10/10/2026
ပုဂံက မိုးအကုန် ဆောင်းအဝင်မှာ အလှဆုံးပဲ..
ရာသီဥတုကလည်း မပူ မအေး..
မနက်စောစော ဘုရားပေါ်ကနေ မနက်ခင်း နေထွက်ချိန်ကို ကြည့်လိုက်ရင်..
ရှေးဟောင်း စေတီပုထိုးများအပေါ် မြူခိုးပါးပါးလေးတွေ ဆိုင်းနေတဲ့ အလှ နဲ့ မီးပူပေါင်း (Hot Air Balloons) တွေ ကောင်းကင်ထက် ပျံသန်းနေတဲ့ မြင်ကွင်းဟာ ပုဂံရဲ့ အလှဆုံး သင်္ကေတတစ်ခုပဲ...
မိုးကုန်စဆိုတော့ ပုဂံတစ်ခွင် သစ်ပင်သစ်တောတွေ စိမ်းလန်းနေတယ်..
ညနေခင်း နေဝင်ချိန် မြင်ကွင်းတွေဟာလည်း ပန်းချီကားတစ်ချပ်လို လှပလွန်းလှတယ်..
ပုဂံကို လွမ်းရင်.. ပုဂံအလွမ်းပြေ စာအုပ်လေးတွေ
ပြန်ပြန်ဖတ်ဖြစ်တယ်...
#လက်ကျန်လရောင် #နရသူ #ပုညခင်
#မြကျေးရုံတို့ပုဂံရွှေပြည်
#ပျော်ရွှင်တိုးတက်ဖို့_စာဖတ်စို့ ✅❤️
ထိုင်းနိုင်ငံအနှံ့ စာအုပ်များ အိမ်အရောက် ပို့ပေးသည်။