MAIM Book Store မဂ်လာပါ ထိုင်းနိုင်ငံ Main bookstore ကနေ ကြိုဆိုပါတယ်။

တူတယ်လို့ ကိုယ်တစ်ယောက်တည် ထင်ခဲ့တာ တကယ်ကြီးလည်း တူတာနော် ဖတ်ဖူးသူရှိရင် သိကြလိမ့်မယ်
17/04/2026

တူတယ်လို့ ကိုယ်တစ်ယောက်တည် ထင်ခဲ့တာ တကယ်ကြီးလည်း တူတာနော် ဖတ်ဖူးသူရှိရင် သိကြလိမ့်မယ်

နာမည်ကြီး BL ဝက်ဘ်တွန်းနဲ့ ဆင်တူရိုးမှားဖြစ်နေတယ်လို့ စွပ်စွဲခံနေရတဲ့ ‘The Last Duel'

One31 ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသနေလျှက်ရှိတဲ့ ‘The Last Duel' ဇာတ်လမ်းတွဲဟာ လတ်တလောမှာ အလွန်လူကြိုက်များရေပန်းစားနေပါတယ်။ အားလုံးသိပြီးသား ဟံသာဝတီခေတ်မှ မဟာဥပရာဇာ (မင်းကြီးစွာ) နဲ့ ဗြနရဲ (နရဲစွမ်) တို့အကြောင်းကို မှီငြမ်းပြီး ပုံဖော်ထားတာဖြစ်လို့ မြန်မာပရိသတ်တွေလည်း အထူးတလည် စိတ်ဝင်တစား အားပေးနေကြတာကို တွေ့မြင်ကြရမှာပါ။

ဒါပေမယ့် လက်ရှိမှာတော့ ဒီဇာတ်လမ်းတွဲဟာ စာရေးဆရာမ Amulin ရဲ့ နာမည်ကြီးဝက်ဘ်တွန်းတစ်ပုဒ်ဖြစ်တဲ့ "อโยธยาเอยาวดี (Ayutthaya Oh Yaowadee)" နဲ့ ဆင်တူရိုးမားဖြစ်နေတယ်လို့ စွပ်စွဲခံနေရပါတယ်။ ဒီဝက်ဘ်တွန်းကလည်း ဟံသာဝတီနဲ့ အယုဒ္ဓယတို့ကြားက သမိုင်းကြောင်းကို အခြေခံထားတာဆိုပေမယ့် သူရဲ့ အဓိကဦးတည်ချက်ကတော့ မင်းသားနှစ်ပါးကြားက စိတ်ကူးယဉ် အချစ်ဇာတ်လမ်းဖြစ်ပါတယ်။ ဒါကြောင့် ဇာတ်ကောင်အမည်တွေကိုတော့ သမိုင်းထဲကအတိုင်း အသုံးမပြုထားပါဘူး။

ဝက်ဘ်တွန်းဖန်တီးသူက သူ့လက်ရာအောင်မြင်ပြီးနောက် ဇာတ်ညွှန်းရေးပညာရှင်တစ်ဦးဟာ စီးရီးအဖြစ်ရိုက်ကူးနိုင်ဖို့ မူပိုင်ခွင့်လိုင်စင်ဝယ်ယူချင်တယ်ဆိုပြီး ဆက်သွယ်ခဲ့ဖူးကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က ပြောဆိုလာပါတယ်။

သူရဲ့ အဆိုအရ နှစ်ဦးနှစ်ဖက် ပထမဆုံးအကြိမ်ဆွေးနွေးမှုတော့ အောင်မြင်ခဲ့ပေမယ့် နောက်တစ်ကြိမ်ကျ ဇာတ်ညွှန်းရေးသူဘက်က သဘောတူညီမှုကို ရပ်နားဖို့ ဆုံးဖြတ်လာခဲ့တာပါ။ အဲဒီလိုလုပ်ရခြင်းကလည်း ဖန်တီးသူရဲ့ လက်ရာဟာ သူတို့ရည်ရွယ်ထားသလိုနဲ့ မတူညီဘဲ BL (Boys' Love) နဲ့ သက်ဆိုင်လွန်းနေတာကြောင့် ဖြစ်ပါတယ်။

ဒါပေမယ့် ဖန်တီးသူဘက်ကို ရွေးချယ်စရာနှစ်ခုတော့ ပေးခဲ့ပါတယ်။ ထိုက်တန်တဲ့ အခကြေးငွေလက်ခံပြီး ပရောဂျက်နဲ့ ပတ်သက်မှုမရှိသလိုနေဖို့ သဘောတူမလား၊ ဒါမှမဟုတ် ဝက်ဘ်တွန်းထဲမှာ ပါဝင်တဲ့အကြောင်းအရာတွေ အသုံးမပြုဘဲ နဂိုကတည်းက စိတ်ကူးထားသလို သူတို့ဘာသာပဲ ဆက်လက်ပုံဖော်သွားမှာမို့ ဆွေး​နွေးမှုကို လုံးဝရပ်နားလိုက်တော့မလား စသဖြင့်ပေါ့။ ဖန်တီးသူကတော့ ဒုတိယတစ်ချက်ကို ရွေးချယ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဒီနေရာမှာတင် ပြီးဆုံးသွားတာတော့ မဟုတ်ပါဘူး။ တစ်ဖက်က ဖန်တီးသူရဲ့ နစ်နာခဲ့ရတဲ့အချိန်တွေအတွက်ဆိုပြီး အခကြေးငွေ ပြန်ပေးလာခဲ့ပါတယ်။ ဒါပေမယ့် ဒီငွေစာရင်းကို “တိုင်ပင်ဆွေးနွေးခ” ဆိုပြီး မှတ်တမ်းတင်ထားခဲ့တာဖြစ်လို့ ဖန်တီးသူကိုယ်တိုင်လည်း ရှုပ်ထွေးခဲ့ရတာပါ။

အခုလိုမျှဝေပေးရခြင်းက တခြားဖန်တီးသူတွေအနေနဲ့ ပိုပြီးဂရုတစိုက်ရှိတတ်ကြဖို့ ဖြစ်ကြောင်း ဆိုထားပြီး ‘The Last Duel' နဲ့ ပတ်သက်နေတယ်လို့တော့ တရားဝင်မပြောကြားထားပါဘူး။ ဒါပေမယ့် ပရိသတ်တွေဘက်ကတော့ ဒီဇာတ်လမ်းတွဲကို ရည်ညွှန်းနေကြောင်း နားလည်သဘောပေါက်ခဲ့ပါတယ်။

ဒါ့အပြင် ‘The Last Duel' မှာ မင်းကြီးစွာနဲ့ နရဲစွမ်တို့ကြားက ညီအစ်ကိုသံယောဇဉ်တွေကို အသားပေးပြသထားတဲ့ တချို့ဇာတ်ဝင်ခန်းတွေဟာ ဝက်ဘ်တွန်းထဲက ရေးသားထားသလိုနဲ့ ခပ်ဆင်ဆင်တူညီနေကြောင်းလည်း သတိထားမိလာရတာမို့ ဝေဖန်မှုတွေစတင်ခဲ့တာပေါ့။

ဒီနေ့ ဧပြီလ ၁၄ ရက်နေ့မှာတော့ One31 ရုပ်သံလိုင်းဘက်က ဒီပြဿနာနဲ့ ပတ်သက်ပြီး ရှင်းပြခဲ့ပါပြီ။ ဒီပရောဂျက်ဟာ လူမှုဒရာမာအမြင်ကနေ သမိုင်းကို တင်ဆက်ချပြနိုင်ဖို့ ရည်ရွယ်ချက်နဲ့ စတင်ခဲ့တာဖြစ်ကြောင်း ပြောပြထားပါတယ်။ ဒါကြောင့်ပဲ သမိုင်းကြောင်းအထောက်အထားတွေကို အခြေခံပြီး မင်းကြီးစွာနဲ့ နရဲစွမ်တို့ရဲ့ ဆက်ဆံရေးကို အဓိကအနေနဲ့ ဖန်တီးခဲ့တာပါ။

One31 ဘက်က တာဝန်ရှိသူအဖွဲ့ဟာ ဒီပရောဂျက်အတွက် ဇာတ်ညွှန်းပြင်ဆင်နေချိန်မှာ “อโยธยาเอยาวดี (Ayutthaya Oh Yaowadee)" ဝက်ဘ်တွန်းနဲ့ ဆင်တူရိုးမားဖြစ်နေမှုတချို့ကို သတိထားမိခဲ့ပါတယ်။ ဒါကြောင့်ပဲ သူတို့ဘက်ကအရင် ဖန်တီးသူဘက်ကို ဆက်သွယ်ခဲ့ပြီး အပြန်အလှန်နားလည်မှုရယူဖို့ ကြိုးစားခဲ့တာပါ။

နှစ်ဖက်ဆွေးနွေးမှုပြုလုပ်ပြီးချိန်မှာ ဇာတ်အိမ်အခြေခံက ဆင်တူနေပေမယ့် ဇာတ်လမ်းရဲ့ ချဉ်းကပ်ပုံတွေ ကွဲပြားနေကြောင်း သဘောတူညီမှုရရှိခဲ့ပါတယ်။ One31 ဘက်က ဒီပရောဂျက်ဟာ ဝက်ဘ်တွန်းကနေ တိုက်ရိုက်မှီငြမ်းထားခြင်းမဟုတ်ဘဲ ကိုယ်ပိုင်ဖန်တီးမှုသာဖြစ်ကြောင်း ရှင်းပြခဲ့ပြီး ဒါကို ဝက်ဘ်တွန်းဖန်တီးသူကလည်း နားလည်သိရှိခဲ့ပါတယ်။ ဒါကြောင့် ရုပ်သံလိုင်းအနေနဲ့ ဘယ်လိုအခွင့်အရေးမျိုးကိုမှ ချိုးဖောက်ထားခြင်းမရှိကြောင်း ဖန်တီးသူကိုယ်တိုင် အတည်ပြုပြီးသားပါ။

‘The Last Duel' ကို ထုတ်လုပ်ရေးဘက်ကနေပြီး သမိုင်းအကြောင်းအရာ၊ ပါဝင်နေတဲ့သူတွေနဲ့ ပရိသတ်တွေအပေါ် တာဝန်ယူမှု၊ လေးစားမှုနဲ့ ဂရုတစိုက်စဉ်းစားသုံးသပ်မှုတွေနဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်လို့ One31 က သေချာရှင်းပြသွားခဲ့ပါတယ်။ နောက်ပြီး ဘယ်လိုလက်ရာမျိုးကိုမှ ကူးယူဖို့ ရည်ရွယ်ချက်မရှိခဲ့ကြောင်းနဲ့ ဆက်လက်ပြီး ဇာတ်လမ်းဖန်တီးမှုအပေါ် သစ္စာရှိသွားမှာဖြစ်ကြောင်းလည်း ကတိပေးထားပါတယ်။

ဒါပေမယ့် အခုချိန်ထိ ပရိသတ်တွေဘက်ကတော့ one31 ရဲ့ အခုလိုဖြေရှင်းချက်အပေါ် စိတ်ကျေနပ်မှုမရှိကြသေးပါဘူး။ ငွေလွှဲမှတ်တမ်းနဲ့ ပတ်သက်ပြီး မဖော်ပြထားသလို ဝက်ဘ်တွန်းကို မကူးယူထားပါဘူးဆိုတဲ့ သက်သေအတိအကျလည်း မပြသထားတာကြောင့်ပါပဲ။

BL Emperor

တချို့သော ပျော်ရွှင်မှုတွေဟာပိုင်ဆိုင်ချိန် သိပ်တိုတောင်းတယ် ဒါပေမဲ့ တစ်သက်လုံး သိမ်းထားဖို့ရာတော့ လုံလောက်ခဲ့ပါတယ် #စံပ...
16/04/2026

တချို့သော ပျော်ရွှင်မှုတွေဟာ

ပိုင်ဆိုင်ချိန် သိပ်တိုတောင်းတယ် ဒါပေမဲ့ တစ်သက်လုံး သိမ်းထားဖို့ရာတော့ လုံလောက်ခဲ့ပါတယ်

#စံပယ်ဖြူနု

📚လိုချင်တဲ့စာအုပ်များကို page cb (သို့)
📞Ph:0824691135
ကို ဆက်သွယ်မေးမြန်မှာယူလို့ရပါတယ်။

ထိုင်းနိုင်ငံအနှံ့
🖇အိမ်ရောက်ငွေချေစနစ်
💳ငွေကြိုချေစနစ်ဖြင့်
နှစ်သက်ရာစနစ်ဖြင့် မှာယူနိုင်ပါတယ်။
🛵နေရာအပေါ်မူတည်ပြီး ၁ရက်ကနေ၃ရက် ကြာတတ်ပါတယ်ခင်ဗျာ။

ပို့ခ.free

#ထိုင်းနိုင်ငံစာအုပ်စတိုး

ရင်စင်အေးအေးBl  စာအုပ်ရရှိသွားသူလေးပါ ""အားလုံးရဲ့ညမွေးနေ့ဆုတောင်း စာလေးတွေအတွက်လဲ ကျေးဇူးတင်ပါတယ်''တဲ့နော်စာလေးနဲ့အတူ မ...
09/04/2026

ရင်စင်အေးအေးBl စာအုပ်ရရှိသွားသူလေးပါ

""အားလုံးရဲ့ညမွေးနေ့ဆုတောင်း စာလေးတွေအတွက်လဲ ကျေးဇူးတင်ပါတယ်''တဲ့နော်
စာလေးနဲ့အတူ မွေးနေ့ရှင်လေးရွေးချယ်ပေးသွားပါတယ်
မောင်လေးက မင်းမင်းဆီ လိပ်စာလေး လာပို့ပေးပါဦးဗျ

ဘဝမှာလေ ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်ဆိုတာ တကယ်မရှိပါဘူး ။ အဲဒီစကားကို အစွန်းရောက်အောင် လက်ကိုင်ထားပြီး အမှားအမှန်ကို မ...
09/04/2026

ဘဝမှာလေ ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်ဆိုတာ တကယ်မရှိပါဘူး ။ အဲဒီစကားကို အစွန်းရောက်အောင် လက်ကိုင်ထားပြီး အမှားအမှန်ကို မခွဲခြားနိုင်ရင် ဒုက္ခရောက်တတ်တယ် ။

ဘဝမှာ ဖြစ်ဖို့ ကံပါမလာ တာတွေရှိတယ် ၊
ကိုယ်မရနိုင်မဲ့ အရာတွေရှိတယ်
ကိုယ့်အတွက် မဖြစ်နိုင်တာတွေရှိတယ် ။
ဒါကို လက်ခံနိုင်ဖို့လိုတယ် ။

မဖြစ်နိုင်တာကို မမျှော်လင့်မိဖို့လိုတယ် ၊
ကိုယ့်အတွက် ပိုင်ဆိုင်ဖို့ကံပါမလာတဲ့ ဝါသနာ ၊ အလုပ်ကိုင် ၊ ရာထူး ၊ နေရာ ၊ လူ စတာတွေကို မစွဲလမ်းမိစေဖို့ ၊ သံယောဇဉ်ဖြတ်နိုင်ဖို့လိုတယ် ၊ စိတ်ထားတတ်ဖို့လိုပါတယ် ။

ဒီလိုမှ မဟုတ်ရင် ကိုယ့်ကိုရော ၊ ကိုယ့်ဘေးကအရာတွေကိုပါ ပျက်စီးစေတတ်ပါတယ် ။

လူတွေက အတိတ်ကံရဲ့ အထောက်ပံ့ရရှိပုံချင်းမတူတာကြောင့် ဘဝကအမျိုးမျိုးကွဲပြားနိုင်ပါတယ် ။ ဘယ်လောက်ပဲ ကြိုးစားပါစေဦးတော့ ကိုယ့်အတွက် ဘယ်တောမှ မရနိုင်မဲ့အရာတွေရှိတယ် ။ ဒါကြောင့် ဖြစ်သင့်တာကို လုပ်ရင်းက ကိုယ့်ဘဝကို ပျော်ရွှင်နိုင်ဖို့ ကြိုးစားရမှာပါ ။ ဖြစ်ချင်တာတွေကို ဖြစ်ခွင့်ရတဲ့ ဘဝဟာ အကောင်းဆုံးဆိုပေမဲ့ ၊ ဖြစ်ခွင့်မရလည်း အခြားတစ်ခုနဲ့ အစားထိုးပြီး ဘဝကို တန်အောင်နေထိုင်ပါ ။

ကိုယ့်ရရှိတဲ့ ကိုယ့်ဘဝကို ကျေနပ်စွာလက်ခံနေထိုင်တတ်ပါမှ ကြည်လင်အေးချမ်းတဲ့ နေ့ရက်တွေ ပိုင်ဆိုင်ရမှာဖြစ်တယ် ။



#ကြည်လင်ခြင်းရဲ့နေ့စွဲများ စာအုပ်မှ

တန်ဖိုး ၁၄၉
စာမျက်နှာ ၁၆၈

📚လိုချင်တဲ့စာအုပ်များကို page cb (သို့)
📞Ph:0824691135
ကို ဆက်သွယ်မေးမြန်မှာယူလို့ရပါတယ်။

ထိုင်းနိုင်ငံအနှံ့
🖇အိမ်ရောက်ငွေချေစနစ်
💳ငွေကြိုချေစနစ်ဖြင့်
နှစ်သက်ရာစနစ်ဖြင့် မှာယူနိုင်ပါတယ်။
🛵နေရာအပေါ်မူတည်ပြီး ၁ရက်ကနေ၃ရက် ကြာတတ်ပါတယ်ခင်ဗျာ။

ပို့ခ.free

#ထိုင်းနိုင်ငံစာအုပ်စတိုး

ဇာစ်မြစ် (Roots) ဟာ အမေရိကန် နီးဂရိုးလို့ခေါ်တဲ့ အမေရိကန် လူမည်းစာရေးဆရာ အလက်စ်ဟေလီ (Alex Haley) ရဲ့ ဝတ္ထုပါ။ အမေ ရိကန်စ...
06/04/2026

ဇာစ်မြစ် (Roots) ဟာ အမေရိကန် နီးဂရိုးလို့ခေါ်တဲ့ အမေရိကန် လူမည်းစာရေးဆရာ အလက်စ်ဟေလီ (Alex Haley) ရဲ့ ဝတ္ထုပါ။ အမေ ရိကန်စာပေသမိုင်းမှာရော ကမ္ဘာ့စာပေနယ်ပယ်မှာပါ အစဉ်အလာကြီးမား ခဲ့တဲ့ ဝတ္ထုကြီးပါ။ အလွန်လူကြိုက်များပြီး ထူးခြားထင်ရှားတဲ့ စာအုပ် တစ်အုပ် ဖြစ်လာခဲ့လေတော့ အရောင်းရအကောင်းဆုံး စာအုပ်တစ်အုပ် ဖြစ်ခဲ့ပါတယ်။ စာအုပ်အရေအတွက် သန်းပေါင်းများစွာ ရိုက်နှိပ်ထုတ်ဝေခဲ့ရ တဲ့အတွက် ကမ္ဘာအကျော်စာအုပ်တစ်အုပ်ရယ်လို့ လူအများက သိခဲ့ကြပါ တယ်။

စာရေးဆရာ အလက်စ် ဟေလီဟာ ဇာစ်မြစ် စာအုပ်ကြောင့် ကမ္ဘာ ကျော် စာရေးဆရာကြီးအဖြစ် ကျော်ကြားသွားသလို ဒီစာအုပ်ကို အဆမတန် ရောင်းရတဲ့အတွက် သူဟာ သန်းကြွယ်သူဌေးကြီးဘဝကို ရောက်သွားခဲ့ပါ တယ်။ ဒီဝတ္ထုကြီးကို ရုပ်ရှင်နဲ့ဇာတ်လောကက အနုပညာရှင် လူမည်း အများအပြားပါဝင်ပြီး အခန်းဆက်ဗီဒီယိုရုပ်ရှင်ကား ရိုက်ကူးပြသပြန်တော့ လည်း အမေရိကန်ရုပ်မြင်သံကြား ပရိသတ်ကရော၊ ကမ္ဘာ့ရုပ်မြင်သံကြား ပရိသတ်ကပါ အလွန်ကြိုက်တဲ့ကားကြီးကားကောင်းတစ်ကား ဖြစ်လာခဲ့ ပါတယ်။ ဒီကနေ့ဆိုရင် ဇာစ်မြစ် ဝတ္ထုကြီးကို ဘာသာပေါင်း ၃ဝ ကျော် ဘာသာပြန်ဆိုထားပြီးပြီလို့ သိရပါတယ်။

တန်ဖိုး..၃၅၀
စာမျက်နှာ..၇၄၇

📚လိုချင်တဲ့စာအုပ်များကို page cb (သို့)
📞Ph:0824691135
ကို ဆက်သွယ်မေးမြန်မှာယူလို့ရပါတယ်။

ထိုင်းနိုင်ငံအနှံ့
🖇အိမ်ရောက်ငွေချေစနစ်
💳ငွေကြိုချေစနစ်ဖြင့်
နှစ်သက်ရာစနစ်ဖြင့် မှာယူနိုင်ပါတယ်။
🛵နေရာအပေါ်မူတည်ပြီး ၁ရက်ကနေ၃ရက် ကြာတတ်ပါတယ်ခင်ဗျာ။

ပို့ခ.free

#ထိုင်းနိုင်ငံစာအုပ်စတိုး

လေထန်ကုန်း မူရင်းဝတ္ထုကို ၁၈၇၄ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၌ ပထမအကြိမ်စတင် ထုတ်ဝေခဲ့သည်။ ခေတ်အဆက်ဆက် ဂန္တဝင်ဝတ္ထုတစ်ပုဒ်အဖ...
05/04/2026

လေထန်ကုန်း မူရင်းဝတ္ထုကို ၁၈၇၄ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၌ ပထမအကြိမ်စတင် ထုတ်ဝေခဲ့သည်။ ခေတ်အဆက်ဆက် ဂန္တဝင်ဝတ္ထုတစ်ပုဒ်အဖြစ် ထင်ရှားသည်။ ရုပ်ရှင်အဖြစ်လည်း ရိုက်ကူးပြသခဲ့ပါသည်။

ဝတ္ထုနောက်ခံသည် အင်္ဂလန်ပြည်မြောက်ပိုင်း ယော့ရှိုင်းယားဒေသ ရာသီဥတုပြင်းထန်သော တောင်ကုန်းနယ်မြေကို နောက်ခံပြုထားသည်။ထိုဒေသရှိ လေထန်ကုန်းဟု အမည်ပေးထားသော အိမ်ကြီးတစ်အိမ်မှ အိမ်သားများအကြောင်းကို အခြေခံထားသည်။

ဝတ္ထုပါ အဓိကဇာတ်ဆောင်သည် အဖိနှိပ်ခံ အပယ်ခံဘဝမှ တွန်းလှန်ရန်အားထုတ်ခြင်းဖြစ်ကြောင်း၊ ကက်သရင်းအန်းရှောမှာ ဘူဇွာ စိတ်ဓာတ်အရ ဟိကလစ်ကို ချစ်လျက် လက်မထပ်ဘဲ အက်ဂါတန်ကို လက်ထပ်ခဲ့သဖြင့် စိတ်ဆင်းရဲပြီး အသက်ဆုံးရှုံးရကြောင်း၊ ဟိကလစ်သည် ကေသီနှင့် ဟယ်ယာတန်တို့ ကြင့်ကြင်နာနာဆက်ဆံမှုကို မြင်လာရသောအခါ သူ့ချစ်သူ ကက်သရင်းအား ကေသီ့နေရာတွင် အစားထိုးကြည့်ပြီး သူ၏ လက်စားချေလိုစိတ်ကို လျှော့ဖြေခဲခြင်းဖြစ်ကြောင်းသုံးသပ်ထားပါ၏။

ထို့ပြင် “လေထန်ကုန်း”သည် ဆယ့်ကိုးရာစု အရင်းရှင် လူ့အဖွဲ့အစည်း၏ ပုဂ္ဂိုလ်ရေး၊ စိတ်ဓာတ်ရေးကို ထင်ဟပ်ထားပြီး လူ၏ အစွဲအလမ်းကြီးတတ်သော စိတ်ထား၊ စိတ်ဓာတ်ပြင်းထန်မှုနှင့် လူ့စရိုက်၏ ပျော့ကွက် ဟာကွက်များကို ဖော်ပြထားသော ဝတ္ထုဖြစ်ပါသည်။

ပန်းဆက်လမ်းစာညွှန်းမှ

📚လိုချင်တဲ့စာအုပ်များကို page cb (သို့)
📞Ph:0824691135
ကို ဆက်သွယ်မေးမြန်မှာယူလို့ရပါတယ်။

ထိုင်းနိုင်ငံအနှံ့
🖇အိမ်ရောက်ငွေချေစနစ်
💳ငွေကြိုချေစနစ်ဖြင့်
နှစ်သက်ရာစနစ်ဖြင့် မှာယူနိုင်ပါတယ်။
🛵နေရာအပေါ်မူတည်ပြီး ၁ရက်ကနေ၃ရက် ကြာတတ်ပါတယ်ခင်ဗျာ။

ပို့ခ.free

#ထိုင်းနိုင်ငံစာအုပ်စတိုး

အမှိုက်ထည့်ပေးမူ.ဖြစ်ပွား😆😂
05/04/2026

အမှိုက်ထည့်ပေးမူ.ဖြစ်ပွား😆😂

လက်ဆောင်ပိုစ့်လေးပါGiveaway time လေးလပိုင်း 9 ရက်မှာ ကျရောက်မဲ့ မွေးနေ့ရှင် ညီမလေးတစ်ယောက်က ရေစင်အေးအေး နေခြည်နွေးနွေး ဆ...
03/04/2026

လက်ဆောင်ပိုစ့်လေးပါ

Giveaway time
လေးလပိုင်း 9 ရက်မှာ ကျရောက်မဲ့ မွေးနေ့ရှင် ညီမလေးတစ်ယောက်က ရေစင်အေးအေး နေခြည်နွေးနွေး ဆိုတဲ့ BL စာအုပ်ကလေးကိုလက်ဆောင်ပေးထားပါတယ် ထိုင်းမှာနေတဲ့သူတိုင်းပါဝင်လို့ရပါတယ်

Commလေးဖောက်ပေးမှာလို့ မွေးနေ့ရှင်လေးကို ဆုမွန်တောင်းစကားလေးပါးရင်နဲ့ ဝင်ယူပေးကြပါဦးနော် အခြာသော် သူငယ်ချင်းလေးတွေလဲ ဝင်ပါလို့ရအောင် မင်မင့်pageလေးကို follower
လုပ်ပြီး postလေးကို like&shereလေးလုပ်ပေးပါဦးဗျ
မွေးနေ့ရှင်လေးက ၉ရက်နေ့ဖောက်ပေးချင်လို့ ၉ရက်နေ့ကျရင် မင်မင့် ကံထူသူလေးကို ဖောက်ပေးမှာပါနော်

မွေးနေ့လေးမှစ မွေးနေ့ရှင်လေး ကံကောင်းချင်တွေပဲ ရောက်လာပါစေနော်ငယ်

ရနိုင်တဲ့Bl.glလေးပါ အခုတလော မင်းမင်ပိုစ့်တင်ရပျင်းလို့  မတင်ဖြစ်တာပါ လိုချင်ရင် ကိုယ်တိုင်လာမေးယူ တင်တောင်မရောင်းနိုင်ပါ...
01/04/2026

ရနိုင်တဲ့Bl.glလေးပါ အခုတလော မင်းမင်ပိုစ့်တင်ရပျင်းလို့ မတင်ဖြစ်တာပါ လိုချင်ရင် ကိုယ်တိုင်လာမေးယူ တင်တောင်မရောင်းနိုင်ပါ ဖြစ်နေပြီး😆

ကျွန်တော်ကိုကြောက်အောင် မလုပ်နဲ့ကျွန်တော်ကြောက်လာပြီဆို အဲဒီအကြောက်တရားကို ဒီလောကမှာမရှိအောင်ဖယ်ထုတ်တတ်တယ်              ...
30/03/2026

ကျွန်တော်ကိုကြောက်အောင် မလုပ်နဲ့
ကျွန်တော်ကြောက်လာပြီဆို
အဲဒီအကြောက်တရားကို
ဒီလောကမှာမရှိအောင်ဖယ်ထုတ်တတ်တယ်
ကြေးမှုံ
#အမှောင်ထဲမှမင်းသားများ #ခက်ဇော်

📚လိုချင်တဲ့စာအုပ်များကို page cb (သို့)
📞Ph:0824691135
ကို ဆက်သွယ်မေးမြန်မှာယူလို့ရပါတယ်။

ထိုင်းနိုင်ငံအနှံ့
🖇အိမ်ရောက်ငွေချေစနစ်
💳ငွေကြိုချေစနစ်ဖြင့်
နှစ်သက်ရာစနစ်ဖြင့် မှာယူနိုင်ပါတယ်။
🛵နေရာအပေါ်မူတည်ပြီး ၁ရက်ကနေ၃ရက် ကြာတတ်ပါတယ်ခင်ဗျာ။

ပို့ခ.free

#ထိုင်းနိုင်ငံစာအုပ်စတိုး

ပျင်းနေကြပြီးလာကွယ်အခုတလေး အရောင်းpostလေးတွေ မတင်ပေးရလို့နောက်နေ့အတတ်နိုင်ဆုံး ပြန်တင်ပေးပါမယ်ဗျာ..
27/03/2026

ပျင်းနေကြပြီးလာကွယ်
အခုတလေး အရောင်းpostလေးတွေ မတင်ပေးရလို့
နောက်နေ့အတတ်နိုင်ဆုံး ပြန်တင်ပေးပါမယ်ဗျာ..

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ MAIM Book Storeผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์