့လည်း ဖြစ်တတ်တယ်။ Gyodosan ကတော့ အဲဒီ feeling ကို ပေးနိုင်တဲ့ နေရာတစ်ခု 🌿⛰️ ✨

📍https://maps.app.goo.gl/a6MXN4d23ybsMEX76?g_st=ic

#行道山

Haruna Shrine 榛名神社…⛩️⛩️“တောအုပ်ထဲက တိတ်ဆိတ်မှုတစ်ခု… 🍃⛩️မြို့ရဲ့အလျင်အမြန်တွေကို ခဏမေ့ပြီး Haruna Shrine (榛名神社) ရဲ့ သစ်တ...
24/05/2026

Haruna Shrine 榛名神社…⛩️⛩️

“တောအုပ်ထဲက တိတ်ဆိတ်မှုတစ်ခု… 🍃⛩️
မြို့ရဲ့အလျင်အမြန်တွေကို ခဏမေ့ပြီး Haruna Shrine (榛名神社) ရဲ့ သစ်တောလမ်းကြားထဲမှာ စိတ်အေးချမ်းမှုကို ခံစားခဲ့ရတယ်။

တောနံ့၊ လေတိုးသံ၊ နေရောင်ကြားက သစ်ရွက်အရိပ်တွေ…
အရာအားလုံးက slow down လုပ်ပေးသလိုခံစားရတယ်။

တစ်ခါတလေ ခရီးသွားတာက နေရာအသစ်တွေကြည့်ဖို့တင်မဟုတ်ဘူး 👀
ကိုယ့်စိတ်ကို recharge ပြန်လုပ်ချင်ရင် ဒီနေရာလေးက ကွက်တိပဲ…သွားဖို့အတွက် Recommend ပေးပါတယိ..✨

📍Location >> https://maps.app.goo.gl/T7N1z5TRS4MqfZwaA?g_st=ic

ที่อยู่

Onioshidashi Park
Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ OLDFLAMEผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง OLDFLAME:

ทางลัด

แชร์