Duwun Star Bookstore

Duwun Star Bookstore You will born with wings. Why prefer to crawl through life. Rumi

19/05/2024
16/05/2024

အရမ်းကောင်းတဲ့စာသားလေးပါ

ပန်းတိုင်ကိုရောက်ဖို့အတွက်.....
လူတွေရဲ့မျက်လုံးတွေကို မကြည့်ပါနဲ့
ကိုယ်လမ်းကိုသာကြည့်ပါ။

အောင်မြင်မှုရဖို့အတွက်......
လူတွေရဲ့ စကားတွေကို နားထောင်မနေပါနဲ့။
ကိုယ်ဆုံးဖြတ်ချက်ကိုသာ ခိုင်ခိုင်မာမာချပါ။

ဘဝတက်လမ်းအတွက်......
လူတွေရဲ့ အမှုအရာတွေကို ဂရုမစိုက်ပါနဲ့။
ကိုယ်လုပ်သင်တာကို ရဲရဲဝံ့ဝံ့လုပ်ပါ။

စကားများများ ပြောမိရင်......
ရူးနေလားလို့ အထင်ခံရလိမ့်မယ်။

စကားပြန်မပြောရင်လည်း
မာနကြီးတယ်လို့ အထင်ခံရလိမ့်မယ်။

အမြဲတမ်းပြုံးနေရင်
ပေါတောတောလို့ အထင်ခံရလိမ့်မယ်။

တည်တည်ကြည်ကြည် နေမိရင်လဲ
ဘဝင်မြင့်နေတယ်လို့ အထင်ခံရလိမ့်မယ်။

ကိုယ့်ဘဝကို ကိုယ်တိုင်သိနေတာပဲလို့
သူတစ်ပါးကို မထိခိုက်ပဲ
ကိုယ်အဆင်ပြေသလို နေထိုင်တတ်ဖို့က အရေးကြီး
ပါတယ်။

သူတစ်ပါးလဲကျနေရင် စေတနာသန့်သန့်နဲ့
ကိုယ်တတ်နိုင်သလောက် ဆွဲထူပေးလိုက်ပါ။

ကိုယ်လဲကျနေရင်တော့ ကိုယ်ကိုတိုင်းပဲ
ပြန်ထနိုင်အောင် ကြိုးစားပါ။
ဘာကြောင့်လဲဆိုတော့
ကိုယ်လို စိတ်ဓာတ်မျိုးက သူတစ်ပါးဆီမှာ
ရှိချင်မှရှိမှာ။

မနေ့ကဆိုတာ အတိတ်တစ်ခုပါ။
မနက်ဖြန်ဆိုတာလဲ အိပ်မက်တစ်ခုပါပဲ။
ဒီနေ့သာလျှင် ဘဝတစ်ခုလေ.......
ဘဝဆိုတာ ပျော်လည်းတစ်နေ့ မပျော်လည်း
တစ်နေ့ပါပဲ။

အကောင်းဆုံးဖြစ်အောင်
ဘယ်လိုဖြတ်သန်း ရမှာလည်းဆိုတာ
ကိုယ်အပေါ်မှာပဲ မူတည်တယ်။

အရိုးသားဆုံး လူတစ်ယောက်မဖြစ်သေးရင်တောင်
က်ုယ့်ကိုယ်ကို မလိမ်မိပါစေနဲ့၊ ယုံကြည်မှု မပျက်စေနဲ့ ကိုယ့်အတွက် ယုံကြည်ရဆုံးက
ကိုယ်တစ်ယောက်တည်းပဲရှိတယ်။

Jion Telegram https://t.me/MyanmarKnowledgeGuide

https://www.facebook.com/MyanmarKnowledgeGuide?mibextid=ZbWKwL

တစ်ယောက်တည်းလည်း နေတတ်သလိုနှစ်ယောက်ဖြစ်သွားလည်း အေးအတူပူအမျှပေါ့ဘဝက တစ်ခါတလေတစ်ယောက်တည်း နေထိုင်သင့်ပေမဲ့တစ်ယောက်ယောက်က ...
28/04/2024

တစ်ယောက်တည်းလည်း နေတတ်သလို
နှစ်ယောက်ဖြစ်သွားလည်း အေးအတူပူအမျှပေါ့

ဘဝက တစ်ခါတလေ
တစ်ယောက်တည်း နေထိုင်သင့်ပေမဲ့

တစ်ယောက်ယောက်က ကိုယ့်ကို ချစ်မြတ်နိုးပြီး

နိုးထရတဲ့ မနက်ခင်းကလဲ အေးချမ်းပါတယ်...❤️💜။

#ဖားစည်ရည်ကျော်
27.4.2024.🤍

သစ်ပင်စိုက်ကြပါ ဆိုလို့.....အခုတလော ပြန်ခေတ်ထလာလို့ပြောချင်လာတာပါ။ ဒီကိစ္စဟာ လူအတော်များများ ကမ်ပိန်း (campaign) တွေလုပ်...
28/04/2024

သစ်ပင်စိုက်ကြပါ ဆိုလို့.....

အခုတလော ပြန်ခေတ်ထလာလို့ပြောချင်လာတာပါ။ ဒီကိစ္စဟာ လူအတော်များများ ကမ်ပိန်း (campaign) တွေလုပ်၊ ပရောဂျက်တွေရှာနဲ့ အတော် ဟော့ဖြစ်နေတဲ့ ကိစ္စပါ။ သစ်ပင်စိုက်ကြမယ်တဲ့...။
တချို့လဲ ကျွန်းစိုက်ကြတာပေါ့၊ တချို့က တခြားသစ်မာပင်ပေါ့၊ တချို့ကြတော့လဲ အပင်ဖြစ်ရင်ပြီးရော (ဘာပင်ဖြစ်ဖြစ် အောက်စီဂျင်ရရင် ပြီးတာဘဲဆိုတော့) စိုက်ကြပါတယ်။ ဒါလည်းကောင်းတဲ့ အချက်ပါဘဲ။ ဒီထက်လေးလေးနက်နက် ပြောရရင် အဲဒီလိုလုပ်တာဟာ မမှန်သေးဘူးဗျ။
ကျနော့်ဆရာ ဆရာသိန်းအောင် သင်ကြားပေးနေကြ အချက်လေး ဒီမှာပြောပြချင်လာတာပါဘဲ။ အပင်စိုက်ကြတယ်ဆိုတော့ ကြုံတဲ့အပင်စိုက်ရင် ဘာဖြစ်လာမလဲ..... ။ ဒီအချက်က စပြောကြတာပေါ့။ ဥပမာ ရန်ကုန်မြို့ တနေရာမှာ ကျွန်းပင်တွေ စိုက်ကြပြီဆိုပါတော့။ (၁) ကျွန်းပင်တွေ တကယ်ဖြစ်ထွန်းရဲ့လား.....။ ထင်သလောက်မဖြစ်ထွန်းဘူးနော်။ မြန်မာနိုင်ငံမှာ ကျွန်းသစ်အများဆုံးနဲ့ အကောင်းဆုံး မှတ်တမ်းတွေက ရိုးမတွေကဘဲ..အထူးသဖြင့် ပဲခူးရိုးမပေါ့။ ဘာဖြစ်လို့လဲ သူ့ပေါက်ရောက်ရာဒေသ သူ့ဖြစ်ထွန်းမှုဆိုတာကို လေ့လာသင့်တယ်။ ပြီးတေ့ာ စိုက်တော့ စိုက်ပါရဲ့ စိုက်ပြီး လှည့်မကြည့်တော့ဘူး။ သင်းသပ်မဲ့လူမရှိ သေချာစောင့်​ကြည့်မဲ့လူ မရှိမှတော့ စိုက်လဲ အလကားဘဲ ဖြစ်မှာပါ။
ဟုတ်ပြီ ကျွန်းအကြောင်း မပြောဘူး ထင်းရှူးပင်တွေအကြောင်းပြောရအောင်။ ကလောတို့ အောင်ပန်းတို့ ဘက်တွေမှာ ထင်ရှုးပင်တွေ စိုက်ကြတယ်။ တခုသတိမထားမိတာက ထင်းရှုးမျိုးရင်းတွေမဟုတ်ဘဲ အနောက်တိုင်းမျိုးတွေ ဖြစ်နေခဲ့တာဘဲ။ အဲဒီတော့ မေးစရာရှိလာပြီ။ ထင်းရှုးပင်ဖြစ်ရင် ပြီးရောပေါ့ကွာ၊ ဘာတွေ လိုနေသေးလို့လဲ ဆိုတာမျိုးပေါ့။
တကယ်အရေးအကြီးဆုံး အချက်ကို ဒီမှာပြောပါမယ်။ ကျနော်တို့တွေက နေရာဒေသတစ်ခုမှာ ကြုံအရာအပင်စိုက်လိုက်ရင် အဲဒီဒေသရဲ့ ဂေဟစနစ်တခုလုံး (eco system) ပြောင်းသွားနိုင်တာဘဲ၊ အဲဒီလို ပြောင်းသွားတာရဲ့ အကျိုးဆက်ကတော့ မကောင်းလှပါဘူး။ ဥပမာ အပင်မစိုက်ခင် အဲဒီဒေသမှာ ဘယ်လိုကျေးငှက်တွေ နေထိုင်ကျက်စားကြသလဲ၊ ဘယ်လို အင်းဆက်ပိုးတွေရှိတတ်ကြသလဲ၊ ဘယ်လိုတွားသွား၊ အသားစား၊ စသည်ဖြင့်နေထိုင်တတ်ကျလဲ အရင်လေ့လာပြီးမှ စိုက်သင့်ပါတယ်။ ဒီငှက်တွေဟာ ဟာဘယ်အပင်နဲ့ ​ဘယ်အသီးတွေကို စားသုံးပြီးရှင်သန်ကြသလဲ။ ဘယ်လိုအပင်မျိုးမှာ အသိုက်ဆောက်ကြသလဲ၊ ဒီမျောက်တွေဟာ ဘာအရွက်စားတာလဲ။ ဒီအသားစားအကောင်တွေကရော ဘာအသားစားပြီးရှင်သန်ကြတာလဲ လေ့လာပြီးမှ လိုအပ်တဲ့ အပင်ကို အဓိကထား စိုက်ရပါတယ်။ အဲဒီလို ဂေဟာစနစ်တခုသာ ပြောင်းသွားလိုက်ပြီဆိုရင် အဲဒီမှာ ရှင်သန်နေကြတဲ့ သက်ရှိမျိုးစိပ်တွေ အသွင်ပြောင်းရင်ပြောင်း၊ မပြောင်းနိုင်ရင် မျိုးတုန်းသွားနိုင်ပါတယ်။
မျိုးတုန်းရင် ဘာဖြစ်သွားလဲ မေးလာမှာပေါ့။ အစာကွင်းဆက်ပြတ်ပြီဆိုတာနဲ့ ဥပမာ အင်းဆက်စားပင်တွေ မရှိရင်၊ အင်းဆက်မျိးတုန်းမယ်။ သူတို့မရှိရင် ဝတ်မှုန်ကူးပေးမဲ့ အကောင်မရှိတော့ဘူး။ အင်းဆက်မရှိရင် သူတို့ကိုစားပြီးရှင်သန်ရတဲ့ ငှက်လို(အခြားမျိုးစိတ်) တခု မျိုးတုန်းသွားနိုင်တယ်။ အဲဒီလို မျိုးတုန်းရင် ဂေဟစနစ်ပျက်ပြီဘဲ။ သူတို့မရှိတာနဲ့ အခြားအင်းစက်မျိုးစိပ်အသစ်ဖြစ် လူတွေ မမျှော်လင့်တာတွေ ဖြစ်လာနိုင်တယ်၊ ဒါဆိုရင် အန္တရာယ် ရှိလာပြီပေါ့။ အနီးဆုံး ဥပမာပေးရရင် တရုတ်ပြည်မှာ မြွေအရမ်စားလို့ မြွေမျိုးတုန်းတယ်။ မြွေမျိုးတုန်းတော့ လယ်ထဲမှာ ကြွက်တွေ ပိုပေါလာတယ်။ ကြွက်တွေက အပင်တွေကိုဖျက်ရုံမကလို့ ရောဂါပိုးပါသယ်လာတယ်။ နောက်ဆုံးမြွေတွေ လယ်ထဲ ပြန်လွှတ်ရတယ်။
နောက်ဥပမာတခုက မော်စီတုံးလက်ထက် အစားအသောက်ရှားတော့ လယ်ထဲက စပါးစားတဲ့ စာကလေးတွေကို ရှင်းခိုင်းတယ်။ စပါးချွေတာရာရောက်တာပေါ့။ ပြသနာက စာကလေးတွေလဲ မရှိတော့ရော စပါးခင်း ပိုးကျပြီး အကုန်ရှုံးပါလေရော။ စာကလေးတွေက စပါးဘဲစားတယ်ထင်နေတာ လယ်ထဲက အင်းဆက်ကိုပါ စားသွားတာ။ နောက်မှ အဲဒီလို အဖြစ်ကိုသိတော့ စာကလေးပြန်မွေးရတယ်။
နောက်ဥပမာပေးရရင် သဘာဝတောရိုင်းတွေရဲ့ ဂေဟစနစ်တိုင်းဟာ ကွင်းဆက်တွေချည်းဘဲ။ ဆင်တွေမရှိရင် တောပြုန်းနိုင်သလို၊ ကျားတွေမရှိရင်လဲ တောပျက်နိုင်တယ်။
ပြန်ပြီးချုပ်ရရင် တွေ့ကရာအပင်စိုက်တာထက် ဘာအပင်စိုက်သင့်တယ်ကို လေ့လာ(research)ပြီးမှ စိုက်သင့်ပါတယ်။ ထပ်ပြီးမေးလာမှာပေါ့ အပင်စိုက်ဖို့ကွာ အဲဒီလောက် အချိန်ကုန်စရာလား၊ ပညာရှင်တွေလိုလားပေါ့။ အဲလောက်ထိ တာမသွားလဲ ရပါတယ်။ ဥပမာ အဲဒီအပင်စိုက်မဲ့ ပတ်ဝန်းကျင်က အသက် ၆၀၊ ၇၀ ကျော်တွေကို သူတို့ငယ်ငယ်တုန်းက ဘာပင်တွေ တွေ့လဲ၊ ဘာငှက်တွေ တွေ့လဲ အဲဒီလိုမေးမြန်ပြီး စိုက်ရင်ကို၊ အမှားမများတဲ့ ဂေဟစနစ်တခုကို ပြန်လည် အစားထိုးရာကြတာပေါ့....။
စာများရင် မဖတ်ချင်ကြမှာဆိုးလို့ မေးစရာရှိရင်သာ လာမေးကြပါ၊ မိမိအတွေးရှည်သလောက် တွေးတောကြပါလို့ဘဲ ပြောပါရစေ။
Phot credit fb

Credit-မောင်သာယာ (မြန်အောင်)

ဖတ်ရတာနဲ့ တန်ပါတယ်-----------------------------------တော်ရုံနဲ့ပြိုလဲသွားတတ်ဖို့ မင်းမိဘတွေကပျိုးထောင်ပေးခဲ့တာမှ မဟုတ်ပဲ...
30/03/2024

ဖတ်ရတာနဲ့ တန်ပါတယ်
-----------------------------------
တော်ရုံနဲ့ပြိုလဲသွားတတ်ဖို့ မင်းမိဘတွေက
ပျိုးထောင်ပေးခဲ့တာမှ မဟုတ်ပဲ။
မျက်ရည်တွေခဏခဏကျပြပြီး လောကကြီးကို
စိတ်ကုန်နေရတဲ့အကြောင်း depressionတွေ
ခဏခဏ ဝင်ပြနေလို့ ဖြစ်ပါ့မလား။

မပျော့ညံ့ပါနဲ့ ။
မာကျောတတ်အောင် ကြိုးစားပါ။ ။

ပတ်ဝန်းကျင်ရဲ့ အတိုက်အခိုက် ၊
မနာလို စကားဒဏ်တွေ
အကဲ့ရဲ့ ဒဏ်တွေကို ခံနိုင်ရည်ရှိအောင် နေစေချင်တယ်
မင်းဘာပဲလုပ်လုပ် အကောင်းပြောမှာ မဟုတ်တဲ့
ပတ်ဝန်းကျင်ရဲ့ အတိုက်အခိုက်တွေကြားမှာ
မင်း ရည်မှန်းချက်တွေကိုပဲ အာရုံစိုက်စေချင်တာ။

ဟင့်အင်း . . . မလိုပါဘူး။
လူတိုင်းကို အမြဲပြုံးပြပေးနေဖို့ မလိုဘူး။
တစ်ချို့ လူတွေ အတွက်က ခပ်တည်တည်နေခြင်းနဲ့ပဲ
အဆင်ပြေတယ်။

အချစ်နဲ့ ပတ်သက်တဲ့ မင်းခံစားချက်ကိုလည်း
ထိရှ မလွယ်စေချင်ဘူး။
မင်းကို မချစ်တဲ့သူကို အတင်းအကျပ်
တွယ်ကပ်နေတော့ရော
ဘာတွေများ ပြောင်းလဲသွားနိုင်တာ မို့လို့လဲ ။
ဖြစ်နိုင်ရင် ခံစားချက်ကို ရှေ့တန်းမတင်ပဲ
ထိန်းချုပ်တတ်စေချင်တယ် ။

ဘယ်သူ့ကိုမှ အယုံမလွယ်ပါနဲ့။
(မင်းရဲ့ ဒူးကတောင် ယုံလို့မရဘူး)
ကိစ္စတိုင်းမှာ ပါးရည်နပ်ရည် ရှိတတ်အောင်
မင်းကို မပိန်းစေချင်ဘူး။

လူတွေအာရုံစိုက်လာအောင် လုပ်ယူနေဖို့မလိုဘူးကွာ။
ထိပ်ဆုံးကိုသာ ရောက်အောင်တက်ပြလိုက်။
မင်းကို လူတိုင်းမြင်မှာပါ ။

ဘဝကိုလေတိုက်တိုင်း လွှင့်နေတဲ့သစ်ရွက်ခြောက် မဖြစ်စေနဲ့ဘဝကိုသူတစ်ပါးအလိုကျ နေပေးရတဲ့ဘဝ မဖြစ်စေနဲ့ဘဝကိုမျှော်လင့်ချက်မရှိဘ...
30/03/2024

ဘဝကို
လေတိုက်တိုင်း လွှင့်နေတဲ့
သစ်ရွက်ခြောက် မဖြစ်စေနဲ့

ဘဝကို
သူတစ်ပါးအလိုကျ
နေပေးရတဲ့ဘဝ မဖြစ်စေနဲ့

ဘဝကို
မျှော်လင့်ချက်မရှိဘဲ
ရှင်သန်နေတဲ့သူ မဖြစ်စေနဲ့

ဘဝကို
ရည်ရွယ်ချက်မရှိဘဲ
လျှောက်လှမ်းနေတဲ့သူ မဖြစ်စေနဲ့

ဘဝကို
သူတစ်ပါးအားကိုးနဲ့
ရပ်တည်နေရတဲ့သူ မဖြစ်စေနဲ့

ဘဝကို
အသက်ရှင်လျှက်နဲ့
ဘဝသေနေတဲ့သူ မဖြစ်စေနဲ့

အဲလိုဖြစ်နေမယ်ဆိုရင်
မနက်ဖြန်တိုင်းဟာ
ပျော်ရွှင်စရာ ဖြစ်လာမှာမဟုတ်ဘူး။

မနက်ဖြန်တိုင်းဟာ
စိတ်ညစ်စရာတွေ ဖြစ်လာလိမ့်မယ်

ဘဝကို
အောင်မြင်မှုတွေနဲ့ ဖြတ်သန်းချင်တယ်
တစ်ပါးသူတွေရဲ့
တန်ဖိုးထားချင်းကို ခံချင်တယ်ဆိုရင်

ဘဝကို
ဖြစ်သလို မနေလိုက်ပါနဲ့

ဘဝကို
ဖြစ်သလို နေလိုက်မယ်ဆိုရင်

အောင်မြင်မှုတွေ မရနိုင်သလို
တန်ဖိုးထားချင်လည်း ခံရမှာမဟုတ်ဘူး။

ဒါကြောင့်
ဘဝကို
အချိန်ရှိတုန်းလေးမှာ
လေ့လာသင့်တာ လေ့လာပါ
သင်ယူသင့်တာ သင်ယူပါ

ဘဝကို
လွတ်လွတ်လပ်လပ်
ရှင်သန်နိုင်အောင် ကြိုးစားပါ...

#အရှင်ဇဝန
#ကိုယ့်ကိုယ်ကိုယ်ချစ်တတ်လာတဲ့အခါ

ဒေါသနှင့်မိတ်ဆွေဖွဲ့ခြင်း ဒီစာအုပ်က အဆိပ်အတောက်ဖြစ်တဲ့ဒေါသစိတ်ကိုလေ့လာထားပါတယ်။ဒေါသဆိုတာဘာလဲ၊ ဘာလို့ဒေါသထွက်တာလဲ၊ဘယ်လိုထ...
24/03/2024

ဒေါသနှင့်မိတ်ဆွေဖွဲ့ခြင်း

ဒီစာအုပ်က အဆိပ်အတောက်ဖြစ်တဲ့ဒေါသစိတ်ကို
လေ့လာထားပါတယ်။
ဒေါသဆိုတာဘာလဲ၊ ဘာလို့ဒေါသထွက်တာလဲ၊
ဘယ်လိုထိန်းရမလဲ စတာတွေကိုသတိအသိရှိရှိနဲ့
လေ့လာသွားမှာဖြစ်ပါတယ်။
အနောက်တိုင်းအတွေးအခေါ်၊ဗုဒ္ဓဘာသာအဆုံးအမ၊
တရားထိုင်အလေ့အကျင့်တွေ၊ကိုယ်တွေ့အဖြစ်အပျက်တွေ အားလုံးပေါင်းစပ်ထားတဲ့ ဒီစာအုပ်မှာ ဒေါသမီးအိုးတွေကို အားလုံးရှင်းထုတ်ပြီး ငြိမ်းချမ်းရေးသုခရစေဖို့
နည်းလမ်းတွေကိုရေးသားထားပါတယ်။

ဒီစာအုပ်ရေးသူဟာ အတိုင်ပင်ခံပုဂ္ဂိုလ်၊
ဒေါသထိန်းချုပ်ရေးအကြံပေးဖြစ်တဲ့အပြင်
British Association of Anger Management အသင်း တည်ထောင်သူလည်း ဖြစ်ပါတယ်။
ဒီအသင်းက တစ်ကမ္ဘာလုံးမှာရှိတဲ့ ဒေါသဝေဒနာခံစားနေရ သူတွေကို အကူအညီပေးနေတဲ့ အသင်းကြီးလည်း
ဖြစ်ပါတယ်။စိတ်ဖိစီးမှုက ဒေါသစိတ်ကို
ဘယ်လိုဖြစ်စေတယ်၊အဲဒီအတွက်
ဘယ်လိုဖြေရှင်းရမလဲ
ဆိုတာတွေကို အဓိကဇောင်းပေးထားပါတယ်။

▶စာမျက်နှာ ၁၅၅
▶တန်ဖိုး ၁၅၀ ဘတ်
▶ပို့ခအပီး

😊စာအုပ်လေးကိုစိတ်ဝင်စားရင်မှာလို့ရပါတယ်ခင်ဗျ...

ချစ်တဲ့သူကို သတိရတဲ့အခါ*************************"ချစ်သူကို သတိရတဲ့အခါ ဘာလုပ်ရမလဲ" လို့ မိတ်ဆွေတစ်ယောက်က မေးပါတယ်။ ဒီတော့...
20/03/2024

ချစ်တဲ့သူကို သတိရတဲ့အခါ
*************************

"ချစ်သူကို သတိရတဲ့အခါ ဘာလုပ်ရမလဲ" လို့ မိတ်ဆွေတစ်ယောက်က မေးပါတယ်။
ဒီတော့

"မေတ္တာပို့ပါ" လို့ ဖြေပေးလိုက်ပါတယ်။

ကိုယ်ချစ်တဲ့ သူတစ်ယောက်
~ အေးချမ်းပါစေ။
~ ဘေးအန္တာရာယ်တွေက ဝေးပါစေ။
~ စိတ်မဆင်းရဲပါစေနဲ့။
~ ခန္ဓာဆင်းရဲကို မခံစားရပါစေနဲ့။
~ လုပ်ငန်းတွေ အောင်မြင်ပါစေ။
~ ကြံစည်တိုင်း ဖြစ်ထွန်းပါစေ။
~ လူမို္က်တွေ ရန်က ဝေးပါစေ။
~ သူတော်ကောင်းတွေနဲ့သာ ဆုံတွေ့ပါစေ။
စတဲ့ မေတ္တာတွေ ပေးပို့လိုက်ပါ။

ကမ္ဘာပေါ်မှာ အမြန်ဆုံးယာဉ်ဟာ စိတ်ဖြစ်သလို ခွန်အားအကြီးဆုံးကလည်း စိတ်စွမ်းအင်ပဲ ဖြစ်ပါတယ်။

ဒီလို အမြန်ဆုံးနဲ့ စွမ်းအားအကြီးဆုံး စိတ်ကို အသုံးချပြီး မေတ္တာပို့တဲ့အခါ မေတ္တာတရားရဲ့ အကျိုးကို တကယ်ပင် ရရှိပါတယ်။

' အချစ်' ရယ်လိုဆိုကြရင် မနက်လင်းရင် ဖုန်းဆက်ရမယ်။ စာပို့ရမယ်။ ဂရုစိုက်ရမယ်။ လာတွေ့ရမယ်။ လက်ဆောင်ပို့ရမယ်။ နေ့စွဲတွေကို သတိရရမယ်။ ရစ်ရင် သည်းခံရမယ်။ ကု္တ်ခြစ်ရင် ငုံ့ခံရမယ်။ အိပ်ပျော်ချိန်အထိ ဖုန်းပြောရမယ်။ အနာဂတ်ကို အကောင်းဆုံးဖန်တီးပေးရမယ် စတဲ့ ငါ့အတွက်ဆိုတဲ့ အလိုလော-ဘတွေနဲ့ပဲ တည်ဆောက်မိတဲ့အခါ ပျော်ရွှင်ခြင်းထက် ပူလောင်မှုကို ခံစားရပါတယ်။

ဒီတော့ ချစ်ခြင်းမှာ မေတ္တာတရားကို ပေါင်းထည့်လိုက်တဲ့အခါ သတိရတိုင်း မေတ္တာပို့၊ လွမ်းတိုင်း မေတ္တာပို့၊ သူ့နာမည်လေး ရွတ်မိတိုင်း မေတ္တာပို့ပေးလိုက်ပါ။

မေတ္တာတရားဆိုတာ အပြန်အလှန်အကျိုးပြုတဲ့ သတ္တိရှိတာကြောင့် မေတ္တာပို့သူကိုယ်တိုင် အေးချမ်းခြင်းကို ခံစားရပြီး မေတ္တာရရှိသူလည်း အေးချမ်းရပါတယ်။

မေတ္တာတရားပြည့်ဝနေသူရဲ့ ရုပ်သွင်ဟာ အေးချမ်းတယ်။ အေးချမ်းတော့ မျက်နှာထား ကြည်လင်တယ်။ မြင်ရတာ အေးချမ်းပြီး အသံကြားရတာ အေးချမ်းစေတယ်။

မေတ္တာစိတ်အမြဲထားတဲ့သူရဲ့အသားအရေဟာ ကြည်နေတယ်။
အသားအရေကြည်တော့ အလှတိုးတယ်။ မေတ္တာတရားအချိန်ပြည့်ရှိနေတော့ ဒေါသမထွက်ဘူး။ ဒေါသမရှိတော့ စိတ်ကြည်ပြီး အလုပ်အကိုင်တွေ ဆောင်ရွက်ရာမှာ အမှားမရှိဘဲ ဆုံးဖြတ်လုပ်ကိုင်လာနိုင်တယ်။

ဒါဆို အောင်မြင်မှု ပိုရမယ်။ အောင်မြင်တဲ့ မိန်းမတစ်ယောက်၊ ယောကျာ်းတစ်ယောက်ကို ဘယ်ချစ်သူကမှ စွန့်ခွာမသွားတော့ဘူး။ ဒီတော့ ပျော်ရွှင်မှုတွေ ပိုင်ဆိုင်ရပါရော။

ဒါ့ကြောင့် ချစ်တဲ့သူကို သတိရတဲ့အခါ ' မေတ္တာပို့ပါ'

#ခင်နှင်းကြည်သာ
#ချစ်တဲ့သူကိုသတိရတဲ့အခါ

တန်ဖိုး-၁၂၀ဘတ်
စာမျက်နှာ-၁၂၉
💛💛

“အခက်ခဲဆုံး ကာလတွေကို ဖြတ်ကျော်ရတဲ့အခါ”ဘယ်သူ့ရဲ့ ဘဝမှာမဆို အခက်ခဲဆုံး ကာလတွေဆိုတာ ရှိတတ်ကြပါတယ်။ အလုပ်အကိုင် အဆင်မပြေတာ၊...
20/03/2024

“အခက်ခဲဆုံး ကာလတွေကို ဖြတ်ကျော်ရတဲ့အခါ”

ဘယ်သူ့ရဲ့ ဘဝမှာမဆို အခက်ခဲဆုံး ကာလတွေဆိုတာ ရှိတတ်ကြပါတယ်။ အလုပ်အကိုင် အဆင်မပြေတာ၊ ငွေကြေးကြပ်တည်းတာ၊ မိသားစု၊ အိမ်ထောင်ရေး ပြဿနာ၊ ကျန်းမာရေး ချို့ယွင်းတာ စတဲ့ အကြောင်းရင်းတွေကြောင့်ပေါ့။

အဲဒီလို အခိုက်အတံ့တွေမှာ ထားရှိသင့်တဲ့ ခံယူချက် ၉ ခုကို မျှဝေချင်ပါတယ်။

💟 ၁။ ကိုယ့်မှာ 'ရှိ'တာတွေကို အာရုံစိုက်ပါ။

စိတ်တွေ ပင်ပန်းဖိစီးလာတဲ့အခါ ကိုယ့်မှာ မရှိတာတွေကိုပဲ စဉ်းစားမိပြီး ဝမ်းနည်းတတ်တယ်။ ပူဆွေးတတ်တယ်။ ကိုယ့်မှာ ရှိနေသေးတာတွေကိုတော့ မေ့လျော့သွားတတ်တယ်။ ငွေကြေးအဆင်မပြေပေမဲ့ မိသားစု ရှိသေးတယ်။ အလုပ်မရှိတော့ပေမဲ့ ခြေ ၂ ဖက်၊ လက် ၂ ဖက်အကောင်းကြီး ရှိသေးတယ်။ ဒါကြောင့် စိတ်ပင်ပန်းပြီး အားငယ်မိတဲ့အခါတိုင်း ဒီအလေ့အကျင့်ကို လုပ်ကြည့်စေချင်တယ်။

💟 ၂။ အတိတ်နဲ့ အနာဂတ်ဟာ သက်သက်စီပဲဆိုတာ သတိပြုပါ။

အတိတ်မှာ မှားခဲ့တာတွေ ရှိမယ်။ ညံ့ခဲ့တာတွေ ရှိမယ်။ မလုပ်သင့်တာတွေ လုပ်ခဲ့မိမယ်။ ညစ်ထေးစွန်းပေနေမယ်။ ဒါပေမဲ့ အနာဂတ်ကတော့ ဘာဆိုဘာမှ မရေးရသေးတဲ့ စာရွက်တစ်ရွက်လိုပဲ။ အတိတ်မှာ ဖြစ်ခဲ့တာမှန်သမျှ အနာဂတ်မှာလည်း ထပ်ဖြစ်လိမ့်မယ်လို့ မမှတ်ယူပါနဲ့။ လက်ရှိပစ္စုပ္ပန်က ကိုယ့်လက်ထဲမှာပါ။ ဘာကိုမဆို ပြောင်းလဲပစ်ဖို့ ကိုယ်တတ်နိုင်ပါတယ်။

💟 ၃။ အခက်အခဲတွေဆိုတာ ပိုသန်မာလာစေဖို့ အခွင့်အလမ်းတွေပါ။

ဘယ်သူမဆို အဆင်ပြေချင်ကြတာချည်းပဲ ဆိုပေမဲ့ သေချာပြန်စဉ်းစားကြည့်ရင် ကိုယ့်ကို ပိုပြီး တိုးတက်လာစေတာ၊ ရင့်ကျက်လာစေတာ၊ သန်မာလာစေတာ အခက်အခဲတွေ၊ အဆင်မပြေမှုတွေ၊ ရှုံးနိမ့်မှုတွေပါ။ ဒါကြောင့် Obstacles မဟုတ်ပါဘူး။ Opportunity to grow သာ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် Application တစ်ခုလို သဘောထားကြည့်မယ်ဆိုရင် ခက်ခဲတဲ့ အခိုက်အတံ့တွေ ဆိုတာ ဒီ App ကို Update လုပ်နေတဲ့ ဖြစ်စဉ်တွေပါပဲ။

💟 ၄။ တစ်ခါတလေ လဲပြိုခွင့်ပေးပါ။

“It’s ok to not be ok.” လူဆိုတော့ ပြိုလဲတဲ့အခါ ရှိမှာပေါ့။ အချိန်ပြည့် သန်မာနေရအောင် စက်ရုပ်မှ မဟုတ်တာ။ ဒါကြောင့် ကာလတစ်ခုတော့ ငိုပါ။ ဝမ်းနည်းပါ။ ပူဆွေးပါ။ ပြီးမှ လုပ်စရာရှိတာတွေ ဆက်လုပ်ပါ။

💟 ၅။ ညဘက်မှာ ဘာတွေပဲ ဖြစ်နေပါစေ၊ မနက်ကျရင်တော့ နေပြန်ထွက်လာမှာပဲ။

ကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာပဲဖြစ်ဖြစ် အမြဲဖြစ်မနေပါဘူး။ သက်တမ်းကုန်ဆုံးရက် ဆိုတာ ရှိပါတယ်။ ဒါကြောင့် ပျော်စရာနဲ့တွေ့လည်း အပျော်မလွန်နဲ့။ ဘယ်အရာမှ မတည်မြဲဘူး။ ဒုက္ခနဲ့တွေ့လည်း အရှုံးမပေးနဲ့။ ဘယ်အရာမှ မတည်မြဲဘူး။

💟 ၆။ မဖြစ်သေးတာကို တွေးပူခြင်းက ၂ ခါ ရှုံးစေတယ်။

ဖြစ်မလာခဲ့ရင် တွေးပူခဲ့ရတာ အလကားပဲ။ ပင်ပန်းတာပဲ အဖတ်တင်တယ်။ ဖြစ်လာခဲ့တော့ရော တွေးပူခဲ့လို့ ဘာများထူးသွားလဲ။ ကြိုပြီး ပူလောင်ရတာတောင် ပိုသေးတယ်။

မှတ်ထားပါ။ ပြဿနာတွေဆိုတာ တွေးပူရုံနဲ့ မသက်သာသွားဘူး။ ဖြစ်လာနိုင်တာတွေအတွက် ခေါင်းအေးအေးနဲ့ ကြိုတင်ပြင်ဆင်ထားခြင်းကသာ အကူအညီ ဖြစ်တာပါ။

💟 ၇။ ပြီးပြည့်စုံတဲ့ ဘဝဆိုတာ မရှိဘူး။

ဆိုရှယ်မီဒီယာပေါ်မှာတော့ ကောင်းတာတွေပဲ တင်ကြတာပေ့ါ။ ဒီအခါ ကိုယ့်ဘဝရဲ့ အစစ်အမှန်နဲ့ သူများဘဝရဲ့ Highlights တွေကို သွားယှဉ်မိတတ်တယ်။ အဲဒါက အခက်အခဲတွေ ကြုံနေရချိန်မှာ လူကို ပိုပြီး စိတ်ဓါတ်ကျစေတယ်။ ဒါကြောင့် ဘယ်သူမဆို ကိုယ်စီကိုယ်စီ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုခုမှာတော့ ရုန်းကန်နေကြရတာချည်းပဲ ဆိုတာကို မမေ့ဖို့ လိုပါတယ်။

💟 ၈။ ပိုကောင်းဖို့ ဖြစ်လာတာတွေလည်း ရှိတတ်တယ်။

အခက်အခဲတိုင်းကိုတော့ မဆိုလိုပါဘူး။ သို့သော် တချို့သော ကိစ္စတွေကတော့ ရုတ်တရက်ဆို ဒုက္ခဆင်းရဲလို့ ထင်ရပေမဲ့ ကိုယ့်အတွက် ပိုကောင်းဖို့ ဖြစ်လာတာတွေလည်း ရှိတတ်တယ်။ အိမ်ထောာင်ကွဲပြီးမှ ချစ်ခြင်းမေတ္တာကို ပိုတန်ဖိုးထားတတ်လာတာမျိုး၊ သေလုနီးနီး ဖြစ်ပြီးမှ ဘဝအမြင်တွေ ပြောင်းကုန်တာမျိုး၊ အလုပ်ပြုတ်သွားတော့မှ ကိုယ်တကယ်ရူးသွပ်တဲ့ အလုပ်ကို လုပ်ခွင့်ရတာတွေမျိုး စသဖြင့်ပေါ့။

💟 ၉။ ရယ်မောခြင်းသည် အကောင်းဆုံးဆေးတစ်ခွက်

ဒုက္ခရောက်နေပါတယ်ဆိုမှ ဘယ်လိုရယ်မလဲ။ နေရာတကာ ဟာသလုပ်နေဖို့တော့ ပြောတာ မဟုတ်ပါဘူး။ ဒါပေမဲ့ အရာရာတိုင်းမှာ Serious မထားပါနဲ့။ ရယ်စရာရှိ ရယ်ပါ။ ပေါ့ပေါ့ပါးပါး သဘောထားသင့်တဲ့နေရာ သဘောထားပါ။ Sense of humor ဟာ ဘဝအခက်အခဲတွေကို ရင်ဆိုင်ရာမှာ အများကြီး အထောက်အကူ ဖြစ်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
◾️◾️◾️◾️◾️◾️◾️
Crd # Dr.Phio Thiha

"ဖတ်ကြည့်ပါ အရမ်ကောင်းလွန်းလို့ တင်ပေးတာပါ "----------------------------- ``နာရီနှင့်လူအကြောင်း´´=============ကျနော်အသက်...
18/03/2024

"ဖတ်ကြည့်ပါ အရမ်ကောင်းလွန်းလို့
တင်ပေးတာပါ "
-----------------------------
``နာရီနှင့်လူအကြောင်း´´
=============

ကျနော်အသက် ၆ နှစ်ပြည့်မှာ မေမေက နာရီကြည့်နည်း သင်ပေးပါတယ်။ဒီလိုသားရဲ့ လက်တံ အရွယ် ၃ မျိုး ကိုတွေ့တယ်မဟုတ်လား...? အေး.... လက်တံအရှည်ဆုံးက စက္ကန့်တံလို့ခေါ်တယ် သူကတော့ အလုပ်အများဆုံး ပေါ့...ဒါပေမယ့် သူ့ကို ဘယ်သူမှ ဂရုမစိုက်ကြဘူးတဲ့.....သူမှ မလုပ်မလုပ်ရင် ကျန်တဲ့ လက်တံတွေပါ အလုပ်မလုပ်တော့ဘူးပေါ့တဲ့....ဒါဆို သူက အဓိကပေါ့နော်မေမေ..ဟု ကျနော် စောဒက တတ်မိတယ်....မဟုတ်ဘူး သားရဲ့

အချိန်ကိုပြောရင်... စက္ကန့်ထည့်မပြောဘူး......ကျနော်က ထပ်မေးတယ်...မေမေ ပြောတော့ စက္ကန့်တံက အလုပ်အများဆုံးဆို သူ့ကို ပါပြောရမှာပေါ့လို့ ..မေမေက ပြန်ပြောတယ်
အလုပ်သာများတယ် သူလုပ်တာကို ဘယ်သူမှ ဂုဏ်ဖော်ပြီးမပြောဘူး မလိုအပ်ဘူးလို့ထင်နေကြတယ်လေ လူတန်းစားအနေနဲ့ကြည့်ရင် အောက်ခြေလူတန်းစားမျိုးပေါ့တဲ့....။
အမေက ဆက်ပြောတယ် စက္ကန့်တံထက်နည်းနည်း တိုတာတွေ့လား အဲဒါက မိနစ်တံလို့ ခေါ်တယ်သားရဲ့ ...သူကတော့ စက္ကန့်တံလေး လှည့်နေတာ ၁ ပတ်ပြည့်မှ နည့်နည်းပဲရွေ့တာတဲ့...သူလဲ အလုပ်လုပ်ရပေမယ့် သူကတော့ သူနာမည်ကိုရအောင်ယူတတ်တော့ နာရီကြည့်ရင် သူ့နာမည်ပါထည့်ပြောရတယ်တဲ့..။

စက္ကန့်လေး ကျိုးစားသမျှ သူက သာသာလေး နာမည်ယူရုံပဲတဲ့...လူတန်းစားအနေနဲ့ပြောရင် ပညာတတ်လူတန်းစားပေါ့တဲ့....နောက်ဆုံး အတိုဆုံး လက်တံလေးတွေ့လား အဲဒါ နာရီ လက်တံပဲ သား ..။သူကတော့ မိနစ်တံလေး တပတ်ပြည့်မှ ဂဏန်းအခုကနေတခု သိသိသာသာပြောင်းတယ်တဲ့ ..အဲ့လို လူမျိုးကျတော့ အုပ်ချုပ်သူ လူတန်းစားပေါ့တဲ့ စက္ကန့်ရပ်နေတယ် ပျက်နေတယ်လို့ မပြောဘူး.... နာရီပျက်နေတယ်လို့ပဲပြောတယ်တဲ့...။
နာရီဆိုတာ အဲ့ဒိအတိုဆုံး အချောင်းလေးပေါ့ သားရယ်တဲ့။

ကျနော် အရွယ်ရောက်တော့ လုပ်ငန်းခွင်ထဲမှာ အမေပြောတဲ့ လူ ၃ မျိုး ကိုတွေ့ရတယ်။ ကျနော်တွေ့တာ တော့ အလွှာပေါင်းစုံမှာ စက္ကန့်လို လူတွေတွေ့ရတယ် ။ အလုပ်အရမ်းလုပ်တယ် အကောင်းအပြော မခံရဘူး။ဘေးထုတ်ထားကြတယ်...ဒါပေမယ့် သူအလုပ်သူပုံမှန်လုပ်တယ်။
မိနစ်လိုလူမျိုးကျပြန်တော့ အလုပ်လုပ်တယ်။ ဆရာကြီးဝင်လုပ်တယ်....တခါတလေမှ လုပ်တတ်တယ် ။ သူ့တို့ကြတော့ နေရာ အသင့်တင့်ရကြတယ်။ဘာမှ မယ်မယ်ရရ မလုပ် သူများလုပ်တာတွေအကုန် သူလုပ်သလိုလို ဆရာကြီးဝင်လုပ် နာမည်ယူတတ်သူများကျတော့ နာရီလိုလူမျိုးပေါ့ ...လူကြီးချစ် အပေါ်ဖားအောက်ဖိ နဲ့ လူမျိုးတွေပါ။

သင်ရော ဘယ်လို လူမျိုးလဲ ? မိတ်ဆွေ

အရင်လို ပြန်နေကြရအောင် တောင်းပန်ပါတယ်ဆိုပြီး ဆွဲထားတဲ့လက်တွေကို အားမနာစတမ်း ဖြုတ်ချသွားတဲ့ လူတစ်ယောက်က အခုကျ အရင်လို ပြန...
18/03/2024

အရင်လို ပြန်နေကြရအောင်

တောင်းပန်ပါတယ်ဆိုပြီး ဆွဲထားတဲ့လက်တွေကို အားမနာစတမ်း ဖြုတ်ချသွားတဲ့ လူတစ်ယောက်က အခုကျ အရင်လို ပြန်နေချင်လို့တဲ့ ။

လူတစ်ယောက်ရဲ့ ဘဝကို တစ်ဆစ်ချိုးပြောင်းလဲသွားအောင် ပြိုလဲသွားအောင် ရက်ရက်စက်စက် စွန့်ပစ်ထားခဲ့သူက အခုကျ ပြန်အဆင်ပြေချင်လို့တဲ့ ။

ပြုလုပ်သူမို့ စိတ်အနာတွေဆိုတာ တောင်းပန်လိုက်ရုံနဲ့ ကျေအေးစရာလို့ ထင်သွားပုံပဲ ။ အေးလေ ခံရတဲ့ဘက်ကိုမှ သူ မနေဖူးတာ ။

သူ့ကမ်းလှမ်းချက်ကို ကျွန်မ ပြတ်ပြတ်သားသားငြင်းလိုက်တယ် ။ အားနာစိတ် ၊ စာနာ စိတ် ၊ သနားစိတ် သေးသေးလေးမှ မရှိဘဲ သွေးအေးအေးနဲ့ ငြင်းပစ်ခဲ့တာပါ ။ သူကတော့ လက်မလျှော့ဘူး ။ ကျွန်မ စိတ်ပြေအောင် အထိ စောင့်မယ် တဲ့ ။

အင်းလေ ၊ သူ့အပိုင်းပေါ့
သူမရှိလို့ မဖြစ်ဘူးဆိုတဲ့ ဘဝကနေ သူ့ကို မလိုအပ်တော့ဘူးဆိုတဲ့ ဘဝမျိုးရောက်အောင် သူကိုယ်တိုင်ပဲ လုပ်ယူခဲ့တာ ။ ကျွန်မ သေလုမြောပါး နာကျင်နေချိန်မှာ ငဲ့ညှာစိတ် နည်းနည်းလေးမှ မရှိဘဲ အဆက်အသွယ်ဖြတ်ခဲ့တာ ။ အခုမှ လာပြီး ဆက်သွယ်ပတ်သက်နေတာဆိုတော့ ပိုသာမယ်ထင်လို့ ခြေချသွားတဲ့ ကမ္ဘာက အခြေအနေ သိပ်ကောင်းပုံမရဘူး ။

အချစ်ပဲ ခံရဖူးသူမို့
ချစ်နေရတဲ့ အရသာကို ဘယ်ကြိုက်ပါ့မလဲ
အနိုင်ယူတတ်တဲ့သူမို့
အလျှော့ပေးရတာမျိုး ကြာကြာနေနိုင်မှာ မဟုတ်ဘူး

မျှော်လင့်ချက်တွေ ဖျက်ဆီးဖူးတဲ့သူကလည်း
မျှော်လင့်ချက်တွေ အသက်သွင်းပေးသူပဲ ဖြစ်တယ် ။
ပျက်စီးသွားတဲ့ မျှော်လင့်ချက်မှာ သူပါဝင်ခဲ့ပြီး
အသက်ဝင်လာတဲ့ မျှော်လင့်ချက်မှာတော့ သူပေးတဲ့ ဒဏ်ရာတွေပဲ ပါလာတော့တယ် ။

ဖြုတ်ချခံခဲ့တဲ့ လက်ဟာလည်း တချိန်မှာ
ပယ်ချနိုင်ခဲ့ပါတယ် ။ ပြန်လှည့်မလာတဲ့ ကျောပြင်ကို ငေးရတာ မောတဲ့အခါ ကျွန်မ ကျောခိုင်းခဲ့လိုက်တယ် ။

ကျွန်မမှာကလည်း ကိုယ့်ခံနိုင်ရည်နဲ့ ကိုယ်လေ
ခံနိုင်ရည်ကုန်ဆုံးသွားတဲ့ တနေ့မှာ သူ့ကို ကျောခိုင်းနိုင်ခဲ့ပြီး လွတ်မြောက်သွားတဲ့နေ့မှာတော့ သူ့ကို မလိုချင်တော့ဘူး ။

စိတ်ကို သေအောင်သတ်သွားဖူးလို့နဲ့တယ် ။ ဒီအနာတရက သူ တောင်းပန်ရုံနဲ့ ခွင့်လွှတ်လို့ မရတဲ့ မာကျောမှု အစိုင်အခဲ တစ်ခု ဖြစ်သွားတယ် ။

ချစ်လည်း မချစ်တော့သလို ပြန်လည်း မလိုချင်တော့ဘူး ။ ဆက်စောင့်စောင့် မစောင့်စောင့် စိတ်လည်း မဝင်စားတော့ဘူး ။ ဘဝထဲကရော စိတ်ထဲကပါ ထုတ်ပစ်နိုင်ခဲ့ပြီမို့ ရှေ့လျှောက် သူ့ကို လုံးဝ မလိုအပ်တော့ဘူး ။

#သက်ထားခင်(THK)
#မနေ့ကထက်ပိုပျော်အောင်နေပါ

တန်ဖိုး-၁၂၀ဘတ်
စာမျက်နှာ-၁၄၀ဘတ်

အရင်လို ပြန်နေကြရအောင် တောင်းပန်ပါတယ်ဆိုပြီး ဆွဲထားတဲ့လက်တွေကို အားမနာစတမ်း ဖြုတ်ချသွားတဲ့ လူတစ်ယောက်က အခုကျ အရင်လို ပြန...
18/03/2024

အရင်လို ပြန်နေကြရအောင်

တောင်းပန်ပါတယ်ဆိုပြီး ဆွဲထားတဲ့လက်တွေကို အားမနာစတမ်း ဖြုတ်ချသွားတဲ့ လူတစ်ယောက်က အခုကျ အရင်လို ပြန်နေချင်လို့တဲ့ ။

လူတစ်ယောက်ရဲ့ ဘဝကို တစ်ဆစ်ချိုးပြောင်းလဲသွားအောင် ပြိုလဲသွားအောင် ရက်ရက်စက်စက် စွန့်ပစ်ထားခဲ့သူက အခုကျ ပြန်အဆင်ပြေချင်လို့တဲ့ ။

ပြုလုပ်သူမို့ စိတ်အနာတွေဆိုတာ တောင်းပန်လိုက်ရုံနဲ့ ကျေအေးစရာလို့ ထင်သွားပုံပဲ ။ အေးလေ ခံရတဲ့ဘက်ကိုမှ သူ မနေဖူးတာ ။

သူ့ကမ်းလှမ်းချက်ကို ကျွန်မ ပြတ်ပြတ်သားသားငြင်းလိုက်တယ် ။ အားနာစိတ် ၊ စာနာ စိတ် ၊ သနားစိတ် သေးသေးလေးမှ မရှိဘဲ သွေးအေးအေးနဲ့ ငြင်းပစ်ခဲ့တာပါ ။ သူကတော့ လက်မလျှော့ဘူး ။ ကျွန်မ စိတ်ပြေအောင် အထိ စောင့်မယ် တဲ့ ။

အင်းလေ ၊ သူ့အပိုင်းပေါ့
သူမရှိလို့ မဖြစ်ဘူးဆိုတဲ့ ဘဝကနေ သူ့ကို မလိုအပ်တော့ဘူးဆိုတဲ့ ဘဝမျိုးရောက်အောင် သူကိုယ်တိုင်ပဲ လုပ်ယူခဲ့တာ ။ ကျွန်မ သေလုမြောပါး နာကျင်နေချိန်မှာ ငဲ့ညှာစိတ် နည်းနည်းလေးမှ မရှိဘဲ အဆက်အသွယ်ဖြတ်ခဲ့တာ ။ အခုမှ လာပြီး ဆက်သွယ်ပတ်သက်နေတာဆိုတော့ ပိုသာမယ်ထင်လို့ ခြေချသွားတဲ့ ကမ္ဘာက အခြေအနေ သိပ်ကောင်းပုံမရဘူး ။

အချစ်ပဲ ခံရဖူးသူမို့
ချစ်နေရတဲ့ အရသာကို ဘယ်ကြိုက်ပါ့မလဲ
အနိုင်ယူတတ်တဲ့သူမို့
အလျှော့ပေးရတာမျိုး ကြာကြာနေနိုင်မှာ မဟုတ်ဘူး

မျှော်လင့်ချက်တွေ ဖျက်ဆီးဖူးတဲ့သူကလည်း
မျှော်လင့်ချက်တွေ အသက်သွင်းပေးသူပဲ ဖြစ်တယ် ။
ပျက်စီးသွားတဲ့ မျှော်လင့်ချက်မှာ သူပါဝင်ခဲ့ပြီး
အသက်ဝင်လာတဲ့ မျှော်လင့်ချက်မှာတော့ သူပေးတဲ့ ဒဏ်ရာတွေပဲ ပါလာတော့တယ် ။

ဖြုတ်ချခံခဲ့တဲ့ လက်ဟာလည်း တချိန်မှာ
ပယ်ချနိုင်ခဲ့ပါတယ် ။ ပြန်လှည့်မလာတဲ့ ကျောပြင်ကို ငေးရတာ မောတဲ့အခါ ကျွန်မ ကျောခိုင်းခဲ့လိုက်တယ် ။

ကျွန်မမှာကလည်း ကိုယ့်ခံနိုင်ရည်နဲ့ ကိုယ်လေ
ခံနိုင်ရည်ကုန်ဆုံးသွားတဲ့ တနေ့မှာ သူ့ကို ကျောခိုင်းနိုင်ခဲ့ပြီး လွတ်မြောက်သွားတဲ့နေ့မှာတော့ သူ့ကို မလိုချင်တော့ဘူး ။

စိတ်ကို သေအောင်သတ်သွားဖူးလို့နဲ့တယ် ။ ဒီအနာတရက သူ တောင်းပန်ရုံနဲ့ ခွင့်လွှတ်လို့ မရတဲ့ မာကျောမှု အစိုင်အခဲ တစ်ခု ဖြစ်သွားတယ် ။

ချစ်လည်း မချစ်တော့သလို ပြန်လည်း မလိုချင်တော့ဘူး ။ ဆက်စောင့်စောင့် မစောင့်စောင့် စိတ်လည်း မဝင်စားတော့ဘူး ။ ဘဝထဲကရော စိတ်ထဲကပါ ထုတ်ပစ်နိုင်ခဲ့ပြီမို့ ရှေ့လျှောက် သူ့ကို လုံးဝ မလိုအပ်တော့ဘူး ။

#သက်ထားခင်(THK)
#မနေ့ကထက်ပိုပျော်အောင်နေပါ

တန်ဖိုး-၁၂၀ဘတ်
စာမျက်နှာ-၁၄၀

ที่อยู่

Samutsakrong
Bangkok

เบอร์โทรศัพท์

+6628043718

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Duwun Star Bookstoreผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์