Feeling Songs ❤️Songs and News❤️

၂ နှစ်အရွယ် သမီးငယ်လေးကို ခေါ်ဆောင်သွားပြီး ငွေတောင်းခံခိုင်းခဲ့သူကို ဖမ်းဆီးမိခဲ့သော်လည်း ကနဦးတွင် ပြန်လွှတ်ပေးခဲ့မိရာမ...
20/07/2026

၂ နှစ်အရွယ် သမီးငယ်လေးကို ခေါ်ဆောင်သွားပြီး ငွေတောင်းခံခိုင်းခဲ့သူကို ဖမ်းဆီးမိခဲ့သော်လည်း ကနဦးတွင် ပြန်လွှတ်ပေးခဲ့မိရာမှ ယခုအခါ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရ

​ပြီးခဲ့သည့် ဇွန်လ (၁၇) ရက်နေ့က သီရိမင်္ဂလာဈေးရှေ့တွင် ဈေးရောင်းနေသည့် မိခင်ဖြစ်သူမှာ ဈေးနေရာကိစ္စ ဖြေရှင်းနေစဉ် နောက်တွင်ခဏထားခဲ့သော သူမ၏ ၂ နှစ်အရွယ် သမီးလေး ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပါသည်။
​ဇူလိုင်လ (၁၇) ရက်နေ့တွင် သမီးလေးနှင့် အမျိုးသားတစ်ဦး အတူရှိနေသည့် ရုပ်သံကို တွေ့ရှိခဲ့ပြီးနောက် ယင်းရုပ်သံကိုတင်ခဲ့သူထံ မိခင်ဖြစ်သူက သွားရောက်အကူအညီတောင်းခံခဲ့ပါသည်။ ဇူလိုင်လ (၁၈) ရက်နေ့တွင် ရပ်ကွက်တာဝန်ရှိသူများနှင့် ကူညီသူများက အဆိုပါအမျိုးသားကို အလှူငွေလာယူရန် အကြောင်းပြခေါ်ယူကာ ဖမ်းဆီးနိုင်ခဲ့ပြီး မိခင်ဖြစ်သူနှင့် သမီးလေးတို့ ပြန်လည်ဆုံတွေ့ခွင့်ရခဲ့ပါသည်။
​ထိုအချိန်က ရပ်ကွက်တာဝန်ရှိသူများက ကျူးလွန်သူကို ဥပဒေအရ အရေးယူရန် အကြံပေးခဲ့သော်လည်း၊ မိခင်ဖြစ်သူမှာ လုပ်ထုံးလုပ်နည်းများကို နားမလည်ခြင်းနှင့် ကလေးငယ်တွင် ပြင်ပထိခိုက်မှု ကြီးကြီးမားမားမတွေ့ရဟု ထင်မြင်ကာ ကလေးပြန်ရလျှင် ကျေနပ်ပြီဟုဆိုကာ အရေးမယူရန် ဆုံးဖြတ်ခဲ့ပါသည်။
​သို့သော် ကလေးငယ်အား ဆေးခန်းသို့သွားရောက်ပြသရာတွင် ဦးခေါင်းပိုင်းနှင့် ခန္ဓာကိုယ်အတွင်းပိုင်းဆိုင်ရာ ပြင်းထန်သော ထိခိုက်မှုများ (ဆေးစစ်ချက်အရ) ရှိနေကြောင်း တွေ့ရှိရသဖြင့် စံပြဆေးရုံကြီးသို့ အရေးပေါ်လွှဲပြောင်းပေးခဲ့ရပါသည်။ ယင်းအခြေအနေကိုသိရှိ၍ ရပ်ကွက်ရုံးသို့ ပြန်လည်သွားရောက်ချိန်တွင် အဆိုပါအမျိုးသားကို နောက်မလုပ်ရန် ခံဝန်ဖြင့် ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သိရှိခဲ့ရပါသည်။
​ဆေးစစ်ချက်များအရ ကလေးငယ်တွင် စိတ်မကောင်းဖွယ်ရာ ပြင်းထန်ထိခိုက်မှုများရှိနေသည်ကို အတည်ပြုနိုင်ခဲ့ပြီး ကျူးလွန်သူကို လိုက်လံရှာဖွေခဲ့သော်လည်း ယခုအချိန်အထိ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ကြောင်း သိရသည်။
​လက်ရှိတွင် ကလေးငယ်မှာ ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့်အာရုံကြောဌာန၌ ကုသမှုခံယူနေရပြီး၊ မိခင်ဖြစ်သူက ယခုကဲ့သို့ ပြင်းထန်စွာထိခိုက်ထားသည်ကို သိရှိရပြီးနောက် ကျူးလွန်သူအား ဥပဒေအရ ထိရောက်စွာ အရေးယူပေးရန် အနူးအညွတ် တောင်းဆိုလျက်ရှိပါသည်။

*ကလေးမိဘများအထူးသတိထားကြရန် မျှဝေပေးကြပါဦးနော်😥🙏🙏

Crd

​ #ကလေးသူငယ်အခွင့်အရေးကာကွယ်ပါ
#ပြည်တွင်းသတင်း #နောက်ဆုံးရသတင်း #ဖြစ်ရပ်မှန် #လူမှုဘဝစာမျက်နှာ

🚨 [အရေးပေါ်] ပျောက်ဆုံးနေသော ကလေးငယ်အား ရှာဖွေပေးကြပါရန် မေတ္တာရပ်ခံခြင်း 🚨ဒီနေ့ ၂၀.၇.၂၀၂၆ထိ ရှာမတွေ့သေးလို့ အကူညီတောင်း...
20/07/2026

🚨 [အရေးပေါ်] ပျောက်ဆုံးနေသော ကလေးငယ်အား ရှာဖွေပေးကြပါရန် မေတ္တာရပ်ခံခြင်း 🚨

ဒီနေ့ ၂၀.၇.၂၀၂၆ထိ ရှာမတွေ့သေးလို့ အကူညီတောင်းခံလာလို့ပါ

​ကရင်ပြည်နယ်မှ ကလေးငယ်တစ်ဦး ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက ပျောက်ဆုံးနေပါသဖြင့် ဖခင်ဖြစ်သူနှင့်တကွ မိသားစုဝင်များက အလွန်စိုးရိမ်ပူပန်လျက်ရှိပါသည်။
​📍 ဖြစ်စဉ်အကျဉ်း
ပဲခူးမြို့တွင် ဖခင်ဖြစ်သူနှင့်အတူ ရှိနေစဉ် ဖခင်ဖြစ်သူ ဘက်ထရီအိုးသွားယူသည့် ခဏတာအတွင်း အနားရှိ ကလေးငယ်မှာ ရုတ်တရက် ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်ပါသည်။
​⚠️ သံသယဖြစ်ဖွယ် အခြေအနေများ
ကလေးငယ်အား ခေါ်ဆောင်သွားသူများမှာ ဆံပင်ကျွတ်နှင့် ဖုန်းအပျက်ဟောင်းများ လိုက်လံဝယ်ယူသူများ ဖြစ်နိုင်ကြောင်းနှင့်

ကလေးငယ်အား တောင်းရမ်းခိုင်းစေရန် ခေါ်ဆောင်သွားခြင်း ဖြစ်နိုင်ကြောင်း ယူဆထားပါသည်။

ထို့အပြင် အမျိုးသမီးတစ်ဦးမှ ကလေး၏ ဓာတ်ပုံကိုပြသကာ ငွေကြေးတောင်းခံပြီး အဆက်အသွယ် ဖြတ်သွားသည့် ဖြစ်စဉ်လည်း ရှိခဲ့ပါသည်။

​ရှာဖွေတွေ့ရှိနိုင်ခြေရှိသော နေရာများအနေဖြင့် ကလေးငယ်သည် လက်ရှိတွင် ပဲခူး၊ ဒိုက်ဦးနှင့် ရန်ကုန်ဝန်းကျင်၌ ရှိနိုင်ပါသည်။

​📞 ဆက်သွယ်ရန်
ဤသတင်းကို ဖခင်ဖြစ်သူကိုယ်တိုင် ဆက်သွယ်အကူအညီ တောင်းခံထားခြင်းဖြစ်ပါသည်။ ဖုန်းဆက်၍ ငွေလိမ်လည်တောင်းခံမှုများ ရှိနေသဖြင့် ဖခင်၏ ဖုန်းနံပါတ်ကို လတ်တလော ချန်လှပ်ထားပါသည်။

​ကလေးငယ်အား တွေ့ရှိပါက သို့မဟုတ် သတင်းအစအန သိရှိပါက ဤ Page သို့ (Messenger မှတစ်ဆင့်) ချက်ချင်း ဆက်သွယ်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ကျေးဇူးပြု၍ မျှဝေပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါဦးခင်ဗျာ။ 🙏

Crd.

​ #ကလေးပျောက် #ပဲခူး #ကူညီကြပါဦး #ပျောက်ဆုံးကလေးငယ်ရှာဖွေရေး

ရပ်ကွက်ရုံးကနေထွက်ပြေးကလေးငယ်အား ခိုးယူသူ သန်းတိုးအောင် လွတ်မြောက်သွားသဖြင့်ကလေးကိစ္စ ကူညီပေးခဲ့သည့် အန်တီဖြစ်သူ မိသားစု...
20/07/2026

ရပ်ကွက်ရုံးကနေထွက်ပြေး
ကလေးငယ်အား ခိုးယူသူ သန်းတိုးအောင် လွတ်မြောက်သွားသဖြင့်
ကလေးကိစ္စ ကူညီပေးခဲ့သည့် အန်တီဖြစ်သူ မိသားစုလုံခြုံရေးအတွက် စိုးရိမ်နေရ
​"ကျွန်တော်နဲ့ သမီးလေး စားစရာမရှိ ဒုက္ခရောက်နေလို့ပါ..." ဟု ဆိုကာ ဒဂုံဆိပ်ကမ်း ကျီစုလယ်ထဲတွင် တဲလေးဖြင့်နေထိုင်ပြီး သနားစဖွယ်ဟန်ဆောင်နေသူမှာ ကလေးခိုးယူသူ သန်းတိုးအောင် ဖြစ်ပါသည်။ သူ၏အပြောကို ယုံကြည်သနားမိသည့် အန်တီတစ်ဦးက TikTok တွင် ကူညီရန် ဗီဒီယိုတင်ပေးခဲ့ရာမှ ဤဖြစ်စဉ်အမှန် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါသည်။ (စေတနာရှင် ကိုထွန်းမင်းပင်လျှင် ယုံကြည်၍ သွားရောက်လှူဒါန်းခဲ့ဖူးပါသည်။)
​အဆိုပါ ဗီဒီယိုကို လွန်ခဲ့သော (၁) လခန့်က သီရိမင်္ဂလာဈေးတွင် ဈေးရောင်းနေစဉ် (၂) နှစ်အရွယ် သမီးငယ်လေး ပျောက်ဆုံးသွားခဲ့သည့် မိခင်ဖြစ်သူမှ မြင်တွေ့သွားခဲ့ရာမှ မိမိ၏ ကလေးဖြစ်ကြောင်း ချက်ချင်းသိရှိခဲ့ပါသည်။ ထို့နောက် မိခင်ဖြစ်သူက ကူညီပေးသည့် အန်တီထံ လာရောက်ရှင်းပြခဲ့သဖြင့် အခြားကူညီသူများနှင့်အတူ တာဝန်ရှိသူများကို အသိပေးကာ သွားရောက်ဖမ်းဆီးခဲ့ပြီး ကလေးငယ်ကို မိခင်နှင့်ပြန်ဆုံစေကာ ဆေးရုံသို့ ပို့ဆောင်ပေးနိုင်ခဲ့ပါသည်။
​သို့သော်လည်း ကလေးငယ် ဆေးကုသမှုခံယူနေစဉ်အတွင်း ကလေးခိုးယူသူ သန်းတိုးအောင်မှာ သက်ဆိုင်ရာမှ ထိန်းသိမ်းထားရာမှ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရပါသည်။ ဤအခြေအနေကြောင့် ကူညီပေးခဲ့သည့် အန်တီနှင့်တကွ မိသားစုဝင်များမှာ အသက်အန္တရာယ်အတွက် စိုးရိမ်နေရပြီး ဆေးရုံသို့ပင် မသွားရဲလောက်အောင် ဖြစ်နေရပါသည်။ အဆိုပါအန်တီက သန်းတိုးအောင် မည်သို့လွတ်မြောက်သွားခဲ့သည်နှင့် သူမကြုံတွေ့နေရသည့် လုံခြုံရေးစိုးရိမ်ရမှုများကို မီဒီယာများမှတစ်ဆင့် အလုံးစုံ ဖွင့်ဟပြောပြသွားမည်ဟု ဆိုလာပါသည်။
​ထို့ပြင် ဒလမြို့နယ်မှ ဘီးကြဲဆိုသူကလည်း ကလေးငယ်အတွက် ငွေကျပ် (၃) သိန်း လှူဒါန်းပေးခဲ့ပြီး၊ ကလေးငယ်အပေါ် မတရားပြုကျင့်ကာ ထွက်ပြေးလွတ်မြောက်နေသည့် သန်းတိုးအောင်ကို တွေ့ရှိပါက အကြောင်းကြားပေးရန်နှင့် ဤလုပ်ရပ်အပေါ် လုံးဝမကျေနပ်ကြောင်း ပြောကြားထားသည်ကို တွေ့ရပါသည်။

*ဝိုင်းဝန်း ကူညီ မျှဝေပေးကြပါဦးနော်😥🙏🙏

*မန့်မှာ videoကြည့်ရန်⬇️⬇️

Crd
​ #သတင်းစုံ #ဖြစ်ရပ်မှန် #သတိပြုရန် #အရေးကြီးသတင်း #လူမှုကွန်ရက်သတင်း

သတို့သားက တင်တောင်းငွေမပေးဘဲ ထွက်ပြေးသွားတဲ့အတွက် မင်္ဂလာပွဲကုန်ကျစရိတ် မရှင်းနိုင်ဖြစ်နေတဲ့ သတို့သမီး​ထိုင်းနိုင်ငံ၊ Na...
20/07/2026

သတို့သားက တင်တောင်းငွေမပေးဘဲ ထွက်ပြေးသွားတဲ့အတွက် မင်္ဂလာပွဲကုန်ကျစရိတ် မရှင်းနိုင်ဖြစ်နေတဲ့ သတို့သမီး
​ထိုင်းနိုင်ငံ၊ Nakhon Ratchasima မြို့မှာ မင်္ဂလာဆောင်အခမ်းအနားအတွက် ကျသင့်ငွေ ဘတ် (၂၀၀,၀၀၀) နီးပါး (မြန်မာငွေ သိန်း ၂၆၀ ကျော်) ကို မရှင်းဘဲ အချိန်ဆွဲနေတဲ့ သတို့သမီးကို မင်္ဂလာဆောင် အစားအသောက်နဲ့ အခမ်းအနားပြင်ဆင်ရေးလုပ်ငန်းက ရဲစခန်းမှာ တိုင်ချက်ဖွင့်လိုက်ပါတယ်။
​သတို့သမီးကတော့ သူမရဲ့ နိုင်ငံခြားသားခင်ပွန်းလောင်းက ပေးမယ်လို့ ကတိပြုထားတဲ့ တင်တောင်းငွေကို မပေးဘဲ ထွက်ပြေးသွားတဲ့အတွက် ယခုလို ကျသင့်ငွေကို မရှင်းနိုင်တာဖြစ်တယ်လို့ အကြောင်းပြထားပါတယ်။
​Pak Chong ခရိုင်ရှိ Krua Thong To Chin အစားအသောက်နဲ့ အခမ်းအနားပြင်ဆင်ရေး လုပ်ငန်းပိုင်ရှင်ဟာ မင်္ဂလာပွဲစီစဉ်ပေးခဲ့ပြီး ဘတ် (၁၉၅,၀၀၀) နစ်နာဆုံးရှုံးသွားခဲ့ရတဲ့အတွက် ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့တာဖြစ်ပါတယ်။
​ရဲစခန်းတိုင်ချက်အရ သတို့သမီးဟာ စားပွဲဝိုင်း (၁၃၀) စာ အဆင့်မြင့်ဧည့်ခံကျွေးမွေးပွဲ၊ သီဆိုဖျော်ဖြေမယ့် တေးဂီတအဖွဲ့၊ မီးဆိုင်းနဲ့ အသံစနစ်တွေအပါအဝင် မင်္ဂလာပွဲတစ်ခုလုံးစာအတွက် အစအဆုံး အခမ်းအနားပြင်ဆင်ပေးဖို့ သူတို့လုပ်ငန်းကို အပ်နှံခဲ့တာလို့ ဆိုပါတယ်။
​လုပ်ငန်းဘက်ကလည်း သဘောတူညီထားတဲ့အတိုင်း မင်္ဂလာပွဲကို အကောင်းဆုံးနဲ့ အခမ်းနားဆုံး ပြင်ဆင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ပွဲပြီးလို့ ငွေရှင်းချိန်မှာတော့ စုစုပေါင်းကျသင့်ငွေထဲကမှ ဘတ် (၁၃၀,၀၀၀) သာ ရရှိခဲ့ပြီး ကျန်ရှိနေသေးတဲ့ ဘတ် (၁၉၅,၀၀၀) ကို သတို့သမီးက မရှင်းပေးနိုင်ဖြစ်နေခဲ့ပါတယ်။
​လုပ်ငန်းရှင်က ကျန်ငွေကို တောင်းခံတဲ့အခါမှာ သတို့သမီးက သူမရဲ့ နိုင်ငံခြားသား သတို့သားဟာ ကတိပေးထားတဲ့ တင်တောင်းငွေကို တစ်ပြားတစ်ချပ်မှ မပေးဘဲ ထွက်ပြေးသွားတဲ့အတွက် ကျသင့်ငွေရှင်းပေးဖို့ ငွေမရှိဘူးလို့ ဖြေရှင်းခဲ့ပါတယ်။
​သတို့သမီးဟာ နောက်ပိုင်းမှာ ငွေအနည်းငယ်ကိုသာ ထပ်ပေးပြီး ကျန်ငွေကိုပေးမယ်လို့ ကတိပြုထားတဲ့ရက်တွေကို အကြိမ်ကြိမ် ရွှေ့ဆိုင်းနေခဲ့ပါတယ်။ ဒါကြောင့် လုပ်ငန်းအနေနဲ့ စိုက်ထုတ်ထားရတဲ့ ကုန်ကျစရိတ်တွေများပြီး ငွေကြေးလည်ပတ်မှု အကြပ်အတည်းဖြစ်လာတဲ့အတွက် ယခုလို ရဲစခန်းမှာ တိုင်ကြားရတာဖြစ်တယ်လို့ လုပ်ငန်းပိုင်ရှင်က ဆိုပါတယ်။
Crd.

​ #သတင်းစုံ #ထိုင်းနိုင်ငံ #မင်္ဂလာပွဲ #ဖြစ်ရပ်မှန် #ဗဟုသုတ

🚨 လူပျောက်အကူညီတောင်းခံချင်လို့ပါ😥😥🙏🚨​​ပုံပါမိန်းကလေးသည် ကျွန်တော့်၏ အမအရင်းဖြစ်ပြီး၊ရန်ကုန်ကပါ1.7.2026ရက်နေ့ ပျောက်နေပြ...
20/07/2026

🚨 လူပျောက်အကူညီတောင်းခံချင်လို့ပါ😥😥🙏🚨

​ပုံပါမိန်းကလေးသည် ကျွန်တော့်၏ အမအရင်းဖြစ်ပြီး၊
ရန်ကုန်ကပါ

1.7.2026ရက်နေ့ ပျောက်နေပြီး
ယခုအချိန် ၃ ပါတ်ကြာအထိ အဆက်အသွယ်မရသေးသဖြင့် မိသားစုဝင်များအားလုံး အလွန်တရာ စိတ်ပူပန်နေကြရပါသည်။
​ဘယ်နေရာဒေသမှာပဲဖြစ်ဖြစ် တွေ့ရှိခဲ့လျှင်သော်လည်းကောင်း၊ သတင်းတစ်စုံတစ်ရာ ကြားသိရလျှင်သော်လည်းကောင်း ကျေးဇူးပြု၍ အောက်ပါဖုန်းနံပါတ်များသို့ ချက်ချင်းဆက်သွယ်ပေးကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။
​📞 09449072327
📞 09682010653
​မိဘပြည်သူများအနေဖြင့် ဤပိုစ့်လေးကို ဝိုင်းဝန်း မျှဝေပေးခြင်းဖြင့် ကူညီပေးကြပါရန် တောင်းဆိုအပ်ပါသည်။ သင်၏ မျှဝေပေးမှု တစ်ချက်က မိသားစုနှင့် ပြန်လည်ဆုံတွေ့နိုင်ရန်အတွက် အလွန်အရေးကြီးသော သဲလွန်စတစ်ခု ဖြစ်လာနိုင်ပါသည်။

Crd.

​ #လူပျောက်
#သတင်းအချက်အလက်
#ကူညီပေးကြပါဦး

ကလေးလေးပျောက်နေတာ ၃ရက်ရှိပါပြီခုထိရှာမတွေ့သေးလို့ပါကူရှာပေးကြပါနော်🙏​🚨 အရေးပေါ် လူပျောက်ရှာဖွေခြင်း အသိပေးကြေညာချက် 🚨​စစ...
19/07/2026

ကလေးလေးပျောက်နေတာ ၃ရက်ရှိပါပြီ
ခုထိရှာမတွေ့သေးလို့ပါ
ကူရှာပေးကြပါနော်🙏

​🚨 အရေးပေါ် လူပျောက်ရှာဖွေခြင်း အသိပေးကြေညာချက် 🚨
​စစ်ကိုင်းမြို့၊ ရွာထောင်ဘူတာအနီးမှ ပျောက်ဆုံးနေသော (၅) တန်းကျောင်းသားလေးအား ရှာဖွေပေးရန် မေတ္တာရပ်ခံအပ်ပါသည်။

​ပျောက်ဆုံးသွားသည်မှာ
16.7.2026
(၃) ရက်ရှိပြီဖြစ်ပြီး၊ ကလေးငယ်၏ အရပ်အမြင့်မှာ (၅) ပေ (၆) လက်မခန့် ရှိပါသည်။
​ကလေးငယ်အား တွေ့ရှိသူများ သို့မဟုတ် သတင်းတစ်စုံတစ်ရာ သိရှိသူများအနေဖြင့် မိသားစုဝင်များထံသို့ အောက်ပါဖုန်းနံပါတ်များသို့ အမြန်ဆုံး ဆက်သွယ်ပေးကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။
​📞 09259944357
📞 09773352839
​မိဘပြည်သူများအနေဖြင့် ဤပိုစ့်လေးကို ဝိုင်းဝန်း မျှဝေပေးခြင်းဖြင့် ကူညီပေးကြပါနော်😥😥🙏

Crd.

​ #ကလေးပျောက်
#စစ်ကိုင်းမြို့
#ရွာထောင်ဘူတာ
#သတင်းအချက်အလက်
#ကူညီပေးကြပါဦး

သီရိမင်္ဂလာဈေးတွင် ပျောက်ဆုံးသွားခဲ့သည့် သမီးငယ်လေးကို (၁) လအကြာတွင် မိခင်နှင့် ပြန်လည်ဆုံစည်းပေးနိုင်ခဲ့​သီရိမင်္ဂလာဈေး...
19/07/2026

သီရိမင်္ဂလာဈေးတွင် ပျောက်ဆုံးသွားခဲ့သည့် သမီးငယ်လေးကို (၁) လအကြာတွင် မိခင်နှင့် ပြန်လည်ဆုံစည်းပေးနိုင်ခဲ့
​သီရိမင်္ဂလာဈေး၌ ဟင်းရွက်လိုက်လံရောင်းချနေစဉ် ပျောက်ဆုံးသွားခဲ့သည့် သမီးငယ်လေးကို (၁) လအကြာတွင် ပြန်လည်ရှာဖွေတွေ့ရှိပြီး မိခင်ဖြစ်သူနှင့် ပြန်လည်ဆုံစည်းပေးနိုင်ခဲ့ကြောင်း သိရသည်။
​ဖြစ်စဉ်မှာ ဇွန်လ (၁၇) ရက်နေ့က သီရိမင်္ဂလာဈေးတွင် ဟင်းရွက်ကောက်၍ ပြန်လည်ရောင်းချသူ မိခင်တစ်ဦး၏ နောက်၌ရှိနေသော သမီးငယ်လေး ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ မိခင်ဖြစ်သူမှာ ဘယ်နေရာမှ ရှာရမှန်းမသိသဖြင့် အလွန်ဝမ်းနည်းပူဆွေးခဲ့ရသည်။
​ယခု ဇူလိုင်လ (၁၈) ရက်နေ့တွင်မူ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ကျီစုအနီးရှိ လယ်ကွင်းထဲတွင် "သန်းတိုးအောင်" ဆိုသူက ကလေးငယ်တစ်ဦးကို ခေါ်ဆောင်ကာ မိုးရေထဲတွင် တောင်းရမ်းစားသောက်နေသည့် ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လာခဲ့သည်။ ထိုဗီဒီယိုကို မြင်တွေ့ရသူများက သီရိမင်္ဂလာဈေးမှ မိခင်ထံ အသိပေးလိုက်ရာမှ ကလေးငယ်မှာ ပျောက်ဆုံးနေသူဖြစ်ကြောင်း ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
​ကူညီသူများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကလေးငယ်ကို ပြန်လည်ကယ်တင်နိုင်ခဲ့ပြီးနောက် ကလေးငယ်၏ ကိုယ်ခန္ဓာတွင် ဒဏ်ရာဒဏ်ချက်များစွာကို စိတ်မကောင်းဖွယ် တွေ့ရှိခဲ့ရသည်။ ကျောကုန်းတွင် အညိုအမည်းစွဲနေခြင်း၊ ဦးခေါင်းတွင် ဒဏ်ရာရရှိထားခြင်းတို့အပြင် ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများ ရှိနေသဖြင့် မတရားပြုကျင့်ခံထားရမှု ရှိ/မရှိကို ဆေးစစ်ချက်များ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။
​သမီးဖြစ်သူနှင့် ပြန်လည်ဆုံစည်းရချိန်တွင် ကလေးငယ်၏ ခန္ဓာကိုယ်၌ တွေ့ရှိရသည့် ဒဏ်ရာများကြောင့် မိခင်ဖြစ်သူမှာ စိတ်ထိခိုက်လျက်ရှိပြီး "မိမိတို့လို ဘဝမျိုးကို အခွင့်ကောင်းယူကာ ကလေးငယ်များကို ခိုးယူပြီး တောင်းရမ်းခိုင်းသည့်လုပ်ရပ်မျိုးကို တခြားသူများ ထပ်မံမကြုံတွေ့ရစေလိုပါ" ဟု စေတနာဖြင့် ပြောကြားထားသည်။
​လက်ရှိတွင် ကလေးငယ်ကို ဆေးရုံ၌ ကုသမှုပေးလျက်ရှိပြီး၊ ကျူးလွန်သူ "သန်းတိုးအောင်" အား တရားဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေးကို ပြည်သူများက လိုလားလျက်ရှိသည်။ မိဘများအနေဖြင့်လည်း သားသမီးများကို မျက်စိအောက်တွင် အမြဲမပြတ် စောင့်ရှောက်နိုင်စေရန်နှင့် အလားတူဖြစ်ရပ်များ မဖြစ်ပွားစေရန် သတိပြုနိုင်စေဖို့အတွက် ဤသတင်းကို မျှဝေပေးလိုက်ရပါသည်။

*အထူးသတိထားရအောင် မျှဝေပေးကြပါအုံးနော်😥🙏

*မန့်မှာ videoကြည့်ရန်⬇️⬇️

​ #ကလေးသူငယ်အခွင့်အရေး
#သတိပေးချက်
#ဖြစ်ရပ်မှန်သတင်း
#သီရိမင်္ဂလာဈေး

🚨 [အရေးပေါ်] လူပျောက်ရှာဖွေပေးကြပါရန် မေတ္တာရပ်ခံခြင်း 🚨​ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်တွင် နေထိုင်သူ "အောင်ပြည့်စုံ ...
19/07/2026

🚨 [အရေးပေါ်] လူပျောက်ရှာဖွေပေးကြပါရန် မေတ္တာရပ်ခံခြင်း 🚨
​ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်တွင် နေထိုင်သူ "အောင်ပြည့်စုံ (ခေါ်) စူးခေတ် (BSL)" ပျောက်ဆုံးနေပါသဖြင့် မိသားစုဝင်များမှ အထူးစိုးရိမ်လျက်ရှိပြီး ရှာဖွေပေးကြပါရန် အကူအညီတောင်းခံအပ်ပါသည်။
​👤 အချက်အလက်များ
​အမည် - အောင်ပြည့်စုံ (ခေါ်) စူးခေတ် (BSL)
​အသက် - ၃၀ နှစ်
​အရပ် - ၅ ပေ ၅ လက်မ
​🗓 ပျောက်ဆုံးမှုအခြေအနေ
(၉.၇.၂၀၂၆) ရက်နေ့၊ ညနေ (၃:၀၀) နာရီခန့်တွင် စမ်းချောင်းမြို့နယ်၊ မြင့်မိုရ်လမ်းရှိ နေအိမ်မှ အောက်သို့ဆင်းသွားရာမှ ယနေ့အချိန်ထိ အဆက်အသွယ်ပြတ်တောက် ပျောက်ဆုံးနေခြင်း ဖြစ်ပါသည်။ လက်ရှိတွင် ဖုန်းများလည်း ပိတ်ထားသဖြင့် ဆက်သွယ်၍ မရရှိသေးပါ။
​အဆိုပါပုဂ္ဂိုလ်အား တွေ့ရှိသူများ သို့မဟုတ် သတင်းအစအန သိရှိသူများအနေဖြင့် အောက်ပါဖုန်းနံပါတ်များသို့ ချက်ချင်းဆက်သွယ်၍ ကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
​📞 ဆက်သွယ်ရန် - 09 2633 44456 / 09 4524 77722
​မိတ်ဆွေတို့၏ ဖြန့်ဝေမှုတစ်ချက်က အရေးကြီးတဲ့ သဲလွန်စတစ်ခု ဖြစ်လာနိုင်သည့်အတွက် ဝိုင်းဝန်းကူညီပေးကြပါဦးခင်ဗျာ။ 🙏

Crd.

​ #လူပျောက် #အောင်ပြည့်စုံ #စူးခေတ် #ကူညီကြပါဦး

သမီးလေးပျောက်နေတာ ကြာပါပြီခုထိရှာမတွေ့သေးလို့ပါကူရှာပေးကြပါနော်🙏​အရေးပေါ် ရှာဖွေပေးရန် မေတ္တာရပ်ခံအပ်ပါသည်မ​အိဇင်မိုးသည်...
19/07/2026

သမီးလေးပျောက်နေတာ ကြာပါပြီ
ခုထိရှာမတွေ့သေးလို့ပါ
ကူရှာပေးကြပါနော်🙏
​အရေးပေါ် ရှာဖွေပေးရန် မေတ္တာရပ်ခံအပ်ပါသည်

မ​အိဇင်မိုးသည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်၊ နေ့လယ်ပိုင်းမှစတင်၍ အဆက်အသွယ်ပြတ်တောက် ပျောက်ဆုံးနေပါသည်။
​၎င်းသည် ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်၊ တော်ပေါင်စိန်ကျေးရွာသူဖြစ်ပြီး၊ လှိုင်သာယာမြို့နယ်တွင် အလုပ်လာရောက်လုပ်ကိုင်နေသူ ဖြစ်ပါသည်။ လူမှုကွန်ရက်မှတစ်ဆင့် ခင်မင်ခဲ့သည့် လူငယ်တစ်ဦးနှင့် အပြင်တွင် သွားရောက်တွေ့ဆုံပြီးနောက် ယခုအချိန်အထိ အဆက်အသွယ်မရရှိတော့ခြင်း ဖြစ်ပါသည်။

မ​အိဇင်မိုး၏ မိသားစုဝင်များမှာ များစွာစိုးရိမ်ပူပန်နေရသဖြင့် အိဇင်မိုးကို တွေ့ရှိသူများ သို့မဟုတ် သတင်းအစအန သိရှိသူများအနေဖြင့် အောက်ပါဖုန်းနံပါတ်သို့ အမြန်ဆုံး ဆက်သွယ်ပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။
​ဆက်သွယ်ရန်ဖုန်း - 09676396301

မျှဝေပေးခဲ့ပါဦးနော်😥🙏

Crd

​ #အရေးပေါ်
#ရှာဖွေပေးကြပါဦး
#အိဇင်မိုး
#လူပျောက်

 #အရေးကြီးသတင်း​ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ကလေးငယ်တစ်ဦးကို ခိုးယူပြီး သနားစဖွယ်ဟန်ဆောင်ကာ အလှူငွေကောက်ခံနေသူအား ဖမ်းဆီးရမိ...
19/07/2026

#အရေးကြီးသတင်း
​ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ကလေးငယ်တစ်ဦးကို ခိုးယူပြီး သနားစဖွယ်ဟန်ဆောင်ကာ အလှူငွေကောက်ခံနေသူအား ဖမ်းဆီးရမိ

က-လေး- ငယ်ရဲ့ မိန်း- မ- ကိုယ်တွင် -ဒဏ်ရာတွေ ရရှိထား

​ဒဂုံဆိပ်ကမ်းမြို့နယ်၊ ကျီစုအနီးရှိ လယ်ကွင်းထဲတွင် တဲထိုးနေထိုင်သူ "သန်းတိုးအောင်" ဆိုသူသည် သမီးငယ်လေးတစ်ဦးနှင့်အတူ မိုးရေထဲတွင် တောင်းရမ်းစားသောက်နေသည့်ပုံစံဖြင့် လူမှုကွန်ရက်ပေါ်တွင် ဗီဒီယိုတင်ကာ အလှူငွေကောက်ခံမှုများ ပြုလုပ်ခဲ့ပါသည်။

ထိုသို့သနားစဖွယ် ဟန်ဆောင်နေမှုကို စေတနာရှင်များက ကူညီပေးခဲ့ကြသော်လည်း နောက်ပိုင်းတွင် အမှန်တရား ပေါ်ပေါက်လာခဲ့သည်။
​ဇူလိုင်လ (၁၈) ရက်နေ့ နံနက်ပိုင်းတွင် အမျိုးသမီးတစ်ဦးက အလှူငွေလာရောက်လှူဒါန်းရာမှတဆင့် ကလေးငယ်မှာ အဆိုပါအမျိုးသား၏ သမီးအရင်းမဟုတ်ဘဲ ခိုးယူခံထားရသူဖြစ်ကြောင်း သိရှိခဲ့ရသည်။ ကလေး၏ မိခင်ရင်းက သက်သေအထောက်အထားများ ပြသပြီးနောက် ရပ်ကွက်တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့က ပူးပေါင်းကာ အဆိုပါ အမျိုးသားကို ဖမ်းဆီးခဲ့ပြီး မိခင်နှင့် သမီးငယ်ကို ပြန်လည်ဆုံစည်းပေးနိုင်ခဲ့သည်။
​ကလေးငယ်ကို စစ်ဆေးကြည့်ရှုရာတွင် ခန္ဓာကိုယ်အနှံ့ မိန်း-မ -ကိုယ်ဒဏ်ရာများနှင့် ကျောကုန်းတွင် အညိုအမည်းစွဲနေခြင်း၊ ဦးခေါင်းဒဏ်ရာရရှိထားခြင်းတို့ကို တွေ့ရှိရသဖြင့် စံပြဆေးရုံကြီးသို့ ပို့ဆောင်ကုသမှုများ ပြုလုပ်နေရသည်။

​ယခုကဲ့သို့ ကလေးငယ်တစ်ဦးကို ခိုးယူကာ ရက်စက်စွာ အခွင့်ကောင်းယူ အလှူခံနေသည့်လုပ်ရပ်အပေါ် ပြည်သူများက အလွန်တရာ စိတ်မကောင်းဖြစ်နေကြပြီး၊ ထိုသူအား ထိရောက်စွာ အရေးယူပေးရန် ဝေဖန်ပြောဆိုနေကြသည်။

တရားခံမှာ ခြေထောက်မသန်စွမ်းသူတစ်ဦးဖြစ်ပြီး ကလေးကို ခိုးယူကာ အခုလို ဗန်းပြအလှူခံနေခြင်းဖြစ်ကြောင်း ဝန်ခံထားသည်ဟု သိရသည်။

​မိဘများအနေဖြင့် မိမိတို့၏ သားသမီးများကို အထူးဂရုစိုက်ကြရန်နှင့် လူမှုကွန်ရက်ပေါ်မှ အလှူခံမှုများကို သတိထားဆင်ခြင်နိုင်စေရန်အတွက် ဤသတင်းကို အားလုံးသိရှိအောင် မျှဝေပေးကြပါဦး။
​ #သတိပေးချက်
#ကလေးသူငယ်အခွင့်အရေး
#ဒဂုံဆိပ်ကမ်း
#ဖြစ်ရပ်မှန်သတင်း
#သတိထားကြပါ

ที่อยู่

Bangkok
Bangkok
000

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Feeling Songsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Feeling Songs:

ทางลัด

แชร์