MTO Gold & Jewelry Shop

MTO   Gold & Jewelry Shop ပစ္စည်းမှန် စျေးမှန် ကြောင်းတာဝန်ယူပါတယ်

19/08/2025
💍မိမိ၀တ်ထားတဲ့လက်စွပ်ကိုကွင်းတိုင်းသိချင်ရင်တိုင်းနည်း💍ပုံမှာ ပြထားတဲ့ အတိုင်း လက်ရှိ၀တ်နေတဲ့ လက်စွပ်ကို ပေတံမှာ မီလီမီတ...
12/08/2025

💍မိမိ၀တ်ထားတဲ့လက်စွပ်ကိုကွင်းတိုင်းသိချင်ရင်တိုင်းနည်း💍
ပုံမှာ ပြထားတဲ့ အတိုင်း လက်ရှိ၀တ်နေတဲ့ လက်စွပ်ကို ပေတံမှာ မီလီမီတာ (mm) ပေတံပေါ်တွင် တိုင်းလိုက်ပါ...
မိမိ တိုင်းထားတဲ့ မီလီမီတာ ဟာ လက်စွပ်ကွင်းတိုင်း နံပတ် ဘယ်လောက်ရှိသလဲ သိချင်ရင် အောက်ဖော်ပြပါ (mm) မီလီမီတာ တွေ ကြည့်လိုက်...
ကွင်းတိုင်း နံပတ် (၁) 13.0 mm
ကွင်းတိုင်း နံပတ် (၂) 13.4 mm
ကွင်းတိုင်း နံပတ် (၃) 13.7 mm
ကွင်းတိုင်း နံပတ် (၄) 14.0 mm
ကွင်းတိုင်း နံပတ် (၅) 14.3 mm
ကွင်းတိုင်း နံပတ် (၆) 14.6 mm
ကွင်းတိုင်း နံပတ် (၇) 15.0 mm
ကွင်းတိုင်း နံပတ် (၈) 15.3 mm
ကွင်းတိုင်း နံပတ် (၉) 15.6 mm
ကွင်းတိုင်း နံပတ် (၁၀) 15.9 mm
ကွင်းတိုင်း နံပတ် (၁၁) 16.2 mm
ကွင်းတိုင်း နံပတ် (၁၂) 16.5 mm
ကွင်းတိုင်း နံပတ် (၁၃) 16.8 mm
ကွင်းတိုင်း နံပတ် (၁၄) 17.2 mm
ကွင်းတိုင်း နံပတ် (၁၅) 17.5 mm
ကွင်းတိုင်း နံပတ် (၁၆) 17.8 mm
ကွင်းတိုင်း နံပတ် (၁၇) 18.1 mm
ကွင်းတိုင်း နံပတ် (၁၈) 18Crd 4 mm
ကွင်းတိုင်း နံပတ် (၁၉) 18.8 mm
ကွင်းတိုင်း နံပတ် (၂၀) 19.1 mm
ကွင်းတိုင်း နံပတ် (၂၁) 19.4 mm
ကွင်းတိုင်း နံပတ် (၂၂) 19.7 m
ကွင်းတိုင်း နံပတ် (၂၃) 20.0 mm
ကွင်းတိုင်း နံပတ် (၂၄) 20.3 mm
ကွင်းတိုင်း နံပတ် (၂၅) 20.6 mm
ကွင်းတိုင်း နံပတ် (၂၆) 21.0 mm
ကွင်းတိုင်း နံပတ် (၂၇) 21.3 mm
ကွင်းတိုင်း နံပတ် (၂၈) 21.6 mm
ကွင်းတိုင်း နံပတ် (၂၉) 22.0 mm
ကွင်းတိုင်း နံပတ် (၃၀) 22.3 mm

20/07/2025

ရွှေဈေး ဘယ်လိုတွက်ရမလဲ ဆိုသူတွေအတွက် တင်ပေးလိုက်ပါတယ် 📌

၁၆ ပဲရည်ဆိုတာက100 % pure gold ပါ အခေါက်ရွှေ မီးလင်းရွှေလို့လဲ ခေါ်ပါတယ်။

၁၅ ပဲရည် ဆိုတာကတော့အခေါက်ရွှေ ၁၅ပဲသားနဲ့ ကြေး ၁ ပဲသား ရောကျိုထားတဲ့ ရွှေပေါ့ ။

၁၄ ပဲ ၂ ပြားရည်ဆိုရင် အခေါက်ရွှေ ၁၄ ပဲ ၄ ရွေးနဲ့ ကြေး ၁ ပဲ ၄ ရွေး ရောကျိုထားတဲ့ ရွှေပါ သင်္ချာနည်းနဲ့ ပြောရင်အချိုးပေါ့

၁၅ ပဲရည် = အခေါက်ရွှေ ၁၅ ပဲ ကြေး ၁ ပဲ
၁၄ ပဲရည် = အခေါက်ရွှေ ၁၄ ပဲ ကြေး ၂ ပဲ
၁၃ ပဲရည် = အခေါက်ရွှေ ၁၃ ပဲ ကြေး ၃ ပဲ
၁၄ ပဲ ၂ ပြား = အခေါက်ရွှေ ၁၄ ပဲ ၄ ရွေး ကြေး ၁ ပဲ ၄ ရွေး

အခေါက်ရွှေ စျေးကိုသိရင်
၁၅ ပဲရည် ၁၄ ပဲ၂ပြားရည် ၁၄ပဲ ရည်စျေးတွေကို တွက်ကြည့်လို့ ရပါတယ်။

အခေါက်ရွှေ 1ကျပ်သားကို 710000 ကျပ်ဆိုပါစို့ ။

အခေါက်ရွှေ 1 ပဲသားဆိုရင်
710000 ÷ 16 = 44375
၁၅ ပဲရည်မှာ အခေါက်ရွှေ ၁၅ ပဲ ပါဝင်တဲ့အတွက် 44375 × 15 = 665625

အရှင်းဆုံး ပြရရင် .............
7100000 ÷ 16 × 15 = 665625
ဒါဆို ၁၅ ပဲရည် ၁ ကျပ်သားရဲ့စျေးနှုန်းက 665625 ကျပ် ရပါပြီ ။

လူတိုင်း တွက်တတ်ပါစေ


📌📌Bank ဂယက်ကြောင့် ရွှေခဲလေးတွေ စုထားချင်တယ်ဆိုရင် ၁၆ ပဲရည် အခေါက်မီးလင်း မြန်မာရွှေထဲက ရှိကါတယ်နော်🌻
20/06/2025

📌📌Bank ဂယက်ကြောင့် ရွှေခဲလေးတွေ စုထားချင်တယ်ဆိုရင် ၁၆ ပဲရည် အခေါက်မီးလင်း မြန်မာရွှေထဲက ရှိကါတယ်နော်🌻

09/06/2025

ရွှေစျေးတွေအရမ်းတက်နေတဲ့အချိန်မှာ
ဝယ်မှားရောင်းမှားမဖြစ်ကြစေဖို့
ကိုယ်သင်ယူထားတဲ့(ဗဟုသုတအနည်းအကျဉ်း)ကို
ပြန်လည်မျှဝေပေးပါတယ်။

ကျောက်မျက်ရတနာလောကမှာ
ဝယ်သူနဲ့ရောင်းသူကြား အမြဲမေးကြလေ့ရှိတဲ့ မေးခွန်းက
ဒီရွှေထည်ကို
ဘယ်လောက်ကာရက်(Karat)ရွှေနဲ့ခတ်ထားသလဲ?
ဆိုတဲ့မေးခွန်းပါ။
တရုတ်ပြည်ဈေးကွက်မှာတော့
"有多少克”(ဟိန်သောစောင်ခက်)လို့မေးကြပါတယ်။
မြန်မာပြည်ဈေးကွက်မှာတော့
"ပဲရည်”လို့သုံးကြပါတယ်။

နောက်မေးခွန်းတခုက
ပလက်တီနမ်(Platinum)နဲ့ရွှေဖြူ(white gold)
ဘယ်လိုကွာလည်း?

နောက်မေးခွန်းတခုက
(925)ငွေထည်နဲ့ဘော်ဟာ
တူသလားမတူဘူးလားဆိုတဲ့မေးခွန်းတွေပါ။

လက်ဝတ်ရတနာတွေကို
ရွှေ(gold)၊ပလက်တီနမ်(Platinum)၊ငွေ(silver)နှင့်
ပါလာဒီယမ်(palladium) အစရှိတဲ့
precious metals များနဲ့ပြုလုပ်လေ့ရှိကြပါတယ်။

Precious metals များဟာ ရှားပါး၍
တူးဖော်ထုတ်လုပ်ရာမှာလည်း ခက်ခဲကြပါတယ်။

ရွှေ(gold)သည် အရှားပါးဆုံးဖြစ်ပြီး
ကမ္ဘာမြေရဲ့"4parts per billion (4PPB)"
အပုံသန်းတထောင်တွင်(4)ပုံသာတွေ့ရှိနိုင်ပါတယ်။

Platinum သည်
ကမ္ဘာမြေရဲ့"5parts per billion (5PPB)”
အပုံသန်းတထောင်တွင်(5)ပုံ

Silver သည်
ကမ္ဘာမြေရဲ့"75parts per billion (75PPB)”
အပုံသန်းတထောင်တွင် (75)ပုံသာတွေ့နိုင်ပါသည်။

Precious metal တို့သည်
ပျော့ပြောင်း၍ပုံသွင်းနိုင်ခြင်း(malleable)
နန်းဆွဲ၍ကြိုးကဲ့သို့ဆန့်ထုတ်နိုင်ခြင်း(ductile)
တူနှင့်ထုရိုက်ခြင်းများကို မကျိုးမပျက်ဘဲ
ခံနိုင်ရည်ရှိကြပါသည်။

ရွှေ၏သန့်စင်မှုကို karat(K)ဖြင့်ဖော်ပြပြီး
အစိတ်အပိုင်း(24)ပိုင်းတွင် အခြေခံကာ
တိုင်းတာစစ်ဆေးကြသည်။

”24K”gold ဆိုသည်မှာ
အခြားအရောအနှောမပါရှိသော
100%သန့်စင်သည့်ရွှေ ဖြစ်သည်။
မြန်မာအလေးချိန်ဖြင့် (16)ပဲရည်ဖြစ်သည်။

”18K”goldသည် (75%)pure gold ဖြစ်သည်။
“24”ပုံတွင်”18”ပုံမှာရွှေဖြစ်ပြီး
အခြား”6”ပိုင်းမှာသတ္တုတမျိုး(သို့)တမျိုးထက်ပိုပြီး
ရောနှောပါဝင်နေခြင်းဖြစ်သည်။
မြန်မာအလေးချိန်(12)ပဲရည်ဖြစ်သည်။

အမေရိကန်တွင် လူကြိုက်အများဆုံးရွှေသည်
(58.5%pure gold”14K”)ဖြစ်သည်။
မြန်မာအလေးချိန်(9)ပဲရည်ဖြစ်သည်။

မြန်မာရွှေအလေးချိန်ဖြင့်
ရွှေတကျပ်သားတွင်
(16)ပဲ/(16.606gram/(0.5333ounce)ရှိသည်။
ရွှေတအောင်စလျှင်
(1ကျပ်14ပဲ/1.875ကျပ်သား)ဖြစ်သည်။

ရွှေ(Au)ကို
ကြေးနီနှင့်ရောလျှင်
(Rose gold)ဟုခေါ်သော (red color gold)
ငွေနှင့်ရောလျှင်(green color gold)
နီကယ်(သို့)palladium နှင့်ရောလျှင် (white color gold) ရရှိမည်။

Platinum(Pt)အများစုသည်
90%မှ95%ထိသန့်စင်ကြသည်။
မာကြောမှုအားကောင်းသဖြင့်
အစင်းထင်ခြင်းကိုကာကွယ်နိုင်ပြီး
အလွယ်တကူမကျိုးပဲ့နိုင်သောကြောင့်
လက်ဝတ်ရတနာများပြုလုပ်ရန် အလွန်ကောင်းမွန်သည်။

1900မှ1915ပြည့်နှစ်ကာလများဆီက
Europe နှင့်အမေရိကန်အထက်တန်းလွာများတွင် ရေပန်းစားခဲ့သော
Edwardian Jewelry များသည်
Platinum သတ္တုများဖြင့် ပြုလုပ်ထားသည့်
လက်ဝတ်ရတနာများဖြစ်ကြသည်။

Palladium (PD)သည် အလွန်တောက်ပသော
ငွေဖြူရောင်ဖြစ်ပြီး platinum ထက်ပေါ့ပါးကာ
(1930)ပြည့်နှစ်များမှစ၍ လက်ဝတ်ရတနာများအဖြစ်
စတင်ပြီးအသုံးပြုခဲ့ကြသည်။

Palladium နှင့် ရွှေ ရောစပ်ထားသော
”white color gold”သည်
နီကယ်၊ငွေနှင့် ရွှေ ရောစပ်ထားသော
”white color gold”ထက်
ပို၍ တန်ဘိုးကြီးသည်ကို အထူးသတိပြုသင့်သည်။

Silver"(Ag)ငွေ၏ အဖြူရောင်တောက်ပမှူကြောင့်
လက်ဝတ်ရတနာအဖြစ် အသုံးများကြသည်။
Pure Silverတို့မှာ အလွန်ပျော့သောကြောင့်
ကြေးနီနှင့်ရောစပ်ပြီး အသုံးပြုကြပါသည်။

ဈေးကွက်ထဲမှာခေါ်နေကြသော
"925”ငွေထည်ဆိုသည်မှာ
အပုံတထောင်မှာ (925)ပုံသန့်စင်ထားသော ငွေဖြစ်ပြီး
ကျန်(75)ပုံမှာကြေးနီရောစပ်ထားခြင်းဖြစ်သည်။
Sterling Silver ဟုခေါ်ကြသည်။

အမေရိကန်တွင် (925)သို့မဟုတ်(92.5%)နီးပါး
အနည်းဆုံးသန့်စင်မှသာ
"Sterling Silver "ဟုသတ်မှတ်ပါသည်။

မိမိတို့လက်ဝယ်ရှိ ရတနာများကို
စိတ်ချမ်းမြေ့ပျော်ရွင်စွာဖြင့်
တန်ဘိုးထား ပိုင်ဆိုင်နိုင်ကြပါစေ။

ယခုတင်ပြချက်မှာ
မှားနေတဲ့အချက်အလက်တွေ
လိုအပ်နေသေးတဲ့အချက်အလက်တွေ ရှိနေပါသေးတယ်။
မတူသောအမြင်များရှိပါက
ဝေဖန်ပေးကြပါရန် တောင်းဆိုပါသည်။

“LET’s GROWTH TOGETHER “

MeeNge
8th June 2025

Photo source from Wikipedia
Credit 🙏

08/06/2025

ကျောက်မျက်ရတနာအလုပ်ကို
တကယ်professional ကျကျလုပ်တော့မယ်ဆိုရင်
ကျောက်ရဲ့အရောင်ကို တိကျစွာခွဲခြားနိုင်ဖို့နဲ့
Inclusion တွေကို ရှင်းလင်းစွာမြင်တွေ့နိုင်ဖို့အတွက်

“Daylight-Equivalent Gemological Torch လို့ခေါ်တဲ့
နေရောင်ခြည်ရဲ့အရောင်နှင့်တူသော ကျောက်ကြည့်ဓါတ်မီးကို
ကျောက်တပွင့်ရဲ့ ပကတိအရောင်ကို
မှန်ကန်စွာ မြင်တွေနိုင်စေရန်အတွက်အသုံးပြုရပြီး

“10x Triplets Loupe” လို့ခေါ်တဲ့
မှန်သားသုံးထပ်ပါတဲ့ဆယ်ဆချဲ့အိတ်ဆောင်မှန်ဘီလူးငယ်သည်
ကျောက်တပွင်ရဲ့ အပစ်အနာ inclusions များ၊
သဘာဝတွင်းထွက်နှင့်လူလုပ်ကျောက်များ
Cut and polished ၏လိုအပ်ချက်များ ကိုစစ်ဆေးရန်
မရှိမဖြစ်အသုံးပြုကိုပြုရမယ့်ပစ္စည်းများဖြစ်ပါတယ်။

ကျောက်အရိုင်းဝယ်သူဖြစ်ဖြစ်
Cutting &Polish လုပ်ပြီးသားကျောက်ကိုဝယ်သူဘဲဖြစ်ဖြစ်
ကုန်သည်ဖြစ်ဖြစ်
ပွဲစားဖြစ်ဖြစ်
ကျောက်လုပ်ငန်းကိုလုပ်သူတိုင်း အသုံးပြုရမည့် Gems Tools ဖြစ်ပါတယ်။

သတိပြုရန်မှာ
ကျောက်တပွင့်ကိုကြည့်ရန်အတွက် အကောင်းဆုံးအချိန်သည်
နဲနက်9:00မှ11:00ကြား ပဏာတက်ချိန်
ကျောက်ရဲ့အရောင်ကို အမှန်ဆုံးတွေ့ရမည့်အချိန်
ကျောက်ဝယ်ရန် အကောင်းဆုံးအချိန် ဖြစ်သည်။

နေ့လည်12:00အချိန်မှာ နေရဲ့အလင်းဟာ
90*ကျတဲ့အလင်းဖြစ်လို့ အရောင်မမှန်တော့ပါ။

ညနေ3:00မှ5:00နာရီကြားအလင်းရောင်သည်
ပဏာပြန်ချိန်ဖြစ်သည့်အတွက်
ကျောက်တွေကိုကြည့်လိုက်ရင် အလှဆုံးဖြစ်နေတတ်ပါသည်။
(ဒီအချိန်မှာ ကျောက်လုံးဝမဝယ်သင့်ပါ)

Daylight (6500 kelvin temperature)နဲ့ညီမျှတဲ့ မီးအလင်းရောင်ကို
အသုံးပြုပါက မည်သည့်အချိန်မှာမဆို
ကျောက်ဝယ်ခြင်း၊ကျောက်ရောင်းခြင်များ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

MeeNge
7th June 2025

01/06/2025

🍚ဆန် ၁ တင်း မှာ ၁၆ ပြည် ရှိသလို
🪙ရွှေ ၁ ကျပ်သားမှာ ၁၆ ပဲ ရှိတယ် ၊

🍚ဆန် ၈ ပြည် ကို တခွဲ လို့ ခေါ်သလို
🪙ရွှေ ၈ ပဲ ကို ငါးမူး လို့ ခေါ်တယ် ၊

🍚ဆန် ၄ ပြည် ကို တစိပ် လို့ ခေါ်ကြသလို
🪙ရွှေ ၄ ပဲ ကို တမတ်သား လို့ ခေါ်ကြတယ် ၊

🍚ဆန် ၁ ပြည်မှာနို့ဆီဗူး ရှစ်လုံး ရှိသလို
🪙ရွှေ ၁ ပဲ မှာလည်း ရွေးလေး ရှစ်ရွေး ရှိတယ် ၊

🍚ဆန် ၁ တင်းမှာ နို့ဆီဗူး ၁၂၈ လုံး ရှိသလို
🪙ရွှေ ၁ ကျပ် သား မှာလည်း ၁၂၈ ရွေး ရှိတယ် ။

ဒီဆက်နွယ်မှုဟာ နိုင်ငံအတွင်းနေထိုင်ကြသူတွေအဖို့
ဆန် နဲ့ ရွှေ နှစ်မျိုးလုံး အရေးကြီးတာချည်းပဲဆိုတာသိထားဖို့ပါ။

#ဗဟုသုတ

😅ချစ်တို့ရေ ရွှေဝယ်ချင်တယ် အလျော့တွက်လက်ခ မပေးချင်သူများ ဒီလိုလေးဝတ်လို့ရတယ်နော်🤣🤣
31/05/2025

😅ချစ်တို့ရေ ရွှေဝယ်ချင်တယ် အလျော့တွက်လက်ခ မပေးချင်သူများ ဒီလိုလေးဝတ်လို့ရတယ်နော်🤣🤣

19/05/2025

📌Karat (K) နဲ့မြန်မာအခေါ် (ပဲရည်)အကြောင်းသိထားရင် ရွှေဝယ်တဲ့အခါ အရွေးမမှားနိုင်တော့ဘူးနော်

24k=၁၆ ပဲရည်
23k=၁၅ ပဲရည်
22k=၁၄ပဲ ၂ပြားရည်
21k =၁၄ပဲရည်
20k =၁၃ ပဲရည်
19k =၁၂ပဲ ၂ ပြားရည်
18k =၁၂ ပဲရည်
17k=၁၁ပဲ ၂ ပြားရည်
16k=၁၁ ပဲရည်
15k =၁၀ပဲရည်
14k =၉ ပဲရည်
13k =၈ပဲ ၂ ပြားရည်
12k =၈ပဲရည်



ြောင်း

18/05/2025

📌စိန်ထည်တွေကို ခိုင်ခိုင်ခံ့ခံ့ဖြစ်အောင် ဘယ်လိုရွှေရည်မျိုးနဲ့ အထည်ခတ်သင့်လဲ

☑️စိန်ထည်တွေဟာ မာခြင်းအဆင့်မြင့်ဆံုးကျောက်တွေဖြစ်လို့ ရွှေနဲ့အထည်ခတ်တဲ့အခါ
🔥ခိုင်ခိုင်ခံ့ခံ့နဲ့ အမြဲတမ်းဝတ်ထားချင်တယ်
🔥အကြမ်းခံချင်တယ်ဆိုရင်တော့ ၁၃ ပဲရည်နဲ့ အထည်ခတ်သင့်ပါတယ်ရှင့်

☑️၁၄ ပဲရည် ၁၅ ပဲရည်နဲ့ခတ်လို့မရဘူးလား ဆိုရင်တော့ ရပါတယ်ရှင့်။ အဲဒီရွှေရည်တွေက သတ္တုစပ်နည်းတဲ့အတွက် အနည်းငယ်ပျော့မှာဖြစ်လို့ ဝတ်ဆင်တဲ့အခါမှာ ကျောက်မပြုတ်အောင် ဂရုစိုက်ဖို့တော့လိုပါမယ်နော်။

☑️ရွှေရည်ကောင်းကောင်းနဲ့ဝတ်ချင်တယ် ထသွားထလာပဲဝတ်ချင်တယ်ဆိုရင်တော့ ၁၄ ပဲရည် ၁၅ ပဲရည်နဲ့ဝတ်ဆင်သင့်ပါတယ်။

☑️အကြမ်းဝတ်မယ် အမြဲတမ်းဝတ်ထားချင်တယ်ဆိုရင်တော့ ၁၂ ပဲရည် ၁၃ ပဲရည်နဲ့ခတ်ပြီး ဝတ်ဆင်သင့်ပါတယ်ရှင့်။

🌻ရွှေငွေကျောက်မျက်ရတနာတွေ ဒီရေအလား တိုးပွါးကြပါစေနော်။



17/05/2025

📌18k ကိုအတု အစစ် ဘယ်လိုခွဲမလဲ📌

✅အီတလီAU750 ဆိုရင် 18k အစစ်ပါ

⛔️အီတလီ925ဆိုရင်တော့ 18k အတုပါရှင့်

➡️18k Gold plated ဆိုရင်တော့ရွှေရည်ဖြည့်အထည်ပါ ရွှေပါဝင်မှုနှုန်း 0.5%ပဲပါဝင်ပါတယ်။

🔥ဒါကြောင့် 18k ဝယ်ယူမယ်ဆိုရင်
အီတလီAU70 or AU750 အသားတံဆိပ်ပါတာကိုရွေးဝယ်ကြဖို့ အကြံပြုချင်ပါတယ်ရှင့်။

☑️ရွှေငွေရတနာနဲ့ပတ်သက်ပြီး ဗဟုသုတရစရာလေးတွေကိုမျှဝေပေးမှာဖြစ်လို့ မင်မင်တို့page ကို like &follow လေးလုပ်ထားပေးကြပါရှင့်🙏



ที่อยู่

Bangkok
10400

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ MTO Gold & Jewelry Shopผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์