May  Khit ထိုင်းနိုင်ငံကပါရှင်
အိမ်အရောက်ငွေချေတိုက်ရိုက်ပို့ပေးပါတယ်
ယိုးဒယားပစ္စည်းစုံ လက်လီ/လက်ကား
အားပေးနိုင်ပါသည် 🙏

09/09/2026



Drip သောက်နေကျပေမယ့် ဒီ trend ကြိုက်လွန်းလို့ Nescafe အမှုန့်‌ အသေး ၁ထုပ် သွားဝယ်ရသေးတာ
😁
ကော်ဖီဆို ဘယ်လိုနေနေသောက်တတ်တာမို့ အဆင်ပြေတယ် 👍☕☕☕

#မနက်စာ #အစားတလိုင်း

ဘွတ်စကီ ရွတ်ဆေ မြချို  #သဇင်မုန့် လေးသဇင်အချစ်တော်တွေ ပြောတဲ့နည်းတွေအတိုင်း စားမလို့ ရေ၁ခွက် ရေနွေးကြမ်း၁ခွက် ရေခဲရေ၁ခွက...
01/09/2026

ဘွတ်စကီ ရွတ်ဆေ မြချို #သဇင်မုန့် လေး
သဇင်အချစ်တော်တွေ ပြောတဲ့နည်းတွေအတိုင်း စားမလို့ ရေ၁ခွက် ရေနွေးကြမ်း၁ခွက်
ရေခဲရေ၁ခွက်နဲ့ အသင့်ပဲဗျာ 😂
သဇင်မုန့်ရောင်းတဲ့သူတွေလဲ ဒီမှာလာမန့်ပေးကြပါလားနော် ကျနော့်ဆီ သဇင်မုန့်တွေလာဝယ်နေကြလို့ပါ 😂
မရောင်းပါဘူးဆိုတော့ဘယ်မှာရမလဲပဲ မေးနေကြတာမို့ မနေ့ကမန့်ထဲ ရောင်းတဲ့အမတွေပြန်ရှာတာ
ရှာမနိုင်တော့လို့ပါနော် 🫶
ဟိုပိုစ့်အောက် သဇင်ရှာသူတွေဒီကိုလာဝယ်ကြနော် 😁🥰

#သဇင် #အစားတလိုင်း #အစားအစာ

31/08/2026

မနေ့ကတင်‌ပေးမယ်ပြောထားတဲ့ အိမ်မှာ လွယ်လွယ်ကူကူလုပ်စားလို့ရတဲ့ Tortilla Wrap လုပ်နည်းလေးပါ 🌯🌯🥙🫓🫓
Wrap ပုံစံ အဆာပလာမျိုးစုံနဲ့ချိစ်တွေနဲ့ တွဲစားစား၊အာလူးဟင်းပူပူလေးနဲ့ပဲစားစား၊ ထောပတ်လေးနဲ့ ဒီတိုင်းပဲစားစား ကြိုက်သလိုသုံးဆောင်လို့ရပြီး အရသာကတော့ ရှယ်ပါပဲရှင် 😋
ဂျုံနဲ့ရေ ဆတူထည့်ပြီး ဆီ၁ဇွန်းပဲလိုတာမို့
အတော်အလုပ်ရှုပ်သက်သာပြီး
လုပ်ရတာကလဲလွယ် မနက်စာအတွက်လဲ အရမ်းအဆင်ပြေတာမို့ လိုက်လုပ်စားကြည့်ကြပါနော် 😍
အဆင်‌မပြေတာရှိရင်လဲ လာပြောနော် 🫶

#အစားတလိုင်း #အိမ်ချက် #စားမယ်ချက်မယ်

  💐🌹🌺😍Yogurt bowl လေးက အရင်ပတ်ထဲ မုန့်ဖက်ထုပ်မှာထည့်ဖို့ အုန်းသီးခွဲတော့ အုန်းသီးခွံလေးလှလို့ အခြောက်လှမ်း အထဲကအုန်းသီးဖ...
31/08/2026

💐🌹🌺😍

Yogurt bowl လေးက အရင်ပတ်ထဲ မုန့်ဖက်ထုပ်မှာထည့်ဖို့ အုန်းသီးခွဲတော့ အုန်းသီးခွံလေးလှလို့ အခြောက်လှမ်း အထဲကအုန်းသီးဖတ်တွေခြစ်ထုတ်သန့်ရှင်းရေးလုပ် ကောပတ်စား ပေါလစ်တင်ထားတဲ့ ကိုယ်တိုင်လုပ်ပုဂံလေးပါ 🥣🥣
အောက်ခြေ‌ပြားပြားလေးနဲ့ bowl လုပ်ဖို့ အနေတော်ပဲ။ မကွဲအောင်တော့ အတော်သတိထားလုပ်ခဲ့ရ။
Yogurt bowl မနက်စာလေး စားကြပါဦးရှင် 😍🥣🍌🫐🍇🍯🥜

#မနက်စာ #အစားတလိုင်း #မနက်ခင်း

30/08/2026

လေး နောက်တနည်းစမ်းထားတာ Baking soda၊ baking powder တွေ ထောပတ်တွေ ဘာမှမပါဘူး။
ဂျုံရယ် ရေရယ် ဆီ၁ဇွန်းရယ်ပဲ။
ပိုအိပီး လုပ်ရတအားလွယ်ပဲ။
Edit ပီးရင် တင်ပေးမယ်နော်

#အစားတလိုင်း #ချက်မယ်စားမယ်

ခပ်လှမ်းလှမ်းကကြည့်ရင်တော့ အော် သူကော်ဖီနဲ့ဘီစကစ်စားနေတယ်ပေါ့ ဘေးနားလာကြည့်မှ ကျနော်ဘာစားနေလဲ သေချာမြင်ရမယ် 😁 မနေ့ကအိမ်က...
30/08/2026

ခပ်လှမ်းလှမ်းကကြည့်ရင်တော့
အော် သူကော်ဖီနဲ့ဘီစကစ်စားနေတယ်ပေါ့
ဘေးနားလာကြည့်မှ
ကျနော်ဘာစားနေလဲ သေချာမြင်ရမယ် 😁
မနေ့ကအိမ်ကပို့တဲ့ထဲ ပါတဲ့
သဇင်ဘီစကစ်ကို ရေနဲ့တို့စားနေတာ 😬
ဟယ် ဘယ်လိုကြီးတုန်း ဘာလို့လဲမမေးနဲ့
ငယ်ငယ်ထဲက အာ့တိုင်းစားလာတာ 😂
ဘယ်သူကထွင်ခဲ့မှန်းလဲမသိဘူး
ငယ်ငယ်က အာ့သဇင်တို့စပယ်တို့ဆို
ရေလေးနဲ့တို့စားရတာ အရမ်းကြိုက်တာ
ကော်ဖီတို့နို့တို့နဲ့ဆို လုံးဝမလိုက်ဖက်နော် 😁
သဇင်ကတော့ ခုထိထုတ်သေးတယ်
စပယ်ကိုပိုကြိုက်တာ သူက မရတော့ဘူး
စပယ်က ဖြူဖြူဖွေးဖွေးလေး
သဇင်က ညိုညိုလေး
ရေနဲ့တို့စားတာလဲ တို့စားနေကျမှ အထာကျွမ်းတာနော် အယ့်လယ် 😜
ရေခွက်ထဲ ဘီစကစ်ကို နှစ်ပီး
ဘယ်လောက်နေပြန်ထုတ်မှ လိုချင်သလိုအရသာရတာ အကြာကြီးစိမ်ရင် အနှစ်တွေရေထဲပြုတ်ကျတာနဲ့ ဇက်ခနဲပြန်ဆယ်ရင်လဲ ရေမဝင်ရင် စားမကောင်းဘူး
ကိုယ်ကတော့စားကောင်းနေတာပဲ
ဘေးနားက သမီးက ဘာကြီးလဲအထာနဲ့
သနားစရာလို ကျနော့်ကိုကြည့်နေပီ 😁
ညည်းတို့ဒါတွေမသိပါဘူးအေ
ငါတို့ နိုင်းတီးဂွမ်းတီးခေတ်ကလေးဘဝက
စားစရာတွေပါအေ အရမ်းကောင်းလို့
ပြောထည့်လိုက်တယ်🤭

#အစားတလိုင်း #သဇင်မုန့် #အစားအသောက်

မေတ္တာစာတွေရောက်ရှိ 😍အသက်သာ၄၀ကျော်တာ အိမ်ကနေလိုတာအကုန် လုပ်ပေးနေရတုန်းရယ် စားစရာကနေ အဝတ်အစားထိပဲ စုံနေအောင်အမြဲပို့ပေးတတ...
29/08/2026

မေတ္တာစာတွေရောက်ရှိ 😍
အသက်သာ၄၀ကျော်တာ အိမ်ကနေလိုတာအကုန် လုပ်ပေးနေရတုန်းရယ်
စားစရာကနေ အဝတ်အစားထိပဲ စုံနေအောင်အမြဲပို့ပေးတတ်တာ 🫶🫶🫶

27/08/2026

Soft Cookies လေးတွေ အစုံလုပ်ဖြစ်တယ် 🍪🍪🍪
Cookies လေးတွေ လုပ်ရတာ ပျော်စရာတော့ကောင်းသား 💚
Airfryer နဲ့မို့ အပူချိန်က လိုသလိုမရနဲ့ လက်ဝင်တယ်။ မုန့်လေး ၁၀ခုကို ၄ခါလောက် ခွဲဖုတ်ရတာနဲ့ အအေးခံရတာနဲ့ အတော်စိတ်ရှည်ထားရတာ။
ကလေးတွေကြိုက်တယ်ဆိုတာ‌လေးနဲ့ အမောဖြေရတယ်။ အပြင်မယ်ဝယ်စားရင် ၁ခု 40B 🤷
လုပ်နည်းတင်ရမလား

#အစားတလိုင်း #အိမ်ချက် #ကွတ်ကီး

27/08/2026

Good Morning 💚💚💚

My very first matcha cookie experiment complete! 🍪🍃😋

#အစားတလိုင်း #အိမ်ချက် #မနက်ခင်း

ที่อยู่

Bangkok
63110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ May Khitผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง May Khit:

ทางลัด

แชร์