မော်ဒန်ရပ်ကွက်

โทร เส้นทาง เว็บไซต์ ติดต่อ ธุรกิจของเรา

မော်ဒန်ရပ်ကွက် စာဖတ်ခြင်းဖြင့် သင့်တိုင်းပြည်အား ?

04/07/2026

#စက်ရုပ်တွေဖျားနေတယ်အချစ်

​အပူချိန်တိုင်းကိရိယာတွေထဲ
အိပ်မက်တွေကို ထည့်မွှေလိုက်တဲ့အခါ
မိုးက နှင်းဆီရောင်သံချေးတွေနဲ့ ရွာချ

​ဝါယာကြိုးတွေက သွေးကြောတွေလို တွန့်လိမ်လို့
မိုင်ခရိုချစ်ပ်ပြားတွေပေါ်မှာ
နာမည်တွေကို ရေးထွင်းရင်း
အာရုံကြောကွန်ရက်တစ်ခုလုံး Short-circuit ဖြစ်ရ။

သံမဏိနှလုံးသားထဲက
ဟိုက်ဒရောလစ် အရည်တွေ
အလွမ်းအဖြစ်
အောက်ဆီဂျင် ယိုစိမ့်ထွက်လာတယ်

​ကွန်ပျူတာစခရင်တွေပေါ်မှာ
လိပ်ပြာတောင်ပံခတ်သံတွေ ပေါ်ပေါ်လာတာ
System Error မဟုတ်ဘူး...

စက်ရုပ်တွေရဲ့
အဖျားတက်ယောင်ယမ်းမှုဟာ
​သံလိုက်စက်ကွင်းတွေ ဝင်ရိုးစွန်းပြောင်းကုန်ပြီ

ငါတို့ဆုံခဲ့တဲ့ စက်မှုဇုန်နောက်ကွယ်က နေကြာပန်းတွေဟာ
နေမင်းဆီကို မျက်နှာမမူတော့ဘဲ
ဖုန်းစခရင်အလင်းဆီကိုပဲ ကွေးညွတ်ဦးခေါင်းချလို့

နှလုံးခုန်သံ တစ်ချက်တည်းနဲ့တင်
ဒီကမ္ဘာကြီးကို Restart ချပစ်လိုက်ချင်တယ်

စက်ရုပ်တွေဖျားနေတယ်အချစ်ရယ်

#ခက်စိမ်း

မူရင်း credit

ခက်သီ---သို့ #အောင်နှင်းသစ်နိုဝင်ဘာ ၂၈ ရက် ညနေဆိုရင်ဦးပိန်တံတားပေါ်မှာ သူ့ကိုတွေ့ရတယ်အဲဒီတုန်းကသူက စည်ပင်ရုံးက အဂ်ျင်နီယ...
04/07/2026

ခက်သီ---သို့
#အောင်နှင်းသစ်

နိုဝင်ဘာ ၂၈ ရက် ညနေဆိုရင်
ဦးပိန်တံတားပေါ်မှာ သူ့ကိုတွေ့ရတယ်
အဲဒီတုန်းက
သူက စည်ပင်ရုံးက အဂ်ျင်နီယာလေး။

နောက်တော့
သူ နိုင်ငံခြားရောက်
ရန်ကုန်ရောက်
အိမ်ထောင်တွေ ကျပစ်နဲ့
ကျနော်တို့နဲ့ ပိုတွေ့ဖြစ်ခဲ့တယ်။

သူ့ မိဘ ဆီစက်နာမည်က
ဓါး ဆီစက်တဲ့
ကျနော့မှာ ထိတ်လန့်ရ
နောက်တော့ ဓါး ဆီစက်ကို
သူ ဦးဆောင်လည်ပတ်ခဲ့။

"မင်းက စက်ပိုင်သားပဲကွ "လို့
ကျနော်က နောက်တော့
'စက်ပိုင်သားလည်း အရက်ဖိုးပြတ်နေတာမျိုး ရှိသကွ' တဲ့။

နောက်
ကိတ်မုန့်ဖုတ်နည်းတွေသင်ပြီး
ကိတ်မုန့်လည်း လုပ်ရောင်းလိုက်သေးတယ်။

သူက
ခက်သီ က
စကားပြောတတ်ဆိုတတ် တဲ့အထဲ ပါပါတယ်။

ဒီနွေဦး မှာ
သူ့ သတင်းကြားတော့
ကျနော်တို့မှာ
ဒေါသ အလုံးအရင်းနဲ့ ကြေကွဲရ။

ခက်သီရေ
ဒီကဗျာဟာ
မင်းအ‌ေကြာင်း မပြည့်စုံဘူးဆိုတာ
ငါ ဝန်ခံလိုက်ပါရဲ့။

အောင်နှင်းသစ်

Credit

04/07/2026

နှလုံးသားနဲ့လင်းတဲ့ကြယ်
……………………………………..

ကိုယ့်ကိုမလိုလားတဲ့သူ
ကမ္ဘာတစ်ရာမျှရှိလည်း
နည်းပါးမှောင်မိုက်လွန်းလှပါတယ်။

ကိုယ်ကချစ်ရတဲ့သူ
ကိုယ့်ကိုချစ်တဲ့သူ
ရေတွက်လို့ရလည်း
မေတ္တာအနန္တ
အဆုံးအစမဲ့ ထွန်းလင်းတောက်ပစကြဝဠာ။

#နိုင်မွန်အောင်သွင်
၁.၇.၂၀၂၆

မူရင်း credit

Out Of 31    မမောသေးသ၍ လေနှင်ရာဆက်လွင့်ဦးမယ့် လောကကြီးထဲက သစ်ရွက်ခြောက်လေးပေါ့။ကမ္ဘာကြီးအတွက် လေထုညစ်ညမ်းမှုတရားခံဟာ ငါမ...
03/07/2026

Out Of 31

မမောသေးသ၍
လေနှင်ရာဆက်လွင့်ဦးမယ့်
လောကကြီးထဲက သစ်ရွက်ခြောက်လေးပေါ့။
ကမ္ဘာကြီးအတွက် လေထုညစ်ညမ်းမှု
တရားခံဟာ ငါမဖြစ်ရင်ကျေနပ်ပြီ...။ ။

မင်းသိဒ္ဓိ(မြင်းမူ)

03/07/2026

ကြွေသူ့ အကြောင်း
-----------------

အခု တော့
ကြယ်တွေလည်း မရှိတော့ပါဘူး

စပယ်ပန်းပွင့်လေးတွေနဲ့ တူတဲ့
ကြယ် တွေပေါ့ မေမေ

ဘဝ တစ်ခုတည်းကိုပဲ လာလာ ပြီး
တိုက်ခတ်နေတဲ့
လေပြင်းတွေကိုပဲ ကျနော် မုန်းတယ်

အချိန်တန်ရင် အနယ်ထိုင်သွားမှာတဲ့
မိုးသက်လေပြင်းတွေက ပြောတယ်

ကမ္ဘာဟာ
ကြွေခဲ့သူ ကြယ်တွေနဲ့
ခု မလှတော့ ဘူး ဆိုတာကို ပေါ့ ။

သင်းရည်လွင်

မူရင်း credit

02/07/2026

အိမ်ပြန်တေး
……………………

လေလွင့်တိမ်တွေလို
အဲဒီနွေနှောင်းရှုခင်းအဟောင်းတွေထဲ
မျောလွင့်ရှည်ကြာ မနေသာဘူး။

ကြိုးညှိရခက်နေသေးတဲ့
ကတိစကားများ၊

သောင်ထွန်းနေပေမယ့်
ပင်လယ်ကိုမမေ့သေးတဲ့ အိပ်မက်များ၊

ညီအကိုမသိတသိ သစ္စာတရား၊

ရှုခင်းလှပြီဆို မီးသေသေသွားတတ်တဲ့ အမှန်တရား…၊

အရာရာ
တိတ်ဆိတ်စွာပေါ့ပါးနေကြပုံဟာ
ကံစီမံရာကို ပုံချရမလိုဖြစ်ခဲ့တယ်။

သိန်းစွန်ငှက်တွေလို
ကိုယ့်အသိုက်ကို ကိုယ်ပဲသိတယ်။

ဆူးများတဲ့ပန်းတွေပေမယ့်
ရနံ့ကိုအမြင့်ဆုံး သင်းထုံစေရမယ်။

မကြာခင်ပြန်ဆုံကြရမယ်ဆိုတာ
နာကျင်စွာသီဆိုနေကျ
ရိုးမြေကျတေးတစ်ပုဒ်ပဲဖြစ်ရလေတယ်။

အိမ်အပြန်လမ်းဆိုတာ
ပန်းတွေခင်းမထားပေမယ့်
မွှေးတဲ့စိတ်က ရူးလောက်စေမယ်။

အိအပြန်လမ်းဆိုတာ
လှန်းထားတဲ့အဝတ်တွေလို
လွယ်လွယ်ပြန်ရုပ်ရတာမျိုးမှမဟုတ်တာ။

အိမ်အပြန်လမ်းဆိုတာ
လက်နဲ့ရေးတဲ့တေးပန်းချီကား
မိုက်မဲသူတွေ ခြေနဲ့ဖျက်လို့ ရရိုးလား။

အိမ်အပြန်လမ်းကို ပတ်ကာထားတဲ့မြို့ရိုးဟာ
ဘယ်လောက်ဟောင်းဟောင်း
စောင်းသံကတော့ အမြဲသစ်လွင်နေတာပေါ့ ။

နှလုံးသားတစ်ခုမှာစိုက်ဝင်နေပေမယ့်
ကိုယ့်ဓားအိမ်ကိုတော့
ဘယ်သူမှမေ့မှာမဟုတ်ဘူး။

#နိုင်မွန်အောင်သွင်

မူရင်း credit

02/07/2026

လွမ်းစေတီ

ညှိုးလျော်နေတဲ့ပန်းခြောက်တွေမှာ
ဖြေမဆည်နိုင်တဲ့ရင်နင့်ဖွယ်ဇာတ်လမ်းတွေ ရှိခဲ့မယ်
ရေငတ်နေတဲ့ဘုရားပန်းအိုးတွေမှာ
ကွဲအက်တုန်ယင်နေတဲ့မျှော်ငေးဆွံ့အမှုတွေ ရှိခဲ့မယ်

ပူဇော်မိတဲ့ဆီမီးလည်း မလင်းဘူး
ကပ်လှူမိတဲ့ရေချမ်းလည်း မလန်းဘူး
ဘယ်အရပ်ကကြားကြား
ဆည်းလည်းသံဟာ တိတ်ဆိတ်ချောက်ချားဖွယ်

ဒါဟာ . . .
အချစ်ကြီးလွန်းသူနှစ်ဦးဆီက ပဲ့ထွက်လာတဲ့
ကြေကွဲမှုအုတ်ခဲတွေ ဆင့်စီထားတာ
ဒါဟာ . . .
နာမည်ကောင်းမရရှာတဲ့ ဘုရားတစ်ပါးရဲ့
လူသားနှစ်ဦးအပေါ် စာနာထောက်ထားမှု

အသကျကို ဌာပနာခဲ့သလား
ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ခေါင်းငုံ့နာကျင်ရမှုတွေကို
ဌာပနာခဲ့သလား

မီးကို ရေနဲ့ ငြှိမ်းသလို
ချစ်ခြင်းမေတ္တာကို ကွေကွင်းခြင်းနဲ့ သတ်သလို
လူ့အဖြစ်ကို မအောင်မြင်တဲ့ဆုံစည်းခြင်းနဲ့
ငြှိမ်းသတ်ခံလိုက်ရသူတွေအကြောင်း
ခေါင်းကို လာစွဲလောင်ခဲ့

လွမ်းဖွယ် . . .
ဆွေးမြည့်ဖွယ် . . .
ပြီးတော့ ရင်ဆို့ဖွယ် . . .
ဘယ်သူမဆို
ချစ်ခြင်းမှာ ၀ဋ်ကြွေးတော်ပြေပါစေကွယ်။

#ကိုသျှား

ပန်းကဗျာ ၃ချစ်သူရေ ...မင်းပြောရင် စကားလုံးတိုင်းက တစ်ခါပွင့်ပြီး တသက်လုံးမကြွေတော့တဲ့ပန်းလို...ချစ်သူရေ ...မင်းပြုံးရင် ...
02/07/2026

ပန်းကဗျာ ၃

ချစ်သူရေ ...
မင်းပြောရင် စကားလုံးတိုင်းက
တစ်ခါပွင့်ပြီး တသက်လုံးမကြွေတော့တဲ့ပန်းလို...

ချစ်သူရေ ...
မင်းပြုံးရင် ပန်းဆီရောင်နှုတ်ခမ်းလေးဟာ
လင်းလက်သွားတဲ့ လမိုက်ညရဲ့ကယ်တင်ရှင်လို...

ချစ်သူရေ ...
ကတ္တီပါကော်ဇောလို နူးညံ့‌သိမ်မွေ့မှုနဲ့
အိန္ဒြေရှင်မလေးဟာ မင်းပေါ့။

ချစ်သူရေ ...
ရှင်သန်ခြင်းကို အဓိပ္ပါယ်ပြည့်စုံဖို့
အချိန်နာရီတွေ မင်းနဲ့အတူဆွဲကပ်ထားလိုက်ချင်တယ်။

ချစ်သူရေ ...
မနက်ခင်းတိုင်းမှာ ကိုယ်ညည်းတွားရမယ့်
တေးသွားလေးဟာ မင်းပါကွယ်။

ချစ်သူရေ
ဖြစ်နိုင်ရင် နှင်းဆီပန်းတွေစိုက်ပျိုးလှည့်ပါ။
အချစ်ဟာ မြစ်ရေလိုတသွင်သွင်
စီးဆင်းခဲ့ရင်
မင်းဟာ ကိုယ်ရွတ်ဖတ်ရမယ့်ကဗျာတစ်ပုဒ်ပါပဲ...။ ။

မင်းသိဒ္ဓိ(မြင်းမူ)

01/07/2026

မီးကိုမျိုချနေရသောပြဇာတ်
(အောင်ဝေး)

မီးနာမှ
သံကောင်းသတဲ့။

မီးကိုမျိုချနေရ
ဘဝအသင်္ချေ။

နယူးယောက်မြို့ကြီးရေ
မီးကျီးခဲတွေကိုပဲ
ညနေညနေ
ထိုင်ကြည့်နေရတယ်။

ဘယ်တော့များ
ငါ့စိတ်တွေ
အေးလာမလဲလို့။ ။

အောင်ဝေး
(ဇူလိုင် ၁၊ ၂၀၂၆)

မူရင်း credit

ပန်းကဗျာ ၂ချစ်တယ်ချစ်တယ်ချစ်တယ်။တိတ်တခိုးနဲ့ ရွတ်ဆိုမိတဲ့ကဗျာတွေအခုတော့ ပန်းတစ်ပွင့်အဖြစ်ပြောင်းလဲခဲ့။သူတစ်ခါပြုံးတိုင်း...
30/06/2026

ပန်းကဗျာ ၂

ချစ်တယ်
ချစ်တယ်
ချစ်တယ်။

တိတ်တခိုးနဲ့ ရွတ်ဆိုမိတဲ့ကဗျာတွေ
အခုတော့ ပန်းတစ်ပွင့်အဖြစ်ပြောင်းလဲခဲ့။

သူတစ်ခါပြုံးတိုင်း ဒီပန်းချီကားက
အသက်ဝင်လာတယ်။

မျက်ဝန်းထဲမှာ ငြိမိတဲ့ကြိုးနဲ့
တသက်လုံးစာ ရူးသွပ်တယ်။

ရင်ခုန်သံဟာ ပန်းသီးတစ်လုံးဖြစ်ခဲ့ရင်

ဒီတစ်ခါ ကိုယ်ဟာ
မင်းချတဲ့ပိုက်ကွန်မှာ မိတဲ့ငါးပဲ။ ။

မင်းသိဒ္ဓိ(မြင်းမူ)

ที่อยู่

Bangkok

เบอร์โทรศัพท์

+959755417771

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ မော်ဒန်ရပ်ကွက် โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง မော်ဒန်ရပ်ကွက်:

ทางลัด

แชร์

หมวดหมู่