Thailand. Myanmarbook shops

Thailand. Myanmarbook shops books review and book shop

အောင်မြင်ချင်ရင် စာဖတ်ပါ၁၀အုပ်အထက်ယူရင်တစ်အုပ်၈၀ဘတ်နဲ့ ရပါမယ်ထိုင်းနိုင်ငံ အနှံ့ပို့ပေးပါတယ်
14/10/2022

အောင်မြင်ချင်ရင် စာဖတ်ပါ
၁၀အုပ်အထက်ယူရင်တစ်အုပ်၈၀ဘတ်နဲ့ ရပါမယ်
ထိုင်းနိုင်ငံ အနှံ့ပို့ပေးပါတယ်

Ñåÿ Ĥțìțê Lìñ's short video with ♬ original sound - yewinaung571

07/10/2022

ဘဝမှာတိုးတက်အောက်မြင်ဖို့
ကိုယ်တိုင်ကြိုးစားရပါတယ်
အောင်မြင်ဖို့ကြိုးစားတဲ့အခါမှာ
အတွေးတွေကောင်းဖို့ သွားတဲ့လမ်းကမှန်ဖို့
အတွက် စာအုပ်စာပေတွေများများ ဖတ်သင့်ပါတယ်
သင်ကထိုင်းမှာနေပြီး စာအုပ်တွေဝယ်ဖတ်ချင်တယ်ဆိုရင်တော့
အရမ်းသက်သာတဲ့ဈေးနဲ့ စာအုပ်စာပေတွေဖြန်ချီပေးနေတဲ့
ကျွန်တော်တို့ပေ့ကို ဆက်သွယ်မှာယူနိုင်ပါတယ် ဗျ

ကယ်မန်ယူဖန်တွေအတိတ်ကပုံရိပ်တွေမျက်လုံးထဲပြန်မြင်ရောင်ပြီး ပိတိတွေဖြာချင်ရင်မှာလိုက်နော်စာအုပ်နာမ်မည်လေးက ရဲရဲတောက်သက္ကရာဇ...
21/06/2022

ကယ်မန်ယူဖန်တွေ
အတိတ်ကပုံရိပ်တွေမျက်လုံးထဲ
ပြန်မြင်ရောင်ပြီး ပိတိတွေဖြာချင်ရင်
မှာလိုက်နော်
စာအုပ်နာမ်မည်လေးက ရဲရဲတောက်သက္ကရာဇ်များ
သုံးမိနစ်မန်ယူဖန်တွေကျန်သေးလား
😍😍😍

တစ်အုပ်စီပဲကျန်တယ်နော်ပုံမှန်ဈေး ၁အုပ်၂၅၀ဘတ်ကို၆လပိုင်းမကုန်ခင်ဝယ်မယ့်သူတွေ၁အုပ် ၁၇၀ဘတ်နဲ့ရပါမယ်၅အုပ်ယူ ၁၅၀၁၀အုပ်အထက်ယူ...
21/06/2022

တစ်အုပ်စီပဲကျန်တယ်နော်
ပုံမှန်ဈေး ၁အုပ်၂၅၀ဘတ်ကို
၆လပိုင်းမကုန်ခင်ဝယ်မယ့်သူတွေ
၁အုပ် ၁၇၀ဘတ်နဲ့ရပါမယ်
၅အုပ်ယူ ၁၅၀
၁၀အုပ်အထက်ယူမယ်ဆိုရင်၁၀၀ဘတ်နဲ့ရပါမယ်ဗျ

27/03/2022

" သင်္ကြန်ပိတ်ရက်မှာ စာဖတ်ပါ "
"မိတ်ဆွေ....."

တစ်ယောက် 2 ခေါက်ရှယ်ထားသူများ
ခေါမှန့်ထဲသို့ yes လို့ရေးပေးပါ
စာရင်းယူမှာဖြစ်သည်
နောက်တချက်က
စာအုပ်ပိုမိုးရှင်းပေးသလို
2ခေါက်ရှယ်ထားပေးသူအတွက်
စာအုပ်free အုပ်ရေ..... မဲ
ထဖောက်ပေးမည် ။

“ဘေဘီလုံမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်စာအုပ်က ပေးတဲ့ ကြီးပွားကြောင်း (၇) ရပ်”(၁) ကိုယ့်ဆီ ဝင်လာတဲ့ငွေရဲ့ဆယ်ပုံတစ်ပုံကို အမြဲတ...
24/03/2022

“ဘေဘီလုံမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်စာအုပ်က ပေးတဲ့ ကြီးပွားကြောင်း (၇) ရပ်”

(၁) ကိုယ့်ဆီ ဝင်လာတဲ့ငွေရဲ့ဆယ်ပုံတစ်ပုံကို အမြဲတမ်း ချန်ထားပါ။

(၂) ကိုယ့်ဆီဝင်လာသော ငွေများကို စနစ်တကျ စီမံခန့်ခွဲ သုံးစွဲပါ။ ငွေဝင်တဲ့ လမ်းကြောင်းတွေကို သိထားဖို့လိုသလို ထွက်တဲ့လမ်းကြောင်းတွေကို ဂဃနဏ သိထားဖို့လည်း လိုတယ်။
မလိုအပ်ပဲထွက်နေတဲ့ လမ်းကြောင်းတွေရှိရင် အမြန်ဆုံး ပိတ်ပစ်ရန် လိုသည်။ အဲဒီလို မလုပ်ရင် အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေမည်။

(၃) ငွေတွေကို သက်မဲ့လို သဘောမထားရပါဘူး။ သူတို့အချင်းချင်း ရင်းနှီးပြီး တိုးပွားမယ့် နေရာတွေကို ပို့ရမယ်။ နွားတွေ၊ ကြက်တွေအုပ်လိုက် မွေးသလိုပါပဲ။ သူတို့အချင်းချင်း မိတ်တွေလိုက်ကြ၊ ဥတွေ ဥကြ၊ အကောင်တွေ ထပ်ပွားကြပေါ့။
ကိုယ်က ငွေမရှာဘဲ ငွေငွေချင်း ပြန်ရှာသွားတာပေါ့။ ငွေကို သေတ္တာထဲ ထည့်သိမ်းထားရင် အကြောသေပြီး လေဖြတ်တဲ့လူလို ငွေတွေ လေဖြတ်သွားလိမ့်မယ်။ အင်အား မရှိတော့ဘူး။

(၄) အလုပ်လုပ်ရာတွင် လောင်းကစားမဆန်ရဘူး။ မြတ်ချင်မြတ်၊ ရှုံးချင်ရှုံးဆိုတဲ့ သဘောမျိုး မလုပ်ရဘူး။ သေချာတာလောက်ကိုပဲ လုပ်ရမယ်။ မြတ်ရင်တော့ အများကြီးမြတ်မယ်၊ ရှုံးရင် ကုန်သွားမယ်ဆိုတာမျိုးကို ဘယ်သူက ဘယ်လောက် အပြောကောင်းကောင်း မလုပ်ရဘူး။
မပိုင်တဲ့အလုပ်၊ မကျွမ်းကျင်တဲ့အလုပ်မှာ ဘာရင်းနှီးမြှုပ်နှံမှုမှ မလုပ်ရဘူး။ (သူများပြောတာကို မယုံနဲ့၊ ကိုယ့်မျက်စိနဲ့ တွေ့တာတောင် တဝက်ပဲယုံ )

(၅) အိမ်ငှားမနေနဲ့ – အိမ်ပိုင်ဖြစ်အောင်လုပ်၊ ကြိုးစား၊ ဆိုင်မငှားနဲ့။ အပိုင်ဖြစ်အောင် ကြိုးစား။ ငှားတာဟာ ကြာတော့ စရိတ်ထောင်းတယ်။ စိတ်လည်း ရှုပ်ရတယ်။ သေးတာကြီးတာပဓာန မဟုတ်ဘူး။ ကိုယ်ပိုင်ဖြစ်အောင် ကြိုးစားဖို့ပဲ။ အဲဒီ အပေါက်ဟာ ငွေအထွက်ဆုံးပဲ။

(၆) မမျှော်မှန်းနိုင်တဲ့ အနာဂတ်အတွက် ပြင်ဆင်မှုတွေ လုပ်ရမယ်။ (မတ်တတ်စာပဲ ရှိတယ်၊ တုံးလုံးစာ မရှိဘူးလို့ မပြောရအောင် ပြင်ဆင်ထားပါ )

(၇) ကြိုးစားမှုကို ဘယ်တော့မှ မလျှော့နဲ့။ (အားပေးတဲ့ ဖောက်သည်တို့၊ အားပေးတဲ့ ပရိသတ်တို့ဆိုတာ စိတ်ချရတာမျိုးမဟုတ်ဘူး။ ကိုယ့်ထက်တော်တဲ့၊ ကောင်းတဲ့လူရှိရင် အဲဒီကို သွားကြမှာ)

ဆရာဖေမြင့် ” ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ် ” စာအုပ်မှ



ဆရာ ဥာဏ်လင်းအောင်ရဲ့ရင်ဆိုင်ပါ ကျော်ဖြတ်ပါ စာအုပ်ကိုလိုချင်တဲ့သူများမှာလို့ရသေးတယ်နော်၁၅အုပ်သာ ကျန်ရှိပါတော့တယ်လိုချင်တဲ...
02/03/2022

ဆရာ ဥာဏ်လင်းအောင်ရဲ့
ရင်ဆိုင်ပါ ကျော်ဖြတ်ပါ စာအုပ်ကို
လိုချင်တဲ့သူများ

မှာလို့ရသေးတယ်နော်
၁၅အုပ်သာ ကျန်ရှိပါတော့တယ်

လိုချင်တဲ့သူများ အမြန်ဆက်သွယ်လာပါ

ပြင်သစ်ကနေ လှမ်းမှာတဲ့အကိုရေကျေးဇူးအများကြီးတင်ပါတယ်ဗျ
18/02/2022

ပြင်သစ်ကနေ လှမ်းမှာတဲ့အကိုရေ
ကျေးဇူးအများကြီးတင်ပါတယ်ဗျ

စာအုပ်အသစ်တွေ ရောက်ပြီနော်လိုချင်တဲ့စာအုပ်တွေရှိရင်မေးလာပါဗျ
14/02/2022

စာအုပ်အသစ်တွေ ရောက်ပြီနော်
လိုချင်တဲ့စာအုပ်တွေရှိရင်
မေးလာပါဗျ

 #စာဖတ်ပါ..ဘာပဲဖြစ်ဖြစ် စာအရင်ဖတ်ပါ..ညီလေး နှမလေးတို့ကို...ဘာကြောင့် စာဖတ်စေချင်တာလဲ ဆိုတော့...ညီလေး နှမလေးတို့ရဲ့ ကမ္ဘြာ...
16/01/2022

#စာဖတ်ပါ..ဘာပဲဖြစ်ဖြစ် စာအရင်ဖတ်ပါ..

ညီလေး နှမလေးတို့ကို...
ဘာကြောင့် စာဖတ်စေချင်တာလဲ ဆိုတော့...
ညီလေး နှမလေးတို့ရဲ့ ကမ္ဘာကြီးကို...
ဒီထက်မက ပိုပြီး ကျယ်ဝန်းစေချင်လို့ပါ...
(အနာဂတ်ကို ပညာတွေနဲ့ တည်ဆောက်မှာဖြစ်တဲ့ အတွက် ညီလေး နှမလေးတို့ စာများများ ဖတ်ကြပါ)

ငယ်ရွယ်တဲ့အချိန်...
မိဘတွေ ထမင်းကျွေးနေတဲ့ အချိန်မှာ
ပျော်ရွှင်မှုနောက်ကို မလိုက်ပါနဲ့...

တကယ်တော့
အလုပ်မရှိတာ မဟုတ်ပါဘူး...
ရှိတဲ့အလုပ်ကို မလုပ်ကြတာပါ...

ဝင်ငွေ ရတဲ့ အလုပ်ရှိသလို
ဝင်ငွေရဖို့ နည်းလမ်းရှာရတဲ့ အလုပ်လဲရှိတယ်...
(ပညာသင်တာ၊ဗဟုသုတ ရှာတာ၊စာဖတ်တာ)

ယခုဝင်ငွေရဖို့အတွက် ဝန်ထမ်း လုပ်ဖို့ လိုသလို...
ရေရှည်မှာ ဝင်ငွေရှာနိုင်ဖို့ စာဖတ်ဖို့လိုပါတယ်...
ဗဟုသုတတွေ ရှာဖို့ လိုပါတယ်...
အတွေ့အကြုံတွေ ယူဖို့လိုပါတယ်...

"စာဖတ်သော လူမျိုးသည် တိုးတက်၍
တိုးတက်သောလူမျိုးတို့သည် စာဖတ်ကြသည်"
(ဦးသန့်)

တိုးတက်ချင်ရင် စာဖတ်ပါ...
စာဖတ်ရင် ဘာရမလဲ မမေးပါနဲ့...
ဘာရမလဲ သိချင်ရင် စာအရင်ဖတ်ပါ...

ဝင်ငွေများများရချင်ရင် စာဖတ်ပါ...
စာဖတ်ရင် ဝင်ငွေ ဘယ်လောက်ရမလဲ မမေးပါနဲ့...
ဝင်ငွေ ဘယ်လောက်ရမလဲ သိချင်ရင် စာအရင်ဖတ်ပါ..

သူတို့တွေ ဘာလို့အောင်မြင်လဲ သိချင်ရင် စာဖတ်ပါ...
စာဖတ်ရင် သူတို့လို အောင်မြင်မလား လို့မမေးပါနဲ့...
သူတို့လို အောင်မြင်ချင်ရင် စာအရင်ဖတ်ပါ...

စိတ်ဓာတ်ကျရင် စာဖတ်ပါ...
စာဖတ်ရင် စိတ်ဓာတ်ကျတာ ပျောက်မလား မမေးပါနဲ့...
စိတ်ဓာတ် တက်ကြွချင်ရင် စာဖတ်ပါ...

လူငယ်တွေ အတွေးအခေါ်ကြီးချင်ရင် စာဖတ်ပါ...
စာဖတ်ရင် အတွေးအခေါ်ကြီးလားလို့ မမေးပါနဲ့...
အတွေးအခေါ်ကြီးချင်ရင် စာဖတ်ပါ...

တိုးတက်ချင်ရင် စာဖတ်ပါ...

ပိုက်ဆံဆိုတာ ရှာပြီးရင် ကုန်ချင် ကုန်လိမ့်မယ်...
စာဖတ်ပြီး အတွေးအခေါ်ရှာတာဟာ တစ်သက်လုံးမကုန်တဲ့ အရာပါ...

"ပညာရွှေအိုး ၊ လူမခိုး" တဲ့...

သင်ထားတဲ့ ပညာတွေ
ရှာထားတဲ့ ပညာတွေကို ဘယ်သူမှ ခိုးလို့မရပါဘူး...

ငယ်ရွယ်တဲ့ အချိန်...
မိဘတွေ ထမင်းကျွေးထားတဲ့ အချိန်မှာ...
ပညာရှာပါ ၊ စာဖတ်ပါ...

အပျော်နောက်ကို မလိုက်ပါနဲ့...

မမြင်ရတဲ့ အနာဂတ်ကို ရင်ဆိုင်ဖို့...
ပညာတွေ၊ဗဟုသုတတွေ၊အတွေ့အကြုံတွေ နဲ့
အလှဆင်ထားပါ...

အလုပ်မရှိရင် စာဖတ်ပါ....

ညီလေး နှမလေးတို့ ရဲ့ အနာဂတ် တိုးတက်စေဖို့...
မေတ္တာဖြင့်



Please Like & Share

13/01/2022

အောင်မြင်တိုးတက်ကြီးပွားရေးစာအုပ်ဆိုရင်
ဘေဘီလုံမှအချမ်းသာဆုံးပုဂ္ဂိုလ်ဆိုတဲ့စာအုပ်လေးက
အရမ်းဖတ်သင့်တဲ့စာအုပ်လေးပါ

ရသစာပေကြိုက်တဲ့သူတွေဆိုရင်တော့
လင်္ကာဒီပချစ်သူဆိုတဲ့ ဝတ္ထုစာအုပ်လေးက
အရမ်းဖတ်သင့်တဲ့စာအုပ်လေးပါဗျ

ที่อยู่

78
Bangkok

เวลาทำการ

จันทร์ 09:00 - 22:00
อังคาร 09:00 - 22:00
พุธ 09:00 - 22:00
พฤหัสบดี 09:00 - 22:00
ศุกร์ 09:00 - 22:00
เสาร์ 09:00 - 22:00
อาทิตย์ 09:00 - 22:00

เบอร์โทรศัพท์

+66993094363

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Thailand. Myanmarbook shopsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์