I Love You With All My Heart

I Love You With All My Heart ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก I Love You With All My Heart, ร้านหนังสือ, Bangkok.

စူဠသုဘဒ္ဒါ မုန်းခဲ့တာမဟုတ်ပါပြောရက်ကြတယ်...အစွယ်လိုသူမိဖုရားတဲ့....ကျမတကယ်လိုချင်ခဲ့တာက မင်းဆဒ္ဒန်ရဲ့အချစ်တစ်ခုတည်းရယ်ပါ.....
06/11/2019

စူဠသုဘဒ္ဒါ မုန်းခဲ့တာမဟုတ်ပါ

ပြောရက်ကြတယ်...အစွယ်လိုသူမိဖုရားတဲ့....
ကျမတကယ်လိုချင်ခဲ့တာက
မင်းဆဒ္ဒန်ရဲ့အချစ်တစ်ခုတည်းရယ်ပါ...

အင်ကြင်းပန်းမှာ ခါချဉ်လေးကပ်ရုံနဲ့
ကမ္ဘာအဆက်ဆက် သုဘဒ္ဒါမုန်းရက်ခဲ့တာမဟုတ်ပါဘူး
ပြိုင်ဘက်နဲ့ ယှဉ်ရင် အချစ်တွေအကုန်အစင်မရခဲ့လို့
သုဘဒ္ဒါရင်မှာ နာကျင်ကြေကွဲခဲ့ရတာပါ....
ဒါတွေကို ရှင်နားလည်ရဲ့လား မင်းဆဒ္ဒန်....

ဟိမဝန္တာ တောင်စဉ်ခုနစ်ထပ်မှာ
ကျမဟာ ရှင့်အတွက်ဆို အသက်ပေးဖို့လည်း
အဆင်သင့်ဖြစ်ခဲ့ပါရက်နဲ့ဘဝတစ်ခုလုံးပေးဆပ်ချစ်ခဲ့တာတောင်ရှင်ပြန်ပေးခဲ့တဲ့ ချစ်ခြင်းမေတ္တာက ဒုတိယ တဲ့လား....

ဟင့်အင်း...
ပထမချစ်ခြင်းမဟုတ်ရင် ဒုတိယအဖြည့်ခံတော့
ဘယ်မိန်းမသားကမှ မဖြစ်ချင်ဘူး....

မဖြစ်နိုင်ဘူး မင်းဆဒ္ဒန်...
မဖြစ်နိုင်တော့ပါဘူး...

ဒုတိယ ဆိုတာ ဘယ်လိုနည်းနဲ့မှ
မဖြစ်နိုင်ခဲ့ပါဘူး မင်းဆဒ္ဒန်ရယ်...
ကျမ ရှင့်ကို စိတ်နာတယ်....
ဟိမဝန္တာ လွမ်းရိပ်မြိုင်မှာ အမုန်းတွေ
တစ်သီတစ်တန်းနဲ့ ကျမ ကျဆုံးခဲ့တာမဟုတ်ဖူး....
အပယ်ခံတစ်ယောက်လို နာကျင်မှုမျိုးနဲ့
ကိုယ့်အချစ်ကို အဆိပ်ခတ်ပြီး
ယိုင်နဲ့နဲ့နှလုံးသားတစ်စုံကို ဖက်တွယ်ရင်း
ရှင်ပစ္စေကဗုဒ္ဓါထံမှာ ကျမဆုပန်ခဲ့မိတာပါ...

ရှင့်စိတ်ထဲထင်ခဲ့ချင် ထင်ခဲ့မယ်...
သုဘဒ္ဒါဟာ အငြိုးကြီးတဲ့...အမျက်ကြီးတဲ့...
ဒေါသကြီးတဲ့ မိန်းမရယ်လို့....
ရှင်ထင်ချင်သလိုသာ ထင်ပါတော့မင်းဆဒ္ဒန်ရယ်...

ဒီလောကကြီးတစ်ခုလုံးကို
မြေလှန်ပြီးမေးကြည့်စမ်းလှည့်ပါ..
ကိုယ့်ချစ်သူထံက ဦးစားပေးအချစ်ခံချင်တဲ့
မိန်းမဆိုလို့ ကျမတစ်ယောက်တည်းရှိခဲ့တာများလားလို့....ရှင့်အတွက်တော့ ခါချဉ်လေးတစ်ကောင်...ဆိုပေမယ့်...ကျမအတွက်တော့ နာကျင်ခြင်း
မြင့်မိုရ်တောင်ကြီးပါပဲလေ...
ဆင်ရှစ်သောင်းစုပေါင်းနေတဲ့
မင်းရင်ပြင်ထက် ရှင်ပေးတဲ့ပန်းတစ်ခက်က
အများအလယ်မှာ အရှက်ရစေခဲ့တယ်ဆိုတာ
ရှင်ကမှသတိမထားမိခဲ့ပဲ...

မျက်ရည်ဝဲဝဲနဲ့ အံကြိတ်ပြီး ခံရခက်ခဲ့တယ်ဆိုတာ
ရှင်ထင်သလို ခါချဉ်လေးပါတဲ့
အင်ကြင်းပန်းတစ်ခက် ကြောင့်မဟုတ်ပါဘူး...

မဟာသုဘဒ္ဒါအပေါ် ရှင့်ရဲ့
အရေးပေးမှုအောက်မှာ
ကျမ ကမ္ဘာကြီး မူးနောက်ပြာကျခဲ့ရတာပါလေ..

ရှင်သိအောင် ထပ်ပြောခဲ့မယ်မင်းဆဒ္ဒန်....
ပထမ စူဠသုဘဒ္ဒါ မဟုတ်ခဲ့ဖူးဆိုရင်
ဒုတိယ မဟာသုဘဒ္ဒါတော့
ဘယ်မိန်းမက မဖြစ်ချင်ခဲ့ဘူးဆိုတာ
တစ်နေ့နေ့တော့ ရှင်နားလည်လာမှာပါ....

ဟင့်အင်း....
ရှင်အထင်မလွဲပါနဲ့...
အစွယ်လိုသူမိဖုရား မဟုတ်ခဲ့ပါဘူး...
ရှင့်အချစ်တစ်ခုတည်းကိုပဲ လိုချင်ခဲ့တာပါ....

ဘဝချင်းမတူအောင် သံသရာခြားနားခဲ့ပေမယ့်
ကျမ နှလုံးသားက ရှင့်ကိုပဲစူးစူးနစ်နစ်
ချစ်ခဲ့မိတာပါ မင်းဆဒ္ဒန်ရယ်

ရှင့်အစွယ်ကို နားဋောင်းပန်ဆင်လိုတယ်
ဆိုတာလည်းကျမမှာ အကြောင်းအရင်းတွေရှိပါတယ်.

ဟိမဝန္တာ အင်ကြင်းတောမြိုင်ယံမှာ
ရှင့်ရဲ့သက်ဆိုင်သူဖြစ်ခဲ့တဲ့ ကျမကို
ရှင်ခုချိန်ထိ သတိတရရှိသေးရဲ့လား
ဆိုတာ ကျမသိချင်တယ်...
သတိတရနဲ့လွမ်းဆွတ်တမ်းတမှုမျိုးကိုလည်း ကျမလိုချင်မိတယ်....

ဘဝချင်းခြားခဲ့တာတောင် ချစ်အားမလျော့ခဲ့တဲ့
ကျမနှလုံးသားကို ရှင် လျှော့မတွက်ပါနဲ့ မင်းဆဒ္ဒန်...

တစ်ဖတ်သတ်ဆိုရင်တောင် ကျမက ကျေကျေနပ်နပ်ကြီး သံသရာအဆက်ဆက် ယူသွားအုံးမှာမို့လို့ပါ...

ဟုတ်တယ်...ကျမရှင့်ကို အဲ့လောက်ထိချစ်တယ်....

ဒါပေမယ့်....
နားလည်မှုလွဲမှားခြင်းရဲ့ ဆုလဒ်တွေကြောင့်
ကျမဟာ မိန်းမရိုင်းကြီး သုဘဒ္ဒါဖြစ်ခဲ့ရတာပါ
မင်းဆဒ္ဒန်ရယ်.....ရှင့်အစွယ်ကို နားဋောင်းပန်ဆင်လိုတယ်လို့ သောနုတ္ထိုရ်ကို
ကျမမှာကြားလိုက်တယ်ဆိုပေမယ့်....

အစွယ်ကို အာခေါင်ရင်းက ဖြတ်ခဲ့ရမယ်လို့
ကျမမမှာခဲ့မိဘူး...အမိန့်လည်းမပေးခဲ့ပါဘူး....
နားဋောင်းလုပ်ဝတ်လို့ရမယ့်
ရှင့်ရဲ့အစွယ်အဖျားလေးလောက်ပဲ
ကျမကလိုချင်ခဲ့မိတာပါ...

ရှင်အနားမှာ ရှိနေမပေးရင်တောင်
ရှင့်ရဲ့အသွေးအသားလေးတစ်ခု ကျမအနားမှာ
အဖော်ပြုနေရုံနဲ့ ကျမနှလုံးသားကို နှစ်သိမ့်ချင်လို့ပါ....

ရှင်သာ ကျမကိုတကယ်ချစ်ရင် နားဋောင်းတစ်ဆင်စာ
အစွယ်အဖျားလေးတော့
ရှင်ကျမကို ပေးနိုင်မှာပဲမဟုတ်လား....

ခုတော့....
မုဆိုးလျှောက်တင်သမျှကို မစဉ်းစားမဆင်ခြင်ပဲ
ရှင်က အာခေါင်ရင်းကိုလွှနဲ့ထိုး ဆိုးရွားတဲ့ဝေဒနာကိုအံတုလို့ မိန်းမဆိုးအမုန်း ဒီဘဝဒီမျှနဲ့ တုံးစေတော့ဆိုပြီး လက်လွတ်စပယ် ကျမကြောင့် ရှင်သေပွဲဝင်ရတယ်တဲ့လေ...
ကျမက မှားခဲ့တယ်ဆိုပေမယ့်...
ရှင်က မိုက်ခဲ့တယ် မင်းဆဒ္ဒန်....
နားဋောင်းတစ်ဆင်စာ ပမာဏဟာ
အာခေါင်ရင်းကနေဖြတ်ချမှ ရမှာမို့လို့လား...

မုဆိုးတင်သမျှကို ကြားရပြီး
စိတ်နာတဲ့ လေသံနဲ့
မိန်းမဆိုးအမုန်း ဒီဘဝဒီမျှနဲ့တုံးစေတော့လို့ ပြောရင်း
ရှိရှိသမျှအပြစ်တွေကို ကျမအပေါ်ပဲစုပုံရက်ခဲ့တယ်....

ကျမ မှာတော့ မုဆိုးထမ်းလာတဲ့ ရှင့်အစွယ်ဖွေးဖွေးကို
ခပ်ဝေးဝေးကလှမ်းမြင်ရတည်းက
အရာရာဟာ လွဲမှားစွာ မှားယွင်းခဲ့ပြီလို့ သိလိုက်ပြီး
သောကအပေါင်းဟာ ဖိစီးထိုးနှက်ခဲ့ပါတယ်....

နောက်ဆုံးထွက်သက်တွေအထိ
နာကျင်ခံခက်တဲ့ လေသံနဲ့ ရှင် ကျမကို ပြောရက်ခဲ့တဲ့
မိန်းမဆိုးအမုန်း ဒီဘဝဒီမျှနဲ့တုံးစေတော့...
ဆိုတဲ့စကားဟာ ကျမက ရှင့်ကို တမင်မုန်းလို့ပဲ
သတ်စေခဲ့သလိုပါပဲလား....

မဟုတ်ရပါဘူးမင်းဆဒ္ဒန်ရယ်....
အစွယ်လေး နားဋောင်းတစ်ဆင်စာ ပဲလိုချင်ခဲ့တာပါ...

အာခေါင်ရင်းကနေ သွေးမြေကျ ဖြတ်ပေးဖို့ ကျမက
ဘယ်လိုနှလုံးသားမျိုးနဲ့ ရှင့်ကိုရက်စက်နိုင်မှာတဲ့လဲ...

မိုက်လိုက်တာ မင်းဆဒ္ဒန်ရယ်....

နာကျည်းချက်တွေနဲ့ ရှင်က ကျမကို နှုတ်ဆက်ခဲ့တယ်ပေါ့....မျက်နှာငွေလ ရွှင်ပျပျနှင့် သခင်မ...ဝမ်းမြောက်ပါလေတော့တဲ့လား....

ပြောရက်လိုက်တာ မောင်တော်မင်းဆဒ္ဒန်ရယ်....

နားဋောင်းတစ်ဆင်စာလေးအတွက် အာခေါင်းရင်းကနေ
ဖြတ်ယူခဲ့တဲ့ မုဆိုးမိုက်ကြောင့် လွဲမှားတဲ့ သံသယတွေနဲ့
သုဘဒ္ဒါ နှလုံးသားဟာ သွေးမြေကျခဲ့ရပါပြီလေ....

မျက်နှာငွေလ မဟုတ်ခဲ့ပါဘူးမင်းဆဒ္ဒန်...
သုဘဒ္ဒါ မျက်နှာတစ်ခုလုံး တိမ်ဖုံးပြီး လမိုက်ခဲ့ရပါပြီ...

သခင်မ...ဝမ်းမြောက်စေချင်တဲ့ ရှင့်ဆုတောင်းတွေလည်း
မပြည့်နိုင်တော့ပါဘူး...

နှမတော်ရဲ့ နှလုံးသည်းပွတ်ဖြစ်တဲ့
ရှင့်ကို သေအောင်သတ်မိခဲ့သလို
ဖြစ်သွားခဲ့တဲ့အတွက် ကျမ ဘယ်လိုနည်းနဲ့မှ
ရွှင်ရွှင်ပျပျ ပျော်မနေရတော့ပါဘူး..

အခု.....
နှမတော် အသည်းစိုင်တစ်ခုလုံး ကွဲအက် ပျက်စီးပြီး ကံတော်ကုန်လုနေပါပြီ....မင်းဆဒ္ဒန်...

မနက်ဖြန်တွေအဆက်ဆက် နောက်ထပ်
ရှိခဲ့အုံးမယ်ဆိုရင်တော့...
ရှင့်ရဲ့ သံသယတွေအတွက် ရှင်းပြခွင့်ရလိုက်ချင်ပါတယ်လေ...

တကယ်ဆို ကျမရင်ထဲက ချစ်ခြင်းမေတ္တာကို ရှင်မမြင်ပဲ
မိန်းမရိုင်းကြီးရဲ့ အမုန်းလို့ပဲ ရှင်က ထင်ခဲ့တာကိုး....

ရှိပါစေတော့ မင်းဆဒ္ဒန်ရယ်...
ရှိပါစေတော့...
ဒီဘဝ ဒီမျှနဲ့ပဲ ရှိပါစေတော့လေ...

တကယ်ဆိုရင်.....
ကျမက....မှားခဲ့တယ်ဆိုပေမယ့်
ရှင်က......မိုက်ခဲ့ပါတယ်မင်းဆဒ္ဒန်.....

ဘာလို့လဲဆိုတော့...
မိန်းမသားဆိုတာ....ကိုယ့်ချစ်သူရဲ

ပထမ.......စူဠသုဘဒ္ဒါ မဟုတ်ခဲ့ရဘူးဆိုရင်
ဒုတိယ.....မဟာသုဘဒ္ဒါ တော့
ဘယ်တော့မှ အဖြစ်မခံချင်ကြဘူးဆိုတာ
ဟိမဝန္တာ တောမြိုင်ယံမှာ ဆင်အ ပေါင်းခြံရံပြီး စိုးစံခဲ့တဲ့ မင်းဆဒ္ဒန်ဧကရာဇ် ကြီးမှ မသိခဲ့တာကိုး......

တကယ်တော့ သုဘဒ္ဒါဆိုတဲ့ နှမတော်က
မောင်ကြီးမင်းဆဒ္ဒန်ကို မုန်းခဲ့တာ မဟုတ်ပါဘူး
အချစ်ကြီးချစ်ခဲ့မိတာပါ မင်းဆဒ္ဒန်ရယ်......။

အထွေထွေဗဟုသုတ > L .L

22/12/2018

နင့်ကိုဂရုမစိုက်တာမဟုက်ပါဘူး
ဂရုစိုက်တာခံရချင် ရိုးသွားတဲ့
အခါ ငါ့ကိုထားသွားမှာ စိုးရိမ်လို့ပါ😌😌😌😌

11/11/2018

ငါ့ကိုထားခဲ့ရင်​ မုတ်​ဆိတ်​​မွှေးထူထူ ကုလားအဖိုးကြီးနဲ့ ညားပါ​စေ...😂😂😂

01/11/2018

i love you with all my heart

29/10/2018

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ I Love You With All My Heartผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์