Linn Book Store

Linn Book Store Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Linn Book Store, ร้านหนังสือ, Mandalay.
(328)

"စာဖတ်သူတို့အတွက် အကောင်းဆုံးဝန်ဆောင်မှုပေးပါရစေ"

အဆင်ပြေတယ်ဆိုရင်
သင့်မိတ်ဆွေတွေကိုမျှဝေပါ။

အဆင်မပြေရင်
မင်မင်ဆီပြန်ပြောပေးပါ။

အားပေးမှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

လုပ်ငန်းဦးဆောင်သူများအတွက် Data အသုံးချမှုလမ်းညွှန်Wai Lin (Learn Business Intelligence)စာမျက်နှာ - ၁၈၆တန်ဖိုး - ၁၇,၀၀၀ ...
27/08/2026

လုပ်ငန်းဦးဆောင်သူများအတွက် Data အသုံးချမှုလမ်းညွှန်

Wai Lin (Learn Business Intelligence)
စာမျက်နှာ - ၁၈၆
တန်ဖိုး - ၁၇,၀၀၀ ကျပ်

တစ်ချိန်က Data ဆိုတာ IT Team၊ Data Analyst ဒါမှမဟုတ် Business Intelligence Team တွေရဲ့ အလုပ်လို့ လူအများစု ထင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ယနေ့ခေတ် လုပ်ငန်းခွင်မှာတော့ အဲဒီအမြင်က ပြောင်းလဲသွားပါပြီ။

• Sales Manager တစ်ယောက်က Sales Performance ကို နားလည်ဖို့ Data လိုပါတယ်။
• Marketing Manager တစ်ယောက်က Campaign တစ်ခုရဲ့ အကျိုးသက်ရောက်မှုကို တိုင်းတာဖို့ Data လိုပါတယ်။

• HR Manager တစ်ယောက်က Employee Turnover ရဲ့ အကြောင်းရင်းကို သိဖို့ Data လိုပါတယ်။

• Operations Manager တစ်ယောက်က Process Improvement လုပ်ဖို့ Data လိုပါတယ်။
တစ်နည်းအားဖြင့် Data ကို နားလည်နိုင်ခြင်းဟာ Data Analyst တစ်ယောက်အတွက်သာ မဟုတ်တော့ပါဘူး။ Business Leaders၊ Managers နဲ့ Decision Makers တိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ Skill တစ်ခု ဖြစ်လာပါပြီ။

Reports တွေကို ဖတ်နိုင်တာနဲ့ မလုံလောက်တော့ပါဘူး။ Dashboard တွေကို ကြည့်နိုင်တာနဲ့လည်း မပြီးတော့ပါဘူး။ Data ထဲက Insights တွေကို ဖော်ထုတ်နိုင်ဖို့၊ Analyst တစ်ယောက်လို စဉ်းစားနိုင်ဖို့၊ Evidence-Based Decisions တွေ ချမှတ်နိုင်ဖို့နဲ့ Data ကို လက်တွေ့လုပ်ဆောင်ချက်များအဖြစ် ပြောင်းလဲနိုင်ဖို့က ပိုပြီး အရေးကြီးလာပါတယ်။

ဒီစာအုပ်မှာ Programming မတတ်တဲ့သူ၊ Statistics Expert မဟုတ်တဲ့သူ၊ Data Analyst မဟုတ်တဲ့သူတွေအတွက် ရည်ရွယ်ပြီး Data-Driven Decision Making လုပ်နိုင်သည်အထိ လိုအပ်တဲ့ Knowledge နဲ့ Practical Approaches တွေကို လက်တွေ့လုပ်ငန်းခွင် Business Cases များ၊ အတွေ့အကြုံများနဲ့ တွဲဖက် ရှင်းလင်းတင်ပြထားပါတယ်။

ဒီစာအုပ်က Data Analyst တစ်ယောက် ဖြစ်လာဖို့ မဟုတ်ပါဘူး။ Data ကို နားလည်ပြီး ပိုမိုကောင်းမွန်တဲ့ Business Decisions တွေ ချမှတ်နိုင်တဲ့ လုပ်ငန်းဦးဆောင်သူ တစ်ယောက် ဖြစ်လာဖို့ ရည်ရွယ်ထားပါတယ်။


#လုပ်ငန်းဦးဆောင်သူများအတွက်Dataအသုံးချမှုလမ်းညွှန်

27/08/2026

"ဘုရားဟာ ကျန်တော်တို့
ဆုတောင်းသံတွေကို
မကြားရတော့ဘူးထင်တယ်"

#သုခမြို့တော်
#မြသန်းတင့်
မှာယူနိုင်ပါပြီ
၃၀၀၀၀ကျပ်

 #အမျိုးသမီးများ၏ရစ်နည်း၁၀၀မှာယူနိုင်ပါပြီ၁၀၀၀၀ကျပ်
26/08/2026

#အမျိုးသမီးများ၏ရစ်နည်း၁၀၀
မှာယူနိုင်ပါပြီ
၁၀၀၀၀ကျပ်

အတွေးများခြင်းကနေ လွတ်မြောက်ဖို့ #ချမ်းမင်းခန့်မှာယူနိုင်ပါပြီ
25/08/2026

အတွေးများခြင်းကနေ လွတ်မြောက်ဖို့
#ချမ်းမင်းခန့်
မှာယူနိုင်ပါပြီ

ဆရာမအေး collection 😍မှာယူနိုင်ပါပြီ
24/08/2026

ဆရာမအေး collection 😍
မှာယူနိုင်ပါပြီ

ဘယ်ထဲမှာစာသားလေးလဲ #ဆရာမဂျူးမှာယူနိုင်ပါပြီ
24/08/2026

ဘယ်ထဲမှာစာသားလေးလဲ
#ဆရာမဂျူး
မှာယူနိုင်ပါပြီ

ဆရာမကြီး ခင်ခင်ထူး ရဲ့ လတ်တလောရရှိနိုင်တဲ့ စာအုပ်‌လေးတွေ‌ပါ ♥️♥️Collection လိုက်ယူDelivery free 😍1.မအိမ်ကံ-30000ကျပ်2.တေ...
23/08/2026

ဆရာမကြီး ခင်ခင်ထူး ရဲ့ လတ်တလော
ရရှိနိုင်တဲ့ စာအုပ်‌လေးတွေ‌ပါ ♥️♥️
Collection လိုက်ယူ
Delivery free 😍

1.မအိမ်ကံ-30000ကျပ်
2.တောမင်းသမီး-30000ကျပ်
3.ပန်းကြာဝတ်မှုန် ဆဌမကြိမ်-30000ကျပ်
4.ဆူးပန်းခွေ သွယ်ဘယက်ပေရွက်လိပ်နားတောင်းဆင်-25000ကျပ်
5.ခမည်းကြိုး-25000ကျပ်
6.အညာသူ အညာသား အဌမအကြိမ်-20000ကျပ်
7.သုံးချက်စည်း-20000ကျပ်
8.သုံးဖန်လှ (လမ်းကျောင်း၊ကျာကျူး၊အော်ကျွေ)-18000ကျပ်
9.သျှောင်ပေစူး-15000ကျပ်
10.ရက်ကန်းလွန်း စတုတ္ထအကြိမ်-12000ကျပ်
11.လှည်းယဉ်ကြော့ ပဉ္စမအကြိမ်-12000ကျပ်
12.ပန်းစည်းကြိုး-12000ကျပ်
13.ကြာဆစ်ကြိုး-12000ကျပ်
14.သုံးလွန်းတင်-12000ကျပ်
15.ဝတ်လဲတော်ရွှေပုဆိုး-10000ကျပ်
16.ကျေးတရာ-10000ကျပ်
17.ဖက်စိမ်းကွမ်းတောင် ရွှေဝတ္ထုတိုများအဌမကြိမ်-8000ကျပ်
18.ပါးကွက်ကျား ဝတ္ထုတိုများ-8000ကျပ်
19.ဈေးခြင်းတောင်း-8000ကျပ်
20.ပဲသင်းကောက်-8000ကျပ်
21.စည်းကုံးကြိုး မဂ္ဂဇင်းဝတ္ထုရှည်များ-5000ကျပ်

#မှာယူနိုင်ပါပြီ
#ခင်ခင်ထူး
Linn Book Store

💛စိတ်အေးချမ်းမှုကို လိုချင်ရင် အတွေးတွေကို ဂရုစိုက်ပါ ။💛 ပျော်ရွှင်မှုကို လိုချင်ရင် မလိုအပ်တဲ့ အရာတွေကို ဘေးထုတ်ထားပါ ။...
23/08/2026

💛စိတ်အေးချမ်းမှုကို လိုချင်ရင်
အတွေးတွေကို ဂရုစိုက်ပါ ။

💛 ပျော်ရွှင်မှုကို လိုချင်ရင်
မလိုအပ်တဲ့ အရာတွေကို ဘေးထုတ်ထားပါ ။

💛 စိတ်ချမ်းသာချင်ရင်
အပူတွေပေးတဲ့ သူတွေနဲ့ ဝေးဝေးနေပါ ။

💛အချစ်ခံချင်ရင်
ကိုယ့်အချစ်နဲ့ ထပ်တူကျနိုင်တဲ့သူကိုပဲ ရွေးချယ်ပါ ။

💛 ဂရုစိုက်ခံချင်ရင်
အလေးအနက်ထားတဲ့သူနဲ့ပဲ တွဲပါ ။

💛 ရိုးသားမှုကို လိုချင်ရင်
ကိုယ်တိုင်ကလည်း ရိုးသားနေတဲ့သူဖြစ်ဖို့ လိုပါတယ် ။

💛 ဒီလောကမှာ ကိုယ်စိုက်တဲ့အတိုင်းပဲ
ကိုယ် ရိတ်သိမ်းရတတ်တာမို့ ဒါလေးတွေကို မှတ်ထားပါ ။

💛 ကောင်းတာလိုချင်ရင်
ကိုယ်တိုင်ကလည်း ကောင်းနေတဲ့သူဖြစ်ဖို့ လိုပါတယ် ။

#ကိုယ့်ကိုယ်ကိုယ်ရွေးချယ်ခြင်း

10000ကျပ်
မှာယူနိုင်ပါပြီ

မဂျိုးကို ဘယ်လို ပြောရပါ့ - ခင်လှိုင်ကြူ5000ကျပ် စာရေးသူ၏ အမှာစာ“မဂျိုးကို ဘယ်လို ပြောရပါ့” ဆိုတဲ့ ဝတ္ထုဟာ ၁၉၈၂ ခုနှစ် န...
22/08/2026

မဂျိုးကို ဘယ်လို ပြောရပါ့ - ခင်လှိုင်ကြူ
5000ကျပ်

စာရေးသူ၏ အမှာစာ

“မဂျိုးကို ဘယ်လို ပြောရပါ့” ဆိုတဲ့ ဝတ္ထုဟာ ၁၉၈၂ ခုနှစ် နိုဝင်ဘာလထုတ် ငွေတာရီမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ဝတ္ထုရှည် ဖြစ်ပါတယ်။ အဲဒီကာလက မဂ္ဂဇင်းဝတ္ထုရှည်ကို အများဆုံး လျှောက်လွှာစာရွက်နဲ့ ၂၅ မျက်နှာလောက်ပဲ ရေးလေ့ရှိရာက ဒီဝတ္ထုက စာမျက်နှာ ၄၀ ကျော်အထိ ရှည်သွားတော့ ဆရာအယ်ဒီတာက ရှည်တယ်ဆိုပြီး ဖြတ်တောက်လိုက်မှာ စိုးရိမ်မိပါသေးတယ်။ ဆရာအယ်ဒီတာက မဖြတ်မတောက်ဘဲ စာလုံးပွိုင့်သေးသေးနဲ ရိုက်ပြီး ထည့်ပေးပါတယ်။ ဒါတောင်မှ စာမျက်နှာ ၂ဝ ကျော် ဖြစ်သွားပါတယ်။ ကျွန်မရေးခဲ့တဲ့ မဂ္ဂဇင်း ဝတ္ထုတွေထဲမှာ အရှည်ဆုံးပါပဲ။

ဒီဝတ္ထုကို စာဖတ်သူ အတော်များများက နှစ်ခြိုက်ခဲ့ကြတယ်လို့ သိရပါတယ်။ မကြာမီမှာပဲ ရုပ်ရှင် ရိုက်ချင်တယ်လို့ ကုမ္ပဏီတစ်ခုက ကမ်းလှမ်းလာပါတယ်။ ကုမ္ပဏီနာမည် မမှတ်မိတော့ပါဘူး။ ဇနီးမောင်နှံ နှစ်ယောက်က မဂ္ဂဇင်းထဲက ဝတ္ထုဖတ်ပြီး တော်တော် သဘောကျသွားတယ် ထင်ပါရဲ့။ ဝတ္ထုပါတဲ့နေရာကို သေသေချာချာ မင်နီ အမှတ်အသားပြုထားတဲ့ မဂ္ဂဇင်းကိုင်ပြီး ရောက်လာကြတာပါ။ ဒါပေမဲ့ ရုပ်ရှင်စိစစ်ရေးက သူတို့မူနဲ့ မကိုက်ညီတာ ပါတယ်ဆိုပြီး ခွင့်မပြုခဲ့ပါဘူး။ နောက် ဒါရိုက်တာ တစ်ဦးကလည်း ကမ်းလှမ်းလာပြီး ထပ်တင်တယ်။ အရင်တစ်ခါလိုပဲ ခွင့်မပြုတာကြောင့် ရုပ်ရှင် မဖြစ်ခဲ့ပါဘူး။

သည့်နောက်မှာ ပန်းချီ မြိတ်ဝင်းထိန်က ရုပ်ပြ ဆွဲချင်တယ်လို့ ငွေတာရီကတစ်ဆင့် ကမ်းလှမ်းလာပြန်တယ်။ မြိတ်ဝင်းထိန်နဲ့ လူချင်း မသိပါဘူး။ အခုထိလည်း မဆုံဖြစ်ခဲ့ပါဘူး။ သူက ဒီဝတ္ထု မဂ္ဂဇင်းမှာ ပါတုန်းက သရုပ်ဖော်ပန်းချီ ဆွဲခဲ့တဲ့သူ။ သူ သရုပ်ဖော် ဆွဲခဲ့တဲ့ပုံက လှလည်းလှ၊ ဝတ္ထုထဲက ဇာတ်ကောင်သရုပ်လည်း ပေါ်အောင် ဆွဲပေးထားတဲ့ ပန်းချီဆရာပါ။ ရုပ်ပြဆွဲဖို့ သူ့ကို ကျွန်မ ခွင့်ပြုလိုက်ပါတယ်။

မဂ္ဂဇင်းမှာ ပါပြီးဝတ္ထုဖြစ်လို့ စာပေစိစစ်ရေးနဲ ပြဿနာ မဖြစ်လောက်ဘူး ထင်ရပေမဲ့ စာပေစိစစ်ရေးက ခွင့်မပြုပြန်ဘူး။ လူမှုရေးဖောက်ပြန်မှု ပါဝင်နေတဲ့အတွက် ဇာတ်လမ်းပြင်မှ ခွင့်ပြုမယ်လို့ ဆိုတဲ့အကြောင်း ပန်းချီဆရာက လူလွှတ် ပြောလာတယ်။ ကျွန်မသဘောကတော့ ကိုယ့်ဝတ္ထုကို မပြင်နိုင်ဘူး၊ ပြင်ရမယ်ဆိုရင် မထုတ်ရုံပေါ့။ ဒါပေမဲ့ ပန်းချီဆရာက တစ်ပုဒ်လုံး ဆွဲပြီးနေပြီ။ ပန်းချီဆွဲတယ် ဆိုတာ နည်းနည်းနောနော အားထုတ်မှု မဟုတ်။ သူ့ကို အားနာမိတယ်။ ဒါကြောင့် ဇာတ်လမ်းကို စိစစ်ရေး ခွင့်ပြုနိုင်မယ့်အတိုင်း ကြိုက်သလို ပြင်၊ ဒါပေမဲ့ အဲဒီဇာတ်လမ်းဟာ ကိုယ့်ဇာတ်လမ်း မဟုတ်တဲ့အတွက် စာရေးဆရာနာမည် လုံးဝ မထည့်နဲ့လို့ ပြောလိုက်တယ်။

ဒီလိုနဲ့ မြိတ်ဝင်းထိန်ရဲ့ ရုပ်ပြ ထွက်လာတယ်။ စာရေးဆရာ နာမည်မပါ၊ နာမည်က “မသိလို့လား၊ မချစ်လို့လား” ဖြစ်သွားတယ်။ စာပေစိစစ်ရေး ခွင့်ပြုဖို့ ပြင်လိုက်ရတဲ့ အခန်းတချို့က လွဲပြီး မူရင်းဝတ္ထုကို ပုံဆွဲထားတဲ့အတိုင်း ထည့်လိုက်ရပုံပါပဲ။ ရုပ်ပြက ခေတ်ကောင်းချိန်၊ မြိတ်ဝင်းထိန်ရဲ့ ပန်းချီကလည်းလှတော့ ရုပ်ပြကို ကြိုက်တဲ့သူတွေ များခဲ့ပုံရပါတယ်။ ဗီဒီယိုသမားတွေ မျက်စိကျစရာ ဖြစ်လာခဲ့တယ်။

စာရေးဆရာကတော့ စိတ်ပျက်မိတယ်။ ဇာတ်လမ်း ပြင်လိုက်ရတဲ့အတွက် မူရင်းဝတ္ထုရဲ့ ဦးတည်ချက်နဲ့ ဇာတ်ကောင်စရိုက်တွေက တက်တက်စင် လွဲသွားပြီကော။

ကျွန်မဝတ္ထုမှာ စရိုက်မတူတဲ့ ညီအစ်ကို နှစ်ယောက်နဲ့ သူတို့ကြားက ကံဆိုးတဲ့ မိန်းမငယ်ကလေး တစ်ယောက်ရဲ့ ဇာတ်လမ်းပါ။ တစ်ယောက်က ပေါ့ပေါ့တန်တန် နေတတ်ပုံ ရပေမဲ့ ပွင့်လင်းသူ၊ တာဝန်သိတတ်သူ၊ အနစ်နာခံတတ်သူ။ တစ်ယောက်က ရိုးသားပုံရပေမဲ့ အုံ့ပုံးသမား၊ တာဝန် ရှောင်တတ်သူ၊ တစ်ကိုယ်ကောင်းဆန်သူ။ အဲဒီ မတူတဲ့ ဇာတ်ကောင် နှစ်ယောက်မှာ အဓိက ဇာတ်ကောင်ကလေးရဲ့ စရိုက်ဟာ စိတ်ပျက်စရာကောင်းအောင် ပျက်စီးသွားတယ်လို့ စာရေးသူအနေနဲ့ ခံစားရပါတယ်။

မြိတ်ဝင်းထိန်ရဲ့ ရုပ်ပြကို ဗီဒီယိုရိုက်ခဲ့တာ သုံးလေးကြိမ်လောက် ရှိမယ် ထင်ပါတယ်။ ဗီဒီယိုရိုက်ဖို့ ကမ်းလှမ်းလာတဲ့အခါ ပန်းချီဆရာက မူရင်းဝတ္ထုရှင် စာရေးဆရာဆီ လွှတ်ပါတယ်။ စာရေးဆရာဆီက ဝယ်သွားပြီး ရုပ်ပြအတိုင်း ဗီဒီယို ရိုက်ကြတယ်။ ဘယ်သူတွေနဲ့ ရိုက်တယ်၊ ဘယ်လို ရိုက်ထားတယ် ဆိုတာ ကျွန်မက စိတ်မဝင်စားဘူး။ ကိုယ့်ဇာတ်လမ်းက ပျက်သွားပြီကိုး။ သူတို့ကလည်း ရိုက်ပြီးတဲ့ အခွေတောင် ပေးဖော်မရကြဘူး။ ဝမ်းမနည်းပါဘူး၊ စိတ်လည်း မဆိုးပါဘူး။

ခုနှစ်တော့ မမှတ်မိပါဘူး။ နောက်ဆုံး ရောက်လာတဲ့ လူငယ်ကလေး နှစ်ယောက်ကတော့ မူရင်းဝတ္ထုအတိုင်း ရိုက်မယ်ပြောလို့ လက်ခံလိုက်ပါတယ်။ အခွေ ထွက်တော့လည်း လေးလေးစားစား လာပေးတယ်။ ကြော်ငြာတောင် ပါသေး။ သူတို့ကျတော့ မူရင်းဝတ္ထုအတိုင်း ရိုက်ခွင့်ရသား။ မိုးကောင်း ဗီဒီယို ထုတ်လုပ်ဖြန့်ချိရေးက ဒါရိုက်တာ ညီညီထွန်းလွင် ရိုက်ကူးပြီး မင်းဦး နှစ်ကိုယ်ခွဲ၊ ထက်ထက်မိုးဦးက မဂျိုး၊ ဇာတ်လမ်းနာမည်က “အက်ဆစ် ကတ္တီပါ” တဲ့။ ကျွန်မကတော့ သူတို့ ရိုက်ထားတာကို ကြိုက်တာ မကြိုက်တာ အပထား။ ကိုယ့်ဝတ္ထုအတိုင်း ရိုက်တာဆိုတော့ ကျေနပ်တာပေါ့။

ဟိုလူပြော ဒီလူပြောနဲ ကြားမိတာကတော့ မဂျိုး ဇာတ်လမ်းကို နောက်ထပ် ဗီဒီယိုထွက်တာ တွေ့သလိုလို။ ဆင်တူရိုးမှား ဖြစ်သလိုလို။ ကျွန်မ စိတ်မဝင်စားပါဘူး။ တစ်ခုပဲ သဘောကျမိတာက ကျွန်မရဲ့ဇာတ်ကောင် မဂျိုးကလေးက နှစ်အတန်ကြာအောင် ဗီဒီယို မင်းသမီးကလေး ဖြစ်ခဲ့တာကိုး။

တကယ်တော့ ဝတ္ထုရေးတဲ့သူတွေရဲ့ ရင်ထဲမှာ သူဖန်တီးထားတဲ့ ဇာတ်ကောင်တွေရဲ့ ပုံရိပ်ဟာ အမြဲရှိနေပါတယ်။ အချိန်ကာလတွေ ဘယ်လောက်ကြာကြာ ပျောက်ပျက်မသွားပါဘူး။ ဒါကြောင့် မဂျိုးကို ပြန်ထုတ်မယ် ဆိုတော့ ကိုယ်ဖန်တီးထားတဲ့ ဇာတ်ကောင်တွေနဲ ပြန်တွေ့ရသလို ခံစားရပါတယ်။

သည်ဝတ္ထုက မဂ္ဂဇင်းဝတ္ထုရှည် တစ်ပုဒ် ဆိုပေမဲ့ တော်တော်ကလေး ရှည်ပါတယ်။ လုံးချင်းထုတ်မယ် ဆိုတော့ စာအုပ်အဖြစ် ထုတ်နိုင်ဖို့ မူရင်းဝတ္ထုရဲ့ ဇာတ်လမ်းဇာတ်ကွက်၊ အသုံးအနှုန်းကို မပြင်ဘဲ ဆီလျော်တဲ့ ဇာတ်ကွက်တချို့ကိုပဲ ဖြည့်စွက်ထားပါတယ်။ လွန်ခဲ့တဲ့ နှစ်သုံးဆယ်ကျော်က ငွေတာရီ စာဖတ်ပရိသတ် အနေနဲ့ ဖတ်ဖူးခဲ့တဲ့ စာဖတ်သူတွေအတွက် ပြန်လည် ဆန်းသစ်တဲ့ ခံစားမှုဖြစ်ပြီး မဖတ်ဖူးသေးတဲ့ စာဖတ်ပရိသတ် အတွက်လည်း ခံစားမှု တစ်စုံတစ်ရာ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

သည်ဝတ္ထုကို လုံးချင်းဝတ္ထုအဖြစ် ထုတ်ဝေပေးတဲ့ Wisdom House စာအုပ်တိုက်ကို အထူး ကျေးဇူးတင်ပါတယ်။

22/08/2026

အသည်းက တစ်ခါကွဲတုန်းကသာ နာတာ
ဆယ်ခါလောက်ကွဲတော့ မနာတော့ဘူး ထုံသွားပြီ ထုံနေတဲ့အသည်းကြားမှာ တစ်ခါတလေ စစ်ခနဲ
ဖြစ်သွားတဲ့အချိန်မျိုးတော့လည်း ရှိတာပေါ့လေ

#နုနုရည်အင်းဝ
#ဒေစီဂျိန်း
13000ကျပ်
မှာယူနိုင်ပါပြီ

Address

Mandalay

Telephone

+959699745198

Website

Alerts

Be the first to know and let us send you an email when Linn Book Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Linn Book Store:

Shortcuts

Share